အခန်း (၆၆၀-၆၆၁)
Vol. 40 Ch. 660-661
Chapter 660
ရှင်းဂျီ မာဆာရှီ ၅
“စက်ရုပ်လား” အဖွဲ့သားများ အံ့အားသင့်သွားကြသည်။
ချီလီက ဝင်ပြောသည်။
“ရှင်းဂျီက ဒီဂျစ်တယ်အသက်ရှင်သန်ရေးစီမံကိန်းကို ဦးဆောင်ခဲ့တာလို့ အမြဲပြောကြတယ်။ သူက တကယ်ပဲ သူ့ကိုယ်သူ ပြောင်းလဲလိုက်တာပဲ”
“လုံးဝကြီးတော့ မမှန်ပါဘူး”
ရှင်းဂျီက သူ၏ နောက်ရှိ ဧရာမ ဆလင်ဒါကြီးကို ညွှန်ပြကာ ပြောသည်။
“အတိအကျ ပြောရရင် ဒါက ငါ့ရဲ့ ဦးနှောက်ပဲ—ဒါမှမဟုတ် အဲ့ဒါရဲ့ အစိတ်အပိုင်းပေါ့”
သူက လင်းရှန်၏ နောက်ရှိ ဂရေ့စ်ကို ညွှန်ပြသည်။
“ငါနဲ့ အနီရောင်ကမ္ဘာရဲ့ Ai ကြားက ခြားနားချက်ကတော့ ငါ့မှာ လုံးဝ လွတ်လပ်တဲ့ ကိုယ်ပိုင်စရိုက်လက္ခဏာရှိတာပဲ။ သူမကတော့ အဲ့ဒီအဆင့်ကို မရောက်သေးဘူး။ အနီရောင်ကမ္ဘာ No.3 ကို တကယ့် လူသားအဆင့်ဝိညာဉ် ရရှိအောင် လုပ်ချင်ရင်တော့ ဒီဂျစ်တယ်အသက်ရှင်သန်ခြင်းနဲ့ အပြည့်အဝ ပေါင်းစပ်ဖို့ လိုလိမ့်မယ်”
“ကောင်းပြီလေ” ရှင်းဂျီက ပြုံးပြီး လက်ဟန်ပြလိုက်သည်။
“လက်ဖက်ရည်သောက်ကြပါဦး။ ယဉ်ကျေးမှုအရ စောစောက နားလည်မှုလွဲတာကို ရွှန်းက ရှင်းပြပါလိမ့်မယ်… ရွှန်း”
ရွှန်းက လင်းရှန်ကို ကြည့်လိုက်သည်။
“ကျနော်တို့ အဖြူရောင်မြို့က ခြေင်္သ့ငါးရုပ်ထုကြီးနဲ့ အနီရောင်ကမ္ဘာရဲ့ သတ္တဝါတွေကို စောင့်ကြည့်နေတာပါ။ လွန်ခဲ့တဲ့ နာရီအနည်းငယ်က ခဗျားတို့ရဲ့ စက်ရုပ်ကို ကျနော်တို့ စစ်ဆေးတွေ့ရှိခဲ့တယ်။ အဲ့ဒါကြောင့် အဖွဲ့တစ်ဖွဲ့ကို လွှတ်ပြီး စောင့်ကြည့်ခိုင်းခဲ့တယ်။ အတွင်းပိုင်းအမှောင်ဒီရေတက်ပြီး သူမပြန်ပေါ်လာတာနဲ့ ကျနော်တို့ လှုပ်ရှားလိုက်တာပဲ။ သူမကို အနီရောင်ကမ္ဘာရဲ့ စက်ရုပ်လို့ ကျနော်တို့ ထင်ခဲ့လို့ပါ။ ဒါက နားလည်မှုလွဲတာပါ”
ရှင်းဂျီက ဆက်ပြောသည်။
“ဒါပေမယ့် အနီရောင်ကမ္ဘာရဲ့ Aiစက်ရုပ်တစ်ခုကို မင်းတို့ ဖမ်းဆီးနိုင်ခဲ့တာကတော့ တကယ့်ကို အံ့ဩစရာပါပဲ။ ဒီစက်တွေက အဆင့်မြင့်ပိုင်ဆိုင်မှုတွေပဲ။ ဒီလိုမျိုး ကွမ်တမ်ပရိုဆက်ဆာတွေက ဒီကမ္ဘာမှာ တော်တော်ရှားတယ်”
“အတွင်းပိုင်းအမှောင်ဒီရေတက်တယ် ဆိုတာက ဘာကို ဆိုလိုတာလဲ”
လင်းရှန်က အဓိကအချက်ကို မေးလိုက်သည်။
“မင်းတို့ မြင်ခဲ့တဲ့ ဖြစ်စဉ်ပါပဲ”
ရှင်းဂျီက ပြောသည်။
