← Chapters

အခန်း (၁၃၆)

Vol. 14 Ch. 136

အခန်း (၁၃၆)

Vol. 14 Ch. 136

ကံကောင်းခြင်း သင်္ဘောပေါ်တွင်

စုကျိုသည် သူh ညာလက်ကို လုယူရန်ကြိုးစားနေသော လူအုပ်ကြီးကိုကြည့်ရင်း မျက်လုံးများလှုပ်ခါသွားလေသည်။

“ဘာတွေ လောနေကြတာလဲ”

သူမ စောစောက စမ်းသပ်မေးခွန်းများကို ပြန်လည်သတိရလိုက်သည်။

[စည်းကမ်း ၂: နာရီဝက် အကြာတွင်၊ ကံကောင်းခြင်းသင်္ဘောသည် ထိန်းချုပ်မှု လွတ်သွားပြီး မောင်းနှင်၍မရဖြစ်လာမည်။]

“ကံကောင်းခြင်း သင်္ဘောက ထိန်းချုပ်မှုမလွတ်သေးဘူးလေ”

စုကျို လူတိုင်းကို လေးလေးနက်နက်အကြံပေးလိုက်သည်။

သူတို့က မေးခွန်းတွေနဲ့ ပတ်သက်ပြီး အများကြီးရှေ့ရောက်နေကြပြီ!

“နင်တို့ မေးခွန်းတွေဖြေတဲ့အခါ အခြေခံ စည်းမျဉ်းတွေနဲ့ စည်းကမ်း ၃ ကိုလည်း နားလည်ဖို့လိုတယ်< စာမေးပွဲ စစ်ဆေးသူနဲ့ စကားပြောဖို့ လိုတယ်လေ”

“ငါတို့ ကံကောင်းခြင်းသင်္ဘောရဲ့ ဘယ်အစိတ်အပိုင်းတွေ ပျောက်ဆုံးနေလဲ ဆိုတာတောင် မသိသေးဘူး”

[စည်းကမ်း ၃: ကံကောင်းခြင်း သင်္ဘော၏ပျောက်ဆုံးနေသော အရေးကြီးအစိတ်အပိုင်းများကို ရှာဖွေရန် သင်္ဘောပေါ်ရှိစာမေးပွဲ စစ်ဆေးသူနှင့် စကားပြောရမည်။]

သူမဘေးရှိ ရှန်ဝူချင်းသည် သက်သာရာရသွားသလို ချွေးများကို သုတ်လိုက်လေသည်။

ဟုတ်တယ်။

သင်္ဘောပေါ်က စာမေးပွဲ စစ်ဆေးသူက သူပဲ< မထင်ထားဘူး မဟုတ်လား။

ကံကောင်းထောက်မစွာနဲ့၊ ဒီမေးခွန်းအတွက် ခင်ဗျားတို့ သူနဲ့ စကားပြောဖို့ လိုတယ်။

အကယ်၍ သူသာ ဘယ်အစိတ်အပိုင်းတွေ ပျောက်ဆုံးနေလဲဆိုတာ ပြောပြဖို့ နှောင့်နှေးနေရင်၊ မေးခွန်းတွေကို အရင်သိထားတဲ့ ဝိညာဉ်ပိုးကောင်ဂေဟာက ဒီကောင်တွေ မြန်မြန်ပြီးမြောက်နိုင်မှာ မဟုတ်ဘူး။

“အခု ငါ့ကို လာမမေးနဲ့ဦး”

ရှန်ဝူချင်း ကိုယ့်ကိုယ်ကိုယ် အမြန်တည်ငြိမ်အောင် လုပ်လိုက်ပြီး၊ လျှို့ဝှက်ဆန်းကြယ်သော ဟန်ပန်ကိုမွေးမြူလိုက်သည်>

“အနည်းဆုံး နာရီဝက်လောက် ကြာမှပဲ ငါနဲ့ စကားပြောခွင့် ရှိမယ်”

သို့သော် ရှန်ဝူချင်း လျှင်မြန်စွာ တွေ့ရှိလိုက်သည်မှာ မည်သူမျှ သူ့ကို ဂရုမစိုက်ကြခြင်းပင်!

“ဂျူနီယာညီမလေး ယင်လီ၊ ဖူကျိုးနဲ့ ဆက်သွယ်ဖို့ ညီမလေးကိုပဲ ဒုက္ခပေးရတော့မယ်”

လဲ့ကျယ် ယင်လီကို လေးလေးနက်နက် ပြောလိုက်လေသည်။

ရှန်ဝူချင်း— “!!!”

