← Chapters

အခန်း (၁၂၅)

Vol. 13 Ch. 125

အခန်း (၁၂၅)

Vol. 13 Ch. 125

🥝 Chapter 125

စုကျိုနှင့် အခြားနှစ်ဦးသည် တပြိုင်နက်တည်း မတ်တတ်ရပ်လိုက်ပြီး၊ ပြိုင်ကွင်းပေါ်သို့ တက်ရန်ပြင်ဆင်လိုက်ကြလေသည်။

သို့သော် ပြိုင်ကွင်း နှစ်ခုသာရှိသဖြင့်၊ အတော်လေးခေါင်းကိုက်စရာ ဖြစ်နေလေသည်။

“ဒါဆို ငါတို့ အရင်သွားလိုက်မယ်”

စုကျိုသည် လဲ့ကျယ်ဘေးရှိ လဲ့အော်ကိုတစ်ချက်ကြည့်လိုက်သည်။

“နင်တို့ ညီအစ်ကိုတွေ တိုက်ရတာ ကြာလိမ့်မယ်၊ ငါတို့ မြန်မြန်ပြီးမယ့်သူတွေ အရင်လုပ်လိုက်မယ်”

“…”

လဲ့ကျယ် နှုတ်ခမ်းများ တွန့်သွားလေသည်။

“ဂျူနီယာညီမလေး၊ ငါက အရူးနဲ့တူနေလို့လား”

ဟာသပဲ၊ စောစောက လျန်ဟော့ကျီနဲ့ တိုက်ခိုက်ခဲ့သူက သူ့ညီလေး လဲ့အော်လေ!

သူ စင်ပေါ်ကဆင်းပြီး ကျူးပိုင်ယွီရဲ့ ပုံပန်းသဏ္ဍာန်ကို ပြန်ဝတ်လိုက်ရုံနဲ့၊ သူ မမှတ်မိဘူးလို့ မထင်နဲ့။

သူ တခြား ဘယ်နေရာမှာ နောက်ထပ် လဲ့အော်တစ်ယောက်နဲ့ တိုက်ခိုက်လို့ ရဦးမှာလဲ။

လဲ့ကျယ်သည် သူ့နဖူးကို ပွတ်သပ်ရင်း စုကျိုကို အားကိုးရာမဲ့စွာ ကြည့်လိုက်သည်။

“ဂျူနီယာညီမလေးစု၊ နင်က တကယ့် ဂျူနီယာညီမလေးစု ဖြစ်ပုံရတယ်”

“ကျွန်မက ဘယ်သူလဲဆိုတာ လုံးဝ အရေးမကြီးပါဘူး”

စုကျို ပြုံးလိုက်ပြီး ပြိုင်ကွင်းကိုညွှန်ပြလိုက်လေသည်။

ဘယ်ဘက်ပြိုင်ကွင်းတွင်၊ ခန္ဓာကိုယ်အောက်ပိုင်း အဝတ်အစားများပျောက်ဆုံးနေသော ထပ်တူညီသောပုံရိပ်ကိုးခု [ဒုတိယမျိုးဆက် ကျင်းချန်များ] ပေါ်ထွက်နေပြီဖြစ်သည်။

ပြိုင်ကွင်းအောက်ရှိ ကျင်းချန်မျက်နှာသည် ချက်ချင်းမဲမှောင်သွားလေသည်။

“စုကျို၊ နင် သိပ်မလွန်နဲ့”

“ဘယ်မှာလဲ ပွဲစတော့မယ်လေ နင် မတက်ဘူးလား”

စုကျို သူ့ကို ပြုံးပြလိုက်သည်။

ကျင်းချန်— “...”

လဲ့ကျယ်— “...”

