← Chapters

အခန်း (၁၉၈)

Vol. 18 Ch. 198

အခန်း (၁၉၈)

Vol. 18 Ch. 198

သူသည် မျက်လုံးများကို မှိတ်ထားပြီး စိတ်အာရုံကို စုစည်းလိုက်သောအခါ သူ၏ ဒန်တန် အနီးတွင် မမြင်ရသော်လည်း အမှန်တကယ် တည်ရှိနေသော အခြေခံအုတ်မြစ်တစ်ခုကို ခံစားလိုက်ရသည်။

စီနီယာအစ်ကိုကြီး ဖန် ဘာသာပြန်ပေးခဲ့တဲ့ "အဘိဓာန်" အရဆိုရင် ဒါကို ဝိညာဉ်အမြစ် လို့ ခေါ်ရမှာ ဖြစ်သည်။ ဝိညာဉ်အမြစ် ရှိသူများသာ မန္တန်များကို ကျင့်ကြံနိုင်သည်။ သူ့ဆရာတောင်မှ မန္တန်တွေကို အောင်မြင်အောင် မကျင့်နိုင်ခဲ့ဘဲ ကိုယ်ခံပညာကနေတစ်ဆင့်သာ မသေမျိုးလမ်းစဉ်ကို ချဉ်းကပ်ခဲ့ရပုံပေါ်သည်။

ဒါ့အပြင် မန္တန်ကျင့်ခြင်းနှင့် မသေမျိုးလမ်းစဉ်ဆိုသည်မှာ အရာနှစ်ခု ဖြစ်သည်။ မသေမျိုးလမ်းစဉ်က အသက်ရှည်ရာရှည်ကြောင်း အတွက် ဖြစ်ပြီး၊ မန္တန်များကတော့ ထိုလမ်းစဉ်ကို ကာကွယ်စောင့်ရှောက်ရန်အတွက် ဖြစ်သည်။

မန္တန်များကို ကျင့်ကြံခြင်းက ကိုယ်ခံပညာထက် အဆပေါင်း ရာချီ၍ ပိုမိုခက်ခဲလှသည်။ ဝိညာဉ်အမြစ်မှတစ်ဆင့် ချင်းရွှမ်းစွမ်းအင်ကို ခန္ဓာကိုယ်ထဲသို့ ဘယ်လိုဆွဲသွင်းရမလဲဆိုတာကို သင်ယူဖို့တင် သူ သုံးရက်တိတိ အချိန်ယူခဲ့ရသည်။ အခုဆိုရင် တစ်လနီးပါး ရှိခဲ့ပြီဖြစ်သော်လည်း အစပျိုးအဆင့်သို့ပင် မရောက်ရှိသေးပေ။

[မန္တန်ပညာ - ဓားချီမန္တန် (အစမပြုရသေး)]

[တိုးတက်မှု့ - ၇၈/၁၀၀]

[စွမ်းဆောင်ရည် - လောလောဆယ် မရှိသေးပါ]

ကံကောင်းတာကတော့ အောင်မြင်ဖို့ နီးစပ်နေပါပြီ။ သို့သော်လည်း ဝိညာဉ်သဲ တွေ ကုန်ဆုံးနှုန်းကတော့ တကယ်ကို မြန်ဆန်လှသည်။ အိတ်ထဲမှာ လက်တစ်ဆုပ်စာလောက်ပဲ ပါတာဖြစ်ပြီး အခုဆိုရင် တစ်ဝက်လောက် ကုန်နေပြီဖြစ်သည်။

မသေမျိုးရှာဖွေရေးမျှော်စင်မှာတော့ ဝိညာဉ်သဲတွေ အများကြီး ရှိဦးမှာ သေချာပေမဲ့ သူတို့က သူ့ကို အလကားတော့ ထပ်ပေးမှာ မဟုတ်တော့ပေ။

ဒါ့အပြင်... ချန်ဆန်းရှီ နောက်ထပ် ထူးခြားချက်တစ်ခုကို သတိထားမိသည်။

အဲဒါကတော့ သူ စုပ်ယူလိုက်တဲ့ ချင်းရွှမ်စွမ်းအင်တွေကို ခန္ဓာကိုယ်ထဲမှာ သိုလှောင်ထားလို့ မရခြင်းပင်။ ၎င်းတို့က စွမ်းအင်လမ်းကြောင်းတွေထဲမှာ လှည့်ပတ်နေပြီး တဖြည်းဖြည်းချင်း ပြန်လည်ပျောက်ကွယ်သွားကြသည်။ ဆိုလိုတာက သူက ချင်းရွှမ်စွမ်းအင်ကို အထဲမှာ ထိန်းသိမ်းထားပြီး ခန္ဓာကိုယ်ကို အသွင်ပြောင်းလဲလို့ မရသေးပေ။

