အခန်း (၃၀၃၁-၃၀၃၅)
Vol. 131 Ch. 3031-3035
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၃၀၃၁)
ဘာသာပြန်သူ_တိမ်တိုက်
သူတို့ကြား တက်ထားသည့် ပြဿနာကြောင့် ယွမ်ဝူသည် ရန်ကိုင်အား သုန်သုန်မှုန်မှုန်အမူအယာဖြင့် စိုက်ကြည့်ရင်း အော်ပြောလိုက်လေသည်။ “ဟိုကကောင်… မင်း ရေခဲနှင်းကျောက်စိမ်းသွားတူး… တစ်နေ့ကို ငါးရာကီလိုဂရမ်ရအောင် တူးလာနော်… မတူးနိုင်ရင်တော့ အကျိုးဆက်နဲ့တွေ့ပြီသာမှတ်…”
ချက်ချင်းဆိုသလို လူပေါင်းများစွာသည် ရန်ကိုင်အား ကရုဏာသက်နေသည့်အကြည့်များဖြင့် ကြည့်လာကြလေသည်။
ရန်ကိုင်နှင့် ယွမ်ဝူတို့ မည်ကဲ့သို့ ပြဿနာတက်ထားကြသလဲဆိုသည်ကို ထိုလူများ မသိကြချေ။ သူတို့သိသည်မှာတော့ ရန်ကိုင်သည် ယွမ်ဝူအား ရိုက်နှက်သွားသည့် နဂါးနွယ်ဖွားနှင့် ရင်းနှီးသည့်လူတစ်ဦး ဖြစ်သည်ဟူ၍သာ။ ထိုအကြောင်းကြောင့်ပင်လျှင် ယွမ်ဝူသည် ရန်ကိုင်အား တမင်သက်သက် ပစ်မှတ်ထားနေခြင်း ဖြစ်သည်ဟု ထင်နေကြလေသည်။ ရန်ကိုင်အား အခြားကိစ္စတစ်ခုခုကိုသာ ခိုင်းလျှင်တော့ ထိုမျှ ပြဿနာမရှိသေးပေ။ ယွမ်ဝူ၏လုပ်ရပ်သည် လွန်လိမ့်မည်ဖြစ်ပါသော်ငြား ရန်ကိုင်အတွက်တော့ အသက်အန္တရာယ်မရှိသေးပေ။ သို့သော်ငြား ရေခဲနှင်းကျောက်စိမ်းကို တူးရသည်မှာ လွယ်လှသည်တော့မဟုတ်။ အလွန်ကိုမှ ခက်ခဲလှပေသည်။
ရေခဲနှင်းကျောက်စိမ်းကို အလွန်တရာကိုမှ အေးစက်လှသည့် နေရာများတွင်သာ တွေ့ရလေ့ရှိပြီး ဧကရာဇ်အဆင့်ပညာရှင်များသည်ပင်လျှင် ထိုကဲ့သို့သောနေရာမျိုးတွင် အတန်ကြာအောင် နေလိုက်မည်ဆိုပါက ဒုက္ခရောက်သွားရနိုင်ပေသည်။ အဆိုးဆုံးသောအခြေအနေမျိုးတွင် အေးခဲ၍ပင် သေသွားရနိုင်ပေသည်။ ထို့အပြင် ရေခဲနှင်းကျောက်စိမ်းမှာ အလွန်ကိုမှ မာကျောလှသည်။ ထို့အတွက်ကြောင့် တစ်နေ့လျှင် ရေခဲနှင်းကျောက်စိမ်း ငါးရာကီလိုဂရမ်တူးဖို့ရာမှာ မဖြစ်နိုင်သည့် တာဝန်တစ်ခုဖြစ်ပေသည်။
ယွမ်ဝူမှာလည်း ထိုအချက်ကို သေချာသိထားလောက်သည်။ သို့တိုင် ထိုကဲ့သို့သော တာဝန်မျိုးအား ပေးအပ်ခဲ့သည်ကိုကြည့်လျှင် ထိုကောင်လေးအား သူ တမင်သက်သက် ပြဿနာလိုက်ရှာနေကြောင်း မည်သူမဆို ပြောနိုင်ပေသည်။
(မောက်မာတာလား… ထပ်မောက်မာပြစမ်းပါဦး… ဟမ်… ငါ့ကိုများ လာအထင်သေးရဲတယ်… အခု ငါ့ကိုလာအထင်သေးရင် ဘယ်လိုအကျိုးဆက်မျိုး ကြုံရမလဲဆိုတာကို မင်းသိအောင် လုပ်ပေးရသေးတာပေါ့…)
ယွမ်ဝူသည် လျူစန်းနျန်နှင့် သူ့သမီးကိုလည်း လက်မလွှတ်သေးပေ။ ရန်ကိုင်သာ မရှိတော့လျှင် သူ့အနေဖြင့် ထိုသားအမိနှစ်ယောက်ကို စိတ်ကြိုက် သူ့သဘောအရ စေခိုင်းနိုင်တော့ပေလိမ့်မည်။ ထိုအကြောင်းကို တွေးမိလိုက်သည့်နောက် ဤတာဝန်မှာလည်း မဆိုးလှဟု တွေးမိသွားလေသည်။ အနည်းဆုံး ဤနေရာတွင်ရှိနေသော လူငါးရာကို သူ့စိတ်ကြိုက် စေခိုင်းနိုင်ပေသည်။ ထိုအကြောင်းကို စဉ်းစားမိလိုက်သည့်နောက် ယွမ်ဝူမှာ ချက်ချင်း စိတ်အားတက်ကြွလာတော့လေသည်။ (အခုကနေစပြီးတော့ နောက်တစ်လလုံးလုံး ဒီနေရာမှာ ငါက ဘုရင်ပဲ… လူတိုင်း ငါ့အမိန့်ကို နာခံရတော့မယ်ကွ…)
ရန်ကိုင် ရေခဲနှင်းကျောက်စိမ်း ငါးရာကီလိုဂရမ်ကို နေ့တိုင်း တူးနိုင်နိုင် မတူးနိုင်နိုင် ယွမ်ဝူအတွက် ပြဿနာမရှိပေ။ တူးနိုင်လျှင် ကောင်းပါသော်ငြား မတူးနိုင်လျှင်တော့ သူ့အနေဖြင့် ရန်ကိုင်အား နှိပ်စက်ရန်အတွက် အကြောင်းပြချက် ရသွားလေပြီ။
သို့သော်ငြား ရန်ကိုင်အနေဖြင့် ထိုတာဝန်ကို ပြီးအောင်လုပ်နိုင်လိမ့်မည်မဟုတ်ဟု ယွမ်ဝူထင်နေမိလေသည်။ ထိုအကြောင်းကြောင့် ရန်ကိုင်သာ သူ့အား ပေးအပ်ထားသောတာဝန်ကို မအောင်မြင်ပါက သူ့ကို မည်ကဲ့သို့ နှိပ်စက်လျှင်ကောင်းမလဲဆိုသည်ကို စတင်၍ပင် စဉ်းစားနေတော့လေသည်။
လူတိုင်းသည်လည်း ယွမ်ဝူဘာကြံနေသလဲဆိုသည်ကို သိလိုက်သည့်အလား ရင်တဒုန်းဒုန်း ခုန်သွားကြလေသည်။ အစောပိုင်းက လူတိုင်းမှာ နဂါးကလန်၏ မြောက်မြားလှစွာသော ကြွယ်ဝချမ်းသာမှုနှင့် နန်းတော်အား ဆောက်လုပ်ရမည့် ခက်ခဲမှုအပေါ်တွင်သာ အာရုံရောက်နေကြလေသည်။ သို့သော်ငြား ယွမ်ဝူမှ ရန်ကိုင်အား ပေးလာသည့် တာဝန်ကို ကြားပြီးသည့်နောက် လူတိုင်းမှာ တစ်ခုခုအား နားလည်သွားကြတော့လေသည်။
ရေခဲနှင်းကျောက်စိမ်းကို တူးရသည့်ကိစ္စမှာ လွယ်ကူသည့်ကိစ္စရပ်မဟုတ်ချေ။ ထိုကဲ့သို့သော တာဝန်မျိုးကို မည်သူမျှ မည်သည့်အကျိုးအမြတ်မှမရဘဲ လုပ်ချင်လိမ့်မည်မဟုတ်။ ယခု ယွမ်ဝူသည် နန်းတော်စောင့်ရမည့်တာဝန်ကို ဦးစီးဦးဆောင် လုပ်နေလေရာ သူတို့အနေဖြင့် ခက်ခဲသည့်တာဝန်များကို ရှောင်ရှားလိုပါက ယွမ်ဝူနှင့် ဆက်ဆံရေးကောင်းတစ်ခု ထူထောင်ထားမှသာ အဆင်ပြေတော့ပေလိမ့်မည်။ ရေခဲနှင်းကျောက်စိမ်းကို တူးဖို့ရာမှာ လူတစ်ယောက်တည်းနှင့်မရ။ အနည်းဆုံး လူနှစ်ဆယ်သုံးဆယ်လောက် တူးမှသာ အဆင်ပြေပေလိမ့်မည်။ ထိုအကြောင်းကြောင့် ရေခဲနှင်းကျောက်စိမ်းအား တူးရမည့်တာဝန်သည် ထိုကောင်လေးတစ်ဦးတည်းဆီသို့သာ ရောက်သွားလိမ့်မည်မဟုတ်။ ဤနေရာတွင် ရှိနေသော အခြားသောလူများဆီသို့လည်း ရောက်လာနိုင်ပေသေးသည်။
ထိုအတွေး သူတို့ခေါင်းထဲ ဖြတ်ပြေးသွားသော တစ်ယောက်ယောက်က ချက်ချင်းထပြောလိုက်လေသည်။ “ရောင်းရင်းယွမ်… ငါကျင့်ကြံထားတဲ့ပညာရပ်က ရွှေစိမ်းခရမ်းသတ္တုကို တူးဖို့ ကွက်တိပဲကွ… မင်း အဲ့တာဝန်ကို ငါ့ကို ပေးရင်ပေးလိုက်လေ…”
နှစ်ခုစလုံးမှာ သတ္တုများကို တူးဖော်ရသည့် တာဝန်သာ ဖြစ်ပါသော်ငြား ကြုံရမည့် အန္တရာယ်နှင့် ခက်ခဲမှုမှာတော့ မိုးနဲ့မြေတမျှ ကွာခြားပေသည်။ ထိုလူသည် ပိုလွယ်သည့်အလုပ်ကို လိုချင်နေခြင်း ဖြစ်လေ၏။
“ဟုတ်တယ်… ငါလည်း ရွှေစိမ်းခရမ်းသတ္တုကို တူးတာ ပိုသင့်တော်မယ်လို့ ထင်တယ်…”
“ဟဲ ဟဲ… ငါကတော့ ကောင်းကင်ဥက္ကာသလင်းသဲကို တူးဖို့ ပိုအဆင်ပြေမယ်လို့ ထင်တာပဲ… ရောင်းရင်းယွမ်… မင်းရော ဘယ်လိုထင်လဲ…”
ဧကရာဇ်အဆင့်ပညာရှင်များစွာသည် ချက်ချင်း ယွမ်ဝူကို ဝိုင်း၍ သူတို့လိုချင်နေသည့် တာဝန်များကို တောင်းဆိုကြတော့လေသည်။
လူများ၏ တောင်းဆိုသံများကို ကြားသော် ယွမ်ဝူ မြောက်ကြွမြောက်ကြွ ဖြစ်သွားခဲ့လေသည်။ သူ့ရင်ထဲ ခံစားနေရသည့် မကျေနပ်ချက်တို့မှာလည်း ပျောက်ချင်းမလှ ပျောက်ကွယ်သွားခဲ့လေ၏။ သူ့အနေဖြင့် နဂါးတစ်ပိုင်းမြို့တော်ထဲတွင် ဤကဲ့သို့ မောက်မာတကြီး ပြုမူ၍ ရပါသော်ငြား ယခုကဲ့သို့ အကြွင်းမဲ့အာဏာကို ကိုင်စွဲထားရသည့် ခံစားချက်မျိုးကို တစ်ခါမှ ခံစားခဲ့ရဖူးခြင်း မရှိချေ။ ယခုတွင်မူ ထိုကဲ့သို့သောခံစားချက်မှာ မည်မျှကျေနပ်ဖွယ်ကောင်းသလဲဆိုသည်ကို သူခံစားလာခဲ့ရလေသည်။
သို့တိုင် ထိုလူများ၏ တောင်းဆိုချက်များကို လျစ်လျူရှုထားခဲ့လေ၏။ (လူတွေရဲ့တောင်းဆိုချက်ကို ငါ အလွယ်တကူ လက်ခံလိုက်လို့မဖြစ်ဘူး… မဟုတ်ရင် ငါ ဘယ်လိုလုပ်ပြီး အာဏာပြလို့ ရတော့မှာလဲ… မင်းတို့ ကြိုက်သလောက်ပြောစမ်း… နောက်ဆုံး ဘယ်လိုဆုံးဖြတ်မလဲဆိုတာ ငါ့အပေါ်မှာပဲ မူတည်နေတာ… ငါကပဲ ဘယ်သူက ဘာကိုတူးရမယ်ဆိုတာကို ဆုံးဖြတ်ပေးပါ… မင်းတို့ကြိုက်သလောက်ပြော… အာညောင်းအောင်ပြောနေရင်တောင် ငါကတော့ မင်းတို့ပြောတာတွေကို လက်ခံမှာမဟုတ်ဘူး…)
ထို့အတွက်ကြောင့် ရန်ကိုင်ဆီသို့ အေးစက်စက်အမူအယာဖြင့် လှမ်းကြည့်လျက် နှုတ်ခမ်းကိုကွေးကာ ပြောလိုက်လေ၏။ “ကောင်လေး… ငါပြောနေတယ်လား… မင်း နားပင်းနေတာလား…”
ရန်ကိုင်သည် ယွမ်ဝူအား တစ်ချက် စောင်းကြည့်လိုက်ပြီးသည့်နောက် သူ့အကြည့်ကို ပြန်ရုတ်သိမ်းလျက် ကျယ်ပြောလှသော ပင်လယ်ပြင်ဘက်သို့ လှမ်းကြည့်လိုက်လေသည်။ ဤနေရာသို့ လာရာလမ်းတစ်လျှောက်တွင် ကျွန်းပေါင်းများစွာကို ရန်ကိုင်တွေ့ခဲ့ရသည်။ နဂါးတစ်ကောင်းချင်းစီသည် ကျွန်းတစ်ကျွန်းစီကို အပိုင်စားယူထားသည်ဟု လျူစန်းနျန်မှ ပြောခဲ့လေသည်။ ကျုချင်းသည်လည်း သူမကိုယ်ပိုင်ကျွန်းတစ်ကျွန်းကို ရရှိထားရပေလိမ့်မည်။ ကံမကောင်းစွာဖြင့် သူမ မည်သည့်နေရာတွင် ရှိနေသလဲဆိုသည်ကို ရန်မကိုင်မသိချေ။ ထို့အတွက်ကြောင့် ကျုချင်း၏တည်နေရာကို ဦးစွာရှာရန်မှာ ရန်ကိုင်၏ ပထမဦးစားပေးတာဝန်ဖြစ်လေသည်။
“ခွေးကောင်…” ရန်ကိုင် သူ့အား မသိကျိုးကျွံ ပြုနေသည်ကိုမြင်သော် ယွမ်ဝူ ဒေါသူပုန်ထသွားခဲ့လေသည်။ နဂါးနွယ်ဖွား သူ့အား မခန့်လေးစားလုပ်သွားသည်မှာ အနည်းငယ်တော့ လက်ခံ၍ ရပေသေးသည်။ တကယ်တော့ နဂါးနွယ်ဖွားသည် သူ့ထက် ကျင့်ကြံခြင်းအရရော နဂါးသွေးကြောအရပါ ပိုမိုသာလွန်နေသည်မဟုတ်ပေလော။ သို့သော်ငြား ဤရန်ကိုင်ဆိုသည့်ကောင်သည် ဘာများမို့လို့နည်း။ ဧကရာဇ်ပထမအဆင့်သာ ရှိသေးသော လူသားတစ်ဦးသည် သူ့ရှေ့တွင် မည်ကဲ့သို့များ မောက်မာနေရဲရလေသနည်း။
သူသည် ဤနေရာတွင် ဘုရင်ဖြစ်ကြောင်းကို လူတိုင်းသိသွားအောင် ပြရမည်ဖြစ်လေရာ ရန်ကိုင်မှ သူ့အား မခန့်လေးစားလုပ်နေသည်ကို ယွမ်ဝူအနေဖြင့် မည်ကဲ့သို့များ ရပ်ကြည့်နေနိုင်ပါမည်နည်း။ ထို့ကြောင့် မာန်သွင်းအော်ဟစ်၍ သူ့လက်ကိုမြှောက်ကာ ရန်ကိုင်တည့်တည့်သို့ ရိုက်ချလိုက်လေသည်။ ချက်ချင်းဆိုသလို အစိမ်းရောင်လက်ဝါးကြီးတစ်ခု ကောင်းကင်ပေါ်တွင် ပေါ်လာပြီး ရန်ကိုင်ပေါ်သို့ ကျဆင်းလာခဲ့လေသည်။
ဤတိုက်ခိုက်မှုထဲတွင် ယွမ်ဝူသည် သူ့ခွန်အားအကုန်အစင်ကို ထုတ်သုံးခြင်း မရှိခဲ့ချေ။ သူ့အနေဖြင့် ရန်ကိုင်ကို မသတ်ချင်သေးပေ။ နန်းတော်အား ဆောက်ရမည့်တာဝန်မှာ လွယ်ကူသည်မဟုတ်။ လူတစ်ယောက်လျော့သွားလျှင် ကျန်လူများအတွက် ဝန်ထုပ် ပိုပိသွားနိုင်ပေသည်။ ထို့အပြင် ဤနန်းတော်ကို တစ်လအတွင်း ဆောက်ရမည်ဖြစ်လေရာ သူကိုယ်တိုင်သည်လည်း လူလျော့သွားလျှင် ပြဿနာတက်ရနိုင်ပေသည်။ အရေးကြီးဆုံးအချက်မှာ သူ့အနေဖြင့် ရန်ကိုင်အား အလွယ်တကူ မသေစေလိုခြင်းပင်။ လီကျောက် သူ့အပေါ် အရှက်ခွဲခဲ့သည့်အတိုင်း ယွမ်ဝူသည်လည်း ရန်ကိုင်အပေါ် ပြန်၍ အရှက်ခွဲချင်နေလေသည်။
သူ့ကျင့်ကြံခြင်းနှင့် နဂါးသွေးကြောအရ လီကျောက်ကို သွားရန်စ၍မဖြစ်။ ထို့အတွက်ကြောင့် သူနိုင်သည့်ရန်ကိုင်ကိုသာ အနိုင်ကျင့်ရပေတော့မည်။
(မင်း အဲ့နဂါးနွယ်ဖွားနဲ့ ရင်းနှီးတယ်… ဟုတ်တယ်မလား… ဟိုသားအမိနှစ်ယောက်ကိုလည်း ကာကွယ်ပေးချင်နေတယ်မလား… လုပ်စမ်းပါဦး… မင်း လုပ်နိုင်သေးလားဆိုတာကို…)
ထိုအကြောင်းကြောင့်ပင်လျှင် ယွမ်ဝူသည် သူ့ခွန်အားတစ်ဝက်ကို ထုတ်သုံး၍သာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်လေသည်။ သို့သော်ငြား ထိုမျှနှင့်ပင် လုံလောက်နေလေပြီ။ ယွမ်ဝူသည် နဂါးနွယ်ဖွားတစ်ဦးဖြစ်သလို ဧကရာဇ်ဒုတိယအဆင့်ပညာရှင်တစ်ဦးလည်း ဖြစ်သည့်တိုင် ရန်ကိုင်မှာတော့ ဧကရာဇ်ပထမအဆင့်သာ ရှိပေသေးသည်။ ယွမ်ဝူ၏ခွန်အားတစ်ဝက်လောက်သည် ရန်ကိုင်ခုခံနိုင်သည့် အကန့်အသတ်ကို ကျော်လွန်နေလေပြီ။
“သတိထား…” ထိုအချင်းအရာကိုမြင်လိုက်သည့်အခါ လျူစန်းနျန်၏မျက်နှာလေး ဖြူလျော်သွားခဲ့ပြီး အလန့်တကြား ထအော်လေသည်။ လျူစန်းနျန်သည် ဤကျွန်းပေါ်သို့ ရောက်စဉ်တည်းက စိတ်နှင့်လူမကပ် ဖြစ်နေခဲ့သည်။ သူမ၏မျက်နှာမှာလည်း သွေးမရှိတော့သည့်ပမာကို ဖြူလျော်နေလေသည်။ တစ်ချိန်လုံး စိတ်နှင့်လူမကပ် ဖြစ်နေလေရာ ရန်ကိုင်နှင့် ယွမ်ဝူတို့ ပြဿနာတက်နေသည်ကိုပင် သတိမထားမိခဲ့ချေ။ နောက်ဆုံး ယွမ်ဝူ တိုက်ခိုက်လာသည့်အခါမှသာ သတိပြုမိလိုက်ခြင်း ဖြစ်လေ၏။
ပြောနေရင်းဖြင့် ရန်ကိုင်အား ဝင်ကူညီပေးချင်နေသည့်အလား သူမ၏ဧကရာဇ်ချီကို လှည့်ပတ်လိုက်လေသည်။ သူမအနေဖြင့် ယွမ်ဝူ၏ပြိုင်ဘက် ဖြစ်နိုင်လိမ့်မည်မဟုတ်ပါသော်ငြား သူမသည်သာ ရန်ကိုင်နှင့်အတူ ပူးပေါင်းလိုက်မည်ဆိုလျှင် ယွမ်ဝူအား ရင်ဆိုင်ကောင်း ရင်ဆိုင်နိုင်လောက်ပေသည်။ ထို့အတွက်ကြောင့် ထိုတိုက်ခိုက်မှုကို ကြားဖြတ်တားဆီးရန် ကြိုးစားလိုက်ခြင်း ဖြစ်လေသည်။ အကယ်၍ သူမတို့နှစ်ဦး အတူပူးပေါင်း၍ အလုပ်မဖြစ်ခဲ့လျှင်ပင် ယွမ်ဝူအား သွားတောင်းပန်လိုက်ရုံပင်။
