← Chapters

အခန်း (၁၈၈)

Vol. 18 Ch. 188

အခန်း (၁၈၈)

Vol. 18 Ch. 188

"ချီတက်ကြ"

...

အရံတပ်စခန်း၏ ဝဲဘက်တပ်ခွဲ မှ စစ်သည်လေးထောင်တို့သည် ညမှောင်ရိပ်ကို အကာအကွယ်ယူကာ တိတ်ဆိတ်စွာပင် စတင်ချီတက်ခဲ့ကြသည်။ ယွီယန်ဂိုဏ်းတောင်ပေါ်မှ ဆင်းရာ လမ်းဆုံတိုင်းတွင် လက်နက်အပြည့်အစုံ တပ်ဆင်ထားသော စစ်သည်တစ်ထောင်စီ ကင်းစောင့်နေပြီး မည်သူမျှ လွတ်မြောက်နိုင်ခြင်း မရှိစေရန် ပိတ်ဆို့ထားသည်။

"ကျောက်ကန်၊ ဝမ်လီ၊ ကျူထုံ၊ ရွှီဘင်... မင်းတို့ တစ်ယောက်ကို လူငါးယောက်စီ ရွေးပြီး ငါနဲ့အတူ တောင်ပေါ်ကို လိုက်ခဲ့။ ဖန်းယုံ... မင်းက ကျန်တဲ့လူတွေကို ဦးဆောင်ပြီး တောင်တက်လမ်းကို ပိတ်ထားလိုက်"

ချန်ဆန်းရှီသည် အမြန်ဆုံး အမိန့်ပေးပြီးနောက် ယွီယန်ဂိုဏ်းအတွင်းသို့ တိတ်တဆိတ် ထိုးဖောက်ဝင်ရောက်ခဲ့သည်။ ယွီယန်ဂိုဏ်းသည် မြို့ပြင်ရှိ တောင်ကုန်းတစ်ခုပေါ်တွင် တည်ရှိသည်။ အလွန်အမင်း မကြီးမားသော်လည်း မြေမျက်နှာသွင်ပြင်က ရှုပ်ထွေးလှပြီး ဝင်းတစ်ခုနှင့်တစ်ခုမှာ ဝင်္ကပါကဲ့သို့ ဆက်သွယ်နေသည်။ တပည့်အမြောက်အမြား ကင်းလှည့်နေသဖြင့် ညဘက်တွင် ရည်မှန်းချက်နေရာကို အမြန်ရှာဖွေရန် အလွန်ခက်ခဲလှသည်။

ကံကောင်းထောက်မစွာဖြင့် သူသည် မြေပုံကို သေချာကျက်မှတ်ထားသလို၊ အမှောင်ထဲတွင်လည်း ရှင်းလင်းစွာ မြင်နိုင်သောကြောင့် နောက်တောင်ကုန်းနှင့် ဆက်စပ်နေသော အိမ်ရာဝင်းတစ်ခုသို့ အရှိန်အဟုန်ဖြင့် ရောက်ရှိသွားသည်။

ထူးဆန်းသည်မှာ ထိုနေရာတွင် လူနေထိုင်သည့်ပုံ မရှိခြင်းပင်။ တံခါးမကြီးတွင် ပင့်ကူအိမ်များ ရှိနေပြီး ဝင်းအတွင်းမှာလည်း လုံးဝ တိတ်ဆိတ်နေသည်။

'ငါတို့တစ်ယောက်ကို တပည့်ရင်း တစ်ယောက်စီ ကိုင်တွယ်ဖို့ သဘောတူထားတာ မဟုတ်လား ဘာလို့ ဒီမှာ ဘယ်သူမှ မရှိတာလဲ'

အမှားအယွင်း မရှိစေရန် ချန်ဆန်းရှီသည် အမိုးပေါ်သို့ ခုန်တက်ကာ သူ၏ အော်ရာကြည့်ရှု့ခြင်း ကို သုံး၍ သေချာစွာ ရှာဖွေကြည့်သည်။ ထိုနေရာတွင် လူနေထိုင်ခြင်း လုံးဝမရှိသည်ကို သူ အတည်ပြုနိုင်ခဲ့သဖြင့် ပို၍ပင် သတိကြီးစွာ ထားလိုက်သည်။

ပုံမှန်မဟုတ်သော အခြေအနေမျိုးတွင် နောက်ကွယ်၌ တစ်ခုခု ရှိနေစမြဲပင်

သူသည် နေ့လယ်က ထန်ရင်ခ ပြောပြခဲ့သည်များကို ပြန်တွေးမိသွားသည်။ ရှာဝမ်လုံ...

