အခန်း (၁၃၀)
Vol. 13 Ch. 130
🥝 Chapter 130
သူတို့ တကယ်ပဲ ဒီ ၄၁ ထပ်မှာ နေရတော့မှာလား ?
“ကျိုလေး၊ ငါတို့ ၄၁ ထပ်ကို တန်းသွားရင် ဘယ်လိုလဲ”
လဲ့ကျယ်— “…”
လိုအပ်လို့လား ?
သူက စကားပြောရတာ တော်တော်လွယ်ကူပါတယ်။
သူတို့ မပေါ့ဆသရွေ့ပေါ့။
၄၁ ထပ်မှာ ရက်ပေါင်းများစွာ လေ့ကျင့်ခဲ့ဖူးသော တောက်ဟယ်နှင့် မူချင်းချုးတို့သည် ရယ်မောလိုက်ပြီး စုကျိုနှင့် အခြားသူများအတွက် လက်ဖက်ရည်ငှဲ့ပေးလိုက်လေသည်။
လျန်ဟော့ကျီသည် ပိုးသတ်ထားကြောင်းသေချာစေရန် လက်ဖက်ရည်အိုးနှင့် ခွက်များကို ရေနွေးပူဖြင့် ဆေးကြောပြီးသားဖြစ်သည်။
“အခု နင်တို့ သိပြီပေါ့... ဘာလို့ ငါတို့က အလွှာ ၃၁ နဲ့ ၃၂ မှာ ခေါင်းဆောင် နည်းပြတွေအဖြစ်နေရတာကို ပိုနှစ်သက်ကြသလဲ ဆိုတာ?”
သူ အခုထိ နုံအလွန်းသေးတယ်လို့ စုကျို ခံစားလိုက်ရသည်!
သူ ဘယ်လိုလုပ်ပြီး အလွှာ ၄၀ ကို လိမ္မာစွာလိုက်လာခဲ့မိတာလဲ။
လဲ့ကျယ်ရဲ့ ညီလေးဖြစ်တဲ့ လဲ့အော်တောင် ဒီအပေါ်ကို လုံးဝတက်ချင်ခဲ့မှာ မဟုတ်ဘူး!
သေချာပေါက် တစ်ခုခုမှားနေပြီဆိုတာ သူ သဘောပေါက်ခဲ့သင့်တာ။
“နတ်လမ်းစဉ် ပြိုင်ပွဲအကြောင်း ဆက်ပြောကြရအောင်”
လဲ့ကျယ် ပြောလိုက်ပြီး၊ သူ့လက်နှစ်ဖက်ကို လက်ဖက်ရည် စားပွဲပေါ်တင်လိုက်လေသည်။
တခဏအတွင်း၊ လျှပ်စစ်နှင့် လျှပ်စီးအလွှာတစ်ခုသည် လက်ဖက်ရည် စားပွဲနှင့် ခြံဝင်းထဲရှိ အဆင့်မြင့် ကုလားထိုင်များ အားလုံးပေါ်သို့ ဖြတ်စီးသွားလေသည်။
ဒါကို အသားကျနေပြီဖြစ်သော တောက်ဟယ်၊ မူချင်းချုး၊ နှင့် လျန်ဟော့ကျီ တို့သည် ထိုင်ခုံများမှ ချက်ချင်းထလိုက်ကြပြီး၊ မြင်းစီးဟန် ပြုလုပ်ကာ၊ ခံစစ်ချီဖြင့် သူတို့ကိုယ်သူတို့ ဝန်းရံလိုက်ကြလေသည်။
သေချာသည်မှာ၊ စကားပြောနေရင်တောင် အနားယူလို့မရပေ!
အချိန်တိုင်း သတိရှိနေရမည်။
“သောက်ကျိုးနည်း!”
