အခန်း (၁၉၂)
Vol. 18 Ch. 192
ဤကမ္ဘာသို့ ရောက်ရှိလာပြီးနောက်ပိုင်း ချန်ဆန်းရှီအတွက်တော့ ဤကဲ့သို့သောနေရာမျိုးသို့ ပထမဆုံးအကြိမ် ရောက်ဖူးခြင်း ဖြစ်သည်။
"သခင်လေး... ကြွပါခင်ဗျာ"
ချန်ဆန်းရှီသည် အဝင်ဝတွင် ခေတ္တမျှ ရပ်တန့်နေစဉ်မှာပင် ဧည့်ကြိုမိန်းကလေးနှစ်ဦး၏ ဝိုင်းရံခေါ်ဆောင်ခြင်းကို ခံလိုက်ရသည်။ သူထင်ထားသည်နှင့်မတူဘဲ ဤကဲ့သို့သော အဆင့်မြင့် ပြည့်တန်ဆာအိမ်မျိုးသည် သောက်စားမူးယစ်ခြင်း သက်သက်သာမဟုတ်ဘဲ ဂီတဖျော်ဖြေမှုများလည်း ရှိနေသည်။ တီးခတ်နေသော တူရိယာသံများကို နားထောင်ရုံဖြင့်ပင် ထိုသူတို့မှာ အနည်းဆုံး ဆယ်စုနှစ်တစ်ခုနီးပါး လေ့ကျင့်ထားသော ပညာရှင်များဖြစ်ကြောင်း သိနိုင်သည်။ ထို့ပြင် ကဗျာရွတ်ဆိုနေကြသော ပညာတတ်များ၊ စကားစစ်ထိုးနေကြသူများဖြင့် ပြည့်နှက်နေရာ မြို့တော်မှ ထွက်ပေါ်လာလေ့ရှိသည့် ပညာရှိများနှင့် ပြည့်တန်ဆာမလေးများ၏ အချစ်ဇာတ်လမ်းများမှာ အကြောင်းမဲ့ မဟုတ်ကြောင်း သူ နားလည်သွားသည်။
"သခင်လေး..."
ပြည့်တန်ဆာအိမ်ရဲ့မိခင်ကြီးက ရိုသေစွာ မေးသည်"သခင်လေးက တစ်စုံတစ်ယောက်ကို လာရှာတာလား ဒါမှမဟုတ် ပထမဆုံးအကြိမ် လာတာလား"
"ပထမဆုံးအကြိမ်ပါ"
ချန်ဆန်းရှီက ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သည်။
မသေမျိုးရှာဖွေရေးမျှော်စင် က ပေးလိုက်တဲ့စာထဲမှာ ဒီနေရာကိုလာဖို့ပဲ ပါရှိပြီး ဘယ်သူ့ကို ရှာရမယ်၊ ဘယ်လို ဆက်သွယ်ရမယ်ဆိုတာ မပါရှိသဖြင့် သူ အနည်းငယ် ဝေခွဲမရဖြစ်နေသည်။ သို့သော် သူတို့ဘက်ကပဲ အရင်ဆက်သွယ်လာလိမ့်မည်ဟု သူ ယူဆထားသည်။
"သခင်လေး... ဒီမှာ ထိုင်ပါဦး"
မိခင်ကြီးက သူ့အတွက် နေရာတစ်နေရာ ရှာပေးပြီးနောက် မိန်းကလေးများအကြောင်းနှင့် စည်းကမ်းချက်များကို စတင်မိတ်ဆက်ပေးသည်။ ၎င်းမှာ တော်တော်လေး ရှုပ်ထွေးလှသည်။
ချန်ဆန်းရှီ ထိုင်လိုက်သည်နှင့် "လက်ဖက်ရည်ပန်းပွင့်ကို ညွှန်ပြခြင်း" ဟုခေါ်သော အစီအစဉ်တွင် ပါဝင်ရပြီး လက်ဖက်ရည်ဖိုးအတွက် ငွေစင် တစ်ရာ ပေးဆောင်ရသည်။ ၎င်းမှာ အခြေခံ ဝင်ကြေးသဘောမျိုးသာ ဖြစ်သည်။ ထို့နောက် မိန်းကလေးတစ်ဦးဦးနှင့် အဖော်ပြုချင်ပါက သီးခြား ဈေးနှုန်း ထပ်ပေးရသည်။
