← Chapters

အခန်း (၁၂၈)

Vol. 13 Ch. 128

အခန်း (၁၂၈)

Vol. 13 Ch. 128

🥝 Chapter 128

စုကျိုသည် အလွှာ ၃၀ ရှိ လူတိုင်းကို ပြုံးပြလိုက်သော်လည်း၊ မည်သူမျှမမြင်ရပေ။

အဘယ်ကြောင့်ဆိုသော် သူမသည် နေမင်းကဲ့သို့ တောက်ပနေပြီဖြစ်သောကြောင့် ဖြစ်သည်။

“သခင်တစ်ရာခန်းမနဲ့ ကောင်းမှုဆိုးမှုခန်းမက အကြီးအကဲတွေက တညီတညွတ်တည်းယုံကြည်ကြတာက ကျွန်မရဲ့ ပါရမီ အရမ်း အားကောင်းလွန်းတယ်တဲ့ ကျွန်မ အနည်းဆုံးတော့ အလွှာ ၄၀ သို့မဟုတ် ၅၀ ကို သွားသင့်တယ်တဲ့”

“ဒါမှမဟုတ်ရင်၊ ကျွန်မ ပတ်ဝန်းကျင်က စီနီယာအစ်မတွေနဲ့အစ်ကိုတွေ အကုန်လုံး ကျွန်မရဲ့ ညာလက်ကို ကြောက်နေကြလိမ့်မယ်တဲ့”

စုကျို၏အလင်းဘောလုံးအတွင်းမှ၊ ညာလက်နှင့် တူသော တောက်ပနေသည့် လက်မောင်းတစ်ခုဆန့်ထွက်လာလေသည်။

သေချာသည်မှာ၊ အလွှာ ၃၀ ရှိ လူတိုင်း ခြေတစ်လှမ်းနောက်ဆုတ်သွားကြလေသည်။

“ဂျူနီယာညီမလေးစု၊ ငါတို့ ဒါကို ဆွေးနွေးကြရအောင်!”

“စိတ်လိုက်မာန်ပါ မလုပ်လိုက်ပါနဲ့”

စုကျို သက်ပြင်းချလိုက်သည်။

“လန့်သွားကြတာလား? လူတိုင်းက ဘယ်လိုလုပ်ပြီး ကျွန်မရဲ့ ညာလက်ကို ကြောက်နေကြတာလဲ ? ဒါတွေ အကုန်လုံးက ကောလဟလ အမှားတွေပါ၊ ဟင်း၊ ကောလဟလတွေက ကျားတွေထက် ပိုကြောက်စရာကောင်းတယ်၊ ကြီးမားတဲ့ ထိခိုက်မှုတွေ ဖြစ်စေတယ်”

“...”

“အဲဒါကြောင့် ကျွန်မ အသရေဖျက်မှုအပေါ်အခြေခံတဲ့ အလွှာ ၄၀ ကို သွားဖို့ ဖိတ်ကြားချက် ၃၃ ကြိမ်ကိုငြင်းပယ်ခဲ့တာ”

စုကျိုသည် အဖွဲ့ဝင်များကို အမှန်အတိုင်းပြောပြလိုက်လေသည်။

လဲ့အော်မျက်ခုံးအောက်တွင် ‘ပထမ’ ဟူသော စာလုံးကို သူမ မြင်လိုက်ရသည်; ၎င်း၏ရွှေရောင်အလင်းသည် သူမ အလင်းထက် တစ်ဝက်လျော့နည်းနေလေသည်။

လွန်လွန်းတယ်!

“အခု၊ သူတို့က ကျွန်မတို့ကို အတင်းအကျပ်တက်ခိုင်းနေပြီ”

စုကျိုသည် အလင်းဘောလုံးထဲတွင် ခေါင်းခါလိုက်လေသည်။

“အုပ်ချုပ်ရေးမှုးရူယွီက ကျွန်မကို ပြောတယ်၊ ကျွန်မတို့က အလွှာ ၄၀ ကလဲ့ကျယ်နဲ့ အဖွဲ့ဖွဲ့ရမှာဖြစ်နေလို့တဲ့”

“လေ့ကျင့်ရလွယ်ကူဖို့ ကျွန်မတို့ အားလုံး အလွှာ ၄၀ ကို သွားဖို့ သူ အကြံပြုတယ်”