“ဒီနေရာမှာ အမှောင်ဒီရေက မိနစ် ၃၀ ကြာတိုင်း တက်လေ့ရှိပြီး မိနစ် ၆၀ အကြာမှာ ပြန်ကျသွားတယ်။ ဒီရေတက်ပြီးတဲ့နောက်မှာ မင်းတို့က ထူးဆန်းတဲ့ သတ္တဝါတွေကို မြင်ရလိမ့်မယ်။ မင်းတို့မှာ အမှောင်အမှတ်အသား မရှိဘူးဆိုရင် ဒီရေကျပြီးတဲ့နောက် မိနစ် ၆၀ ကာလဟာ လုံခြုံတဲ့ အချိန်အပိုင်းအခြားပဲ”
နန်ကျင်း မျက်မှောင်ကြုတ်လိုက်သည်။
“နေပါဦး... အဲ့ဒီသတ္တဝါတွေက အမှောင်ထဲမှာပဲ လှုပ်ရှားတာ မဟုတ်ဘူးလား”
“မေးခွန်းကောင်းပဲ” ရှင်းဂျီ ခေါင်းညိတ်သည်။
“ဒါက အချက်နှစ်ချက်ပေါ်မှာ မူတည်တယ်။ တစ်ခုက သတ္တဝါတွေအတွက် အမှောင်က ဘာကိုဆိုလိုလဲ ဆိုတာပဲ။ နောက်တစ်ခုက ငါတို့အတွက် အမှောင်က ဘာလဲဆိုတာပဲ”
သူသည် လက်ကို မြှောက်လိုက်ပြီး လေထဲတွင် ဧရာမ ဟိုလိုဂရပ်ဖစ်ပုံရိပ်တစ်ခုကို ထုတ်ဖော်လိုက်သည်။
ရှင်းဂျီ၏ နုပျိုသော လူငယ်အသံသည် လျင်မြန်စွာဖြင့် ရှင်းပြနေသည်။
“လူသားတွေအတွက် အမှောင်ဆိုတာ မြင်ကွင်းနဲ့ အပူချိန်အပေါ်မှာ မူတည်တယ်။ ဒါပေမယ့် ဒီသတ္တဝါတွေအတွက်တော့ အဲ့ဒီလို မဟုတ်ဘူး။ အဲ့ဒါကြောင့် လူအများစုက ထူးဆန်းတဲ့ သတ္တဝါတွေကို နားလည်မှုလွဲနေကြတာပဲ။ အမှောင်ကျမှ အပြင်ထွက်လာကြတယ်လို့ သူတို့ ထင်နေကြတယ်။ ဒါပေမယ့် သူတို့က လက်နှိပ်ဓာတ်မီးနဲ့ ထိုးလိုက်ရုံနဲ့ ပျောက်ကွယ်သွားတာမှ မဟုတ်တာ…”
ဟိုလိုဂရပ်ဖစ်ပုံရိပ်တွင် တွင်းနက်ဇုန်၏ သဏ္ဌာန်တူ ပုံစံတစ်ခုကို ပြသနေသည်။ ရှင်ဂျီ၏ လက်ချောင်းများအောက်တွင် ထိုပုံစံမှာ တွန့်လိမ်ကာ ပုံပျက်သွားသည်။
“လူအများစုက အမှောင်ဒီရေဆိုတဲ့ စကားလုံးကို တိုက်ရိုက်ကြီး အဓိပ္ပာယ်ယူနေကြတယ်။ ဒါပေမယ့် ဒီရေဆိုတာ လှိုင်းလုံးတွေ မဟုတ်ဘူး။ အဲ့ဒါကို ရုန်းကန်အားရှိတဲ့ အဝတ်စတစ်ခု ဒါမှမဟုတ် ပူဖောင်းတစ်ခုရဲ့ မျက်နှာပြင်လိုမျိုး စဉ်းစားကြည့်ပါ။ ဒီရေတက်လာတဲ့အခါ အဲ့ဒီ အဝတ်စက ဆန့်ထွက်သွားပြီး သူ့ရဲ့ ဧရိယာက ကျယ်ပြန့်လာတယ်။ ဒီရေ ပြန်ကျသွားတဲ့အခါ အဲ့ဒါက ကျုံ့သွားတယ်။ အဲ့ဒီ အဝတ်စဟာ ဒီသတ္တဝါတွေ တည်ရှိနိုင်တဲ့ နေရာပဲ—ဒါမှမဟုတ် ငါတို့ ကမ္ဘာနဲ့ ထပ်တူကျနေတဲ့ နေရာပေါ့”
“အဲ့ဒီနေရာကို… ” သူက ဆက်ပြောသည်။
“ပညာရပ်ဆိုင်ရာ အသုံးအနှုန်းနဲ့ ပြောရရင်တော့—ဒါဟာ ဒိုင်မေးရှင်းတစ်ခုပဲ”
သူသည် လက်ကို သူ၏အင်္ကျီအိတ်များအတွင်း ပြန်ထည့်လိုက်သည်။ ဒိုင်မေးရှင်း သီအိုရီများအကြောင်း ရှင်းပြနေသော တာအိုလူငယ်လေး၏ ပုံစံမှာ ထူးဆန်းနေသော်လည်း တစ်ဖက်တွင်လည်း ကြည့်ကောင်းနေပြန်သည်။
