← Chapters

ဒီကျမ်းကို လေ့ကျင့်ဖို့ဆိုရင် အရင်ဆုံး...

Vol. 3 Ch. 21

ဒီကျမ်းကို လေ့ကျင့်ဖို့ဆိုရင် အရင်ဆုံး...

Vol. 3 Ch. 21

“ဟ ငါလခွမ်း။ ဒါ ဘယ်လိုဓားကွက်ကြီးလဲ။ တစ်ခါမှ မမြင်ဖူးဘူး။”

“အရမ်းကို ကျက်သ‌ရေရှိတာပဲ။ ဓားတစ်သောင်းတို့အပြန်ကို ကြည့်ရတာ မြင့်မြတ်ခြင်းနဲ့ ပြင်းထန်ခြင်းတို့ကို ရောထားတဲ့ အတိုင်းပဲ။”

“…”

ကြည့်ရှုသည့် စင်မြင့်ထက်တွင်မူ ဌာနမှူးများသည် ဓားဘုရင်ကို ဦးစွာကြည့်လာကြသည်။

ထိုလူအိုကြီးမှာလည်း လုံးဝကို ကြောင်အနေသည်ကို မြင်လိုက်ရသဖြင့် သူတို့အားလုံး၏ အကြည့်မှာ ချူဖုန်းထံသို့ ရောက်ရှိသွားကြတော့သည်။

ထိုအခိုက်။

ချူဖုန်းသည် သူ၏ ခါးကြားမှ ခေါက်ယပ်တောင်ကို ဆွဲထုတ်ကာ ဘာဖြစ်သွားမှန်းမသိသည့် ပုံစံမျိုးဖြင့် အေးအေးလူလူ ယပ်ခပ်နေသည်။

‘ဒီကောင်လေးက အခုမှ လာပြီး ရူးချင်ယောင်ဆောင်နေတာပဲ။’

သူ၏ ထိုအပြုအမူကို မြင်သည်နှင့် ဌာနမှူးများမှာ ချက်ချင်း ရိပ်မိလိုက်ကြ၏။ ဤဓားနည်းစနစ်မှာ ချူဖုန်းနှင့် တစ်နည်းမဟုတ် တစ်နည်း ပတ်သက်နေသည်မှာ သေချာပေသည်။

ဓားဘုရင်ရှောင်ယောင်က ဆေးဘုရင် ရွှမ်ဟော့ကို အချက်ပေးလိုက်သည်။

ဆေးဘုရင်မှာ ချက်ချင်းပင် ထိုအချက်ပြမှုကို နားလည်သွားပြီး ချူဖုန်းကို မေးလိုက်သည်။ “ဖုန်းလေး၊ ခုနက ဓားတစ်သောင်းတို့အပြန်ဆိုတာက မင်းရဲ့ သောင်းပြောင်းပညာရပ်ဌာနရဲ့ အန္တိမသိုင်းကြမ်းလား။ ဘာလို့ ဒီလူအိုကြီးက တစ်ခါမှ မကြားဖူးရတာလဲ။”

သောင်းပြောင်းပညာရပ်ဌာနတွင် ယင်းကဲ့သို့ နည်းစနစ်မျိုး ရှိနေလိမ့်မည်ဟု သူတို့ထဲမှ မည်သူမျှ မယုံကြည်ကြပေ။

မည်သို့ပင်ဖြစ်စေ သောင်းပြောင်းပညာရပ်ဌာနသည် ဝမ်တောက်ကျောင်းတော်အတွင်း၌ နှစ်ပေါင်း တစ်သောင်းကျော်ကြာ တိတ်ဆိတ်နေခဲ့ခြင်း ဖြစ်သည်။ အကယ်၍ သူတို့တွင် ၎င်းလိုနည်းစနစ်မျိုး အမှန်တကယ် ရှိခဲ့ပါက တခြားသူများ မသိဘဲ နေလိမ့်မည် မဟုတ်ပေ။

ထို့အပြင် ဌာနမှာလည်း ယခုကဲ့သို့ အခြေအနေမျိုးအထိ ဆုတ်ယုတ်သွားလိမ့်မည် မဟုတ်ပေ။

ထို့ကြောင့် သူတို့က ရှောင်ချန်း၏ ကိုယ်ပိုင် ကံကောင်းမှုတစ်ခုခုကြောင့် ရရှိခဲ့သော အရာဟုသာ ပို၍ ယုံကြည်ကြသည်။

