← Chapters

အခန်း (၄၃၆-၄၃၈)

Vol. 22 Ch. 436-438

အခန်း (၄၃၆-၄၃၈)

Vol. 22 Ch. 436-438

အပိုင်း (၄၃၆) အခက်အခဲများကို ဖြေရှင်းခြင်း

စနစ် ၏ ဖော်ပြချက်ကို ကြည့်လိုက်သောအခါ ဤအရေခွံသည် ၃၀၀ ကီလိုဂရမ်သာ လေးသော်လည်း လော်ယွမ်၏ အာရုံခံစားမှုတွင်မူ ထိုပမာဏထက် များစွာ ပိုနေသည်။

စောစောက ဤအရေခွံကို ရွှေ့ပြောင်းစဉ်က အနည်းဆုံး (၁၀) တန်ခန့် လေးလံသည်ဟု ခံစားခဲ့ရသည်။ စနစ်သည် အခြေခံအမှားမျိုး ဘယ်တော့မှ မလုပ်တတ်ရာ ကျန်ရှိသော (၉.၇) တန်မှာ အာကာသ ကျောက်ဆူးချခြင်း အစွမ်းကြောင့် ဖြစ်ပေလိမ့်မည်။

ဤအစွမ်းသည် ဟင်းလင်းပြင်ထဲတွင် သပ်တစ်ချောင်း ရိုက်သွင်းထားသကဲ့သို့ မြဲမြံစွာ တွယ်ကပ်နေသည်။ အင်အားနည်းနည်းလေး လျော့သွားသည်နှင့် လုံးဝ ရွေ့လျားတော့မည် မဟုတ်ပေ။ အမှန်တိုင်း ပြောရလျှင် လော်ယွမ်သည် ဟင်းလင်းပြင်သဘောတရားကို အတော်အတန် နားလည်ထားသော်လည်း ဤစွမ်းရည်မျိုးကို ယခုမှ ပထမဆုံး မြင်ဖူးခြင်း ဖြစ်သည်။

လော်ယွမ်၏ မျက်နှာတွင် ဝမ်းသာရိပ် ဖြတ်သန်းသွားသည်။ အဘယ်ကြောင့်ဆိုသော် ဤစွမ်းရည်က အလွန် အသုံးဝင်သောကြောင့် ဖြစ်သည်။ ဤပစ္စည်းဖြင့် ပြုလုပ်ထားသော ကိရိယာ တန်ဆာပလာများကို ဝတ်ဆင်ထားပါက ကိုယ်အလေးချိန် တိုးလာသကဲ့သို့ ဖြစ်ပြီး တိုက်ပွဲအတွင်း လွင့်စင်ထွက်သွားခြင်းမှ များစွာ သက်သာစေနိုင်သည်။

ကမ္ဘာပျက်ကပ် မတိုင်မီက လူသားများသည် အလတ်စား သက်ရှိများဟု သတ်မှတ်၍ ရနိုင်ပြီး ကုန်းမြေပေါ်တွင် လူထက်ကြီးသော သတ္တဝါ နည်းပါးသည်။ သို့သော် ကမ္ဘာပျက်ကပ် ရောက်ပြီးနောက်တွင် လူသားများသည် သေးငယ်သော သက်ရှိများ ဖြစ်သွားသည်။ အဆင့်မြင့် သန္ဓေပြောင်းသတ္တဝါများဆိုလျှင် ခန္ဓာကိုယ် အရွယ်အစားအားဖြင့် လူသားများကို လုံးဝ ဖိနှိပ်ထားနိုင်သည်။

စောစောက အာကာသ သားရဲကြီးနှင့် တွေ့ခဲ့သလိုပင်။ လော်ယွမ် အနားမကပ်နိုင်သေးခင်မှာပင် ၎င်း၏ ခန္ဓာကိုယ် အကာအကွယ် စွမ်းအင်ကွင်းကြောင့် ယင်ကောင်တစ်ကောင်လို လွင့်စင်သွားခဲ့ရသည်။ လူသားများ၏ ကိုယ်အလေးချိန်က ပေါ့ပါးလွန်းအားကြီးရာ အင်အား ဘယ်လောက်ကြီးကြီး အရာမဝင်ပေ။

ထို့အတူ တိုက်ခိုက်နေစဉ်တွင် ဤ အာကာသ ကျောက်ဆူးချခြင်း စွမ်းရည်ရှိနေပါက သူ၏ အင်အားများကို စိတ်ရှိလက်ရှိ ထုတ်သုံးနိုင်မည် ဖြစ်ပြီး အားမလိုအားမရ ဖြစ်စရာ လိုတော့မည် မဟုတ်ပေ။

ယခုအခါ လော်ယွမ်၏ အင်အားမှာ လုံးဝ မသေးငယ်တော့ပေ။ ပုံမှန် ကိုယ်အလေးချိန်ဖြင့် ဤမျှ ကြောက်မက်ဖွယ် ကောင်းသော အင်အားကို ထုတ်လွှတ်နိုင်ခြင်းသည် လူသား ဇီဝဗေဒဆိုင်ရာ အသိပညာများကို ချိုးဖျက်နေပြီ ဖြစ်သည်။ သို့သော် တိုက်ပွဲတွင် ကိုယ့်မှာ အင်အားရှိသလောက် အကုန်ထုတ်သုံး၍ ရသည် မဟုတ်ပေ။ နယူတန်၏ တတိယနိယာမအရ သက်ရောက်မှုတိုင်းတွင် တန်ပြန်သက်ရောက်မှု ရှိသည်။ အင်အားဘယ်လောက်သုံးသုံး ခန္ဓာကိုယ်က တန်ပြန်သက်ရောက်မှုကို ခံစားရမည်။ မြေကြီးပေါ် ရပ်နေလျှင် ထိုတန်ပြန်အင်အားက မြေကြီးထဲ စီးဝင်သွားမည်။

အင်အား နည်းနေစဉ်က သက်ရောက်မှု မကြီးမားသဖြင့် မြေကြီးက ခံနိုင်ရည် ရှိသည်။ သို့သော် ယခု လော်ယွမ် အားကုန်သုံး၍ တိုက်ခိုက်လိုက်ပါက ထွက်ပေါ်လာသော စွမ်းအင်သည် ယမ်း ဝ.၂ တန်နှင့် ညီမျှသည်။ ကြည့်လိုက်လျှင် မများဟု ထင်ရသော်လည်း သာမန် ခရုဇ်ဒုံးကျည် တစ်စင်း၏ ထိပ်ဖူးသည် ယမ်း ဝ.၁ တန်ခန့်သာ ရှိသည်ကို သိထားရမည်။ သို့ဖြစ်ရာ လော်ယွမ် တိုက်ခိုက်စဉ် ခံစားရမည့် တန်ပြန်အင်အားက မည်မျှ ကြောက်မက်ဖွယ် ကောင်းကြောင်း မှန်းဆနိုင်သည်။

သာမန် မြေပြင် မဆိုထားနှင့်၊ သံမဏိပြား ခင်းထားသော မြေပြင်ပင်လျှင် ဤကဲ့သို့သော ရိုက်ခတ်မှုကို ခံနိုင်ရည် ရှိမည် မဟုတ်ပေ။

တကယ်တမ်းတွင် မြေပြင်ပေါ် ရပ်နေခြင်းက တော်သေးသည်။ လော်ယွမ်သည် ခန္ဓာကိုယ်ကို တိကျစွာ ထိန်းချုပ်နိုင်မှုဖြင့် အင်အားကို တဆင့်ချင်း လျှော့ချကာ မြေကြီးထဲသို့ ပို့လွှတ်နိုင်သည်။ မြေကြီးတွင် တွင်းကြီး ဖြစ်သွားမည် ဆိုသော်လည်း အင်အားကို လျှော့ချနိုင်သေးသည်။

အကယ်၍ ဝေဟင်တွင် ရောက်နေပါက ကပ်ဘေးတစ်ခု ဖြစ်သွားလိမ့်မည်။ လက်သီး တစ်ချက် ထိုးလိုက်သည်နှင့် ခန္ဓာကိုယ်သည် ကြယ်ကြွေသကဲ့သို့ အဝေးသို့ လွင့်စင်သွားမည် ဖြစ်ရာ အင်အားကို ထုတ်သုံးနိုင်မည် မဟုတ်ပေ။

သို့သော် ဤပစ္စည်းတွင် အားနည်းချက် မရှိသည်တော့ မဟုတ်ပေ။ ဥပမာ - ၎င်း၏ အာကာသ ကျောက်ဆူးချခြင်း အစွမ်းက ကြီးမားလွန်းခြင်း ဖြစ်သည်။ ဤပစ္စည်းဖြင့် ပြုလုပ်ထားသော ဝတ်စုံကို ဝတ်ဆင်လိုက်ပါက သူ၏ စိတ်စွမ်းအားဖြင့် ပျံသန်းခြင်း စွမ်းရည်မှာ အရာဝင်တော့မည် မဟုတ်ပေ။

စိတ်စွမ်းအားဖြင့် ပျံသန်းခြင်းသည် အလွန် မြန်ဆန်ပုံ ရသော်လည်း တွန်းကန်အား မကြီးမားပေ။ သူ၏ လက်ရှိ စိတ်စွမ်းအား ၁၉ မှတ်ဖြင့် တွန်းကန်အား ၃၀၀ ကီလိုဂရမ်ခန့်သာ ရှိသည်။ ဤမျှ မြန်ဆန်နေရခြင်းမှာ သရဲမြင်း ၏ လည်ဆံမွေးများက လေထုခုခံမှုကို လျှော့ချပေးသောကြောင့် ဖြစ်သည်။

သို့သော် ဤအချက်ကို စိတ်စွမ်းအားဖြင့် "သန့်စင်ခြင်း" ပြုလုပ်၍ ဖြေရှင်းနိုင်သည်။ သူ၏ ကျန်းမာတောက်ဓားကြီးကဲ့သို့ပင် ဟင်းလင်းပြင် ဖြတ်တောက်မှု စွမ်းရည်ကို ဖွင့်လိုက်ပိတ်လိုက် လုပ်နိုင်သကဲ့သို့ ဖြစ်သည်။ အချိန်အတိုင်းအတာ တစ်ခုတော့ ပေးရမည်။

...

သူသည် အရေခွံပေါ်ရှိ စိတ်စွမ်းအားအမှတ်အသား များကို ကြမ်းတမ်းစွာ ဖယ်ရှားလိုက်ပြီး ထိုနေရာတွင် ဆက်မနေတော့ဘဲ အရေခွံကို ဆွဲကာ ကွေးညွတ်ပျံသန်းခြင်း စနစ်ဖြင့် ကမ္ဘာမြေသို့ ပြန်လာခဲ့သည်။

ကံကောင်းစွာဖြင့် အရေခွံ၏ အာကာသ ကျောက်ဆူးချခြင်း စွမ်းရည်က ကွေးညွတ်ပျံသန်းခြင်းအပေါ် သက်ရောက်မှု မရှိပေ။ ကွေးညွတ်ပျံသန်းခြင်း ဆိုသည်မှာ ဟင်းလင်းပြင် စက်ဝန်း တစ်ခုလုံး ရွေ့လျားခြင်း ဖြစ်ပြီး အရေခွံ၏ တည်ငြိမ်မှုမှာ အတွင်းပိုင်းတွင် ဖြစ်သဖြင့် တစ်ခုနှင့်တစ်ခု မသက်ဆိုင်ပေ။

တစ်နာရီကျော်ခန့် ကြာသောအခါ လော်ယွမ်သည် လကမ္ဘာမှ မျှော်လင့်ချက်မြို့တော်သို့ ပြန်ရောက်လာသည်။

ယခုအခါ မျှော်လင့်ချက်မြို့တော်သည် အလုပ်များ ရှုပ်နေသည်။ အလုပ်သမား အများအပြား နေ့မနား ညမနား လုပ်ကိုင်နေကြပြီး နေရာတိုင်းတွင် ဆောက်လုပ်ရေး လုပ်ငန်းခွင်များကို တွေ့ရသည်။ ကုန်တင်ကားကြီးများသည် လမ်းမများပေါ်တွင် အဆုံးမရှိသော နဂါးကြီးပမာ သွားလာနေကြသည်။ ရက်အနည်းငယ်အတွင်း တောင်လိုပုံနေသော အပျက်အစီးများကို ရှင်းလင်းပြီးဖြစ်ကာ စက်ရုံများ စတင် တည်ဆောက်နေကြပြီ ဖြစ်သည်။

အချို့စက်ရုံများဆိုလျှင် တစ်ဖက်က ဆောက်လုပ်နေရင်း တစ်ဖက်က လည်ပတ်နေကြပြီ ဖြစ်သည်။

လော်ယွမ် ဖြတ်သွားတိုင်း ရင်ထဲက လှိုက်လှိုက်လှဲလှဲ တုန်လှုပ်မိသည်။ ဤသည်မှာ ကမ္ဘာပျက်ကပ် ကာလတွင် ရက်စက်ကြမ်းကြုတ်သော လောကကြီး၌ ရှင်သန်နိုင်ရန် လူသားများ၏ ရုန်းကန်မှု ဖြစ်သည်။

အိမ်ထဲ မဝင်ရသေးမီ အတွင်းမှ သူစိမ်းများ၏ စကားသံကို လော်ယွမ် ကြားလိုက်ရသည်။

သူ အနည်းငယ် သံသယဖြင့် တံခါးဖွင့်ကာ ဧည့်ခန်းထဲ ဝင်လိုက်ရာ အားလုံး မတ်တတ်ရပ်လိုက်ကြသည်။ ဟွမ်ကျားဟွေနှင့် အခြားသူများက လော်ယွမ် ထမ်းလာသော မည်းတူးတူး အရာဝတ္ထုကြီးကို မြင်ပြီး အံ့ဩသွားကြသည်။

အခြား (၂) ဦးမှာမူ ကြောက်ရွံ့ ရိုသေသော အမူအရာများ ဖြစ်ပေါ်နေသည်။

ထို အမျိုးသားနှင့် အမျိုးသမီး နှစ်ဦး၏ ပုံစံသွင်ပြင်ကို ကြည့်ရုံဖြင့် အစိုးရ ဝန်ထမ်းများ ဖြစ်ကြောင်း သိသာနေသည်။ လော်ယွမ် စဉ်းစားလိုက်ပြီး အရေခွံကြီးကို ထောင့်တစ်နေရာတွင် ချထားလိုက်သည်။ ထိုအရေခွံ အခန်းထဲ ရောက်လာသည်နှင့် ဖိအားတစ်မျိုး လျင်မြန်စွာ ပျံ့နှံ့သွားသည်။

အရေခွံပေါ်ရှိ စိတ်စွမ်းအား အမှတ်အသားများ ပျောက်ကွယ်သွားပြီ ဖြစ်သော်လည်း အရှိန်အဝါက မည်သို့ လုံးဝ ပျောက်ကွယ်နိုင်မည်နည်း။ ကြောက်မက်ဖွယ် ကောင်းသော အာကာသ သက်ရှိ၏ အရှိန်အဝါသည် အနည်းငယ်မျှသာ ရှိသော်လည်း လူတိုင်း၏ ရင်ထဲတွင် ကျောက်တုံးကြီး ဖိထားသကဲ့သို့ ဖြစ်စေပြီး အသက်ရှူကျပ်စေသည်။

ကံကောင်းစွာဖြင့် လော်ယွမ်၏ အသံက အိပ်မက်ဆိုးကဲ့သို့သော စိတ်ပိုင်းဆိုင်ရာ ဖိအားကို ဖြိုခွင်းလိုက်သည်။ "ခင်ဗျားတို့က..."

