← Chapters

အခန်း (၁၉၀)

Vol. 18 Ch. 190

အခန်း (၁၉၀)

Vol. 18 Ch. 190

ရှာဝမ်လုံသည် သူ၏ခြေရင်း၌ ပြတ်တောက်နေသော ဦးခေါင်းများကို ငုံ့ကြည့်လိုက်သည်။ သူ၏ ကျန်ရှိနေသော ဘယ်ဘက်မျက်လုံးသူငယ်အိမ်မှာ အနည်းငယ် တုန်ရင်သွားပြီး မျက်မှောင်များကလည်း ပိုမိုတွန့်ချိုးသွားတော့သည်။

အတွင်းအားသန့်စင်မှုအဆင့်ကဟွာကျင်းကို သတ်လိုက်တာလား..

ဒါဟာ သာမန်နယ်ပယ်ငယ်လေး တစ်ခုကို ကျော်ဖြတ်တာမဟုတ်ဘဲ အဆင့်ကြီးတစ်ခုလုံးကို ကျော်ဖြတ်ပြီး သတ်လိုက်တာ ဖြစ်သည်။ ယွီယန်

ဂိုဏ်းချုပ်က တကယ့်ကို အသုံးမကျတဲ့ အမှိုက်ပဲ..

ဒါပေမဲ့ မေးခွန်းထုတ်စရာက...

မိစ္စာဂိုဏ်းကရော ပုန်းအောင်းနေတဲ့ မိစ္စာဂိုဏ်းဝင်တွေက ဘာလို့ ထွက်မတိုက်ကြတာလဲ..

အသတ်ခံရတာက ဟွမ်ထျန်းရုန် တစ်ယောက်တည်း မဟုတ်ပေ။ အခြားသော တပည့်ရင်းများမှာလည်း စစ်ကူများ ရောက်ရှိလာပြီးနောက်ပိုင်းတွင် ပရမ်းပတာ ဓားချက်များအောက်၌ ပွဲချင်းပြီး သေဆုံးသူသေ၊ အချို့မှာမူ လုံးဝ ခုခံနိုင်စွမ်းမရှိတော့ဘဲ အရှင်ဖမ်းဆီးခြင်းကို ခံလိုက်ရသည်။

"ဗိုလ်ချုပ်ချန်... မင်းကတော့..."

ယွီစုန်မှာ ပို၍ပင် ယုံကြည်ရခက်နေသည်။ သူကတော့ ပြဿနာကြီးတစ်ခု တက်တော့မည်ဟု ထင်နေခဲ့သော်လည်း တကယ်တမ်း ပြဿနာတက်သွားသူမှာ ဟွမ်ထျန်းရုန် ဖြစ်နေသည်။

သွေးချီနဲ့ ဟွာကျင်းအဆင့်ရဲ့ အတွင်းအားကို ပြန်လည်ခုခံတယ်ဆိုတာ ဘယ်လိုအဓိပ္ပာယ်လဲ။

အတန်ကြာမှ ရှာဝမ်လုံသည် သူ၏ စိတ်ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး "ဗိုလ်ချုပ်ချန် ကောင်းကောင်း လုပ်နိုင်ခဲ့တယ်။ ဟိုသူလျှိုတပည့်က သူ့ဘာသာ သတင်းပေါက်အောင်လုပ်ပြီး သူတို့ကို လွတ်အောင် လွှတ်ပေးတော့မလို့ ဖြစ်သွားတာ၊ ကံကောင်းလို့ ဗိုလ်ချုပ်ချန်က သူ့ရဲ့ ကိုယ်ပိုင်စွမ်းအားနဲ့ ယွီယန်ဂိုဏ်းချုပ်ကို သတ်နိုင်ခဲ့လို့သာ ဆိုးဝါးတဲ့ အကျိုးဆက်တွေကို တားဆီးနိုင်ခဲ့တာ။ ဒီတာဝန်မှာ မင်းက အကြီးမားဆုံး အောင်မြင်မှုကို ရယူနိုင်ခဲ့တယ်"

"ကျေးဇူးတင်ပါတယ် ဗိုလ်ချုပ်ရှာ"

