အခန်း (၁၈၉)
Vol. 18 Ch. 189
ရှာဝမ်လုံက သူ့ကို ဒီနေရာကို လွှတ်လိုက်တာဟာ... တမင်တကာ ကြံစည်ထားတဲ့ အစီအစဉ်တစ်ခု ဖြစ်ဖို့ များနေပြီ။ ဟွာကျင်းသိုင်းသမားတစ်ယောက်နဲ့ ထိပ်တိုက်တွေ့စေပြီး တပါးသူ့လက်နဲ့ သူ့ကို သတ်ဖြတ်ဖို့ ကြံစည်ထားတာ ဖြစ်နိုင်သလို၊ ဒါကို သက်သေပြဖို့ဆိုရင် ကောင်းကင်ယံက အချက်ပြမြားတွေကို မြင်မြင်ချင်း စစ်ကူတွေ ဘယ်လောက်မြန်မြန် ရောက်လာမလဲဆိုတာကို ကြည့်ရုံနဲ့တင် သိနိုင်ပါတယ်။
"မကောင်းတော့ဘူး"
ယွီယန်ဂိုဏ်းချုပ် ဟွမ်ထျန်းရုန်သည် သူ၏ လျှို့ဝှက်ဥမင်မှ ထွက်ပေါက်ဖြစ်သော ဝင်းတံခါးဆီသို့ ရောက်ခါနီးတွင်မှ တစ်ခုခုမှားနေပြီမှန်း ရိပ်မိသွားသည်။ သူသည် သော့ကို ထုတ်ယူရင်း တံခါးဝသို့ မရောက်မီမှာပင် အော်လိုက်သည်"မြန်မြန်... ပြေးကြတော့"
"မြားလွှတ်စမ်း"
ချန်ဆန်းရှီက ဟိန်းဟောက်၍ အမိန့်ပေးလိုက်သည်။ သို့သော် ရန်သူတွေဟာ အနည်းဆုံး အရိုးဖွဲ့စည်းမှုအဆင့်ရှိတဲ့ သိုင်းသမားတွေ ဖြစ်ကြတဲ့အတွက် ချန်ဆန်းရှီ ကိုယ်တိုင် ပစ်တဲ့မြားကသာ လူတစ်ယောက်ကို လဲကျစေနိုင်ပြီး ကျန်တဲ့ စစ်သည်တွေရဲ့ မြားဒဏ်ကတော့ ရန်သူတွေကို ထိခိုက်မှု အကန့်အသတ် ရှိလှသည်။
"မထိတ်လန့်ကြနဲ့ သူတို့ လူနည်းစုလေးပဲ ရှိတာ"
ဟွမ်ထျန်းရုန်သည် အတွေ့အကြုံရင့်ကျက်လှသော ဂိုဏ်းချုပ်တစ်ဦးဖြစ်သည့်အလျောက် အခြေအနေကို ချက်ချင်း သုံးသပ်လိုက်သည်"သူတို့ကို အမြန်သတ်၊ ပြီးရင် ရွှေငွေတွေကို ယူပြီး ပြေးကြမယ်"
သူသည် မြားတွေကို ကာကွယ်ရင်း ရှေ့ဆုံးမှ ပြေးထွက်လာကာ သူ၏ လက်နက်ကို ကိုင်စွဲ၍ ပင်လယ်ထဲမှ ရုန်းကြွလာသော နဂါးတစ်ကောင်ကဲ့သို့ ချန်ဆန်းရှီ၏ မျက်နှာဆီသို့ အရှိန်အဟုန်ပြင်းစွာ ထိုးနှက်တိုက်ခိုက်တော့သည်။
ဝိညာဉ်ဖျက်လှံ နှင့် သုံးခွလှံတို့ အပြင်းအထန် ရိုက်ခတ်သွားကြသည်။
ပုံမှန် သွေးချီ နှင့် မတူညီသော စွမ်းအားတစ်မျိုး စီးဆင်းလာခဲ့ပြီး၊ ချန်ဆန်းရှီသည် သွေးဓာတ်ပေါက်ကွဲမှု အခြေအနေသို့ ဝင်ရောက်ထားသော်လည်း ခြေတစ်လှမ်းခန့် နောက်ဆုတ်သွားခဲ့ရသည်။ သို့သော် ထိုမျှသာ ဖြစ်သည်။
ဟွာကျင်းကျင့်စဉ်၏ အခြေခံအဆင့် ဆိုသည်မှာ ပြင်ပအစွမ်း မတိုင်မီ အတွင်းအား ကို ဖော်ဆောင်နိုင်ခြင်း ဖြစ်သည်။ ၎င်းမှာ အတွင်စအားသန့်စင်မှု့အဆင့် ပြည့်စုံခြင်း နှင့် ကွာခြားချက်မှာ သာမန်လူတွေအတွက် အလွန်ကြီးမားနိုင်သော်လည်း... ချန်ဆန်းရှီအတွက်တော့ ထင်သလောက် ကြောက်စရာမကောင်းလှပေ။
