← Chapters

အခန်း (၁၉၃)

Vol. 18 Ch. 193

အခန်း (၁၉၃)

Vol. 18 Ch. 193

ချန်ဆန်းရှီသည် သူတစ်ပါးကဗျာကို ခိုးယူအသုံးချသူ တစ်ဦးအဖြစ် တကယ်ကို မလုပ်ဆောင်ချင်ပေ။ နောက်ပြီး အကယ်၍ နင်ရှန့် သာ မသေမျိုးရှာဖွေရေးမျှော်စင် က မဟုတ်ခဲ့ဘူးဆိုရင် ဒါဟာ ကြီးမားတဲ့ အရှုံးတစ်ခု ဖြစ်သွားမှာ မဟုတ်ပါလား..

"သခင်လေးတို့ခင်ဗျာ..."

သူသည် ပိုက်ဆံသုံးရမလား၊ ဒါမှမဟုတ် ဒီအတိုင်းပဲ ပြန်လှည့်ထွက်သွားရမလားဟု တွေဝေနေစဉ်မှာပင်၊ ကြည်လင်သော စမ်းရေအေးလေးကဲ့သို့ ခံစားရပြီး တစ်နေရာရာမှာ ရင်းနှီးနေသလိုရှိသော အသံလေးတစ်ခုက သူ၏ နားထဲသို့ တိုးဝင်လာခဲ့သည်။

နွေးထွေးသော အဝါရောင်စကတ်ကို ဝတ်ဆင်ထားပြီး ခေါင်းလေးငုံ့ထားသော မိန်းကလေးငယ်တစ်ဦးသည် သူတို့ထံသို့ အရက်နှင့် စားဖွယ်စုံများကို လာရောက်ချပေးရင်း"ကျေးဇူးပြုပြီး သုံးဆောင်ကြပါဦးရှင်... သခင်လေးတို့လည်း ကဗျာတွေ ရေးလို့ရပါတယ်၊ ဒါဆိုရင် ကျွန်မတို့ သခင်မလေးရဲ့ မျက်နှာသာပေးမှုကို ရနိုင်တာပေါ့ရှင်..."

မထွက်ခွာမီ သူမသည် ချန်ဆန်းရှီကို မကျေမနပ် တစ်ချက်ကြည့်လိုက်ပြီး လျှာထုတ်ပြကာ သူမ၏ မနှစ်မြို့မှုကို ပြသလိုက်သည်။ သူမ၏ ကိုယ်တွင်း၌ ပိုးစုန်းကြူးအလင်းရောင်ကဲ့သို့ မှိတ်တုတ်မှိတ်တုတ် ဖြစ်နေသော ချင်းရွှမ်စွမ်းအင် အစအနလေးကို မြင်လိုက်ရသည့်အခါမှသာ၊ သူမသည် ထိုနေ့က သူ၏အိမ်ထဲသို့ ခိုးဝင်လာခဲ့သော အနက်ရောင်ဝတ်စုံဝတ် အမျိုးသမီးငယ်လေးမှန်း သူ သိလိုက်ရတော့သည်။

"..."

ချန်ဆန်းရှီသည် သူတို့ပေးသော အရိပ်အမြွက်ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရပြီ။ သူတို့က သူ ကဗျာတစ်ပုဒ် ရေးပေးမှာကို စောင့်နေကြတာ ဖြစ်သည်။ ကဗျာက အဓိပ္ပာယ်မရှိလျှင်တောင်မှ သူတို့က သူ့ကို အပေါ်ထပ်ကို ခေါ်ယူကြမှာ သေချာသည်။

'ဒါကို ဒီလောက်အထိ ရှုပ်ထွေးအောင် လုပ်နေဖို့ လိုလို့လား'

အသေအချာ စဉ်းစားပြီးနောက်...

ချန်ဆန်းရှီသည် နောက်ဆုံးတွင် မင်၊ စုတ်တံ၊ စက္ကူနှင့် မှင်ကျောက်တို့ကို တောင်းလိုက်သည်။ သူ၏ မှတ်ဉာဏ်ထဲမှ ကဗျာစာသားအချို့ကို အလျင်အမြန် ပြန်လည်ဖော်ထုတ်ကာ ရေးသားလိုက်ပြီးနောက် ကဗျာများကို အပေါ်ထပ်သို့ ပို့ဆောင်ပေးရသော အစေခံမလေး၏ လက်ထဲသို့ ထည့်ပေးလိုက်သည်။