ချန်ဆန်းရှီသည် လက်သီးဆုပ်၍ ဂါရဝပြုလိုက်သော်လည်း သူ၏မျက်နှာမှာ မည်သည့်ခံစားချက်မျှ မရှိဘဲ အေးစက်နေဆဲပင်။

"ကျွန်တော်တို့ မိစ္စာဂိုဏ်းနဲ့ မပူးပေါင်းဘူး"

ယွီယန်ဂိုဏ်းတပည့်တစ်ဦးက အသည်းအသန် အော်ဟစ်လိုက်သည်"မင်းတို့ရဲ့ စွပ်စွဲချက်တွေက ငါတို့ရဲ့ တာ့လော့မြစ်ကို သိမ်းပိုက်ဖို့နဲ့ ရွှေငွေတွေကို လုယူဖို့အတွက်ပဲ"

"မင်းတို့ လူယုတ်မာတွေ"

ယွီစုန်က ထိုတပည့်ကို နှစ်ချက်ခန့် ကန်ကျောက်လိုက်ပြီးနောက် ဝရဇိန်

လက်နက် တစ်ခုကို ထုတ်ပြလိုက်သည်"ဒါဆိုရင် ဒါက ဘာလဲမင်းတို့ ဂိုဏ်းချုပ်ရဲ့ အခန်းထဲမှာ တွေ့ခဲ့တာကွ"

"..."

တပည့်အတော်များများမှာ ထိုဝရဇိန်လက်နက်ကို စိုက်ကြည့်ရင်း မယုံကြည်နိုင်သော မျက်နှာများဖြင့် မှင်တက်သွားကြသည်။ ဤအရာမှာ မိစ္စာဂိုဏ်းဝင်များက နှလုံးသွေးများကို စုဆောင်းရာတွင် အသုံးပြုသော ကိရိယာပင် ဖြစ်သည်။

"မဖြစ်နိုင်တာ"

"ကျွန်တော်တို့ ဆရာက ဘယ်လိုလုပ် မိစ္စာဂိုဏ်းနဲ့ ပူးပေါင်းမှာလဲ"

"အသတ်ခံလိုက်ရတဲ့ တတိယအစ်ကိုကြီးဆိုတာ ဆရာ့ရဲ့ အချစ်ဆုံးတပည့်ပဲလေ"

"မင်းတို့က အခုထိ မာန်တင်းနေတုန်းပဲလား ဟွမ်ထျန်းရုန်နဲ့အတူ ထွက်ပြေးနေတာကိုက မင်းတို့မှာ အပြစ်ရှိကြောင်း သက်သေပြနေတာပဲ"

ယွီစုန်က အမိန့်ပေးလိုက်သည်"အားလုံးကို ဖမ်းခေါ်သွားကြ၊ လျန်ကျိုးရဲ့ သေဒဏ်အကျဥ်းထောင်ထဲမှာ ပိတ်လှောင်ထားပြီး စစ်ဆေးမှုတွေလုပ်မယ် ဟွမ်ထျန်းရုန်နဲ့ သေဆုံးသွားတဲ့ တပည့်ရင်းတွေရဲ့ ဦးခေါင်းတွေကို လူအများရှေ့မှာ ပြသလိုက်၊ ကျန်တဲ့လူတွေကိုလည်း စစ်ဆေးမှုမှာ ပူးပေါင်းဖို့ ဖိအားပေး၊ ဘယ်သူပဲဖြစ်ဖြစ် ခုခံဖို့ ကြိုးစားရင် မိစ္စာဂိုဏ်းရဲ့ ကြံရာပါလို့ သတ်မှတ်ပြီး ချက်ချင်း ကွပ်မျက်လိုက်"

အားလုံး တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားကြသည်။ ချန်ဆန်းရှီမှာမူ ဟွမ်ထျန်းရုန်၏ ခေါင်းပြတ်နေသော အလောင်းကို စိုက်ကြည့်ရင်း ခေတ္တမျှ ရပ်နေမိသည်။