ကျူးပိုင်ယွီ အငိုက်မိသွားပြီး ဓာတ်လိုက်သွားလေသည်။
လိုကျား၏မှိတ်ထားသော မျက်လုံးများလှုပ်ခါသွားလေသည်။
ယို့လု— “...တကယ့်ကို၊ အရမ်းကံဆိုးတဲ့ နေ့တစ်နေ့ပဲ”
သစ်သားစားပွဲပေါ်ရှိ အချက်အလက်များကိုကြိုတင်ဖတ်ရှုထားသော ယင်လီ တစ်ဦးတည်းသာ အချိန်မီမတ်တတ်ရပ်လိုက်နိုင်သည်။
စုကျိုကို နတ်ဆိုးကြီးချန်ယွမ်က ကောက်မလိုက်လေသည်။ ထို့နောက် သူသည် ကလေးနှစ်ယောက်ကိုကန်ထုတ်လိုက်လေသည်။
“မဆိုးဘူး”
လဲ့ကျယ် ချန်ယွမ်ကို သဘောကျစွာကြည့်လိုက်သည်။
“မင်း လုံလောက်အောင် သတိရှိသားပဲ”
“ဆက်ကြိုးစားထား၊ သတိမလွတ်စေနဲ့”
“ဒါဆိုရင် ငါ နတ်လမ်းစဉ်ပြိုင်ပွဲအကြောင်း ဆက်ပြောမယ်”
“မင်းတို့အားလုံး ထိုင်သင့်တယ်၊ ဘာလို့ မတ်တတ်ရပ်နေကြတာလဲ”
“ငါ မင်းတို့ကို ဆက်တိုက် ဓာတ်လိုက်အောင် လုပ်နေမှာ မဟုတ်ပါဘူး”
“ဒါပေမဲ့ ငါ စိတ်ကူးပေါက်တဲ့ အချိန်တိုင်း မင်းတို့ကို ဓာတ်လိုက်အောင် လုပ်မှာ”
“...”
လဲ့ကျယ် ပွင့်ပွင့်လင်းလင်း ဆက်ပြောလိုက်သည်။
“အရင်နှစ်တွေက နတ်လမ်းစဉ် ပြိုင်ပွဲတွေမှာ၊ သတိထားရမယ့် အဖွဲ့တချို့ ရှိတယ်”
“ပင်တောင်ဂိုဏ်း (စစ်လမ်းစဉ်ဂိုဏ်း)၊ သူတို့က အမြဲပြောင်းလဲနေတဲ့ စစ်ရေးနည်းဗျူဟာတွေကို ကျွမ်းကျင်တယ်၊ သူတို့ ဂိုဏ်းသားတွေက သန်မာတဲ့ ရုပ်ခန္ဓာတွေရှိကြတယ်၊ ပြီးတော့ ကောင်းကောင်းလေ့ကျင့်ထားကြတယ်၊ အဲဒါက သူတို့ကို အန္တရာယ်အရှိဆုံးဖြစ်စေတယ်”
“ဒါ့အပြင်၊ သူတို့ရဲ့ ဆေးဖော်စပ်ခြင်းနဲ့လက်နက်သွန်းလုပ်ခြင်း ကျွမ်းကျင်မှုတွေကလည်း အရမ်းအားကောင်းတယ်”
“ပြီးခဲ့တဲ့ ပြိုင်ပွဲကို ဆေးပညာရှင်တွေကြီးစိုးတဲ့ ဒန်ဂိုဏ်းရဲ့ ပင်မမြို့တော်မှာကျင်းပခဲ့ပြီး၊ ဒန်ဂိုဏ်းက ပထမဆုရခဲ့တယ်”
စုကျို မျက်ခုံးပင့်လိုက်ပြီး သူမ၏ အကြွေးစာရင်းကို ထုတ်လိုက်လေသည်။
ငါးအမှတ် ၁၊ ဝတ္ထုဇာတ်လိုက်မင်းသား၊ လုံအောင်ထျန်း၊ ရွှေအမြုတေ ဖွဲ့စည်းပြီးနောက် ဒန်ဂိုဏ်းသို့ဝင်ရောက်ခဲ့သည်။ ကံမကောင်းစွာဖြင့်၊ မြေပုံပေါ်ရှိ သူ့တည်နေရာသည် ဒီနှစ် ပြိုင်ပွဲကျင်းပရာနေရာ မဟုတ်ပေ။
သူ လွဲသွားပြီ။
စုကျို နောင်တရစွာဖြင့် အကြွေးစာရင်းကိုပြန်သိမ်းလိုက်လေသည်။
