← Chapters

အခန်း (၁၂၄)

Vol. 13 Ch. 124

အခန်း (၁၂၄)

Vol. 13 Ch. 124

🥝 Chapter 124

အောင်ပွဲ!

ဒီပြိုင်ကွင်းမှ ဒိုင်လူကြီးများ ဖြစ်ကြသော ရူယွီနှင့် ဟူကျဲကျင့် နှစ်ဦးစလုံး မှင်သက်သွားကြလေသည်။

ဒါကို ဘယ်လို ဆုံးဖြတ်ရမလဲ

“စစ်ပွဲမှာ အားလုံးက တရားမျှတပါတယ်” စုကျို ပြုံးလိုက်ပြီး အုပ်ချုပ်ရေးမှုးကို ကြည့်လိုက်သည်။

“လျန်ဟော့ကျီ ရှုံးသွားတာလား”

“သူ ရှုံးသွားရင်၊ တစ်ဖက်လူက နိုင်တာပေါ့ စီရင်ချက်ချဖို့ အဲဒီလောက် ခက်ခဲလို့လား”

[အလွှာ ၃၀၊ လဲ့အော် အနိုင်ရရှိ!]

[အလွှာ ၃၀ လဲ့အော်သည် လျန်ဟော့ကျီကို အစားထိုးပြီး၊ အခြေတည်အဆင့် ထိပ်သီးငါးယောက်အဖွဲ့၏တရားဝင် အဖွဲ့ဝင်ဖြစ်လာသည်!]

လူတိုင်း အံ့အားသင့်သွားကြလေသည်။

သူတို့သည် ပြိုင်ကွင်းပေါ်ရှိ လဲ့အော်ကို ကြည့်လိုက်ကြပြီး၊ ထို့နောက် စုကျိုဘေးရှိ 'လဲ့အော်' နံပါတ်နှစ်ကိုကြည့်လိုက်ကြလေသည်။

ရှင်းနေသည်မှာ စုကျိုဘေးရှိ 'လဲ့အော်' သည် အတုဖြစ်သည်။

ဒါဆို မေးခွန်းက...

လဲ့ကျယ်နှင့် ပွဲစဉ်ရလဒ်ကို အခုလေးတင်ဆုံးဖြတ်ပေးခဲ့သော အုပ်ချုပ်ရေးမှုးအပါအဝင် လူတိုင်းသည် ငါးမျှားဆရာကြီး တောက်ဟယ်နှင့် ဘုန်းကြီးလိုကျားတအားို့ ရင်ဆိုင်နေကြသော အခြားပြိုင်ကွင်းဆီသို့ မကြည့်ဘဲမနေနိုင်ကြတော့ပေ။

အကယ်၍ ကျူးပိုင်ယွီသာ ကျူးပိုင်ယွီမဟုတ်ခဲ့လျှင်၊ လိုကျားကရော လိုကျားဟုတ်ပါဦးမလား ?

ဘေးမှကြည့်နေသော လဲ့ကျယ်သည် နှုတ်ခမ်းများ မတွန့်ဘဲ မနေနိုင်တော့ဘဲ၊ ညာဘက် ပြိုင်ကွင်းတွင် တိုက်ခိုက်နေဆဲ ဖြစ်သော သူ့အသင်းဖော် တောက်ဟယ်ကိုအော်ပြောလိုက်လေသည်။

“တောက်ဟယ်၊ သတိထား!”

“ကိုယ့်ကိုယ်ကိုယ် ကာကွယ်!”

