← Chapters

အခန်း (၂၇)

Vol. 3 Ch. 27

အခန်း (၂၇)

Vol. 3 Ch. 27

🌹Chapter 27

ဆယ်ရက်ခန့်ကြာပြီးနောက်…

ကျင်းချွီမြို့နယ်၊ ‘ယွင်ခယ့်လိုင်’ စားသောက်ဆိုင်တွင်…

သစ်သားဆိုင်းဘုတ်လေးများအပြည့် ချိတ်ဆွဲထားသည့် နံရံကိုလက်ညှိုးထိုးပြရင်း စားပွဲထိုးလေးက ဆိုလိုက်သည်။

“ဟိုမှာ ရေးထားတာလေးတွေ ကြည့်ပြီး ဘာသုံးဆောင်မလဲ ရွေးချယ်နိုင်ပါတယ်နော်၊ သုံးဆောင်ချင်တာ နံရံပေါ်မှာ ရှာမရရင် နာမည်ကိုသာ ရွတ်ပြလိုက်ပါ၊ မီးဖိုဆောင်က ဧည့်သည်အတွက် သီးသန့်စီစဉ်ပေးပါလိမ့်မယ်”

နံရံပေါ်မှာ သစ်သားဆိုင်းဘုတ်ငယ် အခု ၇၀ - ၈၀ ခန့်ရှိသည်။ ဆိုင်းဘုတ်တစ်ခုစီတိုင်းပေါ်မှာ ဟင်းလျာအမည်တစ်မျိုးစီ ပါဝင်ပါသည်။ ရုတ်တရက်ကြည့်လိုက်လျှင် မှင်သက်စရာပင် ကောင်းလှသည်။

ထိုသစ်သားဆိုင်းဘုတ်တွေအားလုံးကို ယန်ရုန်ရုန်တစ်ချက်လောက်ကြည့်လိုက်ပြီး တည်တည်ငြိမ်ငြိမ်ပြောလိုက်သည်။ “အကုန်လုံးကို တစ်ပွဲစီချပေးပါ”

စားပွဲထိုးလေး ကြက်သေသေသွားသည်။ သူနားကြားမှားသည်အထင်နှင့် ထပ်မေးလိုက်ပါသည်။

“အကုန်လုံးကို မှာမယ်လို့ ပြောလိုက်တာလား… ဟင်းလျာက စုစုပေါင်း ၈၉ မျိုး ရှိတာနော်!”

ယန်ရုန်ရုန် ခေါင်းညိတ်လိုက်သည်။

“အင်း”

ဒီဧည့်သည် လာနောက်နေသည်ဟု စားပွဲထိုးလေး ထင်သွားသည်။

“ဧည့်သည်က တစ်ယောက်တည်းကို အကုန်လုံးစားလို့ ကုန်ပါ့မလား”

ထိုအခါ ယန်ရုန်ရုန်က သူမဘေးမှာထိုင်နေသည့် ကောင်လေး၏ခေါင်းကိုပုတ်ရင်း ပြန်ပြောလိုက်ပါသည်။

“ငါတစ်ယောက်တည်း မဟုတ်ဘူး၊ သူလည်း ပါတယ်လေ”

စားပွဲထိုးလေး ထိုကောင်လေးကို လှမ်းကြည့်လိုက်သည်။ ကောင်လေးက အသက် ၄ နှစ် ၅ နှစ်သာ ရှိမည့်ပုံပေါက်ပြီး အနီရောင်အဝတ်အစား အသစ်စက်စက်များကို ဝတ်ဆင်ထားကာ ခေါင်းပေါ်မှာလည်း ဆံစုနှစ်ဖက်ကို ကျစ်ကာ စည်းထားသည်။

သူ့ပါးဖောင်းဖောင်းလေးများက ပန်းရောင်သန်းနေပြီး မျက်လုံးလေးများကလည်း နက်မှောင် တောက်ပနေသည်။ ရုတ်တရက် ကြည့်လိုက်လျှင် ကျောက်စိမ်းရုပ်လေးတစ်ရုပ်နှင့်ပင် ဆင်တူပြီး အလွန်ချစ်စရာကောင်းလှပါသည်။