သူမကို ကောင်းကောင်းနားလည်သော ယင်လီက သူမကို ကြည့်လိုက်သည်။
“ကျိုလေး၊ စိတ်မပူပါနဲ့၊ နင့်ရဲ့ ငါးအမှတ် ၁ လည်း နတ်လမ်းစဉ် ပြိုင်ပွဲမှာ ပါဝင်လာနိုင်တယ်၊ အကယ်၍ သူ မလာရင်တောင်၊ ငါတို့ သူနဲ့အတူ ရှိနေတဲ့ ဒန်ဂိုဏ်းက ဂိုဏ်းသားတစ်ယောက်ယောက်နဲ့တွေ့ရမှာပါ”
စုကျို၏ မျက်လုံးများ တဖြည်းဖြည်း အလင်းပြန်ဝင်လာပြီး၊ ယင်လီကို ကြည့်ကာ နားလည်စွာ ပြုံးလိုက်လေသည်။
ဟုတ်တယ်။
လူချင်း မတွေ့ရရင်တောင်၊ သူ့ရဲ့ ရင်းနှီးတဲ့ မိသားစုဝင်၊ ဒါမှမဟုတ် သူ့အကြွေးတွေ ဆပ်ပေးချင်တဲ့ ဂျူနီယာညီလေး တစ်ယောက်ယောက်နဲ့ တွေ့ရင်လည်း အဆင်ပြေတာပဲလေ။
စုကျို မျှော်လင့်ချက်တို့ ပြန်လည်တောက်လောင်လာလေသည်။
တောက်ဟယ် သူမကို စူးစမ်းချင်စိတ်ဖြင့်ကြည့်လိုက်သည်။
“ဂျူနီယာညီမလေးက ဒန်ဂိုဏ်းနဲ့ ဝိညာဉ်ကုသသူတွေအပေါ် ရန်ငြိုးရှိလို့လား”
စုကျို နှိမ့်ချစွာ ပြုံးလိုက်သည်။
“ရပါတယ်၊ ရပါတယ်”
“အဲဒါက ကျွန်မရဲ့ ကြီးမားတဲ့ ရန်ငြိုးခုနစ်ခုထဲက တစ်ခုပါပဲ”
“!”
“စိတ်မပူပါနဲ့၊ ကျွန်မ နှစ်ခုဖြေရှင်းပြီးပါပြီ”
“...”
စုကျို အကြွေးတောင်းစာရင်းကို သေချာ လေ့လာလိုက်လေသည်။
ငါးအမှတ် ၇၊ ချန်ကျိုး၊ ၁၀၀%။
ငါးအမှတ် ၆၊ ဖုရှင်း ၊ သေပြီ၊ အကြွေးတောင်းခံမှု တိုးတက်မှု ၅၀%။
ငါးအမှတ် ၅၊ ကျင်းချန် ၊ ၁၀၀%။
ငါးအမှတ် ၄၊ လျောင်ချွမ်းလည်း သေပြီ၊ သောက်ကျိုးနည်း! တိုးတက်မှု ၀%။
ငါးအမှတ် ၃၊ ရှုယီဝမ် ၊ ဝိညာဉ်ပိုးကောင်းဂေဟာ အလွှာ ၇၂ မှ ဂိုဏ်းသား၊ တိုးတက်မှု ၀%။
ငါးအမှတ် ၂…
“ပြိုင်ပွဲကျင်းပတဲ့နေ့မှာ၊ ဒီပြိုင်ပွဲကို စီစဉ်သူ ဝိညာဉ်ကုန်သည်အသင်းက၊ ငါတို့ကို လာခေါ်ဖို့ ပျံသန်းလှေနှစ်စင်း လွှတ်လိုက်လိမ့်မယ်”
စုကျို အတွေးလွန်နေသည်ကို မသိသော လဲ့ကျယ်ပြောလိုက်လေသည်။
“ငါတို့ အခြေတည်အဆင့် ထိပ်သီးအဖွဲ့ကို ကျင့်ကြံခြင်းအမြင့်ဆုံးဖြစ်တဲ့ ငါနဲ့ ဂျူနီယာညီမလေးစုကျိုက ဦးဆောင်မယ်”
“ရွှေအမြုတေထိပ်သီးအဖွဲ့ကိုတော့ အဆင့်မြင့်အလွှာက လာတဲ့ စီနီယာအစ်ကိုကြီး ရှုယီဝမ်က ဦးဆောင်လိမ့်မယ်”
“အကယ်၍ ငါတို့ ပျံသန်းလှေနှစ်စင်း အတူတူထွက်ခွာနိုင်ရင်၊ ငါတို့ တစ်ယောက်နဲ့ တစ်ယောက်စောင့်ရှောက်ပေးလို့ ရတာပေါ့…”