“ဒီနေရာမှာ အချိန်တွေ နှေးကွေးနေတာကို မင်းတို့ သတိထားမိမှာပေါ့”
သူက ဆက်ပြောသည်။
“အဲ့ဒါက ဆန့်ထွက်နေတဲ့ အဝတ်စပေါ်မှာ မင်းတို့ ရပ်နေတဲ့အခါ အချိန်က နှေးသွားလို့ပဲ”
လင်းရှန်၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။ မိနစ် ၃၀ ကြာ အတွင်းပိုင်းအမှောင်ဒီရေတက်ခြင်း... သူ ချက်ချင်းပင် သဘောပေါက်သွားသည်။ ရှင်ဂျီ ပြောသည်မှာ မှန်ကန်ပါက ငွေနဂါးဆယ်ဆပန်းပေါက်ကွဲသွားစဉ်က အမှောင်အမှတ်အသားကို ဖယ်ရှားပေးရုံသာမက ၎င်းသည် ဒီရေကျချိန်နှင့်လည်း တိုက်ဆိုင်သွားခဲ့ခြင်း ဖြစ်သည်။ ထိုအချိန်ကိုက်မှုက လုံခြုံသော အချိန်ခဏလေးကို ဖန်တီးပေးခဲ့ခြင်း ဖြစ်သည်။
“ဒါဆို”
လင်းရှန်က တိုက်ရိုက် မေးလိုက်သည်။
“ခဗျားတို့ ဒီအောက်မှာ ပုန်းနေတာက တိတ်ဆိတ်မြို့တော်ကို ရွှေ့ဖို့ နည်းလမ်းရှာနေတာ မဟုတ်လား”
ရှင်းဂျီက ပြုံးလိုက်ပြီး သူ့ကို အဓိပ္ပာယ်အပြည့်ဖြင့် ကြည့်လိုက်သည်။
“ငါက တိတ်ဆိတ်မြို့တော်ကို တိုက်ရိုက်ထိန်းချုပ်နိုင်စွမ်းရှိတယ်။ ပြဿနာတချို့သာ မရှိရင် ငါ အချိန်မရွေး ရွှေ့နိုင်ပါတယ်”
“ဘယ်လို ပြဿနာတွေလဲ” လင်းရှန်က ထပ်မေးသည်။
“ပထမပြဿနာကတော့ မြို့ရဲ့ နူကလီးယား စွမ်းအင်ဗဟိုချက်ကို ဧရာမတွင်းနက်သတ္တဝါတစ်ကောင်က ပစ်မှတ်ထားနေတာပဲ။ ငါတို့ အဲ့ဒါကို အသက်သွင်းဖို့ ကြိုးစားတာနဲ့ ၉၉ ရာခိုင်နှုန်းက ချက်ချင်း ဖျက်ဆီးခံရမှာပဲ။ ဒါပေမယ့် သိပ်မကြာခင်က အဲ့ဒီသတ္တဝါက စီလန်မြို့ဘက်ကို ရွှေ့သွားတယ်။ ငါတို့ရဲ့ အခု စောင့်ကြည့်ချက်တွေအရတော့ အန္တရာယ်က လျော့နည်းသွားနိုင်တယ်”
ထိုစကားကြောင့် လူတိုင်း ကျောရိုးထဲ စိမ့်တတ်သွားသည်။
သူတို့သည် စီလန်မြို့ တိုက်ပွဲကို ချက်ချင်း သတိရလိုက်ကြသည်—တိမ်တိုက်ထဲက ပင်လယ်ဖြူကောင်သတ္တဝါက ကင်းထောက်အနေနှင့် ပို၍ကြောက်မက်ဖွယ်ကောင်းသော သတ္တဝါတစ်ကောင်ကို ထိုနေရာသို့ ဆွဲဆောင်ရန် ကြိုးစားခဲ့သည့် အချိန်ပင်။ ယခု ရှင်းဂျီ၏ သတင်းအချက်အလက်များအရ အရာအားလုံးမှာ အဓိပ္ပာယ်ရှိသွားပြီ ဖြစ်သည်။
“ဧရာမတွင်းနက်သတ္တဝါ... S အဆင့်လား”
တစ်ယောက်က တုန်လှုပ်စွာ မေးသည်။
“မဟုတ်ဘူး”
ရွှန်းက တိုးတိုးလေး ပြောသည်။
“ကျနော်တို့ မြင်ခဲ့ရသလောက်တော့ ဒါဟာ နံပါတ် ၅ တွင်းနက်ဇုန်ရဲ့ အမြင့်ဆုံး အမဲလိုက်သတ္တဝါပဲ။ ရှင်းဂျီက ဒီလို သတ္တဝါတွေကို နာမည်ပေးထားတာက...”