စုကျို ပြုံးလိုက်သည်၊ သူ့ကို သတိပေးခြင်းအား သူမ မတားဆီးခဲ့ပေ။

လဲ့ကျယ် ရင် တစ်ချက် တုန်သွားလေသည်။

ပြိုင်ကွင်းပေါ်ရှိ ငါးမျှားဆရာကြီး တောက်ဟယ်သည် သတိပေးသံကို ကြားလိုက်ရပြီး ပိုမိုသတိထားလိုက်လေသည်။

သူသည် မျက်လုံးမှိတ်လျက် ပြုံးနေပြီးတိတ်ဆိတ်နေသော လိုကျားကိုကြည့်လိုက်ကာ၊ ခြေလှမ်းသုံးလှမ်း နောက်ဆုတ်လိုက်လေသည်။

တခဏအတွင်း၊ သူ့ညာလက်က ငါးမျှားတံကို ဝှေ့ယမ်းလိုက်ပြီး၊ တစ်ချိန်တည်းမှာပင် သူ့ခါးရှိ နတ်ပိုးကောင်လှောင်အိမ်သည် တောက်ပသော အလင်းရောင် ထုတ်လွှတ်လိုက်ကာ၊ ပိုးချည်မျှင် ၁၈ ချောင်းသည် ငါးမျှားချိတ်များကဲ့သို့ လျင်မြန်သော မျဉ်းကွေးပုံစံဖြင့် ပျံထွက်လာလေသည်!

“ငါးမျှားခြင်း—အရာအားလုံး!”

ပိုးချည်မျှင်များနှင့် ငါးမျှားကြိုးများသည် ပုံရိပ်ယောင်များ ဖြစ်လုနီးပါး ငါးမျှားချိတ် အခုနှစ်ဆယ်ကျော်ကို ချက်ချင်း ပစ်လွှတ်လိုက်ပြီး၊ သူ့ကိုယ်ပိုင် မုန်ညင်းစေ့အိတ်၊ ငါးမျှားတံ၊ နှင့် ဝတ်ရုံများကို ချိတ်ယူလိုက်လေသည်!

တောက်ဟယ် ပြုံးလိုက်သည်။

“ဂျူနီယာညီလေး လိုကျား၊ မင်းရဲ့ 'ဓားဖျက်သိုင်း'က ငါ့အပေါ် မထိရောက်ဘူး!”

“ငါ့ရဲ့ ငါးမျှားချိတ်က ငါ့ခန္ဓာကိုယ်ပေါ်က ခံစစ်မှော်လက်နက်တွေ အကုန်လုံးကိုချိတ်ထားပြီးသား၊ မင်း ငါ့လက်နက်ကို ဖြုတ်သိမ်းရင်တောင်၊ မင်း အဲဒါတွေကို ချိတ်ယူသွားလို့ မရဘူး!”

“ဓားဖျက်သိုင်း—” မျက်လုံးမှိတ်ထားသော လိုကျားသည် အမှန်ပင် တိုးတိုးလေးအော်လိုက်လေသည်။

အကယ်၍ သေချာနားထောင်ကြည့်ပါက အမျိုးသမီးတစ်ဦး၏ကြည်လင်ပြတ်သားပြီး လှပသောအသံ အရိပ်အယောင်ပင်ပါဝင်နေလေသည်။

သို့သော် တိုက်ပွဲအလယ်ရောက်နေသော တောက်ဟယ်သည် ၎င်းကို လုံးဝသတိမထားမိပေ။

သူ့အပြုံးပိုမိုနက်ရှိုင်းလာပြီး၊ တခဏအတွင်း သူသည် သူ့ငါးမျှားတံများကို အကြိမ်ထောင်ပေါင်းများစွာ ဝှေ့ယမ်းလိုက်သည်။

“အသုံးမဝင်ဘူး၊ ငါ့ရဲ့ မှော်လက်နက်တွေနဲ့ ဝတ်ရုံတွေလွင့်ထွက်သွားရင်တောင်၊ ငါ ချက်ချင်း ပြန်မျှားယူနိုင်တယ်!”

“တစ်ချိန်တည်းမှာပဲ၊ ငါ မင်းရဲ့ အဝတ်အစားတွေနဲ့ မှော်ရတနာတွေကိုလည်း မျှားယူနိုင်တယ်!”