မျှော်လင့်ထားသည့်အတိုင်း၊ ဝိညာဉ်ပိုးကောင်ဂေဟာ အဖွဲ့ဝင်များ သူ့ကိုဝိုင်းရံပြီး သူသည် စာမေးပွဲ စစ်ဆေးသူ ဟုတ်မဟုတ် လေးစားစွာဖြင့် တိုးတိုးတိတ်တိတ် မေးမြန်းမည့် မြင်ကွင်းမျိုး လုံးဝဖြစ်မလာခဲ့ပေ!

ဖူကျိုးတွင် သေချာပေါက် အချို့အစိတ်အပိုင်းများ၌ သစ်သားတည်ဆောက်ပုံပါရှိလေသည်။

ယင်လီ အလျင်အမြန် ခေါင်းညိတ်လိုက်ပြီး၊ လှေဦးကုန်းပတ်ဆီသို့ လျှောက်သွားကာ၊ လက်များကိုဖွင့်လိုက်ပြီး၊ သူမ၏ချောမွေ့လှပသော မျက်နှာကို မော့ကာ၊ လေထဲသို့ ပြောလိုက်သည်>

“အာ~”

“ပြောပြပါ၊ ကြီးမြတ်လှသော ဖူကျိုးဝိညာဉ်! အရာအားလုံးကို သိမြင်သော သင်~”

“အင်း၊ ယင်လေးက အရင်က ဂါထာရွတ်ဖူးပုံ မရဘူး”

ဒီနေ့ ကြားနေမဲလိပ်ကျထားသော ပိုင်ယို့လုသည် သူh မေးစေ့ကို ဖိပြီးစဉ်းစားလိုက်လေသည်။

လိုကျား မျက်လုံးများမှိတ်ထားပြီး စဉ်းစားလိုက်သည်>

“ဒါဆို ဝိညာဉ် မွေးဖွားပေးလိုက်တဲ့ ကံကောင်းခြင်း သင်္ဘောရဲ့ သစ်သားအစိတ်အပိုင်းက တကယ်ပဲ ဝိညာဉ်နဲ့ ဆက်သွယ်နိုင်တဲ့ စွမ်းရည် ရှိတာပေါ့? ဒါက ပဉ္စမအဆင့် ဝိညာဉ်လက်နက်ရဲ့စွမ်းအားပဲ”

စုကျို မျက်တောင်ခတ်လိုက်သည်> ကိစ္စတွေက အဲ့လောက် မရိုးရှင်းဘူးလို့ သူမ ခံစားလိုက်ရသည်။

သူမသည် ရှန်ဝူချင်း သူ့လက်မောင်းအင်္ကျီထဲတွင် တိတ်တဆိတ်ဖွင့်ထားသော အင်တာဗျူး မှတ်တမ်းတင် ကျောက်တုံးကိုအမြန် ကြည့်လိုက်လေ သည်။

ယင်လီ သူ့စာသားတွေကို ရွတ်ဆိုနေစဉ်မှာ တမင်တကာဟန်ပန်လုပ်ပြီး ကြွားဝါနေဖို့ အခွင့်အလမ်းကအနည်းဆုံး ၁၀၀% ရှိတယ်။

သေချာသည်မှာ ယင်လီသည် ကုန်းပတ်ပေါ်တွင် လက်များကိုဆန့်တန်းလျက်၊ မျက်နှာမော့ကာ၊ နေရောင်ခြည်ကို မျက်နှာမူပြီးရပ်နေလေသည်၊ ဆယ်ခါ အသက်ရှူချိန်တောင် မပြည့်ခင်မှာ၊ ဖရိုဖရဲ ဖြစ်နေသော ဝိညာဉ်စွမ်းအင်လေအေးကြောင့် တုန်ရီလျက် ပြန်ရောက်လာလေသည်။

“ဟိုက်ချူး”

“ဝူချင်း၊ ငါ နှာချေလိုက်တဲ့အပိုင်းကို အင်တာဗျူးကနေ ဖြတ်ထုတ်ပေးလို့ ရမလား”

ရှန်ဝူချင်း သဘာဝကျကျ သဘောမတူပေ။

ဒါတွေအကုန်လုံးက တိုက်ပွဲကနေရရှိတဲ့ တန်ဖိုးရှိတဲ့ မှတ်တမ်းရုပ်ရှင် ပစ္စည်းတွေပဲ!

