← Chapters

Lifeless Body

Vol. 69 Ch. 1011

Lifeless Body

Vol. 69 Ch. 1011

ကောင်းကင်ဘုံသားတော် တစ်ချက်ယိုင်သွားကာ မာထန်စွာ အော်လိုက်သည်။

"မင်းတို့ ဘာအဓိပ္ပါယ်မရှိတာတွေလျှောက်ပြောနေတာလဲ။ ဒါ ငါ့ရဲ့ကံတရားပဲလေ ။ မင်းတို့လည်း ငါ့ရဲ့အရှုပ်အထွေးခန္ဓာကိုယ်ကို မက်မောလို့ ငါ့ကို သခင်အဖြစ် အသိအမှတ်ပြုခဲ့တာ မဟုတ်ဘူးလား"

မီးခိုးရောင်ဝတ်စုံဝတ်အဘိုးအိုက လှောင်ပြုံးဖြင့် ပြန်ပြောပါ၏။

"မင်း အထင်မှားနေပြီကွ"

"ဘာပြောတယ်"

ကောင်းကင်ဘုံသားတော် သူ့အား အလန့်တကြား ကြည့်လိုက်သည်။

မီးခိုးရောင်ဝတ်စုံဝတ်အဖိုးအိုက ဆက်ပြော၏။

"ပထမဆုံးအနေနဲ့ ငါတို့က မင်းရဲ့အရှုပ်အထွေးခန္ဓာကိုယ်ကို သဘောကျခဲ့တာမဟုတ်ဘူး။ ငါတို့ရွေးချယ်လိုက်တဲ့သူကမှ တကယ့်အရှုပ်အထွေးခန္ဓာကိုယ်ကို ပိုင်ဆိုင်လာမှာ"

"မင်း... ဘာကိုဆိုလိုတာလဲ"

ကောင်းကင်ဘုံသားတော် အဘိုးအိုအား ထိတ်လန့်တုန်လှုပ်စွာ ကြည့်လိုက်သည်။ အဘိုးအိုပြောလိုက်သော စကား၏နောက်ကွယ်မှ အဓိပ္ပာယ်ကို သူနားမလည်နိုင်ပါ။

ထိုစဉ် ဘေးမှ အနက်ရောင်ဝတ်စုံဝတ်အဖိုးအိုက ဝင်ပြော၏။

"အစကတည်းက ငါတို့မှာ ရွေးချယ်စရာတွေ အများကြီးရှိခဲ့တာကွ။ မင်းက အဲ့ဒီလူ‌ေတွထဲကမှ တစ်ယောက်ပဲ"

"ဒါပေမဲ့ နောက်ဆုံးမှာတော့ ငါတို့က မင်းကိုပဲ ရွေးချယ်ခဲ့ပြီး အရှုပ်အထွေးခန္ဓာကိုယ်ပိုင်ရှင် ဖြစ်လာအောင် လုပ်ပေးခဲ့တာ။ ဘာကြောင့်လဲဆိုတာရော မင်းသိလား"

ကောင်းကင်ဘုံသားတော် မျက်မှောင်အနည်းငယ် ကြုံ့သွားသည်။

အနက်ရောင်ဝတ်စုံဝတ်အဘိုးအိုက စကားဆက်၏။

"ဘာလို့လဲဆိုတော့ မင်းမှာ ဘာနောက်ခံမှမရှိတော့ ကြိုးကိုင်ရလွယ်ကူလို့ပဲ။ ပြီးရင် မင်းက တုံးတော့ ငါတို့ရဲ့အကြံအစည်ကိုလဲ မရိပ်မိဘူးလေ"

"မင်းတို့ လျှောက်ပြောနေကြတာ... ငါက အရှုပ်အထွေးခန္ဓာကိုယ်ပိုင်ရှင်၊ ငါက အရှုပ်အထွေးမသေမျိုးဧကရာဇ်ပဲ"

ကောင်းကင်ဘုံသားတော် ဒေါသတကြီး အော်လိုက်သည်။

သို့သော် ......

ဖြန်း

မီးခိုးရောင်ဝတ်စုံဝတ်အဘိုးအိုက သူ့မျက်နှာကို လက်ဝါးဖြင့် ရိုက်ချလိုက်သဖြင့် ကောင်းကင်ဘုံသားတော် နောက်သို့ လွင့်ထွက်သွားပါ၏။

အွတ်

သူ သွေးတစ်လုတ် အန်သွားသလို မျက်နှာတစ်ခြမ်းလည်း ပုံပျက်ပန်းပျက် ဖြစ်သွားပါသည်။

"အရှုပ်အထွေးခန္ဓာကိုယ် ဟုတ်လား။ မင်းက အဲ့ဒီစကားကို ပြောရဲသေးတယ်ပေါ့။ မင်းပိုင်ဆိုင်ထားတာက အရှုပ်အထွေးခန္ဓာကိုယ် မဟုတ်ဘူး၊ သက်မဲ့ခန္ဓာကိုယ် ကွ"

အဘိုးအိုက ဆက်ပြောလာ၏။

"သက်မဲ့ခန္ဓာကိုယ်..."