သူ့ခန္ဓာကိုယ်ပေါ်နှင့် ပိုးကောင်လှောင်အိမ်ထဲတွင် မရေမတွက်နိုင်သော ငါးမျှားကြိုးများကို မြင်တွေ့ရပြီး၊ ၎င်းတို့သည် သူ့ခန္ဓာကိုယ် အစိတ်အပိုင်း အမျိုးမျိုးတွင် မှိန်ဖျဖျ ချိတ်တွယ်ထားကာ၊ အချောင်းနှစ်ဆယ် သုံးဆယ်ခန့်သည် လိုကျား ရှိရာသို့ လျင်မြန်စွာမျှားယူနေကြ လေသည်။

“ငါးစာဟပ်စမ်း၊ ဒီနေ့ ငါ လိုချင်တာက မင်းရဲ့ တန်ဖိုးအရှိဆုံး မှော်ရတနာပဲ!”

ပြိုင်ကွင်းပေါ်ရှိ လိုကျားသည် တစ်လက်မမျှမရွေ့လျားပေ။

လဲ့ကျယ်သည် ပြိုင်ကွင်းအောက်မှ ခုန်ထလိုက်သည်။ သူ့မျက်နှာထား တင်းမာနေလေသည်။

“တောက်ဟယ်၊ ရပ်လိုက်! မတိုက်ခင် သေချာ ကြည့်ဦး!”

စုကျို တိုးတိုးလေးရယ်မောလိုက်ပြီး သူမ ကစားနေသော လက်မောင်းကို လဲ့ကျယ်ထံကမ်းပေးလိုက်သည်။

“ဘာတွေ လောနေတာလဲ၊ ရှင် အသံကုန် အော်နေလို့ ရပေမယ့်၊ သူ့ရဲ့ ငါးမျှားတဲ့ ပါရမီကို မယုံနိုင်လောက်အောင် ယုံကြည်မှု ရှိနေတဲ့ ယောက်ျားတစ်ယောက်ကို ရှင် နှိုးလို့ရမှာ မဟုတ်ဘူး၊ ဟီးဟီး”

ပြိုင်ဘက်ကို အနိုင်ယူနိုင်မယ့် နည်းလမ်းကိုရှာတွေ့ပြီလို့ ထင်နေတဲ့ လူတစ်ယောက်က၊ အဲဒါကို အကောင်အထည်ဖော်ဖို့ စိတ်အားထက် သန်နေလိမ့်မယ်။

သူတို့မှာ ပြိုင်ကွင်းပေါ်က အခြေအနေကို လေ့လာဖို့အချိန်မရှိဘူး။

ဟက်~

စုကျို လက်ဖြန့်ပြလိုက်သည်။

“လိုကျားရဲ့စိန်ခေါ်စာကို လွန်ခဲ့တဲ့တစ်လကတည်းက စီနီယာအစ်ကိုကြီး တောက်ဟယ်ဆီ ပို့ခဲ့တာ၊ သူက လိုကျားရဲ့ 'ဓားဖျက်သိုင်း' ကို အကြာကြီး လေ့လာနေခဲ့တာလေ”

“စောစောက 'ဓားဖျက်သိုင်း' အသံက အမျိုးသမီးအသံ ဖြစ်နေတာကို သူ ဘယ်လိုလုပ် သတိမထားမိဘဲနေနိုင်ရတာလဲ”

လဲ့ကျယ် မျက်လုံးမှိတ်လိုက်ပြီး အားကိုးရာမဲ့စွာထိုင်ချလိုက်လေသည်။

မူချင်းချုး ပြောစရာစကားမဲ့သွားပြီး၊ သူ့နဖူးကိုဖိလိုက်လေသည်။

တခဏအတွင်း၊ ပြိုင်ကွင်းပေါ်ရှိ ငါးမျှားသူ တောက်ဟယ်သည် သူ့ငါးမျှားချိတ်နှင့် ပိုးချည်ချိတ်ကို အသုံးပြု၍ လိုကျား ခန္ဓာကိုယ်ပေါ်ရှိ အရာအားလုံးကိုချိတ်ယူလိုက်လေသည်။

သူသည် ဖြောက်ခနဲအသံနှင့်အတူ ပြန်ဆွဲလိုက်လေသည်။

ထိုအခိုက်အတန့်မှာပင်၊ သတ္တု ငါးမျှားချိတ်များပေါ်ရှိ အဝါရောင် မန္တန်စာရွက်လေးငါးရွက်သည် လေထဲတွင် ဖောင်းပွလာပြီးကြီးမားသော အားဖြင့် တောက်ဟယ်ထံသို့ ပြန်လည်ပါလာလေသည်။

သူ တည့်တည့်ထိမှန်သွားလေသည်!