စားပွဲထိုးလေး အကြည့်ကို သတိထားမိပြီး ကောင်လေးက သွားဖြီး ပြုံးပြလိုက်ပါသည်။ ထိုအခါ သူ့ပါးစပ်ထဲက အစွယ်လေးနှစ်ချောင်းပေါ်လာပြီး ပိုလို့ပင် ချစ်ဖို့ကောင်းသွားပါသေးသည်။

စားပွဲထိုးလေးလည်း ပြန်ပြုံးပြလိုက်သည်။

ထိုအခါ ယန်ရုန်ရုန်က ကောင်လေး၏ မေးစေ့ကို ကိုင်ရင်း ပါးစပ်လှမ်းပိတ်လိုက်သည်။

“ဘယ်နှခါ ပြောရမလဲ၊ ပါးစပ်မဟနဲ့ သွားတွေ မပေါ်စေနဲ့ဆိုတာကို”

အဆူခံရသော်လည်း ကလေးက စိတ်မဆိုးဘဲ စားပွဲထိုးလေးကိုသာ မျက်လုံးနက်နက်များဖြင့် စိုက်ကြည့်နေခဲ့သည်။

စားပွဲထိုးလေး နားမလည်နိုင်တော့ပေ။ ဘယ်လိုပဲကြည့်ကြည့် မိန်းကလေးတစ်ယောက်နှင့် ကလေးတစ်ယောက်က ဒီလောက် အစားအသောက်တွေအများကြီးကို ကုန်အောင်စားနိုင်မှာ မဟုတ်ပါ။

‘ဒီနှစ်ယောက် စားပြီးရင် မရှင်းဘဲ ထွက်ပြေးဖို့ ကြံနေတာများလား’

ထို့ကြောင့် စားပွဲထိုးလေး စမ်းသပ်လိုက်ပါသည်။

“ကျွန်တော်တို့ စားသောက်ဆိုင်က ဝိညာဉ်စွမ်းအင်ပါတဲ့ အစားအသောက်တွေကို ရောင်းချပေးတာမို့လို့ ဈေးက တော့ မပေါဘူးနော်”

ယန်ရုန်ရုန် ဝိညာဉ်ကျောက်တုံးအပြည့်ဖြည့်ထားသည့် အိတ်တစ်လုံးကို ထုတ်ကာ စားပွဲပေါ် ဘုတ်ခနဲ မြည်အောင် ပစ်တင်ပေးလိုက်ပါသည်။

“ဒီလောက်ဆို လုံလောက်ပြီလား”

ကိုင်မကြည့်လျှင်တောင် ထိုအိတ်က အလွန်လေးလံမှန်း စားပွဲထိုးလေး ခန့်မှန်းနိုင်သည်။ ထို့ကြောင့် ပမာဏကလည်း မနည်းလောက်ပေ။

စားပွဲထိုးလေး အပြုံးပိုကျယ်သွားခဲ့ပြီး ခေါင်းညိတ်ကာ ဦးညွှတ်လိုက်ပါသည်။

“လုံလောက်ပါတယ် လုံလောက်ပါတယ်! ခဏလောက်စောင့်ပေးပါနော်၊ ဧည့်သည်တော်တို့အတွက် အစားအ သောက်တွေ ချက်ချင်းသွားပြင်ဆင်ခိုင်းလိုက်ပါ့မယ်”

ထိုသို့ပြောပြီးနောက် မီးဖိုဆောင်အတွင်းသို့ စားပွဲထိုးလေး ပြန်ဝင်သွားခဲ့သည်။

မီးဖိုဆောင် တံခါးပိတ်သွားသည်နှင့် ကောင်လေး၏ ပါးကို ယန်ရုန်ရုန် ဆွဲဆိတ်လိုက်ပြီး မေးလိုက်ပါသည်။

“လျို့လန်၊ ခုနက စားပွဲထိုးကို ဘာလို့အဲ့လိုမျက်လုံးနဲ့ ကြည့်တာလဲ၊ ပြီးတော့ အဲ့အပြုံးကဘာလဲ၊ နင်ဘာတွေ ကြံစည်နေတာလဲ”