ကြည့်ရှုနေကြသော ဂိုဏ်းသားအားလုံးပြောစရာ စကားမဲ့သွားကြပြီး၊ စုကျိုစကားကို မချေပနိုင်ကြပေ။

ဟုတ်တယ်လေ၊ စုကျိုနဲ့ ကျင်းချန်ကြားက ပွဲစဉ်က စတော့မယ်၊ ကျင်းချန်က ပြိုင်ကွင်းပေါ်တက်ဖို့ မလိုဘူးလား ?

ဒါပေမဲ့ စုကျိုကမူ တက်စရာမလိုပေ။

ဘာလို့လဲဆိုတော့ သူမ ပြိုင်ကွင်းပေါ်၌ 'ကျင်းချန်' ကိုးယောက်ရှိနေပြီးသားလေ!

“ဟေး၊ စီနီယာအစ်ကိုကြီးမူ၊ ကျွန်မတို့ပွဲစဉ်လည်းစပြီနော်”

ယင်လီသည် ပြိုင်ကွင်း၏ ညာဘက်ခြမ်းတွင် ရပ်လျက်၊ စင်ပေါ်တွင် အတွေးများနေသော မူချင်းချုးကိုပြုံးပြလိုက်သည်။

“အာရုံစိုက်လေ၊ ဟုတ်ပြီလား”

မူချင်းချုး ညာဘက်မျက်လုံး တစ်ချက်လှုပ်သွားလေသည်။

စီနီယာအစ်ကိုကြီးမူ

ဂျူနီယာညီမလေးယင်လီမှာ သူ့အား အရင် 'စီနီယာအစ်ကိုကြီး' လို့ တစ်ခါမှ မခေါ်ဖူးပေ။

သူမက ယင်လီ မဟုတ်ရင်၊ သူမက ဘယ်သူလဲ ?

မဟုတ်ဘူး။

စင်ပေါ်ရောက်မှ ဒီကိစ္စတွေ တွေးနေရင် သူ့အာရုံလွင့်သွားလိမ့်မယ်။

မူချင်းချုးသည် လျှာကို ကိုက်လိုက်ပြီး၊ အတတ်နိုင်ဆုံး အာရုံစိုက်ရန်ကြိုးစားလိုက်လေသည်။ တခဏအတွင်း၊ သူ့ညာလက်တွင် စိုက်ပျိုးရေး ပေါက်ပြားတစ်လက်ပေါ်လာပြီး၊ သူ့ခါးရှိ နတ်ပိုးကောင်သည်လည်း ပေါက်ပြားအသေးလေး တစ်လက်ကိုဝှေ့ယမ်းလိုက်လေသည်။

“မင်း ဘယ်သူပဲဖြစ်ဖြစ်... ငါ သနားညှာတာမှာ မဟုတ်ဘူး”

“စိုက်ပျိုးစမ်း! ငါကြည့်လိုက်တဲ့ နေရာတိုင်းက မြေရိုင်းတွေပဲ!”

သူ့လက်ထဲမှ ပေါက်ပြားသည် တောင်ကြီးတစ်လုံးအဖြစ်ပြောင်းလဲသွားပြီး၊ သူ့ခါးရှိ နတ်ပိုးကောင်သည် မရေမတွက်နိုင်သော ပေါက်ပြား အသေးလေးများကို လှည့်ပတ်ကာ၊ ပြိုင်ကွင်းတစ်ခုလုံးဆီသို့ ချက်ချင်းခုတ်ထစ်လိုက်လေသည်!

တခဏအတွင်း၊ ယင်လီ ရပ်နေသော နေရာ၌ နက်ရှိုင်းသောချောက်ကြီးတစ်ခု ပေါ်လာလေသည်။

သူမ ခြေထောက်များသည် အောက်သို့ထိုးကျသွားလေသည်။

သို့သော် ယင်လီ ပြုံးလိုက်သည်။

“စီနီယာအစ်ကိုကြီး၊ ဒါကို ယူလိုက်”

“လက်နက်ဖြုတ်သိမ်းခြင်း”

သူမ လက်ညှိုးဖြင့် ညွှန်ပြလိုက်လေသည်။

ထိုသည်မှာ လိုကျား၏အသံ ဖြစ်သည်။

“မင်းက တကယ်ဂျူနီယာညီမလေး ယင်လီ မဟုတ်ဘူး၊ မင်းက လိုကျားပဲ!”

