Refining the Dao Fruit
Vol. 69 Ch. 1013
သူ ယခုကိစ္စကို ကြံစည်လာခဲ့သည်မှာ နှစ်ပေါင်းများစွာကြာခဲ့လေပြီ။
မည်မျှကြာအောင် စောင့်ခဲ့ရသည်ပင် မသိတော့ချေ။
အရာအားလုံးမှာ ယခုကဲ့သို့ ပြန်လာနိုင်ရန်အတွက်သာ ။
လက်ရှိတွင် ဒုတိယမြောက် အရှုပ်အထွေးမသေမျိုးဧကရာဇ်မှာ အတိုင်းထက်အလွန် ကျေနပ်ပီတိဖြစ်နေပါ၏။
သို့သော် သူ ထိုသို့အော်ကာ ကောင်းကင်ကို လက်ညှိုးတစ်ချောင်းညွှန်ပြီး တော်တော်ကြာအောင် စောင့်နေသော်လည်း မည်သည့်အရာမှဖြစ်မလာခဲ့ပါ။
"ဟင်... ဘာဖြစ်တာလဲ"
သူ ကြောင်သွားသည်။
ထိုသို့ မဖြစ်သင့်ပါချေ ။
အမှန်ဆိုလျှင် ယခုအချိန်လောက်ဆိုပါက သူ မသေမျိုးဧကရာဇ် ကျင့်ကြံခြင်းအဆင့်သို့ ပြန်ရနေပြီးသား ဖြစ်နေသင့်လေပြီ ။
အရှုပ်အထွေးခန္ဓာကိုယ်ကလည်း နောက်ထပ်တစ်ဆင့်သို့ တက်လှမ်းသွားရမည် ဖြစ်ပါ၏။
သို့သော် ယခု အဘယ့်ကြောင့် ဘာတုံ့ပြန်မှုမှ မရှိရပါသနည်း။
ထိုသို့တွေးပြီး သူ့ခန္ဓာကိုယ်ကို ချက်ချင်းစစ်ဆေးကြည့်လိုက်သည်။
ထို့နောက် သူ မျက်ခုံးတစ်ချက်ပင့်သွားကာ ဒေါသတကြီး မေးလိုက်၏။
"ငါ့ရဲ့ အရှုပ်အထွေး မဟာတာအိုသစ်သီး ဘယ်ရောက်သွားတာလဲ"
သူ့အသံကို ကြားသည်နဲ့ အဖိုးအိုနှစ်ယောက် ခေါင်းမဖော်ရဲဘဲ အသည်းအသန် ဒူးထောက်လိုက်ကြသည်။
"ဘာတွေ ဖြစ်ခဲ့တာလဲ"
ဒုတိယမြောက် အရှုပ်အထွေးမသေမျိုးဧကရာဇ်က ဒေါသတကြီး ထပ်မေးလိုက်၏။
တစ်ဖက်မှ မီးခိုးရောင်ဝတ်စုံဝတ် အဖိုးအိုက တံတွေးကို ခက်ခက်ခဲခဲမျိုချရင်း တုန်တုန်ယင်ယင်အသံဖြင့် ပြောသည် ။
" သခင်ကြီး ... ကျုပ်ရဲ့ တာဝန်ပျက်ကွက်မှုကြောင့်ပါဗျာ။ အရှုပ်အထွေးမဟာတာအိုသစ်သီးကို တစ်ခြားတစ်ယောက်က စုပ်ယူသွားပါပြီ"
"ဟင်"
ဒုတိယမြောက် အရှုပ်အထွေးမသေမျိုးဧကရာဇ် ဆွံ့အသွား၏။
တခြားတစ်ယောက်က စုပ်ယူသွားတယ် တဲ့လား။
ဘာအဓိပ္ပါယ်ပါလဲ ...
