← Chapters

ရှောင်ချန်း၊ မင်းကတော့ ကိုယ့်ကိုယ်ကိုယ် အောက်ခြေထိ ဆွဲချလိုက်တာပဲ။

Vol. 3 Ch. 23

ရှောင်ချန်း၊ မင်းကတော့ ကိုယ့်ကိုယ်ကိုယ် အောက်ခြေထိ ဆွဲချလိုက်တာပဲ။

Vol. 3 Ch. 23

“ဒီကောင်က ဘာလို့ ဒီလောက်တောင် ကြောက်နေတာလဲ”

ချူဖုန်းသည် မူလက ထိုကောင်လေးကို သြဇာသီး‌ ကျွေးရန် ကြံစည်ထားသော်လည်း ပါးစပ်ဟလိုက်သည်နှင့် တပြိုင်နက် ချောင်ရို့ချန်က အသနားခံလာလေသည်။

“ငါ မင်းအကြောင်းကြားဖူးပါတယ်။ မင်းက ကိုငွေခင်တစ်ယောက်ဆိုပဲ။ ငါ အဲဒီလိုအကျင့်မျိုးရှိတဲ့တပည့်တစ်ယောက် လိုချင်နေတာ”

ချောင်ရို့ချန် “...”

‘ဆရာက ဘာလို့ ချီးကျူးနေတာပါလဲ။’

“နားလည်မှုလွဲတာပါ ဆရာ၊ အဲဒါတွေအကုန်လုံးက နားလည်မှုလွဲနေကြတာပါ။ ကျွန်တော်က တကယ်တော့ အတော်လေးကို သဘောကောင်းတဲ့သူတစ်ယောက်ပါဗျ။”

ထိုကောင်မှာ အတော်လေး ကြောက်တတ်နေသည်ကို မြင်ရသဖြင့် ရှောင်ချန်းသည် မသိစိတ်ဖြင့် ဘေးဖယ်ပေးလိုက်မိသည်။

ချောင်ရို့ချန်သည် ဝက်ဝံ သို့မဟုတ် ကျားသစ်တစ်ကောင်၏ သတ္တိမျိုး ပိုင်ဆိုင်ထားလျှင်ပင် ဆရာဖြစ်သူ၏ ရှေ့တွင် မဆင်မခြင် ပြုမူရဲမည် မဟုတ်ပေ။

ချူဖုန်းသည် လက်ဝေ့ယမ်းကာ ပြော၏။ “ကဲ... သွားနားကြတော့။ မနက်ဖြန်မှ ဆက်ပြောကြတာပေါ့။ အခုတော့ တော်ပြီ။”

ထို့နောက် သူသည် သူ၏ အခန်းဆီသို့ လျှောက်သွားတော့၏။

ထိုအခိုက် ရှောင်ချန်းက အော်လိုက်သည်။ “ဆရာ... ဆရာ့ရဲ့ စိတ်ဝိညာဉ်ကျောက်တုံးတွေ မယူရသေးဘူးလေ”

“အဲဒါတွေက မင်းရဲ့ စိတ်ဝိညာဉ်ကျောက်တုံးတွေ မဟုတ်ဘူးလား။”

ချူဖုန်းသည် ပြုံးလျက် နောက်သို့ လှည့်ကြည့်လိုက်သည်။

ရှောင်ချန်းက လေးစားစွာ ပြော၏။ “ဆရာသာ မရှိရင် ကျွန်တော် ဒီလောက်များတဲ့ စိတ်ဝိညာဉ်ကျောက်တုံးတွေကို မရနိုင်ပါဘူး။ ဒါကို ကျွန်တော့်ရဲ့ အရိုအ‌ သေပြုတာ အဖြစ် လက်ခံပေးပါ ဆရာ။”

ဟူးလားလား။

ချောင်ရို့ချန်သည် စိတ်ထဲမှ အသက်ပြင်းပြင်း ရှူသွင်းလိုက်မိ၏။ ‘အဲဒါတွေက ငါ့စိတ်ဝိညာဉ်‌ ကျောက်တုံးတွေလေ။’

‘အဲဒီအစား ငါ့ကိုပဲ ပြန်ပေးလိုက်ကြပါလား’

ချူဖုန်းသည် စဉ်းစားဟန်ပြုလိုက်ပြီး သိုလှောင်အိတ် တစ်အိတ်ကို ပေါ့ပေါ့ပါးပါးပင် ကောက်ယူလိုက်၏။