“တွင်းနက်မိစ္ဆာ” ရှင်းဂျီက စကားကို ဆုံးသတ်ပေးလိုက်သည်။
“ဒုတိယပြဿနာကရော ဘာလဲ” ကီကီက ဝင်မေးသည်။
ရှင်းဂျီ၏ အကြည့်သည် အဖွဲ့သားအားလုံးကို ဖြတ်သန်းသွားပြီး အနည်းငယ် ကျဉ်းမြောင်းသွားသည်။
“အဲ့ဒါကတော့... ငါတို့အားလုံး ဒီနေရာမှာ အတူတူ ရပ်နေရတဲ့ တကယ့်အကြောင်းရင်းပဲ” သူက ပြောသည်။
“ဘာလို့လဲဆိုတော့ ငါ့ရဲ့ တွက်ချက်မှုတွေအရ အပြင်မှာ တစ်ခုခုရှိနေတယ်—"
သူ ခေတ္တ ရပ်တန့်လိုက်သည်။
“—အဲ့ဒီအရာက ငါတို့ ဒီကနေ ထွက်သွားမှာကို မလိုလားဘူး”
Chapter 661
ကြယ်စင်တန်းများဆီသို့ ၁
အဖြူရောင်မြို့ အနောက်ဘက်တောင်ကုန်းများရှိ မြေအောက်နျူကလီးယားဘန်ကာ… အဆင့်မနိမ့်သော ပင်မထိန်းချုပ်ခန်း။ ဘန်ကာတစ်ခုလုံး၏ စနစ်အားလုံးနှင့် စွမ်းအင်အရင်းအမြစ်များကို ဤအခန်းမှပင် ဗဟိုပြု၍ ထိန်းချုပ်ထားခြင်းဖြစ်သည်။
ပထမတွင် လင်းရှန်သည် ရှင်းဂျီအား စီမံခန့်ခွဲသူတစ်ဦးမျှသာဟု ထင်မှတ်ခဲ့သော်လည်း ထိုသူက ဘန်ကာတစ်ခုလုံး၏ ပင်မဦးနှောက် ဖြစ်နေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ ထို့အပြင် သူသည် တိတ်ဆိတ်မြို့တော်တစ်ခုလုံး၏ ထောက်လှမ်းရေးအချက်ချာလည်းဖြစ်နေပြန်သည်။
ဤအချက်ကို သိလိုက်ရသောအခါ ပူးပေါင်းယာဥ်တန်း စူးစမ်းရေးအဖွဲ့သည် အံ့အားသင့်သွားရသည်။ တစ်ချိန်က ကမ္ဘာကျော်သူဌေးကြီးတစ်ဦးသည် မိမိ၏အသိစိတ်ကို ဒစ်ဂျစ်တယ်စနစ်အဖြစ် ပြောင်းလဲထားလိမ့်မည်ဟု မည်သူက ထင်ထားပါမည်နည်း။
သို့သော် လင်းရှန်သည် သူ့အား စကင်ဖတ်ကြည့်ပြီးနောက် ရှင်းဂျီနှင့် ဂရေ့စ်တို့အကြားမှ အဓိကကွာခြားချက်အချို့ကို သတိပြုမိသွားသည်။ ထိုသူသည် စက်ရုပ်တစ်ခုသက်သက်မဟုတ်နိုင်ကြောင်း သူ ခံစားလိုက်ရသည်။ အကြောင်းမှာ စက်ရုပ်တစ်ရုပ်သည် ဝိညာဉ်လှိုင်းတန်ဖိုးများကို ထုတ်လွှတ်နိုင်စွမ်းမရှိသောကြောင့်ပင် ဖြစ်သည်။