“ကံဆိုးခြင်း! ဆူးညောင့်တွေ တောအုပ်ကိုဝန်းရံနေတယ်!”

“ကံဆိုးခြင်း! အမှားနဲ့ အမှန်ကို ဝေဖန်ပိုင်းခြားဖို့ခက်ခဲခြင်း!”

“ကံကောင်းခြင်း၊ မူးယစ်နေသကဲ့သို့!”

“ကံဆိုးခြင်း၊ တောင်တန်းတွေဆီ ဆုတ်ခွာခြင်း!” တောက်ဟယ်သည် ငါးမျှားတံကို ကိုင်ထားရင်း အံ့ဩမှင်သက်သွားလေသည်။

“ဘာ...ဘာလဲ”

ဘယ်လိုလုပ်ပြီး ကံစမ်းမဲဖြစ်နေရတာလဲ။

တခဏအတွင်း၊ မရေမတွက်နိုင်သော ကံဆိုးခြင်း မဲနက်ရောင်မြူခိုးများသည် သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာပြီး၊ ချက်ချင်း သူ့ကို ကံဆိုးမှုများဖြင့် ချည်နှောင်လိုက်လေသည်။

“လိုကျား... မဟုတ်ဘူး... ဘယ်လိုလုပ်ပြီး မင်းရဲ့ တန်ဖိုးအရှိဆုံး ပိုင်ဆိုင်မှုက ကံဆိုးခြင်း မဲလိပ်ဖြစ်နေရတာလဲ... ဘာလို့ မင်းရဲ့ခံစစ် ဝတ်ရုံ မဟုတ်ရတာလဲ?!”

ရှင်းနေသည်မှာ သူသည် လိုကျား အကြောင်းလေ့လာထားခဲ့သည်။

သို့သော် တောက်ဟယ်မော့ကြည့်လိုက်ရာ၊ ထောင့်တွင် မျက်လုံးမှိတ်လျက် မှိုင်တွေစွာရပ်နေခဲ့သော လိုကျားသည်၊ လက်လှမ်းလိုက်ပြီး သူ့နဖူးပေါ်ရှိအက်ကြောင်းတစ်ခုကိုဆွဲဖွင့်လိုက်သည်ကို တွေ့လိုက်ရလေသည်။

[လိုကျား၏ ပုံပန်းသဏ္ဍာန်] သည် အပေါ်ဝတ်ရုံကိုချွတ်လိုက်သကဲ့သို့ ဖြစ်သွားပြီး၊ အောက်ဘက်တွင် ဟောင်ယို့လု၏ ချိုသာသော မျက်နှာ ပေါ်လာလေသည်။

“ဖူး~ ငါ နိုင်သွားပြီလား”

“မျှော်လင့်ထားတဲ့အတိုင်းပဲ၊ ဂျူနီယာညီမလေး စု ပြောတာ မှန်တယ်! ငါသာ လိုကျားရဲ့ ပုံပန်းသဏ္ဍာန်ကို ဝတ်ထားသရွေ့၊ စီနီယာအစ်ကိုကြီး တောက်ဟယ်က ငါ့ကို ချက်ချင်း တိုက်ခိုက်မှာ မဟုတ်ဘူး!”

တောက်ဟယ်— “?”

ဟောင်ယို့လုသည် ပြိုင်ကွင်းအောက်ရှိ စုကျိုကို ဝမ်းသာအားရကြည့်လိုက်သည်။

“စီနီယာအစ်ကိုကြီး တောက်ဟယ်က တကယ်ပဲ အလောတကြီးလုပ်ဆောင်ခဲ့တယ်၊ 'ငါးမျှားခြင်း—အရာအားလုံး' နည်းစနစ်ကို သုံးပြီး သူ့ကိုယ် သူ ချိတ်မိအောင် လုပ်လိုက်တာပဲ!”