ထင်ထားသည့်အတိုင်းပင်။

အစေခံမလေးမှာ ခေတ္တမျှအတွင်း ပြန်ရောက်လာပြီး အရိုအသေပေးကာ သူ့ကို လိုက်ခဲ့ရန် အချက်ပြတော့သည် "သခင်လေး... နတ်သမီးရှန့်က သခင်လေးကို တွေ့ချင်နေပါတယ်။ ကျေးဇူးပြုပြီး ငွေစင်တွေ အရင်ပေးချေပြီးရင် ဒီအစေခံရဲ့ နောက်ကနေ အပေါ်ထပ်ကို လိုက်ခဲ့ပေးပါရှင်"

ငွေစင် ငါးထောင်။

ချန်ဆန်းရှီတွင် ထိုမျှလောက်သော ငွေအမြောက်အမြား ပါမလာပေ။ သူက "အစ်ကိုယန်... ကျွန်တော့်ကို ငွေစင်တချို့ အရင်ခဏ ချေးပေးလို့ ရမလား" ဟု မေးလိုက်သည်။

"ခင်ဗျားက ကဗျာမရေးတတ်ဘူးဆို"

ယန်ချန်းချင်းက အလွန်အမင်း သိချင်စိတ် ပြင်းပြနေသော်လည်း ငွေစင်

လက်မှတ်တစ်ခုကို ထုတ်ပေးလိုက်သည်"ညီအစ်ကိုချန်... ခင်ဗျား ပြန်လာရင်တော့ ကျွန်တော်တို့ကို ပုံပြင်ကောင်းကောင်းလေး ပြန်ပြောပြရမယ်နော်"

အားကျမနာလိုသော အကြည့်များကြားမှ ချန်ဆန်းရှီသည် အစေခံမလေး၏ နောက်ကနေ အပေါ်ထပ်သို့ တက်လာခဲ့သည်။

"ယန်ချန်းချင်း... မင်းက ဘာလို့ ဆန်းရှီကို ပိုက်ဆံချေးလိုက်တာလဲ"

"ဘာလို့ မချေးရမှာလဲဘာလဲ... ညီအစ်ကို ပုချီ၊ မင်းက မနာလိုဖြစ်နေတာလား"

"မဟုတ်ဘူး... သူက ဒီမှာ မအိပ်ဘူးလို့ ကတိပေးထားတာလေ"

"သူ အိပ်တာ မအိပ်တာက မင်းနဲ့ ဘာဆိုင်လို့လဲ"

"..."

...

နီရောင်လက်မျှော်စင်တွင် စုစုပေါင်း ခြောက်ထပ်ရှိပြီး လျန်ကျိုးမြို့မှာတောင် ထင်ရှားတဲ့ အထင်ကရနေရာတစ်ခု ဖြစ်သည်။ အထပ် မြင့်လေ ဈေးနှုန်းကြီးလေဖြစ်ပြီး စတုတ္ထထပ်မှစ၍ အိုရန် များ၏ နယ်မြေဖြစ်သည်။ အမြင့်ဆုံးအထပ်မှာတော့ ဟောင်းလောင်းဖြစ်နေပြီး နင်ရှန့် တစ်ယောက်တည်းသာ နေထိုင်သည်။

"ဟွန်း... ရှင် တကယ်ပဲ လာရဲတယ်ပေါ့"

အဝါရောင်စကတ် ဝတ်ဆင်ထားပြီး အစေခံအဖြစ် ဟန်ဆောင်ထားသော မိန်းကလေးငယ်လေးမှာ ခါးထောက်လျက် မကျေမနပ် ပြောလိုက်သည် "ရှင့်ကို ကျွန်မရဲ့ ဆရာက လက်စားပြန်ချေမှာကို မကြောက်ဘူးလား"

အဓိပ္ပာယ်မရှိတာ၊ သူမသာ လက်စားချေချင်ရင် အစကတည်းက လုပ်ပြီးလောက်ပြီ။ ချန်ဆန်းရှီသည် ထိုမိန်းကလေးငယ်ကို ကြည့်လိုက်ရာ သူမ၏ ဒဏ်ရာအတော်များများမှာ သက်သာနေပြီဖြစ်သော်လည်း ညာဘက်လက်ကောက်ဝတ်မှာတော့ မှိန်ဖျော့ဖျော့ အမာရွတ်တစ်ခု ကျန်နေသည်ကို သတိထားမိသည်။

သိုင်းသမားတွေ သုံးတဲ့ဆေးက အလွန်ထိရောက်တာကြောင့် ပုံမှန်ဆိုရင် အမာရွတ်မကျန်သင့်ပေ။

"ရှင် ဘာကို ကြည့်နေတာလဲ ဒါက ကျွန်မ တမင် ချန်ထားတာ"