“ဒါက မင်းရဲ့ အရိုအသေပြုတာ ဆိုတော့လည်း ဆရာ နည်းနည်း ယူပေးလိုက်မယ်။ ကျန်တာကိုတော့ မင်းရဲ့ ကျင့်ကြံခြင်းအတွက်ပဲ သိမ်းထားလိုက်ပါ။”

“ကျေးဇူးတင်ပါတယ် ဆရာ။”

ရှောင်ချန်းသည် ဆရာဖြစ်သူ၏ မျက်ကန်းယုံကြည်သူတစ်ဦးဖြစ််‌နေလေပြီ။ သူ၏ မျက်လုံးထဲတွင်မူ ဆရာ လုပ်သမျှ အရာတိုင်း၌ နက်နဲသော အဓိပ္ပာယ်များ ရှိနေသည်ဟု မြင်နေမိသည်။

ချူဖုန်း ထွက်သွားပြီးနောက် ရှောင်ချန်းသည် ကျောက်စားပွဲပေါ်ရှိ သိုလှောင်အိတ်များနှင့် သိုလှောင်လက်စွပ်များကို သိမ်းဆည်းလိုက်သည်။

ချောင်ရို့ချန်သည် ဗလာကျင်းသွားသော ကျောက်စားပွဲကို ကြည့်ရင်း စိတ်ထဲတွင် သွေးအန်ချင်လာ၏။ သူသည် ရှောင်ချန်းကို နည်းနည်းလောက် ချန်ပေးရန် တောင်းဆိုချင်သော်လည်း မပြောရဲပေ။

ရှောင်ချန်း ပျောက်ကွယ်သွားပြီးမှသာ သူသည် အရေးကြီးသော ကိစ္စတစ်ခုကို သတိရလိုက်သည်။

ဆရာက သူ့ကို နေစရာနေရာ မသတ်မှတ်ပေးရသေးပေ။

သူသည် ဟာလာဟင်းလင်းဖြစ်နေသော ပတ်ဝန်းကျင်ကို ကြည့်ကာ အံကြိတ်လိုက်ပြီး ညအိပ်ရန်အတွက် အခန်းလွတ်တစ်ခုကို ကျပန်း ရွေးချယ်လိုက်သည်။

နောက်တစ်နေ့ မနက်။

ရှောင်ချန်းသည် သူ၏မနက်ခင်းကျင့်ကြံခြင်းကို အဆုံးသတ်ပြီးနောက် အပြင်စည်းဂိုဏ်းပြိုင်ပွဲ၏ ဆုလာဘ်များကို ထုတ်ယူရန်အတွက် ကုသိုလ်ခန်းမ သို့ သွားသည်။

ရှောင်ချန်း ရောက်သွားသည့်အခါ လင်းချင်းယွီနှင့် တခြားသူများလည်း ရောက်ရှိလာကြပါ၏။

အားလုံးသည် အချင်းချင်း နှုတ်ဆက်ကြသည်။

ကုသိုလ်ခန်းမမှ အကြီးအကဲ တစ်ဦးသည် အတွင်းမှ ထွက်လာခဲ့သည်။

“အားလုံးပဲ... ဌာနအသီးသီးက ဌာနမှူးတွေက မင်းတို့ကို အတွင်းမှာ စောင့်နေကြတယ်။ ဝင်သွားလိုက်ကြပါ။”

“ဟုတ်ကဲ့ပါ။”

ပြိုင်ပွဲ၏ ချန်ပီယံဖြစ်သည့်အတိုင်း ရှောင်ချန်းသည် သဘာဝကျစွာပင် အဖွဲ့ကို ဦးဆောင်သွားခဲ့သည်။

ကုသိုလ်ခန်းမထဲသို့ ဝင်လိုက်သည်နှင့် ဓားဘုရင်ရှောင်ယောင် အပါအဝင် ဌာန ရှစ်ခု၏ ဌာနမှူးများမှာ အတွင်း၌ ထိုင်နေကြသည်ကို မြင်လိုက်ရသည်။

“ဌာနမှူးများကို ဂါရဝပြုပါတယ်။”

“ယဉ်ကျေးနေစရာ မလိုပါဘူး။”

ဓားဘုရင်ရှောင်ယောင်သည် ပထမဆုံး စတင်ပြောဆိုလိုက်သည်။

“ကျေးဇူးတင်ပါတယ် ဌာနမှူး။”