မည်သို့ပင်ဖြစ်စေ ပါရမီရှင်ဆိုသည်က မျှော်လင့်မထားသည့် ကောင်းချီးမျိုးကို ဘယ်ကမှန်းမသိ ရတတ်ပေသည်။

ချူဖုန်းက ပြုံးကာ ဆို၏။”တစ်ဝက်လောက်တော့ ဟုတ်ပါတယ်။ ဒါပေမဲ့ ကျွန်တော် ရှောင်ချန်းအတွက် ကျင့်စဉ်တစ်ခု ဖန်တီးပေးခဲ့တယ်လို့ ခုနလေးတင်ပြောလိုက်တယ်မလား။ အဲဒါက ဓားတစ်သောင်းတို့အပြန်ပဲလေ။ မဆိုးဘူးမလား”

သူ၏စကားလည်း ဆုံးရော ဌာနမှူးများသည် တိတ်ဆိတ်သွားပြီး ချူဖုန်းကို မယုံကြည်နိုင်သော မျက်လုံးများဖြင့် စိုက်ကြည့်နေကြသည်။

ယခင်က ချူဖုန်း ပြောခဲ့သည်ကို သူတို့ထဲမှ မည်သူမျှ အလေးအနက် မထားခဲ့ပေ။

ဘာပဲဖြစ်ဖြစ် ဌာနတိုင်းတွင် သူတို့၏ကိုယ်ပိုင် ထိပ်တန်း အမွေအနှစ်များ ရှိကြသည်။

ကျင့်ကြံခြင်း မရှိသော ချူဖုန်းအနေဖြင့် မတော်တဆများ ကျင့်စဉ်တစ်ခုကို ဖန်တီးနိုင်ခဲ့လျှင်ပင် ၎င်းသည် သူတို့ဌာနများ၏ အမွေအနှစ်များနှင့် နှိုင်းယှဉ်နိုင်စရာ အကြောင်းမရှိပေ။

သို့သော်လည်း ရှောင်ချန်း ယခုလေးတင် ထုတ်သုံးသွားသော ဓားတစ်သောင်းတို့အပြန် မှာမူ... စောင့်ရှောက်သူ အဆင့်ရှိ နည်းစနစ်တစ်ခုနှင့် သေချာပေါက်ကို ညီမျှသည်။

“ကောင်စုတ်လေး...မင်း ဒါကို ဘယ်လိုများ စဉ်းစားမိတာလဲ။”

ဆေးဘုရင် ရွှမ်ဟော့က သိချင်နေသည့် မျက်နှာဖြင့် မေးလိုက်သည်။

“ပုံပြင်စာအုပ်တစ်အုပ်ကနေ စိတ်ကူးရပြီး ဖန်တီးလိုက်တာပါ။”

ချူဖုန်းက လေးနက်စွာ ပြန်ဖြေလိုက်သည်။

ဖုန်းယွင်ဆိုသည်မှာ ရုပ်ပြကာတွန်း တစ်ခုဖြစ်သည်။ ၎င်းသည် ဤကမ္ဘာတွင်တော့ ပုံပြင်စာအုပ် တစ်အုပ်အဖြစ် သတ်မှတ်၍ရရာ ထိုသို့ပြော၍လည်း မည်သည့်ပြဿနာမျှ မရှိပေ။

“…”

ဌာနမှူးများအားလုံးသည် ချူဖုန်းကို အမူအရာမဲ့စွာကြည့်နေကြပြီး သူတို့၏ မျက်နှာပေါ်တွင် ငါတို့မင်းကို မယုံဘူးဟူသော စကာလုံးများကို ဖော်ပြထားသည်။

ဆေးဘုရင် ရွှမ်ဟော့က စိတ်မရှည်စွာဖြင့် ရေရွတ်လိုက်သည်။”ကောင်းပြီ။ မပြောချင်ရင်လည်း မပြောနဲ့။ အနည်းဆုံးတော့ အဲဒီဓားကျမ်းက ဘာတွေလုပ်နိုင်လဲဆိုတာ ရှင်းပြပေးပါဦး။”

