← Chapters

အခန်း (၁၂၉)

Vol. 13 Ch. 129

အခန်း (၁၂၉)

Vol. 13 Ch. 129

🥝 Chapter 129

လဲ့ကျယ် ခဏတာ ကြောင်အမ်းအမ်း ဖြစ်သွားရလေသည်။

“အုပ်ချုပ်ရေးမှုးနှစ်ယောက်၊ စုကျိုကို လိုက်ပို့ဖို့လိုက်လာကြတာလား”

သို့သော် သူ စကားဆုံးသည်နှင့်၊ တောက်ရန် နှင့် ရူယွီတို့၏ တံဆိပ်ပြားများ ပြောင်းလဲသွားသည်ကို သူ တွေ့လိုက်ရသည်—[အုပ်ချုပ်ရေးမှုး: အလွှာ ၄၀]

“!”

လဲ့ကျယ်သည် သူ့ညီလေးလဲ့အော်ကို အမြန် ကြည့်လိုက်လေသည်။

ထို့နောက် သူ့ညီလေး၏ဂိုဏ်းသားတံဆိပ်ပြားသည်လည်း အလွှာ ၄၀ သို့ ပြောင်းလဲသွားသည်ကို သူ တွေ့လိုက်ရလေသည်။

“? အသက်တစ်ရာ မပြည့်မချင်း အပေါ်တက်လာဖို့ မိသားစုက မင်းကို ခွင့်မပြုထားဘူးလေ...”

လဲ့အော်သည် ရှုပ်ထွေးသော မျက်နှာထားကိုပြသလိုက်သည်။

“ငါ့ဘာသာ ငါ တက်လာတာ မဟုတ်ဘူး”

“ငါ... ငါ စုကျိုရဲ့ထိုင်ခုံမှာ ထိုင်ပြီး ပါလာတာ”

“...”

အုပ်ချုပ်ရေးမှုးရူယွီနှင့် တောက်ရန် နှစ်ဦးစလုံး ခေါင်းကိုဖိလိုက်ကြလေသည်။

ဒါဆို၊ စုကျိုက အလွှာ ၃၀ ကို ဒီလိုပုံစံနဲ့ တက်လာခဲ့တာပေါ့?!

သူတို့ နောက်ဆုံးတော့ အသေးစိတ် အချက်အလက်တွေကို သိသွားရပြီ!

“အာ၊ ငါတို့ ဘာလုပ်ကြမလဲ”

အလွှာ ၄၀ သို့ ရောက်ရှိလာခါစ တောက်ဟယ်နှင့် မူချင်းချုးတို့ ဒုက္ခရောက်နေပုံပေါ်လေသည်။

“အလွှာ ၄၀ က အလွှာ ၃၀ နဲ့ မတူဘူး၊ အိမ်တွေနဲ့ ကုတင်အရေအတွက်က အသေပဲ”

“လောလောဆယ်တော့၊ ခေါင်းဆောင်လဲ့က အောက်ခြေအဖွဲ့အတွက်ခုနစ်ယောက်ဆံ့တဲ့ ခြံဝင်းတစ်ခုပဲ လျှောက်ထားပေးရသေးတယ်”

“လဲ့အော်၊ မင်း... အုပ်ချုပ်ရေးမှုး၊ ရှင်တို့...”

အိပ်စရာကုတင် ရှိပါဦးမလားလို့ ငါ စိုးရိမ်မိတယ်!

“!”

စုကျို ပတ်လည်ရှိ အလင်းရောင်ပျောက်ကွယ်သွားပြီး၊ သူမ လဲ့ကျယ်ကို လက်ဝှေ့ယမ်းပြလိုက်လေသည်။

လဲ့ကျယ်ကလည်း သူမကို လေးနက်စွာခေါင်းညိတ်ပြလိုက်သည်။

သူတို့သည် ဘေးဘက်သို့လျှောက်သွားကြပြီး၊ နှစ်လအကြာတွင် ကျင်းပမည့် ထိပ်သီးဆယ်ဦး နတ်လမ်းစဉ် ပြိုင်ပွဲအတွက် ပြင်ဆင်မှုများကို အလိုအလျောက် ဆွေးနွေးလိုက်ကြလေသည်။

အိပ်စရာ အိမ်မရှိသော လူနည်းစု— “...”