မူချင်းချုး စူးစူးဝါးဝါးကြည့်လိုက်ပြီး၊ သူ့ပေါက်ပြားကို သူ့ရှေ့၌ အမြန်ဝှေ့ယမ်းလိုက်လေသည်။

“မြင့်မားတဲ့ တံတိုင်း၊ ငါ့ကို ကာကွယ်!”

“ဂျူနီယာညီလေးလိုကျား၊ မင်း လက်နက်ဖြုတ်သိမ်းခြင်းနဲ့ တတိယအဆင့်ရတနာကို ရထားပေမယ့်၊ ငါ့ရဲ့ မြင့်မားတဲ့ တံတိုင်းကို ဖြုတ်သိမ်းနိုင်ပါ့မလား!”

သူ့ပေါက်ပြားကို လုံလောက်အောင်မြန်မြန်ဝှေ့ယမ်းနိုင်သရွေ့၊ သူဖြုတ်သိမ်းလိုက်သောတံတိုင်းကို အချိန်တိုအတွင်း ပြန်လည် တည်ဆောက်နိုင်သည်!

သို့သော် ပြိုင်ကွင်းအောက်ရှိ စုကျိုသည် နှုတ်ခမ်းများတွန့်ကာ ဖြည်းညှင်းစွာပြုံးလိုက်လေသည်။

လဲ့ကျယ် ဒါကို မြင်လိုက်ရပြီး ချက်ချင်း သူ့ခေါင်းကိုအုပ်လိုက်လေသည်။

စင်ပေါ်မှ အသယ်ချခံလိုက်ရပြီး သူ့ကံဆိုးခြင်း မဲလိပ်များဖယ်ရှားခံလိုက်ရသော ငါးမျှားသူ တောက်ဟယ်သည်၊ အံ့အားသင့်မှု အရိပ်အယောင်ဖြင့် စင်မြင့်ကို ကြည့်လိုက်ပြီးနောက် မျက်လုံးများမှိတ်လိုက်လေသည်။

ဒါက သူ ရှုံးနိမ့်ခဲ့ရတဲ့ ပုံစံပဲ

သူ့ရဲ့ ခံစစ်က ဓားတွေကိုကာကွယ်နိုင်တယ်လို့ သူ ထင်ခဲ့တာ။

ဒါပေမဲ့… “လောင်မူ၊ ဒါ လိုကျား မဟုတ်ဘူး…”

ပြိုင်ကွင်းအောက်ရှိ လဲ့ကျယ်၊ တောက်ဟယ် နှင့် လျန်ဟော့ကျီ တို့ ပြောစရာ စကားမဲ့သွားကြလေသည်။

စင်မြင့်ပေါ်တွင်၊ ယင်လီသည် ပြုံးလိုက်ပြီး၊ သူ့ ညာဘက်ခြေထောက်မှ ပါးလွှာသော ဓားလေးချောင်း (တစ်ဖက်လျှင် နှစ်ချောင်းစီ) ကို လျှင်မြန်စွာ ဆွဲထုတ်လိုက်ကာ၊ မြေသားတံတိုင်းဆီသို့ပြေးဝင်သွားလေသည်!

“ကျွန်မ လာပြီ၊ စီနီယာအစ်ကိုကြီး မူ!”

“ဓားဖျက်သိုင်း! ဓားဖျက်သိုင်း!…”

ယင်လီ လည်ချောင်းသည် တောက်ပလာပြီး၊ သေချာကြည့်လိုက်ပါက စာလုံးအသေးလေးတစ်ကြောင်းကို မြင်တွေ့ရသည်။

[လိုကျား၏ အသံကြိုးများ]

အသံက လိုကျားအသံ

ဒါပေမဲ့ ဓားဖျက်သိုင်းက အတု!