ကျယ်ဝန်းသော ထိန်းချုပ်ခန်းအတွင်း မီးရောင်များ လင်းထိန်နေပြီး ကေဘယ်ကြိုးများမှာ သွေးကြောများသဖွယ် စုဆုံနေကြသည်။ ရှင်းဂျီသည် ဒရုန်းများဖြင့် လက်ဖက်ရည်ဝိုင်းတစ်ခုကို ပြင်ဆင်စေသည်။ အစေခံစက်ရုပ်အချို့ကလည်း ယဉ်ကျေးပျူငှာသောအမူယာဖြင့် လက်ဖက်ရည်ငှဲ့ပေးနေကြသည်။ အပြင်တွင် တွင်းနက်၏ အန္တရာယ်က ခြိမ်းခြောက်နေချိန်တွင် ဤမြေအောက်ခံတပ်အတွင်း၌ ယခုကဲ့သို့ အေးချမ်းသည့် မြင်ကွင်းမှာ အဖွဲ့သားများအတွက် အိပ်မက်ဆန်နေပြီး ရှင်းဂျီသည် သေခြင်းတရားကို အနည်းငယ်မျှ မကြောက်ရွံ့သကဲ့သို့ပင်။
လူတိုင်းသည် မိမိတို့၏ စွမ်းအားဝတ်စုံမှ မျက်နှာဖုံးများကို ချွတ်လိုက်ကြသည်။ လင်းရှန်သည် သူ့အား လက်ဖက်ရည်ငှဲ့ပေးနေသော စက်ရုပ်ကို မော့ကြည့်လိုက်သည်။ သပ်ရပ်လှပသော ထိုစက်ရုပ်၏ ရုပ်သွင်မှာ ဂျပန်ရိုးရာမယ်လေးနှင့် တူလှသည်။ အကယ်၍ ရှင်းဂျီသည်လည်း ဂရေ့စ်ကဲ့သို့ စက်ရုပ်တစ်ရုပ်သာဖြစ်ခဲ့လျှင် သူသည် သေခြင်းတရားကို တကယ်ပင် ကြောက်နေလိမ့်မည် မဟုတ်ကြောင်း လင်းရှန် တွေးနေမိသည်။
“ကျုပ်တို့ကို မထွက်သွားစေချင်တဲ့သူ ရှိနေတာလား”
လင်းရှန်သည် ဝတ်စုံရိုးရိုးဝတ်ကာ လက်အင်္ကျီများကို ခေါက်ထားပြီး မျက်မှောင်အနည်းငယ်ကြုတ်ထားသော ထိုသူကို ကြည့်လိုက်သည်။
“ခင်ဗျားပြောတာ အနီရောင်ကမ္ဘာကို ဆိုလိုတာလား”
“မဟုတ်ဘူး မဟုတ်ဘူး” ရှင်းဂျီက ခေါင်းယမ်းပြီး ပြင်ပေးသည်။
“အဲဒါက ခန့်မှန်းချက်တစ်ခုပဲ။ သတ်မှတ်ချက်မဟုတ်ဘူး။ ငါပြောချင်တာက တည်ရှိမှုတစ်ခုခုရှိနေတယ်လို့ ပြောတာပါ… သီးသန့်လူပုဂ္ဂိုလ် ဒါမှမဟုတ် အဖွဲ့အစည်းကို ပြောတာ မဟုတ်ဘူး”
သူသည် ဂရေ့စ်ကို တစ်ချက်ကြည့်လိုက်ပြီး လင်းရှန်အား တိုက်ရိုက်ပြောလိုက်သည်။
“ဖြစ်နိုင်ရင် ဒီစက်ရုပ်ကို ဒီဆွေးနွေးပွဲမှာ မထည့်ဘဲ အပြင်မှာ ခဏနေခိုင်းလို့ ရမလား”
“ရတယ်လေ”
လင်းရှန်သည် ထိုသူ၏ စိုးရိမ်မှုကို နားလည်ပေသည်။ ထို့ကြောင့် လုံခြုံရေးအတွက် ဂရေ့စ်အား ထိန်းချုပ်ခန်းအပြင်ဘက်သို့ ထွက်သွားခိုင်းလိုက်သည်။
ရှင်းဂျီက ကျေနပ်စွာ ခေါင်းညိတ်ပြီး ပြုံးပြလိုက်သည်။
