← Chapters

အခန်း (၁၂၁)

Vol. 13 Ch. 121

အခန်း (၁၂၁)

Vol. 13 Ch. 121

🥝 Chapter 121

လျန်ဟော့ကျီသည် မြေပြင်ပေါ်တွင် ဒူးထောက်လျက်ရှိနေပြီး၊ ထဖို့ရန် မစွမ်းသာတော့ပေ။

သူ ကျင်းမိသားစုဘက်မှ ရပ်တည်ကြောင်းသေချာလေလေ၊ စောစောက စုကျို၏ပစ္စည်းချင်းလဲလှယ်မှုကို အထင်သေးခဲ့လေလေ၊ ယခု သူ ပိုနောင်တရလေလေဖြစ်သည်။

ကျင့်ကြံသူတစ်ဦး၏ အဆင့်တက်ခြင်းကျရှုံးမှုသည်၊ ဒန်ထျန်ထိတ်လန့်ဖွယ်ရာ ထိခိုက်ဒဏ်ရာ ရရှိစေပြီး၊ နောက်ပြောင်စရာ ကိစ္စမဟုတ်ပေ။

လျန်ဟော့ကျီသည် သွေးထွက်သည်အထိ နှုတ်ခမ်းကို ကိုက်ထားပြီး၊ နာကျင်မှုကြောင့် အော်ဟစ်မိမည့်အဖြစ်မှ မနည်း ထိန်းထားရလေသည်။ တစ်ချိန်က ထိန်းမနိုင်သိမ်းမရ ဖြစ်ခဲ့ဖူးသော သူ့အနီရောင် ဆံပင်များသည် ယခုအခါ လုံးဝပျော့ခွေနေပြီး၊ ချက်ချင်းချွေးများဖြင့် ရွှဲနစ်ကာ၊ ဦးရေပြားနှင့် ကပ်နေလေသည်...

စုကျိုပင်လျှင်၊ မော့ကြည့်လိုက်သောအခါ သူ့အနီရောင် ဆံပင်များ၏ ထိပ်တွင် အနက်ရောင် ဆံပင်များ ပေါ်ထွက်နေသည်ကို သတိထားမိလိုက်လေသည်။

သူ ထွက်နေသော ချွေးများသည် အမှန်တကယ်တွင် အနီရောင်ဖြစ်နေလေသည်။

“ဘာ စီနီယာအစ်ကိုကြီး လျန်ဟော့ရဲ့ ဆံပင်အနီရောင်က သဘာဝ မဟုတ်ဘူးလား”

“သူ့ရဲ့ မွေးရာပါ မီးဓာတ်ဝိညာဉ်အမြစ်ကြောင့် သူ့ဆံပင်တွေ အနီရောင်ပြောင်းသွားတာလို့ ငါ ထင်ခဲ့တာ”

ဘေးနားရှိ တောက်ဟယ်နှင့် မူချင်းချုးတို့သည် အတော်လေး အံ့အားသင့်သွားကြလေသည်။

လျန်ဟော့ကျီ ခန္ဓာကိုယ်သည် ယိမ်းယိုင်နေဆဲဖြစ်သည်— “...”

သူ တကယ်ကို ပြောစရာစကားမဲ့သွားလေသည်။ သူ သေတော့မလို ခံစားနေရချိန်တွင်၊ ဒီလူတွေက သူ့ဆံပင် အရောင်ကို စိတ်ပူနေကြသည်တဲ့လား။

“ငါ ပန်းရည်နဲ့ ဆိုးထားတာ... ဘယ်လိုလဲ...”

ဒါ အသင်းဖော် ဟုတ်သေးရဲ့လား။

သူ ကျင်းချန်ကိုသာ အသိအမှတ်ပြုခဲ့ပြီး၊ သူတို့ကို အသင်းဖော်အဖြစ် အရင်ကမစဉ်းစားခဖူးမှန်း ဝန်ခံသော်လည်း…

ဟင်း

လျန်ဟော့ကျီသည် တုန်ရီစွာဖြင့် ခြေချိတ်ထိုင်လိုက်ပြီး၊ ယခုအခါ ဆံပင်များ လုံးဝနက်မှောင်နေကာ၊ ခန္ဓာကိုယ်တစ်ခုလုံး ဒန်းပန်း ဆိုးဆေးများ ပေကျံနေသော စုကျိုကိုကြည့်လိုက်လေသည်။

“ဒါကို ကျင်းချန် သင်ပေးခဲ့တာ၊ လောကကြီးထဲ ရောက်နေတဲ့အခါ၊ ကိုယ့်ကိုယ်ကိုယ် ကိုယ်ပိုင် အမှတ်အသား ပေးရတယ်တဲ့”

“လူတိုင်းကို မီးဓာတ် ဝိညာဉ်အမြစ်ရဲ့ထိတ်လန့်မှုကို ပေးဖို့လေ”

“...”