သူမ၏စဉ်းစားပုံမှာ အလွန်ကိုမှ ရိုးစင်းကာ တုံးအလွန်းသည်ဟု ပြော၍ရပေသည်။ လျူစန်းနျန်မှ လှုပ်ရှားရန် ပြင်နေသည့်အခိုက် ရန်ကိုင်သည် သူမ၏ပုခုံးကို အလျင်စလို လှမ်းဖမ်းဆွဲလိုက်သည်။ ရန်ကိုင် မည်သည့်ခွန်အားကိုမှ အသုံးပြုလိုက်ခြင်းမရှိသည်ကို လျူစန်းနျန် သတိထားမိလိုက်ပေသည်။ သို့သော်ငြား ရန်ကိုင်၏လက် သူမပုခုံးပေါ်သို့ ရောက်လာသည်နှင့်တစ်ပြိုင်နက် သူမလှည့်ပတ်ရန် ကြိုးစားနေသော ဧကရာဇ်ချီမှာ တမုဟုတ်ချည်း ဖိနှိပ်ခြင်း ခံလိုက်ရလေသည်။ သူမ၏ ကြွက်သားတစ်မျှင်ကိုပင်လျှင် လှုပ်ရှားနိုင်ခြင်း မရှိတော့လေရာ လျူစန်းနျန်၏မျက်လုံးများ ထိတ်လန့်မှုကြောင့် ပြူးကျယ်သွားခဲ့ရလေသည်။ ဘာတွေဖြစ်လို့ဖြစ်သွားမှန်းကို သူမ အမှန်တကယ် နားမလည်နိုင်ချေ။
အနီးအနားတွင်ရှိနေသော အခြားသောပညာရှင်များမှာလည်း ရန်ကိုင်ပြဿနာတက်ပြီဟု တွေးရင်း ခေါင်းတခါခါ လုပ်နေကြလေသည်။ (ဒီကောင်က တကယ်ကို ကံမကောင်းတာပဲကွ… ဟိုနဂါးနွယ်ဖွားနဲ့ မိတ်ဆွေလေးပဲ ဖြစ်တာကို ယွမ်ဝူက ဒီကောင်ကို တမင်သက်သက် သွားပြဿနာရှာနေတယ်… ဆိုးတာပဲ…)
သူတို့သည် ရန်ကိုင်နှင့် ရင်းနှီးခြင်းမရှိသလို ရန်ကိုင်နှင့် တစ်ခါမှလည်း မတွေ့ဖူးချေ။ ထို့အတွက်ကြောင့် လူအတော်များများမှာ ရန်ကိုင်အား ကရုဏာသက်နေသည့်တိုင် မည်သူမျှ သူ့အား သွားကူညီခြင်း မရှိကြချေ။ ယခုကဲ့သို့အချိန်မျိုးတွင်လည်း သူတို့အနေဖြင့် ယွမ်ဝူအား သွားရန်စ၍မဖြစ်လေရာ ဘာကြောင့်များ ကိုယ်နှင့်မသိသည့်လူတစ်ယောက်အတွက်နှင့် ရန်စလို့မရသည့်လူတစ်ယောက်အား သွားရန်စရပါမည်နည်း။
ထို့အတွက်ကြောင့်ပင်လျှင် ရန်ကိုင် ဒုက္ခရောက်တော့မည်ဟူ၍သာ လူတိုင်း ထင်နေကြလေသည်။ လူတိုင်းမှာ ရန်ကိုင်နှင့်ပတ်သက်၍ ကရုဏာသက်နေကြချိန် ရန်ကိုင်မှာတော့ သူ့ဆီသို့ တိုးဝင်လာနေသည့် အစိမ်းရောင်လက်ဝါးကိုကြည့်ရင်း မျက်နှာသေဖြင့်သာ ရှိနေခဲ့လေသည်။ သူ့အမူအယာမှာ အနည်းငယ်မျှ ပြောင်းလဲသွားခြင်းမရှိ။ အလွန်ကိုမှ ကြောက်ရွံ့လွန်းလှသည့်အတွက်ကြောင့် တစ်ချက်ကလေးပင် မလှုပ်ရှားနိုင်တော့သည့် ပုံစံအလား။
နောက်ဆုံး လက်ဝါးချက်ကြီး သူ့အား ထိခါနီးမှသာလျှင် ရန်ကိုင်သည် သူ့လက်ကို အသာအယာမြှောက်လိုက်လေသည်။ ဧကရာဇ်ချီတို့ ရန်ကိုင်၏လက်ဝါးထိပ်တွင် စုဝေးလာခဲ့ပြီး နိယာမစွမ်းအားတို့မှာလည်း အသက်ဝင်လာခဲ့လေသည်။ ထို့နောက်တွင် ရန်ကိုင်သည် သူ့လက်ကို အသာမြှောက်လျက် တိုးဝင်လာနေသည့် လက်ဝါးချက်ကြီးဆီသို့ ဖိချလိုက်လေသည်။
“ခရက်…”
အက်ကွဲသံနှင့်အတူ ယွမ်ဝူ၏အစိမ်းရောင်လက်ဝါးကြီးသည် ရုတ်တရက်ဆိုသလို နှစ်ပိုင်းကွဲထွက်သွားခဲ့ပြီး အလင်းစက်လေးများအသွင်သို့ ပြောင်းကာ ပျောက်ကွယ်သွားခဲ့လေသည်။
ထိုမြင်ကွင်းကိုကြည့်ရင်း ယွမ်ဝူ ကြောင်သွားလေ၏။ လျူစန်းနျန်သည်လည်း ကြောင်နေခဲ့သည်။ အခြားသူများမှာလည်း အလားတူသာ။ ရန်ကိုင် ယွမ်ဝူ၏လက်ဝါးချက်ကို မည်ကဲ့သို့ ဖျက်ဆီးပစ်လို့ ဖျက်ဆီးပစ်လိုက်မှန်း မည်သူမျှ နားမလည်နိုင်ကြ။ ရန်ကိုင်လုပ်လိုက်သည်မှာ သူ့လက်ကို အသာအယာလေး မြှောက်လိုက်ရုံလေးသာ။ ထိုသို့ဖြစ်လေရာ ယွမ်ဝူ၏တိုက်ခိုက်မှုမှာ မည်ကဲ့သို့များ ပျက်စီးသွားရလေသနည်း။
(ဘာလဲဟ… ယွမ်ဝူပဲ သူ့ပြိုင်ဘက်ကို အရမ်းအထင်သေးလိုက်တာလား…) ဤသည်မှာ လူအများစု တွေးလိုက်မိသည့်အရာသာ ဖြစ်ပေသည်။ တကယ်တော့ ဤနေရာတွင်ရှိနေသည့်လူများသည် ယွမ်ဝူ၏ခွန်အားအကြောင်းကို ကောင်းကောင်းသိထားကြသည်မဟုတ်ပေလော။ ထို့အပြင် ရန်ကိုင်၏ကျင့်ကြံခြင်းမှာလည်း ယွမ်ဝူထက် တစ်ဆင့်နိမ့်နေပေသေးသည်။ ထို့အတွက်ကြောင့် ယွမ်ဝူမှာ သူ့ခွန်အားအကုန်အစင်ကို ထုတ်မသုံးခဲ့သည့်တိုင် သူထုတ်သုံးလိုက်သည့်ခွန်အားသည် ရန်ကိုင်ခုခံနိုင်သည့်အရာမျိုးမဟုတ်ချေ။ သို့သော်ငြား ရန်ကိုင်မှာ သူ့လက်ကလေးကို အသာအယာမြှောက်၍ ယွမ်ဝူ၏လက်ဝါးချက်အား ဖျက်ဆီးသွားသည်ကိုကြည့်ရင်း လူတိုင်းတွေးမိလိုက်သည်မှာတော့ ယွမ်ဝူမှ သူ့ရန်သူအား အကြီးအကျယ် အထင်သေးလိုက်သည်ဟူ၍ပင်။
သို့သော်ငြား လူအုပ်ကြီးထဲ လူအနည်းငယ်တော့ ရှိနေကြပေသေးသည်။ ထိုလူများသည် ရန်ကိုင်လှုပ်ရှားလိုက်သည်ကို မျက်လုံးမှေးစင်းကာ အံ့ဩတကြီးဖြင့် ကြည့်နေကြလေ၏။ ယခင်က ရန်ကိုင်သည် ဘာဆိုဘာမှ ထူးခြားခြင်း မရှိသည့်အတွက်ကြောင့် ထိုလူများမှာ ရန်ကိုင်အား အထူးတလည် အရေးမစိုက်ခဲ့ချေ။ သို့သော်ငြား ယခုတွင်မူ မတူတော့။ ရန်ကိုင်၏ သူ့လက်အား အသာအယာ မြှောက်လိုက်ခြင်းသည် ပညာရှင်ပေါင်းများစွာကို သူ့အပေါ်သို့ အာရုံစိုက်သွားအောင် လုပ်နိုင်ခဲ့လေသည်။
(ဒီလူငယ်လေးက အညတရမဟုတ်ဘူးပဲကွ… ယွမ်ဝူရဲ့တိုက်ခိုက်မှုကို လက်လေးမြှောက်ပြီးတော့ ဖျက်ဆီးပစ်နိုင်တယ်ဆိုတည်းက ပေါ့သေးသေးတော့မဟုတ်တော့ဘူး…)
ယွမ်ဝူသည်လည်း ထိုမြင်ကွင်းကိုကြည့်ရင်း လုံးဝကို မင်သက်နေခဲ့လေသည်။ အစကမူ ရန်ကိုင်အား နမူနာထား၍ ဤနေရာတွင် သူ၏အာဏာစက်ကို ခိုင်မာသွားအောင် လုပ်ရမည်ဟု ဆုံးဖြတ်ထားခဲ့လေသည်။ သို့သော်ငြား သူ၏ရည်ရွယ်ချက် မအောင်မြင်ပဲ နေသွားရလိမ့်မည်ဟု မည်သို့များ ထင်ထားပါမည်နည်း။ ယခုဆိုလျှင် ကိုယ့်မျက်နှာကိုယ် ပြန်ဖြတ်ရိုက်မိသလို ဖြစ်သွားကာ လူရှေ့သူရှေ့၌ အရှက်ကွဲခဲ့ရလေသည်။ ထို့အတွက်ကြောင့် ရှက်ရှက်ဖြင့် ဒေါမာန်တကြီး ထအော်တော့လေ၏။ “မင်း သေချင်နေတာပဲ…”
ဒေါသမီးတောက်တို့ စတင်၍ လောင်မြိုက်လာခဲ့ရလေရာ ယွမ်ဝူ၏လည်ပင်းတစ်လျှောက်တွင် ရှိနေသော နဂါးအကြေးခွံများ၏ အရောင်မှာ ပို၍ ရင့်လာခဲ့လေသည်။ တစ်ချိန်တည်းတွင် မှိန်ဖျဖျ နဂါးဖိအားတစ်ရပ်သည်လည်း ဖြာထွက်လာခဲ့ပြီး ဧကရာဇ်ဒုတိယအဆင့်ကျင့်ကြံခြင်းမှာလည်း အထွဋ်အထိပ်သို့ ရောက်ရှိသွားခဲ့လေသည်။
ရန်ကိုင်၏ခုခံမှုသည် ယွမ်ဝူအား လုံးဝကို ဒေါသူပုန်ထသွားစေခဲ့လေသည်။ မူလကမူ ယွမ်ဝူသည် ရန်ကိုင်အား ကိုယ့်နေရာကိုယ်သိသွားအောင် သင်ခန်းစာပေးလိုခြင်းသာ ရှိပေသည်။ သို့သော်ငြား ယခုတစ်ကြိမ်တွင်တော့ သူ့ခွန်အားအကုန်အစင်ကိုသုံး၍ ရန်ကိုင်တစ်သက်မမေ့လောက်မည့် သင်ခန်းစာမျိုးကို ပေးရမည်ဟု ဆုံးဖြတ်လိုက်တော့လေ၏။
(ငါ မင်းကို မှတ်လောက်သားလောက်အောင် လုပ်ပေးရသေးတာပေါ့ကွာ…) ယွမ်ဝူသည် သူ့စိတ်ထဲမှနေ၍ ကြိတ်ကာ ကြုံးဝါးနေခဲ့လေသည်။ သို့သော်ငြား သူ့အနေဖြင့် မလှုပ်ရှားနိုင်သေးခင်မှာပင် သူ့မြင်ကွင်းတစ်ခုလုံး ဝေဝါးသွားခဲ့ပြီး လူတစ်ဦးသည် သူ့ရှေ့၌ ဗြုန်းစားကြီး ပေါ်လာခဲ့လေ၏။ ထိုအဖြစ်အပျက်ကြောင့် ယွမ်ဝူမှာ ကြောက်လန့်တကြား ထခုန်မိလိုက်ပြီး သေသေချာချာ ပြန်စိုက်ကြည့်လိုက်သည့်နောက် သူ့ရှေ့တွင်ပေါ်လာသည့်လူမှာ အခြားမဟုတ်ဘဲ အစောပိုင်းက သူနှင့် ခပ်လှမ်းလှမ်းတွင်ရပ်နေခဲ့သော ရန်ကိုင်ဖြစ်နေကြောင်း တွေ့လိုက်ရလေသည်။ ရန်ကိုင်သည် ယခုအချိန်တွင် သူ့ရှေ့၌ ရှိနေခဲ့လေရာ သူနှင့်ရန်ကိုင်ကြား ခြေသုံးလှမ်းပင် မကွာတော့ပေ။
(သူ ဘယ်လိုလုပ်ပြီး ငါ့ရှေ့မှာ ပေါ်လာရတာလဲ…)
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၃၀၃၂)
ဘာသာပြန်သူ_တိမ်တိုက်
ယွမ်ဝူမှာ ရန်ကိုင် သူဆီသို့ မည်ကဲ့သို့ ချဉ်းကပ်လာသလဲ ဆိုသည်ကို လုံးဝ မမြင်လိုက်ရပေ။
ရန်ကိုင်အား သေသေချာချာ စောင့်ကြည့်နေကြသော ပညာရှင်များသည်လည်း ထိတ်လန့်သွားကုန်ကြလေသည်။ အကြောင်းမှာ ထိုလူများသည် ရန်ကိုင်မှ ယွမ်ဝူ၏ လက်ဝါးချက်ကို ချေဖျက်ပစ်လိုက်သည့် အချိန်မှစ၍ ရန်ကိုင်ကို သေသေချာချာ စောင့်ကြည့်နေသည့် အတွက်ကြောင့်ပင်။ ထို့ကြောင့် အခြားသူများနှင့် ယှဥ်လိုက်သော် ထိုလူများသည် ဘာတွေဖြစ်သွားသလဲ ဆိုသည်ကို ပို၍ နားလည်လေသည်။ သို့တိုင်း သူတို့သည်ပင်လျှင် ရန်ကိုင် မည်ကဲ့သို့ လှုပ်ရှားသွားသလဲ ဆိုသည်ကို သေသေချာချာ မသိခဲ့ရပေ။ မသိလျှင် သူတို့ မြင်နေရသည်မှာ ပုံရိပ်ယောင်တစ်ခုသာ ဖြစ်ပြီး ရန်ကိုင် ကိုယ်တိုင်သည် အခြားတစ်နေရာတွင် တောက်လျှောက် ရပ်နေသည့်အလားပင်။
ထိုအချိန်အတောအတွင်း ယွမ်ဝူမှာ အသိပြန်ဝင်လာခဲ့သည်။ ဒေါသထွက်ထွက်ဖြင့် သူ၏လက်သီးကို မြှောက်၍ ရန်ကိုင်၏ ခေါင်းတည့်တည့်ကို ထိုးချလိုက်လေသည်။ ဤသည်မှာ ရန်သူတစ်ဦး သူ့အနားတွင် ဗြုန်းစားကြီး ပေါ်လာသည်ကို မြင်မြင်ချင်း လုပ်မိသည့် မသိစိတ်၏ တုံ့ပြန်ခြင်းသာ ဖြစ်လေသည်။ သို့သော်ငြား သူ၏လက်သီး လမ်းတစ်ဝက်သို့ ရောက်သွားသည့် အချိန်၌ ယွမ်ဝူ၏ အမူအရာ လုံးဝကို အပြောင်းအလဲကြီး ပြောင်းလဲသွားခဲ့ပြီး ရုတ်တရက် အလန့်တကြား ထအော်လေသည်။
ထိုအခိုက်အတန့်တွင် လူငယ်လေး၏ ဘယ်ဘက်မျက်လုံးထဲရှိ မျက်ဆံသည် ဒေါင်လိုက်ဖြစ်သွားပြီး သူ၏ ဘယ်ဘက်မျက်လုံး တစ်ခုလုံးမှာလည်း ရွှေရောင်ပြောင်းသွားကြောင်းကို တွေ့လိုက်ရသည်။ ရွှေရောင်မျက်လုံးကို ကြည့်နေရသည်မှာ ကြီးကျယ်ခမ်းနားလှသည့် နတ်ဘုရားတစ်ပါးကို ဖူးမြော်ကြည့်နေရသလိုပင် ယွမ်ဝူ၏ စိတ်ထဲ ခံစားနေရလေသည်။
အကြည့်ချင်း ဆုံသွားသည့်အခိုက် ယွမ်ဝူ စိတ်အစုံမှာ ဟာလာဟင်းလင်း ဖြစ်သွားခဲ့ရသည်။ ထို့နောက်တွင် ထိုလူငယ်လေး၏ ရွှေရောင်မျက်လုံးထဲ ကြာဖူးတစ်ပွင့် ပွင့်လန်းလာခဲ့ပြီး ထိုကြာဖူးသည် သူ၏ အသိစိတ်ပင်လယ်ထဲသို့ ရုတ်တရက်ကြီး ပြေးဝင်လာကြောင်းကို တွေ့ရှိလိုက်ရလေသည်။ ထိုသို့ဖြစ်သွားပြီးသည့်နောက် အလွန်တရာကိုမှ ပြင်းထန်လှသည့် နာကျင်မှုတစ်ရပ်သည် သူ၏ဝိညာဉ်ဆီမှ အရင်းတည်၍ ဖြစ်လာခဲ့လေ၏။ ထိုအတွက်ကြောင့် ယွမ်ဝူမှာ မအောင့်အည်းနိုင်တော့ဘဲ ပြင်းပြင်းထန်ထန် တုန်ယင်ရင်းမှ စူးရှစွာ ထအော်တော့လေသည်။ သူ့လက်သီးချက်မှာလည်း အားမရှိတော့လေရာ ပစ်မှတ်ကို ထိမှန်သွားနိုင်ခြင်း မရှိခဲ့ပေ။
သို့တိုင်း ယွမ်ဝူမှာ ဧကရာဇ် ဒုတိယအဆင့် ပညာရှင်တစ်ဦး ဖြစ်နေဆဲပင်။ ယခုကဲ့သို့ အလစ်ငိုက် ခြုံခို တိုက်ခိုက်ခံလိုက်ရပြီးနောက် ရန်ကိုင်၏ လှည့်ကွက်အတွင်းသို့ ကျသွားပြီမှန်း သိလိုက်လေသည်။ သူ့ရှေ့တွင် ရှိနေသည့် လူငယ်လေးသည် ဧကရာဇ် ပထမအဆင့် ကျင့်ကြံသူတစ်ဦးသာ ဖြစ်လိမ့်မည် ဖြစ်ပါသော်ငြား သူ၏ စိတ်စွမ်းအားမှာ အလွန်တရာကိုမှ ကြောက်မက်ဖွယ် ကောင်းလှသည်။ အစောပိုင်းက ထုတ်သုံးသွားသည့် စိတ်ဝိညာဉ် ပညာရပ်မှာ သူ၏ အသိစိတ်ပင်လယ် တစ်ခုလုံးအား ဆုတ်ဖြဲပစ်တော့မည့်နှယ် ယွမ်ဝူ ခံစားနေခဲ့ရလေသည်။ နောက်ဆုံးတွင် လျှာကိုကိုက်၍ နာကျင်မှုကိုသုံးကာ သူ၏စိတ်တစ်ခုလုံး ဗလာဖြစ်နေရာမှ ပြန်လည်နိုးထလာအောင် လုပ်ပြီးသည့်နောက်တွင် လက်သီးကို တင်းတင်းဆုပ်၍ မိုးကြိုးသွား နှစ်စင်းကို ဖန်ဆင်းကာ ရန်ကိုင်ဆီသို့ ပစ်လွှတ်လိုက်လေ၏။
ရန်ကိုင်နှင့် ယွမ်ဝူသည် အနီးကပ် ရှိနေခြင်း ဖြစ်လေသည်။ ယွမ်ဝူမှာ သူ့တိုက်ကွက်အား အနည်းငယ်မျှပင် ထိမ်ချန်ထားခြင်း မရှိ။ ထို့အတွက်ကြောင့် သူ၏ တိုက်ကွက်သည် အလွန်တရာကိုမှ အားကောင်းလာကာ ပတ်ဝန်းကျင် တစ်ခုလုံးကို လင်းထိန်လုမတတ် ဖြစ်သွားစေခဲ့သည်။ သို့သော်ငြား ပို၍ မယုံကြည်နိုင်စရာ ကောင်းသည့် အရာတစ်ခု ထပ်မံ ဖြစ်ပွားလာခဲ့သည်။ ယွမ်ဝူ ပစ်လိုက်သည့် မိုးကြိုးသွားသည် ရန်ကိုင်၏ ခန္ဓာကိုယ်ကို ဖောက်ထွက်သွားခဲ့ပြီး ရန်ကိုင် ကိုယ်တိုင်ကိုလည်း မည်သည့် ဒဏ်ရာမှ ရမသွားခဲ့ခြင်းပင်။
"ဟမ်" ယွမ်ဝူ လုံးဝကို နားမလည်နိုင် ဖြစ်နေခဲ့သည်။ (ဒီလောက်နီးနေတာကို သူ ငါ့တိုက်ကွက်ကို ဘယ်လို ရှောင်သွားတာလဲ၊ မဟုတ်သေးဘူး၊ သူ ရှောင်မသွားဘူး အဲဒီတိုက်ကွက်က သူ့ကို တည့်တည့်ပဲ ထိသွားတာ၊ အဲဒါဆို သူ ဘယ်လိုလုပ်ပြီး ဘာမှ ဒဏ်ရာမရရတာလဲ၊ ငါ့ရဲ့ မိုးကြိုးသွား သူ့ကို ထိသွားတာကို ငါ သေချာ မြင်လိုက်ပါတယ်)
ယွမ်ဝူသည်သာ ဘာဖြစ်လို့ ဖြစ်မှန်းကို နားမလည်ခြင်း မဟုတ်။ အခြားသူများသည်လည်း ဘာတွေဖြစ်လို့ ဖြစ်နေမှန်း နားမလည်ကြချေ။ အကုန်လုံးမှာ ထိုမြင်ကွင်းကို မှင်သက်နေသည့် အမူအရာများနှင့်သာ စောင့်ကြည့်နေကြလေသည်။