သူသည် လက်ဝေ့ယမ်းကာ ဆိုသည်။ “ဆုလာဘ်တွေကို ထုတ်ပေးလိုက်တော့”

“ဟုတ်ကဲ့ပါ ဆရာ။”

မကြာမီမှာပင် ကုသိုလ်ခန်းမမှ အမှုထမ်းများသည် သေတ္တာအချို့ကို ယူဆောင်လာကြသည်။

တခြား ထိပ်သီး တစ်ဆယ်စာရင်းဝင် တပည့်များ၏ ဆုလာဘ်များနှင့် မတူဘဲ ထိပ်ဆုံးသုံးဦး၏ ရှေ့တွင်မူ သေတ္တာကြီး တစ်လုံးစီ ရှိနေသည်။ ၎င်းတို့ကို ဖွင့်လိုက်သည့်အခါ တစ်ခုချင်းစီတွင် တန်ဖိုးကြီး ရတနာလက်နက်များစွာ ပါဝင်နေသည်။

“မင်းတို့ သုံးယောက်က ဆုလာဘ်အဖြစ် တစ်ခုစီ ရွေးချယ်နိုင်တယ်။”

ရှောင်ချန်းသည် တုံ့ဆိုင်းမနေဘဲ ရတနာ ဓားတစ်လက်ကို ရွေးချယ်လိုက်သည်။

လင်းချင်းယွီနှင့် ကျင်းဂန်သည်လည်း ရတနာဓားတစ်လက်နှင့် လက်အိတ်တစ်စုံစီကို ရွေးချယ်လိုက်ကြသည်။

ဓားဘုရင်ရှောင်ယောင်က ဆက်ပြောသည်။”နောက်တစ်ဆင့်အနေနဲ့ မင်းတို့ ဘယ်အတွင်းစည်းဌာနကို ဝင်ချင်လဲဆိုတာ ရွေးချယ်နိုင်တယ်။”

၎င်းကို ကြားလိုက်ရသည့်အခါ တပည့်များသည် သိသိသာသာပင် ဝမ်းသာသွားကြပြီး သူတို့၏ ရွေးချယ်မှုများကို လျင်မြန်စွာ ပြုလုပ်လိုက်ကြသည်။

မည်သူမျှ အခြားဌာနကို ပြောင်းလဲရွေးချယ်ခြင်း မရှိသလောက်ပင်။

မကြာမီတွင် ရှောင်ချန်း တစ်ယောက်တည်းသာ ဆုံးဖြတ်ချက် မချရသေးဘဲ ကျန်ရစ်သည်။

သူသည် ဇဝေဇဝါ ဖြစ်နေသည့် အမူအရာဖြင့် ဌာနမှူးများကို ကြည့်ကာ လေးစားစွာ မေးလိုက်သည်။

“သောင်းပြောင်းပညာရပ်ဌာနအတွက် ရွေးချယ်စရာ ဘာလို့ မရှိတာလဲဗျ”

အခန်းတစ်ခုလုံး ချက်ချင်းပင် တိတ်ဆိတ်သွားခဲ့သည်။

ဌာနမှူး ရှစ်ဦး အပါအဝင် လူတိုင်းသည် သူ့ကို မယုံကြည်နိုင်စွာ စိုက်ကြည့်နေကြသည်။

‘ဒီကောင်က ဓားပညာကိုပဲ အာရုံစိုက်လွန်းလို့ ငတုံး ဖြစ်သွားတာလား။ အခုထိတောင် ဟို စုတ်ပြတ်နေတဲ့ သောင်းပြောင်းပညာရပ်ဌာနအကြောင်းကို စဉ်းစားနေသေးတယ်လား။’

ဓားဘုရင်ရှောင်ယောင်က စကားဆိုလာသည်။ “သောင်းပြောင်းပညာရပ်ဌာနမှာ အတွင်းစည်းဌာနဆိုတာ တစ်ခါမှ မရှိခဲ့ဘူး။ အဲဒါကြောင့် ရွေးချယ်စရာ မရှိဘူး။ မင်း အဓိက ဌာန ရှစ်ခုထဲကနေပဲ ရွေးချယ်လို့ရမယ်။”