ကောင်းကင်ဘုံသားတော်မှာ ရှေ့မှအဘိုးအိုနှစ်ဦးကို နားမလည်နိုင်သည့် မျက်နှာထားဖြင့်သာ မော့ကြည့်လိုက်သည်။

မီးခိုးရောင်ဝတ်စုံဝတ်အဘိုးအိုက ဆက်ပြော၏။

"သက်မဲ့ခန္ဓာကိုယ် ဆိုတာ အင်မတန်ရှားပြီးတော့ ထူးခြားတဲ့ ခန္ဓာကိုယ်ပဲ"

"ဒါပေမဲ့ ဒီလိုခန္ဓာကိုယ်မျိုးက သာမန်လူတွေအတွက်တော့ ဘာမှအသုံးမဝင်ဘူး"

ကောင်းကင်ဘုံသားတော်မှာ မှင်သက်လျက်။

မည်သည့်အစွမ်းမှ မရှိသော ထူးခြားခန္ဓာကိုယ်တဲ့လား။

မည်သို့သော ထူးခြားခန္ဓာကိုယ်ပါလဲ။

ကောင်းကင်ဘုံသားတော် နားမလည်နိုင် ဖြစ်နေသည်ကို ရိပ်မိပုံရသော အနက်ရောင်ဝတ်စုံဝတ်အဘိုးအိုက နှာခေါင်းရှုံ့ကာ ရှင်းပြပါသည်။

"သက်မဲ့ခန္ဓာကိုယ်ရဲ့ ထူးခြားချက်က တစ်ခုတည်းရှိတယ်။ အဲ့ဒါကတော့ ဒီခန္ဓာကိုယ်ဟာ ဝိညာဉ် ပူးကပ်ဖို့အတွက် အကောင်းဆုံး ခန္ဓာကိုယ်ဖြစ်နေတာပဲ"

"ဝိညာဉ် ပူးကပ်ဖို့..."

ထိုစကားကို ကြားလိုက်ရချိန်တွင် ကောင်းကင်ဘုံသားတော် အခြေအနေကို စတင်နားလည်လာပါသည်။

အနက်ရောင်ဝတ်စုံဝတ်အဘိုးအိုက ဆက်ပြော၏။

"တကယ်လို့ အစွမ်းထက်တဲ့သူတစ်ယောက်က တခြားသူရဲ့ခန္ဓာကိုယ်ကို ဝင်စားဖို့ ကြိုးစားမယ်ဆိုရင် သူဘယ်လောက်အစွမ်းထက်နေပါစေ ပြဿနာတွေ အမြဲရှိတတ်တာချည်းပဲ။ နောက်ထပ် ပိုမြင့်တဲ့ ကျင့်ကြံခြင်းအဆင့်ကို တက်ဖို့ ခက်ခဲသွားတာမျိုး၊ ဒါမှမဟုတ် စိတ်ဝိညာဉ်နဲ့ ခန္ဓာကိုယ်ကြားမှာ ပဋိပက္ခဖြစ်ပြီး နောက်ဆုံးမှာ သေဆုံးသွားတာမျိုးပေါ့။ ဒါပေမဲ့ သက်မဲ့ခန္ဓာကိုယ်ကိုသာ ဝင်စားမယ်ဆိုရင် အဲ့ဒီလို စိုးရိမ်စရာတွေ လုံးဝမရှိတော့ဘူး"

ကောင်းကင်ဘုံသားတော် အသက်ပြင်းပြင်းရှိုက်လိုက်သည်။

"ဒါဆို မင်းတို့က အစကတည်းက ငါ့ခန္ဓာကိုယ်ကို အပိုင်စီးဖို့ ကြံစည်နေခဲ့ကြတာပေါ့။ မဟုတ်သေးဘူး... မင်းတို့ မဟုတ်ဘူး။ မင်းတို့က တခြားသူတစ်ယောက်အတွက် အလုပ်လုပ်ပေးနေတာ။ အဲ့လူက ဘယ်သူလဲ။ ဘယ်သူက ငါ့ကို အကွက်ဆင်နေတာလဲ"