သွေးဓာတ်ပေါက်ကွဲမှု အခြေအနေအောက်မှာ သူ ကြံ့ကြံ့ခံနိုင်ရုံသာမက၊ ဤနေရာတွင် မိစ္စာဂိုဏ်းမှ အဆင့်မြင့်ပညာရှင်များ မရှိနေခြင်းက အခြေအနေကို အလွန်အမင်း မဆိုးဝါးစေခဲ့ပေ။ အကောင်းဆုံးကတော့ အနီးနားက စစ်ကူတွေ အမြန်ရောက်လာဖို့ပင် ဖြစ်သည်။
"မင်းလား"
ဟွမ်ထျန်းရုန်သည် စီယွင်ဘုရားကျောင်းတွင် ချန်ဆန်းရှီနှင့် ဆုံဖူးခဲ့သည်ကို မှတ်မိသွားသည် "မင်းလို အတွင်းအားသန့်စင်မှုအဆင့် လေးနဲ့ ငါ့ကို တားရဲတယ်ပေါ့သေပေတော့"
ဤအခြေအနေသို့ ရောက်နေပြီဖြစ်ရာ ရှေ့ကလူသည် ဆွန်ဒူရှန်၏ တပည့်ဖြစ်နေပါစေဦးတော့၊ ဆွန်ဒူရှန် ကိုယ်တိုင် ရှိနေရင်တောင်မှ သူသည် အသက်ရှင်ဖို့အတွက် အစွမ်းကုန် တိုက်ခိုက်ရတော့မည် ဖြစ်သည်။
...
"ဗိုလ်ချုပ်ရှာ၊ ဘာလို့ ဘယ်သူမှ မရှိတာလဲ"
ယွီယန်ဂိုဏ်းချုပ် နေထိုင်ရာ ဝင်းအတွင်းတွင်တော့ အကြောက်တရားဖြင့် တုန်လှုပ်ငိုယိုနေသော မိန်းမအချို့မှလွဲ၍ ဘယ်သူ့ကိုမှ မတွေ့ရပေ။
"မင်းက မေးနေသေးတာလား"
ရှာဝမ်လုံသည် သူ၏ ခြေရင်းက အလောင်းကို စိုက်ကြည့်လိုက်သည်။ ၎င်းမှာ သူတို့ထံ သတင်းပို့ခဲ့သော ယွီယန်ဂိုဏ်းတပည့်၏ အလောင်းပင် ဖြစ်သည်"ဒီအမှိုက်ကောင် သတင်းပေါက်ကြားအောင် လုပ်လိုက်လို့ ဟွမ်ထျန်းရုန်က ကြိုသိပြီး ထွက်ပြေးသွားတာ ဖြစ်ရမယ်"
"ဒါဆို ဘာဆက်လုပ်မလဲ ဘယ်မှာသွားရှာရမလဲ"
"ငါက ဘယ်လိုလုပ် သိမှာလဲ"
"ရှူး—"
သူတို့ စကားပြောနေစဉ်မှာပင် အရှေ့တောင်ဘက်ဆီမှ အချက်ပြမြားအမြောက်အမြား တက်လာသည်ကို မြင်လိုက်ရသည်။
"ဗိုလ်ချုပ်ရှာ အချက်ပြလိုက်ပြီ"
ယွီစုန်က"ကျွန်တော်တို့ မလာခင်က ဟွမ်ထျန်းရုန်ကို တွေ့မှသာ အချက်ပြဖို့ အမိန့်ထုတ်ထားတာ။ ဟွမ်ထျန်းရုန်က ဟွာကျင်းအဆင့်ရှိတဲ့သူ၊ တပ်ကြပ်တွေအားလုံးက အတွင်စအားသန့်စင်မှုအဆင့်တွေပဲ ရှိသေးတာဆိုတော့ ရင်ဆိုင်ရတဲ့သူ အန္တရာယ်ရှိနိုင်တယ်၊ အမြန်သွားကြစို့"
"မလောပါနဲ့"
ရှာဝမ်လုံ၏ မျက်နှာမှာ ငြိမ်သက်နေသော ရေကန်ပြင်ကဲ့သို့ အေးစက်
နေသည် "ဒါဟာ ဟွမ်ထျန်းရုန်ရဲ့ ကျားကို တောင်ပေါ်ကနေ မျှားထုတ်တဲ့ ပရိယာယ်လည်း ဖြစ်နိုင်တယ်။ ဒီနားမှာပဲ ထပ်ရှာကြည့်ရအောင်"
"ဟုတ်ကဲ့... ဟုတ်ကဲ့၊ ဗိုလ်ချုပ်အမိန့်အတိုင်းပါပဲ"
...