လူတိုင်း ကြောင်တောင်တောင် ဖြစ်နေစဉ်မှာပဲ ရန်ကိုင်သည် သူ၏လက်ကို ဆန့်ထုတ်၍ ယွမ်ဝူ၏ လည်ပင်းကို ဆွဲညှစ်လိုက်သည်။ ရန်ကိုင်မှ သူ၏လက်အား ဆန့်ထုတ်လိုက်သည့် နှုန်းမှာ ပုံမှန်အတိုင်းသာ ဖြစ်ပါသော်ငြား ယွမ်ဝူမှာတော့ ထိုမျှ နှေးကွေးသည့် တိုက်ကွက်တစ်ခုကို မည်သို့မျှ ရှောင်တိမ်းနိုင်ခဲ့ခြင်း မရှိဘဲ ကြက်ကလေး ငှက်ကလေး တစ်ကောင်ပမာ ရန်ကိုင်၏ ဖမ်းဆီးခြင်း ခံလိုက်ရလေသည်။
တစ်ချိန်တည်းတွင် ယွမ်ဝူ၏ မျက်လုံးများမှာ ပြူးထွက်လုမတတ် ဖြစ်လာခဲ့သည်။ သူ၏ လည်တိုင်တစ်ဝိုက်တွင် ရစ်ပတ်နေသည့် အားကောင်းလှသည့် စွမ်းအားကို အတိုင်းအတာ တစ်ခုအထိ ခံစားနေရလေသည်။ ထိုမျှသာလျှင် မဟုတ်သေး။ သူ၏ ခန္ဓာကိုယ်ဆီမှ ဖြာထွက်နေသည့် နဂါးဖိအားမှာလည်း တမုဟုတ်ချည်း ဖိနှိပ်ခံလိုက်ရသည်။ မသိလျှင် သူ၏ သဘာဝရန်သူ တစ်ပါးကို တွေ့လိုက်ရသည်နှယ်။ အသိသာဆုံး ပြောင်းလဲမှုမှာတော့ မူလက အရောင်ရင့်ရင့် ဖြစ်နေသော ယွမ်ဝူ၏ လည်တိုင်ရှိ နဂါးအကြေးခွံများ၏ အရောင်မှာ မှိန်ကျသွားခဲ့ခြင်းပင်။
[သွေးမျိုးဆက် ဖိနှိပ်ခြင်းလား] ယွမ်ဝူ ကြောက်ရွံ့မှုကြောင့် ရင်တဒုန်းဒုန်း ခုန်သွားခဲ့လေသည်။ လီကျောက်နှင့် တိုက်ခိုက်စဉ်က ဤကဲ့သို့သော ခံစားချက်မျိုးကို မခံစားခဲ့ရဖူးပေ။ သွေးမျိုးဆက် ဖိနှိပ်ခြင်းအောက်တွင် သူ့ခွန်အား ရှစ်ဆယ်ရာခိုင်နှုန်းလောက်ကိုသာ ထုတ်သုံးနိုင်တော့သည်။ ထိုအကြောင်းကြောင့်ပင်လျှင် ကျင့်ကြံခြင်းအဆင့် ပိုမြင့်သော လီကျောက် အရှေ့၌ ဘာဆိုဘာမျှ မလုပ်နိုင်ဘဲ တစ်ဖက်လူ ထုသမျှ ရိုက်သမျှကို တောက်လျှောက် ခံနေရခြင်း ဖြစ်လေသည်။ ထိုသို့သာ မဟုတ်ပါက ဧကရာဇ် ဒုတိယအဆင့် ရှိသော ယွမ်ဝူမှာ အနည်းနှင့်အများတော့ ပြန်လည် တိုက်ခိုက်နိုင်လိမ့်မည်။
သို့ရာတွင် ဤလူသားကောင်လေးကရော ဘာများနည်း။ လူသားကောင်လေးဆီမှ မည်သည့် နဂါးအရှိန်အဝါမှ ဖြာထွက်နေခြင်း မရှိသည်ကို ယွမ်ဝူ သေသေချာချာ ခံစားမိပေသည်။ တစ်နည်းဆိုရသော် ဤကောင်လေးသည် နဂါးနွယ်ဖွားတစ်ဦး မဟုတ်ချေ။ ထိုသို့ဆိုလျှင် သွေးမျိုးဆက် ဖိနှိပ်ခြင်းသည် သူ့အပေါ် ဘာကြောင့်များ သက်ရောက်နေရလေသနည်း။
ယွမ်ဝူအား ပို၍ ကြောက်ရွံ့သွားစေသည်မှာ ယခုတစ်ကြိမ် သူ ခံစားနေရသည့် သွေးမျိုးဆက် ဖိနှိပ်ခြင်းသည် လီကျောက်နှင့် ရင်ဆိုင်နေရသည်ထက် ပို၍ ပြင်းထန်နေခြင်းပင်။ လီကျောက် ပိုင်ဆိုင်ထားသည်မှာ အဆင့်သုံး အလယ်အလတ်အဆင့် နဂါးသွေးကြော ဖြစ်သည့်အတွက်ကြောင့် ယွမ်ဝူ၏ နဂါးသွေးမျိုးဆက်ကို ဖိနှိပ်နိုင်စွမ်း ရှိသည့်တိုင် ထိုဖိနှိပ်နိုင်စွမ်းမှာ အလွန်အမင်း အားကောင်းနေခြင်းတော့ မရှိပေ။ အနည်းဆုံး ယွမ်ဝူ အနေဖြင့် သူ၏ခွန်အား ရှစ်ဆယ်ရာခိုင်နှုန်းလောက်ကို ထုတ်သုံးနိုင်ပေသေးသည်။
သို့သော်ငြား ယခုတွင်မူ ခွန်အား၏ ငါးဆယ်ရာခိုင်နှုန်းကျော်မှာ လုံးဝကို သုံးမရတော့ကြောင်း တွေ့ရှိလိုက်ရသည်။ ထိုမျှသာလျှင် မဟုတ်သေးဘဲ သွေးကြောများထဲ စီးဆင်းနေသည့် ဧကရာဇ်ချီမှာလည်း ရေခဲသွားသည့် အလား လုံးဝကို လှည့်ပတ်၍ မရတော့အောင် ဖြစ်ခဲ့ရသည်။ ထို့အတွက်ကြောင့်ပင်လျှင် ယွမ်ဝူမှာ သူ၏ခွန်အား အနည်းငယ်မျှကိုပင်လျှင် ထုတ်သုံးနိုင်ခြင်း မရှိတော့ချေ။ ထိုအကြောင်းကြောင့်ပင်လျှင် သူ၏ လည်တိုင်အား ဆွဲညှစ်ထားသော လူငယ်လေး၏ လက်မှာလည်း သံမဏိပြုတ်တူကြီးပမာ အလွန်ကိုမှ မာကျောနေခဲ့လေရာ ယွမ်ဝူမှာ အနည်းငယ်မျှပင် ရုန်းကန်နိုင်ခွင့် မရှိတော့ဘဲ တဖြည်းဖြည်းနှင့် အသက်ရှူ ကျပ်လာခဲ့လေရာ သူ၏ မျက်နှာပြင်မှာ ရဲသထက် ရဲလာရတော့လေသည်။
ထိုမြင်ကွင်းကို ဘေးမှ ရပ်ကြည့်နေကြသည့် ကျင့်ကြံသူများမှာတော့ လုံးဝ ပါးစပ်အဟောင်းသား ဖြစ်နေကုန်ကြလေသည်။ လက်ရှိ အခြေအနေနှင့် ပတ်သက်၍ သူတို့ခမျာ လုံးဝကို နားမလည်နိုင်အောင် ဖြစ်နေကြသည်။ ယွမ်ဝူသည် ဧကရာဇ် ဒုတိယအဆင့် ပညာရှင်တစ်ဦး မဟုတ်လေလော။ သူသည် နဂါးနွယ်ဖွားတစ်ဦးလည်း ဖြစ်ပေသည်။ ထိုသို့ ဖြစ်လေရာ ဧကရာဇ် ပထမအဆင့်သာ ရှိသေးသော လူသားတစ်ဦး၏ ဖမ်းဆီးခြင်းကို ဘာကြောင့်များ ဤကဲ့သို့ ခံနေရလေသနည်း။ ယွမ်ဝူ သူ၏ရန်သူအား အထင်သေးမိလိုက်သည့် အတွက်ကြောင့်ဟု ပြောလာလျှင်ပင် သိပ်၍ ယုတ္တိမရှိသေးပေ။ ယခု ယွမ်ဝူ၏ မျက်နှာထားကို ကြည့်ရသလောက် ရန်သူကို အထင်သေးမိလိုက်သည့် အတွက်ကြောင့် ဖြစ်သည့်ပုံ မပေါ်ပေ။ ထိုအစား အလွန်ကိုမှ ခက်ခဲသည့် ရန်သူတစ်ဦးနှင့် ရင်ဆိုင်နေရသည့် ပုံစံ ပေါက်နေခဲ့လေသည်။ ဤလူငယ်လေးသည် တကယ်ကြီး ထိုမျှ အားကောင်းလေသလော။
လျုစန်းနျန်မှာတော့ ဘာတွေဖြစ်လို့ ဖြစ်နေမှန်း မသိ။ သူမ သိသည်မှာတော့ ရန်ကိုင်သည် ယွမ်ဝူအား သွားပြဿနာ ရှာနေသည်ကိုပင်။ ယွမ်ဝူကို ကျောထောက်နောက်ခံ ပေးထားသည်မှာ နဂါးကလန် ဖြစ်ပေသည်။ ထို့အတွက်ကြောင့် ရန်ကိုင်မှ ယွမ်ဝူကို လည်ပင်း ဇတ်ညှစ်ထားသည်ကို မြင်သော် အလန့်တကြား ထအော်လိုက်လေသည်။ "ရပ်လိုက် မောင်လေးရန်၊ သူ့ကို မြန်မြန် လွတ်ပေးလိုက်တော့"
သူမသည် ယွမ်ဝူ ကိုယ်စား တောင်းပန်ပေးနေခြင်း မဟုတ်ချေ။ ရန်ကိုင်၏ လုပ်ရပ်မှာ တစ်ဇွတ်ထိုးနိုင်သည်ဟု စဉ်းစားမိသည့်အတွက်ကြောင့်သာ အလျင်စလို ဝင်တားနေရခြင်း ဖြစ်လေသည်။ လက်ရှိ ဤနေရာတွင် အာဏာအမြင့်ဆုံးမှာ ယွမ်ဝူ ဖြစ်ေလသည်။ ထိုသို့ ဖြစ်လေရာ သူ့အား သွားရန်စ၍ ဘာကောင်းကျိုးများ ရှိပါမည်နည်း။ ရေခဲနှင်းကျောက်စိမ်းကို တူးရသည့် အလုပ်မှာ အလွန်ကိုမှ အန္တရာယ်များသည့် အလုပ် ဖြစ်ပါသော်ငြား သူတို့ သေချာ ဂရုစိုက်နေသရွေ့ သေသွားရလိမ့်မည် မဟုတ်ချေ။ သို့သော်ငြား ရန်ကိုင်သည်သာ ယွမ်ဝူအား တကယ်ကြီး သွားရန်စလိုက်မည် ဆိုလျှင် သူတို့အနေဖြင့် ဤတစ်လအတောအတွင်း မည်ကဲ့သို့ အသက်ရှင်ေအာင် နေရပါတော့မည်နည်း။
အမှန်တရားကို လျုစန်းနျန် ပြောနိုင်သည်တော့ မဟုတ်ပေ။ လက်ရှိအချိန်တွင် ရန်ကိုင်မှာ သူမအား ကျောပေးထားသည့် အတွက်ကြောင့် ရန်ကိုင်၏ မျက်နှာကို လျုစန်းနျန်မှာ ကောင်းကောင်း မမြင်ရပေ။ ထိုအကြောင်းကြောင့်ပင်လျှင် အခြေအနေမှာ မည်ကဲ့သို့ ဖြစ်နေသလဲ ဆိုသည်ကို သေချာ အသေးစိတ် မသိဘဲ ရန်ကိုင်မှ ယွမ်ဝူအား လည်ပင်းညှစ်ထားသည်ကိုသာ မြင်နေရခြင်း ဖြစ်လေသည်။
သူမ ထိုသို့ပြောလိုက်ပြီးသည့်နောက် လူပေါင်းများစွာမှ သူမအား ထူးထူးဆန်းဆန်း အမူအရာများဖြင့် ကြည့်လာကြသဖြင့် လျုစန်းနျန် အံ့အားသင့်သွားခဲ့ရလေသည်။ ထိုလူများ ဘာကြောင့် ဤကဲ့သို့သော ထူးထူးဆန်းဆန်း အကြည့်များဖြင့် သူမအား ကြည့်နေသလဲ ဆိုသည်ကို နားမလည်နိုင် ဖြစ်နေလေ၏။
"ရွေး၊ သေချင်လား ရှင်ချင်လား" ရန်ကိုင်သည် ယွမ်ဝူအား စိုက်ကြည့်ရင်းမှ တည်တည်ငြိမ်ငြိမ်ဖြင့် မေးလိုက်လေသည်။
ယွမ်ဝူမှာ ရန်ကိုင်၏ အမူအရာကြောင့် အလွန်တရာမှ ထိတ်လန့်သွားခဲ့ပါသော်ငြား လူရှေ့သူရှေ့၌ အရှက်မကွဲလိုသလို မာနကလည်း သူ့အား တစ်ဖက်လူအပေါ် အညံ့ခံခွင့် မပြုနိုင်ချေ။ ထို့အပြင် သူသည် နေရာတစ်ခုလုံးကို ကြီးကြပ်ရန်အတွက် ဖုချီမှ ကိုယ်တိုင်ကိုယ်ကျ ရွေးချယ်ထားသည့် လူတစ်ဦး ဖြစ်သည်။ ထို့အတွက်ကြောင့် ရန်ကိုင် သူ့အား သတ်ရဲလိမ့်မည်ဟု မထင်။
ထို့အပြင် လီကျောက်ကြောင့် လူရှေ့သူရှေ့၌ တစ်ကြိမ် အရှက်ကွဲသွားခဲ့ရပြီ ဖြစ်လေရာ ယခုတစ်ကြိမ်သာ ရန်ကိုင် ပြောသည့်အတိုင်း လိုက်လုပ်ပေးလိုက်ရမည် ဆိုလျှင် သူတွင် လူရှေ့သူရှေ့၌ မျက်နှာပြစရာ ဘာဂုဏ်သိက္ခာမျှ ရှိတော့လိမ့်မည် မဟုတ်ချေ။ ထို့အတွက်ကြောင့် ချက်ချင်းပဲ ပြန်အော်ပြောလိုက်လေ၏။ "မြန်မြန် ငါ့ကို လွှတ်ပေးလိုက်တော့၊ မဟုတ်ရင် မင်း အသေဆိုးနဲ့ သေရမှာ"
သို့သော်ငြား ရန်ကိုင်က လှောင်ပြုံး ပြုံးလျက် ယွမ်ဝူကို ကြည့်ကာ ပြောလိုက်လေသည်။ "ကြည့်ရတာ ခင်ဗျားက သေချင်နေတယ်နဲ့ တူတယ်၊ အဲလိုဆိုမှတော့ ကျုပ်လည်း ခင်ဗျားဆန္ဒကို ဖြည့်ဆည်းပေးရသေးတာပေါ့"
ထိုသို့ ပြောပြီးသည်နှင့်နောက် ရန်ကိုင်၏ အမူအရာ အေးစက်သွားခဲ့ပြီး ယွမ်ဝူကို ဖမ်းထားသည့် သူ၏လက်အား အားစိုက်ချလိုက်လေသည်။
ခရက်။
တစ်ခုခု ကျိုးအက်သွားသည့် အသံတစ်သံနှင့်အတူ သူ၏ လည်ပင်းကျိုးထွက်သွားတော့မလို ယွမ်ဝူ ခံစားလိုက်ရလေသည်။ ရန်ကိုင်သည် သူ့အား တကယ်ကြီး သတ်ရဲလိမ့်မည်ဟု မျှော်လင့်ထားခြင်း မရှိခဲ့ပေ။ [ကြည့်ရတာ ဒီကောင် အပိုလျှောက်ပြောနေတာ မဟုတ်ဘူးနဲ့ တူတယ်၊ သူ တကယ်ကြီး ငါ့ကို သတ်ချင်နေတာလား၊ ဒီလို အရူးကောင်က ဘယ်ကနေ လာတာလဲကွာ၊ နဂါးကျွန်းမှာတောင် ဘယ်လိုလုပ်ပြီး လာပြဿနာရှာနေရဲတာလဲ၊ နဂါးကလန် သူ့ကို လာသတ်မှာကို မကြောက်တာလား၊ ဘာပဲဖြစ်ဖြစ် နဂါးကလန် သူ့ကို လိုက်သတ်သတ် မသတ်သတ်၊ ငါသာ ဆက်ပြီး ခေါင်းမာနေဦးမယ်ဆိုရင် အရင်သေမယ့်လူက ငါ ဖြစ်သွားလိမ့်မယ်]
သူကိုယ်တိုင် အသက်အန္တရာယ် ရှိနေပြီမှန်း သိလိုက်သော် ယွမ်ဝူမှာ ဆက်၍ တုံ့ဆိုင်းမနေတော့ဘဲ ချက်ချင်းပဲ အော်ပြောလိုက်လေသည်။ "သနား၊ သနားပေးပါ"
[ယွမ်ဝူက အသနားခံနေတာလား] မြင်ကွင်းကို ကြည့်ရင်း လူပေါင်းများစွာ ကြောင်အသွားကုန်ကြလေသည်။ ဧကရာဇ် ဒုတိယအဆင့်သို့ ရောက်နေသော လူတစ်ဦးကို ဧကရာဇ် ပထမအဆင့်သာ ရှိသေးသည့် လူငယ်လေးတစ်ဦးမှ လည်ပင်းဆွဲညှစ်ထားသည်မှာ အမှန်တကယ်ကိုမှ မယုံကြည်နိုင်စရာ ကောင်းသည့် မြင်ကွင်းဖြစ်ပေသည်။ ပို၍ မယုံကြည်နိုင်ဖွယ်ရာ ကောင်းသည်မှာ လည်ပင်း အညှစ်ခံထားရသည့် လူသည် နဂါးနွယ်ဖွားတစ်ဦး ဖြစ်နေပြီး လည်ပင်းညှစ်ထားသည့် လူမှာတော့ လူသားတစ်ဦးသာ ဖြစ်နေခြင်းပင်။
ထို့အတွက်ကြောင့် လူပေါင်းများစွာသည် လက်ရှိ သူတို့ မြင်နေရသည့် အမှန်တရားကို လက်မခံနိုင် ဖြစ်နေကြလေသည်။ တကယ်တော့ နဂါးတစ်ပိုင်းမြို့တော်ထဲတွင် နဂါးနွယ်ဖွားများ၏ အဆင့်အတန်းမှာ အတော်လေးကိုမှ မြင့်သည် မဟုတ်ပေလော။ သူတို့၏ ကျင့်ကြံခြင်း မည်သို့ပင် ဖြစ်နေစေကာမူ နဂါးနွယ်ဖွားများသည် ပုံမှန်အားဖြင့် အဆင့်အတန်း မြင့်လေ့ ရှိကြပေသည်။
သို့သော်ငြား ဤသည်မှာ သူတို့အဖို့ နဂါးနွယ်ဖွားတစ်ဦးမှ လူသားတစ်ဦးထံ ဦးညွှတ်နေသည်ကို ပထမဦးဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်လေသည်။ ထို့အပြင် ထိုနဂါးနွယ်ဖွားမှာ သာမန် နဂါးနွယ်ဖွားမဟုတ်၊။ ဧကရာဇ် ဒုတိယအဆင့် ရောက်နေပြီ ဖြစ်သလို ဒုတိယအဆင့် အဆင့်မြင့် နဂါးသွေးကြောကို ပိုင်ဆိုင်ထားသည့် နဂါးနွယ်ဖွားတစ်ဦးလည်း ဖြစ်ပေသေးသည်။ သူတို့ကိုယ်တိုင်သာ မမြင်လိုက်ရလျှင် ဤကဲ့သို့သော အဖြစ်အပျက်မျိုး ဖြစ်သွားသည်ကို လုံးဝ ယုံကြည်နိုင်လိမ့်မည် မဟုတ်ချေ။
ဤနေရာတွင် ရှိနေသည့် လူများအနက် ယွမ်ဝူမှလွဲ၍ ကျင့်ကြံသူအားလုံးမှာ လူသားများ၊ မွန်စတားမျိုးနွယ်များနှင့် မွန်စတားတစ်ပိုင်းများ ဖြစ်ကြပေသည်။ နဂါးနွယ်ဖွားဆို၍ ယွမ်ဝူ တစ်ဦးတည်းသာ ရှိနေခြင်းဖြစ်သည်။ ထို့အတွက်ကြောင့် ထိုလူများမှာ လက်ရှိ ယွမ်ဝူ၏ အဖြစ်ကို မြင်သော် မှင်သက်ကုန်ကြလေ၏။ သူတို့စိတ်ထဲ နှစ်ပေါင်းများစွာကြာအောင် မျိုသိပ်ထားခဲ့ရသော မကျေနပ်ချက်တို့မှာလည်း အနည်းငယ် ပြေလျော့သွားသလို ခံစားလိုက်ရလေသည်။
လက်ရှိအချိန်တွင် သူတို့ထဲမှ မည်သူမျှ နဂါးနွယ်ဖွားများအား ပြဿနာ မရှာလိုကြပေ။ တချို့ဆိုလျှင် နဂါးနွယ်ဖွားများထံ အညံ့ခံကာ တစ်ဖက်လူ၏ အလိုအတိုင်း လိုက်လံ ပြုမူပေးကြလေသည်။ သို့သော်ငြား ထိုသို့လုပ်ခြင်းအားဖြင့် ဤနဂါးနွယ်ဖွားအပေါ် စိတ်စေတနာ ကောင်းသည်ဟူ၍တော့ မဆိုလိုပေ။ တချို့သော နဂါးနွယ်ဖွားများမှာ ပြောရဆိုရ ကောင်းသည့် လူများ ဖြစ်ကြပါသော်ငြား အများစုမှာတော့ အလွန်ကိုမှ ဂုဏ်မောက်ကြပြီး အခြားလူများအပေါ် အထက်စီးမှ ဆက်ဆံသည့် လူများသာ ဖြစ်ကြသည်။ ဥပမာပြရသော် ယွမ်ဝူပင်။ ထို့အတွက်ကြောင့် ယွမ်ဝူ ယခုကဲ့သို့ ဒုက္ခရောက်နေသည်ကို မြင်သော် အကုန်လုံးမှာ အတော်လေးကိုမှ ကျေနပ်ပီတိ ဖြစ်ကုန်ကြလေ၏။
"အစကတည်းက အခုလိုလုပ်လိုက်ရင် ကောင်းနေပြီ မဟုတ်ဘူးလား" ရန်ကိုင်သည် ကျန်လက်တစ်ဖက်ဖြင့် ယွမ်ဝူ၏ ပါးကို ခပ်ဆတ်ဆတ်လေး ရိုက်လိုက်ပြီးသည့်နောက် ပြောလိုက်လေသည်။ လူရှေ့သူရှေ့၌ ယခုကဲ့သို့ ပါးရိုက်ခံလိုက်ရသည့် အတွက်ကြောင့် ယွမ်ဝူမှာ ရှက်လွန်း၍ တွင်းတစ်တွင်းတူး၍သာ ပြေးပုန်းချင်စိတ်များ ဖြစ်လာရလေသည်။