နူးညံ့ပြီးချစ်စရာကောင်းသည့် ကလေးလေးဟု ထင်လိုက်လျှင် မှားသွားပါလိမ့်မည်။ သူ့အသွင်အစစ်အမှန်က ထောင်ထျဲသားရဲ ဖြစ်သည်။

လွန်ခဲ့သည့် ဆယ်ရက်ခန့်က ချင်းရှားလျှို့ဝှက်နယ်မြေအတွင်း ယန်ရုန်ရုန် ကောင်းကင်ဘုံမိုးကြိုးအဆောင်ကို အသုံးပြုပြီး မိုးကြိုးအား ဆင့်ခေါ်ခဲ့သည်။

ယခင်တုန်းက ဒဏ်ခတ်မှုကို ယန်ရုန်ရုန် ရှောင်တိမ်းခဲ့တာကြောင့် ကောင်းကင်ဘုံ အမျက်ဒေါသ ပိုကြီးနေပုံရပြီး နှစ်တစ်ရာကျော် အငြှိုးအတေးများဖြင့် လျှို့ဝှက်နယ်မြေအား မိုးကြိးပစ်ချခဲ့သည်။

ဒီလိုမိုးကြိုးမျိုးကို မဟာအောင်မြင်ခြင်းအဆင့်ရှိ ကျင့်ကြံသူတစ်ဦးပင် ခံနိုင်ရည်ရှိမည် မထင်ပါ။ သာမန်ကျင့်ကြံသူတစ်ဦးသာဆို ချက်ချင်းပြာကျသွားနိုင်သည်။

ထိုကောင်းကင်ဘုံ မိုးကြိုးက ထောင်ထျဲသားရဲကို အလွတ်မပေးဘဲ တိတိကျကျ လိုက်ပစ်နေခဲ့သည်။ တစ်ကိုယ်လုံး မီးခိုးတွေထွက်ပြီး နာနာကျင်ကျင် အော်ညည်းရသည့်အထိ ထောင်ထျဲသားရဲ မိုးကြိုးပစ်ခံခဲ့ရသည်။

ဒီတိုင်းသာဆို ကောင်းကင်ဘုံမိုးကြိုးကြောင့်ဖြစ်ပေါ်လာသည့် လေဆင်နှာမောင်းကြီးထဲ ထောင်ထျဲသားရဲ အစိတ် စိတ်အမွှာမွှာ ဖြစ်သွားမှာ သေချာပါသည်။ ထောင်ထျဲသားရဲကြီး၏ ဝမ်းဗိုက်အတွင်းမှာ တောင်ဆယ်လုံးကို ဝါးမျိုနိုင်လောက်အောင် ကျယ်ပြောလှသည်။

သို့သော် ၎င်း၏ ဝမ်းဗိုက်အတွင်းတွင် လေမရှိပေ။ ထို့ကြောင့် ကြာလာလျှင် အသက်ရှူကြပ်သွားနိုင်သည်။

ကံကောင်းစွာဖြင့် ယန်ရုန်ရုန်က ကျင့်ကြံသူတစ်ယောက်ဖြစ်နေကာ အချိန်အတော်ကြာအောင် အသက်ရှူ အောင့်ထားနိုင်ခဲ့သည်။ သာမန်လူသာဆိုလျှင်တော့ အသက်ရှူကြပ်ပြီး သေသွားလောက်ပါပြီ။

နောက်ဆုံးတော့ ကောင်းကင်ဘုံမိုးကြိုးဒဏ်ကို ထောင်ထျဲသားရဲ ခံနိုင်ရည်မရှိတော့ဘဲ သတိလစ်သွားခဲ့လေတော့သည်။

အရေးပေါ်အခြေအနေတွေင် ခေါင်းနှစ်လုံးရွှမ်းနျောင်ငှက်ကြီး ရောက်ရှိလာခဲ့သည်။ ထောင်ထျဲသားရဲကို ၎င်း၏ ခြေသည်းများဖြင့် ဆုပ်ကိုင်ကာ ကျယ်လောင်စွာအော် ဟစ်ရင်း လေဆင်းနှာမောင်းကြီးထဲမှ ခေါ်ထုတ်လာခဲ့သည်။