အဆင့်တက်ခြင်းကျရှုံးသွား၍ စိတ်ဓာတ်ကျနေသော စုကျိုသည် မျက်နှာမော့လိုက်လေသည်။

သူ့ မျက်နှာထားသည် ရှုပ်ထွေးနေ၏။

“ကျွန်မ အဆင့်တက်ဖို့ စိတ်လှုပ်ရှားနေတာ၊ စီနီယာအစ်ကိုကြီးလျန်ဟော့၊ နောက်ပြောင်တာတွေရပ်ပြီး ကျွန်မကို ထိခိုက်အောင် မလုပ်ဘဲ နေပေးလို့ရမလား”

“...”

လျန်ဟော့ကျီ ပါးစပ်ထဲတွင် သွေးအရသာပြန်ရလာလေသည်။

ကယ်ကြပါ

ဘယ်လို အဆင့်တက်ခြင်းမျိုးကို သူမ ပြောနေတာလဲ။

ဒန်ထျန်ကိုသုံးပြီး အဆင့်တက်ဖို့ လုပ်နေပြီးတော့၊ သူမကို ထိခိုက်အောင်မလုပ်နဲ့လို့ သူ့ကို ပြောရဲသေးတယ်။

ဒါပေမဲ့ သူ စုကျိုကို မငြင်းရဲပေ။ သူ ပါးစပ်ဟလိုက်သည်နှင့်၊ ကျင်းချန်ကိုသာ နာခံတတ်သော ပုံမှန်မာနကြီးပြီး ထိန်းမနိုင်သိမ်းမရ ဖြစ်သော အမူအရာသည်၊ စုကျိုအား အားနည်းစွာပြုံးပြမှုအဖြစ်ပြောင်းလဲသွားလေသည်။

“အခြေတည်အဆင့်ကို ဖောက်ထွက်ဖို့အတွက်၊ ဒန်ထျန်တစ်ခုလုံးထဲက ဝိညာဉ်မြူခိုးတွေကို ရှင်းလင်းပစ်ဖို့လိုတယ်”

“အတိတ်တုန်းက ဆေးလုံးတွေ အများကြီး သောက်ထားတဲ့ အဆိပ်အတောက်တွေက နင့် ဒန်ထျန်ထဲမှာ စုပုံနေလိမ့်မယ်၊ ပြီးတော့ အခြေတည်အဆင့် ရောက်တဲ့အချိန်မှာ အဲဒါတွေ အကုန်လုံးကို အတင်းအဓမ္မထုတ်ပစ်ဖို့လိုတယ်”

“စုကျို... ဂျူနီယာညီမလေး စု... နင့်ရဲ့ ဝိညာဉ်စွမ်းအင်ကို မျက်လုံးထဲ စုစည်းလိုက်ပြီး သေချာကြည့်စမ်း၊ နင့် ဒန်ထျန်ထဲက ဝိညာဉ်မြူခိုးတွေ ထဲမှာ အညစ်အကြေးတွေ အများကြီးရှိနေလား”

ခြေချိတ်ထိုင်နေခဲ့သည်မှာ ကြာပြီဖြစ်သော လျန်ဟော့ကျီသည် နောက်ဆုံးတွင် သတိပြန်ဝင်လာလေသည်။

သူ အလွှာ ၄၀ မှလမ်းကြောင်းအတိုင်း ရေပူကန်ဆီသို့ အမှန်တကယ် တွားသွားတက်လာခဲ့ခြင်းဖြစ်သည်။