“တကယ်လို့ မင်းသာ ဒီလူအိုကြီးရဲ့ ကောင်းကင်စိတ်ဝိညာဉ်ဌာနကို ဝင်မယ်ဆိုရင် ငါ မင်းကို အမည်ခံတပည့်အဖြစ် လက်ခံဖို့ ဆန္ဒရှိတယ်။ အဓိကတပည့်တစ်ယောက်ရဲ့ အခွင့်အရေးမျိုးလည်း ပေးမယ်။ မင်း ကောင်းကင်ဇာစ်မြစ်အဆင့်ကို ရောက်သွားရင်တော့ မင်းကို ငါ့ရဲ့ကိုယ်ပိုင်တပည့်အဖြစ် တရားဝင် လက်ခံပြီး ငါ့တစ်သက်တာ အသိပညာတွေ အကုန်လုံးကို လက်ဆင့်ကမ်းပေးမယ်။”

သူ စကားအဆုံးတွင် ကျန်သူများ၏ အမူအရာမှာ ပြောင်းလဲသွားသည်။

လင်းချင်းယွီနှင့် တခြားသူများသည် ရှောင်ချန်းကို မနာလိုမှုများ ယှက်သန်းကာ ကြည့်လိုက်ကြသည်။

‘ဒီကောင်က ဘာလို့ ကောင်းကင်စိတ်ဝိညာဉ်ဌာနမှူးရဲ့ မျက်စိကျတာကို ခံရတာလဲ။ တကယ်လို့ သူသာ ကောင်းကင်စိတ်ဝိညာဉ်ဌာနထဲ ဝင်သွားရင် ငါတို့ကြားက ကွာဟချက်က ပိုပြီး ကြီးသွားတော့မှာပေါ့။’

သို့သော်လည်း တခြားဌာနမှူးများမှာမူ မကျေမနပ် ဖြစ်သွားကြသည်။ သူတို့က ချက်ချင်းပင် သူတို့၏ မကျေနပ်ချက်များကို ထုတ်ဖော်ပြောဆိုကြတော့သည်။

“ဓားဘုရင်ရှောင်ယောင်... ခင်ဗျားကတော့ လုပ်ထုံးလုပ်နည်းအတိုင်း မလုပ်ဘဲ ညစ်ပတ်နေပြီနော်။”

“ရှောင်ချန်း... မင်းသာ ငါ့ရဲ့ လက်နက်သွန်းလုပ်ခြင်းဌာနကို ဝင်မယ်ဆိုရင် ငါတို့ မင်းအတွက် သီးသန့် စိတ်ဝိညာဉ်ဓားတစ်လက်ကို ဖန်တီးပေးမယ်။ မင်း ငါ့ဆီကို အဓိကတပည့်အဖြစ် တစ်ခါတည်း ဝင်လာလို့ရတယ်”

“…”

ဌာနမှူး ရှစ်ဦးစလုံးက ရှောင်ချန်းကို လုနေကြသည်ကို မြင်ရသည့်အခါ၌။

ကျန်ရှိသော အပြင်စည်း ထိပ်သီးစာရင်းဝင် တပည့် ကိုးဦးမှာမူ ဆွံအသွားသည်။

သူတို့အားလုံး၏ စိတ်ထဲတွင် တူညီသည့်အတွေးတစ်ခု ပေါ်လာသည်။

‘စီနီယာတို့... ကျွန်တော်တို့ကို ဒီကို ခေါ်လာတာက တကယ်ပဲ ဆုတွေ ပေးဖို့လား။ ဒါမှမဟုတ် ကျွန်တော်တို့ကို ရင်ကွဲအောင် လုပ်ဖို့လားဗျာ။’

ဌာနမှူးများ၏ အသံများ တိတ်သွားရန် အတန်ကြာ စောင့်လိုက်ရသည်။ သူတို့အားလုံးမှာ အဆင့်အတန်းရှိသည့် လူများဖြစ်ကြရာ ယခုကဲ့သို့ စုဝေးပွဲမျိုးတွင် လက်သီးထက် စကားလုံးများကိုသာ ဦးစားပေးကြသည်။

သူတို့သည် ရှောင်ချန်း မည်သည့်ရွေးချယ်မှု ပြုလုပ်မည်ကို ကြည့်ရန်အတွက် အကြည့်များကို သူ့ထံသို့ ပြောင်းလိုက်သည်။

ရှောင်ချန်းသည် အကြီးအကဲများကို ဦးညွှတ်လိုက်သည်။ “စီနီယာတို့ရဲ့ စေတနာအတွက် ကျေးဇူးတင်ပါတယ်ခင်ဗျ။ ဒါပေမဲ့ ကျွန်တော် ရှောင်ချန်းကတော့ တစ်သက်လုံး သောင်းပြောင်းပညာရပ်ဌာနမှာပဲ ဆက်နေပါ့မယ်။”