“ရတာပေါ့။”

ချူဖုန်းက တုံ့ဆိုင်းမနေဘဲ သဘောတူလိုက်သည်။

သူတို့က ထိုကောင်လေး လွယ်လွယ်ကူကူ သဘောမတူလောက်ဘူးဟု ထင်ထားတာဖြစ်၏။ ထိုကလေး သူတို့ကို ထပ်မံ လှည့်စားရန်ကြိုးစားနေသည်လော။

“အသေးစိတ် ပြောပြစမ်း။”

ဆေးဘုရင်မှာ သိချင်စိတ် သက်သက်သာဖြစ်သည်။ သူကိုယ်တိုင်မှာ ဓားနည်းစနစ်များကို လေ့ကျင့်သူ မဟုတ်ပေ။

ချူဖုန်းက လက်ဖက်ရည်ကို တစ်ငုံ သောက်လိုက်သည်။ “အဟမ်း... ဒီသိုင်းကျမ်းကို ကျင့်ကြံဖို့ဆိုရင် လူတစ်ယောက်က အရင်ဆုံး သူတို့ရဲ့ ကျင့်ကြံခြင်းတွေကို ဖျက်ဆီးရလိမ့်မယ်...”

“တော်ပြီ၊ ရပ်လိုက်တော့။”

ချူဖုန်း စကားမဆုံးမီမှာပင် ဓားဘုရင်က ချက်ချင်း ကြားဖြတ် ဟန့်တားလိုက်သည်။

“ကောင်လေး၊ မင်း မပြောချင်ရင်လည်း အဲဒီလိုမျိုး လျှောက်မနောက်နဲ့။”

ကျန်ဌာနမှူးများမှာ ဘာမှမပြောကြသော်လည်း သူတို့သည် ထိုစကားကို တိတ်တဆိတ်ထောက်ခံနေကြသည်။

ချူဖုန်းက ဂရုမစိုက်သလို ပုခုံးတွန့်လိုက်၏။ “စီနီယာ၊ ရှောင်ချန်းက ကျွန်တော့်ရဲ့ သောင်းပြောင်းပညာရပ်ဌာနကို ရောက်လာတုန်းက သူက မသန်မစွမ်း(ဒန်တျန်းပျက်စီးနေပြီ) ဖြစ်နေပြီဆိုတာကို မေ့သွားတာလား။”

“ ကျွန်တော် သူ့အတွက် ဖန်တီးပေးခဲ့တဲ့ နည်းစနစ်က ကျင့်ကြံခြင်းတွေကို ဆုံးရှုံးထားတဲ့သူအတွက် ရည်ရွယ်ပြီး ဖန်တီးထားတာပါ။”

“အာ...ဟုတ်တော့ဟုတ်သားပဲ။”

ဆေးဘုရင် ရွှမ်ဟော့သည် ဓားဘုရင်က လွန်လွန်းသည်ဟု တွေးမိနေသည်။ သူက ဆက်လက် နားထောင်လိုသော်လည်း ထိုလူအိုကြီးက ကြားဖြတ်ဖြတ်တောက်ပစ်လိုက်သည်။

ဓားဘုရင်ရှောင်ယောင်ကလည်း ထိုအခါမှ ပြောလာသည်။”ဟုတ်တယ်။ ထူးခြားတဲ့ သူတွေအတွက် ထူးခြားတဲ့ ကျင့်ကြံခြင်း နည်းလမ်းတွေ လိုအပ်တယ်။”

“ဖုန်းလေး၊ အဲဒီဓားကျမ်းမှာ တခြား ထူးခြားတဲ့ သတ်မှတ်ချက်တွေ ရှိသေးလား။”

“ရှိတာပေါ့။”

ချူဖုန်းက ဆိုသည်။ “အဲဒီဓားကျမ်းကို လေ့ကျင့်ဖို့ဆိုရင်၊ ဓားလမ်းစဉ်မှာ အလွန်မြင့်မားတဲ့ မွေးရာပါ ပါရမီ ရှိရမယ်။ သာမန် အရည်အချင်းပဲ ရှိတဲ့ ဘယ်သူမဆို ဓားတစ်သောင်းတို့အပြန်ကို တက်မြှောက်သွားဖို့ လုံးဝ အခွင့်အရေး မရှိဘူး။”

