← Chapters

အခန်း (၁၉၅)

Vol. 18 Ch. 195

အခန်း (၁၉၅)

Vol. 18 Ch. 195

ချန်ဆန်းရှီက ခေါင်းညိတ်လိုက်သည်။

"လော့ထျန်းတောင်တန်းထဲက အဆိပ်သားရဲတွေဟာ ဒီအမှောင်ချီ ရဲ့ လွှမ်းမိုးမှုကြောင့် ပေါ်ပေါက်လာတာ ဖြစ်ပုံရတယ်"

ဒါပေမဲ့ လက်ရှိအချိန်အထိတော့ လော့ထျန်းတောင်တန်းမှာ ဘာကြောင့် ဒီလို ချီတွေ တစ်နှစ်ထက်တစ်နှစ် ပိုအားကောင်းလာသလဲဆိုတာကို ဘယ်သူမှ အတိအကျ မသိကြသေးပေ။

မသေမျိုးတွေရဲ့ လမ်းစ...

ဒါပေမဲ့ ဒါဟာ အလှမ်းဝေးလွန်းတဲ့ အနာဂတ်ကိစ္စသာ ဖြစ်သည်။ အဲဒီနေရာကို စူးစမ်းဖို့ဆိုရင် နက်နဲပုံရိပ်အဆင့်ဒါမှမဟုတ် စစ်နတ်ဘုရားအဆင့်ကို ရောက်မှသာ ဖြစ်နိုင်ပေလိမ့်မည်။

လောလောဆယ်တွင် သူလုပ်ရမည့် ပထမဆုံးအလုပ်မှာ ဟွာကျင်းအဆင့်ကို အမြန်ဆုံးတက်လှမ်းရန်နှင့် ဓားချီမန္တန်ကို ကျင့်ကြံပြီး ပြဿနာကောင် ယင်ဟန်ဝမ် ကို ရှင်းထုတ်ပစ်ရန်သာ ဖြစ်သည်။

"ကျေးဇူးတင်ပါတယ် ကျွန်တော် ပြန်ပါရစေဦး"

ချန်ဆန်းရှီက ပြောပြောဆိုဆိုနှင့် ထွက်ခွာရန် ပြင်လိုက်သည်။

"ဟေ့... ဗိုလ်ချုပ်၊ အခုချက်ချင်း သွားလို့မရသေးဘူးလေ"

နင်ရှန့်က သူ့ကို အမြန်တားလိုက်သည်"ရှင်က ဒီမှာ ငွေစင်ငါးထောင်တောင် အကုန်အကျခံထားတာ။ အခုချက်ချင်းကြီး ပြန်ထွက်သွားရင် အပြင်ကလူတွေ တစ်ခုခုထူးဆန်းနေတာကို ရိပ်မိသွားလိမ့်မယ်။ ဒါဆိုရင် ရှင့်ရဲ့ အစီအစဉ်တွေ ပေါက်ကြားကုန်မှာပေါ့။ ဒီမှာ တစ်ညအိပ်ပြီး မနက်ကျမှ ပြန်ပါ။ ပြီးတော့... ရှင် တခြားတစ်ခုခု လုပ်ချင်သေးတယ်ဆိုရင်လည်း ရပါတယ်နော်..."

"..."

ချန်ဆန်းရှီသည် တစ်ဖက်လူဆီက အဖိုးတန်ပစ္စည်းကို လက်ခံထားပြီးဖြစ်ရာ အနည်းငယ်တော့ မျက်နှာသာပေးရပေမည်။ သူက ငြင်းမနေတော့ဘဲ "ခင်ဗျားတို့ရဲ့ မသေမျိုးရှာဖွေရေးမျှော်စင်က အမြဲတမ်း ဒီလိုနေရာမျိုးမှာပဲ အခြေစိုက်နေတာလား"ဟု မေးလိုက်သည်။

"ကျွန်မလည်း ဝမ်းရေးအတွက် ရှာကျွေးနေရတာလေ" နင်ရှန့်က ရှင်းပြသည်"မသေမျိုးလမ်းစဉ်ကို လိုက်ဖို့ဆိုတာ ငွေစင်တွေ အများကြီး မကုန်ဘူးလို့ ရှင်ထင်နေတာလား"

ချန်ဆန်းရှီက ဘာမှထပ်မပြောတော့ဘဲ လှံတံတစ်ချောင်းကိုသာ ရှာခိုင်းလိုက်ပြီး ထိုအခန်းထဲမှာတင် လှံသိုင်းကို စတင်လေ့ကျင့်တော့သည်။