သူမ တိုးတိုးလေး သက်ပြင်းချလိုက်သည်။

“ကျွန်မ အလွှာ ၃၀ က သူငယ်ချင်းတွေကို နှုတ်ဆက်ဖို့ လူတိုင်းအတွက် နှစ်နာရီအချိန်ဝယ်ပေးထားတယ်”

“အောက်ခြေအဖွဲ့” ၏အလင်းဘောလုံးခုနစ်လုံးသည် အတူတကွ ရှိနေသောအခါ ခွဲခြား၍မရနိုင်လောက်အောင် ဖြစ်နေလေသည်။

သို့သော် အလွှာ ၃၀ မှ ဂိုဏ်းသားများသည်၊ သူတို့၏ကတိအတိုင်း၊ အားလုံးဝိုင်ခွက်များကိုဆွဲယူပြီး လှည့်ထွက်သွားကြလေသည်!

“ဝါး၊ ဂျူနီယာညီမလေးစု အလွှာ ၄၀ ကိုသွားပြီး ဖျက်ဆီးတော့မယ်!”

“ကောင်းလိုက်တာ! သူ့ရဲ့မောင်လေး ညီမလေးတွေလည်း သွားကြပြီ၊ သူတို့ရဲ့ အချိန်နောက်ပြန်လှည့်တာက ဒီမနက် ငါသင်ခဲ့တဲ့ ကျင့်ကြံခြင်း နည်းစနစ်ကိုမေ့သွားစေတယ်! အရမ်းကောင်းတယ်၊ သူတို့ သွားကြပြီ!”

“အဲဒီ ယင်လီဆိုတဲ့ဟာ နောက်ဆုံးတော့ သူ ငါတို့ကို လျှို့ဝှက်ချက်တွေနဲ့ခြိမ်းခြောက်လို့ မရတော့ဘူး!”

“ဝါး၊ ကောင်းကင်ဘုံ၊ လိုကျား နောက်ဆုံးတော့ သွားပြီ! သူ မျက်လုံးမှိတ်ပြီး ကျင့်ကြံနေတာ လွန်ခဲ့တဲ့ခြောက်လလုံးလုံးပဲ၊ အမြဲတမ်း လမ်းမှားပြီး ငါ့အခန်းထဲရောက်ရောက်လာတာ! အား!”

“ဓားကို ဆယ်ကြိမ်ဆွဲထုတ်တာ၊ ဘယ်သူ ခံနိုင်မှာလဲ ? အပေါ်ထပ်က စီနီယာအစ်ကိုကြီး အစ်မကြီးတွေကို ပေးလိုက်...”

“နောက်ဆုံးတော့! ငါ့ကို မဲနှိုက်ဖို့ အမြဲမြှောက်ပေးနေတဲ့ ပိုင်ယို့လုကို သူတို့ နောက်ဆုံးတော့ ရှင်းထုတ်လိုက်နိုင်ပြီ!”

“အောက်ခြေအဖွဲ့” ဝင် ခုနစ်ဦး မှင်သက်သွားကြလေသည်။

ဘာတွေလဲဟ ??

သူတို့ နားကြားမှားတာ ဖြစ်ရမယ်။

သူတို့ရဲ့ လူကြိုက်များမှုက သေချာပေါက် အဲဒီလောက်မဆိုးရွားပါဘူး။

ဒါက တခြားသူအကြောင်းပြောနေတာ ဖြစ်ရမယ်။

“ရှောင်ကျို၊ ငါတို့ အခု တက်ကြရအောင်” ယင်လီ ပြတ်ပြတ်သားသား ပြောလိုက်လေသည်။

သူတို့ မြန်မြန်သွားသရွေ့၊ နာမည်ဆိုးက သူမကို မီလာမှာမဟုတ်ဘူး။

စုကျီကျီနှင့် စုရှင်းချန်တို့ နှစ်ဦးစလုံး မတရားခံလိုက်ရသည်။ သူတို့က လူတိုင်းကို ပုံမှန်စိန်ခေါ်တိုက်ခိုက်ခဲ့တာပါ၊ တစ်နာရီစာ အချိန်ကို နောက်ပြန်လှည့်ဖို့ သူတို့ရဲ့မွေးရာပါ ဝိညာဉ်စွမ်းအင်ကို သုံးလိုက်ရုံပါပဲ။

သင်ယူထားတာကို မေ့သွားတယ် ဆိုတာက သူတို့ရဲ့ သင်ယူမှုကမခိုင်မာလို့ပေါ့!

