အခန်း (၁၂၂)
Vol. 13 Ch. 122
🥝 Chapter 122
[အလွှာ ၃၀ မှ ကျူးပိုင်ယွီသည် လျန်ဟော့ကျီကို တစ်ယောက်ချင်း ယှဉ်ပြိုင်ကွင်းတွင် စိန်ခေါ်သည်]
[လောင်းကြေး - အခြေတည်အဆင့် ထိပ်သီးအဖွဲ့ဝင်နေရာ]
[အလွှာ ၃၀ မှ လဲ့အော်သည် လဲ့ကျယ်ကို တစ်ယောက်ချင်းယှဉ်ပြိုင်ကွင်းတွင် စိန်ခေါ်သည်...]
[အလွှာ ၃၀ မှ လိုကျားသည် တောက်ဟယ်ကိုစိန်ခေါ်သည်...]
[အလွှာ ၃၀ မှ ယင်လီသည် မူချင်းချုးကိုစိန်ခေါ်သည်...]
ဂိုဏ်းသားအားလုံးသည် ဤအလွှာဖြတ်ကျော် စိန်ခေါ်စာများကိုမြင်တွေ့လိုက်ရလေသည်။
ယခုအချိန်တွင်၊ ကုသိုလ်တော် ရေပူကန်ဘေး၌၊ လေလံပွဲ ပြီးဆုံးသွားပြီဖြစ်ကာ၊ စုကျိုသည် သူမ အနိုင်ရရှိမှုများကို ရှင်းလင်းပြီး၊ သတင်းအချက် အလက် အမျိုးမျိုးကိုသိရှိသော ယင်လီအားအသုံးဝင်သည့် ဝိညာဉ်လက်နက်များနှင့် လဲလှယ်ပေးရန်တောင်းဆိုလိုက်လေသည်။
အောက်ခြေအဖွဲ့ဝင်များသည် စုကျိုနှင့်စကားပြောနေသော လဲ့ကျယ်နှင့် သူ့အဖော်သုံးဦးကိုပြုံးပြလိုက်ကြသည်။
“လေလံပွဲ ပြီးသွားပြီ”
“ငါတို့က အဆင့်လည်းမတက်ရသေးဘူး၊ ပြီးတော့ ဒီအတိုင်းအချိန်ဖြုန်းနေကြတာပဲ၊ ငါတို့ လေ့ကျင့်ရေးပွဲလေး တစ်ပွဲလောက်ပြိုင်ရင် ဘယ်လိုလဲ”
သူတို့သည် ရေပူကန်ထဲတွင်ထိုင်ရင်း ပျင်းရိလွန်းသဖြင့်၊ လဲ့ကျယ်အဖွဲ့ထံသို့ စိန်ခေါ်စာများကို တိုက်ရိုက်ရေးသားပေးပို့လိုက်ကြခြင်းဖြစ်သည်!
လဲ့ကျယ်သည် သူ့ကိုစိန်ခေါ်ထားသော သူ့တပည့်လဲ့အော်ကို တစ်ချက်ကြည့်လိုက်သည်။
“ငါ ဂရုမစိုက်ပါဘူး၊ မင်းတို့ကို ဘယ်အချိန်မဆိုကြိုဆိုပါတယ်”
ဘောင်းဘီရှည်ကိုခေါက်တင်ထားပြီး ငါးမျှားတံကို ပခုံးပေါ်တွင် ပေါ့ပါးစွာတင်ထားကာ တံငါသည်တစ်ဦးကဲ့သို့ ဝတ်ဆင်ထားသော တောက်ဟယ်သည် ရေပူကန်ထဲတွင် ဘုန်းကြီးဝတ်ရုံကိုချွတ်ထားသော လိုကျားကို မျက်လုံးမှေး၍ကြည့်လိုက်လေသည်။
“ဓားဖျက်သိုင်း ပါရမီရှင်လား ? ဂျူနီယာညီလေး၊ မင်းက ငါ့ကို တကယ်စိန်ခေါ်တာပဲ”
“ကောင်းပြီလေ၊ မင်း ဓားဖျက်တဲ့အမြန်နှုန်းက ပိုမြန်မလား၊ ငါ့ရဲ့ အရာအားလုံး လွှမ်းခြုံနိုင်တဲ့ ငါးမျှားချိတ်က ပိုမြန်မလား ကြည့်ကြတာပေါ့”