စုကျို သူတို့ကို ဂရုမစိုက်တော့ဘူးလား ?

သူမ ဒီအတိုင်း ပျံသန်းသွားတော့မလို့လား ?

“အမ်၊ စီနီယာအစ်ကိုကြီး တောက်ဟယ် အားလား ? နောက်တစ်ခါ အလွှာ ၃၀ ရောက်ရင် အစ်ကိုကြီးရဲ့ငါးမျှားတဲ့ ပါရမီကို သုံးပြီး သူတို့အိမ်တွေကို မျှားပေးလို့ရမလား”

စုကျိုသည် ကိုယ်ကိုကိုယ်သိသောစိတ် ကောင်းမွန်စွာဖြင့် တိမ်တိုက်လှေကားကို နောက်တစ်ကြိမ်ထုတ်ယူလိုက်လေသည်။

“!”

အုပ်ချုပ်ရေးမှုးရူယွီနှင့် တောက်ရန် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြလေသည်။

သူတို့မျက်လုံးများထဲတွင် မျှော်လင့်ချက်မဲ့မှု၊ စိတ်သက်သာရာရမှု၊ နှင့် ရူးသွပ်မှု အနည်းငယ်တို့ပြည့်နှက်နေလေသည်။

ဒီနှစ်နတ်လမ်းစဉ် ပြိုင်ပွဲမှာ ဝိညာဉ်ပိုးကောင်းဂေဟာရဲ့စွမ်းဆောင်ရည်က နတ်လမ်းစဉ်တစ်ခုလုံးကို တုန်လှုပ်သွားစေလိမ့်မယ်ထင်တယ်!

စုကျို ရှိနေသရွေ့၊ ဒီတစ်ခါ သူတို့အောက်ဆုံးရောက်မှာ မဟုတ်လောက်ဘူး။ အရင်တုန်းက သူတို့ အောက်ဆုံး ရောက်ခဲ့တာက သူတို့လို ရိုးသားတဲ့လူတွေ အရမ်းများနေလို့ပဲ!

ဒါကြောင့်၊ အုပ်ချုပ်ရေးမှုးရူယွီနှင့် တောက်ရန် တို့သည် ထိုညက အလွှာ ၄၀ ကြမ်းပြင်ပေါ်တွင် အိပ်ခဲ့ကြရလေသည်။

စုကျို သူတို့ကို တကယ်ကူညီချင်ပေမယ့်၊ သူမ တတ်နိုင်တာ ဘာမှမရှိပေ။

အိမ်ကိုမျှားယူပေးနိုင်သော စီနီယာအစ်ကိုကြီးတောက်ဟယ်သည် ငါးမျှားရန် ထမင်းစားဖို့လိုအပ်လေသည်။

သူ ထမင်းများများစားလေ၊ သူ့ငါးမျှားတံ ပိုရှည်လေဖြစ်သည်။

သို့သော် နေ့စဉ်လေ့ကျင့်ပြီးနောက်၊ သူ ဘာမှ မစားနိုင်တော့ပေ။

“ငါ မတတ်နိုင်တော့ဘူး၊ ဂျူနီယာညီမလေး၊ ငါ ဗိုက်ပြည့်လွန်းလို့အန်ချင်နေပြီ...”