“ကောင်းပြီ၊ ငါတို့ ထွက်ခွာကြစို့”

စုကျို အလွှာ ၃၀ မှ ထွက်ခွာရန် ပြင်ဆင်လိုက်လေသည်။

လဲ့အော်၊ ကျင်းကန်ပေါင်၊ နှင့် ရင်းမြောင် တို့သည် သူမ၏အလင်းဘောလုံးကိုမော့ကြည့်လိုက်ကြပြီး၊ သူတို့ ခံစားချက်များအလွန်ရှုပ်ထွေး နေလေသည်။

သူမ သွားတော့မယ်

ဒီအလွှာကနေ ထွက်သွားတော့မယ်

ဒါပေမဲ့ သူမ သူတို့ရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို ထားခဲ့လို့ မရဘူးလား ?

“နေပါဦး၊ ဂျူနီယာညီမလေး စု၊ ငါတို့... စကားလေး ဘာလေးပြောကြမလား”

လဲ့အော် ရှေ့တိုးလာခဲ့လေသည်။

[စုကျို၊ ယို့လု၊ လိုကျား၊ ယင်လီ...]

[အလွှာ ၄၀ သို့ အတင်းအကျပ် ပို့ဆောင်ခံရရန် တစ်နာရီလိုပါသေးသည်။]

[ကျေးဇူးပြုပြီး သင့်ပိုင်ဆိုင်မှုများနှင့် ပစ္စည်းများအားလုံးကို ပြင်ဆင်ပါ။]

လူတိုင်း ဤသတိပေးချက်ကို လက်ခံရရှိလိုက်ကြလေသည်။

လဲ့အော်၊ ကျင်းကန်ပေါင်၊ နှင့် ရင်းမြောင်တို့သည် အလင်းဘောလုံးခုနစ်လုံးနှင့် ‘အတိတ်ကို ပြန်ပြောင်းသတိရရန်’ စုကျိုအခန်းထဲသို့ အလျင်အမြန်ဝင်သွားကြလေသည်။

ပြီးတော့ အုပ်ချုပ်ရေးမှုးရူယွီနှင့် တောက်ရန်တို့သည်လည်း သူတို့ကို လိုက်ပို့ရန်ရောက်လာကြလေသည်။

“နင်တို့က အလွှာ ၃၀ ရဲ့ ဂုဏ်ယူစရာပဲ၊ အလွှာ ၄၀ ရောက်ပြီးရင်၊ နင်တို့ ဝီရိယရှိရှိ ကျင့်ကြံကြရမယ်”

“ကျိုလေး၊ နင် ဒီလောက် မြန်မြန်တက်သွားရမယ်လို့ ငါ မမျှော်လင့်ထားဘူး၊ ငါ နင်နဲ့ အတိတ်အကြောင်းပြောဖို့တောင် အချိန်မရလိုက်ဘူး၊ ကလေးရယ်...”

အုပ်ချုပ်ရေးမှုးပြောပြီးသည်နှင့်၊ ကျင်းကန်ပေါင်နှင့် အခြားသူများလည်း ရောက်လာကြပြီး၊ ခွဲခွာရမှာ ဝန်လေးနေကြလေသည်။

ကတိတည်ပြီး ပွင့်လင်းသောစရိုက်ရှိသည့် လဲ့အော်သည်၊ စုကျို အနေဖြင့် သူ့ဝမ်းဗိုက်နှင့် ဒန်ထျန်နေရာကို သူမ သဘောရှိလုပ်ဆောင်ရန် ဆန္ဒရှိခဲ့သည်။ သို့သော် ယခုအချိန်တွင်၊ သူ့ခံစားချက်များရှုပ်ထွေးနေသည်။ သူ စုကျိုနှင့် ခွဲခွာရမှာကို ဝန်လေးနေတာလား ဒါမှမဟုတ် သူ့ရဲ့ ဝမ်းဗိုက်ကြွက်သား ကိုးမြွှာပုံတူနဲ့ ခွဲခွာရမှာကို ဝန်လေးနေတာလား ဆိုတာ သူ မပြောတတ်ပေ။

သို့သော် သူ စကားပြောတော့မည့်ဆဲဆဲတွင်၊ သူ့ရင်ထဲ၌ တုန်ခါမှုတစ်ခုခံစားလိုက်ရလေသည်။

ဒါက ခွဲခွာခြင်းရဲ့ ခံစားမှုလား ?

