← Chapters

အခန်း (၁၉၁)

Vol. 18 Ch. 191

အခန်း (၁၉၁)

Vol. 18 Ch. 191

စီချင်နဲ့မိုဟွာကချန်ဆန်းရှီအတွက် ရေချိုးရန် ရေနွေးပြင်ဆင်ပေးခြင်းနှင့် အဝတ်အစားလဲလှယ်ပေးခြင်းတို့ကို တဖြည်းဖြည်း ကျင့်သားရလာခဲ့သည်။ ယခုအခါ အမလန်တွင် ကိုယ်ဝန်ရှိနေပြီဖြစ်ရာ ကလေးကို ထိခိုက်မှုမရှိစေရန် အရာရာကို ပိုမိုဂရုစိုက်နေရသည်။

...

နောက်တစ်နေ့ နံနက်ခင်းတွင်...

ချန်ဆန်းရှီ မျက်နှာသစ်ပြီးစမှာပင် မိုဟွာ ရောက်လာကာ အပြင်မှာ တစ်စုံတစ်ယောက်က သူ့ကို တွေ့ချင်နေကြောင်း ပြောလာသည်။ အိမ်ရှေ့တွင် ရပ်နေသူမှာ စီယွင်ဘုရားကျောင်းမှ တာအိုကျင့်ကြံသူ လူငယ်လေးတစ်ဦး ဖြစ်သည်။

"ကောင်းကင်ဘုံအရှင်ရဲ့ ကောင်းချီးမင်္ဂလာတွေ ခံစားရပါစေ"

တာအိုလူငယ်လေးက ဦးညွှတ်ဂါရဝပြုရင်း "ဒကာ... ကျွန်တော့်ရဲ့ဆရာက ဒီနေ့ တရားဟောကြားမှာဖြစ်လို့ ဒကာကို အထူးဖိတ်ကြားခိုင်းလိုက်ပါတယ်" ဟု ဆိုသည်။

'သူတို့ တကယ့်ကို အိမ်တိုင်ရာရောက် လာဖိတ်တာပဲ...'

ဒါဟာ ဘာအဓိပ္ပာယ်လဲ သူတို့က ငါ့ကို အဲဒီ ဝိညာဉ်အားဖြည့်ဆေးရည်ကို အတင်းတိုက်ချင်နေတာလား အဲဒီဆေးရည်က တကယ်တော့ ဘာအတွက်

လဲ..

"နားလည်ပါပြီ"

ချန်ဆန်းရှီက တည်ငြိမ်စွာပင်"ဆရာကြီး ချိုးမင်ကျစ် ကို ပြန်ပြောပေးပါ။ ကျွန်တော် အချိန်ရရင် သေချာပေါက် လာခဲ့ပါ့မယ်" ဟု ပြန်ပြောလိုက်သည်။

သူသည် တိုက်ရိုက်ငြင်းပယ်၍ မရပေ၊ မဟုတ်လျှင် တစ်ဖက်လူက တစ်ခုခုကို ရိပ်မိသွားနိုင်သည်။ အကယ်၍ သူ မသွားဘဲ ထပ်ခါထပ်ခါ ငြင်းနေလျှင် သူတို့က အတင်းအဓမ္မ လာခေါ်မလားဆိုတာတော့ မသေချာပေ။ လက်နက်မရှိဘဲ သူ တကယ်ကို မလုံခြုံသလို ခံစားနေရသည်။

ပြီးတော့ အခုတလော... နောက်ယောင်ခံလိုက်တာတွေ ပြန်စလာပြန်ပြီ။

အိမ်ကထွက်လာကတည်းက ရင်းနှီးနေတဲ့ အရှိန်အဝါတစ်ခုက သူ့နောက်ကနေ လိုက်ပါလာတာကို ချန်ဆန်းရှီ သတိထားမိသည်။

'ဒီကိစ္စကို ဖြေရှင်းဖို့ တစ်ယောက်ယောက်ကို ရှာရမယ်...'