ထိုအခါမှ သူတို့ အိပ်မက်မှ နိုးလာသကဲ့သို့ သတိပြန်ဝင်လာကြသည်။ လေထဲတွင် ဝဲနေသော လျှို့ဝှက်ဆန်းကြယ်သည့် ပစ္စည်းကို သတိထားပြီး တစ်ချက်ကြည့်လိုက်ကာ ရင်ထဲမှ တုန်လှုပ်မှုကို မြိုသိပ်လိုက်ကြသည်။

"မင်္ဂလာပါ ဝန်ကြီးယွမ်... ကျွန်မ မိတ်ဆက်ပေးပါရစေ်... ဒီတစ်ယောက်က မျှော်လင့်ချက်မြို့တော်ရဲ့ ဒုတိယမြို့တော်ဝန် ရဲဘော် ပိကျန့်ဖိန်... ကျွန်မက မြို့တော်ခန်းမ ရုံးအဖွဲ့မှူး နီရွှယ်ပါ" အသက် ၃၀၊ ၄၀ အရွယ် အမျိုးသမီးက မိတ်ဆက်ပေးသည်။ သူမ၏ မျက်နှာထားမှာ တည်ကြည်နေပြီး လော်ယွမ်က လူစားသော သတ္တဝါကြီး ဖြစ်နေသည့်အလား ကြောက်ရွံ့နေသည်။

"လော်ယွမ်... သူတို့ နှစ်ယောက် ရှင့်ကို စောင့်နေတာ ကြာပြီ... ရှင်တို့ စကားပြောလိုက်ကြဦး... ကျွန်မ မီးဖိုချောင်ဘက် သွားကြည့်လိုက်မယ်" ဟွမ်ကျားဟွေက ပြုံးပြီး ထရပ်လိုက်သည်။ ထို့နောက် ဆက်ထိုင်ချင်နေသော ဝမ်ရှီရှီကို မသိမသာ ဆွဲကာ ကျိုးယလီနှင့်အတူ ဧည့်ခန်းမှ ထွက်သွားကြသည်။

ဗီဇပြောင်းလူသားမလေးသာ လော်ယွမ်ဘေးတွင် ဆောင့်ကြောင့်ထိုင်လျက် ကျန်ရစ်ခဲ့သည်။ သူမသည် ဘာမှနားမလည်ဘဲ ဟိုကြည့်ဒီကြည့် လုပ်နေသော်လည်း ဘယ်သူမှ ဂရုမစိုက်ကြပေ။

လော်ယွမ်က ဟွမ်ကျားဟွေကို ခေါင်းညိတ်ပြလိုက်ပြီး ဧည့်သည်နှစ်ဦးကို ကြည့်ကာ တစ်ယောက်ချင်းစီ လက်ဆွဲနှုတ်ဆက်လိုက်သည်။ ထို့နောက် ပြုံး၍ မေးလိုက်သည်။ "မင်္ဂလာပါဗျာ... အလုပ်တွေ များနေတဲ့ကြားက ကျွန်တော့်ဆီလာတာ ဘာကိစ္စများ ရှိလို့လဲ"

မျှော်လင့်ချက်မြို့တော်တွင် လက်ရှိ အလုပ်များ ရှုပ်နေသည်ကို သူ သိသည်။ ဝမ်ရှာကွမ်း ပြောပြချက်အရ မြို့တော်အစိုးရအဖွဲ့သည် နေ့မနား ညမနား အလုပ်လုပ်နေရပြီး အနားယူလျှင်လည်း ခဏတာ မှေးရုံသာ ရှိသည်ဟု သိရသည်။

"ဝန်ကြီးယွမ်က အားနာလိုက်တာ... ကျွန်တော်တို့ အခုလို လာရတာက မျှော်လင့်ချက်မြို့တော် ကိုယ်စား ဝန်ကြီးယွမ်ကို အထူး လာရောက် ကျေးဇူးတင်တာပါ" ဒုတိယမြို့တော်ဝန် ပိက လော်ယွမ်ကို အကဲခတ်ရင်း တောင့်တင်းနေသော အပြုံးဖြင့် ပြောသည်။ ခွဲခြမ်းစိတ်ဖြာချက် အစီရင်ခံစာများအရ ဤပုဂ္ဂိုလ်မှာ စကားပြောရ အဆင်ပြေသူ ဖြစ်ကြောင်း သူသိသည်။ ရုံးအဖွဲ့မှူးလောက် ကြောက်လန့်မနေသော်လည်း ရင်ထဲတွင် ထိတ်လန့်နေဆဲ ဖြစ်ရာ အတတ်နိုင်ဆုံး တည်ငြိမ်အောင် ထိန်းထားရသည်။

"အားလုံးက ပြန်လည်တည်ဆောက်ရေးဇုန်အတွက်ပဲလေ... ကျေးဇူးတင်စရာ မလိုပါဘူး... ဘယ်သူပဲဖြစ်ဖြစ် ဒီလိုကိစ္စမျိုး ကြုံရင် လက်ပိုက်ကြည့်နေမယ် မထင်ဘူး" လော်ယွမ်က ပြုံး၍ ပြောသည်။

မြို့တော် ခေါင်းဆောင်နှစ်ဦး၏ တည်ကြည်နေသော မျက်နှာထားများကို ကြည့်ပြီး လော်ယွမ် မျက်မှောင်ကြုတ်လိုက်မိသည်။ တစ်ချက်ခုတ် နှစ်ချက်ပြတ် ဆိုသလို အထက်လူကြီးများက သူ့အပေါ် မည်မျှ စိုးရိမ်ပူပန်နေကြကြောင်း သူ ခန့်မှန်းမိလိုက်သည်။

"အဲဒါက ဝန်ကြီးယွမ်ရဲ့ စိတ်သဘောထား မြင့်မြတ်လို့ပါ... မျှော်လင့်ချက်မြို့တော် အနေနဲ့ကတော့ မသိချင်ယောင်ဆောင်နေလို့ မရပါဘူး... ဒီမလာခင် မြို့တော်ဝန်က ကျွန်တော့်ကို သေချာ မှာလိုက်တယ်... မျှော်လင့်ချက်မြို့တော်အတွက် ဝန်ကြီးယွမ်ရဲ့ ကြီးမားတဲ့ ပေးဆပ်မှုတွေကို အလေးအနက် ကျေးဇူးတင်ကြောင်း ပြောဖို့နဲ့ နေထိုင်မှုဘဝမှာ အခက်အခဲ တစ်စုံတစ်ရာ ရှိရင် အချိန်မရွေးပြော... မြို့တော်ဝန်က အစွမ်းကုန် ဖြေရှင်းပေးပါ့မယ်တဲ့... ဒီရက်ပိုင်း ပြန်လည်တည်ဆောက်ရေး လုပ်ငန်းတွေ ရှုပ်နေလို့သာ မြို့တော်ဝန် ကိုယ်တိုင် မလာနိုင်တာပါ" ဒုတိယမြို့တော်ဝန် ပိက ဆက်ပြောသည်။

"မျှော်လင့်ချက်မြို့တော်ရဲ့ စေတနာကို လက်ခံပါတယ်... ဒါပေမယ့် တကယ် မလိုပါဘူး... ကျွန်တော့်ပုံစံက အခက်အခဲ ရှိတဲ့ပုံ ပေါက်နေလို့လား" လော်ယွမ်က တစ်ဖက်လူ၏ ရည်ရွယ်ချက်ကို ချက်ချင်း သဘောပေါက်သွားပြီး ငြင်းဆန်လိုက်သည်။

'ကြည့်ရတာတော့ မရှိပါဘူး' ဟု ဒုတိယမြို့တော်ဝန် ပိက စိတ်ထဲက တွေးလိုက်သည်။ အခက်အခဲ မရှိရုံမက ယခုခေတ် စံနှုန်းနှင့်ဆိုလျှင် ဇိမ်ခံနေသည်ဟုပင် ပြောနိုင်သည်။ အိမ်တွင်း အပြင်အဆင်များ၊ ပြည့်စုံသော လျှပ်စစ်ပစ္စည်းများကို ကြည့်ပါဦး။ ဧည့်ခန်းတစ်ခုတည်းကပင် သူ့အိမ်ထက် ကျယ်ဝန်းနေသေးသည်။ 'ဓားတရား' ဌာန၏ အထူးအခွင့်အရေးများကို သူ ကြားဖူးသော်လည်း မျက်မြင်တွေ့လိုက်ရသောအခါ အံ့အားသင့်သွားရသည်။

သို့သော် သူ့တာဝန်ကို မဖြစ်မနေ ထမ်းဆောင်ရမည်။ ဒီကိစ္စက ကြီးမားလွန်းပြီး မိုးကောင်းကင်ကို ထိုးဖောက်သွားသလို ဖြစ်နေသည်။ မျှော်လင့်ချက်မြို့တော်သာမက မြို့တော်သစ် မှာပါ ခေါင်းခဲနေရသည်။ သူ သဲ့သဲ့ ကြားသိရသလောက်ဆိုလျှင် စစ်ဦးစီးချုပ်ရုံးက ဤပုဂ္ဂိုလ်အတွက် သီးသန့် ထောက်လှမ်းရေးဌာနခွဲတစ်ခု ဖွင့်လှစ်ထားသည်ဟု သိရသည်။

ဤတာဝန်သည် မျှော်လင့်ချက်မြို့တော်၏ ဆုံးဖြတ်ချက် မဟုတ်ဘဲ ပိုမိုမြင့်မားသော အထက်ပိုင်း၏ စိတ်စွမ်းအား ဖြစ်သည်။

သူ၏ နိုင်ငံရေး အသိစိတ်အရ သူ ရိပ်မိသည်။ ဤပုဂ္ဂိုလ်၏ အဆင့်အတန်းက မြှင့်ပေးစရာ နေရာ မရှိတော့ပေ။ ထပ်မြှင့်ပေးလျှင် နိုင်ငံတော် ခေါင်းဆောင်အဆင့် ဖြစ်သွားလိမ့်မည်။ ၎င်းသည် အလွန် ကိုင်တွယ်ရခက်သော ကိစ္စဖြစ်သည်။ သို့သော် အထက်လူကြီးများကလည်း မသိချင်ယောင်ဆောင်နေ၍ မရပြန်။ တော်ကြာ ဤပုဂ္ဂိုလ် စိတ်ခုသွားပြီး အငြိုးအတေး ထားမိလျှင် ပြန်လည်တည်ဆောက်ရေးဇုန် တစ်ခုလုံး အပြောင်းအလဲကြီး ဖြစ်သွားနိုင်သည်။

ဘယ်သူမှ ဤအန္တရာယ်ကို စွန့်စားရဲမည် မဟုတ်ပေ။ ဝါးလုံးရှည်နှင့် ဝံပုလွေကို လှမ်းရိုက်သလို နှစ်ဖက်စလုံး ကြောက်နေရသည့် အခြေအနေ ဖြစ်သည်။

ရာထူးတိုးပေးလို့ မရမှတော့ ရုပ်ဝတ္ထုပစ္စည်း ဆုချီးမြှင့်ရုံသာ ရှိတော့သည်။ အထက်လူကြီးများက ကိုယ်တိုင် ထွက်မလာနိုင်သဖြင့် မျှော်လင့်ချက်မြို့တော်က ကိုယ်စား ဆောင်ရွက်ရပြီး သက်ရောက်မှုကို လျှော့ချရသည်။ ဒါက နိုင်ငံရေး တာဝန်တစ်ရပ် ဖြစ်သည်ဟု ဆိုနိုင်သည်။ ကြက်ဥထဲ အရိုးရှာသလိုမျိုး သူ့မှာ ဘာအခက်အခဲ ရှိလဲဆိုတာ မရှိလည်း ရှိအောင် ရှာရမည်။

"ကြည့်ရတာ ဝန်ကြီးယွမ်ရဲ့ အိမ်မှာ လူများပြီး အိမ်က နည်းနည်း ကျဉ်းနေသလိုပဲ... အိမ်အကူ ဝန်ထမ်းတွေလည်း မရှိဘူး... ဒါ မျှော်လင့်ချက်မြို့တော်ရဲ့ တာဝန်ပျက်ကွက်မှုပါပဲ" ဒုတိယမြို့တော်ဝန် ပိက နှာခေါင်းပွတ်ရင်း စိတ်ပါလက်ပါ ပြောလိုက်သည်။

...