ကျောက်ကျောက် က သူမ၏ လက်ကောက်ဝတ်က အမာရွတ်ကို တမင်ပြကာ မျက်စောင်းထိုးလိုက်သည်"ဒါကို မြင်တိုင်း ရှင့်ကို မမေ့အောင်လို့ပဲ။ ကျွန်မ ရှင့်ကို နိုင်အောင် တိုက်နိုင်တဲ့နေ့ကျရင် လက်စားပြန်ချေဖို့ လာခဲ့မယ်"

"ကျောက်ကျောက်... ပြဿနာရှာတာ တော်တော့"

ပျင်းရိငြီးငွေ့ဖွယ်ကောင်းသော်လည်း ဆွဲဆောင်မှုရှိသော အသံလေးတစ်ခု ထွက်ပေါ်လာသည်။ ကျောက်ကျောက်သည် ချက်ချင်းပင် ပါးစပ်ပိတ်ကာ ဘေးသို့ ဆုတ်ပေးလိုက်သည်။

ချန်ဆန်းရှီသည် အခန်းထဲသို့ မဝင်ရသေးမီမှာပင် အရှိန်အဝါကြည့်ရှု့ခြင်းဖြင့် တံခါးတစ်ဖက်က ချင်ရွှမ်စွမ်းအင်တစ်ခုကို မြင်လိုက်ရသည်။ ၎င်းမှာ ဆွန်ဒူရှန်ထက် အများကြီး အားနည်းသော်လည်း ကျောက်ကျောက်ဆိုသော မိန်းကလေးထက်စာလျှင် အများကြီး ပိုမိုအားကောင်းလှသည်။

ဒီအထိ ရောက်လာမှတော့ သူ တွေဝေမနေတော့ဘဲ တံခါးကို တွန်းဖွင့်

လိုက်ပြီး လူအများ အလုအယက် ဖြစ်နေကြတဲ့ အိုရန်ရဲ့ မျက်နှာအစစ်အမှန်ကို ကြည့်ရန် ပြင်လိုက်သည်။

အမွှေးနံ့သာနံ့များ သင်းပျံ့နေသော အိပ်ဆောင်လေး။ လိုက်ကာများက လေထဲတွင် လွင့်မြောနေပြီး လှပသော အရိပ်တစ်ခုကို ပုံဖော်နေသည်။

ထိုနေရာတွင် ခရမ်းနုရောင် ဝတ်စုံကို ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦးသည် ခုတင်ပေါ်တွင် မှီလျက် ထိုင်နေသည်။ သူမ၏ ပါးပြင်များမှာ မတ်လ၏ မက်မွန်ပွင့်များကဲ့သို့ နီမြန်းနေပြီး ခုခံနိုင်စွမ်းမရှိသော ဆွဲဆောင်မှုများ ထွက်ပေါ်နေသည်။ အမွှေးနံ့သာ မီးခိုးငွေ့များကြားတွင် သူမသည် ပို၍ပင် ညှို့ယူနိုင်စွမ်း ရှိနေသည်။

သူမသည် တကယ့်ကို "ပန်းပွင့်လေးများ စကားပြောနေသကဲ့သို့ ညှို့ယူဖမ်းစားနိုင်သော အလှတရား၊ စိမ်းလန်းသော ကျောက်စိမ်းရောင်ကဲ့သို့ သင်းပျံ့သော ရနံ့ရှိသည့် မိန်းမလှလေး" ပင် ဖြစ်သည်။

ချန်ဆန်းရှီသည် တွေဝေမနေဘဲ လက်သီးကို ဝေ့ယမ်းကာ ထိုးနှက်လိုက်တော့သည်။

ခရမ်းရောင်ဝတ်စုံဝတ် အမျိုးသမီး၏ မျက်နှာပေါ်တွင် အံ့သြသွားသည့် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားပြီးနောက် သူမသည် ထိုတိုက်ကွက်ကို ကျွမ်းကျင်စွာ ရှောင်တိမ်းလိုက်သည်။

"ဝုန်း——"

ခုတင်မှာတော့ ကံမကောင်းလှဘဲ တစစီ ပျက်စီးသွားတော့သည်။

"သခင်လေး..."

ခရမ်းရောင်ဝတ်စုံဝတ် အမျိုးသမီးမှာ ဝမ်းနည်းသွားဟန်ဖြင့်"ဘာလို့ ဒီလို လုပ်ရတာလဲ"ဟု မေးသည်။

ကျောက်ကျောက်က စွပ်စွဲလိုက်သည်"ဆရာမ... ကျွန်မ ပြောသားပဲ၊ သူက လူဆိုးကြီးပါလို့။ အပြင်လူတွေ ထင်နေကြသလို သူရဲကောင်း မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ အခေါက်က သူ ကျွန်မကို သတ်တော့မလို့ပဲ"

"နတ်သမီးရှန့်"