ဒါဟာ ဒေါသကြောင့် မဟုတ်ပေ။

အကြောင်းရင်းကတော့... ဟွမ်ထျန်းရုန် မသေဆုံးမီလေးမှာတင် ထိုသူ့အပေါ်က အမှောင်အရှိန်အဝါ တစ်ခုကို သူ မြင်လိုက်ရခြင်းကြောင့် ဖြစ်သည်။

၎င်းမှာ ကျန်းဟွိုင်မင် ဆီမှာ မြင်ခဲ့ရတဲ့ အရှိန်အဝါနဲ့ တစ်ထေရာတည်း တူညီနေသည်။ အနည်းငယ် ပိုမှိန်နေခြင်းသာ ကွာခြားသည်။

ချန်ဆန်းရှီအနေဖြင့် သူ့ကို အရှင်မဖမ်းဘဲ နောက်ဆုံးအချိန်မှာ ပြတ်ပြတ်သားသား သတ်လိုက်ရသည့် အကြောင်းရင်းမှာလည်း ရန်သူသည် ကျန်းဟွိုင်မင်ကဲ့သို့ ရုတ်တရက် အဆင့်တက်လာပြီး အခြေအနေကို ရှုပ်ထွေးသွားစေမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။ ဒီနေရာမှာ သူ့ကို ကူညီမည့်သူ မရှိသဖြင့် မိမိအသက်ကိုသာ ဦးစားပေးခဲ့ရသည်။

"နောက်ဆုံးတော့လည်း မိစ္စာဂိုဏ်းဝင်တွေက ပေါ်မလာခဲ့ဘူးပဲ"

ဒါဟာ သူ့အတွက် ပဟေဠိတစ်ခု ဖြစ်နေသည်။ ဟွမ်ထျန်းရုန်ရဲ့ ပုံစံက လိမ်နေပုံမရဘူး၊ သူက တကယ်ပဲ မိစ္စာဂိုဏ်းနဲ့ မပတ်သက်ဘဲ အစွပ်စွဲခံရတာလား ဒါဆိုရင် သူ့ကိုယ်ပေါ်က အမှောင်အရှိန်အဝါက ဘာလဲ..

စီယွင်ဘုရားကျောင်း...

ချန်ဆန်းရှီ စိတ်ထဲတွင် ဖြစ်နိုင်ခြေတစ်ခုကို ရုတ်တရက် တွေးမိသွားသည်။ ကျန်းဟွိုင်မင်သည် မဟာသွေးကြောအဆင့် ရှိသူ ဖြစ်သည်။

ဒါဆိုရင် သူလည်း တာအိုညီလာခံကို တက်ရောက်ခဲ့ဖူးပြီး ထူးဆန်းတဲ့ ဝိညာဉ်အားဖြည့်ဆေးရည်ကို သောက်ခဲ့ဖူးတာ ဖြစ်နိုင်သလား..

အဲဒါကြောင့်ပဲ သူတို့ခန္ဓာကိုယ်ထဲမှာ အဲဒီ အမှောင်အရှိန်အဝါတွေ ရှိနေတာလား ဒါပေမဲ့ ဒါကလည်း မှားနေပြန်တယ်။ အကယ်၍ အဲဒီ ဆေးရည်မှာအမှောင်အရှိန်အဝါတွေ ပါနေရင် သူ့ရဲ့ အရှိန်အဝါကြည့်ရှု့ခြင်း က မြင်ရမှာ ဖြစ်သည်။

မည်သို့ပင်ဆိုစေ... စီယွင်ဘုရားကျောင်းနဲ့ ပတ်သက်လာရင် သူ ပိုပြီး သတိထားရတော့မည်။

"ဗိုလ်ချုပ်"

ကျောက်ကန်က အစီရင်ခံသည်"ရှင်းလင်းရေး အားလုံးပြီးပါပြီ၊ တောင်အောက်ကို ဆင်းကြတော့မလား"

"အင်း"

ချန်ဆန်းရှီ ခေါင်းညိတ်ပြပြီး တောင်အောက်မှာ စောင့်နေတဲ့ စစ်သည်တွေကို ဦးဆောင်ကာ ပြန်လာခဲ့သည်။