လော်ယွမ်သည် အမျိုးမျိုး ငြင်းဆန်သော်လည်း တစ်ဖက်လူ၏ သဘောထား တင်းမာခိုင်မာလွန်းသဖြင့် နောက်ဆုံးတွင် လက်ခံလိုက်ရသည်။

မူလက နေ့လယ်ပိုင်းတွင် တောထဲသွားပြီး ဉာဏ်ပညာသစ်ပင် အဆင့်တက် မတက် သွားကြည့်ရန် စိတ်ကူးထားသော်လည်း ဤကိစ္စကြောင့် ကြန့်ကြာသွားခဲ့သည်။

မျှော်လင့်ချက်မြို့တော်က ပေးအပ်သော လက်ဆောင်မှာ စတုရန်းမီတာ (၁၀၀၀) ကျော် ကျယ်ဝန်းသည့် ခြံဝင်းနှင့် လုံးချင်းအိမ်ကြီး ဖြစ်သည်။ ကြည့်လိုက်သည်နှင့် မကြာသေးမီကမှ ဆောက်လုပ်ပြီးစီးကြောင်း၊ သို့မဟုတ် ဤရက်ပိုင်းအတွင်း အလျင်အမြန် ဆောက်လုပ်ထားကြောင်း သိသာနေသည်။ အချို့နေရာများတွင် အလောတကြီး လုပ်ထားသော လက်ရာများကို တွေ့နေရသည်။

ကမ္ဘာပျက်ကပ် နောက်ပိုင်းတွင် အများအားဖြင့် သစ်သားအိမ်များကိုသာ ဆောက်လုပ်ကြသည်။ ဗီဇပြောင်း သစ်များသည် သိပ်သည်းမာကျောပြီး ဘိလပ်မြေ တိုက်များနှင့် မခြားပေ။ ဆောက်လုပ်ရ မြန်ဆန်ပြီး ဆေးသုတ်ရန်လည်း သိပ်မလိုပေ။ အသုံးပြုရတာ အဆင်ပြေသည်။

အိမ်တွင်း အပြင်အဆင်များသည် ကမ္ဘာပျက်ကပ် မတိုင်မီ စံချိန်စံညွှန်းနှင့် တိုင်းတာလျှင်ပင် အလွန် ဇိမ်ကျသည်ဟု ဆိုနိုင်သည်။ ကျောက်ဖြူ ရေချိုးကန်၊ အဆင့် (၆) သစ်သား ကြမ်းခင်းများ၊ ရှုခင်းပုံ ထွင်းထုထားသော နံရံများနှင့် ခန်းမအလယ် တည့်တည့်တွင် ကျောက်ဆောင်တု ရေပန်းတစ်ခု ရှိသည်။

အိမ်အပြင် သီးသန့် ယာဉ်မောင်း၊ ဆေးဘက်ဆိုင်ရာ အဖွဲ့နှင့် ထောက်ပံ့ရေး အဖွဲ့များလည်း ပါဝင်သည်။ စုစုပေါင်း (၁၈) ဦး ရှိပြီး အဆင့်မြင့် ခေါင်းဆောင်များ၏ အခွင့်အရေးမျိုး ပေးအပ်ထားခြင်း ဖြစ်သည်။

သို့သော် လော်ယွမ်သည် သတိမေ့မြောနေသော ချန်ကျားယီကို ပြုစုရန် လိုအပ်သဖြင့် ဆရာဝန်တစ်ဦးကိုသာ ချန်ထားခဲ့ပြီး ကျန်လူများကို မျက်နှာထားတင်းတင်းဖြင့် ငြင်းပယ်လိုက်သည်။

အဘယ်ကြောင့်ဆိုသော် ထိုဝန်ထမ်း အားလုံးနီးပါးသည် အမျိုးသမီးများ ဖြစ်နေသောကြောင့် ဖြစ်သည်။ တစ်ယောက်ချင်းစီတိုင်းသည် လှပကျော့ရှင်းနေရုံသာမက ထက်ဝက်ကျော်ခန့်မှာ ရင့်ကျက်သော အိမ်ထောင်ရှင်မ ပုံစံများ ဖြစ်နေသည်။ လော်ယွမ် နားမလည်နိုင် ဖြစ်ရသည်။ အထက်လူကြီးများ၏ မျက်လုံးထဲတွင် သူ့ကို နှာဘူးဟု မြင်နေကြသလား မသိပေ။

ဆက်ရန်...

အပိုင်း (၄၃၇) လေးဘက်မြင်ပြောင်းလဲခြင်း၏ ဆိုးကျိုးများ

အိမ်သစ်ပြောင်းရသဖြင့် အပျော်ရဆုံးသူများမှာ အိမ်ရှိ မိန်းမသားများပင် ဖြစ်သည်။ ဧည့်သည်များ ပြန်သွားသည်နှင့် တပြိုင်နက် သူမတို့သည် အဖွဲ့လိုက်ဖွဲ့ကာ စံအိမ်ကြီး၏ အခန်းတိုင်းကို စိတ်ဝင်တစား လိုက်လံ ကြည့်ရှုကြတော့သည်။

လော်ယွမ်ကတော့ သိပ်စိတ်မပါလှပေ။ ကျန်ရစ်ခဲ့သော တစ်ဦးတည်းသော ဆရာဝန်ကို ထိုင်ရန် ဖိတ်ခေါ်လိုက်သည်။ "အဆင်ပြေသလိုသာ ထိုင်ပါ... နာမည် ဘယ်လိုခေါ်လဲ"

သူမသည် အသက် ၂၀ ဝန်းကျင်ခန့်သာ ရှိပုံရပြီး အလွန်နုပျိုသည်။ ကမ္ဘာမပျက်ခင် စံနှုန်းနှင့် ကြည့်မည်ဆိုလျှင် တက္ကသိုလ် ဘွဲ့ရကာစ အရွယ်ခန့်သာ ရှိသေးသည်။ သို့သော် ယခုကဲ့သို့သော ခေတ်ပျက်ကြီးထဲတွင် သူမ၏ အသက်အမှန်မှာ ရုပ်ရည်ထက် ၄၊ ၅ နှစ်ခန့် ပိုကြီးနိုင်သည်။

သူမတွင် ဖြူဝင်းသော ဖရဲစေ့ပုံသဏ္ဌာန် မျက်နှာလေး ရှိပြီး အရေပြားမှာ ချောမွတ်ကာ အပြစ်အနာအဆာ ကင်းစင်သည်။ မျက်နှာကျမှာ တည်ငြိမ်ပြီး အချိုးကျသလို ကိုယ်လုံးကိုယ်ပေါက်မှာလည်း သွယ်လျလှပသည်။ စံမီလှပသော မိန်းမချောလေးတစ်ဦး ဖြစ်သည်။ ရိုးရှင်းပြီး ကိုယ်ကြပ်နေသော ဂျူတီကုတ်အဖြူရောင် ဝတ်ဆင်ထားပုံမှာ ယူနီဖောင်းဝတ်ထားသော မိန်းကလေးတစ်ဦး၏ ဆွဲဆောင်မှုမျိုး ပေါ်လွင်နေသည်။ အမှန်တကယ်တော့ ယခင်က လော်ယွမ် ငြင်းပယ်ခဲ့သော ထောက်ပံ့ရေးအဖွဲ့မှ အမျိုးသမီးများ အပါအဝင် ဤနေရာသို့ စေလွှတ်ခံရသူများထဲတွင် ရုပ်ဆိုးသူ တစ်ယောက်မှ မပါပေ။

"ကျွန်... ကျွန်မ နာမည် ယဲ့ချိုးယွီ ပါ" သူမသည် လော်ယွမ်ကို သတိထားကြည့်ရင်း လော်ယွမ်နှင့် ဝေးရာ ဆိုဖာတစ်လုံးတွင် ဝင်ထိုင်လိုက်သည်။ သူမ၏ အသံမှာ အနည်းငယ် တုန်နေသည်။

"မင်္ဂလာပါ ဒေါက်တာယဲ့"

"ရှင်... ရှင်လည်း မင်္ဂလာပါ" သူမ အတော်လေး စိတ်လှုပ်ရှားနေသည်မှာ သိသာသည်။ လက်နှစ်ဖက်ကို ဒူးပေါ်တင်၊ ခါးကို မတ်မတ်ထားပြီး မူလတန်းကျောင်းသူလေးတစ်ယောက်လို ရိုရိုသေသေ ပြန်ဖြေသည်။

"အရမ်းကြီး ကြောက်မနေပါနဲ့... ငါက ကိုက်မစားပါဘူး... ပြီးတော့ နင့်မှာစားစရာ အသားလည်း ရှိတာမှမဟုတ်တာ... ငါ စားလို့ ဝမှာတောင် မဟုတ်ဘူး" သူမပုံစံကို ကြည့်ပြီး ရယ်ချင်လာသဖြင့် လော်ယွမ်က ဟာသလုပ်ပြီး စနောက်လိုက်သည်။

မစနောက်လျှင် တော်သေးသည်၊ စနောက်လိုက်သောအခါ ယဲ့ချိုးယွီ ပို၍ပင် ထိတ်လန့်သွားပြီး ခန္ဓာကိုယ်ပါ တုန်ခါလာသည်။ မလာခင်ကတည်းက မြို့တော်အုပ်ချုပ်ရေးအဖွဲ့သည် သူမကို စိတ်ဓာတ်ပိုင်းဆိုင်ရာ ပြင်ဆင်မှုများ လုပ်ပေးခဲ့သည်။ တစ်ဖက်လူက မည်သူမည်ဝါ ဖြစ်သည်ကို ပြောပြထားသဖြင့် သူမအနေဖြင့် ကျားရဲတစ်ကောင်နှင့် အတူနေထိုင်ကာ မိမိကိုယ်ကို စတေးရမည်ဟု ကြိုတင်တွေးဆ ပြင်ဆင်ထားခဲ့သည်။ သို့သော် လက်တွေ့ ရင်ဆိုင်ရသောအခါ တွေးထားသည်ထက် ပိုမိုခက်ခဲနေသည်။

နတ်ဘုရားကဲ့သို့ ကြီးမားသော စွမ်းအားနှင့် အမြင့်ဆုံး အာဏာကို ပိုင်ဆိုင်ထားသူ ဖြစ်ကြောင်း တွေးမိလိုက်တိုင်း ကြောက်ရွံ့စိတ်များ ဝင်လာသည်။ တစ်ခုခု အမှားလုပ်မိ၍ သူ့ကို စိတ်အနှောင့်အယှက် ပေးမိပါက ပုရွက်ဆိတ်တစ်ကောင်လို အလွယ်တကူ အသတ်ခံလိုက်ရမည်ကို စိုးရိမ်နေသည်။

ဤခံစားချက်သည် ခေါင်းကို သေနတ်ဖြင့် အချိန်ခံထားရသကဲ့သို့ပင်။ သက်ရှိအဆင့်အတန်း ကွာခြားမှု ကြီးမားလွန်းသဖြင့် လော်ယွမ်၏ ရှေ့တွင် လုံခြုံမှုမရှိဟု ခံစားနေရခြင်း ဖြစ်သည်။

လော်ယွမ်သည် သူမ၏ တုံ့ပြန်ပုံကြောင့် စကားဆက်မပြောတတ် ဖြစ်သွားပြီး ထပ်မစနောက်တော့ဘဲ ပြုံး၍ မေးလိုက်သည်။ "ဒေါက်တာယဲ့က လုပ်သက် ဘယ်လောက်ရှိပြီလဲ"

"တစ်နှစ်ပါ... အလုပ်သင်ဆင်းတာနဲ့ပေါင်းရင်... နှစ်နှစ်ပါ" သူမ၏ အရည်အချင်းကို သံသယဝင်နေသည်ဟု ထင်သဖြင့် သူမက ဆက်ရှင်းပြသည်။ "ကျွန်မ အရင်က ရှေ့တန်း စစ်မြေပြင်မှာ လုပ်ခဲ့တာပါ... ခွဲစိတ်ကုသမှု အတွေ့အကြုံ ကြွယ်ဝသလို သမားတော်ပိုင်းဆိုင်ရာ ဗဟုသုတလည်း အတော်အသင့် ရှိပါတယ်... သာမန် မိသားစုဆရာဝန် အလုပ်ကို ကောင်းကောင်း လုပ်နိုင်ပါတယ်"

လော်ယွမ် လေးစားသွားသည်။ ဤမျှ နုနယ်ပျိုမြစ်သော မိန်းကလေးတစ်ယောက်က ရှေ့တန်းစစ်မြေပြင်တွင် နှစ်နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သည် ဆိုခြင်းမှာ မယုံနိုင်စရာပင်။ ဆိုလိုသည်မှာ သူမသည် ပြန်လည်တည်ဆောက်ရေးဇုန် စတင်တည်ထောင်စ အချိန်ကတည်းက ရှေ့တန်းတွင် ရှိနေခဲ့ခြင်း ဖြစ်သည်။ ထိုအချိန်က စစ်ပွဲများ အပြင်းအထန် ဖြစ်ပွားနေပြီး သေဆုံးခြင်းမှာ ထမင်းစားရေသောက်ကဲ့သို့ ဖြစ်နေချိန်ဖြစ်သည်။ တစ်ခါတစ်ရံ သားရဲလှိုင်းများနှင့် ကြုံရပါက တပ်မကြီးတစ်ခုလုံး ပျက်စီးသွားသည်အထိ ဖြစ်တတ်သည်။ စစ်မြေပြင်ဆေးရုံ ဆိုသည်မှာလည်း လုံခြုံသော နေရာမဟုတ်ပေ။