“ငါခန့်မှန်းကြည့်မယ်။ မင်းမှာ ယန္တရားစွမ်းရည်ရှိတယ်။ ကမ္ဘာပျက်ကပ်ရထားစိတ်ကူးက တော်တော်လေး ခိုင်မာပါတယ်။ ငါ့အမြင်အရဆိုရင် ဒါဟာ ကမ္ဘာပျက်ကပ်ကနေ လွတ်မြောက်ဖို့ အစီအစဉ်တွေထဲမှာ ထိပ်ဆုံးငါးခုထဲ ပါဝင်တယ်။ အခု ခင်ဗျားတို့က တွင်းနက်ထဲမှာ ပိတ်မိနေတယ်။ မင်းက အနီရောင်ကမ္ဘာ AI စက်ရုပ်ကို အဖြူရောင်မြို့ကို ကင်းထောက်လွှတ်လိုက်ရင်းကနေ ငါ့ရဲ့ တိတ်ဆိတ်မြို့တော်ကို တွေ့သွားတာပဲ။ မင်းရဲ့ ယန္တရားစွမ်းရည်နဲ့ ပေါင်းစပ်တွေးကြည့်ရင် မင်းရဲ့ အစီအစဉ်က ငါ့မြို့ရဲ့ အစိတ်အပိုင်းတချို့ကို သုံးဖို့ ဖြစ်လိမ့်မယ်။ တွန်းကန်အင်ဂျင် ဒါမှမဟုတ် ရွေ့လျားစနစ်တွေ တစ်ခုခုပေါ့”
သူသည် တစ်ခုခုကို စဉ်းစားနေသကဲ့သို့ ဖြည်းဖြည်းချင်း လမ်းလျှောက်နေသည်။ ထို့နောက် လင်းရှန်ဘက်သို့ လှည့်လာပြီး နက်ရှိုင်းသော ကွမ်တမ်မျက်လုံးများဖြင့် စိုက်ကြည့်လိုက်သည်။
“ဒါပေမဲ့ မင်းရဲ့ ယန္တရားစွမ်းရည်အကြောင်းကို ငါသိပ်မသိသေးဘူး။ မင်းက စက်ပစ္စည်းတွေကို ဝါးမျိုနိုင်တယ်လို့ ကြားတယ်။ ပြီးတော့ ဘာမှမရှိတဲ့နေရာကနေ ပစ္စည်းတွေကို ထုတ်လုပ်နိုင်တယ်ဆိုတာ ဟုတ်လား”
လင်းရှန် အနည်းငယ် အံ့အားသင့်သွားသည်။ အသက် တစ်ဆယ့်ခြောက်၊ တစ်ဆယ့်ခုနစ်နှစ်ခန့်သာရှိဦးမည့် ရှင်းဂျီကို သူကြည့်လိုက်သည်။
“ဟုတ်တယ်… ကျုပ်လုပ်နိုင်တယ်။ ဒါပေမဲ့ ကျုပ်ရဲ့ အစီအစဉ်က စူပါကွန်ဒတ်တင်း သံလိုက်ကျောက်ဆူးဖွဲ့စည်းပုံကို သုံးဖို့ပါ”
ထိုစကားကို ကြားလိုက်ရသောအခါ ရှင်းဂျီ၏ မျက်လုံးများတောက်ပသွားသည်။ သူသည် လင်းရှန်ကို ခဏမျှ စိုက်ကြည့်နေပြီးမှ အံ့သြစွာ ခေါင်းညိတ်လိုက်သည်။
“မင်းရဲ့ ရထားပေါ်မှာ EDS ဖြန့်ကျက် သံလိုက်တွန်းကန်ကွိုင်တွေကို တပ်ဆင်မယ်။ ပြီးတော့ ချိတ်ဆက်ရထားလမ်းကနေတစ်ဆင့် အဖြူရောင်မြို့အပြင်ဘက်ကို လွှတ်တင်မယ်ပေါ့။ ဝိုး… တကယ်ကို ကောင်းမွန်တဲ့ စိတ်ကူးပဲ… ခမ်းနားလိုက်တာ။ ဘယ်လိုပြောရမလဲ။ အခုလို ရဲရင့်ပြီး တီထွင်ဆန်းသစ်တဲ့ ဖြေရှင်းနည်းမျိုးကို ငါသဘောကျတယ်”
“ဒါပေမဲ့...”