ယခင်က လူပေါင်းများစွာအား အထက်စီးမှ ဆက်ဆံခဲ့သည့် လူတစ်ဦး ယခုကဲ့သို့ အဖြစ်မျိုးနှင့် ကြုံနေရသည့် အခါမျိုးတွင် ထိုလူ၏ ရင်ထဲ မည်ကဲ့သို့ ခံစားနေရသလဲ ဆိုသည်ကို မည်သူမဆို ခန့်မှန်းကြည့်နိုင်ပေသည်။
"နောက်တစ်ကြိမ် ကျုပ်ကိုလာ ပြဿနာမရှာနဲ့၊ နောက်တစ်ကြိမ် ကျရင်တော့ အခုလို အခွင့်အရေးမျိုး ထပ်ရတော့မှာ မဟုတ်ဘူး" ထိုသို့ ပြောပြီးသည့်နောက် ရန်ကိုင်သည် ယွမ်ဝူအား အမှိုက်ထုပ် တစ်ထုပ်နှယ် လွှတ်ပစ်လိုက်လေသည်။
ယွမ်ဝူသည် မြေပြင်အထက် ဂျွမ်းလေးငါးပတ်လောက် ထိုးသွားလေ၏။ ထို့နောက်တွင် သူ၏လည်ပင်းကို ကိုင်ကာ ချောင်းတဟွတ်ဟွတ် ဆိုးတော့လေသည်။
လူတိုင်းမှာတော့ ထိုမြင်ကွင်းကို ကြည့်ရင်း ငြိမ်သက် တိတ်ဆိတ်နေကုန်ကြလေသည်။ လျုစန်းနျန်သည်ပင်လျှင် မည်သည့် စကားမျှ ဝင်မပြောခဲ့ပေ။ ယခုလို ဖြစ်ပျက်ပြီးမှဖြင့် ဘာတွေ ဖြစ်နေသလဲ ဆိုသည်ကို သူမအနေဖြင့် နားမလည်ဘဲ နေပါဦးမည်လား။ ဤမောင်လေးရန် ဆိုသည့်လူသည် သူ၏ခွန်အားကို ပုံမှန်အမြင်ဖြင့်သာ ဆုံးဖြတ်၍ မရသော လူတစ်ဦး ဖြစ်လေသည်။ ထို့ကြောင့်သာ မဟုတ်ပါက နဂါးနွယ်ဖွားတစ်ဦးလည်း ဖြစ် ဧကရာဇ် ဒုတိယအဆင့် တစ်ဦးလည်း ဖြစ်သော ယွမ်ဝူကို မည်သို့များ ယခုကဲ့သို့ အလွယ်တကူ အနိုင်ယူနိုင်ခဲ့ပါမည်နည်း။
လူတိုင်း၏ အကြည့်အောက်တွင် ရန်ကိုင်သည် ပင်လယ်ဘက်ဆီသို့ လျှောက်သွားလိုက်ပြီး ပင်လယ်ရှေ့တွင် ရပ်၍ မျက်မှောင်ကြီးကြုတ်ကာ အဝေးတစ်နေရာဆီသို့ လှမ်းကြည့်လိုက်လေသည်။ ရန်ကိုင်မှာ ယွမ်ဝူအား ဤမျှ ဂရုစိုက်မနေခဲ့ချေ။ လက်ရှိအချိန်တွင် သူ၏ စိတ်အာရုံသည် ကျူချင်း မည်သည့်နေရာတွင် ရှိနေသလဲ ဆိုသည့်အပေါ်တွင်သာ ရောက်ရှိနေခဲ့သည်။
သို့သော်ငြား ရန်ကိုင် အခု လုပ်လိုက်သည့် ပြဿနာသည် လက်ရှိ အခြေအနေကို အနည်းငယ် ကသိကအောက် ဖြစ်သွားစေခဲ့လေသည်။
မူလက ယွမ်ဝူမှာ အလွန်ကိုမှ အာဏာပြခဲ့လေသည်။ ဤနေရာတစ်ခုလုံးကို စီမံကြီးကြပ်ရမည့် တာဝန်သည် သူ၏လက်ထဲတွင် ရှိနေသလို လူတိုင်းမှာလည်း သူ့အမိန့်ကို နာခံရမည်ဖြစ်သည့်အတွက်ကြောင့် သူ့စိတ်ကြိုက် ပြုမူပြောဆိုနိုင်ခဲ့လေသည်။ သို့သော်ငြား ယခုကဲ့သို့ လူမြင်ကွင်း အရှေ့၌ ရန်ကိုင်၏ အရှက်ခွဲခြင်းကို ခံလိုက်ရသော် သူ့အနေဖြင့် အခြားသူများကို ခေါင်းမော့ ရင်ကော့၍ မည်သို့များ အမိန့်သွားပေးနိုင်ပါဦးမည်နည်း။
သူ့ရင်ထဲ အလွန်ကိုမှ ဒေါသထွက်နေပါသော်ငြား သူ့ခွန်အားမှာ တစ်ဖက်လူ၏ ခွန်အားကို မယှဉ်နိုင်ပေ။ ထို့အတွက်ကြောင့် ဒေါသကို မျိုသိပ်ထားရင်းမှ ကြိတ်မှိတ် သည်းခံနေရုံသာ တတ်နိုင်လေသည်။
"စီနီယာယွမ်၊ စီနီယာယွမ်၊ အဆင်ပြေရဲ့လား" ထိုစဉ် တစ်စုံတစ်ဦးသည် ယွမ်ဝူဆီသို့ အပြေးသွားလေ၏။
လူတိုင်းလည်း လှမ်းကြည့်လိုက်ရာ လီကျောက်သည် ယွမ်ဝူဆီ လျှောက်သွားပြီး သူ့အား ထူမပေးနေကြောင်း တွေ့လိုက်ရလေသည်။
ထိုအသံကို ကြားသည့်အခါ ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့ပြီး လှမ်းကြည့်လိုက်ရာ သူနှင့် ယွမ်ဝူ ကြားရှိ ပြဿနာကို ဝင်ရောက်ဖြန်ဖြေပေးခဲ့သော သက်လတ်ပိုင်း လူကြီးသည် ယခုတစ်ကြိမ်တွင် ယွမ်ဝူအား သွားကူညီပေးနေကြောင်းကို တွေ့လိုက်ရလေသည်။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၃၀၃၃)
ဘာသာပြန်သူ_တိမ်တိုက်
ယွမ်ဝူ၏ မျက်နှာမှာ ပုပ်သိုးသိုး ဖြစ်နေခဲ့လေသည်။ သက်လတ်ပိုင်းလူကြီး၏ အကူအညီဖြင့် မတ်တတ်ရပ်လာပြီးသည့်နောက်တွင် ချောင်းတဟွတ်ဟွတ်ဆိုးလျက် ပြန်ပြောလိုက်လေ၏။ "ငါ အဆင်ပြေတယ်"
ထို့နောက် ရန်ကိုင်အား မုန်းတီးစွာ စိုက်ကြည့်လိုက်လေသည်။ သို့သော်ငြား ရန်ကိုင်မှ သူ့ဘက်သို့ ပြန်စိုက်ကြည့်လာသည်ကို မြင်သည့်အခိုက် ချက်ချင်း အကြည့်လွှဲသွားလေ၏။ ရန်ကိုင်၏ ခွန်အားကို မြည်းစမ်းပြီးသည့်နောက်တွင် ယွမ်ဝူမှာ ရန်ကိုင်အား သွားမစိန်ခေါ်ရဲတော့ချေ။ ထိုအကြောင်းကြောင့် သူ့ရင်ထဲရှိ မကျေနပ်ချက်အားလုံးကို မျိုသိပ်ထားပြီး ရန်ကိုင် သူ့အား ပြဿနာ လာမရှာပါစေနှင့်ဟု ဆုတောင်းနေရုံသာ တတ်နိုင်တော့လေသည်။
ထိုအခါမှသာလျှင် ထိုလူသည် သက်ပြင်းချလိုက်လေသည်။ သူက ခန့်ညားစွာ ပြုံးလျက် ယွမ်ဝူကို ကြည့်ကာ ပြောလိုက်လေ၏။ "ကောင်းတယ် ကောင်းတယ်၊ ဆရာ အဆင်ပြေနေတာ ကောင်းတယ်၊ နန်းတော်ကြီးကို ဆောက်ဖို့ ဆရာ ဦးဆောင်နေဖို့ လိုသေးတယ်၊ ဆရာသာ တစ်ခုခု ဖြစ်သွားရင် ကျုပ်တို့ ဘာဆက်လုပ်ရမှာလဲ"
ထိုလူ၏ စကားကို ကြားပြီးသည့်နောက် လူတိုင်းမှာ ထိုလူအား အထင်မြင်တသေးဖြင့် ကြည့်လိုက်ကြလေသည်။ သို့တိုင် ထိုလူ၏ စကားကို ကြားပြီးသည့်နောက် ယွမ်ဝူ၏ အမူအရာမှာ အတော်လေးကိုမှ ပြန်အဆင်ပြေသွားခဲ့လေ၏။
သက်လတ်ပိုင်းလူကြီးက ထပ်ပြောလိုက်လေသည်။ "ဆရာ ရွေးစရာလူမရှိဘူးဆိုရင် ရေခဲနှင်းကျောက်စိမ်း တူးရမဲ့တာဝန်ကို ကျုပ်ဆီ အပ်လိုက်လေ"
"ဟမ်" ယွမ်ဝူ ကြောင်သွားလေသည်။ သူ့အနေဖြင့် သက်လတ်ပိုင်းလူကြီးကို ယခုမှသာလျှင် ပထမဆုံးအကြိမ် မြင်ဖူးသည့်အလား သက်လတ်ပိုင်းလူကြီးဘက်သို့ သေသေချာချာ လှည့်ကြည့်လိုက်လေ၏။
အခြားလူများသည်လည်း ထိတ်လန့်သွားကုန်ကြလေသည်။ ရေခဲနှင်းကျောက်စိမ်းအား တူးရသည်မှာ မည်မျှ အန္တရာယ်များကြောင်း လူတိုင်း သိကြသည်။ ထို့အတွက်ကြောင့်ပင်လျှင် မည်သူမျှ ထိုတာဝန်ကို မယူကြဘဲ အခြားတာဝန်များကို လိုချင်သည့်အတွက်ကြောင့်သာ ယွမ်ဝူအား ဖားယားပြီး သွားပြောခဲ့ကြခြင်း ဖြစ်သည်။
သက်လတ်ပိုင်းလူကြီးသည် ဧကရာဇ် ဒုတိယအဆင့် ပညာရှင်တစ်ဦး ဖြစ်သည့်အလျောက် ရေခဲနှင်းကျောက်စိမ်းအား တူးရသည်မှာ မည်မျှ အန္တရာယ်များကြောင်းကို သိထားလောက်ပေသည်။ [သူ ဘာတွေလုပ်နေတာလဲ၊ ဒီလောက် အန္တရာယ်များတာကို သူက ဘာဖြစ်လို့ လုပ်ချင်နေရတာလဲ၊ ဒီလူ ခေါင်းမကောင်းတာလား၊ ဖားယားချင်တယ်ဆိုရင်လည်း တော်ရုံပဲ ဖားပေါ့၊ အခုဟာက မဟုတ်တော့ဘူးကွ]
လူတိုင်းသည် သက်လတ်ပိုင်းလူကြီးအား အရူးတစ်ယောက်ကို ကြည့်နေသည့် ပုံစံမျိုးဖြင့် ကြည့်လိုက်လေသည်။
သို့သော်ငြား သက်လတ်ပိုင်းလူကြီးသည် အခြားသူများ၏ အကြည့်ကို သတိမပြုမိသည့်အလား ပြုံး၍သာ ပြန်ပြောလိုက်သည်။ "ကျုပ်ကတော့ ဒီအတိုင်း ပြောကြည့်ရုံပါပဲ၊ နောက်ဆုံး ဆုံးဖြတ်ရမှာက ဆရာပါပဲ"
ထိုစကားကို ကြားလိုက်သည့်အခါ ယွမ်ဝူမှာ သက်လတ်ပိုင်း အမျိုးသားကြီးအား အတော်လေး အမြင်ကြည်သွားတော့လေသည်။ ရန်ကိုင်ကြောင့် သူ လူရှေ့သူရှေ့၌ အရှက်အကြိမ်ကြိမ် ကွဲခဲ့ရသည်။ ရန်ကိုင်သည် သူပေးလာသည့် တာဝန်ကို ငြင်းဆန်ရုံသာမက သူ့အား လူမြင်ကွင်း၌ပင် ရိုက်နှက်ပစ်ခဲ့ပေသေးသည်။ ထိုအဖြစ်အပျက်ကြောင့် ယွမ်ဝူ၏ မာနမှာ အလွန် ထိခိုက်ခဲ့ရသည်။
ထိုသို့ ဖြစ်လေရာ ယခုကဲ့သို့ သူ နိမ့်ကျနေသည့် အခါမျိုးတွင် သက်လတ်ပိုင်းလူကြီးက သူ့အား ယခုကဲ့သို့ အားပေးအားမြှောက် ပြောလာသည်ကို ကြားသော် ယွမ်ဝူအနေဖြင့် သက်လတ်ပိုင်းလူကြီးအား မည်ကဲ့သို့များ ကျေးဇူးမတင်ဘဲ နေပါမည်နည်း။ ထို့အပြင် သက်လတ်ပိုင်းလူကြီးသည် စကားပြောလည်း အတော်လေးကိုမှ ထူးချွန်သလို သူ့အပေါ်ကိုလည်း ဖားဖားယားယားဖြင့် ပြောလေသည်။
ယွမ်ဝူသည် သက်လတ်ပိုင်းလူကြီးကို ကြည့်ရင်း မေးလိုက်လေ၏။ "မင်းနာမည် ဘယ်လိုခေါ်လဲ"
ဤသက်လတ်ပိုင်းလူကြီး မည်သူဖြစ်သလဲ ဆိုသည်ကို သူ မသိပေ။ သက်လတ်ပိုင်းလူကြီးနှင့် ဆင်တူသည့်လူမျိုး ရုပ်ချင်းတူသည့်လူမျိုး နဂါးနန်းတော်ထဲတွင် ရှိနေကြောင်းကိုလည်း သူ မသိ။ ထို့အတွက်ကြောင့် သူ မသိသည့် တစ်စိမ်းလူတစ်ဦးမှာ သူ့အပေါ် ဤကဲ့သို့သော ကူညီပေးနေသည့်အပေါ် ယွမ်ဝူမှာ အနည်းငယ် ထူးဆန်းနေသလို ခံစားနေရသည်။
သက်လတ်ပိုင်းလူကြီးက အဓိပ္ပာယ်ပါပါ ပြုံးလျက် ပြန်ပြောလိုက်သည်။ "ကျုပ်နာမည်က ဝူချန်ပါ"
"ကောင်းတယ် ကောင်းတယ်" ယွမ်ဝူသည် ဝူချန်း၏ ပုခုံးကို ပုတ်လိုက်လေသည်။ တစ်စုံတစ်ဦး ဒုက္ခရောက်နေချိန်တွင် ရှောင်ထွက်သွားဖို့ရန် လွယ်ကူပါသော်ငြား ထိုလူအား ကူညီပေးဖို့ရာမှာတော့ မလွယ်ကူပေ။ ဝူချန်းသည် သူ ဒုက္ခရောက်နေသည့် အချိန်တွင် သူ့အား လာရောက် ကူညီပေးခဲ့လေသည်။ ထို့အတွက်ကြောင့် သူတို့နှစ်ဦး တစ်ခါမှ မတွေ့ခဲ့ဖူးသလို နှစ်ဦးသားမှာလည်း ရင်းနှီးခြင်း မရှိသည့်တိုင် ယွမ်ဝူမှာတော့ ဝူချန်းအား အတော်လေးကိုမှ ကျေးဇူးတင်နေမိလေသည်။ ထို့ကြောင့် ခေါင်းညိတ်၍ ပြန်ပြောလိုက်သည်။ "ကောင်းပြီ ဒါဆို ရေခဲနှင်းကျောက်စိမ်း တူးရမယ့်တာဝန်ကို မင်းဆီ အပ်လိုက်မယ်၊ လူအယောက် သုံးဆယ်ဆို အဆင်ပြေမလား"
ဝူချန်း ကြောင်သွားလေသည်။ ထို့နောက် ဝမ်းသာအားရဖြင့် ပြုံးလျက်..."ကျေးဇူးအများကြီး တင်ပါတယ် ဆရာ"
အခြားသူများ ထိုစကားကို ကြားလိုက်သော် လူတိုင်းသည် ဝူချန်းအား မနာလိုတကြီးဖြင့် မနာလိုအားကျစွာ ကြည့်လိုက်ကြလေသည်။ အလျင်အမြန် ဝင်ရောက် မလှုပ်ရှားမိခဲ့သည့်အပေါ်လည်း သူတို့စိတ်ထဲ ကြိတ်၍ နောင်တရနေကြလေသည်။ [အခုလို ဖြစ်မယ်မှန်းသာ သိခဲ့ရင် အစောကြီးကတည်းက သွားကူလိုက်ပါတယ်ကွာ၊ ဒီအတိုင်း ရပ်ကြည့်မနေလိုက်ပါဘူး] ဝူချန်းက စကားနည်းနည်းပါးပါး ကူပြောပေးလိုက်သည့်အတွက်ကြောင့် ယွမ်ဝူ၏ ပစားပေးခြင်း ခံခဲ့ရသည်။ ယွမ်ဝူမှလွဲ၍ ကျန်လူငါးရာအနက် ဝူချန်းမှာ ခေါင်းဆောင် ဖြစ်သွားပြီဟု ပြော၍ရပေသည်။ ထို့အပြင် ယွမ်ဝူသည် ဝူချန်းအား ရေခဲနှင်းကျောက်စိမ်း တူးရမည့်တာဝန်ကို လွှဲအပ်လိုက်သည်။ ထိုလူမှာ တကယ်ကိုမှ ကံကောင်းသည်ဟု ပြော၍ရပေသည်။
ယွမ်ဝူက မျက်လုံးမှေးစင်း၍ ပြောလိုက်လေ၏။ "ဒီကိစ္စကို မင်း တာဝန်ယူလိုက်တော့၊ မင်း ကြိုက်တဲ့လူကို ရွေးသွားလို့ ရတယ်၊ ရွေးပြီးသွားတာနဲ့ ငါ့ကို လာပြော"
ထိုသို့ ပြောပြီးသည့်နောက်တွင် လူအုပ်ကြီးကို ယွမ်ဝူ ကြည့်၍ တည်တည်ငြိမ်ငြိမ်ဖြင့် ပြောလိုက်လေသည်။"တစ်ယောက်ယောက် အကြောင်းပြချက် ပေးရဲတယ်ဆိုရင်တော့ ငါနဲ့ တွေ့မယ်"
"အခုလို ကူညီပေးတဲ့အတွက် ဆရာ့ကို အများကြီး ကျေးဇူးတင်ပါတယ်" ဝူချန်း၏ မျက်နှာမှာတော့ ဝင်းလက်တောက်ပနေခဲ့လေသည်။ သူ အလွန်ကိုမှ ဝမ်းသာနေသည်မှာ အသိသာကြီးပင်။
ယွမ်ဝူ ကိုယ်တိုင်မှ သူ့အား ကျောထောက်နောက်ခံ ပေးထားသည့်အတွက်ကြောင့် သူ စိတ်ကြိုက်လူကို ရွေးချယ်ခွင့် ရပြီဖြစ်သလို အဖွဲ့ကိုလည်း သူ့စိတ်ကြိုက် စီမံခွင့် ရသွားလေပြီ။ တကယ်တော့ လူတိုင်းသည် ရန်ကိုင်ကဲ့သို့ ယွမ်ဝူအား သွားစိန်ခေါ်ရဲကြသည့် လူများမှ မဟုတ်ကြလေဘဲ။ ဧကရာဇ် တတိယအဆင့် ပညာရှင်များသည်ပင် ယွမ်ဝူအား သွားရန်စရဲသည့် သတ္တိမျိုး ရှိမနေကြချေ။
ဝူချန်း ကိုယ်တိုင်က နမူနာပြသွားသည့်အတွက်ကြောင့် အခြားသော ဧကရာဇ်အဆင့် ပညာရှင်များမှာလည်း ဤအတိုင်း ရပ်ကြည့်မနေနိုင်ကြတော့ချေ။ ယွမ်ဝူအနားသို့ ပြေးကပ်သွားကြပြီး ယွမ်ဝူကို အားပေးအားမြှောက်ဖြင့် အားတက်သရော ချီးကျူးစကား ပြောကြားတော့လေ၏။ နန်းတော်အား ဆောက်ရသည့် တာဝန်မှာ မလွယ်ကူလှပေ။ ယွမ်ဝူ ကိုယ်တိုင်သည်လည်း ဤနန်းတော်ကို သူတစ်ယောက်တည်းဖြင့် မဆောက်နိုင်။ ထို့အပြင် သူ့အနေဖြင့် နန်းတော်အား တစ်လအတွင်း အပြီးဆောက်ဖို့ ဆိုပါက လူငါးရာထဲမှာ ခေါင်းဆောင်အချို့ကို ရွေးချယ်၍ ထိုခေါင်းဆောင်များကို တာဝန်အသီးသီး ခွဲဝေပေးမှသာလျှင် အဆင်ပြေပေလိမ့်မည်။ ထို့အတွက်ကြောင့် ယခုအချိန်သည် ယွမ်ဝူ၏ မျက်နှာသာ ပေးခံရအောင် လုပ်ရမည့်အချိန် ဖြစ်လေသည်။
မျက်တောင်တစ်ခတ်အတွင်း ယွမ်ဝူမှာ အစောပိုင်းက သူ ဆုံးရှုံးသွားခဲ့ရသော ခေါင်းဆောင်တစ်ဦး၏ အသီးအပွင့်များကို ပြန်လည် ခံစားလာရလေသည်။ ကွဲခဲ့ရသည့် အရှက်များမှာလည်း ပျောက်ချင်းမလှ ပျောက်ကွယ်သွားကုန်ကြလေ၏။ ယွမ်ဝူသည် ရန်ကိုင်အား အေးစက်စက် အမူအရာဖြင့် စိုက်ကြည့်ရင်း ယခု အခွင့်အရေးအပေါ် သုံး၍ ရန်ကိုင်အပေါ် ပြန်လက်စားချေလျှင် ကောင်းမလား စဉ်းစားလိုက်လေသည်။ သို့သော်ငြား ထိုအတွေးသည် သူ၏ခေါင်းထဲ၌ တစ်ခဏလေးသာ ပေါ်လာပြီး ပြန်ပျောက်သွားခဲ့သည်။ [အခုတော့ ပျော်ထားလိုက်ဦးပေါ့ကွာ၊ ဒီတစ်လအတွင်း အခွင့်အရေးရတာနဲ့ မင်း သေပြီသာ မှတ်ပေတော့]