နောက်တစ်ကြိမ် တိတ်ဆိတ်သွားပြန်သည်။ ကုသိုလ်ခန်းမတစ်ခုလုံးမှာ ရုပ်ပုံကားချပ်တစ်ခုနှယ် ရပ်တန့်သွားခဲ့သည်။

လူတိုင်းသည် ရှောင်ချန်းကို မယုံကြည်နိုင်သော မျက်လုံးများဖြင့် စိုက်ကြည့်နေကြသည်။

ဓားဘုရင်ရှောင်ယောင်က ပထမဆုံး သတိပြန်ဝင်လာ၏။ “ငါတို့ကို အကြောင်းပြချက်တစ်ခုပေးစမ်း။”

ရှောင်ချန်းက လေးစားစွာဖြင့် ပြန်ဖြေသည်။ “စီနီယာကို တင်ပြရရင် ဒီတပည့်အတွက်တော့ ဆရာသခင်ဆိုတာ ဒုတိယ မိဘနဲ့ တူပါတယ်။ ဆရာသာ မရှိရင် ဒီနေ့ ရှောင်ချန်းဆိုတာ ရှိလာမှာ မဟုတ်ပါဘူး။ ကျွန်တော်က အပြင်စည်းဂိုဏ်းပြိုင်ပွဲမှာ နိုင်ရုံလေးနဲ့ သောင်းပြောင်းပညာရပ်ဌာနကနေ ထွက်သွားမယ်ဆိုရင် အဲဒါက ဆရာအပေါ် ဝတ္တရား မကျေပွန်ရာ ရောက်ပါလိမ့်မယ်”

ဝမ်တောက်ကျောင်းတော်သည် ကောင်းကင်၊ မြေကြီး၊ အရှင်သခင်နှင့် ဆရာသမားတို့အပေါ် ရိုသေလေးစားသည်။

သစ္စာရှိမှုနှင့် ဝတ္တရားကျေပွန်မှုတို့မှာ တပည့်တိုင်း၏ အခြေခံပင် ဖြစ်သည်။

ဌာနမှူးများသည် ဤရှင်းပြချက်အပေါ် မကျေနပ်သော်လည်း မည်သူမျှ ရှောင်ချန်းကို အတင်းအကြပ် ဖိအားမပေးပေ။

ဘာပဲဖြစ်ဖြစ်၊ မည်သူမျှ ဝတ္တရားမကျေပွန်သည့် တပည့်မျိုးကို လက်မခံချင်ကြပေ။ အကယ်၍ နောင်တစ်ချိန်တွင် သူက သစ္စာဖောက်သွားလျှင်ရော။

ဓားဘုရင်ရှောင်ယောင်က ခေါင်းအသာညိတ်လိုက်၏။ “ကောင်းပြီလေ။ ဒါပေမဲ့ ငါ တစ်ခု မေးပါရစေ။ ဒီဆုံးဖြတ်ချက်က မင်းကိုယ်တိုင် ဆုံးဖြတ်တာလား၊ ဒါမှမဟုတ် မင်းရဲ့ ဆရာက ခိုင်းလို့ လုပ်တာလား”

“စီနီယာကို တင်ပြရရင် ဒါက ကျွန်တော့်ရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်ပါ။ ဆရာနဲ့ ဘာမှ ကြိုပြီးဆွေးနွေးထားတာ မရှိပါဘူး”

ရှောင်ချန်းသည် စိတ်ရင်းမှန်ဖြင့် ဖြေကြားလိုက်သည်။

“မင်း ဆုံးဖြတ်ပြီးပြီဆိုတော့လည်း ငါ အတင်းမတိုက်တွန်းတော့ပါဘူး။ ဒါပေမဲ့ သောင်းပြောင်းပညာရပ်ဌာနမှာ ဆက်နေမယ်ဆိုရင် မင်းအနေနဲ့ အပြင်စည်းဂိုဏ်းရဲ့ အရင်းအမြစ်တွေကိုပဲ ရလိမ့်မယ်။ အဲဒါကိုတော့ သေချာနားလည်ထားဦး။”

ဓားဘုရင်ရှောင်ယောင်သည် ခေတ္တမျှ ရပ်လိုက်၏။ “ဒါပေါ့... မင်း ပြန်သွားပြီး ဆရာနဲ့ တိုင်ပင်လို့ ရပါသေးတယ်။ နောက်ထပ် တစ်လ အချိန်ပေးမယ်။ စဉ်းစားလိုက်ဦး။”