မီးခိုးရောင်ဝတ်စုံဝတ် အဖိုးအိုက ဖြစ်ပျက်ခဲ့သမျှကို လျှင်မြန်စွာ ပြန်ပြောပြလိုက်ပါ၏။
ပြောပြီးသည်နှင့် သူ့ မျက်နှာလည်း သွေးဆုတ်ဖြူရော်သွားသည်။
"သခင်ကြီး ... ရန်သူက တကယ်ကို ကြောက်စရာကောင်းတာပါ။ သူတို့ရဲ့ အကြံအစည်နဲ့ နည်းလမ်းတွေကို ကျုပ်တို့ အခုထိ နားမလည်နိုင်သေးပါဘူး။ ကျုပ်တို့ကို အပြစ်ပေးပါ သခင်ကြီး "
ထိုသို့ပြောပြီးသည်နှင့် အဖိုးအိုနှစ်ယောက် ပြိုင်တူ ဦးညွှတ်လိုက်ကြသည်။
သူတို့နှစ်ယောက်၏ ရှင်းပြချက်ကို နားထောင်ပြီးချိန်တွင် ဒုတိယမြောက် အရှုပ်အထွေးမသေမျိုးဧကရာဇ်၏မျက်လုံးထဲ၌ လူသတ်အရိပ်အငွေ့များ တလက်လက် ထလာ၏။
ထို့နောက် အချိန်အတန်ကြာ တိတ်ဆိတ်နေပြီးမှ သူ အေးစက်စက်အသံဖြင့် ပြောလိုက်သည်။
"အဲ့လို လုပ်နိုင်တဲ့သူ တကယ် ရှိတာလား။ သူက ဘယ်သူလဲ။ ငါ့ခေတ်က လူတစ်ယောက်များလား။ မဟုတ်ရင် ငါ့ရဲ့အကြံအစည်ကို သူ ဘယ်လိုလုပ် ရိပ်မိမှာလဲ"
"ကျွန်တော် အရင်က စုံစမ်းကြည့်တော့ အဲ့ဒီလူရဲ့ နာမည်က လောထျန်း တဲ့"
အနက်ရောင်ဝတ်စုံဝတ် အဖိုးအိုက အသံတိုးတိုးဖြင့် ပြန်ပြောလိုက်သည်။
"လောထျန်း ဟုတ်လား"
ဒုတိယမြောက် အရှုပ်အထွေးမသေမျိုးဧကရာဇ် ထိုနာမည်ကို အသည်းအသန် ပြန်စဉ်းစားကြည့်လိုက်၏။
သို့သော် သူ၏မှတ်ဉာဏ်ထဲတွင် ထိုနာမည်ဖြင့် အစွမ်းထက်သည့်သူ တစ်ယောက်မျှ မရှိခဲ့ဖူးပါ။
ခဏအကြာတွင် သူ အေးအေးစက်စက်ဖြင့် ပြန်ပြောလိုက်သည်။
"ထားလိုက်ပါတော့၊ အခု အဲ့ လောထျန်းက ဘယ်မှာလဲ"
အနက်ရောင်ဝတ်စုံဝတ် အဖိုးအိုက ထိတ်လန့်သွားပုံပေါ်၏။
"သခင်ကြီး ... ဘာလုပ်မလို့လဲ"
ဒုတိယမြောက် အရှုပ်အထွေးမသေမျိုးဧကရာဇ်က အေးစက်စက်ဖြင့် ပြောပါသည်။
"ငါကိုယ်တိုင် သွားပြန်ယူမှာပေါ့။ အဲ့ဒီ အရှုပ်အထွေး မဟာတာအိုသစ်သီးဆိုတာ ငါ့အသက်နဲ့ရင်းပြီး နှစ်ပေါင်းများစွာ ကျင့်ကြံပြီးမှရခဲ့ရတဲ့ အရာပဲ။ တခြားသူလက်ထဲကို ဘယ်လိုလုပ် လွယ်လွယ်နဲ့ ထိုးပေးနိုင်မှာလဲ"
အနက်ရောင်ဝတ်စုံဝတ် အဖိုးအိုက အလောတကြီး ပြန်ပြောလိုက်သည်။
"ဒါပေမဲ့ သခင်ကြီး ... အဲ့ဒီလူက အဆင်သင့်ပြင်ပြီး လာတာပါ။ အခုဆို သူ့လက်ထဲမှာ အရှုပ်အထွေး မဟာတာအိုသစ်သီးကိုလည်း ရထားပြီဆိုတော့... တကယ်လို့ သူသာ အဲ့ဒါကို အောင်အောင်မြင်မြင် သန့်စင်ပြီးသွားရင်..."