“ဟမ်”
စုကျို အာရုံစိုက်မှုသည် နာမည်တစ်ခုကြောင့် ပြန်ရောက်လာလေသည်။
လဲ့ကျယ်သည် အခန်းထဲရှိလူတိုင်းကို နောက်တစ်ကြိမ် ဓာတ်လိုက်အောင် လုပ်တော့မည့်ဆဲဆဲတွင်၊ စုကျိုအော်သံက လျှပ်စီးကို အားကောင်းသွားစေခဲ့လေသည်။
စုကျိုသည် သူမ နောက်ရှိ ချန်ယွမ်ရင်ခွင်ထဲသို့ အချိန်မီခုန်ဝင်လိုက်လေသည်။
သူမ ကျွမ်းကျင်နေပြီ ဖြစ်ပြီး၊ လျှပ်စီးကြောင့် မဲတူးသွားသော အခြားသူများကို လျစ်လျူရှုကာ၊ လဲ့ကျယ်ကို ထူးဆန်းစွာ ပြုံးပြလိုက်သည်၊
“လဲ့ကျယ်လေး၊ ရှင် ဘာပြောလိုက်တာလဲ”
“ငါတို့ ဘယ်သူနဲ့ အတူထွက်ခွာမှာလဲ”
“စီနီယာအစ်ကိုကြီး ရှုယီဝမ်လား” လဲ့ကျယ် ပြန်ပြောလိုက်သည်။
စုကျို ချက်ချင်းပြုံးဖြီးဖြီး လုပ်လိုက်ပြီး အကြွေးစာရင်းကိုစစ်ဆေးလိုက်လေသည်။
【ရှုယီဝမ် ဝိညာဉ်ပိုးကောင်းဂေဟာ အလွှာ ၇၂ မှ အေအဆင့်အဖွဲ့၏ ဒုခေါင်းဆောင်၊ ဆောင်သခင်ကိုယ်တိုင် သင်ကြားပေးသော တပည့်၊ သူမ၏ဝိညာဉ်သွေးများကို ရောင်းချခြင်းဖြင့် ငါးနှစ်ကြာထောက်ပံ့ပေးခဲ့သည်၊ ဝိညာဉ်ကျောက်တုံး ၁၁၀,၀၀၀ ခန့်ရှိသည်။】
“ဒါဆို သူ ဖြစ်နေတာကိုး” စုကျို စိတ်လှုပ်ရှားစွာ အာမေဋိတ်ပြုလိုက်လေသည်။
သူမ၏တုံ့ပြန်မှုကို နားမလည်နိုင်သော လဲ့ကျယ်သည် ဂရုမစိုက်တော့ဘဲ သူ့လက်ထဲရှိ လျှပ်စီးပမာဏကိုတိုးမြှင့်လိုက်လေသည်။
“ဖူး” တောက်ဟယ်၏ခံစစ်အော်ရာသည် လျှပ်စစ်ရှော့ခ်ကြောင့် ကွဲကြေသွားလေသည်။
တခဏအတွင်း၊ သူသည် မျှားကြိုးကိုနောက်တစ်ကြိမ် ပစ်လွှတ်လိုက်ပြီး၊ အလွှာ ၄၀ ရှိ သခင်တစ်ရာခန်းမမှ ကုသဆေးလုံးများကို ချိန်ရွယ်လိုက်လေသည်!
“တောက်ဟယ်—”
အလွှာ ၄၀ အုပ်ချုပ်ရေးမှုး၏ဟိန်းဟောက်သံသည် ကောင်းကင်အနှံ့ပဲ့တင်ထပ်သွားလေသည်။
လဲ့ကျယ် နောက်ဆုံးတွင် သူ့လက်ဝါးလျှပ်စီးကို ရုပ်သိမ်းလိုက်လေသည်။
တောက်ဟယ်သည် တွန့်လိမ်နေသောလူအုပ်ကြီးအား ဆေးလုံးများဝေငှပေးလိုက်သည်။
“မင်းတို့ အသားကျသွားမှာပါ၊ မကြောက်ပါနဲ့၊ အဆင်ပြေပါတယ်၊ ငါ အခုကစပြီး ဆေးလုံးတွေမျှားပြီး လူတိုင်းနဲ့ မျှဝေပေးမယ်”
သခင်တစ်ရာခန်းမက ဆေးလုံးသိုလှောင်ရုံ ဟုတ်တယ်မလား?!