၎င်းကို ကြားလိုက်ရသည့်အခါ ဌာနမှူးများမှာ ချက်ချင်းပင် စိတ်ဝင်စားမှု လျော့နည်းသွားကြသည်။

သူတို့ လိုချင်သည်မှာ တပည့်အများစု လေ့ကျင့်နိုင်မည့် နည်းစနစ်မျိုး ဖြစ်သည်။

ဓားတစ်သောင်းတို့အပြန် မှာ ယခုအချိန်တွင် အစွမ်းထက်သည်ဟု ထင်ရသော်လည်း၊ ၎င်းကို လေ့ကျင့်ရန်အတွက် သူတို့၏ ကျင့်ကြံခြင်းကို ဖျက်ဆီးပစ်ရန် မည်သည့်ပါရမီရှင်ကများ အမှန်တကယ် ဆန္ဒရှိမည်နည်း။

ပို၍ အရေးကြီးသည်မှာ ၎င်းနည်းစနစ်၏ ကန့်သတ်ချက်က ဘယ်အထိလဲဆိုသည်ကိုလည်း မည်သူမှမသိကြပေ။

အကယ်၍ ၎င်းဓားကျမ်းမှာ ကောင်းကင်ဇာစ်မြစ်အဆင့်အထိသာ ကျင့်ကြံနိုင်သည်ဆိုလျှင် သူတို့၏ ပါရမီရှင်တပည့်များမှာ အကြီးအကျယ် နစ်နာသွားပေမည်။

မည်သို့ပင်ဖြစ်စေ ဤဓားကျမ်းမှာ သာမန်လူတစ်ဦးက ရေးသားထားသော ကျင့်ကြံခြင်းနည်းလမ်းပါပေ။

သို့ဖြစ်၍ ဌာနမှူးများသည် လင်းချင်းယွီနှင့် မော့ချင်းဝူတို့၏ အကြိုဗိုလ်လု ပွဲစဉ်ကို ကြည့်ရှုရန် စင်မြင့်ထက်သို့ အာရုံပြန်လွှဲလိုက်ကြ၏။

ယခင် အကြိုဗိုလ်လုပွဲစဉ်များနှင့် နှိုင်းယှဉ်လျှင် ဤပွဲမှာ တကယ့် ထိပ်သီးများ၏ အားပြိုင်မှုဖြစ်သည်။

မော့ချင်းဝူနှင့် လင်းချင်းယွီတို့ နှစ်ဦးစလုံးသည် သူတို့တွင် ရှိသမျှ အရာအားလုံးဖြင့် တိုက်ခိုက်ခဲ့ကြသည်။

တစ်နာရီကြာ ပြင်းထန်သော တိုက်ပွဲအပြီးတွင် နောက်ဆုံး၌ အနိုင်ရသူ ပေါ်ထွက်လာခဲ့သည်။ လင်းချင်းယွီသည် အနိုင်ရရှိသွားပြီး ဗိုလ်လုပွဲသို့ တက်လှမ်းသွားခဲ့သည်။

သို့သော်လည်း သူသည် ဒဏ်ရာ အနည်းငယ် ရရှိခဲ့သည်။ ထို့အပြင် ရှောင်ချန်း၏ ကြောက်မက်ဖွယ်ကောင်းလှသော ဓားတစ်သောင်းတို့အပြန်ကို ပြန်လည် မြင်ယောင်လာမိသည့်အခါ သူ၏ စိတ်ထဲတွင် ပထမဆုံးအကြိမ်အဖြစ် အားကိုးရာမဲ့သည့် ခံစားချက်မျိုး ပေါ်ပေါက်လာခဲ့သည်။

ထိုဓားကွက်မှာ... သူ၏ လက်ရှိအဆင့်နှင့် ခုခံနိုင်မည့် အရာမျိုး မဟုတ်ပေ။

နောက်တစ်နေ့။

ရှောင်ချန်းသည် လင်းချင်းယွီကို ဘာအခက်အခဲမျှ မရှိဘဲ အနိုင်ယူကာ အပြင်စည်းဂိုဏ်း ပြိုင်ပွဲကြီး၏ ပထမကို ရရှိသွားခဲ့သည်။