ဒုတိယမြောက် အရှုပ်အထွေးမသေမျိုးဧကရာဇ် နှာခေါင်းရှုံ့လိုက်သည်။
"သန့်စင်မယ် ဟုတ်လား။ ငါ့ရဲ့ အရှုပ်အထွေး မဟာတာအိုသစ်သီးကို မင်းက ဘာမှတ်နေလဲ။ ဒီလောက်လွယ်လွယ်နဲ့ သန့်စင်လို့ ရမလား။ သူ မေပြာနဲ့ ၊ ငါကိုယ်တိုင်တောင် အဲ့ဒီအသီးကို နောက် ရှစ်နှစ် ၊ဆယ်နှစ်အတွင်း လုံးဝပြီးပြည့်စုံအောင် သန့်စင်နိုင်မှာ မဟုတ်ဘူး"
"တခြားသူဆိုရင် ၊ ဘယ်လောက်ပဲ အစွမ်းထက်နေပါစေ အဲ့ဒီအသီးကို နှစ်တစ်ရာအတွင်း သန့်စင်နိုင်ဖို့တောင် မလွယ်ဘူး။ စိတ်ကူးယဉ်နေတာပဲ။ ငါ့ပစ္စည်းကို ထိရဲတဲ့သူဟာ ကိုယ့်ကိုကိုယ် သေကြောင်းကြံလိုက်တာနဲ့ အတူတူပဲ "
ထိုအချိန် အရှုပ်အထွေးစိတ်ဝိညာဉ်သင်္ချိုင်း၌
ဘုန်း
လောထျန်းသည် သူ၏ ကောင်းကင်ဘုံအသက်ရှူကျင့်စဥ်ကို သုံး၍ အရှုပ်အထွေးနတ်ဘုရားအလင်းတန်းထဲမှ နောက်ဆုံးလက်ကျန် အစွမ်းများကို စုပ်ယူပြီးသည့်...
သူ့ကို ပတ်ထားသော အရှုပ်အထွေးနတ်ဘုရားအလင်းများ လုံးဝပင် အစိတ်စိတ်အမွှာမွှာ ဖြစ်သွားပါတော့သည်။
"ဟင်... ပြီးသွားပြီလား"
လောထျန်းမှာ ဤမြင်ကွင်းကို ကြည့်ပြီး တစ်ခုခုလိုအပ်နေသလို ခံစားနေရတုန်းပင်။
"သခင်လေးလောထျန်း... အဆင်ပြေသွားပြီလား"
ထိုစဉ် တစ်ဖက်မှ ယွဲ့လီက စိုးရိမ်တကြီးကြည့်ကာ မေးပါသည်။
လောထျန်း ခေါင်းညိတ်လိုက်၏။
"လောလောဆယ်တော့ အဲ့ဒီလိုပဲ ထင်တာပဲ"
သူ ထိုသို့ပြောပြီးသည်နှင့် ကောင်းကင်သို့ မော့ကြည့်ရင်း မျက်မှောင်ကြုံ့လိုက်မိသည်။
"ကျုပ် ဒီကောင်းကင်ဘုံသားတော်ကို အထင်သေးမိသွားတယ် ထင်တယ်"
"ဟင်"
ယွဲ့လီက လောထျန်းအား စိုးရိမ်တကြီး ကြည့်လိုက်သည်။
လောထျန်းက မျက်မှောင်ကြုံ့ပြီး ဆက်ပြော၏။
"သူက လူကိုယ်တိုင် မလာဘဲနဲ့ အဝေးကနေ ဒီလိုတိုက်ခိုက်လိုက်တာတောင် ကျုပ်ကို ဒီလောက်ကြာအောင် ချုပ်နှောင်ထားနိုင်တာပဲ။ နောက်ကို တကယ်ရင်ဆိုင်တိုက်ကြရင်တော့ ကျုပ်နည်းနည်း ပိုအလေးအနက်ထားမှ ဖြစ်မယ်"
လောထျန်းသည် တစ်ဖက်လူအား အမှန်တကယ်စိတ်ရင်းဖြင့် ချီးကျူးနေခြင်းပါပင်။
လောထျန်း၏ စကားကို ကြားလိုက်ရသည့်အခါ ယွဲ့လီနှင့် လုံယီရွှယ်တို့ နှစ်ဦးလုံး ခန္ဓာကိုယ်များ တောင့်သွားကြ၏။
ဝုန်း
ထိုစဉ် ရုတ်တရက် လောထျန်း၏ခန္ဓာကိုယ်ထဲမှ တုန်ခါမှုတစ်ခု ထွက်ပေါ်လာသည်။