တောက်ဟယ် တကယ်ကို ရုန်းကန်နေရရှာလေသည်။

စုကျို လက်လျော့လိုက်ရပြီး၊ ကုတင်ငယ်လေးတစ်လုံး၏ ပုံတူကို ထုတ်ယူကာ အုပ်ချုပ်ရေးမှုးနှစ်ဦး အသုံးပြုရန်ဆက်စပ်ပေးလိုက်ရလေသည်။

လဲ့အော်နှင့် အခြားနှစ်ယောက်အတွက်မူ၊ သူမ သူတို့ကို စိတ်မပူနိုင်တော့ပေ။

သူတို့ကို လျန်ဟော့ကျီခေါ်သွားပြီး၊ သူ တစ်ခုခု စဉ်းစားပေးလိမ့်မည်။

စုကျိုနှင့် အောက်ခြေအဖွဲ့သည် အလွှာ ၄၀ သို့ အောင်မြင်စွာ ပြောင်းရွှေ့နိုင်ခဲ့ကြလေသည်။

စီနီယာအစ်ကိုကြီးလဲ့ကျယ်သည် အလွှာ ၃၀ ရှိ ခြံဝင်းနှင့် တစ်ပုံစံတည်းတူညီသော ခြံဝင်းအိမ်တစ်လုံးကို သူတို့အတွက် ပြင်ဆင်ပေးထား လေသည်။

“ဒီနည်းနဲ့ မင်းတို့ ဒီမှာနေသားကျဖို့ ပိုလွယ်မယ်လို့ ငါ ထင်တယ်”

ထို့နောက် သူသည် ခြံဝင်းအဝင်ဝတွင် ချိတ်ဆွဲထားသော 'အထက်လူကြီးကို ဖြုတ်ချခြင်း' ဆိုင်းဘုတ်ကို ညွှန်ပြလိုက်လေသည်။

၎င်းသည် အလွှာ ၃၀ ရှိ ဆိုင်းဘုတ်နှင့် ဆင်တူသော်လည်း၊

အလွှာ ၄၀ ဟူသော သင်္ကေတပါရှိခြင်းသာ ကွာခြားလေသည်။

စုကျို အနည်းငယ် အံ့အားသင့်သွားလေသည်။

ယင်လီသည် သစ်သားဆိုင်းဘုတ်ပေါ်ရှိ အချက်အလက်များကို ဦးစွာဖတ်ရှုပြီး ဖြစ်သည်။

“ဟင်၊ ဒီဆိုင်းဘုတ်က အသစ်လုပ်ထားတာ မဟုတ်ဘဲ၊ အလွှာ ၄၀ သိုလှောင်ရုံထဲက ယူလာတာလား”

“ဟုတ်တယ်” လဲ့ကျယ် ခေါင်းညိတ်လိုက်သည်။

“တချို့အဖွဲ့တွေက လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ရာလောက်ကတည်းက တည်ထောင်ခဲ့တာ၊ အဖွဲ့နာမည်တွေကို အဲဒီကတည်းက သုံးခဲ့ကြတာ”

“မင်းတို့အဖွဲ့၊ အထက်လူကြီးကို ဖြုတ်ချခြင်း၊ ငါ စစ်ဆေးကြည့်တော့၊ လွန်ခဲ့တဲ့ နှစ်ပေါင်းသုံးရာလောက်က အလွှာ ၄၀ မှာ ဒီနာမည်နဲ့ အဖွဲ့တစ်ခု ရှိခဲ့ဖူးတယ်”

“မင်းတို့ စိတ်မရှိဘူးဆိုရင်၊ ဒီဆိုင်းဘုတ်ကို ဆက်သုံးလို့ ရတယ်လို့ ငါ ထင်တယ်”

“ဒီအဖွဲ့ထဲမှာ ပါရမီရှင်တစ်ယောက်ရှိခဲ့ဖူးတယ်၊ နောက်ပိုင်း ဆရာတစ်ဆူဖြစ်လာတယ်လို့ ပြောကြတယ်”

လဲ့ကျယ် ပြုံးလိုက်သည်။

“ဒါက နိမိတ်ကောင်းပဲ”

စုကျို မျက်ခုံးပင့်လိုက်ပြီး အတွင်းဘက် ခြံဝင်းထဲသို့ သူ့လမ်းညွှန်မှုနောက် လိုက်ပါသွားလေသည်။

သူ့ ညာလက်သည် အဝတ်စကို ဖြည်းညှင်းစွာဖြေလိုက်ပြီး၊ လဲ့ကျယ်နှင့် အခြားသူများ အံ့ဩတကြီး ကြည့်နေစဉ် လမ်းကြောင်းတလျှောက် စမ်းသပ်ကြည့်လိုက်လေသည်။

“ဂျူနီယာညီမလေး၊ နင် ဘာလုပ်နေတာလဲ”

“ရူယွီနဲ့ အုပ်ချုပ်ရေးမှုး တောက်ရန် တို့အတွက် ပရိဘောဂတစ်စုံ ယာယီပုံတူကူးပေးမလို့လား”

စုကျို— “...”