ရွှမ်းနျောင်ငှက်က ထောင်ထျဲသားရဲကြီးကို မိုင်ပေါင်းထောင်ချီကွာဝေးသည့် ရှေးဟောင်းသစ်တောကြီးတစ်ခုအတွင်းသို့ ခေါ်ဆောင်လာခဲ့သည်။

ထောင်ထျဲသားရဲကတော့ သေလုမျောပါးဖြစ်နေပြီး ဗိုက်ထဲမှာလည်း အလွန်ရစ်နာနေကာ မလှုပ်မယှက် ငြိမ်သက်နေခဲ့ပါသည်။

ငှက်ပေါက်လေးက ထောင်ထျဲသားရဲပေါ်တက်ပြီး အော်လိုက်သည်။

“စနစ်ပိုင်ရှင်! မြန်မြန်ထွက်လာခဲ့တော့!”

ထောင်ထျဲသားရဲကြီး မလှုပ်မရှား ဆက်ရှိနေပြီး ယန်ရုန်ရုန်ကလည်း သူ့ဗိုက်ထဲမှာ ရှိနေဆဲပင်။ ငှက်ပေါက်ကလေး စိုးရိမ်ပူပန်သွားပြီး ခေါင်းနှစ်လုံးရွှမ်နျောင်ငှက်ကြီးကို တစ်ခုခုအော်ပြောလိုက်ပါသည်။

ယန်ရုန်ရုန်သာ သေသွားလျှင် ငှက်ပေါက်လေးလည်း ရှင်သန်နိုင်မှာ မဟုတ်ပေ။

ငှက်ပေါက်လေး၏ ရည်ရွယ်ချက်ကို နားလည်သွားဟန်ဖြင့် ရွှမ်နျောင်ငှက်ကြီး ပျံသန်းလာပြီး ထောင်ထျဲသားရဲ၏ ဝမ်းဗိုက်ကို အားပြင်းပြင်း ကန်ပစ်လိုက်ပါသည်။

ထောင်ထျဲသားရဲကြီး သွေးစွန်းနေသော ပါးစပ်ကြီးကိုဟကာ လူတစ်ယောက်အား အော့ခနဲမြည်အောင် အန်ထုတ်လိုက်လေသည်။

ယန်ရုန်ရုန်တစ်ကိုယ်လုံး တံတွေးတွေပေကျံနေပြီး အလွန်ညစ်ပတ်နေခဲ့ပါသည်။ မြေပေါ်မှာ အချိန်အတော်ကြာအောင် မထနိုင်ခဲ့ဘဲ လေကို အသည်းအသန်ရှူရှိုက်နေခဲ့ရသည်။

“နောက်ဆုံးတော့ အပြင်ရောက်ပြီ… ငါအသက်ရှူကြပ်သေတော့မလို့…”

ယန်ရုန်ရုန်ကိုယ်ပေါ်သို့ ငှက်ပေါက်လေး ပျံတက်ဖို့ ကြံလိုက်သော်လည်း တံတွေးတွေ စိုရွှဲနေတာကိုမြင်သောအခါ ဘေးနားက မြက်ခင်းပေါ်ကိုသာ ပြန်ဆင်းနေလိုက်ပါသည်။

“စနစ်ပိုင်ရှင် အဆင်ပြေရဲ့လား”

ယန်ရုန်ရုန် အားနည်းချည့်နဲ့စွာ ပြုံးလိုက်သည်။

“စိတ်မပူပါနဲ့ ငါမသေသေးဘူး”

အသက်ဘေးမှ လွတ်မြောက်လာသဖြင့် ပျော်ဖို့ကြံရုံရှိသေးသည်။ ထောင်ထျဲသားရဲကြီး ရုတ်တရက် နိုးထလာတာကို ယန်ရုန်ရုန် မြင်လိုက်ရပါသည်။ သူမကို ထပ်စားဖို့ ကြံမှာစိုးရိမ်သဖြင့် ယန်ရုန်ရုန် အဝေးသို့ ထွက်ပြေးရန် ကြိုးစားလိုက်သည်။