"နင် ဒီမှာ လာလုပ်ရတာ နည်းနည်းတော့ နှမြောစရာ ကောင်းတာပဲ" လော်ယွမ် ရေရွတ်လိုက်သည်။ သူမ တစ်စုံတစ်ခု ပြန်မပြောမီ သူက ဆက်မေးလိုက်သည်။ "အိမ်ထောင်ရော ရှိလား"

ယဲ့ချိုးယွီ သူ့ကို သတိထားပြီး တစ်ချက်ကြည့်လိုက်သည်။ အထက်လူကြီးများ ပေးလိုက်သော အချက်အလက်များအရ ဤပုဂ္ဂိုလ်သည် အိမ်ထောင်သည် အမျိုးသမီးများကို သဘောကျတတ်သည်ဟု ဆိုသည်။ သို့သော် ဤမေးခွန်းအတွက် မည်သို့ ဖြေကြားရမည်ကို မည်သူမှ သင်ပေးမထားပေ။ သူမ ခေါင်းငုံ့ပြီး ရိုးရိုးသားသားပင် ဖြေလိုက်သည်။ "မရှိပါဘူး"

လော်ယွမ်က ခေါင်းညိတ်လိုက်ပြီး စကားဖြတ်ရန် ပြင်လိုက်သည်။ "နင့်အလုပ်က လွယ်ပါတယ်... ချန်ကျားရီကို ပြုစုပေးရမယ်... အိမ်မှုကိစ္စ နည်းနည်းပါးပါး ကူလုပ်ပေးရမယ်... ကျန်တာ ဘာမှမရှိပါဘူး... ပြီးတော့ အရမ်းလည်း ကြောက်မနေပါနဲ့... ငါက ပြောရဆိုရ လွယ်တဲ့သူပါ... အတူနေတာကြာလာရင် သိလာလိမ့်မယ်"

ပြောပြီးနောက် လော်ယွမ် ထိုင်ရာမှထကာ တတိယထပ်သို့ တက်သွားသည်။

လှေကားမှ လော်ယွမ် ပျောက်ကွယ်သွားသည်နှင့် ယဲ့ချိုးယွီ သက်ပြင်းချလိုက်နိုင်တော့သည်။ သတိပြန်ဝင်လာချိန်တွင် တစ်ကိုယ်လုံး ဓာတ်လိုက်ထားသကဲ့သို့ ထုံကျင်နေသည်ကို ခံစားလိုက်ရသည်။ ထို့နောက် ပြင်းထန်သော ဆီးသွားချင်စိတ် ဖြစ်ပေါ်လာသည်။ သူမ ထရပ်လိုက်သော်လည်း ခြေထောက်များ ပျော့ခွေနေသဖြင့် ခဏမျှ အသက်ရှူညှိပြီးမှ ရေချိုးခန်းထဲသို့ အမြန်ပြေးဝင်လိုက်ရသည်။

သူမ သက်ပြင်းချလိုက်ပြီး မျက်လုံးများ ဝေဝါးသွားသည်။ စောစောက အဖြစ်အပျက်ကို ပြန်စဉ်းစားကြည့်မိသည်။ တကယ်တမ်းကျတော့ ထိုပုဂ္ဂိုလ်သည် ကြောက်စရာမကောင်းကြောင်း၊ သဘောထား နူးညံ့သိမ်မွေ့ကြောင်းနှင့် မိမိဘာသာ လန့်နေခြင်းသာ ဖြစ်ကြောင်း သတိထားမိလိုက်သည်။ ထို့အပြင် ထိုပုဂ္ဂိုလ်သည် သူမ မူလက ထင်ထားသလို ရက်စက်ကြမ်းကြုတ်မည့် ရုပ်ရည်မျိုး မဟုတ်ဘဲ အလွန်ချောမောခန့်ညားပြီး ပြောမပြတတ်သော ဆွဲဆောင်မှုတစ်မျိုး ရှိနေသည်။

ရေချိုးခန်းထဲမှ မထွက်မီ မှန်ထဲတွင် ရှုပ်ပွနေသော ဆံပင်များကို သပ်တင်လိုက်စဉ် မိမိမျက်နှာ ရဲတက်နေသည်ကို တွေ့လိုက်ရသဖြင့် "ဟွန်း" ခနဲ မဲ့ကာ ရှက်ရွံ့သွားမိသည်။

...

အိမ်သစ်တက်ပွဲ အထိမ်းအမှတ် ဖြစ်သောကြောင့် ယနေ့ညစာသည် အလွန်ခမ်းနားလှသည်။

ယဲ့ချိုးယွီသည် ကြောက်ရွံ့အားငယ်နေသော်လည်း အိမ်ရှိ အမျိုးသမီးများက စားပွဲဝိုင်းတွင် အတူစားရန် ဆွဲခေါ်ထားကြသည်။ သနားစရာကောင်းသော ဗီဇပြောင်းလူသားမလေးသာလျှင် ခပ်လှမ်းလှမ်းရှိ စားပွဲအသေးလေးတွင် တစ်ယောက်တည်း စားနေရသည်။ သို့သော် သူမကတော့ ဂရုစိုက်ပုံမရပေ။ တောကောင်တစ်ကောင်လို အငမ်းမရ စားသောက်နေပြီး အလွန်ပျော်ရွှင်နေပုံရသည်။ ဒါသည် တောထဲတွင် နေထိုင်စဉ်ကတည်းက ပါလာသော အကျင့်ဖြစ်ပြီး ယခုထိ ပြုပြင်၍ မရသေးပေ။

ညစာစားပြီး စကားစမြည် ပြောဆိုကြပြီးနောက် လော်ယွမ်သည် တတိယထပ်ရှိ အိပ်ခန်းမကြီးသို့ ပြန်လာခဲ့သည်။

ယခုနောက်ပိုင်း သူသည် ကိုယ်ကျင့်တရား စောင့်ထိန်းနေပြီး တစ်ယောက်တည်း အိပ်လေ့ရှိသည်။ ဟွမ်ကျားဟွေ သည်လည်း အရင်ကလို အိပ်ခန်းမကြီးတွင် လာမအိပ်ရဲတော့သလို အခြားသူများလည်း ဤအခန်းကို မယူရဲကြပေ။ ထို့ကြောင့် အကောင်းဆုံးဖြစ်သော ဤအိပ်ခန်းသည် လော်ယွမ်၏ အခန်းဖြစ်လာသည်။

အိပ်ခန်းတစ်ခုလုံးသည် စတုရန်းမီတာ ၂၀၀ ကျော် ကျယ်ဝန်းပြီး သီးသန့် ရေချိုးခန်း၊ အဝတ်အစားခန်းနှင့် စာကြည့်ခန်းများ ပါဝင်သည်။ အထူးခြားဆုံးမှာ လက်နက်တိုက်ငယ်လေး တစ်ခုပါ ရှိနေခြင်းပင်။ ဓား၊ လှံ၊ လေးမြှားမှစ၍ အမျိုးမျိုးသော လက်နက်ငယ်များအထိ အစုံအလင် ရှိသည်။

သေနတ်များကိုတော့ လော်ယွမ် စိတ်မဝင်စားပေ။ ပေါက်ကွဲအား ဝ.၂ ပမာဏ ထုတ်လွှတ်နိုင်သော သူသည် ထိုပမာဏနှင့် ညီမျှသော တိုက်ခိုက်မှုကိုလည်း ခံနိုင်ရည်ရှိသည်။ သေနတ်များသည် သူ့အတွက် အရုပ်များသဖွယ် ဖြစ်နေပြီး ဒုံးကျည်တစ်စင်း သူ့ခြေရင်းတွင် ပေါက်ကွဲလျှင်တောင် သူ့အရေပြား ပွန်းပဲ့အောင် လုပ်နိုင်မည် မဟုတ်ပေ။

သို့သော် ရှေးဟောင်းလက်နက်များကမူ သူ့ကို အနည်းငယ် စွဲဆောင်မှုရှိသည်။ ဖန်ပေါင်းချောင်တစ်ခုကို ဖွင့်ပြီး ဓားတစ်လက်ကို ယူလိုက်သည်။ ဤဓား၏ ပုံသဏ္ဌာန်နှင့် အချိုးအစားသည် သူ၏ ကျန်းမာတောက်ဓားနှင့် တစ်ပုံစံတည်း တူညီသည်။ သူ့ဓားကို ပုံတူကူးပြီး ထုလုပ်ထားခြင်း ဖြစ်မည်။ ပြန်လည်တည်ဆောက်ရေးဇုန်၏ နည်းပညာစွမ်းအားဖြင့် ဤမျှလောက် လုပ်နိုင်သည်မှာ မခက်ခဲပေ။

ဓား၏ သတ္တုသားမှာ ရိုးရိုးမဟုတ်ပေ။ အဆင့် (၈) သတ္တဝါ၏ အစိတ်အပိုင်းများဖြင့် ပြုလုပ်ထားပြီး ဤအခန်းထဲတွင် တစ်လက်တည်းသော အဆင့် (၈) လက်နက်ဖြစ်သည်။ ကျန်လက်နက်များမှာ အနည်းငယ် နိမ့်ကျပြီး အဆင့် (၇) ဝန်းကျင်ခန့်သာ ရှိကြသည်။

ဤစံအိမ်ကြီးတစ်ခုလုံးနှင့် နှိုင်းယှဉ်လျှင် ဤလက်နက်များကသာ တကယ့်တန်ဖိုးရှိသော အရာများ ဖြစ်သည်။

လော်ယွမ်သည် ဓားကို ခဲဖန်ပေါင်းချောင်ထဲသို့ ပြန်ထည့်ကာ ပိတ်လိုက်သည်။

စောစောက သူ စစ်ဆေးကြည့်လိုက်သော်လည်း ဤ အဆင့် (၈) ဓား၏ စွမ်းရည်မှာ ထူးခြားမှု မရှိပေ။ သူ၏ ကိုယ်ပိုင် ကျန်းမာတောက်ဓားနှင့် ယှဉ်လျှင် များစွာ ကွာခြားနေသည်။ သူ့လို အဆင့်ရောက်နေသူ တစ်ယောက်အတွက် သာမန် အဆင့် (၈) လက်နက်သည် သိပ်အသုံးမဝင်တော့ပေ။ လက်နက်များ၏ ထူးခြားသော စွမ်းရည်များကိုသာ သူ ပိုမို အလေးထားသည်။

...

လော်ယွမ်သည် အဝတ်အစားခန်းထဲသို့ ဝင်ကာ တံခါးဖွင့်လိုက်ရာ တစ်ပုံစံတည်း ချုပ်လုပ်ထားသော တိုက်ပွဲဝင်ဝတ်စုံများ ပြည့်နှက်နေသည်ကို တွေ့ရသည်။ ကမ္ဘာပျက်ကပ်ဘေးကာလ ဖြစ်သဖြင့် အဝတ်အစားများမှာ ရိုးရှင်းပြီး ရွေးချယ်စရာ သိပ်မရှိပေ။ ဖိနပ်စင်ပေါ်မှ စစ်ဖိနပ်တစ်ရန်ကို ယူပြီး အိပ်ခန်းထဲသို့ ပြန်လာခဲ့သည်။

စောစောက သယ်လာသော ငှက်ကြီး၏ အရေပြားသည် အိပ်ခန်းထဲတွင် လေပေါ်၌ ငြိမ်သက်စွာ ဝဲပျံနေသည်။

စွမ်းရည်များကို ဖိနပ်နှစ်ဖက်လုံးတွင် ညီမျှစွာ ခွဲဝေနိုင်ရန်အတွက် လော်ယွမ် အတော်လေး ကြိုးစားလိုက်ရသည်။ ကျန်းမာတောက်ဓားကို အသုံးပြုပြီး အရေပြားကို အပိုင်းနှစ်ပိုင်း ညီတူညီမျှ ဖြတ်တောက်သည်။ ဟင်းလင်းပြင် စွမ်းရည် ပါဝင်သော ပစ္စည်းဖြစ်သဖြင့် 'ဟင်းလင်းပြင် ဖြတ်တောက်ခြင်း' နည်းလမ်းသည် သိပ်အရာမထင်ပေ။ နောက်ဆုံးတွင် သူ၏ စိတ်စွမ်းအားကို အသုံးပြုမှသာ အောင်မြင်စွာ ဖြတ်တောက်နိုင်ခဲ့သည်။

ကျန်သည့် အဆင့်များက ရိုးရှင်းသွားပြီ ဖြစ်သည်။ ဆယ်မိနစ်ခန့်အကြာတွင် ပေါင်းစပ်ခြင်း ပြီးဆုံးသွားသည်။

ကျန်ရစ်ခဲ့သော အရေပြား အစအနများသည် လေပေါ်တွင် ဆက်လက် ဝဲပျံနိုင်ခြင်း မရှိတော့ဘဲ မူလက ရှိခဲ့သော ဆန်းကြယ်မှုများ ပျောက်ကွယ်သွားသည်။ ခိုင်ခန့်မှု ရှိသေးသည်မှလွဲ၍ သာမန် ပစ္စည်းများနှင့် မခြားတော့ပေ။

'ဟင်းလင်းပြင် ကျောက်ဆူးချခြင်း' စွမ်းရည်အားလုံးသည် ဖိနပ်ပေါ်သို့ ရောက်ရှိ ပေါင်းစပ်သွားပြီး ဖိနပ်တစ်ရန်လုံးမှ မှိန်ဖျဖျ အလင်းရောင်များ ထွက်ပေါ်နေသည်။

