← Chapters

အခန်း (၆၆၄-၆၆၅)

Vol. 40 Ch. 664-665

အခန်း (၆၆၄-၆၆၅)

Vol. 40 Ch. 664-665

Chapter 664

ဂြိုလ်အဆင့်ပြောင်းလဲခြင်း ၂

“ဝိုး”

ကီကီက ရင်ဘတ်ပေါ် လက်ယှက်ကာ မျက်လုံးများ တောက်ပနေ၏။

“ဒါဆို အဲဒီဌာနကို ပစ်မှတ်ထားနေတာ ကျွန်မတို့တစ်ဖွဲ့တည်း မဟုတ်လောက်ဘူးထင်တယ်”

လူတိုင်း တိတ်ဆိတ်သွားကြပြီး ဤအခြေအနေမှာ မည်မျှ ကြောက်စရာကောင်းကြောင်း သဘောပေါက်သွားကြသည်။

သို့သော် သူတို့၏ အကြီးမားဆုံးသော စိုးရိမ်ပူပန်မှုမှာ အနီရောင်ကမ္ဘာက သူတို့ကို သတိပြုမိသွားခြင်းပင်။ လင်းရှန်၏ အစီအစဉ်အရ လျှပ်စစ်သံလိုက်လမ်းကြောင်းက အလုပ်လုပ်လျှင်ပင် အဖြူရောင်မြို့မှ လွှတ်တင်ရမည်ဖြစ်ရာ ဤခြိမ်းခြောက်မှုကို ရှောင်လွှဲ၍မရပေ။ ပေါင်းစည်းယာဥ်တန်းနှင့် တိတ်ဆိတ်မြို့တော်နှစ်ခုစလုံးသည် ကြီးမားသော အန္တရာယ်နှင့် ရင်ဆိုင်နေရသည်။

“မှိုမျှင်ဦးနှောက်စနစ်မှာပါတဲ့ ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးတဲ့စနစ်ကို ကျော်ဖြတ်ဖို့ နည်းလမ်းရှိလား”

ရွှန်းက လင်းရှန်ကို မေးလိုက်သည်။

၎င်းမှာ ခက်ခဲသော ကိစ္စဖြစ်သည်။ အနီရောင်ကမ္ဘာသည် လျှို့ဝှက်ချက်ထိန်းသိမ်းမှုတွင် အကြီးအကျယ် ရင်းနှီးမြှုပ်နှံထားသည်။ မှတ်ဉာဏ်မိတ္တူများမှာ အဆင့်မြင့်ကုဒ်နံပါတ်များဖြင့် ပိတ်ထားပြီး ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးသည့် ယန္တရားစနစ်တစ်ခုတည်းနှင့်ပင် ကြီးမားသော အတားအဆီးဖြစ်နေသည်။

ဤကိုယ်ပွားများမှာ သက်တမ်းတိုသည်။ အန္တရာယ် သို့မဟုတ် သေဆုံးခြင်းနှင့် ရင်ဆိုင်ရပါက ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးသည့်စနစ်မှာ ချက်ချင်း အလုပ်လုပ်သည်။ တွင်းနက်၏ သေစေနိုင်သော သဘောသဘာဝနှင့် ပေါင်းစပ်လိုက်လျှင် ရှင်းဂျီ၏အဖွဲ့တွင် ခိုင်မာသော ယန္တရားနှင့် သုတေသနစွမ်းရည်ရှိသော်လည်း ၎င်းကို ဖြေရှင်းရန်မှာ အလွန်ခက်ခဲပေလိမ့်မည်။

သို့သော် လင်းရှန်က ရွှန်း၏ ရှေ့မှ စားပွဲကို လက်ညှိုးထိုးပြလိုက်သည်။

“မင်းပြောတာ ဒီပစ္စည်းလား”

ရွှန်း၏ မျက်လုံးများ အောက်သို့ ရောက်သွားပြီး မှင်တက်သွား၏။ သူ၏ လက်ဖက်ရည်ခွက်ဘေးတွင် အနီရောင်ကမ္ဘာ သုတေသီများ၏ အလောင်းမှ ရရှိခဲ့သော မှိုမျှင်ဦးနှောက်အာရုံကြောကူးပြောင်းကိရိယာနှင့် တစ်ပုံစံတည်း တူညီသောအရာက ရုတ်တရက် ပေါ်လာခြင်းဖြစ်သည်။

“ဘာ”

ရွှန်း လုံးဝ အံ့အားသင့်သွားသည်။

“ခဗျားက ဒါကို အခုပဲလုပ်လိုက်တာတော့ မပြောနဲ့နော်”

“ဖြစ်နိုင်သလောက် ရှိပါတယ်… ငါက ယန္တရားတွေအကြောင်း နည်းနည်းပါးပါး သိတယ်လေ” လင်းရှန်က အေးအေးဆေးဆေး ပြန်ပြောသည်။