မိန်းကလေးများကိုလည်း အဆင့်အတန်း ခွဲခြားထားပြီး အိုရန်
ခေါ် ထိပ်တန်းအလှမယ်မှာ ဈေးအကြီးဆုံး ဖြစ်သည်။ ပိုက်ဆံရှိရုံဖြင့် မရဘဲ သူမ၏ အာရုံစိုက်မှုကို ရရှိရန် ကဗျာကောင်းများဖြင့် ဆွဲဆောင်နိုင်မှသာ တစ်ညတာ အတူရှိခွင့် ရနိုင်သည်။
'ဒါကတော့ ငါ့အတွက် မခက်ပါဘူး'
ချန်ဆန်းရှီ တွေးလိုက်သည်။ သူ မှတ်မိနေတဲ့ ကဗျာတွေနဲ့ဆိုရင် ဒီမှာ အစွမ်းပြဖို့ လုံလောက်သည်။ သို့သော် သူက ပျော်ပါးဖို့ လာခြင်းမဟုတ်ဘဲ အရေးကြီးကိစ္စအတွက် လာခြင်းဖြစ်သည်။ လျန်ကျိုးမြို့သည် အပေါ်ယံတွင် တည်ငြိမ်နေသော်လည်း အောက်ခြေတွင် အန္တရာယ်များ ဝိုင်းနေသဖြင့် သူ၏ စွမ်းအားကို မြှင့်တင်ရန် အချိန်တိုင်းကို အသုံးချရမည်ဖြစ်သည်။
တစ်နာရီခန့် စောင့်ဆိုင်းသော်လည်း မည်သည့်လှုပ်ရှားမှုမျှ မရှိပေ။ ချန်ဆန်းရှီက ဝင်ကြေးမှလွဲ၍ ကျန်သည့်ငွေ တစ်ပြားမှ ထပ်မသုံးသဖြင့် မိခင်ကြီးမှာ သူ့ကို မျက်စောင်းထိုးနေတော့သည်။
မသေမျိုးရှာဖွေရေးမျှော်စင်က လူကို မတွေ့ရသေးခင်မှာပင် သူနှင့် ရင်းနှီးသူအချို့နှင့် စတင်တွေ့ဆုံခဲ့ရသည်။ ၎င်းတို့မှာ ဆွန်ပုချီ ၊ ယန်ချန်းချင်း နှင့် အရာရှိသားသမီး အချို့ ဖြစ်ကြသည်။
"ဗိုလ်ချုပ်ချန်... ခင်ဗျား လာမယ်ဆိုတာ ကြိုပြောပါလား၊ ဒါဆို အတူတူ လာကြတာပေါ့" ယန်ချန်းချင်းက အရက်ခွက်ကို မြှောက်ကာ ဂုဏ်ပြုသည် "ကျွန်တော်က ဒီနေရာရဲ့ ဖောက်သည်ဟောင်းပဲ။ ခင်ဗျားကို အလှပဆုံး မိန်းကလေးတွေနဲ့ မိတ်ဆက်ပေးပါရစေ"
"ဆန်းရှီ... မင်း ဒီကို ဘာလာလုပ်တာလဲ"
ဆွန်ပုချီက အံ့သြနေသည် "ဒါ မင်းနဲ့ လုံးဝ မတူဘူး"
"..."
ချန်ဆန်းရှီက မရှောင်လွှဲသာတော့သဖြင့်"အခုတလော ကျင့်စဉ်လေ့ကျင့်ရတာ ပင်ပန်းနေလို့ ခဏလောက် လာအပန်းဖြေတာပါ" ဟု ပြန်ပြောလိုက်သည်။ မသေမျိုးရှာဖွေရေးမျှော်စင်ကို လာရှာသည့်ကိစ္စမှာ လျှို့ဝှက်ချက်ဖြစ်သဖြင့် လူသိခံ၍ မဖြစ်ပေ။
"ဆန်းရှီ... ဒါ မင်းအတွက် မကောင်းဘူးနော်"
ဆွန်ပုချီက ပြောသည်"မင်းရဲ့ ဇနီးက ကိုယ်ဝန်နဲ့ အိမ်မှာ စောင့်နေတာလေ။ လာပါ... ဒီအစား ငါတို့ တောင်ပေါ်ကို အမဲလိုက်သွားကြမယ်"
"?"