ပြိုင်ပွဲ ပြီးဆုံးသွားပြီးနောက်။

လင်းချင်းယွီသည် စိတ်ဓာတ်ကျကာ ငိုင်တိုင်တိုင်ဖြစ်နေသော အမူအရာဖြင့် စင်မြင့်ပေါ်မှ ချက်ချင်း ထွက်ခွာသွားခဲ့သည်။

ရှောင်ချန်းကို သူ နောက်တစ်ကြိမ် ထပ်မံ ရှုံးနိမ့်ခဲ့ပေသည်။ ၎င်းမှာ သူ လုံးဝ လက်မခံနိုင်သော အရာပင် ဖြစ်သည်။

လင်းချင်းယွီ ရင်ပြင်မှ ထွက်လာသည်အခိုက် အေးစက်ခက်ထန်သည့် အသံတစ်သံထွက်ပေါ်လာသည်။

“ချင်းယွီ၊ မင်း ငါ့ကို တကယ်ပဲ စိတ်ပျက်အောင် လုပ်လိုက်ပြီ။ တစ်ပွဲလောက် ရှုံးတာနဲ့တင် မင်းက မင်းကိုယ်မင်း ယုံကြည်မှုတွေ ပျောက်ဆုံးနေပြီ။”

၎င်းကို ကြားလိုက်ရသည့်အခါ လင်းချင်းယွီက မော့ကြည့်လိုက်၏။ ထိုအခါ မည်သူဖြစ်သည်ကို သိလိုက်ရသည်။ သူက ပြောလိုက်၏။ “ဆရာ၊ ကျွန်တော် ဆရာ့ရဲ့ မျှော်လင့်ချက်တွေကို စိတ်ပျက်စေခဲ့ပါတယ်။”

“ဟက်”

ပြောလိုက်သူမှာ ဓားပညာဌာန၏ မဟာအကြီးအကဲပင် ဖြစ်သည်။ သူက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး ပြင်းထန်စွာ ပြောလိုက်သည်။

“ငါ့ကို ဆရာလို့ ခုမှ လာမခေါ်နဲ့။ ငါ မင်းကို ရွေးချယ်စရာ နှစ်ခု ပေးမယ်။ ဒီပွဲကို မေ့လိုက်ပြီး ငါနဲ့အတူ အတွင်းစည်းဂိုဏ်းထဲကို လိုက်ခဲ့ပြီး ကျင့်ကြံမလား။ ဒါဆို အချိန်တန်ရင် မင်း ရှောင်ချန်းကို သေချာပေါက် ကျော်ဖြတ်နိုင်လိမ့်မယ်။”

“ဒါမှမဟုတ်ရင် အတွင်းစည်းဂိုဏ်းထဲ ရောက်တဲ့အခါ တခြား ဆရာတစ်ယောက်ကို ရွေးချယ်လိုက်ပါ။”

လင်းချင်းယွီ၏ အမူအရာမှာ ထိုစကားများကြောင့် အနည်းငယ် ပြောင်းလဲသွားသော်လည်း သူ၏ မျက်လုံးများမှာ လျင်မြန်စွာပင် ပြတ်သားသွားခဲ့သည်။

“တပည့် ဒီပွဲကို မေ့လိုက်ဖို့ ဆန္ဒရှိပါတယ်။ အတွင်းစည်းဂိုဏ်းမှာ ပိုပြီး အစွမ်းထက်တဲ့ ဓားနည်းစနစ်တွေကို သင်ယူပြီးတာနဲ့ ကျွန်တော် ရှောင်ချန်းကို အနိုင်ယူနိုင်မယ်လို့ ယုံကြည်ပါတယ်။”

“ကောင်းတယ်။”

ဓားပညာဌာန၏ မဟာအကြီးအကဲက ကျေနပ်စွာ ခေါင်းညိတ်ပြလိုက်သည်။ “ငါ မင်းကို တစ်ခု ပြောပြမယ်။ ရှောင်ချန်းရဲ့ ဓားနည်းစနစ်ဆိုတာ ဟို သောင်းပြောင်းပညာရပ်ဌာနက ဌာနမှူး စိတ်ကူးပေါက်ရာ လျှောက်ရေးထားတဲ့အရာ တစ်ခုပဲ။”