သူသည် နောက်ကြောင်းမရှင်းသော အမျိုးသမီးတစ်ဦးနှင့် ပတ်သက်မိမှာကို စိုးရိမ်သလို၊ မသေမျိုးပညာရပ်တွေရဲ့ နောက်ကွယ်က ထောင်ချောက်တွေကိုလည်း သတိထားနေရသည်။ အသက်အန္တရာယ် မစိုးရိမ်ရရင်တောင်မှ တခြားလှည့်ကွက်တွေ ရှိနေနိုင်သည် မဟုတ်ပါလား။

သူ့ခန္ဓာကိုယ်ထဲက ဝိညာဏ်ဆန်ရဲ့ အာနိသင်က ရှိနေဆဲဖြစ်သည်။ အခုတလော သူ၏ ကျင့်စဉ်တိုးတက်မှုမှာလည်း နောက်ကျမနေပေ။

[သိုင်းပညာ - တိုင်းပြည့်စောင့်နဂါးလှံသိုင်း (အစမပြုရသေး)]

[တိုးတက်မှု့ - ၇၁/၁၀၀]

မသိလိုက်ဘဲ မိုးလင်းသွားခဲ့ပြီ။ နင်ရှန့်နှင့် ကျောက်ကျောက်တို့ကို ကြည့်

လိုက်ရာ တစ်ယောက်ကတစ်ဝက်သာကျန်တော့တဲ့ခုတင်ပေါ်မှာ အိပ်ပျော်နေပြီး၊ ကျောက်ကျောက်ကတော့ စားပွဲပေါ်မှာ မှောက်ရက် အိပ်ပျော်နေရှာသည်။

ချန်ဆန်းရှီက မထွက်ခွာမီ နင်ရှန့်ကို နှိုးလိုက်သည်"ဟေ့... ငါ့ရဲ့ ငွေစင်တွေ ပြန်ပေးဦး"

ဒါဟာ ငွေစင် ငါးထောင်တောင် ဖြစ်သည်။ ဟွမ်ထျန်းရုန်ကို သတ်ပြီး အသက်နဲ့ရင်းပြီး ရခဲ့တဲ့ ဆုငွေကို ဒီနေရာမှာ ဒီအတိုင်း ပစ်မထားနိုင်ပေ။ ဝိညာဉ်သဲကိစ္စက သီးခြား အရောင်းအဝယ်ဖြစ်ပြီး၊ ဒီငွေစင်တွေနဲ့ ဘာမှမဆိုင်ပေ။

"ဗိုလ်ချုပ်... ရှင်က အလကားစားချင်တာလား"နင်ရှန့်က စိတ်ဆိုးမာန်ဆိုးဖြင့် ပြောသည်"ရှင်က ကျွန်မရဲ့ ခုတင်ကိုလည်း ဖျက်ဆီးထားသေးတယ်၊ အခုကျတော့ တစ်ပြားမှ မပေးချင်တော့ဘူးပေါ့လေ"

"ဟေ့... ငါ မင်းကို ဘယ်နေရာကို ထိမိလို့လဲ"ချန်ဆန်းရှီက အလောတကြီး တိုက်တွန်းသည်"ငါ မင်းနဲ့ စကားအရှည်ကြီး မပြောချင်ဘူး၊ ငါ တပ်စခန်းကို လူစစ်ဖို့ အချိန်မီ ပြန်ရဦးမယ်"

"ဘာလို့ ဒီလောက်တောင် ကြမ်းရတာလဲရှင်..."

နင်ရှန့်က တကယ်ပဲ ကြောက်သွားဟန်ဖြင့် ငွေစင်လက်မှတ်အချို့ကို အမြန်ထုတ်ပေးလိုက်သည်။ ချန်ဆန်းရှီက ထိုငွေစင်လက်မှတ်များကို ရင်ဘတ်ထဲ ထိုးထည့်ကာ အပြင်သို့ အရှိန်အဟုန်ဖြင့် ထွက်ခွာလာခဲ့သည်။

သူ ထွက်လာပြီးနောက် နောက်ကျောဘက်ဆီမှ ရှိုက်ကြီးတငင် ငိုသံကို ခပ်သဲ့သဲ့ ကြားလိုက်ရသည်။

"ဟင်း... တကယ်သရုပ်ဆောင်တတ်တာပဲ"

ချန်ဆန်းရှီကတော့ ဘာမှ မပြောလိုတော့ဘဲ ရှောင်ရှင်းကို ခေါ်ကာ စစ်

တပ်မြို့တော်ဆီသို့ တန်းတန်းမတ်မတ် သွားခဲ့သည်။

တပ်စခန်းမှာ လူစာရင်းစစ်ပြီးနောက် သတင်းအချို့ ကြားလိုက်ရသည်။

ရှာဝမ်လုံကို မိုးကောင်းကင်ဝံပုလွေတပ်စခန်း ဆီကို ပြောင်းရွှေ့လိုက်ပြီ ဖြစ်သည်။ အရံတပ်စခန်းရဲ့ ဒု-ဗိုလ်ချုပ်နေရာကိုတော့ တိမ်တိုက်တပ်