ယင်လီသည် လုံးဝအဆင်သင့်မဖြစ်သေးပေ။

“ကျေးဇူးတင်ပါတယ် စီနီယာအစ်ကိုကြီးမူ၊ အစ်ကိုကြီးလိုချောမောတဲ့ အမျိုးသားတစ်ယောက်ကို ကျွန်မ လက်မပါနိုင်မှာစိုးရိမ်နေခဲ့တာ!”

“အစ်ကိုကြီးက ကိုယ့်ကိုယ်ကိုယ်မြင့်မားတဲ့ မြေသားတံတိုင်းကြီး တည်ဆောက်လိုက်တာပဲ! ကိုယ့်ကိုယ်ကိုယ် လုံးဝဖုံးကွယ်ပြီး၊ ကျွန်မကို တစ်ချက်လေးတောင် မမြင်စေဘဲနဲ့လေ၊ ဟားဟားဟား!”

“ငါယင်လီ၊ နိုင်ပြီ!”

ဒုန်း

ပါးလွှာသောဓားလေးချောင်းသည် သူ့ ခန္ဓာကိုယ်နှင့်အတူ မြေသားတံတိုင်းထဲသို့ဝင်တိုက်သွားလေသည်!

ဘာ ၊ တကယ်ပဲ ယင်လီလား ?

မူချင်းချုးသည် မြေသားတံတိုင်းကို အလျင်အမြန်တူးဖော်လိုက်ရာ၊ သူ့မျက်နှာပေါ်လာလေသည်။ သို့သော် အာရုံလွင့်ဖို့ ချိန်မရှိသော ကျွမ်းကျင်သူများကြား တိုက်ပွဲ၏စက္ကန့်ပိုင်းလေးအတွင်း—

[လဲ့ကျယ်၏ ပုံပန်းသဏ္ဍာန်] တစ်ခုသည် သူ့ကိုလွှမ်းခြုံသွားလေသည်။

တခဏအတွင်း၊ သူ့မြင်ကွင်းကွယ်သွားလေသည်။

“သောက်ကျိုးနည်း၊ ငါ နင့်ကို ပြောင်းပြန်ဝတ်ပေးလိုက်မိပြီ”

ယင်လီသည် သူ့ရှေ့တွင် ရပ်နေသော ‘လဲ့ကျယ်၏ ကျောပြင်’ ကို ငေးကြည့်လိုက်လေသည်။

မူချင်းချုး— “???”

ဒုန်း၊ ပါးလွှာသော ဓားလေးချောင်းသည် သူ့လက်မောင်းအင်္ကျီများကိုထိုးဖောက်သွားလေသည်။

“သစ်သား ဖတ်ရှုခြင်း—ပြုပြင်!”

ဒုန်း ဒုန်း ဒုန်း ဒုန်း

ယင်လီသည် စုကျိုပုံတူကူးပေးထားသော မီးဖိုချောင်သုံးဓားလေးချောင်းကို ထုတ်ယူလိုက်ပြီး၊ မူချင်းချုး ပေါက်ပြားကို မူလမပျက်စီးသော အခြေအနေ—သစ်သားတုံးတစ်တုံးအဖြစ် ချက်ချင်းပြုပြင်လိုက်လေသည်။

ဘုန်း

ယင်လီသည် လက်နက်မဲ့နေသောလယ်သမားမူချင်းချုးကို လွင့်စင်သွားအောင်တိုက်ခိုက်လိုက်လေသည်။

“ဆောရီးပါ စီနီယာအစ်ကိုကြီး၊ ကျွန်မက တခြားသူမဟုတ်ပါဘူး”