ဘေးနားရှိ လယ်သမားအိုကြီးတစ်ဦးကဲ့သို့ ဝတ်ဆင်ထားသောချောမောသည့် အမျိုးသားသည်၊ အိမ်ထဲတွင် ရှိနေသော ယင်လီ၊ စုကျီကျီ၊ ယို့လု၊ စုရှင်းချန်၊ ကျင်းကန်ပေါင် နှင့် ယင်းမြောင်တို့ကို ကြည့်ရင်း သက်ပြင်းချလိုက်လေသည်။
သူ့လက်ထဲရှိ ထူထဲသော စိန်ခေါ်စာအထပ်လိုက်ကိုကြည့်ရင်း သူ့ချောမောသော မျက်နှာထက်တွန့်သွားလေသည်။
“ဒါ ဘာသဘောလဲ”
“ငါက အားအနည်းဆုံးမို့လို့၊ နင်တို့အားလုံးက ငါ့ကိုဝိုင်းစိန်ခေါ်ကြတာလား”
“ဟုတ်တယ်၊ စီနီယာအစ်ကိုကြီးမူ”
ယင်လီ ရယ်မောလိုက်ပြီး၊ ရေပူကန်ထဲတွင် သူ့လက်ထဲရှိ ပါးလွှာသော ဓားနှစ်ချောင်းဖြင့် ကစားနေရင်း “အစ်ကိုကြီးက ကျွန်မကိုပဲ အာရုံစိုက်ဖို့ လိုပါတယ်”
“ဘာလို့လဲဆိုတော့ အစ်ကိုကြီးက ကျွန်မလက်ချက်နဲ့ရှုံးတော့မှာမို့လို့၊ သူတို့အလှည့်ရောက်လိုက်မှာ မဟုတ်ဘူးလေ”
အနိုင်ကျင့်၍လွယ်ကူပုံရပြီး တွန်းလှဲရလွယ်ပုံပေါက်သော မူချင်းချုးသည် ကြောင်တစ်ကောင်ကဲ့သို့ မျက်လုံးမမှေးဘဲ မနေနိုင်တော့ချေ။
“ဂျူနီယာညီမလေး ယင်လီ၊ ငါ နင့်ကို မှတ်ထားမယ်”
ယင်လီ ပြုံးဖြီးဖြီး လုပ်လိုက်သည်။
“အဲဒါ အရမ်းကောင်းတယ်၊ ကျွန်မက အမှတ်တရဖြစ်နေရတာကို ကြိုက်တယ်”
“ယင်လီ၊ နင့်ရဲ့ အားနည်းချက်ပျောက်သွားပြီလား”
စုကျိုသည် ဘေးကန်မှ စူးစမ်းချင်စိတ်ဖြင့် လှမ်းကြည့်လိုက်လေသည်။
ချန်ယွမ်လောက် နီးနီးကြည့်မကောင်းသော်လည်း၊ ကျင်းကန်ပေါင်နှင့် အခြားသူများထက် အဆင့်များစွာသာလွန်သော မူချင်းချုးသည် ရုပ်ရည် အဆင်ပြေသည်ဟု သူမ ထင်မြင်မိသည်။ သူသည် ကျက်သရေရှိပြီး မိုးမခပင်ကဲ့သို့သော ကိုယ်ခန္ဓာရှိလေသည်။
ကျွတ် ကျွတ်
စုကျို ယင်လီကို စိတ်ဝင်တစားဖြင့် မျက်စိတစ်ဖက်မှိတ်ပြလိုက်သည်။
“နင် စီနီယာအစ်ကိုကြီးတောက်ဟယ် နောက်ကို မလိုက်ဘူးလား”
စီနီယာအစ်ကိုကြီးတောက်ဟယ်သည် တံငါသည်တစ်ဦးဖြစ်ပြီး၊ နေလောင်ထားသော အသားအရေနှင့် အသားညိုသူဖြစ်သည်။ သူသည် ပခုံးကျယ်၊ ခါးသေးပြီး ခြေတံရှည်ကာ၊ ကြမ်းတမ်းသော ယောက်ျားပီသမှုရှိသော်လည်း၊ ယင်လီသည် အသားဖြူသူများကိုပိုကြိုက်ပုံရသည်။
ယင်လီသည် လှပသောအမျိုးသမီးများနှင့် တွေ့လျှင် သိသိသာသာထိရောက်မှုနည်းပါးလေသည်။