သူသည် လင်းရှန်၏ ဘေးတွင် ထိုင်ချလိုက်ပြီး စိတ်ဝင်တစားဖြင့် ပြောသည်။
“ရထားကို အဖြူရောင်မြို့ကနေ ထွက်သွားနိုင်ဖို့ဆိုရင် ရထားလမ်းက ဝမ်ရှန်းတောင်ကြားကို ဖြတ်သွားရမယ်။ အဲဒီနေရာက တိတ်ဆိတ်မြို့တော်ရှိတဲ့ နေရာပဲ။ မင်းက နယ်မြေအုပ်စိုးတဲ့ တွင်းနက်သတ္တဝါကို မရှင်းနိုင်သရွေ့ မင်းရဲ့ အစီအစဉ်က တစ်ဝက်ပဲ ပြီးဦးမှာပါ”
“ဒါကြောင့် ပူးပေါင်းကြရအောင်… အတူတူလွတ်အောင်ပြေးကြမယ်… ဘယ်လိုလဲ”
“ခင်ဗျားက S Class သတ္တဝါကို ရှင်းချင်တာလား”
ချီလီက လက်ဖက်ရည်သောက်ရင်း မေးလိုက်သည်။
“ခင်ဗျားမှာ အဲဒီလို စွမ်းအားမျိုး တကယ်ရှိတယ်လို့ ထင်နေတာလား”
“ဘယ်လိုပူးပေါင်းမှာလဲ”
ကီကီ၏ မျက်လုံးများ စိတ်ဝင်စားမှုဖြင့် တောက်ပလာသည်။
“ရှင့်မှာ တခြားနည်းလမ်းမရှိတော့ဘူးလို့တော့ မပြောနဲ့နော်”
လင်းရှန်သည် မျက်မှောင်ကြုတ်လျက် ရှင်းဂျီကို စိုက်ကြည့်လိုက်သည်။ တစ်ခုခုမှားယွင်းနေသလိုပင်။ သူသာမက အခြားသူများတွင်လည်း သံသယများ ရှိနေကြသည်။ အကယ်၍ သူပြောသကဲ့သို့ လူအနည်းငယ်နှင့် တိတ်ဆိတ်မြို့တော်ထဲတွင် နှစ်လနီးပါး အသက်ရှင်နေနိုင်ခဲ့သည်မှာ အမှောင်ဒီရေများကြား၌ အံ့မခန်းစွမ်းဆောင်ချက်ပင် ဖြစ်သည်။
ပထမဆုံးဝင်ရိုးစွန်းညကပင် လူသားမျိုးနွယ်၏ ၉၉ ရာခိုင်နှုန်းကို ရှင်းလင်းခဲ့ပြီးဖြစ်ကြောင်း လူတိုင်းသိထားကြသည်။ တွင်းနက်များကမူ ထိုထက်ပင် ပို၍ ဆိုးရွားသင့်သည်။
သို့သော် ချန်ဆီရွှမ်က စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။
“ရှင်ပြောတာက အဲဒီတွင်းနက်သတ္တဝါကြီးကိုလား ဒါမှမဟုတ် ကျွန်မတို့ကို ပစ်မှတ်ထားနေတဲ့ တည်ရှိမှုကိုလား”
“မေးခွန်းကောင်းပဲ”
ရှင်းဂျီသည် လူတိုင်း၏ စိတ်ရှုပ်ထွေးမှုကို ချက်ချင်း နားလည်သွားပုံရသည်။ သူသည် လက်ပိုက်ရပ်လျက် တည်ငြိမ်စွာ ပြောလိုက်သည်။
“ပထမအချက်… တိတ်ဆိတ်မြို့တော်မှာ ငါတို့ ဘယ်လိုအသက်ရှင်နေလဲဆိုတာ သိချင်နေကြမှာပဲ”
“တကယ်တော့ အဲဒါက ရိုးရှင်းပါတယ်”
သူက လက်ညှိုးတစ်ချောင်း ထောင်ပြရင်း လင်းရှန်၏ ရှေ့တွင် ရှင်းပြသည်။
“ငါတို့က အချက် ၃ချက်အပေါ် အခြေခံတယ်။ စက်ရုပ်တွေဆီက ရိက္ခာထောက်ပံ့မှု၊ အတွင်းပိုင်းဒီရေစည်းချက်တွေကို ကြိုတင်ထောက်လှမ်းနိုင်မှု ပြီးတော့ အဖိုးတန်ပစ္စည်းသုံးခုရှိတယ်။ အဲဒါတွေကတော့ ထူးခြားတဲ့ ကပ်ဘေးပန်းတစ်မျိုး၊ ရှီဇီလို့ ခေါ်တဲ့ ဝိညာဥ်စွမ်းအားရှင်တစ်ဦး၊ ပြီးတော့ ငါတီထွင်နေတဲ့ ရောင်ပြန်ပစ္စည်းတစ်ခုပဲ။ အဲဒီပစ္စည်းက ၁၀ ရာခိုင်နှုန်းပဲ ပြီးသေးပေမဲ့ အကျိုးသက်ရောက်မှု ရှိနေပြီ”