သူ စုကျိုကို တစ်ဆင့်ချင်းလမ်းညွှန်ပြသလေသည်။

“နင့်ရဲ့ ဝိညာဉ်စွမ်းအင်ကို တူတွေအဖြစ်သုံးပြီး၊ နင့်ရဲ့ ဝိညာဉ်အာရုံကို မျက်လုံးတွေအဖြစ်သုံးပြီးတော့ နင့်ဒန်ထျန်ထဲက အပြစ်အနာအဆာတွေကို ရှာဖွေလိုက်”

“အညစ်အကြေးတွေကို မြန်မြန်ရွေးထုတ်လိုက်”

“ချီလမ်းကြောင်းတွေ တစ်လျှောက် နင့်လက်ချောင်းထိပ်တွေကနေတဆင့် အဲဒါတွေကို အတင်းအဓမ္မထုတ်ပစ်လိုက်”

အော် အဲဒီလိုကိုး

စုကျို နောက်ဆုံးတွင် သူ ဘာကြောင့် ကျရှုံးခဲ့ရသလဲဆိုတာကို နားလည်သွားလေသည်။

သူမသည် အမှန်တကယ်တွင် မဟာကျင့်ကြံသူလုကျိကျောင်း ရေးသားခဲ့သော အဆင့်တက်ခြင်း နည်းစနစ်များကို ဖတ်ရှုခဲ့ပြီးဖြစ်သည်။

လုကျိကျောင်းသည် ရှုပ်ထွေးသော ကိစ္စရပ်များကို ရိုးရှင်းစေရန် နှစ်သက်သဖြင့် တစ်လုံးချင်းစီ ပြောကြားခဲ့ခြင်းဖြစ်သည်။

သူ့ လျှို့ဝှက်ကျမ်းစာသည် အမှန်တကယ်ပင် စိတ်ကူးယဉ်ဆန်လွန်းလေသည်။

သူ့တပည့်များ သိထားသင့်သည်ဟု သူထင်သော အဆင့်များစွာကို ချန်လှပ်ထားခဲ့ပြီး၊ အကယ်၍ လူသစ်တစ်ဦးသာ ၎င်းတို့ကို လိုက်နာပါက၊ ကျရှုံးမှုဆီသို့ တိုက်ရိုက် ဦးတည်သွားစေလိမ့်မည်။

လျန်ဟော့ကျီ ထွက်လာပြီး စုကျိုကို တစ်ဆင့်ချင်း သင်ပေးလေသည်။

သူ့ဘေးနားတွင်၊ ချန်ယွမ့် အကြည့်များ နက်ရှိုင်းသွားပြီး၊ လေးနက်သော အမူအရာဖြင့် သူ့အပေါ်သို့ ကျရောက်လာလေသည်။

“နင် သင်ယူပြီးပြီလား၊ ဂျူနီယာညီမလေးစု နားမလည်ရင် ပြောနော်”

လျန်ဟော့ကျီသည် စုကျို မတတ်မြောက်မှာကြောက်သဖြင့် စိတ်ရှည်လက်ရှည်လမ်းညွှန်ပေးနေလေသည်။

“စိတ်မလောပါနဲ့၊ နင် နားမလည်ရင် ငါ ထပ်ရှင်းပြပေးမယ်”

“ကျွန်မ နားလည်ပါတယ်၊ အစ်ကိုကြီး ရှင်းပြတာ ဆယ်ကြိမ်တောင်ရှိနေပြီ”

“...တကယ်လား”

စုကျိုသည် သူ့ဒန်ထျန်ပေါ်တွင် နောက်တစ်ကြိမ် ထပ်စမ်းသပ်ချင်နေသဖြင့်၊ လျန်ဟော့ကျီမှာ မျက်ရည်ကျလုနီးပါး ဖြစ်နေလေသည်။

“တခြားတစ်ယောက်ရဲ့ ဒန်ထျန်ကို သုံးလို့ မရဘူးလား”

ဘာလို့ သူတစ်ယောက်တည်း ဒဏ်ရာရနေရတာလဲ

သူသည် လဲ့ကျယ်နှင့် အခြားနှစ်ယောက်ကို ကြည့်လိုက်ရာ၊ တဖြည်းဖြည်း ရူးသွပ်လာတော့မလိုဖြစ်နေလေသည်။