“အဲဒါက ဒီနေ့အဆိုးရွားဆုံးလို့ ငါ ထင်တဲ့ ကံဆိုးခြင်းမဲလိပ်ကို သူ့ဆီပစ်ပေးဖို့ ငါ့ကို အချိန်ရစေခဲ့တယ်!”

သူမ ပြောနေစဉ်မှာပင်၊ ဟောင်ယို့လုသည် တောက်ဟယ်ကို ရှက်ကိုးရှက်ကန်း ပြုံးပြလိုက်သည်၊ “ဒါပေမဲ့ အစ်ကိုကြီးက ဒီလောက် အလျင်လို နေလိမ့်မယ်လို့ ကျွန်မ မမျှော်လင့်ထားဘူး၊ မူလက ကျွန်မ လေးခုထဲက တစ်ခုကိုရွေးချယ်ချင်ခဲ့တာ၊ ဒါပေမဲ့ အစ်ကိုကြီးက ကျွန်မရဲ့ကံစမ်းမဲ လေးခုစလုံးကိုသုံးဖို့ မစောင့်နိုင်ဖြစ်နေခဲ့တာကိုး!”

တောက်ဟယ်— “???”

“စီနီယာအစ်ကိုကြီး၊ အစ်ကိုကြီးရဲ့ ငါးမျှားကြိုး ပြန်ရစ်တဲ့ အမြန်နှုန်းက ကျွန်မ မန္တန်စာရွက် ပစ်လိုက်တဲ့ အမြန်နှုန်းထက် ပိုမြန်နေတယ်၊ ကျေးဇူးအများကြီး တင်ပါတယ်~”

မဲနက်ရောင် မြူခိုးများ လွှမ်းခြုံထားသော တောက်ဟယ်သည် ဘုန်းခနဲ အသံနှင့်အတူ မြေပြင်ပေါ်သို့လဲကျသွားလေသည်။

'ဆူးညောင့်တွေ တောအုပ်ကို ဝန်းရံနေတယ်'၊ သူ့ခြေထောက်များသည် ချက်ချင်းသစ်သားဆူးချွန်များဖြင့် ထိုးဖောက်ခံလိုက်ရသည်၊ 'မူးယစ်နေသကဲ့သို့'၊ လေးဘက်ထောက်၍ပင် မသွားနိုင်တော့ပေ။

“လိုကျား မဟုတ်ဘူးလား...? ဘယ်လိုလုပ်ပြီး နင် ဖြစ်နေရတာလဲ...”

ပြိုင်ဘက်က ဓားဖျက်သိုင်းသုံးမယ်လို့ သူ မျှော်လင့်ထားခဲ့ပေမယ့်၊ လုံးဝ အသုံးပြုမလာခဲ့ပေ!

[၃၀: ...ငါက ဂျူနီယာညီမလေးစုကျိုနဲ့ တစ်ထပ်တည်းမှာ ရှိနေပေမယ့်၊ အခု ငါ ကြောက်နေပြီ။]

[၃၉: ...ဒါဆို၊ နောက်တစ်ယောက် ဘယ်သူ စင်ပေါ်တက်မှာလဲ!?]

“ငါ နိုင်တယ် မဟုတ်လား”

လိုကျားပုံပန်းသဏ္ဍာန်ကို လုံးဝဖယ်ရှားလိုက်ရာ၊ ဟောင်ယို့လု ခန္ဓာကိုယ်အပြည့်အစုံပေါ်ထွက်လာလေသည်။

သူမသည် စင်ပေါ်ရှိဒိုင်လူကြီးတောက်ရန် နှင့် အခြား အလွှာ ၄၀ အုပ်ချုပ်ရေးမှုးကိုချိုသာစွာ ပြုံးပြလိုက်လေသည်။

သူတို့နှစ်ယောက်— “...”