ထိုအလောင်းနှစ်ခုကို တွေ့ရှိပြီးနောက်တွင် လင်းရှန်သည် ၎င်းတို့၏ မှိုမျှင်ဦးနှောက်အာရုံကြောကူးပြောင်းစနစ်ကို စကင်ဖတ်ခဲ့သည်။ ဒီဇိုင်းမှာ အဆင့်မြင့်သော်လည်း သူ ယခင်က သုညဒြပ်စင်ဗဟိုဌာနတွင် စကင်ဖတ်ခဲ့ဖူးသော အသက်ကယ်ခန်းများနှင့် ကူးပြောင်းစနစ်များလောက် မခက်ခဲပေ။ သူ၏ ယန္တရားထုတ်လုပ်မှု ကျွမ်းကျင်မှုဖြင့် ၎င်းကို ပြန်လည်ထုတ်လုပ်ရန်မှာ အလွန်လွယ်ကူသော ကိစ္စဖြစ်သည်။

ရှင်းဂျီက ကူးပြောင်းစနစ်ထဲရှိ မှတ်ဉာဏ်များကို အလေးထားသော်လည်း အခက်အခဲသည် သေဆုံးပြီးနောက် ၎င်းတို့ကို ထိန်းသိမ်းရန်ဖြစ်သည်။ လင်းရှန်က ထိုကူးပြောင်းစနစ်ကို ထိန်းချုပ်နိုင်သည်။ ကိုယ်ပွားက တစ်စစီဖြစ်သွားလျှင်ပင် ဦးနှောက်ကျန်ရှိနေသရွေ့ သူသည် မှတ်ဉာဏ်များကို မပျက်စီးအောင် ထိန်းသိမ်းထားနိုင်သည်။

ထို့ကြောင့်ပင် သူက အစောပိုင်းကတည်းက စိတ်မပူခဲ့ခြင်း ဖြစ်သည်။

ရွှန်းက ထိုကိရိယာကို စိုက်ကြည့်ရင်း ကူကယ်ရာမဲ့စွာ ရယ်လိုက်သည်။

“ဟီး… ကျနော်တို့က အဲဒီ မိုက်ခရိုအီလက်ထရုတ်ဖွဲ့စည်းတွေကို ပြန်ထုတ်တာနဲ့… နာနိုအာရုံကြော Chip တွေနဲ့ ရုန်းကန်ဖို့ တစ်ပတ်လောက် အချိန်ဖြုန်းခဲ့ရတယ်… မှိုမျှင်ကာကွယ်ရေးပစ္စည်းတွေကို ကုဒ်ဖြေလို့တောင် မပြီးသေးဘူး… ခဗျားက ဒါကို ငါးမိနစ်အတွင်း လုပ်လိုက်တာလား”

ရှင်းဂျီ၏ မျက်လုံးများသည် စိတ်လှုပ်ရှားမှုကြောင့် တောက်ပလာပြီး လင်းရှန်အပေါ် ပို၍ပင် စိတ်ဝင်စားလာပုံရသည်။

“ဝိုး… တစ်ပတ်ထဲနဲ့ အဲဒီလောက်လုပ်နိုင်တာကလည်း အတော်လေး အထင်ကြီးစရာပဲ”

ကီကီက ပြောလိုက်သည်။

သူမသည် လှောင်ပြောင်နေခြင်း မဟုတ်ပေ။ အထူးပြုဓာတ်ခွဲခန်းများ မရှိဘဲ ဤနည်းပညာကို ပြန်လည်ဆန်းစစ်ရန် မည်မျှ ခက်ခဲကြောင်း သူမ သိသည်။ လင်းရှန်ကဲ့သို့ ထူးခြားသော စွမ်းရည်မရှိဘဲနှင့်မူ ၎င်းမှာ မဖြစ်နိုင်သလောက်ပင်။

“ကဲ… ဒုတိယမေးခွန်းကို ပြန်သွားရအောင်”

လင်းရှန်က ရှင်းဂျီဘက် လှည့်လိုက်သည်။

“ကျုပ်တို့ အောင်မြင်သွားတယ် ဆိုပါစို့… တိတ်ဆိတ်မြို့တော်က ဘယ်လိုထွက်ဖို့ စီစဉ်ထားလဲ”

လင်းရှန်အတွက်မူ အကြီးမားဆုံးသော ခြိမ်းခြောက်မှုမှာ တွင်းနက်နယ်မြေနှင့် ထူးဆန်းသည့် သတ္တဝါများဖြစ်သည်။ အကယ်၍ တိတ်ဆိတ်မြို့တော်သည် နယ်မြေအုပ်စိုးသူတွင်းနက်သတ္တဝါ၏ ပစ်မှတ်ထားခြင်းကို ခံရပါက သူလည်း မည်သို့ဖြေရှင်းရမည်ကို မသိပေ။

နယ်မြေအုပ်စိုးသူတွင်းနက်သတ္တဝါကို သတ်ပစ်ဖို့လား။

လူသားအားလုံး ပူးပေါင်းလျှင်ပင် ၎င်းမှာ မဖြစ်နိုင်သလောက်ပင်ဖြစ်သည်။

“အရေးကြီးတဲ့ မေးခွန်းပဲ”