တိုက်ပွဲအတွင်း အကြိမ် ၄၀ ခန့် အပြန်အလှန် တိုက်ခိုက်ပြီးနောက်။
ချန်ဆန်းရှီသည် ဟွာကျင်းအဆင့်နှင့် ယှဉ်ပြိုင်နေဆဲ ဖြစ်သည်။ အစပိုင်းတွင် အနည်းငယ် ဖိနှိပ်ခံခဲ့ရသော်လည်း အချိန်ကြာလာသည်နှင့်အမျှ သူသည် အခြေအနေကို ပြန်လည် ထိန်းချုပ်လာနိုင်ခဲ့သည်။
"တောက်"
သူ့ဘေးက စစ်သည်တွေက ကျိန်ဆဲကြသည် "အချက်ပြတာ ကြာလှပြီ၊ ဘာလို့ စစ်ကူတွေ ရောက်မလာသေးတာလဲ"
"မင်းတို့က မေးနေသေးတာလား..." ချန်ဆန်းရှီ၏ မျက်လုံးများက အေးစက်လှသည်။
သူတို့ အကွက်ချ လုပ်ကြံခံလိုက်ရခြင်းပင် ဒါဟာ ယင်ဟန်ဝမ် ဒါမှမဟုတ် ချောင်ဖန်တို့ရဲ့ လက်ချက်ပဲ ဖြစ်ရမည်။ သို့သော် ကံကောင်းထောက်မစွာဖြင့်... တိုက်ပွဲကြာလာသည်နှင့်အမျှ သူ တစ်ခုကို သတိပြုမိလာသည်။
ဟွာကျင်းအဆင့် သိုင်းပညာရှင်ဆိုတာ သူထင်သလောက် မစွမ်းလှဘူးဆိုတာပါပဲ အရင်က ချောင်ဖန်ကို အဆင့်ကျော်ပြီး ရင်ဆိုင်ဖို့ ခက်ခဲခဲ့တာဟာ ချောင်ဖန်ကိုယ်တိုင်ကလည်း ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ယောက် ဖြစ်နေလို့ပါ။ သို့သော် သိုင်းသမားတိုင်းက ပါရမီရှင် မဟုတ်ကြပေ။
ဟွမ်ထျန်းရုန်ဟာ ပါရမီရှင် မဟုတ်တာ သေချာပါတယ်။ မဟုတ်ရင် ဂိုဏ်းချုပ်တစ်ယောက် ဖြစ်နေပြီးတော့ ဟွာကျင်းအဆင့်မှာပဲ ရပ်တန့်နေမှာ မဟုတ်ပါဘူး။ တစ်ကွက်မှားရင် အကွက်တိုင်း မှားတတ်ပါတယ်။ သူ့ရဲ့ သွေးချီက ငါနဲ့ ဘယ်လိုမှ မယှဉ်နိုင်ဘူး..
"ဒါ... ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ..."