'ငါ့ကို ဘာအောင်မြင်မှုမှ မရအောင် လက်ဗလာနဲ့ ပြန်ခိုင်းချင်တာလား'

'ဒီလောက်တော့ မရိုးရှင်းနိုင်ဘူး'

တတိယတန်းစား စစ်မှုထမ်းမှတ်တမ်းလေး တစ်ခုလောက်နဲ့တော့ သူ၏ တပည့်ရင်း နေရာကို မလှုပ်ခါနိုင်ပေ။ ဒါဆိုရင် အန္တရာယ်က အနားမှာ ရှိနေတာလားမိစ္စာဂိုဏ်းဝင်တွေ ဒီမှာ ပုန်းနေတာလားမသေချာပေ။

လောလောဆယ်တွင် ၎င်းမှာ သူ၏ ထင်မြင်ချက်သာ ဖြစ်သဖြင့် အလွန်အကျွံ တွေးနေခြင်းလည်း ဖြစ်နိုင်သည်။ သို့သော် ရန်သူက မကောင်းကြံနေလျှင်ပင် သူ ဤနေရာမှ ထွက်သွား၍ မရပေ။ တစ်ခွန်းတည်း ပြောရလျှင် - စစ်မိန့်သည် တောင်ကြီးကဲ့သို့ လေးလံလှသည်။

စစ်မြေပြင်တွင် စစ်ပြေးခြင်းမှာ သေဒဏ်ထိုက်သော အပြစ်ဖြစ်သည်။ သူသည် ဘုရင်ခံဆွန်၏ တပည့်ရင်း ဖြစ်ကာ ပို၍ စံပြဖြစ်အောင် နေရလေလေ ဖြစ်သည်။

"တစ်လှမ်းချင်းပဲ သွားကြတာပေါ့။ ဒီဝင်းက ဘာအတွက်လဲဆိုတာ အရင်ရှာကြမယ်"

ချန်ဆန်းရှီက အမိန့်ပေးလိုက်သည်"ရှာကြစမ်း"

...

အမှောင်ထုအတွင်း၌...

ဟွမ်ထျန်းရုန်က ရှေ့မှ ဦးဆောင်ပြီးနောက်တွင် တပည့်ရင်း ၇ ဦး၊ ၈ ဦးခန့်နှင့် အတွင်းစည်းတပည့် ၁၀ ဦးကျော် လိုက်ပါလာသည်။ သူတို့သည် သားရဲတစ်ကောင်၏ အလိုက်ခံရသလိုမျိုး ထိတ်လန့်တကြား အပြေးအလွှား လာနေကြခြင်းဖြစ်သည်။

"ဆရာ"

"သူတို့... သူတို့ ကျွန်တော်တို့ကို တကယ်ပဲ ဝိုင်းထားကြပြီ"

"ဆရာသာ မြန်မြန် ဆုံးဖြတ်ချက် မချရင် ကျွန်တော်တို့ အခုဆို အကျဉ်းထောင်ထဲ ရောက်နေလောက်ပြီ"

"ညီငယ် မာ ကတော့ သေထိုက်တာပဲ ကြည့်တော့ ရိုးရိုးသားသားနဲ့ နောက်ဆုံးတော့ ကျွန်တော်တို့ကို သစ္စာဖောက်သွားတယ်"

"မိစ္စာဂိုဏ်းနဲ့ ပူးပေါင်းတယ်ဆိုတာ ရယ်စရာပဲ ကျွန်တော်တို့ ညီအစ်ကိုတွေ အများကြီး အသတ်ခံခဲ့ရတာ၊ ဘယ်လိုလုပ် ပူးပေါင်းမှာလဲ"