ရှင်းဂျီက ချက်ချင်း ပြန်ဖြေသည်။

“ဒါက ခက်ခဲတယ်… ငါ့ရဲ့ မူလအစီအစဉ်က သွေးကပ်ဘေးပန်း အထူးအမျိုးအစားကို သုံးဖို့ပဲ… ဒါတွေက အဆင့်မြင့်သတ္တဝါတွေကို ပြင်းပြင်းထန်ထန်ဆွဲဆောင်နိုင်တယ်… ဒါပေမဲ့ အကောင်းဆုံး အခြေအနေမှာတောင် ထွက်ပြေးနိုင်ခြေက ၂ ရာခိုင်နှုန်းကနေ ၃ ရာခိုင်နှုန်းပဲ ရှိတယ်”

“ဒါပေမဲ့ အခုတော့ ငါ့မှာ အစီအစဉ်သစ် ရှိပြီ၊ အဲဒါက မင်းရဲ့ ပေါင်းစည်းယာဥ်တန်းနဲ့ ဟူရဲ့ လူတွေလည်းပါတယ်… ငါတို့ တွင်းနက်ထဲက ထွက်နိုင်ခြေ ၇၀ ရာခိုင်နှုန်းကျော် ရှိသွားပြီ”

“ဘာအစီအစဉ်လဲ”

ရှင်းဂျီက လင်းရှန်ကို အနည်းငယ် ပြုံးပြလိုက်သည်။

“တိတ်ဆိတ်မြို့တော်ကို လေထဲ လွှတ်တင်လိုက်မယ်… ပြီးရင် နယ်မြေအုပ်စိုးသူတွင်းနက်သတ္တဝါရဲ့ အာရုံကို ဆွဲဆောင်မယ်….

‘ကျားကို တောင်ပေါ်ကနေ မျှားခေါ်တယ်’ ဆိုတဲ့ စကားပုံရှိတယ်မဟုတ်လား… အဲဒါဆိုရင် ငါတို့ပြဿနာက သေသေသပ်သပ်ဖြေရှင်းပြီးသားပဲ”

အခန်းထဲတွင် တိတ်ဆိတ်သွားသည်။ ရွှန်းအပါအဝင် လူတိုင်းက ရှင်းဂျီကို အံ့အားသင့်စွာ စိုက်ကြည့်နေကြသည်။

လင်းရှန် မျက်မှောင်ကြုတ်လိုက်သည်။

“နေပါဦး… ခဗျား အခုလေးတင် ပြောတာက ခဗျားတို့ ဒီမှာပိတ်မိနေတာက မြို့တော်ကြီးကြောင့်ဆို… အခုတော့ အဲဒါကို စွန့်ပစ်မယ် ဟုတ်လား”

သူသည် လူသားမျိုးနွယ်ကို ကြယ်စင်တန်းများဆီသို့ ဦးဆောင်မည့်အကြောင်း ပြောခဲ့ပြီး ယခုမူ တိတ်ဆိတ်မြို့တော်ကို ငါးစာဖြစ် သုံးချင်နေသည်။

ဒါက ဆန့်ကျင်ဘက်ဖြစ်နေတာမဟုတ်လား….

ကီကီနှင့် ချန်ဆီရွှမ်တို့လည်း အလားတူပင် ဇဝေဇဝါ ဖြစ်နေကြပြီး ရှင်းဂျီ၏ အတွေးကို နားမလည်နိုင်ဖြစ်နေကြသည်။

ရှင်းဂျီကမူ သူတို့၏ တုံ့ပြန်မှုကို အံ့ဩပုံမရပေ။ တည်တည်ငြိမ်ငြိမ်ဖြင့် လင်းရှန်ဆီသို့ လျှောက်လာပြီး ကိုယ်အနည်းငယ်ကိုင်းကာ စိတ်ဝင်တစား ‌ကြည့်လိုက်သည်။

“လင်းရှန်…. မင်းမှာ ကြီးမားတဲ့အစွမ်းအစရှိတယ်… သတ္တိရှိစမ်းပါ… ငါတို့ အောင်မြင်ပြီးလွတ်သွားရင်...”

“နောက်ထပ် တိတ်ဆိတ်မြို့တော်တစ်ခု ထပ်ဆောက်လို့ ရတာပဲ”

ကီကီ မယုံနိုင်ဘဲ အသက်ရှူမှားသွားသည်။ လင်းရှန်က ရှင်းဂျီကို သတိကြီးစွာ စိုက်ကြည့်နေ၏။ ၎င်း၏ မျက်နှာအမူအရာမှာ တည်ငြိမ်နေပြီး အပြုံးလည်း မပျက်ပေ။ ဘာကိုဆိုလိုသည်မှန်း မသိနိုင်ပေ။

အခန်းထဲတွင် သုသာန်တစ်စပြင်လို တိတ်ဆိတ်သွားသည်။ ထို့နောက် ရှင်းဂျီက အေးအေးဆေးဆေးပင် ရယ်မောရင်း ထပ်ပြောလိုက်သည်။