ယွမ်ဝူသည် သူ့စိတ်ထဲ ကြိတ်ကာ အော်ရယ်မောနေခဲ့သည်။ ထိုသို့ စဉ်းစားပြီးသည့်နောက် ရန်ကိုင်အကြောင်းကို ဆက်၍ အာရုံစိုက်မနေတော့ဘဲ အခြားလူများကိုသာ တာဝန်အသီးသီး ခွဲဝေပေးလိုက်သည်။ နန်းတော်အား မည်ကဲ့သို့ ဆောက်ရမလဲ ဆိုသည်ကို သေချာလေး စဉ်းစားကြည့်ပြီး စစ်ဆေးကြည့်ပြီးသည့်နောက်တွင် နောက်ဘာဆက်လုပ်ရမလဲ ဆိုသည်ကို ယွမ်ဝူ အကြမ်းဖျင်း သိသွားခဲ့လေပြီ။ လတ်တလော အနေဖြင့် ပစ္စည်းများကို ရှာဖွေရန်အတွက် အခြားလူများကို နဂါးကျွန်းများဆီသို့ စေလွှတ်ကာ တည်ရှိရာများ လိုက်လံရှာဖွေခိုင်းရပေလိမ့်မည်။ သူတို့တွင် ရှိနေသော ပစ္စည်းမှာ လုံလောက်ခြင်း မရှိချေ။ ထို့အတွက်ကြောင့် ထိုပစ္စည်းများသာ ကုန်သွားမည် ဆိုပါက နောက်ထပ် မည်သို့မျှ ခရီးဆက်နိုင်ကြတော့လိမ့်မည် မဟုတ်။
ထိုအကြောင်းကြောင့်ပင်လျှင် ယွမ်ဝူသည် လူငါးရာအနက် လူနှစ်ရာကို အထူးတလည် ရွေးချယ်၍ ထိုလူများအား အဖွဲ့ရှစ်ဖွဲ့ ခွဲလိုက်လေသည်။ ထိုအဖွဲ့ရှစ်ဖွဲ့အား သက်ဆိုင်ရာ ပစ္စည်းများကို သက်ဆိုင်ရာ ကျွန်းအသီးသီးဆီတွင် ရှာဖွေခိုင်းခဲ့သည်။ သို့သော်ငြား ထိုကဲ့သို့ အဖွဲ့ခွဲရာတွင် ဝူချန်း တစ်ဦးသည်သာ အဖွဲ့တစ်ခု၏ ခေါင်းဆောင် ဖြစ်လာခဲ့ခြင်း ဖြစ်ပြီး ကျန်လူများမှာတော့ ထိုကဲ့သို့ အခွင့်အရေး မရချေ။ ကျန်လူများသည် အကုန်လုံး အဆင့်တူများသာ ဖြစ်ကြပြီး အချင်းချင်း အတူတူ ပူးပေါင်း လုပ်ဆောင်ကြရသည်။ ဝူချန်းသည်သာ သူ့အား ကူညီခဲ့သည့်အတွက်ကြောင့် အဖွဲ့တစ်ခုလုံး၏ ခေါင်းဆောင်အဖြစ် ရာထူးပေးကာ မျက်နှာသာ ပေးခဲ့ခြင်း ဖြစ်ပေသည်။ [ဟမ့်၊ ငါ မင်းတို့ကို ပစားပေးတာ ခံချင်နေတာလား၊ အဲဒါဆိုရင် ပစားပေးခံရအောင် အရင်ဆုံး လုပ်ပြပေါ့]
နဂါးကျွန်းပေါ်တွင် ပစ္စည်းအမျိုးမျိုး ထွက်ကြပါသော်ငြား တစ်ကျွန်းနှင့်တစ်ကျွန်း ထွက်ရှိသည့် ပစ္စည်းများမှာ မတူညီကြပေ။ ယွမ်ဝူသည် မည်သည့်ကျွန်းတွင် မည်သည့်ပစ္စည်းကို သွားရှာရမလဲ ဆိုသည်ကို ညွှန်ကြားပြီးသည့်နောက်တွင် အဖွဲ့ရှစ်ဖွဲ့သည် ညတွင်းချင်း သက်ဆိုင်ရာ ကျွန်းအသီးသီးဆီသို့ ထွက်သွားကြလေသည်။ နန်းတော်အား တစ်လအတွင်း အပြီးဆောက်ရမည် ဖြစ်သည့်အတွက် သူတို့တွင် နှောင့်နှေးနေရန် အချိန်မရှိ။ ထိုအကြောင်းကြောင့် အနည်းငယ်မျှပင် တုံ့ဆိုင်းနေခြင်း မရှိဘဲ ချက်ချင်း ပစ္စည်းရှာရန် ထွက်သွားကြခြင်း ဖြစ်လေသည်။
ထိုလူများ ထွက်သွားပြီးသည့်နောက် ဤနေရာတွင် ရှိနေသည့် လူအရေအတွက်၏ တစ်ဝက်လောက် လျော့ကျသွားခဲ့ရသည်။
ထို့နောက်တွင် ယွမ်ဝူသည် ကျန်လူများကို တာဝန်အသီးသီး ခွဲဝေပေးတော့လေသည်။ နဂါးကလန်သည် မည်သည့်နေရာတွင် မည်ကဲ့သို့သော ပုံစံမျိုးထားကာ ဆောက်ရမလဲ ဆိုသည်ကို ပြောသွားခဲ့ပါသော်ငြား သူတို့ပြောသွားသည့် ပုံစံမှာ အကြမ်းဖျင်းလောက်သာ ဖြစ်ပြီး အသေးစိတ်ကိုမူ ဤလူငါးရာမှ ကိုယ့်ဘာသာကိုယ် စီစဉ်ရပေလိမ့်မည်။
နန်းတော် ဆောက်ရသည်မှာ ရိုးရှင်းသည့် ကိစ္စတစ်ခုတော့ မဟုတ်။ အမျိုးမျိုးသော အခန်းကဏ္ဍများ ပါဝင်သည့် တာဝန်ကြီးတစ်ခု ဖြစ်ပေသည်။ ကံကောင်းစွာဖြင့် လက်ကျန်လူ သုံးရာမှာ နန်းတော်တစ်လုံး မည်ကဲ့သို့ ဆောက်ရမလဲ ဆိုသည်ကို လုံးဝ မသိသည့် လူစားမျိုးတော့ မဟုတ်ကြ။ တော်တော်များများမှာ အဆောက်အဦးများ ဆောက်လုပ်ရာ၌ အတွေ့အကြုံ ရှိထားကြဖူးသည့် သူများ ဖြစ်လေသည်။ ယွမ်ဝူသည် ထိုလူများကို စုဝေး၍ အကြမ်းဖျင်း ဆွေးနွေးတိုင်ပင်လိုက်သည်။ ထို့နောက် အမျိုးမျိုးသော တာဝန်များကို ပေးအပ်တော့လေသည်။
လူများ တစ်သုတ်ပြီးတစ်သုတ် ပေးဝေလာသည့် တာဝန်အရ ထွက်သွားကြလေသည်။ ထို့နောက်တွင် နန်းတော် ဆောက်လုပ်ရန်အတွက် စတင် ပြင်ဆင်ကြတော့လေသည်။ ထို့အတွက်ကြောင့်ပင်လျှင် နန်းတော်တစ်ခုလုံးမှာ စတင်၍ အသက်ဝင်လာတော့လေသည်။
မိုးသောက် အရုဏ်တက်ချိန်သို့ ရောက်သော် လူတိုင်းမှာ ကိုယ့်တာဝန်နှင့်ကိုယ် အလုပ်ရှုပ်နေကြပြီး ရန်ကိုင်၊ လျုစန်းနျန်နှင့် သူမသမီးသည်သာ ဘာမျှ မလုပ်ဘဲ ရပ်နေကြခြင်း ဖြစ်လေသည်။ ယွမ်ဝူမှာ ရန်ကိုင်အား သွားရန်စလိုခြင်း မရှိသေးပေ။ ထိုအကြောင်းကြောင့်ပင်လျှင် လျုစန်းနျန်နှင့် သူ့သမီးကိုပင် လစ်လျူရှုထားခဲ့ခြင်း ဖြစ်လေသည်။
ယွမ်ဝူ ထွက်သွားပြီးသည့်နောက်တွင် လျုစန်းနျန်သည် ရန်ကိုင်ကို ကြည့်၍ ကူကယ်ရာမဲ့စွာဖြင့် မေးလိုက်လေ၏။ "မောင်လေးရန်၊ ငါတို့ အခု ဘာလုပ်ကြမလဲ"
လက်ရှိ အဖြစ်အပျက်များသည် သူမ မျှော်လင့်ထားသည့် ဘောင်အတွင်းတွင် ရှိမနေခဲ့ပေ။ သူမ ထင်ထားခဲ့သည်မှာတော့ ယွမ်ဝူလက်မှ လွတ်အောင် မနည်းလုပ်ရမည် ဟူ၍ပင်။ ကံမကောင်း၍ ဆိုးရွားသည့် အဆုံးသတ်နှင့် ကြုံရလျှင်ပင် ရင်ဆိုင်လိုက်မည်ဟု စိတ်ပိုင်းဆိုင်ရာအရ ပြင်ဆင်ထားသည်။ ယခုကဲ့သို့ ဖြစ်လာလိမ့်မည်ဟုတော့ သူမစိတ်ထဲ လုံးဝ မျှော်လင့်ထားခဲ့ခြင်း မရှိပေ။
ရန်ကိုင်၏ ကျေးဇူးကြောင့်ပင်လျှင် သူမတို့ သားအမိမှာ ယခုကဲ့သို့ အေးအေးဆေးဆေး နေနိုင်ကြခြင်း ဖြစ်လေသည်။ တစ်ချိန်တည်းတွင် လီကျောက်သည် အနည်းငယ်မျှပင် စိတ်မပူဘဲ သူတို့သားအမိအား ရန်ကိုင်လက်ထဲ ဘာကြောင့် အပ်သွားခဲ့သလဲ ဆိုသည်ကို နားလည်ခဲ့ရလေသည်။ လီကျောက်သည် ရန်ကိုင် မည်မျှ အားကောင်းကြောင်းကို သိထားခဲ့ရပေလိမ့်မည်။ ထိုအကြောင်းကြောင့်ပင်လျှင် သူတို့နှစ်ဦးကို ရန်ကိုင်လက်ထဲ အပ်ထားခဲ့ရသည့်အပေါ် အနည်းငယ်မျှပင် စိတ်မပူခြင်း ဖြစ်လေသည်။
"ကျုပ် အစ်မလျုကို မေးချင်တာလေး တစ်ခုရှိတယ်" ရန်ကိုင်က လျုစန်းနျန်ဘက်သို့ လှည့်၍ မေးလိုက်သည်။
"မေးလေ" လျုစန်းနျန်သည် ရန်ကိုင်အား ပြန်ပြောလိုက်လေသည်။ ယခုဆိုလျှင်တော့ လျုစန်းနျန်မှာ ရန်ကိုင်အား သူမနှင့် အဆင့်တူသူ တစ်ဦးသဖွယ် မသတ်မှတ်ရဲတော့ချေ။ ယခင်က ရန်ကိုင်အရှေ့တွင် လုံးဝကို အေးအေးဆေးဆေး နေနိုင်ခဲ့ခြင်းမှာ သူမတို့နှစ်ဦးစလုံး၏ ကျင့်ကြံခြင်းသည် အတူတူသာ ဖြစ်ကြသည့်အတွက်ကြောင့် သူမတို့၏ ခွန်အားမှာလည်း ထိုမျှ ကွာခြားလိမ့်မည်ဟု မထင်သည့်အတွက်ကြောင့်ပင်။ သို့သော်ငြား ယနေ့ ရန်ကိုင် ထုတ်ပြသွားသည့် ခွန်အားကို မြင်ပြီးသည့်နောက် ရန်ကိုင်သည် သူမ သွား၍ ရင်ပေါင်တန်း ရပ်တည်နိုင်သည့် လူတစ်ဦး မဟုတ်မှန်း နားလည်သွားခဲ့လေသည်။
ရန်ကိုင်ကမူ ထိုအချက်များကို ဂရုစိုက်မနေခဲ့ဘဲ တစ်ခဏမျှ တိတ်နေပြီးသည့်နောက် မေးလိုက်လေသည်။ "အစ်မလျု ဒီမှာ နေလာတာ ကြာပြီဆိုတော့၊ ကျူချင်းလို့ ခေါ်တဲ့ နဂါးတစ်ကောင်အကြောင်းကို ကြားဖူးလား"
"နဂါးကလန်ရဲ့ ကျူကလန်လား" လျုစန်းနျန် ကြောင်သွားလေသည်။
"ဟုတ်တယ်" ရန်ကိုင်က ခေါင်းညိတ်လိုက်သည်။
"အဲဒီနာမည်ကို တစ်ခါမှ မကြားဖူးဘူး" လျုစန်းနျန်က ခေါင်းခါလိုက်သည်။ "ငါ ဒီမှာနေတာ နှစ်နှစ်ရာ သုံးရာကျော်ရှိနေပြီ ဆိုပေမဲ့ ငါ နေတဲ့နေရာကနေ တစ်ခါမှ ထွက်မသွားရဘူး၊ ဒီတော့ နဂါးနန်းတော်အကြောင်းကို ဒီလောက် ဘာမှ သိပ်မသိဘူး"
"ကျုပ် သိပြီ" ရန်ကိုင် အနည်းငယ် စိတ်ပျက်သွားခဲ့သည်။ လျုစန်းနျန်သည် ဤနေရာတွင် အချိန်အတန်ကြာအောင် နေခဲ့သည့်အတွက်ကြောင့် နဂါးကလန်အကြောင်းကို သိလိမ့်မည်ဟု ထင်ခဲ့ပေသည်။ အနည်းဆုံး သူ့အား လမ်းကြောင်းညွှန်ပေးနိုင်လိမ့်မည်ဟု ထင်ခဲ့၏။ သို့သော်ငြား လျုစန်းနျန်မှာ အကျဉ်းသားတစ်ဦးသာ ဖြစ်သည့်အတွက်ကြောင့် နဂါးနန်းတော်အကြောင်း ဘာဆိုဘာမျှ သိလိမ့်မည် မဟုတ်ဟု ရန်ကိုင် မည်သို့များ ထင်ထားခဲ့ပါမည်နည်း။
လျုစန်းနျန်မှာ အနည်းငယ် အံ့အားသင့်နေခဲ့လေသည်။ "မောင်လေးရန်က နဂါးကလန်က တစ်ယောက်ယောက်ကို သိနေတာလား"
[သိရုံတင် မဟုတ်သေးဘူး၊ ငါ့မိန်းမပါ ဖြစ်နေတာဟေး]
ရန်ကိုင်သည် ထိုစကားလုံးများကို သူ့စိတ်ထဲတွင်သာ တွေးလိုက်ပြီး အပြင်သို့ ထုတ်မပြောခဲ့ပေ။ "အပြင် တစ်ချက်လောက် သွားလိုက်ဦးမယ်၊ အစ်မလျုရော လိုက်ချင်လား"
ထိုစကားကို ကြားပြီးသည့်နောက် လျုစန်းနျန် ကြောက်လန့်သွားခဲ့ပြီး အလန့်တကြားဖြင့်..."အပြင်သွားမလို့လား၊ ဘယ်သွားမလို့လဲ"
"ဒီအတိုင်းပဲ လျှောက်ပတ်ကြည့်မလို့"
"သွားလို့ မရဘူးနော်" လျုစန်းနျန်၏ အမူအရာသည် ရုတ်ချည်း ပြောင်းလဲသွားခဲ့လေသည်။ ဘေးဘီဝဲရာကို လှည့်ပတ်ကြည့်လိုက်ပြီးသည့်နောက် အနီးနားတွင် မည်သူမျှ မရှိမှန်း သေချာသွားသည့်အခါ တိုးတိုးလေး ပြောလိုက်လေသည်။ "မောင်လေးရန် နင်အားကောင်းမှန ငါ သိတယ်၊ ဒါပေမဲ့ ဒါက နဂါးနန်းတော်နော်၊ ဒီမှာ နဂါးတွေ နေနေကြတာ၊ နင့်ကိုသာ နဂါးကလန်က ရှာတွေ့သွားရင်"
ရန်ကိုင်က ပြုံးလျက် "ထွက်သွားတဲ့လူတွေက အများကြီးပဲကို၊ ကျုပ်တို့ကို နဂါးကလန်က ရှာတွေ့သွားလည်း ဘာမှ မဖြစ်ဘူး"
အစောပိုင်းက လူနှစ်ရာကျော်မက အမျိုးမျိုးသော ပစ္စည်းများကို ရှာဖွေရန်အတွက် သက်ဆိုင်ရာ ကျွန်းအသီးသီးဆီသို့ ထွက်သွားကြလေသည်။ ထိုလူများသည် အရပ်မျက်နှာပေါင်းစုံသို့ ထွက်သွားကြခြင်း ဖြစ်လေရာ ရန်ကိုင်အနေဖြင့် ထိုအခွင့်အရေးကို အကောင်းဆုံး အသုံးချရပေလိမ့်မည်။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၃၀၃၄)
ဘာသာပြန်သူ_တိမ်တိုက်
သေချာစဉ်းစားကြည့်လိုက်သည့်နောက် ရန်ကိုင်ပြောသည်မှာ ယုတ္တိရှိကြောင်း လျူစန်းနျန် တွေးမိသွားခဲ့လေသည်။ ယခင်ကသာဆိုလျှင်တော့ ဤကဲ့သို့ လုပ်လို့ရလောက်လိမ့်မည်မဟုတ်ချေ။ ယခင်က လူသားနှင့် မွန်းစတားမျိုးနွယ်များကို သက်ဆိုင်ရာ နေရာတွင်သာ နေခွင့်ပေးကြပြီး ထိုနေရာမှ ဝေးဝေးလံလံသို့ သွားခွင့်မပြုကြချေ။
သို့ရာတွင် ယခုကဲ့သို့ နန်းတော်ဆောက်လုပ်နေဆဲအခါမျိုး၌ ဤနေရာရှိလူအများမှာ လိုအပ်သည့်ပစ္စည်းများကို ရှာဖွေရန်အတွက် အခြားသောကျွန်းများဆီသို့ သွားနေရသည့်အတွက်ကြောင့် ရန်ကိုင်အနေဖြင့် သူ့ဘာသာသူ အပြင်သို့ လျှောက်သွားမည်ဆိုလျှင်ပင် အကြောင်းပြချက်ကောင်းကောင်း ပေးလို့ရပေပြီ။ သို့တိုင် လျူစန်းနျန်မှာတော့ စိတ်ပူနေမိသေး၏။ “ဒါပေမယ့်…”
ရန်ကိုင်က ဆက်မပြောရန် သူ့လက်ကိုမြှောက်၍ အချက်ပြလိုက်ပြီးသည့်နောက် ပြန်ပြောလိုက်လေ၏။ “လိုက်မယ်ဆိုရင်လိုက်လေ… ကျုပ် အခုပဲ သွားတော့မလို့…”
ရန်ကိုင်သည် ဤကျွန်းပေါ်တွင် ဆက်နေနေရန် မစဉ်းစားထားချေ။ သူ ဤနေရာသို့ ရောက်လာသည်မှာ ကျုချင်းကို ရှာရန်အတွက်သာ ဖြစ်လေသည်။ ထို့အတွက်ကြောင့် ယခုကဲ့သို့ မည်သူမျှ သူ့အား အာရုံစိုက်မနေချိန်တွင် ရန်ကိုင်သည် ကျုချင်းအား ရှာပုံတော်ထွက်ရပေလိမ့်မည်။
ရန်ကိုင်မှာ ယခုကိစ္စနှင့်ပတ်သက်၍ စိတ်ဆုံးဖြတ်ထားပြီးသွားပြီမှန်း လျူစန်းနျန်သိပေသည်။ ထိုအကြောင်းကြောင့် တစ်ခဏမျှ စဉ်းစားနေပြီးသည့်နောက် ပြန်၍ ပြောလိုက်လေ၏။ “မလိုက်တော့ဘူး… သွားရင်လည်း သတိထားဦးနော်…”
သူမ၏ကျင့်ကြံခြင်းမှာ မဆိုးလှပါသော်ငြား လျူယုချင်းမှာ အတော်လေးကိုမှ အားနည်းလှသည်။ ထို့အတွက်ကြောင့် သူမတို့သည်သာ သူ့နောက်သို့ လိုက်သွားပါက ရန်ကိုင်ကိုသာ ဝန်ထုပ်ဝန်ပိုး ဖြစ်စေပေလိမ့်မည်။ အန္တရာယ်တစ်ခုခုနှင့် ကြုံရ၍ ရန်ကိုင်အနေဖြင့် ထွက်ပြေးဖို့ရာဖြစ်လာခဲ့သော် သူမတို့နှစ်ဦးသည်သာ လိုက်သွားခဲ့မည်ဆိုလျှင် ရန်ကိုင်အပေါ် ဝန်ထုပ်ဝန်ပိုး ဖြစ်စေပေလိမ့်မည်။ ရန်ကိုင်တစ်ဦးတည်းသာဆိုလျှင် သူ့ဘာသာသူ ထွက်ပြေးရန် ပိုမိုလွယ်ကူပေလိမ့်မည်။
ရန်ကိုင်က မျက်မှောင်ကျုံ့လျက် တစ်ခုသောဘက်သို့ ကြည့်၍ “ဒါပေမယ့် ယွမ်ဝူ…”
ရန်ကိုင်သာ တစ်ကိုယ်တည်းထွက်သွားမည်ဆိုပါက ယွမ်ဝူသည် ဤသားအမိနှစ်ယောက်ကို လာပြဿနာရှာနိုင်ပေသည်။ ဤသည်မှာ ရန်ကိုင်စိတ်ပူနေသည့်ကိစ္စ ဖြစ်ပေသည်။ လီကျောက်သည် ထွက်မသွားခင် လျူစန်းနျန်တို့သားအမိကို ရန်ကိုင်လက်ထဲသို့ အပ်ခဲ့လေသည်။ ထို့အတွက်ကြောင့် ရန်ကိုင်လည်း သူမတို့နှစ်ဦးအား ဤအတိုင်း မထားခဲ့လိုချေ။ သူ့အနေဖြင့် လျူစန်းနျန်နှင့် သူမသမီးကို လောကဓာတ်လုံးထဲသို့ ထည့်၍ ခေါ်သွားလို့ရပါသော်ငြား ဖြစ်နိုင်လျှင် ရန်ကိုင်အနေဖြင့် လောကဓာတ်လုံးကို အတတ်နိုင်ဆုံး ထုတ်မသုံးလိုပေ။