မူချင်းချုးကိုရွေးချယ်ခြင်းသည် ပိုအားနည်းချက်ဖြစ်စေလေသည်။
“ဂျူနီယာညီမလေး ဘာကို ဆိုလိုတာလဲ” ငါးမျှားတံကို ကိုင်ထားသော တောက်ဟယ်သည် ဘေးနားရှိ မူချင်းချုး ဘက်သို့ လှည့်ကာ မေးလိုက်သည်။
“ငါ့ရဲ့ ရုပ်ရည်ကို ငါ့ဂျူနီယာညီမလေးနှစ်ယောက်က မကြိုက်ကြဘူးလား”
သူတို့သည် အဆင့်မြင့် ဂိုဏ်းသားများဖြစ်ကြသော်လည်း၊ ခေါင်းဆောင်ဂိုဏ်းသားများ အနေဖြင့်၊ သူတို့သည် ပါရမီရှိသော ဂျူနီယာညီလေး ညီမလေးအချို့ကိုလည်း အာရုံစိုက်ကြသည်။
ယင်လီ၏သူတော်စင်အဆင့် ပါရမီ၊ သူမ၏အရာအားလုံးနီးပါးသိရှိနိုင်သော သတင်းအချက်အလက် စုဆောင်းနိုင်စွမ်း၊ နှင့် သူမ၏ ထိပ်တန်းအဆင့် ဝိညာဉ်လက်နက် ပြုပြင်နိုင်စွမ်းတို့သည် ဝိညာဉ်ပိုးကောင်းဂေဟာတွင် ကျော်ကြားသည်။
သေချာသည်မှာ သူမ၏အားနည်းချက်သည်လည်း ထပ်တူကျော်ကြားလေသည်။
လှပသောလူတစ်ယောက်အပေါ် သူမ လက်မပါနိုင်သည်ကို လူတိုင်းသိကြသည်။
“ဂျူနီယာညီမလေး စုကျို၊ ငါက လောင်မူလောက်ကြည့်မကောင်းလို့လား ? မဖြစ်နိုင်လိုက်တာ”
တောက်ဟယ် နားမလည်နိုင်ပေ၊ သူက သိသိသာသာ ပိုယောက်ျားပီသပြီး စွမ်းအားကြီးတာကို
ငါးမျှားခြင်းကလည်း သူ့ကို ချမ်းသာစေသော ကျွမ်းကျင်မှုတစ်ခုဖြစ်သည်။
မူချင်းချုး သူ့ကိုကြည့်လိုက်သည်။
“ငါက ငါးညှီနံ့ထွက်နေတဲ့ မင်းထက်တော့ တကယ်ပိုကြည့်ကောင်းပါတယ်”
“...”
ယင်လီ အာမေဋိတ်ပြုလိုက်သည်။
“ငါ တကယ်ပဲ ချောမောတဲ့အမျိုးသားနှစ်ယောက် ငါ့အတွက် ငြင်းခုံနေကြအောင် လုပ်လိုက်တာပဲ”
သူမသည် ကျေနပ်သောအကြည့်ကို ထုတ်ဖော်ပြသပြီး စုကျိုကိုလက်မထောင်ပြလိုက်လေသည်။
“အဲဒါ နင်ဖြစ်မှရမှာ အားကျို”
စုကျို— “...နင်တို့ ဒီလောက် စိတ်အားထက်သန်ကြလိမ့်မယ်လို့ ငါ မမျှော်လင့်ထားဘူး၊ ရေပူကန်ထဲမှာ ရှိနေတုန်းတောင် တစ်ယောက်နဲ့ တစ်ယောက် စိန်ခေါ်နေကြပြီ”
“အာ၊ နင် အရင်စခဲ့တာ မဟုတ်ဘူးလား”
ယင်လီ စူးစမ်းချင်စိတ်ဖြင့် မေးလိုက်လေသည်။
“ငါတို့ ဂျူနီယာညီမလေးစု ဆီက သင်ယူခဲ့တာလေ” လိုကျား ခေါင်းညိတ်လိုက်သည်။
“တိုက်ပွဲကို မြန်မြန်အဆုံးသတ်ရမယ်”
“ဟုတ်တယ်!”