ဆန့်ကျင်ဘက်အနေနဲ့ သူ့ဆရာကတော့ ချင်းရွှမ်းးစွမ်းအင်ကို ခန္ဓာကိုယ်ထဲမှာ သိုလှောင်ထားနိုင်တာ ထင်ရှားသည်။ ဝိညာဉ်စွမ်းအင်ကို သိုလှောင်တဲ့ နည်းစနစ်ကိုတော့ စစ်နတ်ဘုရားအဆင့်ရောက်မှသာ သင်ယူနိုင်မှာ ဖြစ်ပုံရသည်။

တခြားလမ်းစဉ်တစ်ခုဖြစ်တဲ့ မသေမျိုးကျင့်စဉ်ကတော့ သူ့မှာ မရှိသေးပေ။ မသေမျိုးရှာဖွေရေးမျှော်စင်မှာ ရှိသော်လည်း သူတို့က သူ့ကို ပေးမှာမဟုတ်သလို၊ ပေးခဲ့ရင်တောင် ကျင့်ဖို့အတွက် ဝိညာဉ်စွမ်းအင်က လုံလောက်မှာ မဟုတ်ပေ။ ဒါကြောင့်လည်း သူတို့ကိုယ်တိုင်က ဒီလောက်

အထိ အားနည်းနေကြခြင်း ဖြစ်သည်။ လောလောဆယ်တော့ မန္တာန်ကိုပဲ အောင်မြင်အောင် ကျင့်ဖို့ သူ ဆုံးဖြတ်လိုက်သည်။

မသိလိုက်ဘဲ နောက်ထပ်တစ်ရက် ကုန်ဆုံးသွားခဲ့ပြီ။ စီချင်က ခြံတံခါးကို လာခေါက်ပြီး"သခင်ကြီး... မိန်းမစိုးဟောက် ရောက်နေပါတယ်။ ဧည့်ခန်းမှာ စောင့်နေပါတယ်" ဟု ခပ်ရို့ရို့ လာပြောသည်။

"ကောင်းပြီ"

ချန်ဆန်းရှီက သူ့ညီ ကျန်းရှင်းနဲ့ ပတ်သက်တဲ့ သတင်းဖြစ်မယ်လို့ ခန့်မှန်းလိုက်သည်။ မနားတမ်း ကျင့်ကြံထားရသဖြင့် သူ ပင်ပန်းနေပြီဖြစ်ရာ စီချင်ကို အစားအစာနဲ့ သောက်စရာတွေ ပြင်ခိုင်းလိုက်ပြီး ခဏတာ အနားယူလိုက်သည်။

သူ ဧည့်ခန်းသို့ သွားကာ လက်သီးဆုပ် ဂါရဝပြုရင်း"သခင်ကြီးဟောက်... ခင်ဗျားလိုလူမျိုး ကျွန်တော့်ရဲ့ အိမ်အိုလေးကို လာရောက်တာ ဂုဏ်ယူမိပါတယ်။ ခရီးဦးကြို မပြုနိုင်တာကို ခွင့်လွှတ်ပါဗျာ"

"ဗိုလ်ချုပ်ချန်... ဒီလောက်အထိ အားနာနေဖို့ မလိုပါဘူး" မိန်းမစိုးချုပ် ဟောက်ပေါင်က လက်ဖက်ရည်ခွက်ကို ချရင်း ပြန်ဖြေသည် "ဒီနေ့ငါ လာတာက မင်းရဲ့ ညီအစ်ကို ကိစ္စအကြောင်း ဆွေးနွေးဖို့ပါ"

"ပြောပါဦး သခင်ကြီးဟောက်" ချန်ဆန်းရှီက ရှေ့သို့ တိုးကာ လက်ဖက်ရည်ကို ကိုယ်တိုင် ထည့်ပေးလိုက်သည်"သတင်းရပြီလား"

"ရတော့ ရတယ်၊ ဒါပေမဲ့ ဗိုလ်ချုပ်ချန် သိပ်ပြီးတော့ မဝမ်းသာလိုက်ပါနဲ့ဦး" ဟောက်ပေါင်က အေးအေးဆေးဆေးပင် ဆက်ပြောသည်"လွန်ခဲ့တဲ့ ခုနစ်လက တန်ကျိုး မှာ တူးမြောင်းဖော်ဖို့ ပို့လိုက်တဲ့ အရပ်သားတွေထဲမှာ ကျန်းရှင်း ဆိုတဲ့ အမည်နဲ့လူတစ်ယောက် တကယ်ပဲ ရှိခဲ့ပါတယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့ သုံးလက တန်ကျိုးမှာ အဖြစ်အပျက်ကြီးတစ်ခု ဖြစ်ခဲ့တယ်"