“နင့်ရဲ့ ငါးအမှတ် ၄ လား” ကျူးပိုင်ယွီသည် ဆေးလုံးတစ်လုံးမျိုချလိုက်ပြီး စုကျိုကိုမေးလိုက်လေသည်။
စုကျို ခေါင်းညိတ်လိုက်ပြီး၊ ပြီးမှ ခေါင်းခါလိုက်သည်။
နံပါတ် ၃ ပါ၊ နံပါတ် ၄ က သေသွားပြီ”
“ကိစ္စမရှိပါဘူး၊ စုကျို ပြိုင်ပွဲသွားတဲ့ လမ်းမှာ၊ နင့်ရဲ့နံပါတ် ၄ ဘယ်မှာ မြှုပ်ထားလဲ ဆိုတာ ငါ စစ်ဆေးပြီး၊ အခွင့်အရေးရရင် တူးဖော်ပေးမယ်!”
ယင်လီ လက်သီးဆုပ်လိုက်လေသည်။
စုကျို ပြုံးဖြီးဖြီးလုပ်လိုက်ပြီး ယင်လီကို ချိုသာစွာပြုံးပြလိုက်သည်။
“ကောင်းပြီလေ”
“ငါ နှစ်လကြာရင် ကျင်းပမယ့် ပြိုင်ပွဲကို တကယ်မျှော်လင့်နေပြီ”
“ငါတို့ ဒီနေ့ထွက်ခွာနိုင်ရင် ကောင်းမှာပဲ~”
လဲ့ကျယ်နှင့် တောက်ဟယ် အပါအဝင် အခြားသူများတုန်လှုပ်သွားကြလေသည်။
ဘာဖြစ်နေတာလဲ ? အလွှာ ၄၀ အဆောက်အဦးက သမိုင်းတစ်လျှောက် အကြောက်မက်ဖွယ် အကောင်းဆုံး ဂျူနီယာညီမလေးကို ကြိုဆိုလိုက်ရသလိုပါပဲလား!
အဲဒါနဲ့ယှဉ်လိုက်ရင်၊ သူတို့ရဲ့ အချိန်တိုင်းဓာတ်လိုက်နေတာနဲ့ ငါးမျှားနေတာတွေက ဘာမို့လို့လဲ?
ဒီလို ဖရိုဖရဲပုံစံဖြင့် နှစ်လကုန်ဆုံးသွားလေသည်။
လဲ့ကျယ်သည် နေရာမရွေး အချိန်မရွေးလူတိုင်းကို လျှပ်စီးဖြင့် ထပ်ခါတလဲလဲပစ်ခတ်ခဲ့ပြီး၊ လူတိုင်း၏ရုပ်ခန္ဓာကိုယ်ကို ထပ်ခါတလဲလဲ သွန်းလုပ်ပေးကာ ၎င်းတို့၏စူးရှထက်မြက်မှုကို စမ်းသပ်ခဲ့လေသည်။
လေ့ကျင့်ရေးစင်မြင့်ပေါ်တွင်၊ စုကျိုနှင့် လူတိုင်းသည် နည်းဗျူဟာများ မည်သို့ပေါင်းစပ်ရမည်ကို ထပ်ခါတလဲလဲဆွေးနွေးခဲ့ကြလေသည်။
စုကျိုသည် ပုံမှန်၊ အထူး၊ ဖိတ်ကြားခံ၊ နှင့် အစားထိုး အဖွဲ့ဝင် အများအပြား၏အရေးကြီးသော ခန္ဓာကိုယ်အစိတ်အပိုင်းများကိုလည်း ပုံတူကူးယူခဲ့လေသည်။
“အကယ်၍ နင်တို့ ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့ရင်၊ အဲဒါတွေကို ပြန်တပ်လို့ ရတာပေါ့”
ခြေတုလက်တုတွေ လုံလောက်အောင် ရှိတယ်။
ပျက်စီးသွားတဲ့ ဒန်ထျန်လည်း ပြဿနာမဟုတ်ဘူး။