“ဒုတိယအချက်… ငါတို့ ဘာလို့ ဒီမှာ ရှိနေသေးတာလဲ။ တိတ်ဆိတ်မြို့တော်အပြင် ဒီနေရာမှာ အချိန်စီးဆင်းမှုမြန်နေတာက အမှောင်ကျူးကျော်မှုဖော်မြူလာတွေကို တွက်ချက်ဖို့ အများကြီးအထောက်အကူဖြစ်စေတယ်။ ဟုတ်ပါတယ်၊ ဒါက စွန့်စားရပေမဲ့ ငါတို့မှာ အချိန်သိပ်မရှိတော့ဘူး။ ကမ္ဘာလုံးဆိုင်ရာ ပြိုလဲမှု၊ အဆိပ်သင့်ရေတွေနဲ့ အဲဒီအမှောင်အဖွဲ့စည်းတွေကြားမှာ ငါတို့မှာ တစ်နှစ်နဲ့ ကိုးဆယ့်ခြောက်ရက်ပဲ အချိန်ကျန်တော့တယ်။ အဲဒီထက်တောင် နည်းနိုင်သေးတယ်”
“ဘာလို့လဲဆိုတော့ အခုအချိန်မှာ အမှောင်ထုက အဓိကပြဿနာ မဟုတ်တော့ဘူး။ အမှောင်ကျူးကျော်မှုကို မဖြေရှင်းနိုင်ရင် လက်ရှိ ရေအဆိပ်သင့်မှုနဲ့ အရင်းအမြစ်ကိန်းဂဏန်းတွေအရ လူသားတွေမှာ သုံးလထက်နည်းတဲ့ အချိန်ပဲ ကျန်တော့မှာမို့လို့ပဲ”
သူ၏ စကားလုံးများက လင်းရှန်အား တုန်လှုပ်ဖွယ်အချက်အလက်များကို တစ်ခုပြီးတစ်ခုချပြနေသည်။
ဤလူသည် ကပ်ဘေးပန်းကို ပိုင်ဆိုင်ထားရုံသာမက အမှောင်ကျူးကျော်မှုကို ခုခံရန် တိုးတက်မှုများ ရရှိနေပြီး သုတေသနကို အရှိန်မြှင့်ရန်အတွက် အချိန်စီးဆင်းမှု ကွာခြားချက်ကိုပါ အသုံးချနေခြင်းဖြစ်သည်။
တကယ်ကို ရူးသွပ်သော ပါရမီရှင်တစ်ဦးပင်ဖြစ်သည်။
လင်းရှန် မျက်မှောင်အနည်းငယ် ကြုတ်လိုက်သည်။
“ခင်ဗျားက သုတေသနလုပ်ဖို့ ဒီနေရာရဲ့ အချိန်ကွာခြားချက်ကို သုံးနေတာလား”
“အတိအကျပဲ”
ရှင်းဂျီက လက်ညှိုးထောင်ပြသည်။ သူ၏ ယန္တရားမျက်လုံးများသည် လျင်မြန်စွာ ကျုံ့လိုက် ပြန့်လိုက်ဖြစ်နေသည်။
“ဒါ့အပြင် ငါတို့ ဒီမှာ စိတ်ဝင်စားစရာတွေ တွေ့ထားသေးတယ်။ တားမြစ်ပစ္စည်းတွေနဲ့ အနီရောင်ကမ္ဘာ သတ္တဝါတို့လိုမျိုးပေါ့။ အော်၊ မင်းက အနီရောင်ကမ္ဘာ AI နဲ့ ပတ်သက်ဖူးတာဆိုတော့ မင်းသိမှာပါ။ အဲဒီကောင်တွေက အမှောင်သုတေသနမှာ ဖီးနစ်အဖွဲ့အစည်းနဲ့ ဖက်ဒရေးရှင်းထက် အများကြီးရှေ့ရောက်နေတယ်”
ဤအချက်က လူတိုင်းကို အံ့အားသင့်စေသည်။
“ခင်ဗျားပြောတာ အနီရောင်ကမ္ဘာက ဒီအချိန်ကွာခြားချက်ကြောင့် သူတို့ရဲ့ သုတေသနကို အရှိန်မြှင့်နိုင်ခဲ့တာလား”
လင်းရှန်၏ နှလုံးခုန်မြန်လာသည်။ သို့သော် တစ်ခုခုတော့ မှားနေသည်၊၊