စုကျီကျီလည်း ခေါင်းညိတ်လိုက်သည်။
စုကျို မျက်နှာထား ရှုပ်ထွေးနေလေသည်။
“ငါ စိန်ခေါ်မှုကိုမစခဲ့ပါဘူး”
“ကျင်းချန်က ငါ့အချိန်ပေးရလောက်တဲ့အထိ မတန်တော့ဘူး”
“ကုသိုလ်နဲ့ အကုသိုလ်ခန်းမက ငါ့ကို အသိပေးလာတယ်၊ ငါတို့ တစ်လအတွင်း ယှဉ်ပြိုင်ကြရမယ်တဲ့၊ အဲဒီနည်းနဲ့၊ ငါ အခြေတည်အဆင့် ထိပ်သီး ပြိုင်ပွဲရဲ့ ခေါင်းဆောင် ဖြစ်လာတဲ့အခါ၊ လူတိုင်း ယုံကြည်လက်ခံကြလိမ့်မယ်”
လူတိုင်း အံ့ဩသွားကြလေသည်။
ယင်လီ ကျိန်ဆဲလိုက်သည်။
“ပါရမီတွေကို ပိတ်ပင်ထားတာ တကယ် အဆင်မပြေလိုက်တာ”
“ဒါက နားလည်မှု လွဲတာပဲ၊ အဲဒါကို ရှောင်ကျို စခဲ့တာ မဟုတ်ဘူး” အစိမ်းရောင်ရင့်ရောင် အသံတစ်ခု ထွက်ပေါ်လာလေသည်။
“စီနီယာအစ်ကိုကြီး မူချင်းချုး၊ ဒါဆို ကျွန်မရဲ့ စိန်ခေါ်စာပြန်ပေး”
“ကျွန်မ အစ်ကိုကြီးကို မစိန်ခေါ်ချင်တော့ဘူး၊ အကယ်၍ ရှုံးပြီး ဒဏ်ရာရသွားရင် ဘယ်လိုလုပ်မလဲ”
“...”
စိန်ခေါ်စာထုတ်ပြီး လက်ခံပြီးသည်နှင့် ရလဒ်ကို ဆုံးဖြတ်ပြီးသားဖြစ်လေသည်။
အောက်ခြေအဖွဲ့ဝင် အားလုံးသည် စိတ်ပျက်အားငယ်စွာဖြင့် စုကျိုကို မကျေမနပ်ကြည့်လိုက်ကြလေသည်။
သူတို့က သူမရဲ့ဦးဆောင်မှုနောက်လိုက်ရတာ ကြိုက်နှစ်သက်ကြမှန်း စုကျို မသိခဲ့ပေ။
ကံကောင်းထောက်မစွာဖြင့်၊ အစည်းအဝေးပြီးနောက် အပြေးရောက်လာသော အုပ်ချုပ်ရေးမှုး ရူယွီသည် သူတို့ကို နောက်ထပ် ပို့ချချက်တစ်ခု ပေးလာလေသည်။
“ငါ နင်တို့ကို အဆင့်တက်ခိုင်းထားတာကို၊ နင်တို့က လေလံပွဲတောင် လုပ်နေကြတယ်”
အုပ်ချုပ်ရေးမှုးရူယွီ၏ခါးတွင် ဟူကျဲကျင့် ရွှေအမြုတေကို ချိတ်ဆွဲထားသည်၊ ရှင်းနေသည်မှာ လေလံပွဲမှတဆင့်ရရှိထားခြင်းဖြစ်သည်။
“နင်တို့အကုန်လုံး တံခါးပိတ်ပြီး သေချာကျင့်ကြံကြတာပိုကောင်းမယ်!”