“ဒါက အပြင်စည်းဂိုဏ်းမှာတော့ အလုပ်ဖြစ်ကောင်း ဖြစ်နိုင်ပေမဲ့ အတွင်းစည်းဂိုဏ်းထဲ ရောက်သွားရင်တော့ ဘာမှ မဟုတ်တော့ဘူး။ မင်းတို့ နှစ်ယောက်စလုံး တူညီတဲ့ အစမှတ်ကို ပြန်ရောက်သွားကြလိမ့်မယ်။”

၎င်းကို ကြားလိုက်ရသည့်အခါ လင်းချင်းယွီ၏ စိတ်မကောင်းဖြစ်မှုများမှာ ချက်ချင်းပင် လွင့်ပြယ်သွားခဲ့သည်။

အခြားတစ်ဖက်တွင်မူ တပည့်များ၏ အော်ဟစ်အားပေးသံများကို ခံယူပြီးနောက် ရှောင်ချန်းသည် သူ၏ ခက်ခက်ခဲခဲ ရရှိထားသော အောင်ပွဲကို သူ၏ ဆရာသခင်နှင့် ဝေမျှရန် စင်မြင့်ပေါ်သို့ ချက်ချင်း ပြန်တက်လိုက်သည်။

သို့သော်လည်း သူ စင်ပေါ်သို့ တက်လိုက်သည့် အခိုက်တွင် ဌာနမှူး ရှစ်ဦးစလုံး၏ အကြည့်များမှာ သူ့ထံသို့ တစ်ပြိုင်နက်တည်း ကျရောက်လာခဲ့သည်။

“တပည့်က ဆရာသခင်နဲ့ ဂိုဏ်းတူဦးလေးတွေကို ဂါရဝပြုပါတယ်။”

“ယဉ်ကျေးနေစရာ မလိုပါဘူး။” ဓားဘုရင်ရှောင်ယောင်က ပြန်ပြောလိုက်သည်။

အကယ်၍ ယခင်ကဆိုလျှင် သောင်းပြောင်းပညာရပ်ဌာနမှ တပည့်တစ်ဦးက သူတို့ကို ဂိုဏ်းတူဦးလေးဟု ခေါ်ဆိုပါက ထိုနေရာမှာတင် ပါးရိုက်ခံရပေလိမ့်မည်။

သို့သော် ရှောင်ချန်းက ထိုသို့ ပြောဆိုသည့်အခါတွင်မူ သူတို့မှာ စိတ်မဆိုးသည့်အပြင် ၎င်းက သူနှင့်ပို၍ပင် ရင်းနှီးသွားသည်ဟု ခံစားလိုက်ရသည်။

“ကျေးဇူးတင်ပါတယ် ဂိုဏ်းတူဦးလေးတို့။”

ဂါရဝပြုပြီးနောက် ရှောင်ချန်းသည် ချူဖုန်းထံသို့ တည့်တည့်မတ်မတ် လျှောက်သွားလိုက်သည်။

“ဆရာသခင် ကျွန်တော် ပထမ ရပါပြီ။”

ချူဖုန်းက ရှောင်ချန်း၏ ပုခုံးကို ပုတ်ကာ ပြုံးပြလိုက်သည်။ “တော်တယ်။ ဒီနေ့တော့ ဝမ်တောက်မြို့ထဲကို သွားပြီး အဝ သောက်ကြတာပေါ့။”

ရှောင်ချန်း၏ မျက်နှာမှာ ဝင်းပသွားသည်။ “ဆရာ့‌ ပြောတဲ့အတိုင်းပါပဲ။”

ချူဖုန်းက မတ်တပ်ရပ်လိုက်ပြီး တခြားသူများဘက်သို့ လက်သီး‌ဆုပ်လိုက်သည်။ “စီနီယာတို့ ကျွန်တော်တို့ကို သွားခွင့်ပြုပါဦး။”

“အင်း။”

မည်သူမျှ ရှောင်ချန်းကို တားဆီးရန် မကြိုးစားကြပေ။ သူ့ကို စည်းရုံးရန်က နောက်မှ လုပ်လည်း ရသည်။

‘ဆရာတပည့်နှစ်ဦး သူတို့ရဲ့ပျော်ရွှင်စရာ အခိုက်အတန့်ကို အရင် ခံစားလိုက်ကြဦး။’

All Chapters