သို့သော် လိုကျားကမူ ဓားကို ဆွဲထုတ်လိုက်ပြီး အင်တာဗျူး ကျောက်တုံးကိုရယူလိုက်လေသည်။

တောက်ဟယ်က ယင်လီ နှာချေနေသောကြည့်မကောင်းသည့် အခိုက်အတန့်အနည်းငယ်ကိုပြန်လည် ရယူရန် သူ့ငါးမျှားပါရမီကို အသုံးပြုလိုက်ရာ၊ လဲ့ကျယ်က လျှပ်စီးကြောင်း တစ်ခုထုတ်လွှတ်လိုက်ပြီး၊ အပိုင်းတစ်ခုလုံးကို အလင်းလွန်ကဲသွားစေခဲ့လေသည်။

“အားလုံးကို ကျေးဇူးတင်ပါတယ်”

ယင်လီသည် အမှန်တကယ်ပင် အခန်းထဲသို့ဝင်သွားပြီး ကျေးဇူးတင်စွာပြောလိုက်သည်။

“ဖူကျိုးအခန်းက ငါ့ကို ပြောတယ်၊ သင်္ဘောရဲ့အရေးကြီးဆုံး မဏ္ဍိုင်ရဲ့ပြုပြင်ထိန်းသိမ်းရေး အစိတ်အပိုင်းပျောက်ဆုံးနေတယ်တဲ့ မဏ္ဍိုင်ရဲ့ခေါင်းနဲ့ အမြီး နှစ်ဖက်စလုံးမှာရိုက်ထားတဲ့ ကြက်သွေးရောင် ဖီဖာပုံစံ သံချောင်းတွေလေ”

“အခု တစ်ဝက်ပဲကျန်တော့တယ်”

ရှန်ဝူချင်း မျက်နှာထား ပြင်းထန်စွာ ပြောင်းလဲသွားပြီး၊ နာကျင်ရမည့်နေရာကို ထိမှန်သွားသည်မှာ ထင်ရှားလေသည်။

“ဟမ်၊ အခန်းက နင့်ကိုပြောတာလား၊ ဒါဆို စောစောက လှေဦးဆီပြေးသွားပြီး နင် ဘာလုပ်နေတာလဲ”

“နင် ဟန်ဆောင်နေတာ မဟုတ်လား! ယင်လေး”

ယင်လီ လုံးဝ မရှက်မကြောက်ပြောလိုက်သည်။

“လူတိုင်း ငါ့ကို လေးစားအားကျလေလေ၊ ငါ ပိုပျော်လေလေ၊ ပြီးတော့ ငါ့ပါရမီက ပိုအားကောင်းလာလေလေပဲ”

ဖူး~

ဝိညာဉ်ပိုးကောင်ဂေဟာရှိ လူတိုင်း သူမ အဓိပ္ပာယ်မရှိတာတွေ ပြောနေမှန်းသိကြသည်။

သို့သော် ယခုအချိန်တွင်၊ ပြိုင်ပွဲ ထုတ်လွှင့်မှု၏ဆွေးနွေးခန်း ဧရိယာ၌၊ စိတ်လှုပ်ရှားဖွယ် စကားလုံးများစွာပျံဝဲထွက်ပေါ်လာလေသည်။

【ဟမ်၊ ဒါဆို ဒါက ဝိညာဉ်ပိုးကောင်ဂေဟာက ယင်လီရဲ့ ပါရမီပေါ့။】

【ဒီပါရမီက လူတိုင်းရဲ့ လေးစားအားကျမှုနဲ့ တကယ် သက်ဆိုင်နေတာပဲ။】

【မယုံနိုင်စရာပဲ၊ သူမက ပေါက်ကြားသွားပြီး ပြိုင်ဘက်တွေ သိသွားမှာမကြောက်ဘူးလား】

【နှစ်တိုင်း ပြိုင်ပွဲ ပြီးခါနီးရင်၊ ပြိုင်ပွဲဝင်တွေရဲ့ သတင်းအချက်အလက် အများအပြား ပေါက်ကြားလေ့ရှိတယ်၊ ဝိညာဉ်ပိုးကောင်ဂေဟာက တကယ်ပဲ အတွေ့အကြုံ မရှိဘူး။】

【သူမ အင်အားကို ဘယ်လို ဖုံးကွယ်ရမလဲဆိုတာ လုံးဝမသိဘူး၊ ဝိညာဉ်ပိုးကောင်ဂေဟာက ဒီပြိုင်ပွဲဝင် ယင်လီဆိုတာက!】