ဒီလို တွေးခေါ်ပုံမျိုးနဲ့ဆိုရင်... သူတို့ ဒုတိယတန်းစားပရိဘောဂတွေ ဝယ်လိုက်တာက ပိုမမြန်ဘူးလား ?

“ခေါင်းဆောင်လဲ့ကျယ် ပြောဖူးတယ်၊ အလွှာ ၄၀ မှာ ဝိညာဉ်စွမ်းအင် ပေါကြွယ်ဝပြီး၊ နေရာတိုင်းကကျင့်ကြံဖို့ ရတနာသိုက်ပဲလို့လေ”

“ဒါကြောင့် ဧရိယာတွေ ခွဲထားတယ်”

“အများပြည်သူ နေရာတွေကို ဂိုဏ်းသားအားလုံးရဲ့ သဘောတူညီချက်နဲ့မှ သုံးလို့ရမယ်၊ ပြီးတော့ တရားမဝင် ဆောက်လုပ်တာတွေ ခွင့်မပြုဘူး”

“ကျွန်မ အိမ်ကိုပုံတူကူးလိုက်ရင်တောင်၊ အုပ်ချုပ်ရေးမှုးတောက်ရန် နဲ့ အုပ်ချုပ်ရေးမှုး ရူယွီ တို့က အများပြည်သူနေရာတွေမှာ တရားမဝင် သုံးလို့မရဘူး”

စုကျို လက်ဖြန့်ပြလိုက်လေသည်။

လဲ့ကျယ် ခေါင်းညိတ်လိုက်သည်။ ထိုသည်မှာ အမှန်ပင်။

“ဒါဆို ဂျူနီယာညီမလေးစု၊ နင် ဘာလုပ်နေတာလဲ”

စုကျို “အော်” ဟု ပြောလိုက်ပြီး၊ အလွှာ ၃၀ ရှိ အောက်တန်းစား ဖြုတ်ချရေးခြံဝင်းထဲတွင် သူ တွေ့ရှိခဲ့သော 'ဖုရှင်း' အမည်ရှိ ကျင့်ကြံသူ တစ်ဦးပိုင်ဆံပင်အချို့အကြောင်း လဲ့ကျယ်နှင့် အခြားသူများကို ချက်ချင်းပြောပြလိုက်လေသည်။

လဲ့ကျယ်နှင့် အခြားသူများသည် ယင်ကောင်မျိုချမိသကဲ့သို့ မျက်နှာထားများဖြစ်သွားကြလေသည်။

သူတို့ အလွှာ ၃၀ မှာ ရှိတုန်းက အခန်းတွေကို ဘယ်တုန်းကမှမသန့်ရှင်းခဲ့ကြဘူးလား ?

“ငါ ဘာမှ မတွေ့ဘူး”

စုကျို နောင်တရစွာဖြင့် သူမလက်ကို အမြန် ပြန်ရုပ်သိမ်းလိုက်လေသည်။ သူမသည် အလွှာ ၄၀ ရှိ ဤခြံဝင်းထဲတွင် 'ဖုရှင်း' ၏ မည်သည့် ခြေရာလက်ရာမျှ မတွေ့ရှိခဲ့ပေ။

“...”

အဲဒါ ပုံမှန်ပဲလေ!

“ယုတ္တိအရဆိုရင်၊ အလွှာ ၁ က ဂိုဏ်းသားတွေ အနေနဲ့ အပေါ်ထပ်တွေကို မလာနိုင်သင့်ဘူး”

“ဒါပေမဲ့ ဂျူနီယာညီမလေးစု လိုမျိုး ဆိုရင်တော့...”