အကြီးအကဲရူယွီသည် ဒေါသထွက်နေချိန်တွင် အတော်လေးကြောက်စရာကောင်းလေသည်။
လဲ့ကျယ်နှင့် အခြားသူများ၏ဗီဒီယို ဆက်သွယ်ရေးတိုကင်များသည် တိုက်ရိုက်ပိတ်ပင်ခံလိုက်ရလေသည်။
ထို့အပြင်၊ ခေါင်းဆောင်ဂိုဏ်းသားအများအပြားအတွက် ယာယီလမ်းကြောင်းများဖွင့်ပေးခွင့် အခွင့်ထူးပါရုပ်သိမ်းခံလိုက်ရလေသည်။
“နင်တို့ ဘာလုပ်နေကြတာလဲ၊ သေချာ ပြင်ဆင်မယ့်အစား၊ အလွှာ ၃၀ က ဂိုဏ်းသားတွေကို ဖျက်ဆီးနေကြတယ်”
လဲ့ကျယ်နှင့် အခြားသူများ အားလုံးပြောစရာစကားမဲ့သော မျက်နှာထားများဖြစ်နေကြလေသည်။
အကာအကွယ်ပေးတတ်သော အုပ်ချုပ်ရေးမှုးရူယွီသည်၊ အကယ်၍ ပြဿနာတစ်ခုခု ရှိခဲ့လျှင်၊ ၎င်းသည် အခြားသူ၏ပြဿနာသာ ဖြစ်ပြီး၊ သူမကိုယ်ပိုင်ဂိုဏ်းသားများ၏အပြစ်လုံးဝမဟုတ်ဟု အခိုင်အမာယုံကြည်ထားလေသည်။
“ကဲ၊ ငါ သူတို့အကုန်လုံးကို အပြစ်ပေးလိုက်ပြီ”
“အခု၊ နင်တို့အားလုံး ဝီရိယရှိရှိကျင့်ကြံကြ၊ နင်တို့ တံခါးပိတ်ကျင့်ကြံရာကနေ ထွက်လာပြီးမှ ငါတို့ ထပ်ပြောကြမယ်”
အုပ်ချုပ်ရေးမှုး ပျောက်ကွယ်သွားလေသည်။
ချက်ချင်းပင်၊ စုကျိုနှင့်အခြားသူများသည် သူတို့၏လေးနက်သော ရေပူစမ်း စိမ်ခြင်းနှင့် ကျင့်ကြံခြင်း အစီအစဉ်ထဲတွင် နှစ်မြှုပ်လိုက်ကြလေ သည်။
“ငါ သိသားပဲ! ငါ ကျင့်ကြံခြင်းအပေါ် အာရုံမစိုက်နိုင်ဖြစ်နေတာ၊ တကယ်တော့ လူတိုင်းက ငါ့ကို လွှမ်းမိုးနေကြတာကိုး”
စုကျို နောက်ဆုံးတွင် သူ အခြေတည်ခြင်းကျရှုံးရသည့် အကြောင်းရင်းကို ရှာတွေ့သွားလေသည်။
အခုတော့ အဆင်ပြေသွားပြီ။
နောက်ဆုံးတော့၊ တိတ်ဆိတ်သွားပြီ။
သို့သော် သူမ၏ဒန်ထျန်ပေါ်သို့ လျန်ဟော့ချီအမြုတေကို ဖိကပ်ရန်ပြင်လိုက်စဉ်မှာပင်၊ သူမဘေးမှ ထိန်းချုပ်ထားသော လေးနက်သည့် အသံတစ်ခုကို ကြားလိုက်ရလေသည်။
“ကျင်းချန် အရင်က မင်းကို အနိုင်ကျင့်ဖူးလား”
ချန်ယွမ်၊ ယခုအချိန်တွင် ရေပူကန်ထဲ၌ သူ့ဖြူဝင်းသော ခန္ဓာကိုယ်သည် ရှင်းလင်းပြတ်သားသော ပခုံးလိုင်းနှင့် နက်ရှိုင်းသောညှပ်ရိုးကို ဖော်ပြနေလေသည်။
ရုတ်တရက် သူ ဒီလိုမေးလာလိမ့်မည်ဟု စုကျို မမျှော်လင့်ထားခဲ့ပေ။
“အင်း”
သူမ လက်လှမ်းလိုက်ရာ၊ နတ်ဆိုးလေးသည် အလိုအလျောက်ခေါင်းငုံ့ပေးလိုက်ပြီး၊ သူမအား သူ့နဖူးကိုထိခွင့်ပေးလိုက်လေသည်။
ချန်ယွမ် မျက်လုံးများတုန်ခါသွားသည်။
“ကျွန်တော် ခင်ဗျားကို ကူညီပေးနိုင်တယ်”
အခု..