“ငါက နောက်တာပါ… ဒါကို အတည်ကြီး မယူပါနဲ့… ဒါပေမဲ့ စဉ်းစားကြည့်လေ… မင်းရဲ့ ရထားကြီး ပျံသန်းတာ ဒါမှမဟုတ် သမုဒ္ဒရာရထားလမ်းကို ဖြတ်ကျော်တာကို မမြင်ချင်ဘူးလား… ဝင်ရိုးစွန်းရေခဲပြင်ဒေသမှာတောင် ငါတို့က အနှေးနဲ့အမြန် ကောင်းကင်အကာကွယ်ကို ရင်ဆိုင်ရမှာပဲ…မင်းရဲ့ ယန္တရားစွမ်းရည်နဲ့ဆိုရင် လူသန်းပေါင်းများစွာကို ခိုလှုံခွင့်ပေးနိုင်တဲ့ ပျံသန်းနိုင်တဲ့ မြို့ကြီးတစ်မြို့ကို တည်ဆောက်တာဟာ ဒဏ္ဍာရီတစ်ခုဖြစ်လာမှာပဲ”

လင်းရှန်က ပြုံးလိုက်သော်လည်း ဘာမှမပြောပေ။ သူ ရိပ်မိလိုက်သည်။ ရှင်းဂျီ၏ နောက်ပြောင်မှုသည် စမ်းသပ်ခြင်းသာ ဖြစ်ပြီး အဆိုပြုချက်အစစ်မဟုတ်ပေ။ တကယ်တမ်း ထိုသူသည် တိတ်ဆိတ်မြို့တော်ကို စွန့်လွှတ်မည် မဟုတ်ပေ။

သို့သော် ထိုအကြံဉာဏ်က လင်းရှန်၏ စိတ်ကို လှုပ်ခတ်သွားစေသည်။ ယခုအချိန်အထိ သူ၏ အစီအစဉ်အားလုံးမှာ အနန္တရထားကြီးအပေါ်တွင်သာ ဗဟိုပြုခဲ့သည်။ ဤကဲ့သို့ ကြီးမားသော ရည်မှန်းချက်မျိုးကို ကြားလိုက်ရခြင်းက သူ့ကို တုန်လှုပ်စေခဲ့သည်။

သို့သော် သူသိထားသည်။ သူ၏ ယခုစွမ်းရည်ဖြင့် အနန္တရထားကြီးတစ်စင်းကို ပြန်လည်တည်ဆောက်ရန်ပင် ခက်ခဲလှသည်။ ပျံသန်းနိုင်သော မြို့တစ်မြို့လား… ဝေးကွာလွန်းသော အိပ်မက်တစ်ခုသာဖြစ်နေသေးသည်။

“ကောင်းပြီ” ရှင်းဂျီက မတ်တပ်ရပ်လိုက်သည်။

“တကယ့် အစီအစဉ်ကတော့ တိတ်ဆိတ်မြို့တော်မှာပါတဲ့ ဖြုတ်ထုတ်လို့ရတဲ့ ပျံသန်းနိုင်တဲ့ မြို့ငယ်လေးစင်းထဲက တစ်စင်းကို လွှတ်တင်မယ်… အဲဒီမှာ ဇီနွန်ဓာတ်ငွေ့ပမာဏတွေအများကြီးကို သုံးပြီးတော့ သံလိုက်စက်ကွင်းကန့်သတ်ချက်ကို ကျော်လွန်အောင် လုပ်မယ်… အဲဒါဆိုရင် စနစ်တွေ အကုန်လုံးပျက်စီးသွားလိမ့်မယ်”

“အတိုချုပ်ပြောရရင်တော့ ငါတို့က ကြီးမားတဲ့ ဟိုက်ဒရိုဂျင်ဗုံးတစ်လုံးကို ရလိုက်မှာပဲ… အဲဒါက နံပါတ် ၅ တွင်းနက်နယ်မြေကို ကစဉ့်ကလျားဖြစ်သွားစေနိုင်တယ်… မိခင်အသိုက်က ထုတ်လုပ်တဲ့သတ္တဝါတွေကို နျူကလီးယားစွမ်းအင်နဲ့ အသားကျအောင် လုပ်ပေးလိုက်သလိုဖြစ်လိမ့်မယ်… ဒါပေမဲ့... ဘာပဲဖြစ်ဖြစ်ပေါ့…အဲဒါက ငါတို့ ထွက်ပြေးဖို့ အချိန်ရစေမှာပဲ…. အဲဒါက အရေးအကြီးဆုံးပဲ”

သူသည် ထိုအစီအစဉ်ကို အသင့်ပြင်ထားပြီးသားအတိုင်း ပြောပြသွားသည်။ ၎င်းက လင်းရှန်၏ သံသယကို အတည်ပြုပေးလိုက်သည်။ ရှင်းဂျီသည် ထွက်ပြေးရန်သာ စီစဉ်နေခြင်း မဟုတ်ဘဲ ပိုမိုကြီးမားသော ရည်မှန်းချက်များ ရှိနေခြင်းပင်။