"သူတို့က မိစ္စာဂိုဏ်းကို မဖမ်းမိတော့ ဖိအားတွေ များလာပြီး ကျွန်တော်တို့ကို အပြစ်ပုံချချင်နေတာ တပ်စခန်းရှစ်ခုက လူတွေက တကယ် မရိုးသားဘူး"

"ဆရာ... ရှစ်ယောက်မြောက် ညီငယ် မြင်ခဲ့တာက တကယ် ဖြစ်နိုင်မလား" တပည့်တစ်ဦးက မေးခွန်းထုတ်သည်။

ရှေ့မှ လျှောက်နေသော ဟွမ်ထျန်းရုန်က ရပ်လိုက်ပြီး ဒေါသတကြီး လှည့်ကြည့်သည်"မင်းက မင်းရဲ့ဆရာကို သံသယဝင်နေတာလား"

"မိစ္စာဂိုဏ်းက ငါတို့ ယွီယန်ဂိုဏ်းတပည့် အယောက် ၃၀ ကျော်ကို သတ်ခဲ့တာ အဲဒီထဲမှာ မဟာသွေးကြောအဆင့်ကိုရောက်ဖို့ ဖြစ်နိုင်ခြေအရှိဆုံးဖြစ်တဲ့ မင်းရဲ့ တတိယအစ်ကိုကြီးလည်း ပါတယ်။ ငါက ဘာလို့ ငါတို့ရဲ့ အခြေခံအုတ်မြစ်ကို ဖျက်ဆီးမှာလဲ"

တပည့်များမှာ တစ်ဦးကိုတစ်ဦး ကြည့်ကာ တွေဝေသွားကြသည်။

"ဆရာ... အခု ဘာဆက်လုပ်ကြမလဲ"

"ကျွန်တော်တို့ သွားပြီး ရှင်းပြရင် မကောင်းဘူးလား"

"ရှင်းပြစရာမလိုဘူး"

ဟွမ်ထျန်းရုန်က ဆဲဆိုလိုက်သည်"သူတို့က စစ်သည်တွေ ဒီလောက်အများကြီးနဲ့ လာတာ မင်းရဲ့ ရှင်းပြချက်ကို နားထောင်ဖို့ ထင်နေလား သေဖို့ စောင့်နေချင်တဲ့သူရှိရင်လည်း ငါ မတားဘူး။ အသက်ရှင်ချင်တဲ့သူ ငါ့နောက်လိုက်ခဲ့"

"ဒီလျှို့ဝှက်ဥမင်လမ်းက ငါတို့ ဘိုးဘွားတွေက အခုလို ဘေးဒုက္ခကြုံလာရင် ဂိုဏ်းရဲ့ မျိုးဆက် မပြတ်သွားအောင် ဖန်တီးခဲ့တာ"

"ဒီလမ်းရဲ့ အဆုံးမှာ နောက်တောင်ကုန်းက အိမ်ရာဝင်းလေးတစ်ခု ရှိတယ်။ အဲဒီမှာ ရွှေတွေ၊ ငွေတွေ မြှုပ်ထားတာ ရှိတယ်။ ရသလောက် ယူပြီးရင် ငါတို့ လျန်ကျိုးကနေ ထွက်သွားပြီး မင်ပြည်နယ် မှာရှိတဲ့ မေရှန်းတောင်က လျန်ဘုရင် ဆီမှာ ခိုလှုံကြမယ်"

"လျန်ဘုရင် ဟုတ်လား"

တပည့်တစ်ဦးက အံ့သြစွာ ရေရွတ်သည်"ဒါဆိုရင် ကျွန်တော်တို့က တောင်ပေါ်က ဓားပြတွေ ဖြစ်သွားတော့မှာပေါ့..."