ယုံကြည်ချက်အပြည့်နဲ့ တိုက်ခိုက်ခဲ့တဲ့ ဟွမ်ထျန်းရုန်ဟာ တဖြည်းဖြည်း ဖြူဖတ်ဖြူရော် ဖြစ်လာခဲ့သည်။ သူဟာ ဟွာကျင်းအဆင့်တစ်ယောက်ဖြစ်ပါလျက်နဲ့ ဘာလို့ ဒီကောင်လေးကို မသတ်နိုင်ရတာလဲဆိုတာ သူ စဉ်းစားမရနိုင်အောင် ဖြစ်နေရသည်။
ဒီကောင်လေးရဲ့ သွေးချီပေါက်ကွဲမှုက အစွမ်းကုန် ဖြစ်နေရုံတင်မကဘဲ၊ အံ့သြစရာကောင်းတာက သူ့ရဲ့ သွေးချီကို သုံးပြီး ငါ့ရဲ့ အတွင်းအားကို ပြန်လည် ခုခံနေတာပဲ သွေးချီနဲ့ အတွင်းအားကို ယှဉ်တိုက်နေတာလား ဒါဟာ တကယ့်ကို စိတ်ကူးယဉ်ဆန်လွန်းတဲ့ ကိစ္စပဲ..
နယ်နယ်ရရ မဟုတ်တဲ့ ပါရမီရှင်တွေကြားထဲကမှ ထိပ်ဆုံးက ထွက်ပေါ်လာတဲ့လူတစ်ယောက်ကို သာမန် ကျင့်စဉ်အဆင့်တွေနဲ့ တိုင်းတာလို့ မရဘူးဆိုတာကို သူ တဖြည်းဖြည်း နားလည်လာခဲ့ရသည်။
"ချန်... ဗိုလ်ချုပ်ချန် ကျွန်တော်တို့က သိကျွမ်းနေတဲ့လူတွေပဲ၊ တစ်
ယောက်ကိုတစ်ယောက် အလျော့ပေးကြရအောင်ကျွန်တော့်ကို လွှတ်ပေးပါဘယ်လိုလဲ"
သူ ပြန်ရလိုက်တဲ့ အဖြေကတော့ ငွေရောင်လှံဖျားကြီးပင်..
ဒြပ်စင်ငါးပါးခန္ဓာ၏ အစွမ်းနှင့်အတူ ချန်ဆန်းရှီ၏ နဂါးဆင်သွေးသည် အစွမ်းကုန် သောင်းကျန်းလာခဲ့ပြီး "ချီလင်နှလုံးသား" က ရန်သူ၏ တိုက်ကွက်များကို အစိတ်စိတ်အမွှာမွှာ ဖတ်ယူလိုက်ကာ သူ့ကို ကောင်းကင်ယံက ဆင်းသက်လာတဲ့ စစ်နတ်ဘုရားတစ်ပါးအဖြစ် ပြောင်းလဲပေးလိုက်သည်။
သူသည် အဆင့်ကျော်၍ တိုက်ခိုက်နေရသော်လည်း၊ ဆန့်ကျင်ဘက်အနေဖြင့် ရန်သူကို ပြန်လည် ဖိနှိပ်ထားနိုင်ခဲ့သည်။
"ချွင် ချွင် ချွင်"
ဟွမ်ထျန်းရုန်၏ လက်နက်မှာ တဖြည်းဖြည်း ပိုမိုလေးလံလာပြီး ထိန်းချုပ်ရ ခက်ခဲလာခဲ့သည်။ သူ၏ ကိုယ်တွင်းရှိ အတွင်းအားများမှာလည်း အရှိန်အဟုန်ဖြင့် ခမ်းခြောက်လာပြီး မကြာမီမှာပင် ကုန်ဆုံးတော့မည် ဖြစ်သည်။ အတွင်းအားသန့်စင်မှု့အဆင့်ရဲ့ သွေးချီက အကန့်အသတ် ရှိသလို၊ ဟွာကျင်းအဆင့်ရဲ့ အတွင်းအားကလည်း အကန့်အသတ်မဲ့ မဟုတ်
ပေ။
အကယ်၍ သူသည် အတွင်းအားတွေ အကုန်ခမ်းသွားတဲ့အထိ ပြိုင်ဘက်ကို မနိုင်ခဲ့ရင် သူ့ရဲ့ အသာစီးရမှုက လုံးဝ ပျောက်ကွယ်သွားတော့မည် ဖြစ်သည်။
"ဖောက်"
နောက်ထပ် တစ်ကြိမ် တိုက်ခိုက်မိချိန်မှာတော့... ပြတ်သားတဲ့ အသံကြီး ထွက်ပေါ်လာခဲ့သည်။ ဟွမ်ထျန်းရုန်၏ လက်နက် ကျိုးသွားပြီ ဖြစ်သည်။
...