Chapter 665

ဂြိုလ်အဆင့်ပြောင်းလဲခြင်း ၃

ထို့နောက် ရှင်းဂျီက ပို၍ရှင်းလင်းစေရန် ဟိုလိုဂရမ်ပုံရိပ်တစ်ခုကို ပြလိုက်သည်။ သူ၏အဖွဲ့မှာ ၁၅ ရက်ခန့်သာ ထပ်၍ တောင့်ခံနိုင်မည်ဖြစ်သည်။ သို့သော် သူတို့တွင် အရေးကြီးသော တိုးတက်မှုများ ရှိထားသည်။ သူ၏ AI ဗဟိုချက်က အမှောင်ကျူးကျော်မှုကို ၁၀ ရာခိုင်နှုန်းခန့် တားဆီးနိုင်သော အနက်ရောင်ခရစ္စတယ်ဟု ခေါ်သည့် ပစ္စည်းတစ်ခုကို တီထွင်ထားသည်။ ၎င်းမှာ စမ်းသပ်ဆဲ အဆင့်သာ ရှိသေးသော်လည်း ကြီးမားသော တိုးတက်မှုဖြစ်သည်။

တွင်းနက်အတွင်းပိုင်းမှ တန်ဖိုးရှိသော အချက်အလက်များကိုလည်း သူ စုဆောင်းထားသည်။ ယခုအခါ လင်းရှန်၏ ရောက်ရှိလာမှုက သူ၏ အစီအစဉ်များကို ပိုမိုမြန်ဆန်စေခဲ့သည်။

လင်းရှန်၏ မူလသံလိုက်လမ်းကြောင်းပစ်လွှတ်ခြင်း အစီအစဉ်သည် ရှိနေဆဲဖြစ်သည်။ သို့သော် ရှင်းဂျီနှင့် ပူးပေါင်းခြင်းက အရာအားလုံးကို ပိုမိုလွယ်ကူစေပြီး တိတ်ဆိတ်မြို့တော်၏ မထင်မှတ်သော အန္တရာယ်များမှလည်း ကယ်တင်ပေးနိုင်မည် ဖြစ်သည်။

ရွှန်းက ဟိုလိုဂရမ်မြေပုံရှေ့တွင် ရှင်းပြလိုက်သည်၊၊ တိတ်ဆိတ်မြို့တော်၏ အဓိကအဖွဲ့ဝင်များဖြစ်သော ရူဂျိနှင့် တိုင်ရီလန်တို့လည်း ရောက်ရှိလာသည်၊၊

သူတို့ဆက်၍ သိလိုက်သည်မှာ အဖြူရောင်မြို့ရှိ အနီရောင်ကမ္ဘာလျှို့ဝှက်ဓာတ်ခွဲခန်းသည် မိလ္လာစက်ရုံအောက်တွင် ဝှက်ထားခြင်း ဖြစ်သည်။ ၎င်းကို စက်ရုပ်များ၊ အနီရောင် ထိတ်လန့်ဖွယ် သတ္တဝါများနှင့် ပျံသန်းနိုင်သော ခြ‌ေင်္သ့ငါးရုပ်ထုကြီးတစ်ခုဖြင့် ကာကွယ်ထားသည်။

၄ ရက်မှ ၆ ရက်လျှင်တစ်ကြိမ် အနီရောင်ကမ္ဘာက ပုံသေလမ်းကြောင်းတစ်ခုမှ သယ်ယူပို့ဆောင်ရေးယာဉ်တစ်စင်းကို လွှတ်တင်လေ့ရှိသည်။ ၎င်းတွင် ကိုယ်ပွား သုတေသီ ၁၅၀ ခန့် ပါရှိသည်။ အချိန်ကွာခြားမှုကြောင့် ပြင်ပကမ္ဘာမှ ၁၂ နာရီကြာချိန်သည် ၎င်းတို့အတွက် တစ်ရက်စာ ဖြစ်နေသည်။

သူတို့၏ လမ်းကြောင်းကို စမ်းသပ်မှုပေါင်းများစွာဖြင့် စမ်းသပ်ထားသဖြင့် ထူးဆန်းသည့် သတ္တဝါများ၏ နှောင့်ယှက်မှုကို ခံရနိုင်ခြေအလွန်နည်းသည်။ အဖွဲ့တစ်ဖွဲ့ သေဆုံးသွားပါက နောက်ထပ် အဖွဲ့သစ်တစ်ခုက လိုက်လာမည်ဖြစ်သည်။ ရှင်းဂျီ၏ ပန်းတိုင်မှာ ဤကိုယ်ပွားများကို ကြားဖြတ်ဖမ်းဆီးရန် ဖြစ်သည်။

ကီကီက မျက်မှောင်ကြုတ်လိုက်သည်။

“ဒါပေမဲ့ မှတ်ဉာဏ်တွေကို ထိန်းသိမ်းဖို့ဆိုရင် သူတို့ကို အသက်ရှင်လျက် ဖမ်းရမှာပေါ့… ၁,၀၀၀ ကီလိုမီတာရှိတဲ့ တွင်းနက်ထဲမှာ ဒါကို ဘယ်လိုလုပ်မလဲ”

“သူတို့မှာ ကိုယ်ပွားတွေ အများကြီး ရှိပါတယ်” ဆံပင်တိုနှင့် တိုင်ရီလန်က ပြောသည်။

“ငါတို့ အများကြီးတွေ့ခဲ့ပြီးပြီ… သူတို့က အရင်က ပုံမှန်ရှင်သန်သူတွေပဲ”