ကောင်းကင်ဘုံသားတော် ဒေါသတကြီး မေးလိုက်သည်။

အနက်ရောင်ဝတ်စုံဝတ်အဘိုးအိုက ပြုံး၍ ပြန်ပြော၏။

"မင်း နောက်ဆုံးတော့ ဉာဏ်နည်းနည်း ပွင့်လာပြီပဲ။ ဒါပေမဲ့ နောက်ကျသွားပြီကွ"

အခြားတစ်ဖက်မှ မီးခိုးရောင်ဝတ်စုံဝတ်အဘိုးအိုကလည်း မျက်နှာထားတင်းတင်းဖြင့် သူ့လက်ကို ဖြန့်လိုက်သည်။

ဝုန်း

အရှုပ်အထွေးနတ်ဘုရားအလင်းတန်းတစ်ခု သူ့လက်ထဲတွင် ရုတ်ချည်း စုစည်းလာ၏။

"ကောင်းကင်ဘုံသားတော် ... ငါတို့ရဲ့ မူလအစီအစဉ်က မင်းကို မြန်မြန်ဆန်ဆန် သေခွင့်ပေးဖို့ပဲ။ ဒါပေမဲ့ မင်းလိုလူမိုက်က ဒီလိုမျိုး အဆုံးသတ်သွားလိမ့်မယ်လို့ ငါလုံးဝထင်မထားခဲ့ဘူး။ မင်းက အရှုပ်အထွေး မဟာတာအိုသစ်သီးကို ဆုံးရှုံးလိုက်တဲ့အပြင် မင်းရဲ့ ကျင့်ကြံခြင်းအဆင့်ကိုတောင် မထိန်းထားနိုင်တော့ဘူး!"

"ဒီတော့ ငါ့ဘက်ကလဲ မင်းကို အသက်ရှင်ခွင့်အရင်ပေးပြီးမှ သခင်ကြီးရဲ့ အမျက်ဒေါသကို ခံယူခိုင်းဖို့ကလွဲလို့ တခြားရွေးချယ်စရာ မရှိတော့ဘူး!"

ကောင်းကင်ဘုံသားတော် ထိတ်လန့်တုန်လှုပ်သွားသည်။

"အဲ့ဒီသခင်ကြီးဆိုတာ... ဘယ်သူလဲ"

ဤတစ်ကြိမ်တွင်မူ မီးခိုးရောင်ဝတ်စုံဝတ်အဘိုးအိုက ဘာမှထပ်မပြောတော့ဘဲ သူ့လက်ထဲမှ အရှုပ်အထွေးနတ်ဘုရားအလင်းတန်းကိုသာ ဘေးရှိပလ္လင်ဆီသို့ တိုက်ရိုက်ထည့်သွင်းလိုက်ပါသည်။

ဝုန်း...

မျက်စိတစ်မှိတ်အတွင်းမှာပင် ပလ္လင်ပေါ်၌ ရှိနေခဲ့သော ခပ်မှိန်မှိန် ပုံရိပ်က ရုတ်တရက် ထင်ရှားလာပါ၏။

"ဟင်... အဲ့ဒါက..."

ကောင်းကင်ဘုံသားတော်သည် ထိုပုံရိပ်အား အလန့်တကြား ကြည့်လိုက်သည်။

ထို့နောက်တွင်...

ဝူး...

ထိုပုံရိပ်က မျက်လုံးများ ရုတ်တရက် ဖွင့်လာ၏။

တစ်ခဏချင်းမှာပင် လေထုတစ်ခုလုံး ဝုန်းဒိုင်းကြဲကာ ကောင်းကင်နှင့်မြေကြီး ပြောင်းပြန်လှန်လိုက်သကဲ့သို့ တုန်ခါသွားတော့သည်။

ထိုမြင်ကွင်းကို မြင်သည်နှင့် အဘိုးအိုနှစ်ဦးလုံး ပြိုင်တူ ဒူးထောက်လိုက်ကြ၏။

"သခင်ကြီးကို ဂါရဝပြုပါတယ်"

သူတို့နှစ်ဦး သံပြိုင် ပြောလိုက်ကြသည်။

"သခင်ကြီးတဲ့..."