လျူစန်းနျန်က ပြုံးလျက် “မောင်လေးရန်စိတ်ပူနေစရာမလိုဘူး… ငါဒီမှာနေလာတာ နှစ်နဲ့ချီနေပြီ… ငါသာပုန်းချင်တယ်ဆိုရင် ယွမ်ဝူ ငါ့ကို ရှာတွေ့နိုင်မှာမဟုတ်ဘူး…”
ထိုစကား သူမပါးစပ်မှ ထွက်သွားသည်နှင့်တစ်ပြိုင်နက် သူ၏ခန့်မှန်းချက် မှန်ကန်နေပြီဖြစ်ကြောင်း ရန်ကိုင် ချက်ချင်း နားလည်သွားခဲ့လေသည်။ ဤကျွန်းသည် လျူစန်းနျန်အား လွန်စွာကိုမှ ဒုက္ခရောက်အောင်လုပ်ခဲ့သည့် နဂါးကလန်သားနေသည့်နေရာ ဖြစ်ပေသည်။ ထိုသို့ဆိုလျှင် သူ့အနေဖြင့် ဘာကိုမှ စိတ်ပူနေစရာမလိုတော့ချေ။ ရန်ကိုင်သည် ကျွန်းတစ်ဖက်ဆီသို့ လှမ်းမျှော်ကြည့်လိုက်ရင်းမှ မေးလိုက်လေ၏။ “ဒီကျွန်းရဲ့ပိုင်ရှင်နာမည်က ဘယ်လိုခေါ်လဲ…”
လျူစန်းနျန်သည် တစ်ခဏမျှ တိတ်နေပြီးသည့်နောက် တိုးတိုးလေး ပြန်ပြောလိုက်လေ၏။ “ဖုချီ…”
ပြောနေရင်းမှ သူမ၏ခန္ဓာကိုယ် မသိမသာလေး တုန်ရီသွားခဲ့လေသည်။ ကြည့်ရသလောက် ထိုနာမည်ကို ပြောမိလိုက်ပြီးနောက် အတိတ်ကအကြောင်းအရာများကို ပြန်သတိရလိုက်သည့်ပုံပင်။
“သူ့ရဲ့နဂါးသွေးကြောက ဘယ်အဆင့်မှာလဲ…”
“အဆင့်ရှစ်နဂါးသွေးကြော… သူက မိုးကြိုးနဂါးတစ်ကောင်ပဲ…”
ရန်ကိုင် ခေါင်းညိတ်လိုက်သည်။ “ကျုပ်နားလည်ပြီ…”
အဆင့်ရှစ်နဂါးသွေးကြောသည် နိမ့်ကျခြင်မရှိပေ။ ထို့အတွက်ကြောင့် ဖုချီသည် နဂါးကလန်ထဲ အတော်လေးကိုမှ အဆင့်အတန်းမြင့်သူတစ်ဦး ဖြစ်ရပေလိမ့်မည်။ ကျုလဲ့သည်ပင်လျှင် အဆင့်ရှစ်နဂါးသွေးကြောကိုသာ ပိုင်ဆိုင်ထားလေသည်။ ယခင်ကဆိုလျှင် ကျုချင်းသည်လည်း ထိုအဆင့်တွင်ဖြစ်ခဲ့သည်။ သို့သော်ငြား ရန်ကိုင်၏အကူအညီကြောင့် အဆင့်ကိုးနဂါးသွေးကြောကို ပိုင်ဆိုင်သွားခဲ့လေရာ ယခုဆိုလျှင် ကျုချင်းသည် နဂါးကလန်၏ အကြီးအကဲချုပ်တစ်ဦး ဖြစ်လာဖို့ရာ သိပ်မဝေးတော့ပေ။
“မောင်လေးရန် သွားချင်တယ်ဆိုရင် သွားလေ… ငါတို့ကို စိတ်ပူမနေနဲ့… ငါတို့ဘာသာငါတို့ အဆင်ပြေတယ်…”
ရန်ကိုင်က ခေါင်းညိတ်လိုက်သည်။ “ဒါဆိုရင်လည်း ဂရုစိုက်ကြဦးနော်… ကျုပ် ရက်နည်းနည်းကြာရင် ပြန်လာခဲ့မယ်…” ထိုသို့ပြောပြီးသည့်နောက် ရန်ကိုင်သည် ကောင်းကင်ပေါ်သို့ ပျံတက်ပျောက်ကွယ်သွားခဲ့လေသည်။
ရန်ကိုင်၏လှုပ်ရှားမှုများကို မည်သူမျှ သိပ်၍ သတိမထားမိခဲ့ကြပေ။ ယွမ်ဝူနှင့် အခြားသူများမှာ နန်းတော်ဆောက်ရမည့်ကိစ္စနှင့်ပတ်သက်၍ အလုပ်ရှုပ်နေသည့်အတွက်ကြောင့် ရန်ကိုင်အား အာရုံစိုက်နေရန် အချိန်မရှိပေ။
ယခုအချိန်တွင်တော့ ကောင်းကင်မှာ အတော်လေးကိုမှ တောက်ပနေခဲ့လေပြီ။ ရန်ကိုင်သည် မည်သည့်နေရာသို့သွား၍ အစရှာရမှန်း မသိသည့်အတွက်ကြောင့် ပထမဦးစွာအနေဖြင့် ကောင်းကင်စိတ်အာရုံကိုဖြန့်ကျက်၍ ပတ်ဝန်းကျင်ကို စစ်ဆေးကြည့်သွားရုံသာ တတ်နိုင်လေသည်။
နဂါးနန်းတော်ထဲရှိ ကျွန်းများသည် ညအာကာယံထက်တွင် ရှိနေသည့် ကြယ်များနှယ် ပင်လယ်ပြင်အနှံ့ ပြန့်ကျဲစွာ တည်ရှိနေကြလေသည်။ ကျွန်းတစ်ကျွန်းချင်းစီတိုင်းသည် အလွန်ကိုမှ မိုးမြေစွမ်းအင်သိပ်သည်းလှပြီး ကောင်းမွန်လှသော ပတ်ဝန်းကျင်ကို ပိုင်ဆိုင်ထားကြသည်။ ထို့အပြင် ကျွန်းတစ်ကျွန်းလုံးအနှံ့ ထူးဆန်းသော အံ့အားသင့်ဖွယ်ရာအပင်များနှင့်လည်း ပြည့်နေကြပေသေးသည်။ ရန်ကိုင်သည် ပုံမှန်အားဖြင့် အတော်လေးကိုမှ ကြွယ်ဝချမ်းသာသူတစ်ဦး ဖြစ်ပါသော်ငြား ဤကဲ့သို့သော မြင်ကွင်းကို မြင်တွေ့လိုက်ရပြီးသည့်နောက် အတော်လေးကိုမှ အံ့ဩခဲ့ရပေသေးသည်။ နဂါးကလန်ချမ်းသာမှန်း ရန်ကိုင်သိပေသည်။ သို့သော်ငြား မည်မျှချမ်းသာသလဲဆိုသည်ကိုတော့ ကိုယ်တိုင်ကိုယ်ကျ မြင်ရမှသာလျှင် သိနိုင်ပေလိမ့်မည်။
ထို့အပြင် ကျွန်းတော်တော်များများပေါ်၌ မည်သည့်သက်ရှိအရှိန်အဝါကိုမှ ရန်ကိုင် မခံစားမိပေ။ တစ်နည်းဆိုရသော် ထိုကျွန်းများတွင် အစောင့်အကြပ် မရှိကြချေ။ လက်ရှိအချိန်တွင် ကျုချင်းအား ရှာဖွေရေးတွင်သာ အာရုံစိုက်နေရသည့်အတွက်ကြောင့်သာ မဟုတ်ပါက ရန်ကိုင်အနေဖြင့် ထိုကျွန်းများဆီသို့ ဆင်းကာ အဖိုးတန်ရတနာများကို လိုက်လံရှာဖွေမိပေလိမ့်မည်။ ကံမကောင်းစွာဖြင့် လက်ရှိအချိန်တွင် ကျုချင်းအား ရှာဖွေဖို့ရာမှာ ဦးစားပေးဖြစ်သည့်အတွက်ကြောင့် ရန်ကိုင်သည် အခြားကိစ္စများအပေါ် အာရုံမရောက်နိုင်သေးချေ။
အမျိုးမျိုးသော ရှားပါးလှသည့် ဆေးပင်များအပြင် ကျွန်းများပေါ်၌ မရေမတွက်နိုင်အောင် များပြားလှသော ရှားပါးလှသည့် သတ္တုတွင်းများလည်း ရှိနေကြပေသေးသည်။ ဥပမာပြရသော် အရင်းအမြစ်ကျောက်တွင်းများပင်။ တွင်းများကို လာတူးမည့်သူ မည်သူမှမရှိ။ ရန်ကိုင်သာ ဆန္ဒရှိလျှင် ထိုကျွန်းပေါ်ဆီသို့ ဆင်းသွားကာ ထိုသတ္တုတွင်းကို သွားတူးနိုင်ပေသည်။ မည်သူမှ သူ့အား လာတားလိမ့်မည်မဟုတ်ပေ။ သို့တိုင် ထိုကဲ့သို့သောအရာများကို မည်သူမျှ ဂရုစိုက်နေခြင်း မရှိကြ။
ထိုအချက်များကို မြင်တွေ့ပြီးသည့်နောက်တွင် နဂါးကျွန်း၏ ကြွယ်ဝချမ်းသာမှုသည် ကြယ်တာရာအစုအဝေးထဲရှိ ထိပ်တန်းဂိုဏ်းများသည်ပင်လျှင် ယှဉ်နိုင်သည့်အရာမျိုး မဟုတ်မှန်း ရန်ကိုင် နားလည်သွားခဲ့ရသည်။ မဟာဧကရာဇ်များ တည်ထောင်ထားသော ဂိုဏ်းများသည်ပင်လျှင် နဂါးကလန်၏ ကြွယ်ဝချမ်းသာမှုကို ယှဉ်နိုင်ခြင်း မရှိကြချေ။ ထို့အတွက်ကြောင့် နန်းတော်တစ်ခုဆောက်ရန်အတွက် ဤမျှအဖိုးတန်လှသော ပစ္စည်းများကို သုံးဖြုန်းပစ်ခဲ့သည်မှာ အထူးအဆန်းမဟုတ်တော့ချေ။
ထိုအချိန်အတောအတွင်း ရန်ကိုင်သည် ကျွန်းတစ်ကျွန်းပြီးတစ်ကျွန်းကို လိုက်ရှာနေခဲ့လေသည်။ သို့သော်ငြား မည်သည့်သက်ရှိကိုမှ ရှာတွေ့ခြင်းမရှိခဲ့။ နောက်ဆုံး နေ့ဝက်လောက်ကြာပြီးသည့်အခါမှသာ သက်ရှိများ၏အရိပ်အယောင်ကို ကျွန်းတစ်ကျွန်းပေါ်၌ သွားတွေ့ရလေသည်။
ထိုသို့ဖြစ်ရခြင်းမှာ ထိုကျွန်းသည် နဂါးတစ်ကောင်နေနေသည့် ကျွန်း ဖြစ်သည့်အတွက်ကြောင့်ပင်။ ကျွန်းပိုင်ရှင်မှာ ကျုကလန်မှလား ဖုကလန်မှလား ဆိုသည်ကိုတော့ ရန်ကိုင်လည်းမပြောတတ်ချေ။ သို့သော်ငြား ထိုကျွန်းဆီမှ ရန်ကိုင်ခံစားမိနေသည့်အရှိန်အဝါမှာ အားကောင်းလှခြင်း မရှိသည့်အတွက်ကြောင့် ရန်ကိုင်လည်း သွားစစ်ဆေးကြည့်တော့လေ၏။
ကျွန်းပေါ်တွင် ရှိနေသည့်လူများမှာ အမျိုးသမီးများသာ ဖြစ်ကြလေသည်။ အကုန်လုံးမှာ ချောမောလှပကြပြီး အနည်းဆုံး အယောက်တစ်ရာခန့်ရှိပေသည်။ ထိုလူအားလုံးမှာ ချောမောလှပသည့် ရုပ်ရည်ကို ပိုင်ဆိုင်ထားကြသည့်တိုင် ကျင့်ကြံခြင်းမှာတော့ တစ်ဦးနှင့်တစ်ဦး ကွာခြားကြပေသည်။
ထိုအမျိုးသမီးများသည် နဂါးကလန်မှ ဖမ်းဆီးခေါ်ဆောင်လာခဲ့သည့် အမျိုးသမီးများ ဖြစ်မည်မှန်း ရန်ကိုင် နားလည်လိုက်လေသည်။ လျူစန်းနျန်ကဲ့သို့ပင် ထိုအမျိုးသမီးများသည်လည်း ဤကျွန်းပေါ်တွင် အကျဉ်းချခံထားရခြင်း ဖြစ်လေသည်။
ထိုအမျိုးသမီးများကြား ပြိုင်ဆိုင်မှုများလည်း ပြင်းထန်သည့်ပုံပင်။ သို့သော်ငြား အမျိုးသမီးတော်တော်များများမှာ မလုံ့တလုံသာ ဝတ်ဆင်ထားကြလေသည်။ အချို့ဆိုလျှင် ထွင်းဖောက်မြင်နိုင်သည့် အဝတ်ပါးပါးလေးများကိုသာ ဝတ်ဆင်ထားကြလေ၏။ သူတို့၏ နှင်းဖြူရောင်အသားအရေများမှာ ရန်ကိုင်ရှေ့ ဘွားဘွားဘွင်းဘွင်းကို ပေါ်နေခဲ့လေသည်။
သို့သော်ငြား ဤနေရာ၏ပိုင်ရှင်ဖြစ်သည့် နဂါးကလန်သား၏ အရှိန်အဝါကိုတော့ မည်သည့်နေရာတွင်မှ မခံစားရချေ။ ထိုနဂါး မည်သည့်နေရာသို့ သွားနေသလဲဆိုသည်ကိုလည်း မည်သူမျှ မသိကြ။ သို့တိုင် ဤနေရာသည် ကျုချင်းနေနေသည့်နေရာမဟုတ်မှန်းတော့ ရန်ကိုင်ပြောနိုင်ပေသည်။ ကျုချင်းသည် နဂါးမတစ်ကောင် ဖြစ်သည့်အတွက်ကြောင့် ဤအမျိုးသမီးများကို ယခုကဲ့သို့ ဖမ်းခေါ်ထားစရာအကြောင်း မရှိပေ။
သူရှာနေသည့်လူကို မတွေ့မှန်း သိလိုက်ရသည့်နောက် ရန်ကိုင်လည်း ထိုကျွန်းဆီမှ ပြန်ထွက်လာခဲ့ပြီး အခြားသောကျွန်းများအား လိုက်လံရှာဖွေလေသည်။
ထိုသို့ဖြင့် တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးသွားခဲ့သည်။ ထိုရက်များအတောအတွင်း ရန်ကိုင်သည် ကျွန်းပေါင်းများစွာကို တွေ့ခဲ့ရပါသော်ငြား မည်သည့်နဂါးကလန်သားကိုမှ တွေ့ခဲ့ခြင်းမရှိချေ။ ရန်ကိုင်သည် သူ့လမ်းတွင် တွေ့ခဲ့ရသည့် ကျွန်းများအနက် သူ့ကိုပင် ကြောက်ရွံ့အောင်လုပ်နိုင်သော အလွန်တရာကိုမှ အားကောင်းလှသည့် အရှိန်အဝါကို ထုတ်ဖော်နေသည့် ကျွန်းတစ်ကျွန်း နှစ်ကျွန်းမှလွဲ၍ ကျန်သည့်ကျွန်းအားလုံးကို ဝင်ရောက်စစ်ဆေးကြည့်ခဲ့ပေသည်။ သို့တိုင် ကျုချင်း၏ အရိပ်အယောင်ကိုပင် မတွေ့ရ။ ကျုလဲ့ကိုလည်း မတွေ့ရ။ ထိုမောင်နှမနှစ်ဦး မည်သည့်နေရာသို့ ရောက်လို့ရောက်နေမှန်း မသိသည့်အတွက်ကြောင့် ရန်ကိုင်မှာ အလွန်ကိုမှ စိတ်ညစ်နေရလေသည်။
တစ်ရက် ရန်ကိုင်၏မြင်ကွင်းထဲ ကျွန်းတစ်ကျွန်း ပေါ်လာခဲ့သည်။ ရန်ကိုင်လည်း ထိုကျွန်းပေါ်တွင် သက်ရှိများ၏ အရှိန်အဝါကို ခံစားမိလိုက်သည့်အတွက်ကြောင့် ထိုကျွန်းဆီသို့ ပျံသန်းသွားလေ၏။
နဂါးနန်းတော်ထဲတွင် ရှိနေကြသော ကျွန်းအများစုမှာ လူသူနေထိုင်ခြင်းမရှိသည့် ကျွန်းများ ဖြစ်ကြပေသည်။ ထို့အတွက်ကြောင့် သက်ရှိများနေထိုင်သည့်ကျွန်းများကို တွေ့ရခဲလှသည်။ ထိုအကြောင်းကြောင့်ပင်လျှင် ရန်ကိုင်သည် သက်ရှိများနေနေသည့် ကျွန်းအားလုံးကို ဝင်ရောက်စစ်ဆေးခဲ့ခြင်း ဖြစ်လေသည်။ သူ့အရှိန်အဝါကို တတ်နိုင်သမျှ ဖုံးကွယ်ရင်း ရန်ကိုင်သည် ထိုကျွန်းဆီသို့ ပြေးသွားလေသည်။
လွန်ခဲ့သည့်ရက်များအတွင်း နဂါးနန်းတော်ထဲ လျှောက်ပတ်သွားကြည့်ပြီးသည့်နောက် နဂါးကလန်၏ အကာအကွယ်များမှာ အလွန်ကိုမှ လျော့တိလျော့ရဲနိုင်လှမှန်း ရန်ကိုင်တွေ့ရှိခဲ့ရသည်။ ရှင်းရှင်းပြောရသော် သက်ရှိများ နေထိုင်နေကြသည့် ကျွန်းများပေါ်တွင်ပင်လျှင် မည်သည့်အကာအကွယ်အရံအတားကိုမှ ခင်းကျင်းထားခြင်း မရှိသည်ကို တွေ့လိုက်ရလေသည်။ ထို့အတွက်ကြောင့် ရန်ကိုင်အဖို့ ထိုကျွန်းများဆီသို့ ခိုးဝင်ရန်မှာ မခက်လှ။ သူ့အနေဖြင့် လုပ်ဖို့လိုသည်မှာ သူ့အရှိန်အဝါကို မည်သူမှ သတိမထားမိလေအောင် အတတ်နိုင်ဆုံး ဖုံးကွယ်ထားရုံသာ ရှိလေသည်။
ထိုကျွန်းများပေါ်၌ မည်သည့်အကာအကွယ်အရံအတားကိုမှ မတွေ့ရသည်မှာလည်း အထူးအဆန်းတော့မဟုတ်။ နဂါးကလန်သည် အလွန်ကိုမှ မောက်မာကြသလို ဤနေရာသည် နဂါးနန်းတော်ဖြစ်လေရာ မည်သူကများ ခွင့်ပြုချက်မရဘဲ ဤနေရာသို့ လာရဲပါမည်နည်း။ လာရဲသည့်လူများသည် ကိုယ့်သေတွင်းကိုယ် တူးနေခြင်းသာ ဖြစ်လေသည်။ ထိုအကြောင်းကြောင့်ပင်လျှင် ရန်ကိုင်သည် ထိုကျွန်းများဆီသို့ မည်သူမျှမသိအောင် ခိုးဝင်နိုင်ခဲ့ခြင်း ဖြစ်လေ၏။
ကျွန်းပေါ်သို့ ရောက်လာပြီးသည့်နောက်တွင် ရန်ကိုင်သည် နန်းတော်တစ်ခုရှေ့သို့ ရောက်လာခဲ့လေသည်။ ထိုနန်းတော်၏အပြင်ပန်းမှာ အတော်လေးကိုမှ အိုဟောင်းနေခဲ့လေသည်။ သို့သော်ငြား အတွင်းပိုင်းများမှာတော့ အလွန်တရာကိုမှ သားနားလှလေ၏။ ထို့အပြင် နန်းတော်ထဲသို့ ဝင်ချည်ထွက်ချည် ပြုနေကြသော လူများကိုလည်း တွေ့နေရလေသည်။
ရန်ကိုင်စိတ်ထဲ ထူးဆန်သွားရသည့်အချက်မှာ ဤနန်းတော်ထဲ ဝင်ချေထွက်ချေ လုပ်နေကြသည့်လူအားလုံးမှာ အမျိုးသားများသာ ဖြစ်နေကြခြင်းပင်။ ထို့အပြင် ထိုအမျိုးသားများမှာလည်း ရုပ်ချောချောအမျိုးသားများ ဖြစ်ကြလေသည်။ ဤနန်းတော်ထဲ၌ အမျိုးသမီးတစ်ဦးကိုပင်လျှင် တွေ့ရခြင်းမရှိ။ ထို့အတွက်ကြောင့် ရန်ကိုင်စိတ်ထဲ အနည်းငယ် မယုံသင်္ကာ ဖြစ်သွားခဲ့လေသည်။ လက်ရှိ ဤနေရာသို့ လာရာလမ်းတစ်လျှောက်၌ ကြုံခဲ့ရသည့် ကျွန်းများပေါ်တွင် ရန်ကိုင်တွေ့ခဲ့ရသည့်လူများမှာ အများစုမှာ အမျိုးသမီးများသာ ဖြစ်ကြသည်။ ဤကျွန်းကျမှ ဘာကြောင့် ပြောင်းပြန်ဖြစ်နေရလေသနည်း။