ချန်ဆန်းရှီသည် အိုရန်ကို စိုက်ကြည့်ရင်း ပြတ်သားသောအသံဖြင့် ပြောလိုက်သည် "ခင်ဗျားက ကျွန်တော့်အိမ်ကို လူလွှတ်ပြီး ခွင့်ပြုချက်မရှိဘဲ ဝင်ခိုင်းခဲ့တယ်၊ အခု ကျွန်တော် ရောက်လာပြန်တော့လည်း လှည့်ကွက်တွေနဲ့ ကျွန်တော့်ရဲ့ စိတ်ကို ရှုပ်ထွေးအောင် လုပ်ပြန်ပြီ။ ခင်ဗျားရဲ့ ရည်ရွယ်ချက်က ဘာလဲ"

သူ အခန်းထဲသို့ ဝင်လိုက်သည်နှင့် အမျိုးသမီး၏ ကိုယ်တွင်းရှိ ချင်ရွှမ်စွမ်းအင်များ စတင်လှုပ်ရှားလာသည်ကို သူ သတိထားမိသည်။ သူမ ဘာလုပ်မလဲဆိုတာ မသိသော်လည်း သူကတော့ ဒီအတိုင်း ငြိမ်ခံနေမည့်သူ မဟုတ်ပေ။

နင်ရှန့်က သူမ၏ နှုတ်ခမ်းကို ကိုက်လိုက်ပြီး ဝမ်းနည်းဟန်ဖြင့်"ကျွန်မက ဘာမှ မရည်ရွယ်ပါဘူး၊ ဗိုလ်ချုပ်နဲ့ အရင်ဆုံး နောက်ပြောင်ကြည့်ချင်ရုံတင်ပါ။ ဒါပေမဲ့ ဗိုလ်ချုပ်က မိန်းကလေးတွေအပေါ်မှာ ဘယ်လို ကြင်ကြင်နာနာ ဆက်ဆံရမလဲဆိုတာ မသိဘူးပဲ၊ တကယ့်ကို စစ်သားပီသပါပေတယ်"

"နင်ရှန့်... ဟုတ်တယ်မလား"

ချန်ဆန်းရှီက တိုက်ရိုက်ပင် မေးလိုက်သည်"ခင်ဗျားမှာ ကျွန်တော်နဲ့ ဆွေးနွေးစရာ ရှိတယ်ဆိုရင် ပြောပါ"

ခရမ်းရောင်ဝတ်စုံဝတ် အမျိုးသမီးသည် ကျောက်ကျောက်ကို တံခါးပိတ်ခိုင်းလိုက်ပြီးနောက် စားပွဲဆီသို့ လှပစွာ လျှောက်လာကာ လက်ဖက်ရည် ငှဲ့ပေးလိုက်သည်။

သူမက စတင်ပြောသည် "ဗိုလ်ချုပ်... ကျွန်မတို့ရဲ့ မသေမျိုးရှာဖွေရေးမျှော်စင် အကြောင်းကို ဗိုလ်ချုပ် ဘယ်လောက် သိထားလဲ"

"အကြမ်းဖျင်းတော့ သိထားပါတယ်"

ချန်ဆန်းရှီသည် လက်ဖက်ရည်ကို မတို့ထိဘဲ"လိုရင်းကိုပဲ ပြောပါ နတ်သမီးရှန့်" ဟု ဆိုလိုက်သည်။

"ဗိုလ်ချုပ်က တကယ့်ကို လောတာပဲ"

နင်ရှန့်က ပွင့်ပွင့်လင်းလင်းပင် ဆက်ပြောသည်"ကျွန်မတို့ရဲ့ မသေမျိုးရှာဖွေရေးမျှော်စင်မှာ နှစ်ပေါင်း တစ်ထောင်ကျော် သမိုင်းကြောင်း ရှိခဲ့ပြီး ဩဇာအာဏာကလည်း ကြီးမားလှပါတယ်။ ဒါပေမဲ့ ကျွန်မတို့ဟာ လောကီရေးရာ အရှုပ်အထွေးတွေမှာ ဘယ်တော့မှ ဝင်မပါပါဘူး။ ကျွန်မတို့ရဲ့ တစ်ခုတည်းသော ရည်မှန်းချက်က မသေမျိုးနယ်ပယ်ဆီကို သွားနိုင်မယ့် တံခါးပေါက်ကို ရှာဖွေဖို့ပဲ ဖြစ်ပါတယ်"

"မသေမျိုးနယ်ပယ်..."

ချန်ဆန်းရှီက မေးသည်"ဒီလောကကြီးမှာ မသေမျိုးနယ်ပယ်ဆိုတာ တကယ် ရှိလို့လား"

"သေချာပေါက် ရှိတာပေါ့"

All Chapters