စုကျို တိတ်ဆိတ်နေလိုက်သည်။

“စီနီယာအစ်ကိုကြီး လျန်ဟော့၊ ဒီပစ္စည်းတွေကို မလိုချင်ဘူးလို့ အစ်ကိုကြီးပဲ ပြောခဲ့တာလေ၊ ကျွန်မ အစ်ကိုကြီးကို ရွေးချယ်ခွင့်ပေးခဲ့ပါတယ်”

“ကျွန်မတို့ကြားမှာ ရန်ငြိုးမရှိဘူးလို့ ကျွန်မ ပြောပြီးသားပါ၊ ဘာလို့ ဒီလိုဖြစ်နေရတာလဲ”

“အစ်ကိုကြီးက နားမထောင်ဘဲ၊ ဒီဒန်ထျန်တွေကို လက်ခံဖို့ ကျွန်မကို ဇွတ်အတင်း ပြောခဲ့တာလေ”

လျန်ဟော့ကျီ မျက်လုံးများ မှိတ်လိုက်သည်— “...”

“လူငယ်လေး၊ အနာဂတ်မှာ ဒီလောက်ကြီးခေါင်းမမာပါနဲ့” စုကျို သူ့ကို နှစ်သိမ့်လိုက်လေသည်။

ကျူးပိုင်ယွီအသံသည် အခြား ရေပူကန်တစ်ခုဆီမှ ရုတ်တရက်ထွက်ပေါ်လာသည်။

“စီနီယာအစ်ကိုကြီး လျန်ဟော့၊ ကိုယ်ခန္ဓာထုံဆေး လေလံပွဲစပြီ၊ ဈေးနှုန်းက တစ်လုံးကို တစ်ထောင်တောင်ရောက်နေပြီ”

“အစ်ကိုကြီး လေလံဆွဲချင်လား”

ဘာ၊ တစ်လုံးကို တစ်ထောင်တောင်လား ?

ဓားပြတိုက်နေတာလား ?

လျန်ဟော့ကျီ ခေါင်းလှည့်လိုက်သည်။

ကျူးပိုင်ယွီ လျှာသပ်လိုက်သည်။

“ငါ အနီးနားက ကိုယ်ခန္ဓာထုံဆေးတွေ အကုန်လုံးကိုလိုက်ရှာခဲ့တာ၊ နောက်ပိုင်း ယင်လီ သိသွားတော့၊ ခေါင်းဆောင်ကျင်းချန်က မိုင်ငါးရာအကွာအဝေးမှာရှိတဲ့ ကိုယ်ခန္ဓာထုံဆေးတွေ အကုန်လုံးကိုလိုက်ရှာခိုင်းခဲ့တာလေ”

“ငါ ဒီနေ့ ကိုးလုံးယူလာခဲ့တာ၊ လေလံပွဲက တစ်ဝက်ကျိုးနေပြီ ဆိုတော့၊ သုံးလုံးပဲ ကျန်တော့တယ်”

“...”

လျန်ဟော့ကျီ မျက်လုံးပြူးသွားလေသည်။

ကျင်းချန်အတွက် ဒီကိုယ်ခန္ဓာထုံဆေးတွေကိုရှာပေးဖို့ တစ်ယောက်ယောက်ကို သူ ခိုင်းခဲ့ခြင်းဖြစ်သည်။

အသက်ရှူကျပ်လိုက်တာ

လျန်ဟော့ကျီသည် စုကျိုဘက်သို့ လှည့်ကာ လက်ဟန်ပြလိုက်သည်။

“ဂျူနီယာညီမလေး ခဏလေးစောင့်၊ ငါ ကျင်းချန် ဆီ သွားတောင်းပေးမယ်!”

“ငါ ဆေးသောက်လိုက်မယ်၊ ပြီးရင် နင် အဆင့်တက်လို့ရပြီ”

စုကျို မျက်ခုံးပင့်လိုက်သည်။ လူတွေကြားက ယုံကြည်မှု ဘယ်ရောက်သွားလဲ။

ဒီတစ်ခါ သူမ ကျရှုံးမယ်လို့ အဲဒီလောက်တောင် သေချာနေတာလား။

ကျွတ် ကျွတ် ကျွတ်

လျန်ဟော့ကျီ ရှာတွေ့ခဲ့သော ကျင်းချန်သည် ဖြည်းညှင်းစွာနိုးလာခါစ ရှိသေးသည်။

သူ့ဂျူနီယာညီလေးလုံကျင်းချန် ပျောက်ဆုံးနေရုံသာမက၊ သူ့သိုလှောင်အိတ် အများအပြားပါ မွှေနှောက်ခံထားရကြောင်း သူ အမြန် တွေ့ရှိသွားလေသည်။

“ခေါင်းဆောင်ကျင်းချန်၊ မဟုတ်ဘူး၊ ကျင်းချန်၊ ငါ မင်းကို ပေးထားတဲ့ ဓားပြန်ပေး! နင်က မိန်းကလေးတွေ အများကြီးဆီက ဓားတွေကို လက်ခံထားတာပဲ!”