နောက်ဆက်တွဲ ကိစ္စရပ်တွေကတော့ သူ့တာဝန် မဟုတ်တော့ပေ။ အရံတပ်စခန်းက ယွီယန်ဂိုဏ်းကို သိမ်းပိုက်ပြီး သုံးရက်၊ သုံးညတိုင်တိုင် သေချာစွာ ရှာဖွေခဲ့သော်လည်း မိစ္စာဂိုဏ်းနဲ့ ပူးပေါင်းတဲ့ နောက်ထပ် သက်သေအထောက်အထားတွေ ရှာမတွေ့ခဲ့ပေ။ နောက်ဆုံးမှာတော့ ဟွမ်ထျန်းရုန်နဲ့ တပည့်ရင်း အနည်းငယ်သာ အပြစ်ရှိကြောင်း ဆုံးဖြတ်လိုက်ကြသည်။ အရှင်ဖမ်းမိတဲ့ တပည့်တွေကို ညှဉ်းပန်းနှိပ်စက်ပြီး စစ်ဆေးခဲ့ပေမယ့်လည်း ကျေနပ်လောက်တဲ့ အဖြေ မရခဲ့သဖြင့် ဒီကိစ္စကို ဒီအတိုင်းပဲ အဆုံးသတ်လိုက်ကြသည်။

နောက်ဆုံးတွင် စစ်မှုထမ်းကောင်းများအတွက် ဆုချီးမြှင့်ချိန် ရောက်လာသည်။

စစ်တဲအတွင်း၌ ရှာဝမ်လုံက လူတိုင်းရှေ့တွင် ကြေညာလိုက်သည် "ဗိုလ်ချုပ်ချန်ဟာ အဆင့်ကျော်ပြီး ရန်သူကို သတ်နိုင်ခဲ့တဲ့အတွက် ဒီတာဝန်မှာ အကြီးမားဆုံးသော အောင်မြင်မှုအဖြစ် သတ်မှတ်ပြီး ဒုတိယတန်းစား စစ်မှုထမ်းမှတ်တမ်း တစ်ခုနဲ့ ဆုငွေ ငွေစင် သုံးထောင် ချီးမြှင့်

လိုက်တယ်"

"..."

လူရှူဟွာ နှင့် ရှဲ့စူးရှုတို့၏ မျက်နှာများမှာ ညှိုးငယ်သွားကြသည် တတိယတန်းစားစစ်မှုထမ်းမှတ်တမ်း ငါးခုမှ ဒုတိယတန်းစားတစ်ခုနှင့် ညီမျှသည်။ အခုလို အောင်မြင်မှုမျိုးရဖို့ အခွင့်အရေးက နောက်တစ်ကြိမ် ဘယ်မှာ ထပ်ရနိုင်ဦးမှာလဲ။ ဒုတိယတန်းစား အထက်က ပထမတန်းစား ဆိုတာကတော့ တကယ့် တိုက်ပွဲကြီးတွေမှာမှ ရနိုင်တာမျိုး ဖြစ်သည်။

တပည့်ရင်း နေရာကို ရယူဖို့ဆိုတာ သူတို့အတွက် လက်လှမ်းမမီတော့တဲ့ အရာ ဖြစ်သွားပုံရသည်။ ဒါ့အပြင် အတွင်းအားသန့်စင်မှုအဆင့်နဲ့ ဟွာကျင်းအဆင့်ကို တိုက်ခိုက်နိုင်တယ်ဆိုတာ တတိယတန်းစားဂိုဏ်းက ဟွာကျင်းပဲဖြစ်ဖြစ် အလွန်ခက်ခဲလှသည်။ ဒီကောင်နဲ့ ယှဉ်ပြိုင်နိုင်ဖို့ဆိုရင် ချောင်ဖန်တစ်ယောက်ပဲ ရှိတော့မည်။

"ဗိုလ်ချုပ်ချန်... ဂုဏ်ယူပါတယ်"

လူရှူဟွာနဲ့ ရှဲ့စူးရှုတို့က ရှေ့ထွက်ပြီး ဂုဏ်ပြုစကား ဆိုကြသည်။ ဒါဟာ သူတို့ ပြိုင်ပွဲကနေ နုတ်ထွက်လိုက်ပြီဆိုတဲ့ အဓိပ္ပာယ်ပင် ဖြစ်သည်။

