အခန်း (၁၃၁)
Vol. 14 Ch. 131
“ဂျူနီယာညီမလေး စု၊ မျက်လုံးမှိတ်ထား!”
“မင်း ဒီကံကောင်းခြင်း သင်္ဘောကို လုယက်ဖို့ ကြံစည်နေတာကို သူ တွေ့ရှိသွားပြီ” တောက်ဟယ် အော်ပြောလိုက်လေသည်။
စုကျို— “...”
ဘာကြီးလဲဟ
“ဒီပြိုင်ပွဲကို စီစဉ်သူ အနေနဲ့၊ ဝိညာဉ်ကုန်သည်အသင်းက ဒီလောက်ရက်ရောလိမ့်မယ်လို့ ငါ မမျှော်လင့်ထားဘူး၊ ငါတို့ကို လာကြိုဖို့ သူတို့ရဲ့ ကုန်သည် ကံကောင်းခြင်း သင်္ဘောတွေ အကုန်လုံးထုတ်သုံးလိုက်တာပဲ”
“ကုန်သည် ကံကောင်းခြင်းသင်္ဘောတိုင်းမှာ အမြဲတမ်း ရှေ့ကိုကြည့်နေတဲ့ ထိုးထွင်းသိမြင်နိုင်တဲ့ နဂါးမျက်လုံးတစ်စုံရှိတယ်၊ လမ်းကြောင်း သိဖို့နဲ့ လမ်းမပျောက်ဖို့ ရည်ရွယ်တာလေ”
သစ်သားတည်ဆောက်ပုံအကြောင်း အကုန်သိသော ယင်လီသည် စုကျိုကို ကျွမ်းကျင်စွာ ပြောပြလိုက်လေသည်။
“ဒါပေမဲ့ ဒဏ္ဍာရီအရ ဒီသင်္ဘောပေါ်က နဂါးမျက်လုံးတွေက ဓားပြတစ်ယောက်နဲ့တွေ့တာနဲ့၊ သူတို့က ဓားပြရဲ့ အရှိန်အဝါကိုအာရုံခံမိပြီး၊ ကုန်သည် ကံကောင်းခြင်း သင်္ဘောကချက်ချင်းရှောင်တိမ်းပြီး လမ်းကြောင်းပြောင်းသွားတတ်တယ်တဲ့...”
သူမ ပြောနေစဉ်မှာပင်၊ ဝိညာဉ်ပိုးကောင်ဂေဟာ၏ ဝင်ပေါက်တွင် ရပ်တန့်တော့မည့် ကံကောင်းခြင်းသင်္ဘောကို သူမ သတိထားမိလိုက် လေသည်။
တခဏအတွင်း၊ ၎င်း မျက်လုံးများသည် စုကျိုကို စူးစိုက်ကြည့်လိုက်ပြီး၊ ထို့နောက်၊ ရွှမ်းခနဲ အသံနှင့်အတူ၊ ကုန်သည် ကံကောင်းခြင်း သင်္ဘောသည် လှည့်ထွက်သွားလေသည်။
ရုတ်တရက် ကွေ့လိုက်ပြီး၊ ၎င်းသည် ပြန်လှည့်ကာထွက်ခွာသွားလေသည်!
လမ်းပြအဖြစ် သင်္ဘောပေါ်သို့တက်ရောက်နေပြီ ဖြစ်ပြီး အခြားသူများကို မြန်မြန်လာရန်တိုက်တွန်းနေသော လဲ့ကျယ်သည် လုံးဝကြောင်အမ်း သွားလေသည်။
စုကျို ပြောစရာ စကားမဲ့သွားလေသည်။
သူမ တစ်ချက်လေးပဲ ကြည့်ခဲ့တာပါလို့ သူမ ကျိန်ဆိုရဲပါသည်။
“ဟေး၊ မသွားနဲ့!”
စုကျို လက်ဝှေ့ယမ်းလိုက်သည်။
နဂါးမျက်လုံးပုံစံ သင်္ဘောသည် မျက်လုံးလှန်ကြည့်ပြီး ဝေးကွာသောတိမ်ပင်လယ်နက်ထဲသို့ အသက်လုပြီးထွက်ပြေးသွားလေသည်!