သူသည် ဆေးဖက်ဝင်ပစ္စည်း အမြောက်အမြားကို သွားရောက်ဝယ်ယူပြီးနောက်၊ အားလပ်ချိန်တွင် အလှကုန်ခရင်မ်နှင့် နှုတ်ခမ်းနီမှုန့်များကို ကိုယ်တိုင်ဖော်စပ်ကာ စီနီယာအမ ရှစ်ဆီသို့ ကိုယ်တိုင်သွားရောက် ပေးအပ်ခဲ့သည်။

"မောင်ငယ်လေးက တကယ့်ကို မိန်းကလေးတွေအပေါ် ဂရုစိုက်တတ်တာပဲ"

ရုန်ယန်ချိုး က နှုတ်ခမ်းနီနံ့ကို ရှူရှိုက်ရင်း "ဒီပစ္စည်းတွေက ဈေးကွက်မှာ ဝယ်လို့မရဘူး၊ မင်း တော်တော်လေး ကြိုးစားထားတာပဲ။ ဒါတွေကို ကိုးယောက်မြောက် ညီမလေးဆီ ပေးခိုင်းမလို့လား" ဟု မေးသည်။

ချန်ဆန်းရှီက ခေါင်းခါပြကာ"မဟုတ်ပါဘူး အစ်မကြီး... ဒါတွေက အစ်မကြီးအတွက်ပါ"

"ငါ့အတွက်"

ရုန်ယန်ချိုးက ချက်ချင်းပင် ရိပ်မိသွားပြီး မျက်စောင်းထိုးလိုက်သည် "မောင်ငယ်... ပြောစရာရှိရင် ပွင့်ပွင့်လင်းလင်းသာ ပြောစမ်းပါ"

"ကျေးဇူးတင်ပါတယ် အစ်မကြီး"

ချန်ဆန်းရှီက အားမနာတော့ဘဲ သူ လိုအပ်နေတဲ့ အကူအညီကို ရှင်းပြလိုက်သည်။

"ကောင်းပြီ... ငါ့ကိုသာ လွှဲထားလိုက်"

ရုန်ယန်ချိုးက ပစ္စည်းတွေကို အစေခံလက်ထဲ ထည့်ပေးလိုက်ပြီး"ဒါတွေကို ကိုးယောက်မြောက် ညီမလေးဆီ သွားပေးလိုက်။ ဗိုလ်ချုပ်ချန်က သူမအတွက် ကိုယ်တိုင်လုပ်ပေးတာလို့ ပြောလိုက်ပါ" ဟု မှာကြားလိုက်သည်။

ညွှန်ကြားချက်ပေးပြီးနောက် သူမ၏ မျက်နှာမှာ ချက်ချင်း တည်ကြည်သွားပြီး လက်နက်ကို ဆွဲကိုင်ကာ အပြင်သို့ ထွက်လာခဲ့သည်။ မကြာခင်မှာပင် သူမသည်ချန်ဆန်းရှီ၏ နောက်ကနေ တိတ်တဆိတ် လိုက်ပါနေသော အရိပ်တစ်ခုကို တွေ့လိုက်ရသည်။

"ရှူး—"

ဆူးပါသော သံကြိုးနှင်တံ က ရုတ်တရက် ထွက်ပေါ်လာသည်။

ထိုအရိပ်မှာ ထိတ်လန့်တကြား အော်ဟစ်ကာ ခုခံရန် ကြိုးစားသော်လည်း ဒဏ်ရာဟောင်းရှိနေသဖြင့် မယှဉ်နိုင်ဘဲ နောက်သို့ ယိုင်လဲသွားသည်။

"ကိုးယောက်မြောက် ညီမလေး... ငါပါလက်ကို လျှော့ပါဦး"

"အစ်ကိုသုံး"

ရုန်ယန်ချိုး၏ မျက်နှာမှာ ပို၍ပင် အေးစက်သွားသည်"မောင်ငယ်လေးက တပ်စခန်းရှစ်ခုထဲဝင်တာ မကြာသေးဘူး၊ အစ်ကိုက သူ့နောက်ကို လိုက်နေတာလား"

"မဟုတ်ဘူး ငါ လိုက်နေတာမဟုတ်ဘူး" နယဲ့ယွမ်က အသည်းအသန် ရှင်းပြသည်"ငါက ညီငယ်လေးကို တိတ်တဆိတ် ကာကွယ်ပေးနေတာပါ"

"အစ်ကို့စကားကို ကျွန်မ ယုံလိမ့်မယ် ထင်နေလား"