စခန်းက ဒု-ဗိုလ်ချုပ်တစ်ဦးနဲ့ အစားထိုးလိုက်သည်။ ဒါဟာ တစ်စုံတစ်ယောက်က တမင်အကွက်ချပြီး လုပ်ဆောင်လိုက်ခြင်း ဖြစ်ကြောင်း ထင်ရှားလှသည်။

ဒါဟာ ကောင်းတဲ့အချက်ပင်။ ကိုယ့်အပေါ် ရန်ငြိုးထားပြီး သေစေချင်နေတဲ့ အထက်လူကြီးရှိနေတာက တကယ့်ကို ထိတ်လန့်စရာပါ။ အထူးသဖြင့် စစ်တပ်ထဲမှာဆိုရင် မဖြစ်မနေ နာခံရမယ့် အမိန့်တွေကြောင့် အသေခံခိုင်းရင်တောင် သွားရမှာ ဖြစ်သည်။

ဒါကို ဘယ်သူလုပ်ပေးသလဲဆိုတာ သူ မသိပေမယ့် ဖြစ်နိုင်ခြေအရှိဆုံးကတော့ အစ်မကြီး ရုန်ယန်ချိုး ပင် ဖြစ်သည်။ အစ်ကိုကြီး ဖန်ပြောခဲ့သလိုပဲ အစ်မကြီးရုန်က တကယ့်ကို အားကိုးထိုက်သူဖြစ်ရာ နောက်မှ သူမကို သေချာပေါက် ကျေးဇူးတင်ရပေမည်။

...

"မင်း လုပ်လိုက်တာလား"

သိုင်းကွင်းထဲတွင် ချောင်ဖန်က မေးခွန်းထုတ်နေသည်။

"ဟန်ဆောင်မနေနဲ့... ငါပြောတာ ယွီယန်ဂိုဏ်းကိစ္စ။ မင်းက ရှာဝမ်လုံကို ခိုင်းပြီး ချန်ဆန်းရှီကို ဟွာကျင်းသိုင်းသမားနဲ့ ထိပ်တိုက်တွေ့အောင် လုပ်ခဲ့တာမလား။ သူတစ်ပါးလက်နဲ့ သတ်ဖို့ ကြံစည်ခဲ့တာမလား"

"သခင်လေး... ကျွန်တော် လုပ်ခဲ့တာပါ..."

ယင်ဟန်ဝမ်က ရှင်းပြသည်"ကျွန်တော်က သခင်လေးရဲ့ စိတ်ပူပန်မှုတွေကို ဖြေရှင်းပေးချင်လို့ပါ။ သခင်လေးရဲ့ အသက်ဟာ မဟာရှန်မင်းဆက်နဲ့ ပြည်နယ် ၃၆ ခုလုံးအတွက် တာဝန်ကြီးလှပါတယ်။ ဒီလိုကောင်မျိုးနဲ့ အနိုင်အရှုံးလုရင်း အချိန်ဖြုန်းနေလို့ မဖြစ်ဘူးလေ"

"စိတ်မပူပါနဲ့ သခင်လေး။ သူ့မှာ ဘာသက်သေမှ မရှိပါဘူး။ ရှာဝမ်လုံကလည်း ကျွန်တော်တို့အပေါ် သစ္စာရှိတဲ့လူမို့ ဘာမှ ဖွင့်ပြောမှာ မဟုတ်ပါဘူး။ တကယ်လို့ အခြေအနေမကောင်းရင် နောက်မှ နောက်ထပ် အခွင့်အရေးတစ်ခု ထပ်ရှာတာပေါ့"

"မင်း ပြန်တော့"

ချောင်ဖန်က သူ့ကို အပြစ်မတင်သော်လည်း အေးစက်စွာ ပြောလိုက်သည် "မင်းက တပည့်ရင်းရွေးချယ်ပွဲမှာ မပါသလို၊ လျန်ကျိုးမှာလည်း ဘာရာထူးမှ မရှိဘူး။ အကယ်၍ ဘုရင်ခံဆွန် ပြန်လာလို့ ဒီကိစ္စကို စစ်ဆေးရင် ရှင်းရခက်လိမ့်မယ်"

"ဘုရင်ခံက ခဏတဖြုတ်နဲ့ ပြန်မလာနိုင်သေးပါဘူး။ ပြီးတော့ သခင်လေးက ကျွန်တော့်ကို မယုံဘူးလား"ယင်ဟန်ဝမ်က အလျင်အမြန် ပြောသည် "တကယ်လို့ ကျွန်တော့်ဆီကို သဲလွန်စရောက်လာရင်တောင် ကျွန်တော် တစ်ယောက်တည်းပဲ တာဝန်ယူမှာပါ"