“အရမ်းတောက်ပပြီး၊ အရမ်းရောင်ခြည်တွေဖြာနေတဲ့ အဲဒါ ကျွန်မ၊ ယင်လီ ပါ”

ယင်လီသည် သူ့မော့နေသော နှာခေါင်းထိပ်ကို စတိုင်ကျကျပွတ်သပ်လိုက်ပြီး၊ ပြိုင်ကွင်း အရပ်မျက်နှာအသီးသီးသို့ လက်ဝှေ့ယမ်းပြ လိုက်လေသည်။

“ပုံရိပ်ယောင် ကြည့်နေကြတဲ့ ဂိုဏ်းသားတွေ၊ ကျွန်မကို မှတ်ထားကြပါ၊ ကျွန်မက ယင်လီပါ”

“ဟားဟားဟား!”

ပြိုင်ကွင်းအောက်ရှိစုကျိုသည် သူ့ နားထင်များကို ဖိလိုက်လေသည်။

ပြိုင်ကွင်းပေါ်ရှိ အုပ်ချုပ်ရေးမှုးဟူကျဲကျင့် ခေါင်းညိတ်လိုက်ပြီး ရလဒ်ကို အသင့်ကြေညာလိုက်သည်။

“အလွှာ ၃၀၊ ယင်လီ အနိုင်ရရှိ!”

“တကယ့်ကို ထူးချွန်တဲ့ အစီအစဉ်ပဲ၊ ဂျူနီယာညီမလေးစု”

ခွန်အားအများစုပြန်လည်ရရှိထားသော ငါးမျှားသူတောက်ဟယ်သည် လှောင်ပြောင်လိုက်သည်။

“လိုကျားက ပါဝင်ယှဉ်ပြိုင်ခြင်းတောင်မရှိဘဲ၊ နင်က လိုကျားကိုသုံးပြီး ငါတို့နှစ်ယောက်ကို ဟန့်တားခဲ့တယ်”

“ကဲ၊ တကယ့်လိုကျား ဂျူနီယာညီလေး၊ မင်း ဝင်မပါတော့ဘူးလား”

တောက်ဟယ်သည် စုကျိုဘေးတွင် လုံးဝမလှုပ်မယှက်ရှိနေသော လဲ့အော်ကို ကြည့်လိုက်လေသည်။

“မင်းအလှည့် ရောက်ပြီ”

မူချင်းချုး သူနှင့် လျန်ဟော့ကျီတို့အားလုံး ရှုံးနိမ့်ခဲ့ကြပြီ။

ကျင်းချန်... ကျင်းချန်ကမူ အနောက်ဘက် ပြိုင်ကွင်းပေါ်မှာ ကျင်းချန်ကိုးယောက်နှင့် တိုက်ခိုက်နေတုန်းပင်။

လဲ့ကျယ် တစ်ယောက်သာ ကျန်တော့သည်။

မူချင်းချုး ယင်လီအားရှုံးနိမ့်သွားချိန်တွင် လဲ့ကျယ်သည် သူ့ဝတ်ရုံကိုချွတ်ပြီး ပြိုင်ကွင်းပေါ်သို့ တက်ရောက်နေပြီဖြစ်သည်။

“လိုကျား၊ ခေါင်းဆောင်လဲ့ကျယ် ပြိုင်ကွင်းပေါ်တက်နေပြီ၊ မြန်မြန်လုပ်!”

တောက်ဟယ် တိုက်တွန်းလိုက်လေသည်။

‘လဲ့အော်’ သည် အမှန်တကယ် မတ်တတ်ရပ်လိုက်ပြီး သူ့ကိုခေါင်းညိတ်ပြလိုက်လေသည်။

သို့သော် စုကျိုနှင့် ဟောင်ယို့လုတို့သည် တပြိုင်နက်တည်း လှည့်ကြည့်လိုက်ကြလေသည်။

“သူက လိုကျား မဟုတ်ဘူး၊ စီနီယာအစ်ကိုကြီး”

တောက်ဟယ်— “...”