"သဲသောင်မြစ်ရဲ့ တာပေါင်တွေ ကျိုးကျသွားခဲ့တယ်။ အဲဒီအချိန်မှာ အရပ်သားတွေက မြစ်အောက်ခြေကနေ မျက်လုံးတစ်လုံးတည်းပါတဲ့ ဧရာမ ကျောက်ရုပ်ကြီးတစ်ရုပ်ကို တူးဖော်မိခဲ့ကြတယ်။ အဲဒီနားက ဂိုဏ်းအချို့ရဲ့ ဦးဆောင်မှုနဲ့ သူတို့က 'ကျောက်ရုပ်ကြီးမှာ မျက်လုံးတစ်လုံးတည်း ရှိပေမယ့်၊ သဲတွေကို မွှေနှောက်ပြီး လောကကြီးကို အန်တုမယ်' ဆိုတဲ့ ကြွေးကြော်သံနဲ့ တူးမြောင်းကြီးကြပ်ရေးမှူးတွေကို သတ်ပစ်လိုက်ကြတယ်။ ပြီးတော့ တောင်ပေါ်တက်ပြီး ပုန်ကန်ကြတော့တာပဲ။ သူတို့က ရေကန်ပေါင်း ရှစ်ရာရှိတဲ့ ပထဝီအနေအထားကို အသုံးချပြီး ခံတပ်တွေ ဆောက်ထားကြတယ်။ စစ်သည်တွေ စုဆောင်းပြီး အခွင့်သာရင် ပုန်ကန်ဖို့ ပြင်နေကြတာ"

"ခင်ဗျားညီ ကျန်းရှင်းကတော့ အဲဒီအရေးအခင်းပြီးကတည်းက အစအန ပျောက်သွားခဲ့တယ်။ သူ ပုန်ကန်မှုအတွင်းမှာ သေသွားသလား၊ ဒါမှမဟုတ်..."

သူက စကားကို ခေတ္တရပ်ပြီး အလေးအနက် ပြောလိုက်သည်"...ဓားပြ ဖြစ်သွားသလားဆိုတာ မသိရဘူး"

"အဲဒီလောက်တောင် ပြင်းထန်တာလား"

မြောက်ပိုင်းမှာရှိနေတဲ့ ချန်ဆန်းရှီကတော့ ဒီသတင်းကို မကြားမိခဲ့ပေ။ သူ မြေပုံပေါ်မှာ တန်ကျိုးရဲ့ တည်နေရာကို ကြည့်လိုက်သည် "သခင်ကြီးဟောက်... သူတို့ အင်အား ဘယ်လောက်ရှိလဲ"

"ရှစ်သောင်းလောက် ရှိတယ်"

"ဒီသောင်းကျန်းသူတွေက နန်းတော်က ပေးထားတဲ့အရာတွေကို တန်ဖိုးမထားဘဲ အကုန်လုံးက ပုန်ကန်ဖို့ပဲ စဉ်းစားနေကြတာ၊ အပိုင်းပိုင်း ခုတ်သတ်

ပစ်ဖို့ ထိုက်တန်တဲ့ကောင်တွေ ပုန်ကန်မှု မဖြစ်ခင်ကတည်းက သူတို့က တိတ်တဆိတ် သိုင်းသင်ထားကြပြီး ချပ်ဝတ်တန်ဆာတွေတောင် အသင့်ပြင်ထားကြတာ"

"ဒီကိစ္စက တော်တော်ကြာအောင် အကွက်ချ စီစဉ်ထားပုံရတယ်"

"အရေးအခင်းဖြစ်ပြီးတော့၊ ဆယ်စုနှစ်တစ်ခုကျော် ငြိမ်နေတဲ့ နန်ရွှီ ဘက်ကလည်း ပြန်လှုပ်ခတ်လာတယ်။ ဒါကြောင့် ကျွန်တော် တွေးမိတာကတော့ တန်ကျိုးနဲ့ နန်ရွှီမှာ ရှိတဲ့ မျိုးနွယ်စုတွေ၊ ဂိုဏ်းတွေနဲ့ ဂိုဏ်းစုတွေ အကုန်လုံးက ဒီပုန်ကန်မှုမှာ ပါဝင်ပတ်သက်နေကြတာပဲ"

"ကံကောင်းတာက ပုန်ကန်တဲ့ သောင်းကျန်းသူတွေက အဆင့်မရှိတဲ့ လူအုပ်စုကြီး ဖြစ်နေသေးတာပဲ။ နန်းတော်က နန်ရွှီကို နှိမ်နင်းပြီးတာနဲ့ ဒီသောင်းကျန်းသူတွေကိုလည်း အပြတ်ရှင်းမှာပါ"