"မင်းနဲ့ပဲ ပြီးသွားမယ်လို့ ထင်နေတာလားငါကရော လွတ်မယ် ထင်လို့လား"ချောင်ဖန်က မျက်မှောင်ကြုတ်လိုက်သည်"ငါ ချန်ဆန်းရှီကို အနိုင်

တိုက်နိုင်ရင်တောင်မှ ဘုရင်ခံရဲ့အမြင်ကြည်လင်ဖို့ လိုသေးတယ်။ မဟုတ်ရင် ငါလည်း တကယ့်ပညာရပ်တွေကို သင်ခွင့်ရမှာ မဟုတ်ဘူး"

"သခင်လေး... ဒါ ကျွန်တော့်အမှားပါ"

ယင်ဟန်ဝမ်က နောက်ဆုံးတွင် နားလည်သွားပြီး"ကျွန်တော် ထွက်သွားပါ့မယ်။ သခင်လေးကို ဒုက္ခမပေးတော့ပါဘူး" ဟု ဆိုသည်။

"အင်း"

ချောင်ဖန်းက သူ့ပုခုံးကို ပုတ်လိုက်သည်"မင်းအဖေရဲ့ အလုပ်တွေကို ကူလုပ်ပေးလိုက်ဦး။ နောက်ကျရင် ငါ့ကို ကူညီရဦးမှာလေ။ ငါ လျန်ကျိုးစစ်တပ်မှာ ဩဇာအာဏာရတဲ့နေ့ကျရင် မင်းကို ပြန်ခေါ်ပါ့မယ်"

ယင်ဟန်ဝမ်က ကတိပေးသည်"ကျွန်တော့်ရဲ့ မြားဒဏ်ရာတွေ ကျက်သွားရင် ဒီလအကုန်မှာ ထွက်သွားပါ့မယ်"

ချောင်ဖန်က ဘာမှထပ်မပြောဘဲ နဂါးစိမ်းဓား ကို ဆွဲကိုင်ကာ ဆက်လက်လေ့ကျင့်နေတော့သည်။ အခုတလော သူသည် ကျင့်စဉ်ထဲမှာပဲ အာရုံအပြည့် မြှုပ်နှံထားသည်။

"တောက်"

လူမြင်ကွင်းကနေ ဝေးသွားသည်နှင့် ယင်ဟန်ဝမ်က လေ့ကျင့်ရေးတိုင်ကို လက်သီးဖြင့် ဆောင့်ထိုးလိုက်သည်"အတွင်းအားသန့်စင်မှုအဆင့်

ကောင်က ဘယ်လိုလုပ် ဟွာကျင်းကို နိုင်သွားတာလဲ ဘာလို့လဲဒီအတိုင်းဆိုရင် သူက နောက်ကျရင် သခင်လေးအတွက် ပြဿနာကြီး ဖြစ်လာလိမ့်မယ်။ မဟုတ်ဘူး... ငါ သူ့ကို အသက်ရှင်လျက် လုံးဝ ထားလို့ မဖြစ်ဘူး"

"အကြီးအကဲဝေ... ကျွန်တော့်ကို ကူညီပါဦး"

သူသည် သူ၏မိသားစုမှ ကျွေးမွေးထားသော မဟာသွေးကြောအဆင့် သိုင်းပညာရှင်ကို ကြည့်ကာသူ့ကို သတ်ပေးပါ"ဟု တောင်းဆိုလိုက်သည်။

"သခင်လေး... ဒါက မကောင်းဘူးထင်တယ်။ လျန်ကျိုးမြို့ထဲမှာ လူသတ်တာက သေချာပေါက် စုံစမ်းစစ်ဆေးခံရလိမ့်မယ်" အကြီးအကဲဝေက အကြံပေးသည်။

"ဒါဆို ကျွန်တော်တို့ လျန်ကျိုးကနေ ထွက်မယ့်အချိန်ကို စောင့်တာပေါ့။ ကျွန်တော်တို့ ထွက်သွားတာကို လူအများမြင်အောင် လုပ်ပြီးမှ၊ အကြီးအကဲဝေက တိတ်တဆိတ် ပြန်လှည့်လာပြီး သူ့ကို သတ်လိုက်။ ပြီးရင် မိစ္စာဂိုဏ်း လက်ချက်လို့ အပြစ်ပုံချလိုက်ပေါ့"

"အကြီးအကဲဝေ... ဒါက အစ်ကြီးကဲအပေါ်မှာပဲ မူတည်တော့တယ်"

All Chapters