လဲ့အော်သည် အလွှာ ၃၀ တွင် လူအများအပြားကို နှုတ်ဆက် လိုက်ပို့ခဲ့ဖူးသည်။ သူသည် အလွှာ ၄၀ သို့ လွန်ခဲ့သော ကြာမြင့်စွာကတည်းက သွားနိုင်ခဲ့သော်လည်း၊ ရှေ့ဖြစ်ဟောဆရာတစ်ဦး၏ ဟောကိန်းကြောင့်၊ သူ ထွက်ခွာရန် အသက်တစ်ရာပြည့်သည်အထိ စောင့်ဆိုင်းခဲ့ရခြင်း ဖြစ်သည်။

ဒီအကြောင်းပြချက်ကြောင့်၊ သူ့အော်ထျန်းအဖွဲ့ဝင်များသည် ၎င်းတို့ကျင့်ကြံခြင်းကို အသည်းအသန်ဖိနှိပ်ထားခဲ့ပြီး၊ အလွှာ ၃၀ တွင် ဒီနေ့ကို စောင့်ဆိုင်းနေခဲ့ကြခြင်းဖြစ်သည်။

ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာ၊ လဲ့အော်ဟာ အပေါ်ထပ်ကို အတင်းအကျပ်ပို့ဆောင်ခံလိုက်ရတဲ့ သူ့ညီအစ်ကိုဟောင်းတွေနဲ့ အသင်းဖော်ဟောင်းတွေကို နှုတ်ဆက်လိုက်ပို့ခဲ့ရပါသေးသည်။

အခု သူ မကြာသေးမီကမှ တွေ့ဆုံခဲ့တဲ့ဂျူနီယာညီမလေးကို နှုတ်ဆက်လိုက်ပို့ရတော့မယ်။

သူ့ရင်တုန်ခါသွားပြီး၊ သူ့စကားလုံးတွေတောင် တုန်ခါနေသလိုခံစားလိုက်ရတယ်။

“စု၊ စု စု စု၊ ဂျူနီယာညီမလေး...”

လဲ့အော် စကားရပ်သွားလေသည်။

နေပါဦး ဒီခွဲခွာခြင်း ခံစားမှုက နည်းနည်းပြင်းထန်လွန်းမနေဘူးလား ?

“ဟမ် စုကျို နင့်အခန်းက ဘာလို့ရွေ့နေတာလဲ”

တောက်ရန်လည်း အတော်လေးအံ့အားသင့်နေလေသည်။

စုကျို အလင်းဘောလုံးထဲမှ သူတို့ကိုငုံ့ကြည့်လိုက်သည်။

“...ငါ တံခါးဝမှာ ဆိုင်းဘုတ်ချိတ်ထားတယ်လေ၊ ‘အဆင့်မတက်ရသေးသူများ ဝင်ရောက်ခွင့်မပြု’ လို့၊ ငါ ပျံတက်တော့မလို့လေ၊ အဘီုးကြီးတောက်၊ နင် ဆိုင်းဘုတ် မမြင်ဘူးလား”

ဘာ ??

ကောင်းကင်လှေကား သူတို့ကို လာခေါ်ဖို့ တစ်နာရီလိုသေးတယ် မဟုတ်ဘူးလား ?

သို့သော် အုပ်ချုပ်ရေးမှုးနှစ်ဦးနှင့် လဲ့အော်တို့ စကားမဆုံးမီမှာပင်၊ ဘုန်းခနဲအသံနှင့်အတူ၊ စုကျို သူ့ခေါင်းနောက်စေ့နှင့် ပခုံးရိုးများကို ဖုံးအုပ်ထားသော ကုလားကာများ အားလုံးကိုဝှက်ထားသည့် ပင်မအခန်း၏ နံပါတ်ပြိုကျသွားလေသည်!

အပေါ်ရှိသတိပေး ဆိုင်းဘုတ်ပေါ်လာလေသည်။

[ချက်ချင်း ထွက်ခွာမည်၊ အနားမကပ်ရ!]!

သူတို့သည် အခန်းအောက်ရှိ ကောင်းကင်လှေကားကို အလျင်အမြန် မြင်လိုက်ရပြီး၊ ၎င်းသည် ဆန့်ထွက်ကာ ကောင်းကင်ပေါ်သို့လျင်မြန်စွာ မြင့်တက်သွားလေသည်!