ရုန်ယန်ချိုးသည် နောက်ထပ် စကားမပြောတော့ဘဲ သူမ၏ နှင်တံဖြင့် အပြင်းအထန် ရိုက်နှက်တော့ရာ နယဲ့ယွမ်၏ ဒဏ်ရာဟောင်းများ ပြန်ပွင့်လာပြီး သွေးများ အန်ထွက်လာခဲ့သည်။

နယဲ့ယွမ်က ဒူးထောက်လျက်"ညီမလေး... မင်းက တပ်စခန်းရှစ်ခုထဲကို အခုမှဝင်တဲ့ ကောင်လေးတစ်ယောက်အတွက်နဲ့ မင်းရဲ့ အစ်ကိုအရင်းကို တကယ်ပဲ သတ်တော့မလို့လား"

"သတ်ဖို့အထိတော့ မဟုတ်ပါဘူး... ဒါပေမဲ့..."

ရုန်ယန်ချိုးက အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည် "အစ်ကိုနဲ့ အစ်ကိုကြီးတို့ဟာ ကျွန်မရဲ့ အစ်ကိုတွေအဖြစ်ကနေ ရပ်စဲသွားတာ ကြာလှပြီ လာခဲ့"

သူမသည် နှင်တံဖြင့် သူ၏လည်ပင်းကို ပတ်နှောင်ကာ ရာဇဝတ်သားတစ်ယောက်လို ဆွဲခေါ်ပြီး ဝူတိန်မြို့စား၏ အိမ်တော်သို့ တန်းတန်းမတ်မတ် သွားခဲ့သည်။ တံခါးကို ကန်ဖွင့်လိုက်ရာ အထဲတွင် ကိုယ်ခံပညာ လေ့ကျင့်နေသော လူကျိီပင် ထိတ်လန့်သွားရသည်။

"..."

လူကျိီသည် သွေးအလိမ်းလိမ်းဖြစ်နေသော ညီသုံးကို ကြည့်ရင်း ခေါင်းကိုက်သွားသည်။ ဘာဖြစ်သလဲဆိုတာ သူ မမေးဘဲ သိနေသည်။

သို့သော် သူက လေးလံသောအသံဖြင့် "ညီမလေး... ဒါက နည်းနည်းတော့ လွန်မသွားဘူးလား"

"လွန်တယ်ဟုတ်လား"

ရုန်ယန်ချိုးက ရယ်စရာတစ်ခုလို သဘောထားကာ နယဲ့ယွမ်ကို ဘေးသို့ ကန်ထုတ်လိုက်သည်"အစ်ကိုကြီး... အစ်ကို မရှက်ဘူးလား ကိုယ့်ညီငယ်လေးကိုတောင် မျက်စိကျနေတာ။ လေးယောက်မြောက် အစ်ကိုက ဘာလို့ ကျွန်မကို လျန်ကျိုးမှာ ခဏနေဖို့ မှာခဲ့တာလဲဆိုတာ အခုမှ သိတော့တယ်။ အစ်ကိုတို့လို ကျေးဇူးကန်းတဲ့လူတွေရန်ကနေ ကာကွယ်ပေးဖို့ပဲ"

"ငါ... ငါ တကယ်ပဲ ညီငယ်လေးကို တိတ်တဆိတ် ကာကွယ်ချင်ရုံတင်ပါ"

"ကာကွယ်တယ်"

ရုန်ယန်ချိုးက ဝင်းအလယ်တွင် ထိုင်ချကာ အရက်ကို အေးအေးလူလူ ငှဲ့သောက်ရင်း"အစ်ကိုက အဲဒီလို ပြောရဲသေးတယ်ပေါ့။ လွန်ခဲ့တဲ့ ရက်ပိုင်းက ညီငယ်လေး တာဝန်ထမ်းဆောင်ရင်း ဟွာကျင်းသိုင်းသမားနဲ့ တိုးနေတုန်းက အစ်ကို့ရဲ့ ကာကွယ်မှုက ဘယ်မှာလဲ"

လူကျိီက တည်ငြိမ်စွာပင်"စစ်မြေပြင်က စစ်မြေပြင်ပဲ၊ သာမန်အချိန်က သာမန်အချိန်ပဲ" ဟု ပြန်ပြောသည်။

"တော်ပြီ... အစ်ကိုနဲ့ ငြင်းမနေချင်တော့ဘူး"