“ကျင်းချန်၊ နင် ငါ့ကို အရမ်းလှည့်စားခဲ့တယ်! နင့်ဘာသာ သုတေသနလုပ်ထားပါတယ်ဆိုတဲ့ လေးရှည်ကြီး၊ လိမ်ညာတဲ့ကောင်! ငါ နင့်ကို ပေးထားတဲ့ ဒုတိယအဆင့်ကျောက်သလင်း ဘယ်မှာလဲ။ ပြန်ပေး!”

“ငါ... ငါ အရင်က နင့်ဆီ ရေးပေးခဲ့တဲ့ ချစ်စာတွေ ပြန်ပေးနိုင်မလား”

“စီနီယာအစ်ကိုကြီးကျင်းချန်၊ ကျွန်မ ပေးထားတာတွေ အကုန်ပြန်ပေး!”

ကျင်းချန်သည် ပုံရိပ်ယောင်ကိုကြည့်လိုက်ပြီး ဘာဖြစ်ခဲ့သလဲဆိုတာကို သဘောပေါက်သွားလေသည်!

စုကျိုသည် လူတိုင်း သူ့အားပေးထားသော လက်ဆောင်များကို သူ့သိုလှောင်အိတ်များထဲမှ အမှန်တကယ် ပုံတူကူးယူသွားခဲ့ခြင်းဖြစ်သည်; မိသားစုပေါင်းရာချီထံမှ လက်ဆောင်များကို သူ လက်ခံခဲ့ခြင်းအား ဖုံးကွယ်ထား၍မရတော့ပေ!

[သခင်လေး ကျင်းချန်၊ မိသားစုခေါင်းဆောင်က သင့်ကို သင့်လုပ်ရပ်တွေအပေါ်ပြန်လည်သုံးသပ်ဖို့ အိမ်ကို ချက်ချင်းပြန်လာဖို့ အမိန့်ပေးလိုက်တယ်!]

[အင်အားကြီးမျိုးနွယ်စုတွေရဲ့ သားစဉ်မြေးဆက် အများအပြားက သူတို့ရဲ့ ခံစားချက်တွေကိုလှည့်စားမှုနဲ့ သင့်ကို တရားစွဲထားပြီး၊ အခု ကျင်းမိသားစုဆီက ရှင်းပြချက်တောင်းဆိုနေကြတယ်။]

[ငါတို့ရဲ့ ဝိညာဉ်လက်မှုပညာရှင် ကျင်းမိသားစုက ဒီလောက်အရှက်ကွဲတာမျိုး တစ်ခါမှမကြုံဖူးဘူး၊ ကျင်းမိသားစုက မိသားစုတစ်ခုချင်းစီကို ရှင်းပြချက်ပေးရလိမ့်မယ်။]

ကျင်းချန် မျက်နှာထားသည် ဗလာဖြစ်ကာ ကြောင်အမ်းအမ်းဖြစ်နေလေသည်။

ဒါက ဘာအဓိပ္ပာယ်လဲ ?

သူ့မိသားစုက သူ့ကို စွန့်ပစ်လိုက်ပြီလား ?

မဖြစ်နိုင်ဘူး၊ လုံးဝ မဖြစ်နိုင်ဘူး။

တစ်ရက်တည်းနဲ့ သူက ကောင်းကင်ဘုံကနေ မြေကြီးဆီ ပြုတ်ကျသွားတာလား။

မဟုတ်ဘူး

ဒီကမ္ဘာကြီးက အစွမ်းသတ္တိကို အရာအားလုံးထက် တန်ဖိုးထားတယ်!