ဝိညာဉ်ပိုးကောင်ဂေဟာ၏ အခြေတည်အဆင့် ထိပ်သီးအဖွဲ့ဝင်များသည် ပြောစရာစကားမဲ့သွားကြလေသည်။
နေပါဦး။
သူတို့က ငါတို့ကို လာကြိုရမှာလေ!
လဲ့ကျယ် တစ်ယောက်ပဲ ပါသွားတယ်!
...
နတ်လမ်းစဉ်စုံ မဟာပြိုင်ပွဲကို ဆယ်နှစ်တစ်ကြိမ်ကျင်းပသည်။
ယခင်နှစ်များတွင်၊ ဝိညာဉ်ပိုးကောင်ဂေဟာသည် အမြဲတမ်း နောက်ဆုံးမှချိတ်ခဲ့သည်။ ဒီနှစ်တွင်၊ ဝိညာဉ်ပိုးကောင်ဂေဟာ၏ အထက်လူ ကြီးများသည်၊ အများကြီး ပြန်လည်သုံးသပ်ပြီးနောက်၊ အခြေတည်အဆင့်နှင့် ရွှေအမြုတေအဆင့်ရှိ အသန်မာဆုံးဂိုဏ်းသားများကို သုံးလ ကြိုတင်၍ အထူးရွေးချယ်ခဲ့ကြလေသည်။
ဒီအကြောင်းပြချက်ကြောင့်၊ အလွှာ ၃၀ မှ ၁၀၀ အထိ တာဝန်ကျ ဆရာများနှင့် အကြီးအကဲများသည် ပြိုင်ပွဲကျင်းပရာ နေရာသို့ သွားရောက်သည့် နေ့မှာပင် အပြင်းအထန် ဆွေးနွေးပွဲပြုလုပ်နေကြဆဲ ဖြစ်သည်။
ဝိညာဉ်ပိုးကောင်ဂေဟာ၏အလွှာ ၁၀၀ တွင်၊ မဟာကျင့်ကြံလုကျိကျောင်းသည် ဆရာသခင် ပုံတူကားချပ်ရာကျော်ကို မျက်နှာမူလျက် တိတ်ဆိတ်စွာရပ်နေလေသည်။
“ဂျူနီယာညီလေးလု၊ မင်း သွားလိုက်ပါ”
“ငါတို့ရဲ့ ရုပ်ခန္ဓာကိုယ်တွေက ဒီမှာမရှိဘူး၊ ငါတို့ ဘယ်လိုလုပ် ဂိုဏ်းသားတွေကို နတ်လမ်းစဉ် ပြိုင်ပွဲဆီ ဦးဆောင်သွားလို့ရမှာလဲ”
ပုံတူကားချပ်တစ်ခုထဲမှ အဘိုးအိုတစ်ဦးက ပြောလိုက်လေသည်။
“ငါ့ရဲ့ ရုပ်ခန္ဓာကိုယ်ပျက်စီးသွားပြီ” နောက်ထပ် ပုံတူကားချပ်တစ်ခုကပြောသည်။
“အခု ငါ့မှာ ဝိညာဉ်အနှစ်သာရပဲ ကျန်တော့တယ်၊ ပန်းချီကား သက်သက်ဖြစ်တဲ့ ငါ့ကို အဖွဲ့ဦးဆောင်စေချင်တာလား”
“မလုပ်ပါနဲ့၊ မလုပ်ပါနဲ့၊ ငါတို့ ဂိုဏ်းသားတွေကိုခြောက်လှန့်မိလိမ့်မယ်” နတ်သမီး ပန်းချီကားတစ်ချပ်သည် ရှေ့နောက် ယိမ်းနွဲ့နေလေသည်။
အကယ်၍ စုကျိုနှင့် အခြားသူများသာ ဒီမှာ ရှိနေခဲ့လျှင်၊ သူတို့ အလွန်အံ့ဩသွားကြလိမ့်မည်။
သူတို့သည် ပထမထပ်မှ အလွှာ ၄၀ အထိ တက်လာခဲ့ကြသော်လည်း၊ ဆရာသခင် တစ်ပါးတည်းသာမြင်ဖူးခဲ့ကြသည်။
လုကျိကျောင်း
ဝိညာဉ်ပိုးကောင်ဂေဟာထဲတွင် နှစ်ပေါင်းများစွာ သူတို့၏ဆရာသခင်ကို တစ်ခါမှမမြင်ဖူးဘဲ၊ သူတို့ကို လမ်းညွှန်မည့်သူမရှိခဲ့ပေ။
အထက်လူကြီးများသာလျှင် ဆရာသမားများနှင့် တွေ့ခွင့်ရှိသည်ဟု သူတို့ အမြဲယူဆခဲ့ကြသည်။
တကယ်တော့၊ အဲဒါ မမှန်ပါဘူး။
တကယ်တော့၊ အထက်လူကြီးများမှာပင် ဆရာသခင်များမရှိကြပေ၊ ၎င်းတို့၏ပုံတူကားချပ်များသာ ရှိကြသည်!