ချန်ဆန်းရှီက သူ့ကိုကြည့်ရင်း တစ်ခုခု မှားနေသလို ခံစားရသည်။
"ဆန်းရှီ"
ဆွန်ပုချီက တည်ကြည်စွာ ပြောသည်"မင်းကို ဒီမှာ လူအများကြီး မြင်နေကြပြီ။ မနက်ဖြန်ကျရင် သတင်းတွေ ပျံ့သွားမှာ မကြောက်ဘူးလား"
"ဘာကြောက်စရာ ရှိလို့လဲ" ချန်ဆန်းရှီက အေးအေးဆေးဆေးပင်။
သူ၏ဆရာသည် ကာမဂုဏ်လိုက်စားသူများကို မနှစ်သက်သော်လည်း သူက မသေမျိုးရှာဖွေရေးမျှော်စင်ကို လာရှာတာဖြစ်ကြောင်း ဆရာကိုယ်တိုင် သိထားပြီးသားဖြစ်သည်။ ယောက်ျားတွေ ပြည့်တန်ဆာအိမ်သွားတာကလည်း ဒီကမ္ဘာမှာ ထူးဆန်းတဲ့ကိစ္စ မဟုတ်ပေ။
"မင်း... မင်းကတော့..."
ဆွန်ပုချီက အနည်းငယ် စိုးရိမ်နေပုံရသည်"ဆန်းရှီ... ငါ့အမက မင်းရဲ့အိမ်မှာ မင်းမိန်းမကို ကူကြည့်ပေးနေတာလေ"
ဆွန်လီလား..
ချန်ဆန်းရှီ အခုမှ သတိထားမိသွားသည်။ မကြာသေးမီက လူတိုင်း၏ အမူအရာမှာ တစ်ခုခု ထူးဆန်းနေသည်။ သူ၏ တပည့်ရင်းလက်ခံပွဲအပြီးတွင် ဆရာက သူ့အတွက် အိမ်ထောင်ဖက် ရှာပေးမည်ဟု ပြောခဲ့သလို၊ အစ်မကြီးရုန်ကလည်း သူပေးတဲ့ လက်ဆောင်က ဆွန်လီအတွက်လားဟု မေးခဲ့ဖူးသည်။ ဆွန်ပုချီ၏ အမူအရာကိုပါ ပေါင်းစပ်ကြည့်လိုက်လျှင် သူတို့က ဆွန်လီနှင့် သူ့ကို ပေးစားရန် ကြံစည်နေကြပုံရသည်။
ဘာကြောင့်လဲ ချန်ဆန်းရှီအတွက်တော့ ဤကဲ့သို့သောကိစ္စမှာ နှစ်ဦးသဘောတူညီမှု လိုအပ်သည်ဟု ယူဆသည်။ ဆွန်လီကရော သဘောတူပါ့မလား ဆွန်လီက တကယ်တော့ အရမ်းလှပါတယ်။ ဒါပေမဲ့ သူကတော့ လက်ရှိမှာ ဒီကိစ္စတွေကို စိတ်မဝင်စားသေးပေ။
"ပုချီ... ထိုင်ပါဦး"
ချန်ဆန်းရှီက မပြန်သေးဘဲ "အရက်သောက်ပြီး သီချင်းနားထောင်ရအောင်။ ဒီညပြီးရင် ပြန်ကြတာပေါ့"
"ကောင်းပြီ"
ဆွန်ပုချီ ထိုင်လိုက်သည်"ဒါပေမဲ့ ဒီမှာ မအိပ်ရဘူးနော်၊ ကတိပေး"
"မင်းကတော့... အမြဲလာနေကျပုံပဲနော်၊ ငါ ဆရာ့ကို တိုင်ရမလား" ချန်ဆန်းရှီက စနောက်လိုက်သည်။