“စစ်ပွဲမှာ အားလုံးကတရားမျှတပါတယ်”

စုကျိုသည် ပရိတ်သတ်များကြားရှိ တောက်ရန် ထံသို့လက်မြှောက်ပြလိုက်သည်။

“အကယ်၍ ထိပ်သီးဆယ်ဦး နတ်လမ်းစဉ် ပြိုင်ပွဲမှာ ဒီလို ဉာဏ်ကောင်းတဲ့ ပြိုင်ဘက်မျိုးနဲ့တွေ့ရင် ဘယ်လိုလုပ်မလဲ”

ဉာဏ်ကောင်းတာလား

ကောက်ကျစ်စဉ်းလဲတာ မဟုတ်ဘူးလား

ဒိုင်လူကြီး နှစ်ယောက်၏နှုတ်ခမ်းများ တွန့်သွားလေသည်။

“ဟေး၊ ဆရာတို့၊ ကျွန်မတို့ စည်းကမ်းဖောက်ဖျက်သလားဆိုတာပဲ ပြောပါ”

“နင် စင်ပေါ်တက်တုန်းက၊ နင်က လိုကျားလား”

တောက်ရန်— “...”

လဲ့ကျယ်— “...”

စင်ပေါ်ရှိဟောင်ယို့လုက အလျင်အမြန်ထပ်ပြောလိုက်သည်။

“ကျွန်မ စင်ပေါ်က ဆင်းတဲ့အခါ၊ လိုကျား ဖြစ်လို့လည်း ရပါတယ်”

သူမ ချက်ချင်းဆိုသလို စီနီယာအစ်ကိုကြီးလိုကျား၏ ပုံပန်းသဏ္ဍာန်ကို ပြန်လည်ဝတ်ဆင်လိုက်လေသည်!

ကွာခြားချက်ကို ပြောပြဖို့ရာ လုံးဝမဖြစ်နိုင်ပေ!

ဂိုဏ်းသားခါးချိတ်တံဆိပ်ပြားက သေချာပေါက်လိုကျား ပိုင်ဆိုင်သည်သာ!

ထိုအချိန်တွင် ပရိတ်သတ်များကြားရှိလက်ဖက်ရည် စားပွဲ၌၊ ခေါင်းငုံ့လျက် ယင်လီနှင့် စကားပြောနေခဲ့သော 'ဟောင်ယို့လု' သည် ပုံရိပ်ယောင်ဘက်သို့ မသဲမကွဲပြုံးပြလိုက်လေသည်။ သူမ မျက်လုံးများကို အမြန်မှိတ်လိုက်လေသည်။

[၃၉: !]

[၃၄: ...]

[၄၀: ...]

“ဂျူနီယာညီမလေးစု၊ နင်က... တကယ်ပဲ စုကျို ဟုတ်ရဲ့လား”

လဲ့ကျယ် သူ့နားထင်ကို ဖိလိုက်လေသည်။

စုကျို ပြုံးလိုက်သည်။

“ခန့်မှန်းကြည့်လေ”

ပထမပွဲစဉ်နှင့် ဒုတိယပွဲစဉ် နှစ်ခုစလုံးကို အလွှာ ၃၀ က အနိုင်ရရှိသွားလေသည်!

“ကဲ၊ ငါတို့ စင်ပေါ်တက်ရမယ့် အလှည့်ပဲ”

စုကျို၊ လဲ့အော် နှင့် ယင်လီတို့အားလုံး မတ်တတ်ရပ်လိုက်ကြလေသည်။

ဘေးတွင် တိတ်ဆိတ်စွာထိုင်နေကြသော လဲ့ကျယ်၊ မူချင်းချုး၊ နှင့် ကျင်းချန် တို့ နှုတ်ခမ်း မတွန့်ဘဲမနေနိုင်တော့ချေ။

နင်တို့အလှည့် ဟုတ်လား?!

နင်တို့က ဘယ်သူတွေလဲဟ?!

စုကျို၊ လဲ့အော်၊ နဲ့ ယင်လီ ဖြစ်နေတုန်းပဲလား?!

All Chapters