ထိုအချက်ကို စဉ်းစားမိလိုက်သည့်အခိုက် ရန်ကိုင်စိတ်ထဲ စူးစမ်းလိုစိတ်တို့ ဖြစ်ပေါ်လာရတော့လေသည်။ ကျွန်းပေါ်တွင်ရှိနေသည့် လူများကို သတိထား၍ ရှောင်ရှားသွားရင်းမှ ရန်ကိုင်သည် အထဲသို့ ဆက်ဝင်လာလိုက်လေ၏။ တစ်ခုသောနေရာဆီသို့ ရောက်သော် အသံတစ်သံကို ရုတ်တရက် ကြားလိုက်ရလေသည်။
အသံကို သေသေချာချာ နားထောင်ပြီးသည့်နောက် အသံလာရာအတိုင်း လျှောက်လာလိုက်ရာ ခန်းမတစ်ခုရှေ့သို့ ရောက်လာခဲ့လေသည်။ လက်ရှိအချိန်တွင် ခန်းမထဲ ပွတ်သီးပွတ်သပ်လုပ်နေကြသော ခန္ဓာကိုယ်ပေါင်းများစွာ ရှိနေလေသည်။ ထို့အပြင် ခန်းမတစ်ခုလုံးထဲ ပုံမှန်မဟုတ်သည့် အနံ့များနှင့်လည်း ပြည့်နေလေ၏။ ထိုအနံ့များမှာ အလွန်ကိုမှ ပြင်းထန်လွန်းလှလေရာ ခန်းမအပြင်ဘက်တွင်ရပ်နေသည့် သူသည်ပင်လျှင် ထိုအနံ့ကို လှမ်းရနေခဲ့လေသည်။
အဆက်မပြတ် အော်ငြီးသံတို့မှာလည်း ညံမစဲအောင် ထွက်ပေါ်နေခဲ့သည်။ ထိုအသံများကို ကြားလိုက်သည့် မည်သူမဆို ရှက်သွေးဖြာသွားရနိုင်ပေသည်။ လွန်ခဲ့သည့်နှစ်ရက်အတောအတွင်း ရန်ကိုင်သည် ဤကဲ့သို့သောမြင်ကွင်းမျိုးနှင့် ကြိမ်ဖန်ပေါင်းများစွာ ကြုံခဲ့ရသည်။ နဂါးကလန်သားများ နေထိုင်ကြသည့် ကျွန်းအများစုပေါ်တွင် ယခုကဲ့သို့ချည်းသာ ဖြစ်လေ့ရှိကြပေသည်။ ထိုမျှလောက်သာဆိုလျှင်တော့ ရန်ကိုင်အနေဖြင့် ဤမျှ အံ့အားသင့်နေရလိမ့်မည်မဟုတ်ချေ။ ရန်ကိုင်အား အမှန်တကယ် ထိတ်လန့်နေစေသည့်အရာမှာ ခန်းမထဲတွင်ရှိနေသည့် လူအများစုမှာ အမျိုးသားများသာ ဖြစ်ကြပြီး အမျိုးသမီးဆို၍ တစ်ဦးတည်းသာ ရှိနေသည့်အတွက်ကြောင့်ပင်။
လက်ရှိအချိန်တွင် အမျိုးသမီးမှာ ရန်ကိုင်အား ကျောပေးထားခဲ့လေသည်။ နှင်းဖြူရောင်တောက်နေသည့် သူမ၏အသားအရေလေးမှာ ပန်းရောင်လေးသန်းနေခဲ့ပြီး ကိုယ်လုံးကိုယ်ပေါက်အချိုးအစားမှာလည်း ပန်းပုဆရာမှ သေသေချာချာ ထိုးထွင်းထားသည့်အလား အချိုးအစား ကျနလွန်းလှသည်။ လက်ရှိအချိန်တွင်တော့ သူမ၏နောက်တွင် အမျိုးသားတစ်ဦး ရောက်နေခဲ့ပြီး တတ်စွမ်းသမျှ အလုပ်ကြိုးစားနေခဲ့လေသည်။ အမျိုးသားနှစ်ဦးသည် သူမရှေ့တွင် ဒူးထောက်ရပ်နေကြပြီး တစ်ခုခုအား စုပ်နေလေ၏။ အလားတူပင် သူမဘေး၌ အမျိုးသားနှစ်ဦး ရှိနေသေးကြပြီး ထိုနှစ်ဦးမှာ သူမ၏လက်ချောင်းလေးများကို ကိုင်ကာ လျှာဖြင့် လျက်ပေးနေခဲ့လေသည်။
ထိုလူများအပြင် ခန်းမထဲ၌ ပြန့်ကျဲကာ မှောက်လျက်လဲ၍ ရှိနေကြသော အမျိုးသားများစွာလည်း ရှိနေကြလေ၏။ ထိုအမျိုးသားများဆီမှ ထွက်ပေါ်နေသည့် အရှိန်အဝါများမှာတော့ အလွန်တရာကိုမှ အားနည်းနေကြလေရာ မသိလျှင် သင်္ချိုင်းကုန်း ခြေတစ်လှမ်းနေသလားဟုပင် ထင်ရသည်အထိပင်။ ထိုလူများထဲ လူသားများ၊ မွန်းစတားမျိုးနွယ်များ၊ မွန်းစတားတစ်ပိုင်းများ အားလုံး ပါဝင်နေကြပါသော်ငြား အမျိုးသမီးဆီမှ ဖြာထွက်နေသည့် အရှိန်အဝါမှာတော့ သွေးသန့်နဂါးတစ်ကောင်ဆီမှ ဖြာထွက်နေသည့် အရှိန်အဝါမျိုး ဖြစ်လေသည်။
(ဒီအမျိုးသမီးက နဂါးတစ်ကောင်လား…) ရန်ကိုင်မှာ သူ့မျက်လုံးသူ မယုံချင် ဖြစ်နေခဲ့လေသည်။ နဂါးကလန်သားများ အလွန်ကိုမှ တဏှာရမ္မက်ကြီးကြောင်းကို ရန်ကိုင် ကိုယ်တိုင်ကိုယ်ကျ ကြုံတွေ့ခဲ့ရသလို လွန်ခဲ့သည့်နှစ်ရက်အတွင်းတွင်လည်း မျက်ဝါးထင်ထင် ကြုံခဲ့ရပေသည်။ သို့တိုင် ရန်ကိုင်မြင်ခဲ့ရသည့် နဂါးအများစုမှာ အထီးများသာ ဖြစ်ကြသည့်အတွက်ကြောင့် သိပ်၍ကိစ္စမရှိ။ ယခုမှသာလျှင် နဂါးမတစ်ကောင်မှ အမျိုးသားများစွာနှင့် ပျော်ပါးနေသည်ကို ရန်ကိုင် မြင်တွေ့ခဲ့ရခြင်း ဖြစ်လေသည်။
ရန်ကိုင်၏ဘဝတွင် အမျိုးမျိုးသော အဖြစ်အပျက်များ၊ မြင်ကွင်းပေါင်းများစွာဖြင့် ကြုံခဲ့ရဖူးပါသော်ငြား လက်ရှိ သူကြုံနေရသည့် မြင်ကွင်းမှာတော့ ရန်ကိုင်အား အသံတစ်ချက်ပင် မထွက်နိုင်တော့အောင်ကို မင်သက်နေစေခဲ့လေသည်။
ရုတ်တရက်ဆိုသလို အမျိုးသမီးသည် သူမလက်ကို ပြန်ဆွဲယူလိုက်ပြီး ဘေးနားတွင်ရှိနေသည့် အမျိုးသားအားလုံးကို တွန်းထုတ်လိုက်လေသည်။ ထိုသို့လုပ်ပြီးသည့်နောက် သူမနောက်တွင် ရပ်နေသည့်အမျိုးသားကို တွန်းလှဲကာ ထိုအမျိုးသားပေါ် တက်၍ မြင်းကစုန်ဆိုင်းစီးတော့လေ၏။ ထိုသို့လုပ်နေရင်းမှ ကာမပီတိအရသာကို အပြည့်အဝ ခံစားနေသည့်အလား ခေါင်းလေးကို အသာအယာ မော့ရင်း အောက်နှုတ်ခမ်းလေးကို ကိုက်ထားခဲ့သည်။ သူမ၏ မို့မောက်မောက်တောင်အစုံမှာတော့ သူမကိုယ်အလှုပ်အယွနှင့်အတူ နိမ့်ချည်မြင့်ချည် ဖြစ်နေခဲ့လေသည်။ ခဏအကြာတွင် အမျိုးသမီးဆီမှ အော်ငြီးသံနှင့်အတူ သူမ၏ခန္ဓာကိုယ်မှာ တဆတ်ဆတ် တုန်ရီသွားခဲ့လေသည်။ ထို့နောက် အထွဋ်အထိပ်ကာမအရသာကို ခံစားလိုက်ရသည့်အလား အောက်နှုတ်ခမ်းကို တင်းတင်းကိုက်လျက် မျက်လုံးလေးကို တင်းတင်းမှိတ်ချလိုက်လေ၏။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၃၀၃၅)
ဘာသာပြန်သူ_တိမ်တိုက်
ခန်းမထဲရှိ မျက်စိမမြင်သာ နားမခံသာစရာ အဖြစ်အပျက်များမှာ တဖြည်းဖြည်းနှင့် ရပ်တန့်သွားတော့လေသည်။
ခန်းမအပြင်ဘက်တွင်ရှိနေသည့် ရန်ကိုင်မှာတော့ ကျောက်ရုပ်ကြီးတစ်ရုပ်ပမာ လုံးဝကို ကြက်သေသေလို့ နေလေသည်။
အချိန်သည်ပင်လျှင် ရပ်တန့်သွားသည့်အလား ရန်ကိုင်မှာ ခန်းမထဲကိုသာ ကြောင်တောင်တောင်ဖြင့် စိုက်ကြည့်နေမိလေသည်။ ထိုစဉ် အမျိုးသမီး၏ ပိတ်နေသည့် မျက်လုံးများ ပွင့်လာခဲ့ပြီး ချောင်းကြည့်နေသည့် ရန်ကိုင်နှင့် အကြည့်ချင်းဆုံသွားလေသည်။ ထိုသို့အကြည့်ချင်းဆုံသွားသည့်အခိုက် ရန်ကိုင်မှာ ကြောက်ရွံ့မှုကြောင့် ရင်တဒုန်းဒုန်း ခုန်သွားခဲ့ပြီး ချက်ချင်း အသိပြန်ဝင်လာခဲ့လေ၏။ (သွားပြီ…)
ယနေ့မတိုင်ခင်အထိ ရန်ကိုင်သည် သူလက်ရှိအဆင့်သို့ ရောက်ရှိလာရန်အတွက် အမျိုးမျိုးသော အခက်အခဲပေါင်းစုံနှင့် ကြုံခဲ့ရပေသည်။ သို့သော်ငြား ယနေ့ သူကြုံလိုက်ရသည့်အရာသည် အလွန်တရာကိုမှ မယုံကြည်နိုင်ဖွယ် ကောင်းလွန်းလှသည့်အတွက်ကြောင့် သူခမျာ အတန်ကြာသည်အထိကို မင်သက်လို့နေခဲ့ရသည်။ ယခု နောက်ဆုံး အသိပြန်ဝင်လာသည့်အခါမှသာလျှင် ခန်းမထဲ၌ ယောက်ျားသားပေါင်းများစွာနှင့် ပျော်ပါးနေသည့် နဂါးမမှာ သူတို့အား နဂါးနန်းတော်သို့ ရောက်စဉ်က လာကြိုသည့် ဖုလင်မှလွဲ၍ အခြားမဟုတ်ကြောင်း တွေ့ရှိလိုက်ရလေသည်။
ဖုလင်၏ ပွင့်လာနေသည့်မျက်လုံးထဲ စူးရှသည့်အရိပ်အယောင်တို့ ဖြတ်ပြေးသွားခဲ့လေသည်။ ဖုလင်းသည်လည်း ရန်ကိုင်ရှိနေသည်ကို သတိထားမိသည့်ပုံပင်။ ထိုသို့ဖြစ်လေရာ ရန်ကိုင်အနေဖြင့် ဤနေရာတွင် မည်ကဲ့သို့များ ဆက်နေရဲပါဦးမည်နည်း။ ချက်ချင်း လေဟာနယ်နိယာမစွမ်းအားများကို အသက်သွင်း၍ ရပ်နေရာမှ ပျောက်ကွယ်သွားခဲ့လေသည်။
ဖုလင်သည် မျက်မှောင်ကျုံ့၍ ဖြည်းဖြည်းချင်း ထလာခဲ့သည်။ စေးပျစ်ပျစ်အရည်တို့သည် သူမ၏ပေါင်တံတစ်လျှောက် စီးကျလာလေ၏။ သို့တိုင် ဖုလင်ကမူ ထိုအရာများကို ဂရုစိုက်မနေခဲ့ပဲ လျစ်လျူရှုထားလိုက်သည်။ သူမခန္ဓာကိုယ်ကိုပင်လျှင် ဖုံးကွယ်ရန် ကြိုးစားခြင်း မရှိခဲ့ဘဲ အဝတ်ဗလာဖြင့် ဤအတိုင်း လမ်းလျှောက်ထွက်သွားလေသည်။ ထို့နောက်တွင် ရန်ကိုင် အစောပိုင်းကရပ်နေခဲ့သော နေရာဆီသို့ လှမ်း၍ ကြည့်လိုက်လေသည်။ ထိုနေရာတွင် မည်သူမျှ ရှိမနေကြောင်း တွေ့လိုက်သော် ဖုလင် မျက်မှောင်ကျုံ့သွားခဲ့ပြီး အဝေးတစ်နေရာဆီသို့ လှမ်း၍ကြည့်လိုက်သည်။ ထို့နောက် အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံ့လိုက်လေ၏။
ရန်ကိုင်သည် ပင်လယ်ပြင်ထက်တွင် ကသိကအောက်အမူအယာဖြင့် ပျံသန်းနေခဲ့လေသည်။ ကျုချင်းကိုရှာရန်အလို့ငှာ ထိုကျွန်းပေါ်ဆီသို့ ဆင်းသွားခဲ့ပါသော်ငြား ယခုကဲ့သို့အဖြစ်အပျက်မျိုးနှင့် ကြုံခဲ့ရလိမ့်မည်ဟု ထင်ထားခြင်း မရှိခဲ့။ ရန်ကိုင်သည် တမင်တကာ လာချောင်းကြည့်ခြင်းမဟုတ်ချေ။ မတော်တဆကြည့်လိုက်မိခြင်းသာ ဖြစ်လေသည်။ သို့သော်ငြား သူမြင်လိုက်ရသည့်မြင်ကွင်းများမှာ အလွန်တရာကိုမှ ထိတ်လန့်ဖွယ် ကောင်းလွန်းလှသည့်အတွက်ကြောင့် ရန်ကိုင်မှာ အတန်ကြာသည်အထိ အသိပြန်မဝင်နိုင်ခဲ့ဘဲ ထိုအရာများကိုသာ ငေးကြောင်ကြောင်ဖြင့် ရပ်ကြည့်နေမိလေ၏။
(သူ ငါ့ကို သတိထားမိသွားလောက်လား… သတိထားမိသွားလောက်တယ်… မဟုတ်ရင် သူ့အကြည့် ပြောင်းသွားစရာအကြောင်းမရှိဘူး… ဒါဆိုရင် သူ ငါ့ကို လာပြီး ပြဿနာရှာတော့မလားမသိဘူး…) နဂါးများ၏စိတ်နေစိတ်ထားအရ သူ့အား လာပြဿနာရှာနိုင်ချေမှာ အလွန်ကိုမှ များပေသည်။ ကံကောင်းစွာဖြင့် ဖုလင်သည် ရန်ကိုင်မည်သူမည်ဝါဖြစ်သလဲဆိုသည်ကို မသိသည့်အတွက်ကြောင့် ရန်ကိုင်အား မည်သို့ရှာရမလဲဆိုသည်ကို သိလိမ့်မည်မဟုတ်။ ထို့အပြင် ရန်ကိုင်တို့အဖွဲ့အား လာကြိုစဉ်က ရန်ကိုင်ကိုလည်း ဂရုမစိုက်ခဲ့ပေ။ ရန်ကိုင်ကဲ့သို့သော သာမန်လူတစ်ဦးမျိုးကို သူမအနေဖြင့် အထူးတလည် အရေးစိုက်စရာအကြောင်း ရှိမည်လား။ ထို့အတွက်ကြောင့် ရန်ကိုင်အနေဖြင့် ထိုကိစ္စအပေါ် သိပ်၍ တွေးပူနေစရာမလိုပေ။
ဤအမျိုးသမီး နေသည့်ပုံစံသည် အတော်လေးကိုမှ ဩချဖွယ်ကောင်းလှပါသော်ငြား သူမ၏ရုပ်ရည်နှင့် ကိုယ်လုံးကိုယ်ပေါက်မှာတော့ အမှန်တကယ်ကို အပြစ်ပြောစရာမရှိပေ။
အစောပိုင်းကမြင်လိုက်ရသည့်မြင်ကွင်းကို ပြန်စဉ်းစားမိလိုက်သည့်နောက် ရန်ကိုင် ရင်တဒုန်းဒုန်းခုန်သွားခဲ့ပြီး သူ့စိတ်ထဲ မဟုတ်တရုတ်အတွေးများ အလိုလို ထွက်လာရတော့လေသည်။ ထိုအကြောင်းများကို စဉ်းစားနေရင်းမှ ရန်ကိုင်မှာ ကျွန်းအချို့ကို လိုက်လံရှာဖွေခဲ့သည်။ သို့သော် အချည်းအနှီးသည်သာ။ ထို့အတွက်ကြောင့် အရင်ဦးစွာ ပြန်ရန်သာ ဆုံးဖြတ်လိုက်လေသည်။ သူထွက်လာသည်မှာ ရက်အတန်ကြာနေခဲ့ပြီ ဖြစ်သည့်အတွက်ကြောင့် လျူစန်းနျန်နှင့် သူမသမီး မည်ကဲ့သို့အခြေအနေ ရှိသလဲဆိုသည်ကို မသိရ။ ထို့အပြင် ယွမ်ဝူ ထိုနှစ်ဦးအား သွားပြဿနာရှာနေမလားဆိုသည်ကိုလည်း ရန်ကိုင်ခမျာ စိတ်ပူနေရပေသေးသည်။
နေ့ဝက်ကြာပြီးသည့်နောက်တွင် ရန်ကိုင် ကျွန်းဆီသို့ ပြန်ရောက်လာခဲ့လေသည်။ ကျွန်းပေါ်သို့ ခြေချလိုက်ပြီးသည့်နောက် လျူစန်းနျန်နှင့် သူမသမီးကို မတွေ့ကြောင်း တွေ့လိုက်ရသည်။ ထိုနှစ်ဦး ပုန်းများပုန်းနေသလား ထိုသို့မဟုတ်ဘဲ အခြားတစ်ခုခုများ လုပ်နေလေသလား ရန်ကိုင်မသိပေ။
ထိုနှစ်ဦးကို လိုက်ရှာတော့မည်အပြု ရေပွက်သံလေးများနှင့် ရယ်သံလေးများကို အနီးအနားရှိ ပင်လယ်ပြင်ဆီမှ ရန်ကိုင် ရုတ်တရက် ကြားလိုက်ရသည်။
အသံကြားရာဘက်သို့ လှမ်းကြည့်လိုက်ရာ လူနှစ်ဦး ပင်လယ်ထဲမှ ဖြည်းဖြည်းချင်းထွက်လာကြောင်း တွေ့လိုက်ရလေသည်။ ထိုနှစ်ဦးမှာ ရန်ကိုင်ရှာနေသည့် လျူစန်းနျန်နှင့် သူ့သမီးမှလွဲ၍ အခြားမဟုတ်ကြချေ။ ထိုနှစ်ဦး ပင်လယ်ထဲတွင် ဘာလုပ်နေလဲ ရန်ကိုင်မသိပါသော်ငြား သူပြန်ရောက်လာလာချင်းမှာပင် ထိုနှစ်ဦးသည်လည်း ပင်လယ်ထဲမှ ထွက်လာခဲ့သည်။ သို့သော်ငြား ရေစိုနေသည့်အတွက်ကြောင့် သူတို့နှစ်ဦး၏ အဝတ်အစားများမှာ ခန္ဓာကိုယ်နှင့် ပူးကပ်နေလေရာ သူတို့၏ လုံးကြီးပေါက်လှခန္ဓာကိုယ်များသည် ရန်ကိုင်၏မြင်ကွင်းထဲ အထင်းသား ထွက်ပေါ်နေခဲ့လေသည်။ ကောင်မလေး၏ခန္ဓာကိုယ်မှာ ဘာမှသိပ်မရှိသေးပါသော်ငြား လျူစန်းနျန်၏ ခန္ဓာကိုယ်မှာတော့ အမို့အမောက် အရှိုက်အဝန်းများနှင့် ပြည့်စုံနေလေ၏။
ထို့အတွက်ကြောင့် ရန်ကိုင်လည်း ငေးကြောင်ပြီး ရပ်ကြည့်မနေဘဲ ချက်ချင်း အကြည့်လွှဲဖယ်သွားလိုက်လေသည်။ သူ့စိတ်ထဲတွင်လည်း ထိုနှစ်ဦးအဆင်ပြေနေသည့်အပေါ် အနည်းငယ် စိတ်သက်သာရာ ရမိသွားလေ၏။
ရယ်သံများမှာ ဆက်၍ထွက်ပေါ်နေခဲ့လေသည်။ ရယ်သံမှာ အခြားမဟုတ် လျူယုချင်း၏ရယ်သံသာ ဖြစ်လေသည်။ သူမကြည့်ရသလောက် ပျော်စရာတစ်ခုခုအား ရှာတွေ့သွားသည့်အလား အဆက်မပြတ်ကို ရယ်မောနေခဲ့လေသည်။ ရုတ်တရက်ဆိုသလို ရန်ကိုင်ရှိနေသည်ကို သတိထားမိသွားသည့်အလား လျူယုချင်း၏ရယ်သံ ရပ်တန့်သွားခဲ့လေသည်။ အမျိုးသမီးနှစ်ဦးသည် အကြည့်ချင်းဖလှယ်လိုက်ပြီးသည့်နောက် သူတို့၏ချီအသီးသီးကိုသုံး၍ ခန္ဓာကိုယ်မှရေများကို ခြောက်အောင်လုပ်ကာ ရန်ကိုင်ဆီသို့ အမြန်ပျံသန်းလာလေ၏။