ပုံတူကားချပ်မဟုတ်သော တစ်ဦးတည်းသောသူ လုကျိကျောင်း၏လေးထောင့်စပ်စပ် မျက်နှာသည် တွန့်သွားလေသည်။
သူ့ဘေးရှိဝိညာဉ်ပိုးကောင် နတ်သမီးသည် သူ့အတွက် ချက်ချင်းဘာသာပြန်ပေးပြီး၊ ပုံတူကားချပ်တစ်စုကို လက်ညှိုးထိုးကာ ဆဲဆိုလိုက်သည်။
“စီနီယာအစ်ကိုကြီး အစ်မကြီးတို့၊ ကျွန်မတို့ ဆရာသခင်ကွယ်လွန်သွားပြီ ဆိုတာက တစ်ပိုင်း!”
“ရှင်တို့က မကွယ်လွန်ကြသေးဘဲနဲ့၊ ဂိုဏ်းသားတွေကို နတ်လမ်းစဉ်ပြိုင်ပွဲဆီ ဦးဆောင်သွားရမယ့် တာဝန်ကိုရှောင်ဖို့အတွက်၊ ပုံတူကားချပ်တွေထဲမှာ တကယ်ကြီး ပုန်းအောင်းနေကြတယ်ပေါ့! လုံးဝယုတ်မာတာပဲ!”
ပုံတူကားချပ် တစ်ဒါဇင်ခန့် အားလုံးပခုံးတွန့်ပြီး လက်ဖြန့်ပြလိုက်ကြသည်။
“မဟုတ်ပါဘူး၊ ဂျူနီယာညီလေး၊ ငါတို့ ထွက်ပြေးနေတာ မဟုတ်ပါဘူး...”