လင်းရှန်က ဖြည့်စွက်ပြောလိုက်သည်။

“သူမ ပြောချင်တာက သူတို့ဟာ အချက်အလက်တွေကို အဲဒီနေရာမှာတင် မိတ္တူကူးထားရမယ် ဆိုတာပဲ… အဖွဲ့တစ်ဖွဲ့ ကျရှုံးသွားရင် နောက်တစ်ဖွဲ့က အဲဒီနေရာကနေ ဆက်လုပ်ရမှာပဲလေ”

“ခဗျားပြောတာ မှန်တယ်” ရွှန်းက သဘောတူသည်။

“ဓာတ်ခွဲခန်းမှာ အချက်အလက် မိတ္တူစနစ်တွေ ပါဝင်နိုင်ခြေ များတယ်… ဒါပေမဲ့ ထွက်လာတဲ့ ကိုယ်ပွားတွေကို ကြားဖြတ်ဖမ်းတာက ပိုလွယ်ပြီး အန္တရာယ်နည်းတယ်… အဲဒီကိုယ်ပွားတွေမှာ နောက်ဆုံးရ သုတေသနရလဒ်တွေ ပါလာမှာပဲ”

“မိလ္လာစက်ရုံကရော… အနီရောင်သတ္တဝါတွေအပြင် အဲဒီ ခြ‌ေင်္သ့ငါးရုပ်ထုလည်း ရှိသေးတယ်…အဲဒါရဲ့ မျက်နှာကို မြင်တဲ့သူတိုင်း အမှောင်ကျူးကျော်မှုဒဏ် ခံရပြီး အာကာသထဲ ပျောက်ကွယ်သွားနိုင်တဲ့ ထူးဆန်းမှုတွေ ဖြစ်တတ်တယ်”

ရွှန်းက ထပ်ပြောသည်။

ယခုမှပင် ရှီတိယွမ်၊ နန်ကျင်းနှင့် လင်းရှန်တို့သည် ထိုရုပ်တုကို မြင်လိုက်ရချိန်တွင် ဘာကြောင့် သတိလွတ်လုနီးပါး ဖြစ်ခဲ့ရသည်ကို နားလည်သွားကြသည်။ ထိုရုပ်တုမှာ ခြ‌ေင်္သ့ငါးရုပ်ထု၏ ရှေ့မျက်နှာစာပင် ဖြစ်သည်။

နန်ကျင်းက ဝင်ပြောသည်၊၊

“ငါနားလည်ပြီ… ရုပ်ထုအပြင် ကျန်တာတွေက စက်ရုပ်တွေ… အနီရောင် သတ္တဝါတွေနဲ့ သုတေသီတွေပဲ…. ငါတို့ သူတို့ကို အနိုင်တိုက်နိုင်တာပဲ မဟုတ်လား”

“ဒါပေမဲ့ အဲဒါဆိုရင် အနီရောင်ကမ္ဘာကို သတိပေးလိုက်သလို ဖြစ်သွားမယ်… သူတို့က ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးတဲ့စနစ်ကို စတင်လိုက်နိုင်တယ်”

ချီလီက သတိပေးသည်။

“ဟွန်း… ကျွန်မတို့ ပြောပြီးပြီပဲ… သူတို့က တိတ်ဆိတ်မြို့တော် ရှိနေတာကို သိပြီးသားပဲ… သူတို့ကို ကြောက်စရာဘာကျန်သေးလို့လဲ”

မိုနီကာက လက်ပိုက်ကာပြောလိုက်သည်။

“ကျွန်မ နားမလည်တာက သူတို့က ကျွန်မတို့ စောင့်ကြည့်နေတာကို သိရက်နဲ့ ဘာလို့ ဒီလောက် ယုံကြည်မှု ရှိနေတာလဲ… သူတို့က ခြ‌ေင်္သ့ငါးရုပ်ထုကို ထိန်းချုပ်နိုင်လို့လား”

“အဲဒါက ဘာလို့ အာခီစိုင်းမှာရော ဒီမှာရော ပေါ်လာတာလဲ”

ကီကီက မေးသည်။

“အဲဒီ ရုပ်ထုက Lion City ရဲ့ သန္ဓေပြောင်း အထိမ်းအမှတ် သင်္ကေတပဲ…အဲဒါ သုံးခုရှိတယ်… အနီရောင်ကမ္ဘာက တွင်းနက်ထဲကနေ နှစ်ခုကို ထုတ်သွားပြီး အမှောင်လှိုင်းကျောက်ဆူးတွေအဖြစ် သုံးခဲ့တယ်… အဲဒါကြောင့် တွင်းနက်နယ်မြေတွေက ပုံမှန်မဟုတ်ဘဲ ပြန့်ကားလာတာပဲ”

ရွှန်းက ပြောသည်။

“ဒါပေမဲ့ မြင်တဲ့သူတိုင်း သေစေနိုင်တဲ့အရာကို သူတို့က ဘယ်လိုရွှေ့ပြောင်းခဲ့ကြတာလဲ”