သူတို့ရဲ့ဝိညာဉ်အမြစ်တွေ ကြေမွသွားရင်တောင် ကိစ္စမရှိဘူး။
သူတို့ မသေသရွေ့၊ သူတို့ကို ကယ်တင်နိုင်ပြီး ခြေတုလက်တုတွေ တပ်ပေးလို့ရသည်။
လဲ့ကျယ် အတိုင်းမသိ ဝမ်းသာသွားတော့သည်။
အခြားသူများကမူ ကြောက်လန့်နေကြလေသည်။
ဒီလိုနဲ့ နောက်ဆုံးတွင် သူတို့သည် နတ်လမ်းစဉ်မဟာပြိုင်ပွဲစီစဉ်သူများ စေလွှတ်လိုက်သော ပျံသန်းလှေနှစ်စင်းကို ဝိညာဉ်ပိုးကောင်းဂေဟာ၏ အလွှာ ၄၀ ဝင်ပေါက်တွင်စောင့်ဆိုင်းနေကြလေသည်!
စုကျို မော့ကြည့်လိုက်ရာ တိမ်တိုက်များထဲတွင် သုံးထပ် ပျံသန်းလှေ တစ်စင်းကိုတွေ့လိုက်ရသည်။ ၎င်း၏ ကိုယ်ထည်တစ်ခုလုံးကို ရွှမ်းကျင်း (ရွှမ်းကျင်း - လျှို့ဝှက်ဆန်းကြယ်သော ကျောက်သလင်း) ဖြင့်ပြုလုပ်ထားပြီး၊ ကိုယ်ထည်ပေါ်တွင် ရွှေရောင်ရွှမ်းစာလုံး အမျိုးမျိုးထွင်းထုထား လေသည်။
သုံးကျန်ခန့်မြင့်သော အနီရောင်ရွှေသားရေကွင်းပုတီးစိပ်ကို ဦးပိုင်းတွင်မြှုပ်နှံထားပြီး၊ လောင်ကျွမ်းနေသော ကျောက်သလင်းများဖြင့် ထွန်းညှိထားသော မီးအိမ်တစ်ရာနီးပါးသည် ဘေးနှစ်ဖက်တွင်ပျံဝဲနေလေသည်။
လှေ၏ရွက်တိုင်တွင် ရွှေဒင်္ဂါးပြားများ အပြည့်ပန်းထိုးထားသောအလံတံခွန် တစ်ခုချိတ်ဆွဲထားပြီး၊ ဝိညာဉ်ကုန်သည် အသင်းကို ကိုယ်စားပြု လေသည်။ အလံတံခွန်ပေါ်တွင် "ဒီနှစ် နတ်လမ်းစဉ်မဟာပြိုင်ပွဲစီစဉ်သူ - ဝိညာဉ်ကုန်သည်အသင်း" ဟူသော စာလုံးအသေးလေး တစ်ကြောင်းကို ကောင်းကင်ပိုးချည်ဖြင့် ပန်းထိုးထားလေသည်။ လေတိုက်ခတ်၍လွင့်ပျံသောအခါ၊ ဝိညာဉ်ကျောက်တုံးများ အဆက်မပြတ် ကျဆင်းနေသော လှုပ်ရှားနေသည့် ပုံရိပ်ယောင်ပေါ်ထွက်လာလေသည်။
စုကျို မျက်လုံးများ တောက်ပလာရသည်။
ထို့နောက် သူမ လျှင်မြန်စွာ တွေ့ရှိလိုက်သည်မှာ ဦးပိုင်း၏ ဘေးတစ်ဖက်စီတွင် ဝိုင်းစက်ပြီး၊ နူးညံ့ကာ၊ ချစ်စရာကောင်းသော အနက်ရောင် မျက်လုံး တစ်လုံးစီရှိနေခြင်းပင်။
သူ ကြည့်လိုက်သောအခါ၊ ၎င်းသည် သူမကို ကွက်ကွက်ကွင်းကွင်းပြန်ကြည့်နေလေသည်။