လော်ယွမ်သည် ဖိနပ်ကို ကိုင်ပြီး စိတ်စွမ်းအားဖြင့် သေချာစွာ ထပ်မံ ပေါင်းစပ်မွမ်းမံလိုက်သည်။ အတွင်းရှိ စိတ်ဝိညာဉ်အမှတ်အသား ကို ကြီးထွားစေလိုက်ရာ မကြာမီ ဖိနပ်နှင့် သူ့ကြားတွင် မမြင်ရသော ဆက်နွယ်မှုတစ်ခု ဖြစ်ပေါ်လာသည်။ သို့သော် အလွန်အားနည်းနေသေးသဖြင့် ဟင်းလင်းပြင် ကျောက်ဆူး စွမ်းအားကို အပြည့်အဝ ထိန်းချုပ်နိုင်ရန် ဆက်လက် ကျင့်ကြံမွမ်းမံရန် လိုအပ်သေးသည်။

လော်ယွမ် စိတ်လှုပ်ရှားစွာဖြင့် ဖိနပ်ကို စီးကြည့်လိုက်သည်။ လမ်းလျှောက်လိုက်သောအခါ ခုခံအား အနည်းငယ်ကို ခံစားရသော်လည်း သိပ်မကြီးမားပေ။ ဖိနပ်တစ်ဖက်လျှင် ၅ တန်ခန့်ရှိသော ကျောက်ဆူးချိတ်အားသည် သူ၏ ခွန်အားနှင့် ယှဉ်လျှင် ပြောပလောက်စရာ မရှိပေ။ လမ်းလျှောက်နေစဉ် မြေကြီးနှင့် တသားတည်းကျသော ခိုင်မာသည့် ခံစားမှုကို ရရှိစေသည်။ ခန္ဓာကိုယ် ပိုမို တည်ငြိမ်လာပြီး ယခင်ကလို အားနည်းနည်း စိုက်လိုက်ရုံဖြင့် လေပေါ်မြောက်တက်သွားမည့် အဖြစ်မျိုး မရှိတော့ပေ။

သို့သော် ခြေလှမ်းအနည်းငယ် လှမ်းလိုက်သည်နှင့် အိမ်တစ်ခုလုံး အနည်းငယ် တုန်ခါသွားသလို ခံစားလိုက်ရသည်။ လော်ယွမ် မတတ်သာဘဲ ရပ်လိုက်ရသည်။ ပြန်လှည့်ကြည့်လိုက်ရာ ချောမွတ်နေသော ကြမ်းပြင်ပေါ်တွင် နက်ရှိုင်းသော ခြေရာကြီးများ ထင်ကျန်ရစ်ခဲ့သည်ကို တွေ့လိုက်ရသည်။ ခမ်းနားထည်ဝါသော အိပ်ခန်းကြီးထဲတွင် ထိုခြေရာများက အရုပ်ဆိုး အကျည်းတန်နေသည်။

ကံကောင်းသည်မှာ ဤစံအိမ်ကြီးကို တည်ဆောက်စဉ်က အဆင့်မြင့် သစ်သားများကို အသုံးပြုထားသဖြင့် ခံနိုင်ရည်ရှိနေခြင်း ဖြစ်သည်။ သို့မဟုတ်ပါက ခြေတစ်လှမ်းလျှင် ၅ တန်ခန့် သက်ရောက်နေသော သူ၏ အလေးချိန်ကြောင့် အိမ်ကြီး ပြိုကျသွားနိုင်သည်။

'ငါ တတိယထပ်မှာ နေဖို့ မသင့်တော်ဘူးနဲ့ တူတယ်... နောက်ဆို မြေညီထပ်မှာပဲ သွားနေတော့မယ်... အဲဒီမှာဆိုရင် ပိုခံနိုင်ရည်ရှိမယ်... အိမ်ပြိုမှာလည်း ပူစရာမလိုတော့ဘူး' ဟု လော်ယွမ် သက်ပြင်းချကာ တွေးလိုက်သည်။

ဖိနပ်ချွတ်ရန် ကုန်းလိုက်စဉ်မှာပင် ရုတ်တရက် မျက်လုံးများ ပြာဝေသွားပြီး ဦးနှောက်တစ်ခုလုံး ဗလာဖြစ်သွားသည်။ တခဏမျှသာ ကြာမြင့်ပြီး လဲမကျမီမှာပင် ပြန်လည် သတိဝင်လာသည်။

ဤအဖြစ်မျိုး မကြာခဏ ကြုံဖူးသဖြင့် လော်ယွမ် စိတ်ကို ပြင်ဆင်ထားပြီး ဖြစ်သည်။

သူသည် လေးနက်သော မျက်နှာထားဖြင့် စနစ် ၏ မျက်နှာပြင်ကို ဖွင့်ကြည့်လိုက်သည်။

ထင်ထားသည့်အတိုင်း လေးဘက်မြင် ပြောင်းလဲခြင်း အဆင့် ထပ်မံ ခုန်တက်သွားခြင်း ဖြစ်သည်။ ယခုတစ်ကြိမ်တွင် လေးဘက်မြင် အာရုံခံစားမှု အပိုင်းသာ ပြောင်းလဲခြင်း ဖြစ်သော်လည်း တိုးတက်မှုနှုန်းမှာ ထိတ်လန့်ဖွယ် ကောင်းလှသည်။ မူလက (၅%) သာ ရှိရာမှ (၂၀%) ထိ တစ်ရှိန်ထိုး ခုန်တက်သွားသည်။

ဤကဲ့သို့သော ဆတိုးကိန်းဖြင့် တိုးပွားနေပါက နောက်တစ်ကြိမ်တွင် ရာခိုင်နှုန်းပြည့် ဖြစ်သွားနိုင်ဖွယ် ရှိသည်။

သူ့မျက်နှာ မည်းမှောင်သွားသည်။ ဦးနှောက် လေးဘက်မြင် ပြောင်းလဲခြင်းသည် သူ့အတွက် ကောင်းကျိုးများစွာ ပေးသည်ဆိုသော်လည်း အမြင်အာရုံ လေးဘက်မြင် ပြောင်းလဲခြင်းကမူ ဝမ်းသာစရာထက် စိတ်ပူစရာက ပိုများနေသည်။ ထိုအချိန်က အိပ်မရ၊ စားမရ ဖြစ်ခဲ့ရသည်များကို သူ ကောင်းကောင်း မှတ်မိနေသေးသည်။

သူ အနည်းငယ် တွန့်ဆုတ်နေပြီးမှ မျက်လုံးစည်းကို ဖြေလိုက်သည်။

မည်သို့ပင် ဖြစ်စေကာမူ ရင်ဆိုင်ရမည်သာ ဖြစ်သည်။ လေးဘက်မြင် အမြင်အာရုံသည် သူ၏ စွမ်းအားအတွက် အရေးပါသော အစိတ်အပိုင်း ဖြစ်သည်။ ၎င်းမရှိဘဲ ကွေးညွတ်ပျံသန်းခြင်းကို ပြုလုပ်နိုင်မည် မဟုတ်ပေ။ ဟင်းလင်းပြင်ထဲသို့ မသွားရောက်နိုင်ပါက ပြင်ပကမ္ဘာမှ ယဉ်ကျေးမှုအဖွဲ့အစည်း ၏ အန္တရာယ်ကိုလည်း ဖြေရှင်းနိုင်မည် မဟုတ်ပေ။

မျက်လုံးဖွင့်လိုက်သည်နှင့် တပြိုင်နက် လေးဘက်မြင်ကမ္ဘာမှ ရောက်ရှိလာသော အလွန်များပြားလှသည့် သတင်းအချက်အလက်များသည် ဒီရေအလား ဦးနှောက်ထဲသို့ ဝင်ရောက်လာသည်။ ဦးနှောက်တစ်ခုလုံး မူးဝေသွားပြီး မြင်ကွင်းတစ်ခုလုံး ပြောင်းလဲသွားသည်။

ယခုအချိန်တွင် သူသည် နံရံခြားနေသော ရေချိုးခန်းထဲရှိ အပြင်အဆင် အားလုံးကို မြင်တွေ့နေရသည်။ တချိန်တည်းမှာပင် မိမိကျောဘက်ကိုလည်း မြင်နေရသည်။ ဤမြင်တွေ့မှုသည် ပြီးပြည့်စုံသော မြင်တွေ့မှုမျိုး ဖြစ်သည်။ အတားအဆီးများ၊ အမြင်ကွယ်မှုများ မရှိတော့ပေ။ အရှေ့၊ အနောက်၊ အပေါ်၊ အောက်၊ အတွင်း၊ အပြင်... ဘယ်အရာမှ လော်ယွမ်၏ မျက်လုံးကို ဖုံးကွယ်ထား၍ မရတော့ပေ။ သူသည် အခြား 'အလွှာ' တစ်ခုမှနေ၍ ဤအခန်းကို ငုံ့ကြည့်နေသကဲ့သို့ ဖြစ်နေသည်။ နံရံများသည် အသုံးမဝင်တော့ပေ။ လုံးဝ အလုံပိတ်ထားသော အရာမဟုတ်လျှင် အတွင်းရော အပြင်ပါ အကုန်မြင်နေရသည်။

သာမန်လူတစ်ယောက်က ခွက်တစ်လုံးကို ကြည့်လျှင် မျက်နှာမူထားသော ခွက်၏ မျက်နှာပြင် တစ်ဖက်ကိုသာ မြင်ရသည်။ နောက်ကျောဘက်ကို မမြင်ရသလို ခွက်၏ အတွင်းသားကိုလည်း မမြင်ရပေ။ မျက်လုံးဆိုသည်မှာ အလင်းတန်းများက မြင်လွှာပေါ်သို့ ကျရောက်မှသာ မြင်ရခြင်း ဖြစ်သည်။ အလင်းသည် ဖြောင့်တန်းစွာ သွားပြီး ကွေ့ဝိုက်၍ မသွားနိုင်သောကြောင့် လူ့အမြင်အာရုံသည် မျက်နှာပြင် ကိုသာ မြင်ရခြင်း ဖြစ်သည်။ အရာဝတ္ထုများ၏ အနီးအဝေး၊ ပုံသဏ္ဌာန်နှင့် ကွေးညွတ်မှုများကို အလင်းအမှောင် အနုအရင့်ပေါ် မူတည်၍ ဦးနှောက်က ခန့်မှန်းတွက်ချက်ရခြင်း ဖြစ်သည်။

သို့သော် လော်ယွမ်၏ လေးဘက်မြင် မျက်လုံးသည် အလင်းကို အမှီပြုစရာ မလိုပေ။ ဦးနှောက်ထဲသို့ ရောက်ရှိလာသော ပုံရိပ်များသည် သုံးဘက်မြင် ပုံရိပ်စစ်စစ်များ ဖြစ်သည်။ သူသည် ခွက်ကိုကြည့်လိုက်ရုံဖြင့် အရှေ့၊ အနောက်၊ အတွင်း၊ အပြင် အားလုံးကို တပြိုင်နက် မြင်လိုက်ရသည်။

ဤအခြေအနေကို လေးဘက်မြင် အမြင်အာရုံ (၅%) ရှိစဉ်ကတည်းက စတင် ခံစားခဲ့ရဖူးသည်။ ကွေးညွတ်ပျံသန်းစဉ်တွင် တောင်ကုန်းများ၏ ကျောဘက်မြင်ကွင်းကို ရေးရေးမျှ မြင်ခဲ့ရဖူးသည်။ သို့သော် ယခုအချိန်ကျမှသာ လေးဘက်မြင် အာရုံ၏ စွမ်းရည်အမှန်ကို အနည်းငယ် လှစ်ဟပြလာခြင်း ဖြစ်သည်။

သုံးဘက်မြင် ကမ္ဘာ၏ အာရုံခံစားမှုများ ပြောင်းလဲသွားရုံသာမက လေးဘက်မြင် ကမ္ဘာကြီးသည်လည်း ပိုမို ရှင်းလင်းလာသည်။ ကောင်းကင်နှင့် မြေကြီးကြားတွင် အဆုံးမဲ့သော အမှောင်စွမ်းအင်များ ပြည့်နှက်နေသည်။ သူသည် စွမ်းအင်ဒီရေလှိုင်းများ ကြားတွင် ရောက်ရှိနေသကဲ့သို့ ခံစားရသည်။ ထို စိတ်ကူးယဉ်ဆန်သော စွမ်းအင်များသည် အခန်းထဲတွင် စီးဆင်းနေကြသည်။ နံရံများကို ဖောက်ထွင်းသွားလာကြပြီး သူ့ခန္ဓာကိုယ်ပေါ်တွင်လည်း စီးဆင်းနေကြသည်။ ၎င်းတို့သည် သုံးဘက်မြင် ကမ္ဘာမှ အလင်းရောင်များကဲ့သို့ နေရာတိုင်းတွင် ရှိနေသည်။ ဝမ်းနည်းစရာမှာ ထိုစွမ်းအင်များကို အသုံးပြုမည့် နည်းလမ်းကို လော်ယွမ် ရှာမတွေ့သေးခြင်းပင်။

နှဖူးစည်းကို ဖြေထားသည်မှာ ကြာပြီဖြစ်သော်လည်း လော်ယွမ် မည်သည့် ဝေဒနာမှ မခံစားရပေ။ မူလက စိုးရိမ်ပြီး ရင်ထိတ်နေသော စိတ်များ ပြေလျော့သွားသည်။

ထိုစဉ် သူ၏ အမြင်အာရုံတွင် တစ်ခုခု လွဲမှားနေသည်ကို သတိထားမိလိုက်သည်။ မျက်နှာကြက်သည် နိမ့်ကျလာသလို ခံစားရသည်။ သူ့ရင်ထဲ ဒိန်းခနဲ ဖြစ်သွားသည်။ အခန်းထဲ ဝင်လာစဉ်က အမှတ်သညာဖြင့် တံခါးကို နှိုင်းယှဉ်ကြည့်လိုက်ရာ မျက်နှာ အလွန်ပျက်သွားတော့သည်။