ရုန်ယန်ချိုးက စိတ်ပျက်စွာ ပြောသည်"ဒီနေ့ကစပြီး ချန်ဆန်းရှီ နောက်ကို ထပ်ပြီး လိုက်ဖို့ ကြိုးစားရင် ကျွန်မနဲ့ အပြတ်ပဲ။ အဲဒီအချိန်ကျရင် အသက်နဲ့ရင်းပြီး တိုက်ရလိမ့်မယ်၊ နားလည်လား"

"ကောင်းပြီ"

လူကျိီက အေးဆေးစွာ သဘောတူလိုက်သည်"ငါ ကတိပေးတယ်"

"ကျွန်မမှာ လျန်ကျိုးရဲ့ အာဏာမရှိဘူး၊ ဒါက အစ်ကို့နယ်မြေပဲ။ ဒါပေမဲ့ အစ်ကို ဖြေရှင်းပေးရမယ့် လူတစ်ယောက် ရှိသေးတယ်" ရုန်ယန်ချိုးက ဆက်ပြောသည်"ရှာဝမ်လုံ"

"ဘာလို့လဲ ယွီယန်ဂိုဏ်း ကိစ္စကြောင့်လား"

လူကျိီက သူမရှေ့မှာ ထိုင်လိုက်ရင်း"ဒါကတော့ မသင့်တော်ဘူးထင်တယ်၊ အဲဒါက မတော်တဆမှု တစ်ခုပဲလေ"

"မတော်တဆ"

ရုန်ယန်ချိုးက နှာခေါင်းရှုံ့လိုက်သည်"ကျွန်မ စုံစမ်းပြီးပြီ။ ရှာဝမ်လုံရဲ့ မိသားစုဟာ သူ့အဖေလက်ထက်ကတည်းက ယင် မိသားစုရဲ့ တပည့်တွေ ဖြစ်နေတာ။ အစ်ကိုက ဒါကို မတော်တဆလို့ ပြောချင်သေးတာလားသူသာ ကျွန်မလက်အောက်မှာဆိုရင် အခုဆို အပိုင်းပိုင်း ပြတ်နေလောက်ပြီ"

"ညီမလေး... အရာရာတိုင်းက သက်သေရှိမှ ဖြစ်မှာလေ..."

"ကျွန်မ သက်သေတွေကို ဂရုမစိုက်ဘူး"

ရုန်ယန်ချိုး၏ ရပ်တည်ချက်မှာ ပြတ်သားလှသည်"အစ်ကို့ကို အချိန် တစ်လပေးမယ်။ သူ့ကို ရာထူးကနေ ဖယ်ရှားမလား၊ တခြားဌာနကို ပြောင်းမလား အစ်ကို့သဘောပဲ။ မဟုတ်ရင်တော့ ကျွန်မဘာသာ ဖြေရှင်းရလိမ့်မယ်"

"ညီမလေး... လွန်မလာနဲ့ဦး" နယဲ့ယွမ်က မခံမရပ်နိုင် ဖြစ်ကာ အော်လိုက်သည်။

လူကျိီက သူ့ကို တားလိုက်ပြီး"ညီမလေး... ငါ ကျိန်ဆိုရဲပါတယ်၊ ညီငယ်လေးရဲ့ အသက်ကို ငါ ဘယ်တော့မှ မထိခိုက်စေရဘူး။ မင်း တောင်းဆိုတဲ့အတိုင်း ငါ လုပ်ပေးမယ်၊ ဒါပေမဲ့..."

"ညီငယ်လေးက အခုမှ တပ်စခန်းရှစ်ခုထဲဝင်တာကို မင်းက ဘာလို့ ဒီလောက်အထိ အကာအကွယ် ပေးနေရတာလဲလိုအပ်လို့လား"

"ကျွန်မ သူ့ကို ကာကွယ်နေတာ မဟုတ်ဘူး"

ရုန်ယန်ချိုးက စကားလုံးတိုင်းကို ပြတ်ပြတ်သားသား ပြောလိုက်သည် "ကျွန်မ ဆရာ့ကို ယုံကြည်ရုံပဲ"

...

ချန်ဆန်းရှီသည် လျန်ကျိုးရှိ အကြီးဆုံး ပြည့်တန်ဆာအိမ်ရှေ့မှာ ရပ်တန့်

လိုက်ပြီး နီရောင်လက်မျှော်စင်ဟု ရေးထားသော ဆိုင်းဘုတ်ကြီးကို မော့ကြည့်လိုက်သည်။

All Chapters