"မလုပ်ပါနဲ့ ဆန်းရှီရာ... ဒါက မတရားဘူးလေ" ဆွန်ပုချီက အသည်းအသန် တားသည် "ငါလည်း မင်းအကြောင်း ဘယ်သူ့ကိုမှ မပြောဘူးလေ၊ မင်းလည်း မမြင်သလိုပဲ နေပေးပါ"
ချန်ဆန်းရှီက ရယ်မောရင်း အရက်ခွက်ချင်း တိုက်လိုက်သည်။ ညဉ့်နက်လာသည်နှင့်အမျှ နီရောင်လက်မျှော်စင်သည် ပိုမို စည်ကားလာသည်။
အိုရန် ဖြစ်သူ နင်ရှန့် နှင့် တစ်ညတာ အတူရှိခွင့်အတွက် လေလံဈေးမှာ ငွေစင် ငါးထောင်အထိ တက်သွားခဲ့သည်။ ၎င်းမှာ အံ့ဖွယ်သံမဏိဆေးအိုး နှစ်လုံး ဝယ်နိုင်သည့် ဈေးနှုန်းဖြစ်သည်။ ထို့ပြင် နင်ရှန့်မှာ ကဗျာကိုလည်း အလွန်ဝါသနာပါသဖြင့် ချမ်းသာရုံသာမက ကဗျာလည်း ကောင်းမှသာ သူမနှင့် တွေ့ခွင့်ရမည် ဖြစ်သည်။ သတိပြုရမှာက တွေ့ခွင့်ရရုံသာဖြစ်ပြီး အတူအိပ်ခွင့်ကိုတော့ သူမ၏ သဘောထားအပေါ်တွင်သာ မူတည်သည်။
သူမက ဘယ်လောက်တောင် လှလို့ ယောက်ျားတွေကို ဒီလောက်အထိ ရူးသွပ်စေတာလဲ ဒါဟာ... မျက်လှည့်အတတ်လား..
ချန်ဆန်းရှီတွင် ကျင့်စင်တစ်ခု ရှိထားသဖြင့် မသေမျိုးရှာဖွေရေးမျှော်စင်ကလူတွေမှာ မျက်လှည့်အတတ်ရှိနေတာက ဖြစ်နိုင်ခြေ ရှိသည်။ ဒီအလှမယ် နင်ရှန့်ဆိုတာကရော မသေမျိုးရှာဖွေရေးမျှော်စင်က လူ ဖြစ်နေမလား..
"နတ်သမီးရှန့်... ကျွန်တော့်ကို တွေ့ခွင့်ပေးပါ"
အချိန်ကြာလာသည်နှင့်အမျှ ကဗျာပေါင်းများစွာ အပေါ်ထပ်သို့ ပို့လိုက်ကြသော်လည်း မည်သူမျှ ခေါ်ယူခြင်း မခံရပေ။ အချို့မှာ ထိတ်လန့်တကြား လမ်းလျှောက်နေကြပြီး၊ အချို့မှာမူ အရက်မူးပြီး အပေါ်ထပ်သို့ အတင်းတက်ရန် ကြိုးစားသော်လည်း အစောင့်များက တားဆီးထားကြသည်။
"ညီအစ်ကိုချန်"
ယန်ချန်းချင်းကလက်သီးစုပ်ကာ"ခင်ဗျားရော စမ်းမကြည့်ချင်ဘူးလားခင်ဗျားရဲ့ ကဗျာတွေနဲ့ဆိုရင် နတ်သမီးရှန့်ရဲ့ နှလုံးသားကို ဖမ်းစားနိုင်မှာ သေချာတယ်။ ကြားဖူးတာကတော့ အပေါ်ထပ်ကို ရောက်သွားတဲ့လူတိုင်းဟာ သုံးရက်သုံးညတိုင်တိုင် သတိမလည်နိုင်အောင် ဖြစ်သွားကြတယ်တဲ့... အဲဒီအရသာကတော့..."