သူ မသိလိုက်မသိဘာသာဖြင့် အရပ်ရှည်လာပြီး ယခုအခါ ၇ လက်မ ရှည်ထွက်လာပြီး ၆ပေ ကျော်အထိ ဖြစ်သွားသည်ကို တုန်လှုပ်ဖွယ် တွေ့ရှိလိုက်ရသည်။

သူ့ခန္ဓာကိုယ်ကို အမြန်ငုံ့ကြည့်လိုက်ရာ ဟင်းလင်းပြင် ကွေးညွတ်မှု သည်လည်း ပိုမို နက်ရှိုင်းလာသည်ကို တွေ့ရသည်။

လော်ယွမ် မျက်နှာ မည်းမှောင်သွားသည်။ အိပ်ခန်းထဲတွင် ရှာဖွေလိုက်ရာ ကိုယ်အလေးချိန်ချိန်စက် တစ်လုံးကို တွေ့ရသည်။ တက်ချိန်ကြည့်လိုက်သောအခါ ပေါ်လာသော ဂဏန်းကြောင့် စိတ်ရှုပ်ထွေးသွားရသည်။

ကိုယ်အလေးချိန်သည် (၂၀၀) ကီလိုဂရမ် ရှိနေပြီ ဖြစ်သည်။ မကြာသေးမီကမှ (၁၅၀) ကီလိုဂရမ်သာ ရှိသေးသည်။

ဟင်းလင်းပြင် ကွေးညွတ်မှုနှုန်းကို သုံးဘက်မြင် ကမ္ဘာသို့ ပုံရိပ်စစ်ထိုးလိုက်သောအခါ ဆွဲငင်အား အဖြစ် တည်ရှိပြီး ထိုဆွဲငင်အား ပမာဏသည် ဒြပ်ထု နှင့် တိုက်ရိုက် သက်ဆိုင်နေသည်။

လေးဘက်မြင် ရှုထောင့်မှ ကြည့်လျှင် သူ့ခန္ဓာကိုယ် အရွယ်အစားသည် ပြောင်းလဲခြင်း မရှိပေ။ ဟင်းလင်းပြင် ကွေးညွတ်မှုသာ ပိုမိုနက်ရှိုင်းသွားခြင်း ဖြစ်သည်။ သို့သော် သုံးဘက်မြင် ကမ္ဘာတွင်မူ အစစ်အမှန် ပြောင်းလဲသွားခြင်း ဖြစ်သည်။ အရွယ်အစား ပြောင်းလဲသွားရုံသာမက ဒြပ်ထုပါ တိုးပွားလာသည်။

လော်ယွမ် တွေးလေ စိတ်ရှုပ်လေ ဖြစ်လာသည်။ လေးဘက်မြင် ပြောင်းလဲခြင်း စတင်သည်မှာ ဘယ်လောက်မှ မကြာသေး၊ ယခု အမြင်အာရုံ (၅%) မှ (၂၀%) သို့ တိုးသွားရုံဖြင့် သူ့ဒြပ်ထု (ကိုယ်အလေးချိန်) သည် သုံးပုံတစ်ပုံခန့် တိုးလာခဲ့သည်။ ယခင်က အရပ်ရှည်လာခြင်းသည်လည်း ဤလေးဘက်မြင် ပြောင်းလဲမှုကြောင့် ဖြစ်နိုင်သည်။ ထိုစဉ်က မသိသာသဖြင့် သတိမထားမိခဲ့ခြင်း ဖြစ်သော်လည်း ယခုအခါ ရုတ်တရက် ထိုးတက်လာခြင်း ဖြစ်သည်။

ပိုမို ကြောက်စရာကောင်းသည်မှာ လေးဘက်မြင် အမြင်အာရုံ ပြောင်းလဲခြင်း ဆိုသည်မှာ ဦးနှောက်တစ်ခုလုံး သို့မဟုတ် ခန္ဓာကိုယ်တစ်ခုလုံး လေးဘက်မြင် ပြောင်းလဲခြင်း နှင့် ယှဉ်လျှင် အလွန်သေးငယ်သော အစိတ်အပိုင်းမျှသာ ရှိသေးသည်။

အကယ်၍ ထိုအဆင့်သို့ ရောက်သွားပါက သုံးဘက်မြင် ကမ္ဘာတွင် သူသည် မည်မျှကြီးမားသော ဘီလူးကြီးတစ်ကောင် ဖြစ်လာမည်ကို တွေးပင် မတွေးရဲတော့ပေ။

ဆက်ရန်...

အပိုင်း(၄၃၈) မြွေတစ်ခါကိုက်ဖူးသူ

သတင်းကောင်း မရှိတာတော့ မဟုတ်။ ခန္ဓာကိုယ် ကြီးမားလာသည်နှင့်အမျှ ခွန်အားသည်လည်း အချိုးကျ တိုးတက်လာသည်။ သူ၏ အရည်အသွေး များထဲမှ ခွန်အားသည် တစ်မှတ်တိုးလာပြီး (၄၀) အထိ ရောက်ရှိသွားပြီ ဖြစ်သည်။ သို့သော်လည်း လော်ယွမ်၏ မျက်နှာတွင် ပျော်ရွှင်ရိပ် အနည်းငယ်မျှ မတွေ့ရပေ။

ခန္ဓာကိုယ်ပေါ်မှ အဝတ်အစားများသည် သိသိသာသာ ကျပ်သွားပြီ ဖြစ်သည်။ အဝတ်များသည် သူ့ကိုယ်ပေါ်တွင် တင်းကျပ်စွာ ကပ်နေပြီး ဘောင်းဘီများ တိုတက်သွားသည်။ ခုနလေးတင်မှ ပေါင်းစပ်ပြုလုပ်ထားသော ဖိနပ်သည်လည်း ကျပ်နေသလို ခံစားရသည်။ သူသည် စိတ်လွတ်ကိုယ်လွတ်ဖြင့် ကြယ်သီးများကို ဖြုတ်ရန် ကြိုးစားသော်လည်း ဖြုတ်မရ ဖြစ်နေသည်။ စိတ်ကသိကအောက် ဖြစ်လာသဖြင့် ဒေါသအလျောက် အဝတ်အစားများကို ဆွဲဖြဲပစ်လိုက်သည်။ ကြောက်မက်ဖွယ် ကောင်းသော ခွန်အား ပေါက်ကွဲထွက်လာပြီး လေပြင်းများ တိုက်ခတ်သွားသကဲ့သို့ အိပ်ခန်းထဲရှိ ပစ္စည်းများ ဖရိုဖရဲ လွင့်စင်ကုန်သည်။ သရဲမျက်နှာ မြင်းလည်ဆံမွေးဖြင့် ပြုလုပ်ထားသော အပေါ်အင်္ကျီနှင့် အတွင်းမှ ပလာစမာ အတွင်းခံတို့ပါမကျန် အားပါပါ ဆွဲဖြဲခြင်း ခံလိုက်ရသည်။

လော်ယွမ်သည် ထိုနည်းတူပင် ခြေထောက်၌ ကျပ်တည်းစွာ ကပ်နေသော ဘောင်းဘီကိုပါ ဆွဲဖြဲပစ်လိုက်ပြီး ခုတင်ပေါ်သို့ ပစ်လှဲချလိုက်သည်။

သူ မျက်နှာကြက်ကို တွေဝေငေးမောစွာ ကြည့်ရင်း စိတ်ရှုပ်ထွေးနေမိသည်။

အရပ် (၆) ပေ ကျော် ဆိုသည်မှာ သာမန်လူသားများ၏ အတိုင်းအတာ ဘောင်အတွင်း၌ ရှိနေသေးပြီး နေ့စဉ်ဘဝကို သိပ်မထိခိုက်သေးပေ။ သို့သော် နောက်ပိုင်းကျရင်ကော...။

နောက်တစ်ကြိမ် လေးဘက်မြင် အတိုင်းအတာ ကူးပြောင်းမှု ဖြစ်ပေါ်လာပါက သူသည် လူသားများ၏ အရပ်အမောင်း ကန့်သတ်ချက်ကို လုံးဝ ဖောက်ထွက်သွားပေလိမ့်မည်။ အရင် အတွေ့အကြုံများအရ ထိုအချိန် ရောက်ရန် သိပ်မလိုတော့ပေ။ အမြန်ဆုံး တစ်လ၊ ကြာလျှင် နှစ်ဝက်ခန့်သာ ကြာမြင့်မည်။ လေးဘက်မြင် ကူးပြောင်းမှု ထပ်မံ ရောက်ရှိလာပါက သူ ဘယ်လို ဆက်လုပ်ရမလဲ။ မိန်းမပျိုများအားလုံး မျှော်လင့်ချက်မဲ့စွာဖြင့် သူ့ကို ထားရစ်ခဲ့ကြမည့် မြင်ကွင်းကို ကြည့်ရင်း သူတစ်ယောက်တည်း အထီးကျန် ဘဝသို့ ရောက်သွားရတော့မည်လား။

ထိုညတွင် လော်ယွမ် တစ်ညလုံး လူးလှိမ့်နေပြီး လုံးဝ အိပ်မပျော်ခဲ့ပေ။

......

နောက်တစ်နေ့ မနက်စောစောတွင် ညဘက်တုန်းက တိတ်တဆိတ် ခိုးဝင်လာသော ဗီဇပြောင်းလူသားမလေးသည် တစ်ခုခု မှားယွင်းနေကြောင်း ပထမဆုံး သတိထားမိသူ ဖြစ်သည်။

သူမသည် ခုတင်ပေါ်တွင် ထိုင်နေသော၊ အနည်းငယ် သူစိမ်းဆန်သွားပြီဖြစ်သော လော်ယွမ်ကို ကြောက်လန့်တကြား ကြည့်ရင်း နောက်သို့ အဆက်မပြတ် ဆုတ်ခွာသွားသည်။ သတိမထားမိဘဲ ကွဲနေသော ပန်းအိုးကွဲစကို တက်နင်းမိကာ ချော်လဲလုနီးပါး ဖြစ်သွားသည်။

လော်ယွမ် သူမကို တစ်ချက် လှမ်းကြည့်လိုက်ပြီး မျက်နှာသေဖြင့် အဝတ်အစားလဲခန်းသို့ သွားကာ အကြီးဆုံး ဆိုဒ်ကို ရွေးချယ် ဝတ်ဆင်လိုက်သည်။ ဝတ်ပြီးသောအခါ အနည်းငယ် သေးငယ်နေသေးသည်ကို တွေ့လိုက်ရသည်။ ဤအိမ်ရှိ အဝတ်အစားများသည် သူ၏ မူလခန္ဓာကိုယ် အချိုးအစားအတိုင်း စီစဉ်ထားခြင်း ဖြစ်ပြီး ယခု လက်ရှိ ခန္ဓာကိုယ်နှင့် တော်မည့် အဝတ်အစားမျိုး မရှိပေ။ သို့သော် လောလောဆယ်တော့ သည်းခံပြီး ဝတ်ထားရုံသာ ရှိသည်။

ထို့နောက် အိပ်ခန်းထဲသို့ ပြန်လာပြီး လက်ကို ဖြည်းညင်းစွာ ဝှေ့ယမ်းလိုက်သည်။ စိတ်စွမ်းအားကို အသုံးပြုလိုက်ရာ အခန်းထဲရှိ အမှိုက်များနှင့် အပိုင်းအစများ အားလုံး လေထဲသို့ မြောက်တက်လာပြီး လှည့်ပတ်ကာ စက်ဝိုင်းပုံ အလုံးကြီး တစ်လုံးအဖြစ် စုစည်းသွားသည်။

လော်ယွမ် အိပ်ရာခင်းကို ဆွဲယူပြီး ထိုအမှိုက်လုံးကြီးကို ထုပ်ပိုးလိုက်သည်။ ထို့နောက် အဝတ်လဲခန်းမှ အိပ်ရာခင်းအသစ် တစ်ထည်ယူပြီး ခုတင်ပေါ် ပြန်ခင်းလိုက်သည်။ ပြီးနောက် အမှိုက်ထုပ်ကို ဆွဲကာ အောက်ထပ်သို့ ဆင်းလာခဲ့သည်။ ဒီနေ့ သူ အိပ်ရာထ အနည်းငယ် နောက်ကျသွားသဖြင့် မိန်းကလေးများ အားလုံး နိုးထပြီး မနက်စာ ချက်ပြုတ်နေကြပြီ ဖြစ်သည်။

မီးဖိုချောင်မှ ထွက်လာသော ဝမ်ရှီရှီသည် လော်ယွမ်ကို မြင်လိုက်သည်နှင့် ပါးစပ်အဟောင်းသား ဖြစ်သွားပြီး အံ့သြလွန်းသဖြင့် စကားမပြောနိုင်ဘဲ ကြောင်ရပ်နေသည်။

"ဘာဖြစ်လို့ ကြောင်သွားတာလဲ... ငါ့ကို မမှတ်မိတော့ဘူးလား" လော်ယွမ် ဟန်ဆောင် ရယ်မောလိုက်သည်။

"ကို... ကိုကြီး... ကိုကြီးက... ဘာလို့ အရမ်း အရပ်ရှည်သွားတာလဲ" ဝမ်ရှီရှီ စကားထစ်အငေါ့ငေါ့ဖြင့် မေးသည်။

ဝမ်ရှီရှီ၏ အသံကြောင့် အခြား မိန်းကလေးများပါ ထွက်လာကြသည်။ လော်ယွမ်ကို မြင်လိုက်ရသောအခါ မယုံနိုင်သော မျက်နှာထားများဖြင့် ပါးစပ်ကို လက်ဖြင့် အုပ်လိုက်ကြသည်။