“ငါတို့ရဲ့ ကျင့်ကြံခြင်း လမ်းမှားသွားလို့ပါ”
“အိုး... နှစ်တိုင်း ဝိညာဉ်ပိုးကောင်ဂေဟာက နောက်ဆုံးရောက်နေတော့၊ ငါတို့ ဘိုးဘေးတွေကို ဘယ်လိုမျက်နှာပြရမလဲ... ဘယ်သူ့ကိုမှ မျက်နှာမပြရဲတော့ဘူး”
“ဂျူနီယာညီလေး၊ မနှစ်က ငါ အဖွဲ့ကို ဦးဆောင်ခဲ့တယ်၊ ဒီနှစ် မင်းအလှည့်ပဲ ငါတို့ကို အရှက်ရစေဖို့၊ မဟုတ်ဘူး၊ ငါတို့ ဝိညာဉ်ပိုးကောင် ဂေဟာကို ဂုဏ်ယူစရာယူဆောင်လာပေးဖို့”
နတ်လယ်သမားများနှင့် ဝိညာဉ်ပိုးကောင်ရက်ကန်းသည်များ ပေါင်းစပ်ထားသော ဂိုဏ်းတစ်ခုအနေဖြင့်၊ ဝိညာဉ်ပိုးကောင်ဂေဟာသည် ထိပ်သီးဆယ်ဦး နတ်လမ်းစဉ်တွင် နေရာတစ်ခုအမြဲရရှိထားခဲ့သည်။
ဘာပဲဖြစ်ဖြစ်၊ လူတိုင်း အဝတ်အစား၊ ဝတ်ရုံ၊ နှင့် နတ်သမီး ဝတ်စုံတွေ လိုအပ်ကြတယ်လေ။
ဒါပေမဲ့ ဝိညာဉ်ပိုးကောင်ဂေဟာရဲ့ ကျင့်ကြံခြင်း နည်းစနစ်တွေက တိုက်ခိုက်ရေးအတွက် တကယ် မသင့်တော်ပါဘူး။ သူတို့က
အစားအသောက်၊ အဝတ်အထည်၊ နေထိုင်စရာ၊ နှင့် သယ်ယူပို့ဆောင်ရေး လိုမျိုး နေ့စဉ် လိုအပ်ချက်တွေအတွက် ပိုသင့်တော်ပါတယ်။
ငွေရှာတဲ့ နေရာမှာ၊ သူတို့က ဝိညာဉ်ကုန်သည် အသင်းရဲ့ ကုန်သည် ကျင့်ကြံသူတွေနဲ့ မယှဉ်နိုင်ပါဘူး။
တိုက်ခိုက်ရေး နေရာမှာ၊ သူတို့က စစ်လမ်းစဉ်ရဲ့ ဓားကျင့်ကြံသူတွေ၊ စစ်သည်တွေ၊ ဗိုလ်ချုပ်တွေနဲ့ မယှဉ်နိုင်ပါဘူး။
အဖွဲ့လိုက် လုပ်ဆောင်မှုမှာ၊ သူတို့က ဆေးဖော်စပ်ခြင်း၊ လက်နက် ပြုလုပ်ခြင်း၊ နဲ့ ဝိညာဉ်လက်မှုပညာရှင် လိုမျိုး မဟာလမ်းစဉ်တွေနဲ့ ယှဉ်ရင် ပိုလို့တောင် မသင့်တော်ပါဘူး။
သူတို့က ထိပ်သီးဆယ်ဦး နတ်လမ်းစဉ် ပြိုင်ပွဲမှာ ပါဝင်ဖို့ တကယ်မသင့်တော်ပါပေ။
နှစ်တိုင်း၊ ပြိုင်ပွဲအတွက် ဝိညာဉ်ပိုးကောင်ဂေဟာ အဖွဲ့ကို ဦးဆောင်မယ့် မသေမျိုး အရှင်သခင်နဲ့ အကြီးအကဲကိုလဲလှယ်ပေးရသည်။
ဘာဖြစ်လို့လဲဆိုတော့ ဒီဂိုဏ်းရဲ့ ထပ်ခါတလဲလဲ အရှက်ရစေတဲ့ စွမ်းဆောင်ရည်ကြောင့်၊ သူတို့ရဲ့တာအိုနှလုံးသားတွေ တကယ် ထိခိုက်ပျက်စီးခဲ့ရလို့ပါ!
“ဂျူနီယာညီလေး လု” ဝိညာဉ်ပိုးကောင ရက်ကန်းသည် ပုံတူကားချပ်ထဲမှ လှပသော နတ်သမီးက ရှက်ကိုးရှက်ကန်း လှုပ်ရှားလိုက်သည်။
“ဒုတိယ စီနီယာအစ်မဖြစ်တဲ့ ငါက ရှောင်ချင်လို့ ပုံတူကားချပ်ထဲ ဝင်သွားတာ မဟုတ်ပါဘူး”
“ငါက ဝိညာဉ်ပိုးကောင် ရက်ကန်းသည် တစ်ယောက်အနေနဲ့ ဓားကျင့်ကြံသူတွေကို တိုက်ခိုက်နိုင်မယ့် နည်းစနစ်တစ်ခုကို သုတေသနလုပ်ဖို့ ကြိုးစားခဲ့တာ မဟုတ်လား”
“ဒါပေမဲ့၊ အိုး... ငါ အဲဒီ ဓားနတ်သမီးကိုစမ်းသပ်ဖို့ ငါ့ကို ဓားနဲ့ ထိုးခိုင်းလိုက်မိတယ်၊ မမျှော်လင့်ဘဲ၊ တစ်ချက်တည်းနဲ့ ငါ့ခန္ဓာကိုယ် တစ်ဝက် ပျက်စီးသွားပြီး၊ ငါ တကယ် ပြန်မထွက်နိုင်တော့ဘူး”
လုကျိကျောင်း— “...”
