ကျင့်ကြံခြင်းကမ္ဘာထဲ ကူးပြောင်းလာသော ယန်ရုန်ရုန်သည် နှစ်ပေါင်းတစ်ရာကျော်တိုင်အောင် "အလိုတော်ကျ ကပ်ဖား" ဘဝနဲ့ အသည်းအသန် ကြိုးစားခဲ့ရသည်။ ခက်ခက်ခဲခဲ ရုန်းကန်ပြီးတဲ့နောက် ဓားနတ်ဘုရား၊ မိစ္ဆာဘုရင်၊ နတ်ဆိုးအရှင်သခင်နဲ့ ဝိညာဉ်ဧကရာဇ်တို့ရဲ့ ကြည်ဖြူမှု Level ကို ၁၀၀ အပြည့်ရလာခဲ့သည်။ အိမ်ပြန်ရတော့မည်ဟုပျော်နေစဉ် ရုတ်တရက်ဆိုသလို စနစ်ချွတ်ယွင်းသွားပြီး ကြိုးစားခဲ့သမျှအကုန် သဲထဲရေသွန်ဖြစ်သွားတော့သည်။ ယန်ရုန်ရုန်: "ရတယ်လေ! ငါ့ကို ဒီလို ကစားချင်ကြာတယ်ပေါ့! အဲ့တာဆို ငါရူးသွပ်သွားတဲ့အခါ လာအပြစ်မတင်ကြနဲ့!" ဓားနတ်ဘုရား: "ငါ့ အပေါ်ထားခဲ့တဲ့ ကတိသစ္စာတွေက အခုတော့ ဘာတန်ဖိုးမှ မရှိတော့ဘူးလား" ယန်ရုန်ရုန်: "နက်ရှိုင်းတဲ့ သံယောဇဉ်ဆိုတာ အိုမင်းတဲ့အထိ ခိုင်မြဲနေဖို့ မလိုပါဘူး၊ ကတိသစ္စာဆိုတာကလည်း နားထောင်လို့ကောင်းအောင် ပြောကြတာပဲလေ" မိစ္ဆာဘုရင်: "မင်းပြောတော့ ငါ့ကို တစ်သက်လုံးချစ်သွားမယ်ဆို!" ယန်ရုန်ရုန်: "ရှင့်ကို ချစ်မယ်လို့ပဲ ပြောတာလေ 'ရှင့် တစ် ယောက်တည်း' ကိုပဲ ချစ်မယ်လို့ ပြောခဲ့တာမှ မဟုတ်တာ" နတ်ဆိုးအရှင်သခင်: "မင်းမှာ ရည်းစားဟောင်းတွေ ဘယ် လောက်တောင် ရှိနေတာလဲ" ယန်ရုန်ရုန်: "ဘာရည်းစားဟောင်းလဲ ? အကုန်လုံးက ကျွန်မကို အချစ်ရေးရာ အတတ်ပညာတွေ သင်ကြားပေးခဲ့တဲ့ ဆရာသမားတွေချည်းပဲ!" ဝိညာဉ်ဧကရာဇ်: "မင်းနဲ့ သူတို့ကြားက ပတ်သက်မှုက ဘာလဲ" ယန်ရုန်ရုန်: "အချစ်အပေါ် တာဝန်ယူချင်တဲ့ စိတ်ကြောင့် ဘယ်သူ့ကိုမှ 'အတည်ပြုချက်' မပေးခဲ့ဘူး၊ အဲ့ဒါကြောင့် ကျွန်မက ဖောက်ပြန်တဲ့သူ မဟုတ်ဘူး၊ ခေါင်းစဉ်တပ်လို့မရတဲ့ ပတ်သက်မှုလေးတွေပဲ ချန်ထားခဲ့ရုံပါ"