"လော်ယွမ်... ရှင် ဘယ်လိုဖြစ်သွားတာလဲ" ဟွမ်ကျားဟွေက ထိတ်လန့်တကြား မေးသည်။

"ငါလည်း သိပ်မရှင်းဘူး... ညက စွမ်းရည်ပိုင်းဆိုင်ရာ အဆင့်တက်သွားတော့ ဒီလိုပုံစံ ဖြစ်သွားတာပဲ" လော်ယွမ် မတတ်သာသည့် အပြုံးမျိုး ပြုံးလိုက်ပြီး ယုတ္တိရှိအောင် လိမ်ပြောလိုက်သည်။

သူ့အခြေအနေမှန်ကို သူဘယ်လိုလုပ် ပြောပြနိုင်မည်နည်း။ ဒါက အစပဲ ရှိသေးသည်၊ မကြာခင် သူက လူဘီလူးကြီး ဖြစ်လာတော့မည်၊ ထိုအခါကျလျှင် 'နင်တို့က ငါ့အတွက် ပုရွက်ဆိတ်လေးတွေလို သေးငယ်ပြီး နိမ့်ကျသွားလိမ့်မယ်' လို့ ပြောရမည်လော။

အားလုံး သက်ပြင်းချလိုက်နိုင်သော်လည်း စိတ်ထဲတွင်တော့ မသိမသာ စိုးရိမ်ပူပန်မှုများ ကျန်ရှိနေသေးသည်။ အတူတူ နေလာကြသည်မှာ ကြာပြီဖြစ်၍ တစ်ယောက်အကြောင်း တစ်ယောက် ကောင်းကောင်း သိနေကြပြီ။ တစ်ဖက်လူတွင် စိတ်ဖိစီးမှု ရှိနေသည်ကို မည်မျှပင် ဖုံးကွယ်ထားပါစေ ဝိုးတဝါး ခံစားမိကြသည်။

သို့သော် မည်သူကမျှ ထပ်မမေးကြတော့ပေ။ အစပိုင်းတွင် အံ့သြသွားကြသော်လည်း အားလုံး ပုံမှန်အတိုင်း ပြုမူနေကြသည်။ သို့သော် ဒီနေ့ လော်ယွမ် စကားနည်းနေကြောင်း၊ တစ်ခါတစ်ရံ အချိန်ကြာမြင့်စွာ ငြိမ်သက်နေတတ်ကြောင်း ခံစားမိသဖြင့် အခြေအနေမှာ တဖြည်းဖြည်း တိတ်ဆိတ်လာသည်။

လေထု အနေအထား မကောင်းသည်ကို လော်ယွမ် သတိပြုမိသွားပြီး သတိပြန်ဝင်လာကာ ပြုံးလိုက်သည်။ "ဘာဖြစ်နေကြတာလဲ... နင်တို့ ပြောစရာရှိတာ ပြောကြလေ... ငါက ကိစ္စတစ်ခု စဉ်းစားနေလို့ပါ... ပြီးတော့ ဒေါက်တာရေ့... ဧည့်သည်လို သဘောမထားဘဲ ကိုယ့်အိမ်ကိုယ်ရာလိုပဲ နေပါ"

ယဲ့ချိုးယွီ လန့်ဖျပ်သွားပြီး လက်ထဲမှ ပေါက်စီကို အမြန်ချကာ ပါးစပ်ထဲမှ အစာကို အနိုင်နိုင် မျိုချလိုက်ရသည်။ ခြင်ကိုက်သံလောက် တိုးညှင်းသော အသံဖြင့် "ဟုတ်... ဟုတ်ကဲ့ပါ" ဟု ဖြေသည်။

"သူက ကြည့်ရတာသာ ကြောက်စရာ ကောင်းတာပါ... အတွင်းစိတ်ကတော့ သာမန်လူပါပဲ... သူ့ကို ကြောက်နေစရာ မလိုပါဘူး" ဝမ်ရှကွမ်က လော်ယွမ်ကို မျက်စောင်းတစ်ချက်ထိုးပြီး ဝင်ရောက် ဖြေသိမ့်ပေးသည်။

လော်ယွမ် ခါးသက်သက် ပြုံးလိုက်ပြီး ခေါင်းခါလိုက်သည်။ ဤသို့ စကားဖြတ်ပြောလိုက်ခြင်းကြောင့် လေထုမှာ ပြန်လည် သက်ဝင် လှုပ်ရှားလာသည်။

သူ၏ ပုံမှန်မဟုတ်သော စိတ်ခံစားချက်က မိန်းမပျိုများကိုပါ သက်ရောက်မှု ရှိနေကြောင်း လော်ယွမ် ကိုယ့်ကိုယ်ကိုယ် သတိပေးလိုက်သည်။ သူ စိတ်လျှော့လိုက်သည်။ မည်မျှပင် စိုးရိမ်ပူပန်နေပါစေ၊ လာမည့်ဘေး ပြေးတွေ့ရမည်သာ ဖြစ်သည်။ သူ့စိတ်ဆန္ဒဖြင့် ပြောင်းလဲ၍ မရပေ။ အနည်းဆုံးတော့ ယခုလက်ရှိအချိန်တွင် ရှိနေသော လူများကို တန်ဖိုးထားရမည်။

ထို့နောက် လော်ယွမ်သည် သူတို့နှင့် ရယ်မော စကားပြောဆိုလိုက်ရာ မိန်းကလေးများ၏ စိတ်ထဲမှ စိုးရိမ်မှုများလည်း တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။

ခဏအကြာတွင် သူ မနက်စာ စားပြီးသွားသည်။ "ဖြည်းဖြည်း စားကြနော်... ငါ အပြင်ခဏ သွားဦးမယ်"

လော်ယွမ် ဓားရှည်ကို ကောက်ကိုင်ပြီး ထွက်ရန် ပြင်လိုက်သည်။ တံခါးဝ အရောက်တွင် တစ်ခုခု သတိရသွားပြီး လှမ်းပြောလိုက်သည်။ "ဒါနဲ့... ငါ့ဖို့ ဆိုဒ်ကြီးတဲ့ အဝတ်အစားတွေ ဝယ်ထားပေးပါဦး... ခန္ဓာကိုယ် ကြီးလာတော့ အရင်အဝတ်တွေ ဝတ်လို့မရတော့ဘူး"

......

လော်ယွမ်သည် မျှော်လင့်ချက်မြို့တော်မှ ထွက်ခွာလာပြီးနောက် လေပေါ်သို့ ပျံတက်သွားသည်။

သရဲမျက်နှာ မြင်းလည်ဆံမွေးဖြင့် ပြုလုပ်ထားသော ဝတ်စုံ မရှိတော့သဖြင့် သူ့အမြန်နှုန်းသည် သိသိသာသာ နှေးကွေးသွားသည်။ တော်သေးသည်မှာ ယခင်က ချန်ထားခဲ့သော လည်ဆံမွေး အချို့ ရှိနေသဖြင့် ၎င်းတို့ကို ခါးပတ်အဖြစ် ပတ်ထားလိုက်သည်။

အမြန်နှုန်း ထက်ဝက်ခန့် လျော့ကျသွားသော်လည်း တစ်စက္ကန့်လျှင် (၁) ကီလိုမီတာနှုန်း ရှိနေသေးသည်။ ဤအမြန်နှုန်းသည် ခရီးတို သွားလာရန် လုံလောက်သည်။ ခရီးဝေး သွားမည် ဆိုပါက ကွေးညွတ်ပျံသန်းခြင်း ရှိသလို နေရာရွှေ့ပြောင်းခြင်း လည်း ရှိသေးသဖြင့် အဝတ်အစားမှ ရရှိသော စွမ်းရည်များ ပျောက်ဆုံးသွားခြင်းက သူ့ကို သိပ်မထိခိုက်ပေ။

အဝတ်အစားမှ ပေးသော ကာကွယ်မှုနှင့် ပတ်သက်လျှင် ယခု လော်ယွမ့်အတွက် ရှိရှိမရှိရှိ သိပ်မထူးခြားတော့ပေ။ သူ့ခန္ဓာကိုယ်၏ မူလကာကွယ်နိုင်စွမ်းကပင် အဆင့်(၈) သက်ရှိ အများစုကို ဖိချေထားရန် လုံလောက်နေပြီ ဖြစ်သည်။

လော်ယွမ် အရှိန်ဖြင့် ပျံသန်းလာရာ (၁၀) မိနစ် မပြည့်ခင်မှာပင် အပြာရောင်နဂါး၏ အသိုက်သို့ ဆင်းသက်နိုင်ခဲ့သည်။ သူ ရုတ်တရက် ပေါ်လာသဖြင့် ကြောက်လန့်ပြီး ထွက်ပြေးရန်လုံးထွေးကွေးကောက် ပြင်ဆင်နေသော အပြာရောင်နဂါးကို တစ်ချက် အကဲခတ်ကြည့်လိုက်သည်။ ထို့နောက် ဉာဏ်ပညာ သစ်ပင်ရှိရာသို့ အကြည့်ပို့လိုက်သည်။

ရက်အနည်းငယ် မတွေ့ရသည့် အတွင်း ဉာဏ်ပညာ သစ်ပင်သည် နှစ်ဆခန့် ပိုမိုမြင့်မားလာပြီး မီတာ (၁၀၀) ကျော်အထိ ရှိနေပြီ ဖြစ်သည်။ ၎င်းသည် အရိုးတောင်ပေါ်တွင် တစ်ပင်တည်း ထီးထီးမားမား ပေါက်ရောက်နေသည်။ အရွယ်အစားသာမက ပုံသဏ္ဌာန်ပါ အနည်းငယ် ပြောင်းလဲလာပြီး ပိုမို ဆန်းကြယ်လာသည်။

မူလက ခရမ်းရောင် သစ်ကိုင်းများသည် ယခုအခါ အနက်ရောင် ပြောင်းသွားပြီး နေရောင်အောက်တွင် သက်တံ့ရောင် ပြေးနေသည်။ သစ်ရွက်များသည် မြစိမ်းရောင် ဖြစ်ပြီး ကျောက်မျက်ရတနာ ကဲ့သို့ ကြည်လင်တောက်ပနေကာ ကျောက်စိမ်းဖြင့် ထုလုပ်ထားသကဲ့သို့ ဖြစ်နေသည်။ တွန့်လိမ်နေသော သစ်မြစ်ပေါင်း များစွာသည် စပါးအုံးမြွေ၊ နဂါးများကဲ့သို့ အရိုးတောင်ထဲသို့ ထိုးဖောက် ဝင်ရောက်နေပြီး ရံဖန်ရံခါ သက်ရှိကဲ့သို့ တွန့်လိမ် လှုပ်ရှားနေသည်။ ဉာဏ်ပညာ သစ်ပင် တစ်ပင်လုံးသည် ယခင်နှင့် လုံးဝ မတူတော့ပေ။

ငှက်ကြီး၏ အလောင်းမှာမူ လုံးဝ စားသုံးခြင်း ခံလိုက်ရပြီး အရိုးတောင်ပုံကြီးသာ ကျန်တော့သည်။ (၆၇) မီတာ မြင့်မားသော ကျောက်စိမ်းဖြူရောင် နံရိုးကြီး နှစ်ဖက်သည် ဘေးနားရှိ ရှင်သန်မှု အားကောင်းသော ဉာဏ်ပညာသစ်ပင်နှင့် ယှဉ်တွဲလျက် ရှိနေသည်။ သေဆုံးခြင်းနှင့် ရှင်သန်ခြင်းတို့ ယှဉ်တွဲနေသည့် မြင်ကွင်းက ပြင်းထန်သော အမြင်အာရုံ ရိုက်ခတ်မှုကို ပေးစွမ်းနေသည်။

လော်ယွမ် အနားသို့ သွားပြီး စစ်ဆေး ကြည့်လိုက်ရာ ဉာဏ်ပညာသစ်ပင်သည် အဆင့်(၈) သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း တွေ့လိုက်ရသည်။

သူ တုံ့ဆိုင်းမနေဘဲ သစ်ပင်ကို ရိတ်သိမ်းရန် ချက်ချင်း ဆုံးဖြတ်လိုက်သည်။ ဓားရှည်ကို ဆွဲထုတ်လိုက်ပြီး နေရာရွှေ့ပြောင်းခြင်း ဖြင့် သစ်ပင်ရှေ့သို့ ရောက်သွားကာ ဓားချက်တစ်ချက် ခုတ်ပိုင်းလိုက်သည်။ အေးစက်သော ဓားအလင်းရောင်သည် လျှပ်စီးလက်သကဲ့သို့ ကောင်းကင်ကို ဖြတ်သန်းသွားသည်။ ဉာဏ်ပညာသစ်ပင် မတုံ့ပြန်နိုင်ခင်မှာပင် လော်ယွမ်သည် မူလနေရာတွင် ပြန်လည် ပျောက်ကွယ်သွားပြီ ဖြစ်သည်။

သစ်ပင်ကြီး "ဝုန်း" ခနဲ လဲကျသွားသည်နှင့် သစ်မြစ်ပေါင်း များစွာသည် ပြင်းထန်စွာ ရုန်းကန် လှုပ်ရှားလာသည်။ ကောင်းကင်နှင့် မြေကြီးအနှံ့ မိုးခြိမ်းသံကဲ့သို့ အသံများ ဆူညံသွားပြီး အရိုးမှုန့်များ ကောင်းကင်တစ်ခုလုံး ဖုံးလွှမ်းသွားသည်။

ဘေးနားတွင် ကွေးကောက် ဝပ်နေသော အပြာရောင်နဂါးသည် ထိုအဖြစ်အပျက်ကို ကြည့်ပြီး ကြောင်အမ်းနေသည်။ ဒါကို သူ လုံးဝ မယုံကြည်နိုင် ဖြစ်နေသည်။

ဒီအပင်က သူ့အပင်လေ... သူ့ဟာ... သူ့ဟာ... သူ့ဟာကွ...