“ပြီးတော့ ငါတို့ ဂိုဏ်းချုပ်၊ လွန်ခဲ့တဲ့ နှစ်တစ်ရာက၊ အဖွဲ့ကို ဦးဆောင်ပြီး အောက်ဆုံးအဆင့်နဲ့ ပြန်ရောက်လာတယ်၊ ဝိညာဉ်ပိုးကောင် ရက်ကန်းသည် လမ်းစဉ်နဲ့ လက်မှုပညာရှင်လမ်းစဉ်ကို ပေါင်းစပ်ဖို့ ရည်ရွယ်ပြီး၊ ကျွတ် ကျွတ်”
“သူမက လက်မှုပညာရှင်ရဲ့ရုပ်သေးရုပ် ဖြစ်သွားခဲ့တယ်၊ အိုး... ဂိုဏ်းချုပ်က အခုအဖွဲ့ကို ဘယ်လို ဦးဆောင်တော့မလဲ!”
လုကျိကျောင်း၏ လေးထောင့်စပ်စပ်မျက်နှာသည် တွန့်လိမ်နေလေသည်။
ဝိညာဉ်ပိုးကောင်ဂေဟာ၏ဂိုဏ်းသားများအနေဖြင့် ဝိညာဉ်ပိုးကောင်ဂေဟာ ဆရာသခင်များနှင့် အကြီးအကဲများ အားလုံး အရူးများဖြစ်ကြောင်း သေချာပေါက်မသိကြပေ။
လွန်ခဲ့သော နှစ်ပေါင်းတစ်ရာအတွင်း၊ ဆရာသခင် ပိုများလာလေလေ ပုံတူကားချပ်များဖြစ်သွားကြလေလေပင်။
သူ လုကျိကျောင်းသည်လည်း၊ ဖြည်းဖြည်းချင်းစကားပြောတတ်ဖို့ အသားကျနေပြီဖြစ်သည်။
ဘာလို့လဲဆိုတော့ သူက ပုံတူကားချပ်တစ်ချပ်နဲ့မှ စကားပြောလို့ မရဘူးလေ!
ဂိုဏ်းသားများက ဒါကို မြင်ရင်၊ သူ ရူးနေတယ်လို့ထင်ကြလိမ့်မယ်!