ကောင်းကင်ဘုံသားတော်မှာကား ထိုပုံရိပ်ကို ထိတ်လန့်တုန်လှုပ်စွာ ကြည့်လျက်။

၎င်းမှာ အစီအမံတစ်ခုသာ ဖြစ်သင့်သည် မဟုတ်ဘူးလား။

အဘယ့်ကြောင့် ထိုသူများက ၎င်းကို သခင်ကြီးဟု ခေါ်နေပါသလဲ။

ထိုအချိန်တွင် အဘိုးအိုနှစ်ဦးလုံး လက်များကို ဆန့်ထုတ်ကာ သူတို့၏ရင်ဘတ်များကို ပြိုင်တူ ဆွဲဖောက်လိုက်ကြသည်။

ဗြုန်း ဗြုန်း

ချက်ချင်းမှာပင် သူတို့နှစ်ဦးစလုံး၏ ရင်ဘတ်၌ ကြီးမားသော အပေါက်ကိုယ်စီ ဖြစ်သွားပြီး သွေးများလည်း ပန်းထွက်လာတော့သည်။

"မင်းတို့..."

၎င်းကို မြင်လိုက်ရသော ကောင်းကင်ဘုံသားတော်မှာ ပြောစရာစကားမရှိအောင်ပင် အံ့သြတုန်လှုပ်သွားပါတော့သည်။

ထိုစဉ်မှာပင်...

ဝီ... ဝီ...

အရှေ့ဘက်နှင့်အနောက်ဘက်မှ ခပ်တိုးတိုး အသံနှစ်သံ ရုတ်တရက် မြည်လာသည်။

ထို့နောက်တွင် အဘိုးအိုနှစ်ဦး၏ ရင်ဘတ်အပေါက်ထဲမှ ကြည်လင်တောက်ပသော ရွှေရောင်သွေးစက်နှစ်စက် လွင့်ပျံထွက်လာသည်ကို ကောင်းကင်ဘုံသားတော် တွေ့လိုက်ရ၏။

"ဒါက..."

ကောင်းကင်ဘုံသားတော် ၎င်းကို မြင်သောအခါ ထိတ်လန့်တုန်လှုပ်သွားရပြန်သည်။

ထိုသွေးစက်ထဲတွင် အရှုပ်အထွေးအစွမ်းများ ကိန်းအောင်းနေသည်ကို သူ သေချာ ခံစားနေရပါ၏။

ထို အရှုပ်အထွေးအစွမ်းမှာလည်း အလွန်ပင် သန့်စင်လှပါသည်။

သူ အထွတ်အထိပ်အစွမ်းကို ရခဲ့စဥ်အချိန်ကထက်ပင် ပိုအစွမ်းထက်နေပါ၏။

ဘာတွေဖြစ်နေပါသတည်း။

အဘယ့်ကြောင့် ထိုလူနှစ်ယောက်၏ ခန္ဓာကိုယ်ထဲ၌ ထိုသွေးစက်မျိုး ရှိနေရပါသလဲ။

၎င်းမှာ မည်သူ့ သွေး‌ေတွပါလဲ ။

သို့သော် သူ သတိမဝင်နိုင်သေးခင်မှာပင်... ထိုသွေးနှစ်စက် ရုတ်တရက် လှုပ်ရှားသွားပြီး

ဘုန်း ဘုန်း

ပြင်းထန်သော ပေါက်ကွဲသံနှစ်သံနှင့်အတူ ၎င်းအရှုပ်အထွေးသွေးစက်နှစ်စက်က ကောင်းကင်ဘုံသားတော်ဆီသို့ တိုက်ရိုက် တိုးဝင်သွားလေသည်။

"အား"

ကောင်းကင်ဘုံသားတော် နာကျင်စွာ အော်ဟစ်လိုက်ရ၏။

သူ့ခန္ဓာကိုယ်တစ်ခုလုံးလည်း မီးတောက်များအတွင်း ရောက်နေသကဲ့သို့ ခံစားနေရကာ တစ်စုံတစ်ယောက်က သူ့အား အစိတ်စိတ်အမွှာမွှာ ဆွဲဖြဲနေသလိုပါပင်။

အခြားတစ်ဖက်မှ အဘိုးအိုနှစ်ယောက်မှာကား ထိုသွေးစက်ကို ထုတ်ယူလိုက်ပြီးသည်နှင့် သိသိသာသာ အားနည်းသွားပုံရကာ မြေပြင်သို့ ဒူးထောက်လိုက်ကြပြီး သူတို့၏ဒဏ်ရာများကို ကုသရန် ကြိုးစားနေကြ၏။

သို့သော် သူတို့၏မျက်လုံးများထဲတွင်မူ စိတ်လှုပ်ရှားမှုနှင့် လေးစားမှုတို့ဖြင့် ပြည့်နှက်နေပါသည်။

ထိုသို့သော အကြည့်မျိုးကို ကောင်းကင်ဘုံသားတော် တစ်ခါမှ မမြင်ဖူးခဲ့ပေ။

ထို့ကြောင့်လည်း သူ ဒေါသပိုထွက်သွား၏။

"မင်းတို့... ယုတ်မာလိုက်တဲ့လူတွေ၊ ငါ မင်းတို့ကို အောင်မြင်ခွင့်ပေးမှာမဟုတ်ဘူး"