ဒီလောက်ကြီးလာအောင် မနည်း ပျိုးထောင်ထားရတာကို အခုတော့ အခုတ်ခံလိုက်ရပြီ။

နောက်တစ်ခဏတွင် ပြင်းထန်သော ဒေါသစိတ်က သူ့ဆင်ခြင်တုံတရားကို ဖောက်ထွက်သွားသည်။ သူ့မျက်လုံးများ ချက်ချင်း နီရဲသွားပြီး ကောင်းကင်ကို မော့ကာ ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။ လော်ယွမ်ကို ကြောက်ရွံ့စိတ်များ ခေါင်းထဲမှ ပျောက်ကွယ်သွားသည်။

သို့သော် သူ၏ ဟိန်းဟောက်သံသည် တစ်ခဏသာ ခံလိုက်ပြီး သနားစရာကောင်းသော အော်မြည်သံဖြင့် အဆုံးသတ်သွားသည်။

"အာ... ဝူး..." ဟူသော အသံနှင့်အတူ ခေါင်းပေါ်ရှိ ဦးချိုတစ်ချောင်းသည် လော်ယွမ်၏ နေရာရွှေ့ပြောင်းပြီး ထိုးနှက်လိုက်သော လက်သီးချက်ကြောင့် ကျိုးပဲ့သွားသည်။ ကြီးမားသော ဦးခေါင်းကြီး ဘေးသို့ လွင့်စင်သွားပြီး တောင်နံရံနှင့် ဝင်ဆောင့်မိကာ တောင်ထိပ်ဝက်ခန့် ပြိုကျလာပြီး နဂါးခန္ဓာကိုယ်ကို ဖုံးလွှမ်းလုနီးပါး ဖြစ်သွားသည်။

လော်ယွမ် လက်သီးကို ပြန်ရုတ်သိမ်းလိုက်ပြီး မျက်နှာသေဖြင့် ကြည့်လိုက်သည်။ ကျောက်ပုံကြားမှ ကုန်းထရန် ပြင်နေသော အပြာရောင်နဂါးသည် လော်ယွမ်၏ အကြည့်ကြောင့် တစ်ကိုယ်လုံး တုန်ယင်သွားပြီး အသည်းနှလုံး ကွဲမတတ် ကြောက်ရွံ့သွားသည်။ "ဝူး" ခနဲ ညည်းတွားပြီး ခေါင်းကို ပြန်ဝှက်ထားလိုက်သည်။ ဤအာဏာရှင်ကြီး ထပ်မံ စိတ်မကျေမနပ် ဖြစ်မည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။ ခုနက ပေါက်ကွဲထွက်လာသော ဒေါသစိတ်များမှာမူ နှင်းများ အရည်ပျော်သွားသကဲ့သို့ ပျောက်ကွယ်သွားပြီ ဖြစ်သည်။

"တကယ်ကို မှတ်လောက်သားလောက်အောင် ဆုံးမမှ ရမယ့်ကောင်ပဲ"

လော်ယွမ် မူလကတည်းက စိတ်ကြည်နေသည် မဟုတ်။ အပြာရောင်နဂါးက သေနတ်ပြောင်းဝ လာတိုးသလို ဖြစ်နေသဖြင့် ဒေါသထွက်သွားခြင်း ဖြစ်သည်။ သို့သော် ဒေါသထွက်ပြီးနောက် သူ့စိတ် အနည်းငယ် ပေါ့ပါးသွားသည်။ အနည်းဆုံးတော့ ယခင်ကလောက် စိတ်မရှုပ်တော့ပေ။

ခွန်အား တိုးလာခြင်းကြောင့် သူ့လက်သီး အမြန်နှုန်းသည် သိသိသာသာ မြင့်တက်လာကြောင်း တွေ့လိုက်ရသည်။ ပေါင်းစပ်ခန္ဓာကိုယ် ဖြစ်စက သူ၏ လက်သီးချက်တိုင်းသည် အသံထက် (၁၂) ဆခန့်သာ မြန်သော်လည်း ယခုအခါ အသံထက် (၁၇) ဆအထိ ရောက်ရှိသွားပြီ ဖြစ်သည်။ လက်သီးချက်တိုင်း၏ စွမ်းအင်သည်လည်း ယမ်း (ဝ.၄) တန် ပေါက်ကွဲအားအထိ မြင့်တက်လာသည်။

ထို့အပြင် ဤတစ်ကြိမ် ခွန်အားတိုးတက်မှုသည် ယခင်နှင့် မတူပေ။ ခန္ဓာကိုယ် ကြီးထွားလာမှုနှင့်အမျှ အချိုးကျ တိုးတက်လာခြင်း ဖြစ်သဖြင့် ကာလတိုအတွင်း အသားမကျသော လက္ခဏာများ မပေါ်ပေါက်ပေ။ လေးဘက်မြင် ပြောင်းလဲခြင်း၏ ဘေးထွက်ဆိုးကျိုးကိုသာ ဖယ်လိုက်မည် ဆိုပါက ဤနည်းလမ်းသည် ခွန်အားတိုးတက်ရန် အမြန်ဆုံး နည်းလမ်းဖြစ်ကြောင်း ဝန်ခံရပေမည်။

......

တစ်နာရီခွဲခန့် ကြာသောအခါ ဉာဏ်ပညာသစ်ပင်သည် တဖြည်းဖြည်း ငြိမ်သက်သွားသည်။ ပင်စည်သည် ခြောက်သွေ့သွားပြီး အရွယ်အစား ကျုံ့သွားသည်။ အခေါက်များလည်း အရောင်အဝါ ကင်းမဲ့သွားသည်။ သို့သော် လော်ယွမ်သည် နောက်ထပ် နာရီဝက်ခန့် စိတ်ရှည်လက်ရှည် စောင့်ဆိုင်းလိုက်သည်။ ဉာဏ်ပညာ သစ်ပင်၏ အာဟာရဓာတ်များ အားလုံး ကျုံ့ဝင်သွားပြီး လုံးဝ သေဆုံးသွားပြီဟု သေချာမှသာ ဉာဏ်ပညာ နှလုံးသားကို ယူရန် ရှေ့တိုးသွားသည်။

ဒါက ကြက်ဥလိုချင်လို့ ကြက်ကို သတ်လိုက်ခြင်းနှင့် အတူတူပင်။ ဉာဏ်ပညာ နှလုံးသားကို ထုတ်ယူလိုက်သည်နှင့် ဤသစ်ပင် လုံးဝ သေဆုံးသွားမည် ဖြစ်ပြီး ပြန်လည် ရှင်သန်နိုင်မည့် အခွင့်အရေး မရှိတော့ပေ။ သို့သော် လော်ယွမ် မစွန့်စားရဲပေ။

ယခင်မျိုးဆက် ဉာဏ်ပညာသစ်ပင်သည် အစိမ်းရင့်ရောင် အဆင့်ဖြစ်ပြီး အစိမ်းရောင် အဆင့်အတန်းတွင် ထိပ်ဆုံး ဖြစ်သည်။ ဉာဏ်ပညာ နှလုံးသား ပုံသဏ္ဌာန် မပေါ်သေးရင်တောင်မှ အတော်အတန် အာနိသင် ရှိသည်။ ယခု သစ်ပင်သည် ခရမ်းနုရောင် အဆင့်ဖြစ်ပြီး အစိမ်းရင့်ရောင်ထက် တစ်ဆင့်မြင့်သော်လည်း ခရမ်းရောင် အဆင့်အတန်းတွင် အနိမ့်ဆုံးသာ ရှိသေးသည်။

ပုံသဏ္ဌာန် မပေါ်သေးသော ဉာဏ်ပညာ နှလုံးသားသည် သူ့အပေါ် သက်ရောက်မှု ရှိနိုင်မလား ဆိုသည်ကို အာမ မခံနိုင်ပေ။ အကယ်၍ အာနိသင် မရှိပါက အချိန်အများကြီး ဖြုန်းသလို ဖြစ်သွားလိမ့်မည်။

မကြာမီ လော်ယွမ် ဉာဏ်ပညာ နှလုံးသားကို ထုတ်ယူလိုက်သည်။

ဤ ဉာဏ်ပညာ နှလုံးသားသည် လုံးဝ အနက်ရောင် ဖြစ်ပြီး လူသား ဦးနှောက်နှင့် တူသည်။ ဦးနှောက် အခွံလွှာ ပေါ်ရှိ အရေးအကြောင်းများပင် ထင်ရှားစွာ ပါရှိသည်။ သူသည် မျိုးရိုးဗီဇ ဓာတ်ခွဲခန်းတွင် တစ်လကျော်ကြာ နေခဲ့ဖူးသဖြင့် လူသား ခန္ဓာဗေဒနှင့် ဦးနှောက် တည်ဆောက်ပုံကို အစအဆုံး သိရှိထားသည်။

ယခုအခါ ဤ ဉာဏ်ပညာ နှလုံးသားနှင့် လူသားဦးနှောက်သည် ကွာခြားချက် သိပ်မရှိသည်ကို အံ့သြစွာ တွေ့ရှိလိုက်ရသည်။

သူ အမျိုးအမည်ခွဲခြားအစွမ်းကို သုံးလိုက်သည်။

အမည် - ဉာဏ်ပညာ နှလုံးသား

ရှားပါးမှု - ခရမ်းနုရောင်

အလေးချိန် - ၃၀၀ ဂရမ်

အမျိုးအစား - ဉာဏ်ပညာဆိုင်ရာ အထူးပစ္စည်း

ထပ်တိုးအစွမ်း - ဉာဏ်ပညာ +၁၊ အထူးဗီဇပြောင်းလဲမှု ဖြစ်ပေါ်ရန် ဖြစ်နိုင်ခြေ ရှိသည်။

သုံးသပ်ချက် - ၎င်းသည် အလွန်ရှားပါးသော ဉာဏ်ပညာ သစ်ပင်၏ နှလုံးသား ဖြစ်သည်။ သစ်ပင်တစ်ပင်လုံး၏ အနှစ်သာရများ စုစည်းထားသည်။ ၎င်း၏ တန်ဖိုးကို တိုင်းတာ၍ မရနိုင်ပေ။ စားသုံးလိုက်ပါက ဦးနှောက် အခွံလွှာကို လှုံ့ဆော်ပေးပြီး ဉာဏ်ပညာကို တိုးတက်စေသည်။ (ဉာဏ်ပညာ ၁၈ မှတ်နှင့် အောက်သာ အကျိုးသက်ရောက်မှု ရှိသည်)။ ထို့အပြင် အထူးဗီဇပြောင်းလဲမှု ဖြစ်ပေါ်ရန် ဖြစ်နိုင်ခြေ ရှိသည်။"

စစ်ဆေးချက် အချက်အလက်များ ဦးနှောက်ထဲတွင် ဖြတ်သန်းသွားရာ စာကြောင်း တစ်ကြောင်းကို သူ သတိထားမိလိုက်သည်။ "အထူးဗီဇပြောင်းလဲမှု ဖြစ်ပေါ်ရန် ဖြစ်နိုင်ခြေ ရှိသည်။"

သူ့မှတ်ဉာဏ် အလွန်ကောင်းသည်။ ယခင်က စားခဲ့ဖူးသော ဉာဏ်ပညာ နှလုံးသား၏ စစ်ဆေးချက်တွင် "ဖြစ်နိုင်ခြေ အလွန်နည်းပါးသည်" ဟု ပါရှိသည်။ ယခုအခါတွင်မူ "ဖြစ်နိုင်ခြေ ရှိသည်" ဟု ဖော်ပြထားသည်။ သိသာထင်ရှားသည်မှာ "ဖြစ်နိုင်ခြေ ရှိသည်" ဆိုသည်က "ဖြစ်နိုင်ခြေ အလွန်နည်းပါးသည်" ထက် ပို၍ များပြားသည်။

ဉာဏ်ပညာ နှလုံးသားကို ကြည့်ရင်း လော်ယွမ် တွန့်ဆုတ်သွားသည်။ "မြွေတစ်ခါ ကိုက်ဖူးရင် ကြိုးမြင်ရင်တောင် ကြောက်တတ်သည်" ဆိုသလိုပင်။ ခုနလေးတင်မှ အကိုက်ခံထားရသည် မဟုတ်လား။ (ခန္ဓာကိုယ် ကြီးထွားလာမှု အကြောင်းကို ရည်ညွှန်းသည်)။ ဤကိစ္စနှင့် ပတ်သက်ပြီး သူ အလွန်အမင်း သတိထားနေမိသည်။ တော်ကြာ လူမဟုတ်သော စွမ်းရည်များ ရရှိလာခြင်း၊ သို့မဟုတ် ဘေးထွက်ဆိုးကျိုးများ (ဥပမာ - ခံစားချက်မဲ့သွားခြင်း) ဖြစ်ပေါ်လာပါက နောင်တရ၍ ဆုံးတော့မည် မဟုတ်ပေ။ ဒီဗီဇပြောင်းလဲမှုက ဦးနှောက်ကနေ လာမှာ ဖြစ်သည့်အတွက် မည်မျှပင် သတိထားထား မလွန်ပေ။

မူလက ချက်ချင်း စားသုံးရန် ရည်ရွယ်ထားသော်လည်း ယခုအခါ စိတ်ပြောင်းသွားပြီး ခဏလောက် စောင့်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။ မတော်တဆမှု တစ်ခု ဖြစ်ပွားပြီးကာစ ဖြစ်၍ ကြားကာလ အချိန်တစ်ခု လိုအပ်နေသေးသည်။

ဆက်ရန်...

All Chapters