သူက ရွှေအမြုတေ ဖွဲ့စည်းဖို့ ခရီးတစ်ဝက်ရောက်နေပြီ၊ မျိုးဆက်သစ်တွေကြားက တက်သစ်စကြယ်ပွင့်တစ်ပွင့်ပဲ!

“ငါက ဝိညာဉ်ပိုးကောင်းဂေဟာကိုကိုယ်စားပြုတယ်၊ ငါက ကျင်းမိသားစုဆီ ဂုဏ်ယူစရာတွေယူဆောင်လာပေးနိုင်ပြီး ထိပ်သီးဆယ်ဦး နတ်လမ်းစဉ် ပြိုင်ပွဲမှာအနိုင်ရနိုင်တယ်!”

“ထိပ်သီးဆယ်ဦး နတ်လမ်းစဉ်ရဲ့ ခေါင်းဆောင်ဖြစ်လာပြီး ပြိုင်ပွဲမှာ အနိုင်ရသရွေ့၊ ကျင်းမိသားစုနာမည်ကြီးလာမှာ၊ ပြီးတော့ လူတိုင်း ငါ့နာမည် ကျင်းချန်ဆိုတာကို သိသွားကြမှာ!”

[ကောင်းပြီ၊ ဒါဆိုရင် မိသားစုခေါင်းဆောင်က ပြောတယ်၊ သင့်ကို နောက်ထပ် အခွင့်အရေးတစ်ကြိမ်ပေးမယ်တဲ့]

[အကယ်၍ သင် ကျရှုံးရင်၊ သင် ကျင်းမိသားစုဆီပြန်လာပြီး တံခါးပိတ်ကျင့်ကြံရမယ်။]

တံခါးပိတ်ကျင့်ကြံခြင်း။

အဲဒါက သူ အိမ်ထဲကနေ ဘယ်တော့မှပြန်ထွက်လာနိုင်တော့မှာ မဟုတ်ဘူးလို့ ဆိုလိုတာပဲ။

ကျင်းမိသားစုက ဂုဏ်သတင်းကို အမြဲတမ်းတန်ဖိုးထားတယ်၊ အသုံးမကျတဲ့ လူတွေက မအောင်မြင်တဲ့ ဝိညာဉ်လက်နက်တွေလိုပဲ၊ နေ့အလင်းရောင်ကို ဘယ်တော့မှ မြင်ရမှာမဟုတ်တော့ဘူး။

ကျင်းချန် အတွေးများထဲ နစ်မြောသွားလေသည်။

သူ အံကြိတ်လိုက်သည်။ ကျင်းမိသားစု သူ့တန်ဖိုးကို ပြန်မြင်လာစေဖို့အတွက် သူ ဒီ ထိပ်သီးဆယ်ဦး နတ်လမ်းစဉ်ပြိုင်ပွဲကို အနိုင်ရမှဖြစ်မယ်။

သို့သော် မကြာမီ၊ ဝိညာဉ်ပိုးကောင်းဂေဟာ၏ကောင်းကင်ထက်တွင် စာသားတစ်ကြောင်း ပေါ်လာလေသည်။

[အလွှာ ၃၅ မှ ကျင်းချန်သည် တစ်လအတွင်း စုကျိုနှင့် တစ်ယောက်ချင်း ယှဉ်ပြိုင်ကွင်းတွင် ယှဉ်ပြိုင်ရမည်။]

[လောင်းကြေး - အခြေတည်အဆင့် ထိပ်သီးအဖွဲ့ဝင်နေရာ။]

[အနိုင်ရရှိသူသည် အခြေတည်အဆင့်ထိပ်သီးအဖွဲ့ထဲသို့ ဝင်ရောက်ရမည်ဖြစ်ပြီး၊ ထိပ်သီးဆယ်ဦး နတ်လမ်းစဉ်ပြိုင်ပွဲ၌ ဝိညာဉ်ပိုးကောင်းဂေဟာ ကိုကိုယ်စားပြုရမည်။]

ကျင်းချန် စူးစူးဝါးဝါးကြည့်လိုက်လေသည်။

ကိုယ်ခန္ဓာထုံဆေးတောင်းရန် လှည့်ထွက်သွားသော လျန်ဟော့ကျီသည်လည်း စိန်ခေါ်စာတစ်စောင် လက်ခံရရှိလိုက်လေသည်။

All Chapters