တောက်ဟယ်နှင့် အခြားသူများသည် စုကျိုလုပ်ရပ်များကို မျက်မြင်တွေ့ရှိခဲ့ကြပြီး၊ ဘာမဆိုဖြစ်နိုင်သည်ဟု ခံစားခဲ့ကြရလေသည်။

“ထားလိုက်ပါတော့၊ အဲဒါကို တွေးမနေပါနဲ့”

စုကျို ခြံဝင်းထဲရှိ ပင်မအခန်းထဲသို့ ဝင်သွားပြီး၊ နံရံပေါ်တွင် ကပ်ထားသော နှစ်သစ်ကူး အနီရောင်စက္ကူကို လျင်မြန်စွာသတိပြုမိလိုက်သည်။

[ထိပ်သီးဆယ်ဦး နတ်လမ်းစဉ် အခြေတည်အဆင့် ပြိုင်ပွဲ စတင်ရန် ၅၉ ရက် လိုပါသေးတယ်!]

“ဂျူနီယာညီမလေးစု၊ ဒီနှစ် ထိပ်သီးဆယ်ဦး နတ်လမ်းစဉ် အခြေတည်အဆင့်နဲ့ ရွှေအမြုတေအဆင့် ပြိုင်ပွဲကို ပင်မမြို့တော် ၁၂ မြို့ထဲက တစ်မြို့ဖြစ်တဲ့ ဖီးနစ်မြို့တော်မှာ ကျင်းပမှာ”

“ဒီနှစ် ပြိုင်ပွဲ စီစဉ်သူကတော့ ထိပ်သီးဆယ်ဦး နတ်လမ်းစဉ်ထဲကနာမည်ကြီးတဲ့ ဝိညာဉ်ကုန်သည်အသင်းပဲ”

“ဝိညာဉ်ကုန်သည်အသင်းက အခြေတည်အဆင့်နဲ့ ရွှေအမြုတေအဆင့်ကုန်သည် ဂိုဏ်းသားတွေကိုလေ့ကျင့်ပေးတယ်၊ သူတို့အားလုံးက ဝင်ငွေကောင်းပြီး ဉာဏ်ရည်ထက်မြက်ကြပေမယ့်၊ တိုက်ခိုက်ရေးမှာတော့ မကျွမ်းကျင်ကြဘူး”

“ဒီတစ်ခါ ပြိုင်ပွဲကို အိမ်ရှင်အဖြစ်လက်ခံကျင်းပရတဲ့အလှည့်က သူတို့ဖြစ်နေတော့၊ တိုက်ခိုက်ရေးမဟုတ်တဲ့ ပြိုင်ကွင်း ပုံစံတွေ အများကြီး ပါလာနိုင်တယ်”

လဲ့ကျယ်သည် စုကျိုနှင့် အခြားသူများကို ခြံဝင်းထဲရှိ လက်ဖက်ရည် စားပွဲတွင် ထိုင်ရန် ဖိတ်ခေါ်လိုက်လေသည်။

ထိုအချိန်တွင်ပင်၊ ငါးမျှားသူတောက်ဟယ်သည် တစ်စုံတစ်ယောက်၏အိမ်နီးချင်း ခြံဝင်းထဲမှ လက်ဖက်ရည်အိုးတစ်စုံကို မျှားယူလိုက်လေသည်။

“သောက်ကျိုးနည်း! ဘယ်သူလဲ?! လက်ဖက်ရည်ကိုတောင် မျှားယူသွားတယ် ဟုတ်လား?! ကိုယ့်ဘာသာ ဖျော်သောက်လို့ မရဘူးလား?!”

ဒေါသတကြီး အော်ဟစ်သံတစ်ခု ဘေးအိမ်မှလျင်မြန်စွာ ထွက်ပေါ်လာလေသည်။

စုကျို— “...”

ယင်လီနှင့် အခြားသူများ— “...”