“!”

စုကျိုအသံသည် အလင်းဘောလုံးထဲတွင် တိုးညင်းစွာပဲ့တင်ထပ်နေသည်။

“ပြီးခဲ့တဲ့တစ်ခေါက် ငါ ယင်လီရဲ့ ကောင်းကင်လှေကား ကိုးခုကို ပုံတူကူးခဲ့တာ၊ အခု တစ်ခုအသုံးမပြုရသေးဘဲ ကျန်နေသေးတယ်”

“...”

“ငါ့မှာ ကျင်းမိသားစုရဲ့သားစဉ်မြေးဆက်တွေ အလွှာ ၃၀ ကနေ ၄၀ အထိသုံးဖို့ ကျင်းချန် ထားရစ်ခဲ့တဲ့ ပန်လုံဆွဲပြားတွေလည်း ကျန်နေသေးတယ်”

“ငါ အလွှာ ၃၀ ကိုယူထားရသေးတာ”

“အလွှာ ၃၁ ကနေ ၃၉ အထိ ကျန်နေသေးတယ်၊ ငါ အဲဒါတွေကို လက်လွှတ်ခံလို့မဖြစ်ဘူး”

“ငါ အခု အလွှာလိုက်သိမ်းဖို့သွားတော့မယ်၊ ငါ အမွှေးတိုင်တစ်တိုင်ထွန်းညှိချိန်လောက် အတွင်းမှာ အလွှာ ၄၀ ကိုရောက်မယ်လို့ မျှော်လင့်တယ်...”

“အင်း... နင်တို့ အခုခုန်ဆင်းလိုက်ရင် ဘယ်လိုလဲ”

လူအုပ်ကြီး ပြိုလဲကျသွားပြီး၊ ချက်ချင်းမတ်တတ်ရပ်လိုက်ကြကာ၊ အပိုင်းသုံးပိုင်းပျောက်ဆုံးနေသော အပေါက်အပြဲနှင့် နံရံဆီသို့ လျှောက်သွားပြီး၊ အောက်သို့ငုံ့ကြည့်လိုက်ရာ၊ ဝိညာဉ်ပိုးကောင်းဂေဟာ၏အလွှာ ၃၁ ရွှေရောင် မုခ်ဦးကိုမြင်လိုက်ရလေသည်!

“အိုး... မြန်မြန် ခုန်ဆင်း၊ ငါ နင်တို့နဲ့စကားပြောရတာနဲ့ အလုပ်ရှုပ်သွားတယ်”

“ငါတို့ အလွှာ ၃၁ ကို ရောက်နေပြီ!”

“!!!”

စုကျိုအား ချန်ယွမ်သယ်ဆောင်ထားပြီး ဒုန်းခနဲအသံနှင့်အတူ အလွှာ ၃၁ ၏ဝင်ပေါက်သို့ ခုန်ဆင်းလိုက်လေသည်။

ကျူးပိုင်ယွီ၊ စုကျီကျီ၊ နှင့် စုရှင်းချန် တို့သည် ယခင်အတွေ့အကြုံရှိထားသဖြင့်၊ အနောက်မှ ကပ်လျက်လိုက်ပါသွားကြလေသည်။

သတင်းအချက်အလက်များကို ကြိုတင်ဖတ်ရှုထားပြီး အရာအားလုံးကိုသိရှိထားသော ယင်လီသည် လျင်မြန်စွာတုံ့ပြန်လိုက်ပြီး၊ လိုကျားနှင့် ယို့လုတို့ကိုဆွဲကာ ခုန်ချလိုက်လေသည်။

လဲ့ကျယ်၊ ကျင်းကန်ပေါင်၊ နှင့် ရင်းမြောင်— “???”

အုပ်ချုပ်ရေးမှုးရူယွီနှင့် တောက်ရန်— “?”

“နင်တို့ အခု မခုန်ရင်၊ နင်တို့ အလွှာ ၃၂ ရောက်သွားလိမ့်မယ်...”

“???”