ထို့နောက်တွင် သူ့ခန္ဓာကိုယ်ထဲ၌ တစ်စုံတစ်ခု အပြင်းအထန် လှုပ်ရှားနေသည်ကို လောထျန်း ခံစားလိုက်ရ၏။
"ဟင်"
လောထျန်း လန့်သွားကာ မိမိကိုယ်ကို ပြန်ငုံ့ကြည့်လိုက်သည်။
"သခင်လေးလောထျန်း... ဘာဖြစ်လို့လဲ"
ယွဲ့လီ အလွန်စိုးရိမ်သွားသည်။
သူမ လောထျန်းအား ဘာမှမဖြစ်စေချင်ပေ။
လောထျန်းသည် သူမအတွက်သာမက ၊ သူမမိသားစုအတွက်ပါ အရေးကြီးလှသည် မဟုတ်ပါလား။
လောထျန်းက မျက်မှောင်ကြုံ့ပြီး ပြော၏။
"ကျုပ် အသက်ရှူကျင့်စဥ်ကို ကျင့်ကြံနေတုန်းက တစ်ခုခုကို ကျြပ်ရဲ့ ဒျာန်တျန်ထဲ ရှူသွင်းမိလိုက်တာ ထင်တယ်"
သူ့စကားကြောင့် ယွဲ့လီသည် ပိုထိတ်လန့်တုန်လှုပ်သွားသည်။
"ဒါ ကောင်းကင်ဘုံသားတော် ထောင်ထားတဲ့ အကွက်များလား"
လောထျန်း ခေါင်းညိတ်လိုက်သည်။
"အဲ့လိုလဲ ဖြစ်နိုင်တာပဲ"
"ဒါဆို ဘာလုပ်ကြမလဲ"
ယွဲ့လီ ချက်ချင်းပင် ဂဏာမငြိမ် ဖြစ်သွား၏။
အကယ်၍ လောထျန်းသာ ကောင်းကင်ဘုံသားတော်၏ ထောင်ချောက်ထဲ မိသွားရင် အခက် မဟုတ်ပါလား။
လောထျန်းက ဆက်ပြောသည်။
"အဲ့ဒါ ဘာပဲဖြစ်ဖြစ် ဂရုစိုက်နေစရာ မလိုပါဘူး။ သန့်စင်ပစ်လိုက်ရင် ပြီးသွားမှာပဲ"
သူ ပြောပြီး ချက်ချင်းပင် တင်ပျဉ်ခွေ ထိုင်လိုက်ပါတော့သည်။
အခြားတစ်ဖက်တွင်ကား ..
ဘုန်း
နားကွဲမတတ် ဟိန်းသံကြီးနဲ့အတူ ဒုတိယမြောက် အရှုပ်အထွေးမသေမျိုးဧကရာဇ်က လေထုကို လက်ဝါးတစ်ချက်တည်းဖြင့် ဆွဲဖြဲ၍ ထွက်လာ၏။
"သခင်ကြီး ... အရှုပ်အထွေး မဟာတာအိုသစ်သီးက တကယ်ပဲ ဘာမှမဖြစ်နိုင်ဘူးလား"
အနက်ရောင်ဝတ်စုံဝတ် အဖိုးအိုက သူ့နောက်မှ စိုးရိမ်တကြီးဖြင့် မေးလိုက်သည်။
ဒုတိယမြောက် အရှုပ်အထွေးမသေမျိုးဧကရာဇ် အနည်းငယ် ပြုံးလိုက်၏။
"ငါ့ရဲ့ အရှုပ်အထွေး မဟာတာအိုသစ်သီးကို ရတာက ကောင်းတဲ့အရာလို့ မင်းထင်နေတာလား"
"ဟင်... အဲ့ဒါက ဘာကို ဆိုလိုတာလဲ သခင်ကြီး"
မီးခိုးရောင်ဝတ်စုံဝတ် အဖိုးအို ကြောင်သွားသည်။
ဒုတိယမြောက် အရှုပ်အထွေးမသေမျိုးဧကရာဇ်က နှာခေါင်းရှုံ့ပြီး ပြောပါ၏။
"အရှုပ်အထွေး မဟာတာအိုသစ်သီးက အစွမ်းထက်တာ မှန်ပေမဲ့ အန္တရာယ်လည်း အရမ်းကြီးတယ်ကွ။ မသေမျိုးဧကရာဇ် တစ်ယောက်တောင်မှ အဲ့ဒါကို ဇွတ်အတင်း သန့်စင်မယ်ဆိုရင် ပြန်ကန်ထွက်လာတဲ့ စွမ်းအားဒဏ်ကို ခံရနိုင်တယ်"