နန်ကျင်းက မျက်မှောင်ကြုတ်ကာ မေးသည်။

“လွယ်လွယ်လေးပဲ… လူတွေအများကြီးကို အသေခံခိုင်းလိုက်တာပေါ့…. တစ်ယောက်သေရင် နောက်တစ်ယောက်က ကြည့်တယ်”

ဝတ်စုံအပြည့်ဖြင့် ရူဂျိက ပြောသည်။ သူ၏ မျက်လုံးများမှာ ကီကီထံမှ မခွာဘဲ သူမ၏ စွမ်းအားကို စိတ်ဝင်စားနေသည်၊၊

“အဲဒါထက်တော့ပိုပြီးမသိတော့ဘူး”

ရွှန်းက ပုခုံးတွန့်လိုက်သည်။

“ဒါပေမဲ့ နံပါတ် ၅ နဲ့ ၇ နယ်မြေတွေသာ အရမ်းမြန်မြန် ပြန့်ကားလာရင် ယန်ကျန်းလွင်ပြင်က ရှင်သန်ကျန်ရစ်သူတွေ အကုန်လုံး နံပါတ် ၃ ကနေ ၆ နယ်မြေတွေထဲကို ဝါးမျိုခံရလိမ့်မယ်”

အခန်းထဲတွင် တိတ်ဆိတ်သွားသည်။

“ဓာတ်ခွဲခန်းအကြောင်းပြန်ပြောရအောင်”

ရှင်းဂျီက တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။

“သူတို့ရဲ့ ကာကွယ်ရေးက ရိုးရှင်းပါတယ်… ကိုယ်ပွားတွေကို သုံးပြီး အမှောင်အမှတ်အသားတွေကို လုပ်ပေးလိုက်မယ်… ပြီးရင် ထူးဆန်းတဲ့ သတ္တဝါတွေကို ဆင့်ခေါ်လိမ့်မယ်… အထဲမှာ ရှိတဲ့သူတွေ အကုန်သေသွားရင် သူတို့က အကုန်ရှင်းထုတ်ပြီး အဖွဲ့သစ်ထပ်လွှတ်လိမ့်မယ်… အထဲမှာ တစ်ရက်က အပြင်မှာ နှစ်နာရီပဲ ရှိတယ်… အရမ်းကို ထိရောက်တဲ့ နည်းလမ်းပဲ”

လင်းရှန်က သူ့ကို စိုက်ကြည့်လိုက်သည်။

“ဒါပေမဲ့ ခဗျားတို့ ဒီမှာ လှုပ်ရှားနေတာ ကြာပြီပဲ… သူတို့က ခဗျားတို့ကို စောင့်ကြည့်မနေဘူးလား”

“ဒါကြောင့်လည်း ငါတို့ အမြန်လှုပ်ရှားဖို့ လိုတာပေါ့၊ သူတို့ဆီမှာ တစ်ရက်က ငါတို့ဆီမှာ ၁၂ ရက်ပဲ… ငါတို့ အဲဒီလောက် မတောင့်ခံနိုင်ဘူး”

ရှင်းဂျီက ပြုံးလျက် ပြောသည်။

လင်းရှန် ခေါင်းညိတ်လိုက်သည်။ အစီအစဉ်မှာ ရှင်းလင်းသွားပြီ။ နောက်တစ်ကြိမ် ဒီရေကျချိန် တစ်နာရီခန့်အချိန်တွင် သူတို့၏ ပူးပေါင်းတပ်ဖွဲ့က လာမည့် သယ်ယူပို့ဆောင်ရေးယာဉ်ကို ခြုံခိုတိုက်ခိုက်မည်။ မှတ်ဉာဏ်ပစ္စည်းများကို ရယူမည်။ ထို့နောက်တွင် တိတ်ဆိတ်မြို့တော်ငါးစာချခြင်းအစီအစဉ်နှင့်အတူ သံလိုက်လမ်းကြောင်းပစ်လွှတ်ခြင်းကို ချက်ချင်း လုပ်ဆောင်ရမည်ဖြစ်သည်။

“အနီရောင်ကမ္ဘာရဲ့ နောက်ထပ်တာဝန်က ၉ နာရီနဲ့ ၁၅ မိနစ်အကြာမှာ စလိမ့်မယ်”

ရွှန်းက ပြောသည်။

“ကျုပ်တို့ ကြိုတင်ပြင်ဆင်ထားဖို့ လိုတယ်”

လင်းရှန်က နန်ကျင်းနှင့် အခြားသူများကို ကြည့်လိုက်သည်။

“ကောင်းပြီ… ငါတို့ အတူတူ လှုပ်ရှားကြတာဆိုတော့ မင်းပဲ ဦးဆောင်ပါ”

သို့သော် ရွှန်းက ရယ်မောလိုက်သည်။

“ကျနော် မလုပ်ဘူး… ကင်မရာတွေ အကုန်လုံးက ရှင်းဂျီရဲ့ ထိန်းချုပ်မှုအောက်မှာပဲ... ကျနော်တို့က လိုင်းတစ်ခုတည်းမှာ ရှိနေဖို့ပဲ လိုတယ်”

“ကောင်းပါပြီ”