ရှောင်ချန်းက ယဉ်ကျေးစွာပင် ပြန်ဖြေသည်။ “စီနီယာရဲ့ စေတနာအတွက် ကျေးဇူးတင်ပါတယ်ခင်ဗျ။ ဒါပေမဲ့ ကျွန်တော်က ဆုံးဖြတ်ပြီးရင် ဘယ်တော့မှ နောက်ပြန်လှည့်လေ့ မရှိပါဘူး။”

ဌာနမှူးများသည် သူ၏ စကားများကြောင့် မကျေမနပ် ဖြစ်သွားသော်လည်း တပည့်တစ်ယောက်အပေါ် ဒေါသပုံချရန်တော့ ရည်ရွယ်ချက် မရှိပေ။

ဓားဘုရင်ရှောင်ယောင်က လက်ဝေ့ယမ်းလိုက်၏။ “ကောင်းပြီ၊ အခု မင်းတို့ အားလုံး ဆုတွေ ရသွားကြပြီဆိုတော့ ကိုယ့်ဌာနကို ပြန်ကြတော့”

“ဒါ‌ဆို ကျွန်တော်တို့ကို သွားခွင့်ပြုပါဦး “

အားလုံးသည် ဌာနမှူး ရှစ်ဦးကို ဦးညွှတ်ဂါရဝပြုကာ လှည့်ထွက်သွားကြသည်။

ရှောင်ချန်း ကုသိုလ်ခန်းမထဲမှ ထွက်လာသည်နှင့် လင်းချင်းယွီက သူ၏လမ်းကို ပိတ်ဆို့လိုက်သည်။

ရှောင်ချန်းသည် ဇဝေဇဝါ ဖြစ်နေသည့် အမူအရာဖြင့် မေးလိုက်သည်။ “ဘာကိစ္စလဲ”

လင်းချင်းယွီက မာနထောင်လွှားစွာဖြင့် ပြောဆိုလိုက်သည်။ “ရှောင်ချန်း... မင်းက ငရဲတွင်းထဲကို ကိုယ်တိုင် ဆင်းသွားမယ်လို့ ငါ မထင်ထားဘူး။ မင်းက ငါ့ရဲ့ ပြိုင်ဘက် ဖြစ်ဖို့ မတန်တော့ဘူး။ ဟက်ဟက်။”

ထိုသို့ပြောပြီးနောက် လင်းချင်းယွီသည် သူ၏ လက်ကို ဝှေ့ယမ်းကာ လှည့်ထွက်သွားတော့သည်။

ကျင်းဂန်နှင့် တခြားသူများသည်လည်း ရှောင်ချန်းကို တစ်ခုခု ပြောချင်သလိုမျိုး တစ်ချက်ကြည့်လိုက်သော်လည်း နောက်ဆုံးတွင်မူ လျင်မြန်စွာပင် ထွက်ခွာသွားကြသည်။

ရှောင်ချန်းသည် သောင်းပြောင်းပညာရပ်ဌာနမှာ ဆက်နေဖို့ ရွေးချယ်လိုက်သည့် အခိုက်ကတည်းက သူတို့သည် တူညီသည့် ကမ္ဘာတစ်ခုတွင် ဆက်လက် ရှင်သန်ကြမည့်သူများ မဟုတ်တော့ပေ။

လူအုပ်ထဲတွင် ပျော်ရွှင်နေသူတစ်ဦးမှာ ထန်ဖုန်း ဖြစ်သည်။

ယနေ့ သူ၏ စိတ်အခြေအနေမှာ ဟိုရောက်သည်ရောက် ဖြစ်ခဲ့သော်လည်း နောက်ဆုံးတွင်မူ အရာအားလုံး ကောင်းမွန်သွားသည်။

ထန်ဖုန်းသည် အတွင်းစည်းဂိုဏ်းသို့ ဝင်ခွင့် ရရှိသွားပြီဖြစ်သလို ရှောင်ချန်းကိုလည်း ယခုအခါ သူ၏ ခြေဖဝါးအောက်တွင် နင်းခြေထားနိုင်တော့မည်။

ရှောင်ချန်းသည် လင်းချင်းယွီ၏ စကားများကို ဂရုမစိုက်ဘဲ သောင်းပြောင်းပညာရပ်ဌာနဆီသို့ ပြန်သွားသည်။

All Chapters