လူအုပ်ကြီး လျှင်မြန်စွာဆင်းသက်လိုက်ကြလေသည်။

“သောက်ကျိုးနည်း” သူတို့ အလွှာ ၃၂ သို့ ရောက်ရှိနေပြီဖြစ်သည်။

စုကျို လုံးဝ မမျှော်လင့်ထားခဲ့ပေ၊ သူမ ကောင်းကင်လှေကားကို အကျယ်ချဲ့ထားသော သိုလှောင်ရုံထဲသို့ အလျင်အမြန် ထည့်သွင်းလိုက်သော်လည်း၊ သူမ တစ်လှမ်းနောက်ကျသွားခဲ့လေသည်။

သူမ သက်ပြင်းချလိုက်သည်။

“သူတို့ အပေါ်ထပ်ကို ရောက်သွားပြီလား”

ရူယွီ၊ တောက်ရန်— “…”

လဲ့အော်နှင့် အခြားနှစ်ယောက်— “…”

ကံကောင်းထောက်မစွာဖြင့်၊ လဲ့အော်နှင့် အခြားနှစ်ယောက်သည် ပြီးခဲ့သည့် နတ်ဆိုးကျင့်ကြံခြင်း တာဝန်တွင် ၂၀ စင်တီမီတာ အရွယ်အစား ယင်လီ ချည်ရုပ်များကို တာဝန်ပေးအပ်ခြင်းခံခဲ့ရသည်!

သူတို့သည် သူတို့ချည်ရုပ်များကို အလျင်အမြန်ဆွဲယူလိုက်ကြပြီး [အလွှာ ၃၂ ဂိုဏ်းသား] အဖြစ်ပြောင်းလဲသွားသော သူတို့၏ ခါးချိတ်တံဆိပ်ပြား များကို ငုံ့ကြည့်ကာ မေးလိုက်ကြသည်။

“စုကျို၊ ငါတို့ ဘာလုပ်ကြရမလဲ”

“ငါတို့က အခု အလွှာ ၃၂ ဂိုဏ်းသားတွေ ဖြစ်သွားပြီလား”

“ငါတို့က အလွှာ ၃၂ ရဲ့ တာဝန်ကျအုပ်ချုပ်ရေးမှုးတွေ ဖြစ်သွားကြပြီလား”

“မလန့်ပါနဲ့” စုကျို၏တည်ငြိမ်သော အသံထွက်ပေါ်လာသည်။

“ဒါက ငါတို့ အလွှာ ၃၂ ကို ရောက်လာတဲ့ နည်းလမ်းပဲ”

“???”

“အော်၊ နင်တို့ အလွှာ ၃၂ မှာ မနေချင်ရင်၊ ငါ အလွှာ ၃၂ ကို တက်လာတဲ့အခါ တံခါးဝမှာ စောင့်နေကြ”

“…”

ဒီလိုနှင့် စုကျိုတို့အဖွဲ့သည် အလွှာတစ်ခုစာ ပစ္စည်းများ စုဆောင်းပြီးနောက်၊ သူမသည် တိမ်တိုက်လှေကားကို နောက်တစ်ကြိမ်ထပ်ထုတ်ကာ ပစ္စည်းများ စုဆောင်းရန် နောက်ထပ်အလွှာတစ်ခုသို့ ထပ်တက်သွားပြန်လေသည်။

သူတို့သည် အလွှာ ၄၀ ရှိ ဝိညာဉ်ပိုးကောင်းဂေဟာသို့ ရောက်သည်အထိ ဤနည်းအတိုင်း ဆက်လက်လုပ်ဆောင်ခဲ့ကြလေသည်။

သတင်းရရှိထားပြီး သူတို့ကိုကြိုဆိုရန်ရောက်ရှိနေသော လဲ့ကျယ်သည် တစ်ခဏမျှမှင်သက်သွားလေသည်။

အလွှာ ၄၀ ၏ရွှေရောင် မုခ်ဦးဝ၌၊ ရှိနေသင့်သော စုကျိုနှင့်အောက်ခြေအဖွဲ့ဝင်များသာမက၊ ဖရိုဖရဲဖြစ်နေကြသော လဲ့အော်၊ ကျင်းကန်ပေါင်နှင့် ရင်းမြောင် တို့ပါ ရောက်ရှိနေကြလေသည်။

ပြီးတော့ ကျိုးပဲ့နေသော သစ်သားပျဉ်ပြား တစ်ချပ်ပေါ်တွင် ရပ်လျက်၊ ရှုပ်ထွေးသော မျက်နှာထားများဖြင့် အုပ်ချုပ်ရေးမှုး ရူယွီနှင့် တောက်ရန် တို့လည်း ရှိနေကြလေသည်။

“အင်း...”

All Chapters