ကောင်းကင်ဘုံသားတော် ဒေါသတကြီး အော်ကာ သူ့ဒျာန်တျန်ကို လက်ဝါးဖြင့် ချက်ချင်း ရိုက်ချလိုက်သည်။

သူ့စွမ်းအင်ပင်လယ်ကို တိုက်ရိုက်ဖောက်ခွဲပြီး မိမိကိုယ်ကိုယ် အဆုံးစီရင်ရန် ကြံစည်လိုက်ခြင်းပါပင်။

သူသာ သေသွားလျှင် တစ်ဖက်လူက သူ့ကိုယ်ထဲသို့ ဝင်ပူးနိုင်တော့မည် မဟုတ်ပေ ။

သို့သော်လည်း......

ဘုန်း

သူ့ ဒျာန်တျန်က လက်ဝါးကြောင့် ပြိုကွဲသွားသည့်တိုင် မျှော်လင့်ထားသကဲ့သို့ ပေါက်ကွဲသေဆုံးသွားခြင်း မရှိခဲ့ပေ။

ထိုအစား ပျက်စီးသွားသော ဒျာန်တျန်က တမဟုတ်ချင်း မူလအခြေအနေအတိုင်း ပြန်လည်ကောင်းမွန်သွားခဲ့ပါ၏။

မဟုတ်သေးပါ ... မူလအတိုင်း ပြန်ဖြစ်သွားသည်ဟု ပြောခြင်းထက် အသွင်အပြင် ပြောင်းလဲသွားသည်လို့ ပြောလျှင် ပိုမှန်ပါလိမ့်မည်။

ယခင်က ကောင်းကင်ဘုံသားတော်၏ ဒျာန်တျန်မှာ အတော်လေး အစွမ်းထက်သည်ဟု ပြော၍ရသည့်တိုင် ထိုစဉ်က သာမန်ပါရမီရှင်အဆင့်မျှသာ ရှိခဲ့ပါ၏။

သို့သော် ယခုတွင်မူ သူ့ဒျာန်တျန်၏ အသွင်အပြင်မှာ လုံးဝကွဲပြားနေကာ ...

သူ့ ဒျန်တျန်သာမက စွမ်းအင်ပင်လယ်၏ အရွယ်အစားပါ သိသိသာသာ ကြီးမားလာခဲ့ပါ၏။

ထို့ထက် ပိုအရေးကြီးသည်မှာ သူ့ဒျန်တန်အတွင်း၌ သူ တစ်ခါမှ မကြုံဖူးခဲ့သော ထူးခြားသည့် ဖြစ်စဉ်များ ပေါ်ဖြစ်လာခြင်းပင်။

၎င်းမှာ အရှုပ်အထွေးအစွမ်းများ ဖြာထွက်နေသည့် သမုဒ္ဒရာကြီးတစ်ခု ....

ထိုသမုဒ္ဒရာထဲတွင် ကြီးမားသော လှိုင်းလုံးကြီးများ လိမ့်တက်နေကာ လှိုင်းတစ်ချက် ရိုက်လိုက်တိုင်းလည်း အဆုံးမဲ့သော အရှုပ်အထွေးအစွမ်းများ ထွက်နေပါ၏။

ထိုအရှုပ်အထွေးစွမ်းအင်များ လွင့်ပျံ့သွားသည်နှင့် သူ့ခန္ဓာကိုယ်ကို အဆက်မပြတ် အာဟာရဖြည့်ပေးနေပုံရကာ သူ့ခန္ဓာကိုယ်က ပိုပို၍ သန်မာလာခဲ့သည်။

သို့သော် ကောင်းကင်ဘုံသားတော်မှာ ထိုမြင်ကွင်းကို ကြည့်ပြီး မပျော်နိုင်ဘဲ .. သူ့ရင်ထဲ ကြောက်စိတ်တို့သာ ပြည့်နှက်လာပါ၏။

အဘယ့်ကြောင့်ဆိုသော် ဖြစ်ပျက်နေသည့် အ‌ခြေအနေကို သူ နားလည်သွား၍ပင်။

တစ်စုံတစ်ယောက်က သူ့ခန္ဓာကိုယ်ကို သိမ်းပိုက်နေလေပြီ။

ထို့အပြင် ၎င်းမှာ ရိုးရိုးရှင်းရှင်းခန္ဓာကိုယ်အပိုင်စီးခြင်းမျိုး မဟုတ်ပါချေ။

All Chapters