ချန်ဆန်းရှီ သိလိုက်ပါပြီ။ ဒီလောက်အထိ ဆူညံသွားမှတော့ ကျန်းရှင်းကို ပြန်ခေါ်ဖို့ဆိုတာ မဖြစ်နိုင်တော့ပေ။ ဆယ်ပုံကိုးပုံကတော့ သူလည်း ဓားပြဖြစ်သွားပြီ ဖြစ်သည်။

"ဗိုလ်ချုပ်ချန်" ဟောက်ပေါင်က အသံတိုးတိုးလေးဖြင့် သတိပေးသည် "ကျွန်တော် အကြံပေးပါရစေ၊ ခင်ဗျားညီနဲ့ ပတ်သက်မှုကို အမြန်ဆုံး ဖြတ်တောက်ပစ်လိုက်ပါ။ ကျွန်တော် ဒီလျှို့ဝှက်ချက်ကို သိမ်းထားပေးပါ့မယ်၊ ခင်ဗျားရဲ့ အနာဂတ်ကို အဖျက်မခံပါနဲ့"

"ခင်ဗျားရဲ့ သတိပေးမှုကို ကျေးဇူးတင်ပါတယ် သခင်ကြီးဟောက်" ချန်ဆန်းရှီက ပြန်ဖြေလိုက်သော်လည်း စိတ်ထဲမှာတော့ 'ပုန်ကန်တာ ကောင်းတာပေါ့' ဟု တွေးနေမိသည်။

ပိုယန်မှာ ရှိစဉ်ကတည်းက သာမန်အရပ်သားတွေရဲ့ ဘဝက ဘယ်လိုလဲဆိုတာ သူ သိထားပြီးသားဖြစ်သည်။ ယွမ်ကျိုးမှာ ဆယ်ရက်လောက် နေခဲ့တာကလည်း ဒီနန်းတော်ကြီး ပြိုလဲသင့်ပြီဆိုတာကို သူ ပိုပြီး ယုံကြည်သွားစေသည်။

ဒါပေမဲ့ အချိန်မတန်သေးဘူး...

မဟာရှန်မင်းဆက်ရဲ့ နယ်မြေက ကျယ်ပြန့်လွန်းသည်။ ပြည်နယ် ၃၆ ခု ရှိသော်လည်း အချို့က အလွန်ကြီးမားသည်။ ဥပမာအားဖြင့် လျန်ကျိုး ပြည်နယ်တစ်ခုတည်းက ယွမ်ကျိုး နှစ်ခုခွဲစာလောက် ရှိသည်။ ဒါကြောင့်လည်း နန်းတော်ရဲ့ စစ်အင်အားက နေရာအနှံ့ ပျံ့နှံ့နေရခြင်း ဖြစ်သည်။

ဒါ့အပြင် တန်ကျိုးက တောင်ပိုင်းက ပြည်နယ်သေးလေးတစ်ခု ဖြစ်သည်။ နန်ရွှီသာ ကျဆုံးသွားရင် သူတို့မှာ အထောက်အပံ့ မရှိတော့ဘဲ တောင်ပေါ်မှာ အသက်လုပြီး ပြေးလွှားရုံသာ ရှိတော့မည်။ ပြောရရင်တော့ သူတို့က အသုံးချခံနေရခြင်း ဖြစ်သည်။

တကယ်လို့ လောကကြီးကို ဖရိုဖရဲ ဖြစ်အောင် လုပ်ချင်ရင်တော့ အမြင့်ဆုံး သိုင်းစွမ်းအား လိုအပ်သည်။ အထူးသဖြင့် ချန်ဆန်းရှီက မသေမျိုးပညာရပ်တွေအကြောင်း သိသွားပြီးနောက်မှာတော့ ဒါကို ပိုပြီး ယုံကြည်သွားခဲ့သည်။

"ဒီနှစ်တွေမှာ လောကကြီးကတော်တော် ရှုပ်ထွေးနေတာပဲ..." ဟောက်

ပေါင်က သက်ပြင်းချသည်"မင်ပြည်နယ် ကလည်း ငြိမ်မနေဘူး။ အခု ဘုရင်ခံက မြို့တော်ကို ရောက်နေတဲ့အချိန်မှာ သူပုန်တွေက ငရဲက လွတ်လာတဲ့ နတ်ဆိုးတွေလို သောင်းကျန်းနေကြတာ။ အနောက်ချီ နဲ့ နန်ရွှီတို့ကလည်း ပေါင်းပြီး လှုပ်ရှားဖို့ ပြင်နေကြတယ်"

"မင်ပြည်နယ်မှာလည်း သူပုန်တွေ ရှိတာလား"

All Chapters