"ဟုတ်တယ်၊ ဓားပြဖြစ်ရမယ်"

ဟွမ်ထျန်းရုန်က ဒေါသတကြီး ဆိုသည်"ဆွန်ဒူရှန် ရောက်လာကတည်းက သာမန်လူတွေဆီက အခွန်မကောက်ဘဲ ငါတို့လို ဂိုဏ်းတွေဆီကပဲ အတင်းတောင်းနေတာ။ ဒီ ၅ နှစ်အတွင်း ငါတို့ဆီက ရင်းမြစ်တွေ ဘယ်လောက်

ယူသွားပြီလဲ"

"အခုဖြစ်တာလည်း ငါတို့ဘိုးဘွားတွေရဲ့ တာ့လော့မြစ်ကို သူတို့ လိုချင်လို့ လုပ်ကြံတာပဲ ဖြစ်ရမယ်"

"ဒီလို အစိုးရမျိုးကို တော်လှန်ပစ်တာကမှ ကောင်းဦးမယ်"

တပည့်များကလည်း သူတို့ဆရာ၏ ခွဲခြမ်းစိတ်ဖြာချက်မှာ မှန်ကန်သည်ဟု ယူဆသွားကြသည်။

"ဆရာ့နောက်လိုက်ရင် အနာဂတ်က လင်းလက်နေမှာပဲ နောင်တစ်ချိန်မှာ မူးမတ်တွေ၊ စစ်သူကြီးတွေ ဖြစ်လာဖို့ မခက်ခဲဘူး"

"မြန်မြန် သွားကြစို့"

...

"ဗိုလ်ချုပ်... ကျွန်တော်တို့ လက်နက်တွေနဲ့ ရွှေငွေအမြောက်အမြား တွေ့ထားပါတယ်"

ကျောက်ကန်က ဝင်းအလယ်တွင် ပုံထားသော ရတနာများကို ညွှန်ပြပြီး"သူတို့က တော်တော်လေး လျှို့ဝှက်ထားတာ၊ မြေကြီးကို သုံးပေလောက် တူးလိုက်မှ တွေ့တာပါ"

'ဒီနေရာက တကယ်ကို မရိုးရှင်းဘူး...' ချန်ဆန်းရှီက တိတ်တဆိတ် တွေးတောနေသည်။

ပိုက်ဆံတွေကို ဘယ်လိုနေရာမျိုးမှာ ဝှက်ထားတတ်သလဲ ဒီနေရာက လုံခြုံရေး အထူးတင်းကျပ်ထားတဲ့ နေရာလည်း မဟုတ်ဘူးဆိုတော့ ဒါဟာ နောက်ဆုံးအခြေအနေအတွက် ပြင်ဆင်ထားတဲ့ နေရာပဲ ဖြစ်ရမယ်။

သူသည် ယနေ့ ဘာဖြစ်တော့မည်ကို ရိပ်မိသွားသည်။ ရှာဝမ်လုံနှင့် သူ၏လူများက ဟွမ်ထျန်းရုန်၏ နေအိမ်သို့ သွားရောက်ချိန်တွင် ဟွမ်ထျန်းရုန်က သတင်းကြိုရပြီး ထွက်ပြေးခဲ့ပြီဖြစ်သည်။ ဒီနေရာက သူတို့ လွတ်မြောက်ဖို့အတွက် နောက်ဆုံးမှတ်တိုင်ပဲ။ ဒီကနေ ထွက်လိုက်တာနဲ့ တောတောင်တွေထဲ ရောက်ပြီး လွတ်မြောက်သွားတော့မှာ ဖြစ်သည်။

"အားလုံးပဲ... ဝင်းထဲကနေ ထွက်ခဲ့ကြ။ ငါနဲ့အတူ အပြင်ဘက်မှာ ခြုံခိုတိုက်ခိုက်ဖို့ ပြင်"

ချန်ဆန်းရှီက အမိန့်ပေးလိုက်သည်။

သူတို့သည် ဝင်းတံခါးကို သေချာပြန်ပိတ်ပြီးနောက် အပြင်ဘက်ရှိ တောအုပ်အတွင်း၌ ပုန်းကွယ်နေလိုက်ကြသည်။ လက်ဖက်ရည်တစ်အိုး ကျိုချိန်ပင် မကြာလိုက်မီမှာပင် လူတစ်စုသည် ထိတ်လန့်တကြား ပြေးလွှားလာသည်ကို တွေ့လိုက်ရတော့သည်။

'ထင်တဲ့အတိုင်းပဲ...'

ချန်ဆန်းရှီ ခန့်မှန်းထားသည့်အတိုင်း ဤနေရာသည် ထိုလူများအတွက် နောက်ဆုံး လွတ်မြောက်ရာလမ်း အမှန်ပင် ဖြစ်နေတော့သည်။

All Chapters