“မောင်လေးရန်…” လျူစန်းနျန်သည် မြေပေါ်သို့ ရောက်လာပြီးသည့်နောက် ရန်ကိုင်အား လှမ်း၍ နှုတ်ဆက်လိုက်လေသည်။ အစောပိုင်းကအဖြစ်အပျက်ကြောင့် လျူယုချင်းမှာတော့ အနည်းငယ်ရှက်နေခဲ့ကာ သူမအမေနောက်တွင် ပုန်းနေလေ၏။
ထိုအခါမှသာလျှင် ရန်ကိုင်သည် သားအမိနှစ်ဦးဘက်သို့လှည့်၍ ပြုံးကာ ခေါင်းညိတ်ပြလိုက်လေသည်။ “အစ်မလျူတို့ပျော်နေတာ ဝမ်းသာပါတယ်…”
ထိုသားအမိနှစ်ယောက် ရေထဲ ဆော့ကစားနေခြင်း ဖြစ်လိမ့်မည်ဟု ရန်ကိုင် တွေးမိသွားလေသည်။
လျူစန်းနျန်က ပြုံး၍ ပြန်မေးလိုက်သည်။ “မောင်လေးရန် အပြင်ထွက်သွားတာ ဘာတွေရလိုက်လဲ…”
ရန်ကိုင် ဘာကြောင့် အပြင်ထွက်သွားသလဲဆိုသည်ကို သူမ မသိပါသော်ငြား ရန်ကိုင်သည် အခြားသောရည်ရွယ်ချက်တစ်ခုခုကြောင့် ထွက်သွားရမည်မှန်းတော့ သိပေသည်။ သို့သော်ငြား ထိုကိစ္စကို ရန်ကိုင်ကိုယ်တိုင်မှ ရှင်းပြမလာသည့်အတွက်ကြောင့် သူမကိုယ်တိုင်သည်လည်း အသေးစိတ်သွားမေးနေ၍ အဆင်မပြေပေ။
“ကျုပ် ဒီတိုင်း လိုက်ပတ်ကြည့်နေရုံပဲ…” ရန်ကိုင်က ပြန်ပြောလိုက်သည်။
“နဂါးနန်းတော်က ရှုခင်းတွေက တော်တော်လှတာ… မောင်လေးရန် ခဏလောက်စောင့်ဦးနော်… ငါ ဒါလေးသွားပို့ပြီးသွားရင် ပြန်လာခဲ့မယ်…”
ရန်ကိုင်က မယုံသင်္ကာဖြင့် “သွားပို့ဖို့…”
“ဒါလေ…”
ပြောနေရင်းမှ လျူစန်းနျန်သည် ညလင်းပုလဲတစ်လုံးကို ထုတ်ပြလိုက်လေသည်။ ညလင်းပုလဲ၏အရွယ်အစားမှာ မသေးလှပဲ လူတစ်ဦး၏လက်သီးအရွယ်အစားခန့် ရှိနေခဲ့သည်။ ထိုညလင်းပုလဲသည် အရောင်မှိန်မှိန်လေး တောက်နေခဲ့ပြီး နွေးထွေးသည့်အငွေ့အသက်ကို ထုတ်လွှတ်ပေးနေခဲ့လေသည်။
ထိုညလင်းပုလဲကို မြင်လိုက်သည့်အခိုက် ရန်ကိုင်၏မျက်လုံးများ တောက်ပသွားခဲ့လေသည်။
ထိုညလင်းပုလဲမှာ လူတစ်ဦး၏ကျင့်ကြံခြင်းအတွက် မည်သို့မှ အသုံးမဝင်ပါသော်ငြား အမျိုးသမီးများသည် ဤကဲ့သို့သောအရာမျိုးကို နှစ်သက်လေ့ရှိကြပေသည်။ ထိုသို့ဖြစ်သည်မှာလည်း အထူးအဆန်းတော့မဟုတ်။ ဤကဲ့သို့သော ညလင်းပုလဲများကို မှောင်မိုက်နေသည့်နေရာမျိုးတွင် တန်ဆာဆင်ထားသည်မှာ အသင့်တော်ဆုံး ဖြစ်ကြသည် မဟုတ်ပေလော။ လူတော်တော်များများသည်လည်း အခန်းများကို မီးအလင်းပေးရန်အတွက် ညလင်းပုလဲများကို အသုံးပြုလေ့ရှိကြပေသည်။
“ဒီပုလဲက တကယ်ကို မဆိုးဘူးပဲ..” ရန်ကိုင်က ချီးကျူးလိုက်လေသည်။
လျူစန်းနျန်က ပြန်ပြောလိုက်သည်။ “ဒါက နဂါးနန်းတော်ကနေထွက်တဲ့ ပစ္စည်းတစ်မျိုးပဲ… ညလင်းပုလဲလို့ပဲ ခေါ်ကြတာပေါ့… ဒီလိုပုံစံတူပုလဲမျိုးကို အပြင်မှာသွားရှာဖို့က တော်တော်ခက်တယ်…”
“အစ်မလျူ ဒါကို ဘယ်သူ့ဆီ သွားပေးမှာလဲ…”
လျူစန်းနျန်၏ပုံစံမှာ သိပ်၍ ပုံမှန်မဟုတ်။ ခဏမျှ စဉ်းစားနေပြီးသည့်နောက်တွင် လျူစန်းနျန်က ပြန်ပြောလိုက်လေသည်။ “ယွမ်ဝူကို သွားပေးမလို့…”
ရန်ကိုင်၏အမူအယာ ချက်ချင်း သုန်မှုန်သွားခဲ့လေ၏။ “သူ အစ်မလျူကို ခိုင်းတာလား…”
ရန်ကိုင်ထွက်သွားစဉ်က ယွမ်ဝူသည် အခြားသောလူငါးရာကိုသာ တာဝန်ဝန်အသီးသီးခွဲဝေပေးခဲ့ပြီး ရန်ကိုင်၊ လျူစန်းနျန်နှင့် သူမသမီးကိုမူ ချန်ထားရစ်ခဲ့လေသည်။
(ငါထွက်သွားတာနဲ့ ဒီကောင် ဒီလိုမျိုးတွေ လုပ်လာလိမ့်မယ်လို့ မထင်ထားဘူး…) ရန်ကိုင်စိတ်ထဲ အတော်လေး ဒေါသထွက်နေခဲ့သည်။ (ကြည့်ရတာ ငါ ဒီကောင့်ကို ညှာပေးလိုက်မိတယ်နဲ့တူတယ်…)
ရန်ကိုင် ချက်ချင်းပဲ ကျွန်းလယ်ဆီသို့ ပျံသန်းသွားလေ၏။
ရန်ကိုင်၏လုပ်ရပ်ကို လျူစန်းနျန်မြင်သွားသော် ရန်ကိုင်ဘာတွေးနေသလဲဆိုသည်ကို ချက်ချင်း နားလည်သွားခဲ့ပြီး အလျင်စလို ရှင်းပြလိုက်လေ၏။ “အဲ့လိုမဟုတ်ဘူး… သူ ငါ့ကို အတင်းလာလုပ်ခိုင်းတာမဟုတ်ဘူး…”
“ဒါဆိုရင် ဘာလို့…” ရန်ကိုင်သည် လျူစန်းနျန်ကို မျက်မှောင်ကျုံ့၍ ကြည့်လိုက်လေသည်။
လျူစန်းနျန်က ပြန်ပြောလိုက်သည်။ “ငါ့ဘာသာငါ လုပ်ချင်လို့ လုပ်ပေးလိုက်တာ…”
(လုပ်ချင်လို့… ဘာလို့လုပ်ချင်ရတာလဲ…) ရန်ကိုင်က ပြန်ပြောလိုက်၏။ “အစ်မလျူ အဲ့လိုလုပ်စရာမလိုဘူးလေ… အစ်မလျူ ဘာမှမလုပ်ပေးလဲ သူ အစ်မလျူကို တစ်ခုခုလာလုပ်ရဲမှာမှမဟုတ်တာ…”
“ငါသိတယ်…” လျူစန်းနျန်က မဲ့ပြုံးပြုံးလျက် “ဒါပေမယ့် ငါ ဒီနေရာကနေ မြန်မြန်ထွက်သွားချင်တယ်လေ… နဂါးနန်းတော်က ငါတို့ကို တစ်လအချိန်ပေးထားတယ်… တစ်လအတွင်းမှာ နန်းတော်ကို အပြီးဆောက်ပေးနိုင်မယ်ဆိုရင် ဒီနေရာကနေ ထွက်သွားလို့ရပြီလေ…”
သူမ ရှင်းပြသည်ကို နားထောင်ပြီးသည့်နောက် လျူစန်းနျန် ဘာကြောင့် ဤကဲ့သို့လုပ်နေရသလဲဆိုသည်ကို ရန်ကိုင် နားလည်သွားတော့သည်။ ဤနေရာသည် သူမ၏အိပ်မက်ဆိုးဖြစ်ပေသည်။ ဤနေရာတွင် နေနေရသည့် အခိုက်အတန့်တိုင်းသည် သူမ၏အတိတ်မှတ်ဉာဏ်များကို ပြန်လည်နှိုးဆွပေးနေသည့်အတွက်ကြောင့် သူမအနေဖြင့် ဤနေရာတွင် အကြာကြီးမနေလိုသည်မှာ သဘာဝသာ ဖြစ်လေသည်။
ထိုအကြောင်းကို သိလိုက်သော် ရန်ကိုင်၏ဒေါသတို့ အတော်လေး ပြေပျောက်သွားခဲ့ရလေသည်။ လျူစန်းနျန်ကိုယ်တိုင် သူ့ဘာသာ သွားကူညီခြင်း ဖြစ်မည်ဆိုပါက ရန်ကိုင်လည်း ဘာမှမပြောနိုင်တော့ပေ။
“အဲ့လိုညလင်းပုလဲတွေကို သူတို့ ဘာလို့ လိုချင်နေရတာလဲ… မီးထွန်းဖို့လား….”
လျူစန်းနျန်က ခေါင်းညိတ်လိုက်သည်။ “ဟုတ်တယ်… ဒီလိုနန်းတော်တွေမှာ ညလင်းပုလဲတွေဆိုတာ မရှိမဖြစ်ပဲ… ပြီးတော့ ငါ ဒီကမ်းရိုးတန်းတစ်လျှောက်နဲ့ တော်တော်လေးရင်းနှီးတယ်လေ.. ဒီတော့ ညလင်းပုလဲတွေကို ဘယ်မှာရှာရမလဲ ငါသိပြီးသား… ဒီတာဝန်က ငါ့အတွက်တော့ ဘာမှ သိပ်ခက်တဲ့တာဝန်မျိုးမဟုတ်။ ဒါကြောင့်ပဲ ငါလည်း ဝင်ကူညီပေးလိုက်တာ…”
ထိုစဉ် လျူယုချင်းသည် လျူစန်းနျန်နောက်မှ ထွက်လာပြီး ဂုဏ်ယူဝံ့ကြွားစွာဖြင့် ပြောလိုက်လေသည်။ “အမေရှာတွေ့ထားတဲ့ညလင်းပုလဲတွေက အများကြီးပဲ…”
လျူစန်းနျန်သည် ဤနေရာတွင် နှစ်နှစ်ရာကျော်သုံးရာ ကြာအောင် နေခဲ့သည့်အတွက်ကြောင့် သူမအနေဖြင့် ကျွန်းအပြင်ဘက်သို့ သွား၍ မရခဲ့သည့်တိုင် ဤကျွန်းအနီးတစ်ဝိုက်တွင်တော့ သွားလာလှုပ်ရှားလို့ ရခဲ့ပေလိမ့်မည်။ ထိုအကြောင်းကြောင့်ပင်လျှင် ဤကမ်းရိုးတန်းတစ်လျှောက်အကြောင်းကို အတော်လေး သိနေရခြင်း ဖြစ်လေသည်။ ယခုကဲ့သို့သောအချိန်မျိုးတွင် သူမအား ညလင်းပုလဲများကို ရှာခိုင်းခြင်းမှာ အလွန်ကိုမှ အလုပ်ဖြစ်ပေသည်။
“ယွမ်ဝူ အစ်မလျူကို ပြဿနာရှာသေးလား…” ရန်ကိုင်က လျူစန်းနျန်ကို ကြည့်၍ မေးလိုက်သည်။
“မရှာဘူး…” လျူစန်းနျန်က ခေါင်းခါလိုက်၏။ သူ ငါ့ကို သိပ်ပြီးတော့ အမြင်မကြည်ဘူးဆိုပေမယ့် ဘာပြဿနာမှတော့ လာမရှာဘူး…”
“ကောင်းပြီ…” ရန်ကိုင် ခေါင်းညိတ်လိုက်လေသည်။
“မောင်လေးရန် ဒီမှာ ခဏစောင့်နေနော်… ငါ ဒီပုလဲတွေကို သူတို့ဆီ အရင်သွားပို့ပေးလိုက်ဦးမယ်…” ထိုသို့ပြောပြီးသည့်နောက် လျူစန်းနျန်သည် လျူယုချင်းအား တစ်ခုခု ပြောကာ ထွက်သွားလေ၏။
ရန်ကိုင့် လျူယုချင်းတို့သာ ကျန်ရစ်ခဲ့လေသည်။ ရန်ကိုင်သည် လျူယုချင်းဘက်သို့လှည့်၍ ပြုံးပြလိုက်ပါသော်ငြား လျူယုချင်းမှာ သူစိတ်များကို ကသိကအောက်အမူအယာဖြင့် ရပ်နေလေ၏။ ထို့အတွက်ကြောင့် ရန်ကိုင်လည်း ပြောစရာအကြောင်းအရာရှာကာ သူမနှင့် စကားထိုင်ပြောနေတော့လေသည်။ ကံမကောင်းစွာဖြင့် လျူယုချင်းမှာ ဝတ်ကျေတန်းကျေ စကားတစ်ခွန်းနှစ်ခွန်းသာ ပြန်ပြောနေသဖြင့် စကားဝိုင်းမှာ တစ်ဖက်သက်ကြီးသာ ဖြစ်နေရလေ၏။
တစ်ခဏအကြာတွင် လျူစန်းနျန် ပြုံး၍ ပြန်ရောက်လာခဲ့လေသည်။ ထို့နောက် ရန်ကိုင်ကိုကြည့်၍ ပြောလိုက်လေ၏။ “ယွမ်ဝူ မောင်လေးရန်ပြန်လာတာကို တွေ့လိုက်တယ်နဲ့တူတယ်… အရင်တစ်ကြိမ်ပုံစံမျိုး ငါ့ကို လုပ်မပြရဲဘူး…”
“အဲ့လိုလူတွေက ကြီးနိုင်ငယ်ညှင်းပဲ လုပ်တဲ့လူတွေ…” ရန်ကိုင်က အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံ့လိုက်လေသည်။ ယွမ်ဝူကဲ့သို့သောလူမျိုးများနှာ တကယ်ကို ဘာမှ အထင်ကြီးစရာမရှိချေ။ ထိုကဲ့သို့သောလူမျိုးများကို ရန်ကိုင် အမှန်တကယ်ကို အထင်သေးပေသည်။ သို့သော်ြငား ထိုလူများသည် ကိုယ့်ဘာသာကိုယ် အေးအေးဆေးဆေးမနေဘဲ သူ့အား လာရန်စမည်ဆိုလျှင်တော့ ရန်ကိုငအနေဖြင့် ထိုကဲ့သို့သောလူများကို သင်ခန်းစာတစ်ခု ပေးလိုက်ဖို့ရာ ဝန်လေးနေလိမ့်မည်မဟုတ်။
ရုတ်တရက်ဆိုသလို လျူစန်းနျန်၏အမူအယာ လေးနက်သွားခဲ့ပြီး တိုးတိုးလေးပြောလိုက်လေသည်။ “ခုနတုန်းက ငါသွားနေတုန်းက သူတို့ပြောနေတာတွေ ကြားလိုက်တယ်… အဲ့မှာ ရေခဲနှင်းကျောက်စိမ်းကို တူးနေတဲ့လူအချို့ သေသွားတယ်ဆိုပဲ… သေသွားတဲ့အထဲမှာ ဧကရာဇ်အဆင့်တွေတောင် ပါတယ်တဲ့…” လျူစန်းနျန်၏မျက်နှာထက် ကြောက်ရွံ့နေသည့်အရိပ်အယောင်တို့ကို အထင်းသား မြင်တွေ့နေရလေသည်။ သူမစိတ်ထဲ ရန်ကိုင်ရှိနေသည့်အပေါ် အတော်လေးကိုမှ ဝမ်းမြောက်နေမိခဲ့လေသည်။ ထိုသို့သာမဟုတ်ပါက သူမတို့နှစ်ဦးသည်လည်း ရေခဲနှင်းကျောက်စိမ်းအား သွားတူးရမည့်တာဝန်ကို ရယူရပေလိမ့်မည််။
“ဧကရာဇ်အဆင့်ပညာရှင်တစ်ယောက် သေသွားတာ…” ရန်ကိုင် အံ့အားသင့်သွားခဲ့လေသည်။ ရေခဲနှင်းကျောက်စိမ်းကို တူးရသည့်တာဝန်မှာ လွယ်ကူသည့်တာဝန်မျိုးမဟုတ်မှန်း သိပါသော်ငြား ဧကရာဇ်ပထမအဆင့်ပညာရှင်တစ်ဦးပင် သေသွားလောက်ရသည်အထိ ဆိုးရွားသည့်တာဝန်တစ်ခု ဖြစ်နေလိမ့်မည်မဟုတ်ဟုတော့ ရန်ကိုင်ထင်ထားခြင်းမရှိခဲ့ပေ။
“ဟုတ်တယ်… အသေးစိတ်တော့ မကြားလိုက်ရဘူး… ငါ ကြားလိုက်ရတာကတော့ အဲ့မှာ ပေါက်ကွဲမှုတစ်ခု ဖြစ်သွားတယ်ဆိုပဲ… အဲ့ဒါကြောင့်ပဲ အချို့လူတွေ အချိန်မီမလွတ်ဘဲနဲ့ အဲ့ပေါက်ကွဲမှုထဲမှာ ပါပြီး သေသွားကြတာ…”
ရန်ကိုင်က မေးလိုက်သည်။ “ဝူချန်းရော…”
ထိုမျောက်မျက်နှာနှင့်လူကို ရန်ကိုင် တကယ်ကို နားမလည်နိုင်ချေ။ ထိုလူသည် ရန်ကိုင် ပြဿနာဖြစ်နေချိန်တွင် ရန်ကိုင်အား ဝင်ရောက်ကူညီပေးခဲ့လေသည်။ ယခုဆိုလျှင်လည်း ရေခဲနှင်းကျောက်စိမ်း တူးရမည့်တာဝန်ကို သူ့ဘာသာသူ လိုလိုလားလားဖြင့် လက်ခံယူခဲ့ပြီး လူရှေ့သူရှေ့တွင် ယွမ်ဝူ အရှက်တကွဲ အကျိုးနည်း မဖြစ်စေရလေအောင် ဝင်ရာက်ကူညီပေးခဲ့သေးသည်။ ကြည့်ရသလောက် မျောက်မျက်နှာနှင့်လူသည် အခြားသူများအပေါ် ကြင်နာထောက်ထားသည့် လူကောင်းတစ်ဦး ဖြစ်သည့်ပုံပင်။ သို့သော်ငြား ထိုလူသည် ထိုမျှမရိုးရှင်းဟု ရန်စိတ်ထဲ ခံစားနေရလေသည်။
လျူစန်းနျန်က ပြန်ပြောလိုက်သည်။ “အဲ့ဒါတော့ ငါလည်းမသိဘူး… ငါသူ့ကိုမတွေ့ဘူး… ကြည့်ရတာ ရေခဲနှင့်းကျောက်စိမ်းသွားတူးရင်းနဲ့ ပျောက်နေတယ်နဲ့တူတယ်… ဒီကိစ္စက နဂါးကလန်ကပေးထားတဲ့တာဝန်ဆိုတော့ မည်သူမျှ လက်မရှောင်နေရဲကြဘူး… သူတို့သာ ရေခဲနှင်းကျောက်စိမ်းတွေကို မတူးနိုင်လို့ရှိရင် နန်းတော်ကို ဘယ်လိုမှ ဆောက်လို့ရမှာမဟုတ်တော့ဘူး… အကုန်လုံးက မလုပ်ချင်ရင်တောင် အံကြိတ်ပြီးတော့ ဆက်လုပ်နေရရုံပဲ ရှိမှာ…”
“ဟုတ်တယ်…” ရန်ကိုင် ခေါင်းညိတ်လိုက်လေသည်။ ဤနေရာတွင်ရှိနေသည့် လူများအနက် ရန်ကိုင်တစ်ဦးသည်သာ နဂါးကလန်မှပေးလာသည့် တာဝန်ကို ဂရုမစိုက်သည့်လူ ဖြစ်ပေသည်။ တကယ်တော့ နဂါးကလန်မှ ပေးလာသည့် တာဝန်သည် ထိုလူများနှင့် သေရေးရှင်ရေးနှင့် ပတ်သက်နေသေးသည်မဟုတ်ပေလော။ သူတို့သည်သာ နန်းတော်အား တစ်လအတွင်း မဆောက်နိုင်ပါက နဂါးကလန်သည် သူတို့အား ကျိန်းသေ အပြစ်ပေးလာပေလိမ့်မည်။ ထိုသို့အပြစ်ပေးလာသည့်အခါ သေခြင်းတရားမှ မည်သို့မျှ လွတ်မြောက်နိုင်လိမ့်မည်မဟုတ်ချေ။ လူတိုင်းသည် ကိုယ့်ဘက်ကိုယ်ယက်သည့်လူများသာ ဖြစ်ကြလေရာ သေရမည့်အရေးကို မကြောက်သည့်လူ မည်သူများ ရှိလို့ပါနည်း။
ရန်ကိုင် လျူစန်းနျန်နှင့် စကားပြောနေစဉ်အတောအတွင်း အခြားတစ်ဖက်တွင် ရုတ်ရုတ်ရုတ်ရုတ် အသံများ ထွက်လာခဲ့လေသည်။ ထိုအသံဗလံများမှာ နန်းတော်ဆောက်နေသည့်နေရာဆီမှ ထွက်လာခြင်း ဖြစ်လေ၏။
သို့သော်ငြား ရန်ကိုင်နှင့် လျူစန်းနျန်တို့မှာမူ ထိုအဖြစ်အပျက်များကို လုံးဝ ဂရုစိုက်နေခြင်း မရှိကြချေ။ သို့သော်ငြား လူပေါင်းများစွာသည် ထိုအရပ်ဆီမှ ရန်ကိုင်နှင့် လုဆန်းညန်ရှိနေသည့်နေရာဆီသို့ တည့်တည့်မတ်မတ် ပျံသန်းလာနေလေ၏။