"အခု ငါက အဲ့ဒီလောထျန်းဆိုတဲ့ကောင် အသက်နဲ့ရင်းပြီး အဲ့အသီးကို သန့်စင်ဖို့ ကြိုးစားပါစေလို့တောင် မျှော်လင့်နေတာ"
"ဟင်... ဘယ်လို"
အဖိုးအိုနှစ်ယောက်စလုံး လန့်သွားကြသည်။
ဒုတိယမြောက် အရှုပ်အထွေးမသေမျိုးဧကရာဇ်က အေးစက်စက် ပြန်ပြော၏။
"အရှုပ်အထွေး မဟာတာအိုသစ်သီးရဲ့ အစွမ်းက အရမ်းကို အာဏာရှင်ဆန်တာ။ သန့်စင်ဖို့ နေနေသာသာ၊ အဲ့ဒါကို သူ့ခန္ဓာကိုယ်ထဲ ထည့်လိုက်ပြီဆိုတာနဲ့ သူ့ရဲ့ ခန္ဓာကိုယ်အစွမ်းနဲ့ စိတ်စွမ်းအင်ပင်လယ်က လုံလောက်အောင်သာ အစွမ်းမထက်ထားရင် ချက်ချင်း ပေါက်ကွဲပြီး သေသွားမှာပဲ"
သူ့စကားကို ကြားချိန်မှ အဖိုးအိုနှစ်ယောက် သက်ပြင်းချနိုင်ပါတော့သည်။
အခြားတစ်ဖက်မှ လောထျန်းရှိသည့် နေရာတွင်မူ ...
လောထျန်း၏ အသိစိတ်မှာ သူ့စွမ်းအင်ပင်လယ်ထဲသို့ ရောက်ရှိနေလေပြီ။
သူ့ စွမ်းအင်ပင်လယ်ထဲတွင်ကား အရှုပ်အထွေးနတ်ဘုရားအလင်းတန်းများ ဖြာထွက်နေသည့် အရှုပ်အထွေးကြယ်ပွင့်တစ်လုံးက ဟိုပြေးဒီပြေး ဖြစ်နေပါ၏။
၎င်းကြယ် တစ်ချက်လှုပ်ရှားလိုက်တိုင်းတွင်လည်း ဖျက်ဆီးအား ပြင်းထန်သော အစွမ်းများ ထွက်ပေါ်လာပါသည်။
သာမန်လူတစ်ယောက်၏ စိတ်စွမ်းအင်ပင်လယ်သာဆိုလျှင် ထိုသို့ တစ်ချက်လှုပ်ရှားလိုက်သည်နှင့်ပင် ပေါက်ကွဲသွားလောက်ပါသည်။
သို့သော် လောထျန်း၏ စွမ်းအင်ပင်လယ်ထဲတွင်တော့... ထိုကြယ်ပွင့် ဘယ်လောက်ပင် တိုက်တိုက်၊ လှိုင်းလေး အနည်းငယ်ထရုံမျှသာ ရှိပါ၏။
"ဒါ.. စိတ်ဝင်စားဖို့ကောင်းသားပဲ"
လောထျန်း ထိုကြယ်ပွင့်ကို ကြည့်ရင်း စိတ်လှုပ်ရှားသွားသည်။
ထို့နောက်တွင် သူ ကြယ်ပွင့်အား လက်ညှိုးတစ်ချက် ညွှန်လိုက်၏။
ဝုန်း
ကြယ်ပွင့်များ ပေါက်ကွဲထွက်သွားကာ အဆုံးမဲ့ အရှုပ်အထွေး နတ်ဘုရားအလင်းတန်းများအဖြစ် ချက်ချင်း ပြောင်းလဲသွားတော့သည်။
၎င်းကို မြင်ပြီးနောက် လောထျန်း သူ့ခကောင်းကင်ဘုံအသက်ရှူကျင့်စဉ်အား အမြန်ပင် အသက်သွင်းလိုက်သည်။
ဝီ
ဤသို့ဖြင့် မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုအရှုပ်အထွေးနတ်ဘုရားအလင်းတန်းများ အားလုံးကို သူ့ခန္ဓာကိုယ်ထဲသို့ စုပ်ယူသန့်စင်လိုက်ပါတော့သည်။
သူ့ ဒျာန်တျန်သည်လည်း ဘာမှမျှ မဖြစ်ခဲ့သလိုပင် ပြန်လည် တည်ငြိမ်သွားတော့၏။