သောက်ကျိုးနည်း၊ နင်တို့က ဘယ်သူတွေလဲဟ?!

ယင်လီက ယင်လီ ကိုယ်တိုင်ဖြစ်သည်။

ကျူးပိုင်ယွီ၏ပုံပန်းသဏ္ဍာန်က လဲ့အော်ဖြစ်သည်။

လိုကျား၏ပုံပန်းသဏ္ဍာန်က ဟောင်ယို့လုဖြစ်သည်။

စုကျို၏ပုံပန်းသဏ္ဍာန်ကမူ လောလောဆယ် မသိရသေး...

ဒါဆို လဲ့အော်နဲ့ ဟောင်ယို့လုတို့ရဲ့ ပုံပန်းသဏ္ဍာန်အောက်မှာ ဘယ်သူရှိနေတာလဲ ?

တောက်ဟယ်သည် ပြိုင်ကွင်းပေါ်ရှိ လဲ့အော်၏ပုံပန်းသဏ္ဍာန်ကို စိုက်ကြည့်ရင်း၊ မျက်လုံးများမူးဝေလာသော်လည်း၊ သူ အဖြေကိုလျှင်မြန်စွာ ရရှိလိုက်လေသည်။

လဲ့ကျယ်သည် ချက်ချင်းလက်သီးတစ်ချက် ပစ်သွင်းလိုက်ပြီး၊ စကားတစ်လုံးမျှ မပြောဘဲ၊ အခြေတည်အဆင့် ထိပ်ဆုံးခန္ဓာကိုယ်ကို သွန်းလုပ်နိုင်သော လျှပ်စီးကပ်ဘေး စွမ်းအားကိုအသုံးပြုလိုက်လေသည်!

“ကွဲကြေစေ!”

ရေမြွေတစ်ကောင်ကဲ့သို့ ထူထဲသော လျှပ်စီးတန်းတစ်ခုသည် ပြိုင်ကွင်း တစ်ဖက်ခြမ်းရှိ လဲ့အော်ကို ချက်ချင်းဝန်းရံလိုက်လေသည်။

“ကောင်းတယ်! ပြည့်ဝတဲ့ အင်အားနဲ့ရင်ဆိုင်ရတဲ့အခါ၊ ဘယ်လှည့်ကွက်မှတန်ဖိုးမရှိတော့ဘူး!”

မျှော်လင့်ချက်ရှိသည်ဟု ခံစားလိုက်ရသဖြင့် တောက်ဟယ်နှင့် မူချင်းချုးတို့၏ မျက်လုံးများတောက်ပလာလေသည်။

“ဘယ်သူပဲဖြစ်ဖြစ်၊ ရွှေအမြုတေကျင့်ကြံသူတစ်ယောက်နဲ့နီးစပ်တဲ့ ခေါင်းဆောင်လဲ့ရဲ့ လျှပ်စီးစွမ်းအားနဲ့ သူတို့အားလုံးရှုံးနိမ့်သွားမှာပဲ!”

“ဟက်” စုကျို နှုတ်ခမ်းများ ထပ်မံတွန့်ကွေးသွားပြီး၊ သူမ တိုးတိုးလေးရယ်မောလိုက်လေသည်။

“??”

တောက်ဟယ်၊ မူချင်းချုးနှင့် လျန်ဟော့ကျီတို့၏ မျက်ခွံများ မထိန်းချုပ်နိုင်ဘဲ လှုပ်ခါသွားလေသည်။

အရင်က သူမ ဒီလို ရယ်လိုက်တိုင်း၊ ပြိုင်ကွင်းပေါ်မှာ ‘ကြောက်မက်ဖွယ်’ အပြောင်းအလဲတစ်ခုဖြစ်ပေါ်လေ့ရှိတယ်။

All Chapters