ခေါင်းနှစ်လုံး ရွှမ်နျောင်ငှက်ကြီးကလည်း အတောင်တွေဖြန့်ပြီး သူ့ ‘အဖိုးတန်ငှက်ပေါက်လေး’ကို ကာကွယ်ပေးလိုက်သည်။

သို့သော် ထောင်ထျဲသားရဲက ရေရွတ်လိုက်သည်။

“မေမေ-“

ယန်ရုန်ရုန် ကြက်သေသေသွားခဲ့ရသည်။ မျက်လုံးတွေလည်း မယုံကြည်နိုင်မှုများဖြင့် ပြူးကျယ်သွားခဲ့သည်။ သူမ ကယောင်ချောက်ချားတွေ ကြားနေတာဖြစ်မည်ဟု ထင်သွားခဲ့သည်။

‘ဘယ်လိုခေါ်လိုက်တာ…’

ယန်ရုန်ရုန်၏ သံသယများကို ရှင်းလင်းပေးဖို့အလား ထောင်ထျဲသားရဲက ထပ်‌ခေါ်လိုက်ပါသည်။

“မေမေ”

ယန်ရုန်ရုန်: “…”

သူ့လေသံက အလွန်လေးပင်နေပြီး ငိုသံများပင် ပါနေပါသည်။ မိုးကြိုးကြောင့် ထောင်ထျဲသားရဲကြီး ဒဏ်ရာရသွားရုံသာမကဘဲ ဦးနှောက်ပါ ပျက်သွားခဲ့လေသည်။

ထောင်ထျဲသားရဲက လူသားစားမကောင်းဆိုးဝါးဖြစ်မှန်း ယန်ရုန်ရုန် သိပါသည်။ ဒီတိုင်းသာလွှတ်ပေးထားလိုက်ပါက အပြစ်မဲ့သူတွေ သေဆုံးရလိမ့်မည်။ ထို့ကြောင့် ဘေးမဲ့ပေးလိုက်ပြီး လူတွေကို ထိခိုက်စေမည့်အစား သူမမျက်စိအောက်မှာ ထိန်းသိမ်းထားတာက ပိုကောင်းပါလိမ့်မည်။

ဘေးကင်းလုံခြုံစေဖို့အတွက် ယန်ရုန်ရုန် ဝိညာဉ်သားရဲစာချုပ်တစ်ခု ချုပ်ခဲ့သည်။ စာချုပ်အသက်ဝင်သွားသည်နှင့် သူမက သခင်ဖြစ်ပြစ်သွားပြီး ထောင်ထျဲသားရဲက သူမ၏ အိမ်မွေးတိရိစ္ဆာန်ဖြစ်သွားခဲ့ပါပြီ။

အာနိသင်က ချက်ချင်းပြခဲ့သည်။ ထိုအချိန်ကစပြီး သူမဘယ်သွားသွား အနောက်မှ တကောက်ကောက်လိုက်ကာ ‘မေမေ’ဟုသာ ခေါ်နေပြီး ခါချလို့မရသည့် ပီကေတစ်ခုလို လိုက်ကပ်နေခဲ့သည်။

ထောင်ထျဲသားရဲကို အကျဉ်းထောင်ထဲ ထည့်ချုပ်ထားပြီး ယန်ရုန်ရုန်ထွက်ပြေးဖို့ ကြိုးစားခဲ့ဖူးသည်။ သို့သော် ထိုသတ္တဝါ အမျက်ဒေါသထွက်ကာ အကျဉ်ထောင်တံခါးကို ဝါးမျိုဖျက်ဆီးခဲ့ပြီး ဖြတ်သွားဖြတ်လာ အမဲလိုက်သမားတစ်ဦးကိုပါ သတ်စားမိလုနီးပါး ဖြစ်သွားခဲ့သည်။

ကံကောင်းစွာဖြင့် ယန်ရုန်ရုန် အချိန်မီရောက်ရှိလာပြီး အမဲလိုက်သမားကို ကယ်တင်ပေးနိုင်ခဲ့ပါသည်။

All Chapters