အလွှာ ၄၀ ၏ခေါင်းဆောင် ဂိုဏ်းသားလဲ့ကျယ်သည် ချက်ချင်း မကျေမနပ် ဖြစ်သွားပြီး ဘေးခန်းသို့ နှာခေါင်းရှုံ့လိုက်သည်။

“အလွှာ ၄၀ ဂိုဏ်းသားတစ်ယောက် အနေနဲ့၊ ထိုင်တာ၊ လဲလျောင်းတာ၊ မတ်တတ်ရပ်တာ၊ လမ်းလျှောက်တာတွေမှာ လစ်ဟင်းလို့ မရဘူး; ဒါက ပထမဆုံး စည်းကမ်းပဲ”

“နေ့ခင်းကြောင်တောင် လက်ဖက်ရည်သောက်နေပြီး၊ မျက်လုံးဖွင့်ထားရက်နဲ့တောင်၊ မင်းရဲ့ လက်ဖက်ရည်အိုးလုယူခံလိုက်ရတယ်ပေါ့? မင်း တကယ့်ကို ပေါ့ဆလွန်းတယ်”

“အပိုလေ့ကျင့်ဖို့ လေ့ကျင့်ရေးကွင်းကို အခုချက်ချင်းသွား!”

သူသည် မျက်ခုံးအောက်ရှိ 'ခေါင်းဆောင်' ဟူသော စာလုံးကိုပုတ်လိုက်ရာ၊ ဘေးခန်းသည် ချက်ချင်းတိတ်ဆိတ်သွားပြီး၊ ပုံရိပ်နှစ်ခု အားကိုးရာမဲ့စွာ ပျံထွက်သွားသည်ကိုတွေ့လိုက်ရသည်၊ ရှင်းနေသည်မှာ 'အတင်းအကျပ် အပိုလေ့ကျင့်ရန်' သွားရခြင်းဖြစ်သည်။

“အသစ်ရောက်လာတဲ့ ဂျူနီယာညီလေး ညီမလေးတွေ ရှက်ရွံ့သွားရတဲ့အတွက် တောင်းပန်ပါတယ်”

လဲ့ကျယ် စုကျိုနှင့် အခြားသူများကို ခေါင်းညိတ်ပြလိုက်လေသည်။

သူသည် သူတို့ကို ပေးထားသော ခြံဝင်းငယ်လေး၊ လက်ဖက်ရည်ခြံဝင်းနှင့် အိမ်နံရံများကို ညွှန်ပြလိုက်လေသည်။

အဲဒီအပေါ်မှာ မင်ရည်နဲ့ စာလုံးအကြီးကြီးတွေ ရေးထားသည်—

【မပေါ့ဆရ!】

【အိပ်နေရင်တောင်၊ ကျင့်ကြံရမယ်!】

【ငါ မင်းတို့ကို ဘယ်အချိန်မဆို စစ်ဆေးမယ်!】

လဲ့ကျယ်သည် အန္တရာယ်ကင်းပုံရသော်လည်း ကြမ်းတမ်းသော အပြုံးတစ်ခုကိုထုတ်ဖော်ပြသလိုက်ပြီး၊ လုံးဝ မသောက်ရသေးကြောင်း ထင်ရှား သော လက်ဖက်ရည်ခွက် အများအပြားကို စုကျိုနှင့် အခြားသူများထံ တွန်းပို့လိုက်လေသည်။

“ဒါက ငါတာဝန်ယူထားတဲ့ အလွှာ ၄၀ ပဲ”

“သူတို့က တာဝန်မသိတတ်ကြဘူး၊ ပေါ့ဆလွန်းတယ်၊ ဂျူနီယာညီမလေးစုကျို၊ ဂျူနီယာညီလေးလိုကျား၊ ယင်လီ... မင်းတို့ အဲဒီလို လုပ်မှာ မဟုတ်ဘူးလို့ ငါ ယုံကြည်တယ်”

စုကျိုနှင့် အခြားသူများ၏နှုတ်ခမ်းများ တွန့်သွားလေသည်။

All Chapters