“ဘာပဲဖြစ်ဖြစ် လုလေး၊ ဒီနှစ် အဖွဲ့ကို မင်း ဦးဆောင်ရမယ်”
ဂိုဏ်းချုပ်၏ပုံတူကားချပ်ကပြောလိုက်သည်။
“မှတ်ထား၊ ရှုံးလည်း ကိစ္စမရှိဘူး” “
ဒါပေမဲ့ မင်း ငါတို့ နမူနာကိုလိုက်ပြီး ဝိညာဉ်ပိုးကောင် ရက်ကန်းသည် လမ်းစဉ်ကို အင်အားကြီး စစ်ရေး၊ ဆေးဖော်စပ်ခြင်း၊ နဲ့ တခြား နည်းစနစ်တွေနဲ့ ပေါင်းစပ်ဖို့ လုံးဝမကြိုးစားနဲ့”
“မင်းက ငါတို့ ဝိညာဉ်ပိုးကောင်ဂေဟာမှာ ရုပ်ခန္ဓာကိုယ်ရှိသေးတဲ့ တစ်ဦးတည်းသော မသေမျိုးအရှင်သခင်ဖြစ်နေပြီ”
“ငါ နောက်ဆုံးရောက်ခဲ့တာကို စိတ်မဆိုးပါနဲ့”
“…………”
ဝိညာဉ်ပိုးကောင်ဂေဟာ၏အထက်လူကြီးများသည် စိတ်လိုက်မာန်ပါ ကြီးလွန်းပြီး ပြိုင်ဆိုင်လိုစိတ်ပြင်းထန်လွန်းကြသည်။
ပြိုင်ပွဲတစ်ခု ရှုံးနိမ့်ပြီးနောက်၊ အဖွဲ့ကို ဦးဆောင်သော မသေမျိုး အရှင်သခင်တစ်ပါးသည်၊ နောက်ကျကျန်ရစ်ခဲ့သည်ကို မလိုလားဘဲ၊ ဝိညာဉ်ပိုး ကောင်ဂေဟာအတွက် အားကောင်းသော နည်းစနစ်တစ်ခုဖန်တီးရန် ကြိုးပမ်းခဲ့ရာမှ၊ ချီလမ်းကြောင်း လွဲမှားခြင်းနှင့် ရုပ်ခန္ဓာကိုယ် ပျက်စီးခြင်းတို့ ခံစားခဲ့ရလေသည်။
အခု လုကျိကျောင်းက တစ်ဦးတည်းသော အသက်ရှင်ကျန်ရစ်သူ ဖြစ်သည်။
ရွာလုံးကျွတ်ရဲ့ မျှော်လင့်ချက်!
“…”
လုကျိကျောင်း တိတ်ဆိတ်နေပြီး ချက်ချင်းလက်လှမ်းလိုက်သည်။
“ယူသွားမယ်!”
ပုံတူကားချပ် တစ်ဒါဇင်ခန့် ချက်ချင်းပင် သူ့လက်မောင်းအင်္ကျီထဲသို့ထည့်သွင်းခံလိုက်ရလေသည်။
“အိုး... ဂျူနီယာညီလေး၊ မင်း ဘာလုပ်နေတာလဲ”
“ဟေး၊ ဘာလို့ ငါတို့ကို ယူသွားတာလဲ”
“ငါတို့ ဆရာသခင်များ ခန်းမထဲမှာ ဖြည်းဖြည်းချင်းကျင့်ကြံကြမယ်လေ၊ မကြာခင် ငါတို့ ဉာဏ်အလင်းပွင့်ပြီး၊ မဟာကျင့်ကြံချင်းနောက်ပိုင်း အဆင့်ကို ဖောက်ထွက်နိုင်ရင်၊ ငါတို့ ရုပ်ခန္ဓာကိုယ်တွေ ပြန်ကောင်းလာနိုင်တယ်”
“မလောပါနဲ့၊ ဆယ်နှစ်အတွင်း ငါ့ရုပ်ခန္ဓာကိုယ် အပြည့်အဝပြန်ကောင်းလာမယ်လို့ ငါ ခံစားနေရတယ်!”
“ဂျူနီယာညီလေး!”
လုကျိကျောင်း ပုံတူကားချပ်များကို သိမ်းလိုက်ပြီးထွက်ခွာသွားသည်။
“အတူတူ သွားမယ်”
“အလို”
“မလုပ်ပါနဲ့!”
“ဒါဆို ငါတို့ကို အပြင်မထုတ်ပါနဲ့!”
“ငါတို့ မျက်နှာအပျက်မခံနိုင်ဘူး...”
“အဲဒီ ပင်တောင်အကောင်က ဒီနတ်သမီးကို သေချာပေါက်လှောင်တော့မှာ...”
လုကျိကျောင်း အလွှာတစ်ရာ ဆရာသခင်များ ခန်းမမှထွက်ခွာလာသည်နှင့် သူ့လေးထောင့်စပ်စပ် မျက်နှာပေါ်တွင် စိုးရိမ်ပူပန်မှုအရိပ်အယောင် ပေါ်လာလေသည်။