လင်းရှန် မတ်တပ်ရပ်လိုက်ပြီး ရေကန်နက်ဘေးရှိ ပေါင်းစည်းယာဥ်တန်း အဖွဲ့သားများကို အခြေအနေရှင်းပြရန် ပြင်ဆင်လိုက်သည်။

အချိန်မှာ သူတို့ဘက်တွင် မရှိပေ။ ဤအခွင့်အရေး လွတ်သွားပါက နောက်တစ်ကြိမ် ဒီရေကျချိန်အထိ စောင့်ရမည်ဖြစ်ပြီး ပြန်လည်တိုက်ခိုက်မှုများနှင့် ရင်ဆိုင်ရနိုင်သည်။ အကယ်၍ အောင်မြင်ခဲ့လျှင်လည်း ဒီရေပြန်မတက်မီ ထွက်ပြေးခြင်းကို အပြီးသတ်ရမည်ဖြစ်သည်။

“လင်းရှန်”

ရှင်းဂျီက ခေါ်လိုက်သည်။

“ငါတို့နှစ်ယောက်တည်း ခနလောက် စကားပြောလို့ရမလား”

လင်းရှန်က နန်ကျင်းနှင့် ချန်ဆီရွှမ်တို့ကို ပြန်ကြည့်လိုက်သည်။ နန်ကျင်းက ခေါင်းညိတ်ပြလိုက်သည်။

“စိတ်မပူပါနဲ့ ကပ္ပတိန်လင်း… ကျွန်မတို့ လူအိုကြီးမိုနဲ့ အားလုံးကို ညှိနှိုင်းထားလိုက်ပါ့မယ်”

ချန်ဆီရွှမ်ကလည်း ခေါင်းညိတ်ပြသည်။

အားလုံး ထွက်သွားကြပြီးနောက် လင်းရှန်နှင့် ရှင်းဂျီတို့ နှစ်ယောက်တည်း ကျန်ရစ်ခဲ့သည်။

“ကျုပ်ရဲ့ စွမ်းရည်အပြည့်အစုံကို ခဗျားသိချင်နေတာ မဟုတ်လား”

လင်းရှန်က တိုက်ရိုက်ပင် မေးလိုက်သည်။

“ဟုတ်တယ်” ရှင်းဂျီက ဝန်ခံလိုက်သည်။

“အဲဒီ စိတ်ရှုပ်စရာကောင်းတဲ့ ကုန်သည်က မင်းရဲ့ သတင်းအချက်အလက်တွေကို ရိက္ခာတွေနဲ့ လဲပြီး ငါ့ကို ရောင်းကတည်းက ငါ စိတ်ဝင်စားနေတာ… ယန္တရားစွမ်းရည်ဟုတ်လား… မင်းရဲ့ စွမ်းအားက တခြားသူတွေနဲ့... အများကြီးကွာခြားနေတယ်လို့ မထင်ဘူးလား”

“အင်း” လင်းရှန်က အေးစက်စက် ပြန်ပြောသည်။

“မဟုတ်ဘူး… ငါ ဆိုလိုတာက တကယ်ကြီး ကွာခြားနေတယ်လို့ ပြောချင်တာပဲ”

ရှင်းဂျီက ဆက်ပြောလိုက်သည်။

“မင်းက ရွှန်းရဲ့ စက်ရုပ်ကို စက္ကန့်ပိုင်းအတွင်း ထိန်းချုပ်လိုက်တယ်… သူ့ရဲ့ ရွေ့လျားမှုစနစ်ကို ပိတ်ပစ်လိုက်တယ်… မင်းရဲ့ စွမ်းအားက ထိတွေ့မှု ဒါမှမဟုတ် အမှောင်ကြောင့် သန္ဓေပြောင်းတာမျိုးမဟုတ်ဘူး… အဲဒါမှာ စည်းမျဉ်းတွေ ရှိတယ်…အဲဒါက ဖန်တီးပေးတယ်.. အမှန်အတိုင်း ပြောရရင် အဲဒါက ဘာနဲ့တူလဲဆိုတော့...”

သူက လင်းရှန်ကို စိုက်ကြည့်လိုက်သည်။

“— ဒိုင်မေးရှင်းပိုမြင့်မားတဲ့ လူသားတစ်ယောက်ဆီက လာတဲ့ အထူးပြုပရိုဂရမ်တစ်ခုနဲ့ တူနေတယ်”

လင်းရှန် နှလုံးခုန်မြန်သွားသည်။ ဤကဲ့သို့သော ကောက်ချက်မျိုးကို သူ မမျှော်လင့်ထားသောကြောင့် ဘာပြန်ပြောရမည်ကိုပင် မသိဖြစ်သွားသည်။

ရှင်းဂျီက ပြုံးလိုက်သည်။

“တောင်းပန်ပါတယ်… ဒါက ငါ့ရဲ့ ထင်မြင်ချက်သက်သက်ပါ”

လင်းရှန် ပြန်မပြောမီမှာပင် ရှင်းဂျီက မျက်လုံးကို အနည်းငယ် မှေးပြီး မေးလိုက်သည်။

“အော်... ဒါနဲ့... အဲဒီငွေရောင်ကျည်ဆန်… မင်းမှာ ရှိနေသေးတယ် မဟုတ်လား”

All Chapters