"မင်းတို့က အစကတည်း ဒီနေရာကို မျှော်လင့်မထားသင့်တာ" ပိုင်ထင်းကျီက ပွင့်ပွင့်လင်းလင်းကြီး ပြောချလိုက်သည်။

ထွက်ခွာလာပြီးနောက် ချန်ဆန်းရှီသည် သိုင်းကွင်းထဲမှာ လေ့ကျင့်နေတဲ့ ယင်ဟန်ဝမ် နဲ့ ချောင်ဖန်တို့ကို မြင်လိုက်ရပြန်ပြီး သူ၏ စိတ်ထဲတွင် သတ်ဖြတ်လိုသော စိတ်ဆန္ဒများ ပြင်းထန်စွာ ထွက်ပေါ်လာသည်။

ဒီအရှုပ်အထွေးတွေအားလုံးဟာ ယင်မျိုးရိုးနဲ့ လူက စတင်ခဲ့တာ သေချာသည်။ ရှာဝမ်လုံကတော့ နက်နဲပုံရိပ်အဆင့်က ဖြစ်တဲ့အတွက် သူ့ကို သတ်ဖို့ အချိန်ကောင်း မဟုတ်သေးပေ။

ဒါပေမဲ့ ဒီခွေးသူတောင်းစား ယင်ဟန်ဝမ် ချန်ဆန်းရှီအနေနဲ့ ဒီကောင့်ကို သူ့မျက်စိရှေ့မှာ ထပ်ပြီး အော့နှလုံးနာစရာ ကောင်းအောင် ပျံဝဲနေတာမျိုး မမြင်ချင်တော့ဘူး။ အကယ်၍ ယင်ဟန်ဝမ်ကို အသက်ရှင်လျက် ထားခဲ့ရင် အနာဂတ်မှာ ဘယ်လိုမျိုး နောက်ကျောကို ဓားနဲ့ထိုးဦးမလဲဆိုတာ ဘယ်သူမှ မသိနိုင်ဘူး..

ပြဿနာကတော့ ယင်ဟန်ဝမ်ရဲ့ ဘေးမှာ မဟာသွေးကြောအဆင့် ရှိတဲ့ အစေခံအိုကြီး ရှိနေတာပဲ။ ချန်ဆန်းရှီက ဟွာကျင်းအဆင့်ကိုတောင် မရောက်သေးဘူး ရောက်ခဲ့ရင်တောင် မဟာသွေးကြောအဆင့်က လူတစ်ယောက်ကို သတ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။

ဒါပေမဲ့ ဓားချီမန္တာန်ကို သုံးရင်ကော..

ဓားချီမန္တာန်ဒါဟာ မသေမျိုးတွေရဲ့ နည်းစနစ်ဖြစ်တဲ့အတွက် မဟာသွေးကြောအဆင့်က လူတစ်ယောက်ကို သတ်ဖို့ လုံလောက်မှာ သေချာတယ်။

တစ်ခုတည်းသော ပြဿနာကတော့ ချင်းရွှမ်စွမ်းအင် ဒါမှမဟုတ် ဝိညာဉ်

စွမ်းအင်မရှိတာပဲ ဖြစ်သည်။

မသေမျိုးရှာဖွေရေးမျှော်စင်..

အဲဒီနေရာကို သွားဖို့ကိုတော့ ရှောင်လွှဲလို့ မရတော့ဘူး ချန်ဆန်းရှီသည် ဆုံးဖြတ်ချက်ကို ပြတ်သားစွာ ချလိုက်ပြီးနောက် သွေးများ စွန်းထင်နေသော ဝတ်စုံဖြင့်ပင် အိမ်သို့ ပြန်လာခဲ့တော့သည်။

(အစကတော့ဓားချီSkill ကိုကျင့်စဥ် လို့သုံးလိုက်တယ် နောက်မှ ကျင့်စဥ် ကသက်သက်ရှိသေးတာဆိုတော့ မန္တာန်ဘဲ ပြန်သုံးမယ်ဗျ အနှောက်ယှက်ဖြစ်သွားရင်တောင်းပန်ပါတယ်)

All Chapters