ချက်ချင်း..
သူမ အာရုံစိုက်မှုအခြားသူများအပေါ် ရောက်ရှိနေသည်ကို သူ မကြိုက်ပေ။
စုကျို သူ့ခေါင်းကို ပုတ်လိုက်လေသည်။
“ငတုံးလေး၊ ငါက လုပ်ငန်းစဉ်အတိုင်းလုပ်ရတာကို သဘောကျတာ”
အကြွေးတွေကို တစ်ယောက်ချင်းစီ ကိုယ်တိုင်လိုက်တောင်းရတဲ့ ပျော်ရွှင်မှု
အဲဒါက ဘဝကို အပြည့်အဝနေထိုင်ရတဲ့ ခံစားမှုမျိုးပဲ
“ဒါပေမဲ့ အားယွမ် ငါ့ကိုကူညီတာကိုလည်း ငါ ဝမ်းသာပါတယ်”
“ငါ့ရဲ့ ပါရမီကို သုံးလိုက်တဲ့အခါ၊ ငါ့ရဲ့ ခံစစ်မှာ တစ်ခဏတာ ကွက်လပ်တစ်ခုအမြဲရှိတတ်တယ်၊ အဲဒီအချိန်တွေမှာ နင် ငါ့ဘေးမှာ ရှိနေရင်၊ ငါ လုံခြုံတယ်လို့ ခံစားရတယ်၊ ပြီးတော့ အဲဒီနောက်ပိုင်း ငါ မောပန်းသွားတဲ့အခါတိုင်း၊ အဲဒါအကုန်လုံး နင့်ကျေးဇူးကြောင့်ပဲ”
ချန်ယွမ် မြစိမ်းရောင် မျက်လုံးများတောက်ပလာလေသည်။
သူ သူမကို အရာအားလုံးကူညီပေးနိုင်ပါသည်။
သို့သော် သူမ သူ့ကိုအလိုအပ်ဆုံးအချိန်တွင် ကူညီပေးရသည့် ဤခံစားချက်ကိုလည်း သူ ပိုနှစ်သက်လေသည်။
သူ့ကို လိုအပ်တယ်။
သူမ သူ့ကို လိုအပ်တယ်။
သူမ မောပန်းသွားတိုင်း ၎င်းကို သူ ရှင်းလင်းစွာခံစားရလေသည်။
သူ ကြိုက်တယ်
“အင်း” နတ်ဆိုးလေး ပြုံးလိုက်လေသည်။
“စုစု လိုအပ်တဲ့အချိန်တိုင်း၊ ကျွန်တော့်နာမည်ကို အချိန်မရွေးခေါ်လိုက်ပါ”
အားယွမ်~
သူမ သူ့ကို အဲဒီလို ခေါ်တာကို သူ သဘောကျသည်။
စုကျို မျက်ခုံးပင့်လိုက်သည်။
စုစု ?
သူမသည် အခေါ်အဝေါ်ကို သိပ်ဂရုမစိုက်သော်လည်း၊ ပြုံးလိုက်မိဆဲဖြစ်သည်။
တစ်စုံတစ်ယောက်က သူ့ကို အဲဒီလိုခေါ်တာကြာပြီ၊ တော်တော်လေးကြာခဲ့ပြီ။
“အိုကေ”
စုကျိုသည် သူ့လက်ချောင်းထိပ်ဖြင့် ချန်ယွမ်မျက်ခုံးကို ဖိလိုက်ပြီး၊ ထို့နောက် သူ့မျက်လုံးထောင့်ရှိ ငွေပြာရောင် အကြေးခွံများဆီသို့ မလျှောချဘဲ မနေနိုင်ဖြစ်သွားလေသည်။
သူမသည် သူမလက်ချောင်းအောက်ရှိ အနည်းငယ် တုန်ခါမှုကို နောက်ပြောင်လိုစိတ်ဖြင့် ခံစားလိုက်ရသည်။
သူမ လက်ပြန်လွှတ်လိုက်ရန် အချိန်အတော်ကြာသွားလေသည်။
“ငါ့ကို ကာကွယ်ပေးထား၊ ငါ အခြေတည်အဆင့်ကို ဖောက်ထွက်ဖို့ အာရုံစိုက်ဖို့လိုတယ်”
“ကောင်းပြီ”