"ဗိုလ်ချုပ်ရှာ"
ယွီစုန်သည် စိတ်မအေးနိုင်ဘဲ ဖြစ်နေရသည်။ ယနေ့ညတွင် တစ်ခုခု မှားယွင်းနေပြီဟု သူ ခံစားနေရသည်။"ကျွန်တော် ဒီမှာပဲ နေခဲ့ပါ့မယ်၊ ဗိုလ်ချုပ်ပဲ အချက်ပြမြား တက်လာတဲ့နေရာကို သွားကြည့်ပေးပါဦး"
"အင်း... ကြည့်ရတာ ရန်သူ့ပရိယာယ် မဟုတ်တော့ပုံပဲ၊ ငါ မင်းနဲ့အတူ လိုက်ခဲ့မယ်" ရှာဝမ်လုံက စတင် လှုပ်ရှားလိုက်သည်။
တိုက်ပွဲဝင်ချိန် အကြိမ် ၄၀ လောက်ဆိုရင်တော့... လုံလောက်လောက်ပြီ။ ယင်ဟန်ဝမ် သူ့ကို အပ်နှံထားတဲ့ တာဝန်ကတော့ ပြီးမြောက်သွားပြီ ဖြစ်ရမယ်။ ဟွမ်ထျန်းရုန်က ဘယ်လောက်ပဲ အမှိုက်ဖြစ်ပါစေ၊ သူက ဟွာကျင်းအဆင့်တစ်ယောက်ပဲ။ ဒီကောင်လေးကိုတော့ သတ်နိုင်မှာ သေချာပါတယ်။
ယနေ့ည အစီအစဉ်က တကယ့်ကို ပြည့်စုံလွန်းလှသည်။ အရာအားလုံးကို မတော်တဆမှုအဖြစ် အကြောင်းပြလို့ ရသည်။ တိုက်ပွဲအတွင်း သေဆုံးသွားတာဆိုတော့ ဘုရင်ခံဆွန်ပင်လျှင် ဘာမှ ပြောနိုင်မှာ မဟုတ်ဘူး။ တပည့်ရင်းတွေ တိုက်ပွဲမှာ သေဆုံးတာမျိုးက အရင်ကလည်း ရှိခဲ့ဖူးတာပဲ..
ရှာဝမ်လုံသည် ခြေလှမ်းကို မြန်လိုက်သည်။ သို့သော် သူ နေရာကို ရောက်သွားချိန်မှာ မြင်လိုက်ရတာက...
လရောင်အောက်တွင် ငွေရောင်နဂါးတစ်ကောင်ကဲ့သို့ ဝေ့ဝဲနေသော လှံရှည်ကြီးက ဟွမ်ထျန်းရုန်၏ နှလုံးသားကို ဖောက်ထွက်သွားခြင်းပင်..
"ဖုတ်"
ထိုအချိန်မှာပင် ချန်ဆန်းရှီသည် ကျန်းယွဲ့ဓားကို ဆွဲထုတ်ကာ ဟွမ်ထျန်းရုန်၏ ခေါင်းကို ဖြတ်ချလိုက်ပြီး ရှာဝမ်လုံ၏ ခြေရင်းသို့ တိုက်ရိုက် ပစ်ချလိုက်သည်။ သွေးပူပူတွေက ရှာဝမ်လုံ၏ မျက်နှာနှင့် ကိုယ်ပေါ်သို့ စင်ဟပ်သွားတော့သည်။
"ဗိုလ်ချုပ်ရှာ..."
သူက စကားလုံးတိုင်းကို ပြတ်ပြတ်သားသား ပြောလိုက်သည် "ကြည့်ရတာ... ခင်ဗျားရဲ့ တွက်ကိန်းတွေ လွဲသွားပြီ ထင်တယ်"