“ငါတို့ သူမကို ကိုးကွယ်တာရပ်လိုက်ရင်၊ သူ့ စွမ်းအား ဆုံးရှုံးသွားမှာ မဟုတ်ဘူးလား”

ဒီဆွေးနွေးမှုက ဝိညာဉ်ပိုးကောင်ဂေဟာ ဂိုဏ်းသားတွေကို ကြောင်အမ်းအမ်းဖြစ်သွားစေခဲ့သည်။

တကယ်လား၊ အပြင်ပလူတွေက အရမ်း အရူးလုပ်ရလွယ်တာလား။

သူတို့ ယင်လီ ပြောသမျှ အကုန်ယုံနေကြတာပဲ! ဝိညာဉ်ပိုးကောင်ဂေဟာကြည့်ရှုသူတွေအတွက် ပိုပြီးနားမလည်နိုင်စရာ ကောင်းတာက၊ ပုစ္ဆာတွေဖြေရှင်းရာမှာ သူတို့ရဲ့ တိုးတက်မှုက တခြားလူတိုင်းရဲ့ နားလည်မှုထက် အများကြီးရှေ့ရောက်နေပုံရတာပဲ!

“ဝိညာဉ်ပိုးကောင်ဂေဟာ ဘာလုပ်နေတာလဲ”

“စီစဉ်သူတွေက သူတို့ ခြေစစ်ပွဲမှာ ပထမရသွားတာမြင်ပြီး၊ အခု သူတို့အဖွဲ့ရဲ့ ပုံရိပ်တွေကို ထုတ်လွှင့်နေတာလား ? ဒါပေမဲ့ ဘာလို့ သူတို့က ကံကောင်းခြင်း င်္ဘောရဲ့ ပျဉ်ပြားတွေကို အလကားနေရင်းလှန်လှောနေကြတာလဲ”

“ဒါ ဘာအဓိပ္ပာယ်လဲ”

အုပ်စု C ၏ပထမအကျော့ ပြိုင်ပွဲ နောက်ဆုံးတွင် ပြီးဆုံးသွားလေသည်။

ကပ်ဘေးများကို ရှောင်ရှားရာတွင် အနှေးကွေးဆုံး အဖွဲ့နှစ်ဖွဲ့ထုတ်ပယ်ခံလိုက်ရလေသည်။

ထို့နောက်၊ ကံကောင်းခြင်း သင်္ဘောများအားလုံး စတင်လှုပ်ခါလာပြီး၊ ရေစီးကြောင်းနှင့်အတူ ဘယ်ညာ ယိမ်းထိုးနေကြလေသည်။

ကူးတို့လှေများ ထိန်းချုပ်မှု လွတ်သွားပြီဟု လူတိုင်း ထင်မှတ်လိုက်ချိန်တွင်၊ ဒုတိယ ပုစ္ဆာရောက်ရှိလာလေသည်!

[အုပ်စု တစ်ခုစီအတွက် ခြောက်သင်းမှ ငါးသင်းကျန် ပြိုင်ပွဲ: ပျောက်ဆုံးနေသော အစိတ်အပိုင်းများကိုရယူပြီး ကံကောင်းခြင်းသင်္ဘောကို ပြုပြင်ပါ!]

[ဤမေးခွန်းအတွက် စည်းမျဉ်းများမှာ အောက်ပါအတိုင်း ဖြစ်သည်:]

[စည်းကမ်း ၁: ......

စည်းကမ်း ၃: ကံကောင်းခြင်း သင်္ဘော၏ပျောက်ဆုံးနေသော အရေးကြီးအစိတ်အပိုင်းများကို ရှာဖွေရန် ဤသင်္ဘောပေါ်ရှိ စာမေးပွဲ စစ်ဆေးသူနှင့် စကားပြောရမည်။]

...

အထက်ပါ အချက်များကို အဓိပ္ပာယ်ဖွင့်ဆိုပိုင်ခွင့်သည် မေးခွန်းထုတ်သော အဖွဲ့အစည်း၊ ဝိညာဉ်ကုန်သည်အသင်း၌သာ ရှိသည်။]

မေးခွန်း မွမ်းမံလိုက်သည်နှင့် လူတိုင်း ရုတ်တရက်သဘောပေါက်သွားကြလေသည်။

[ဒါဆို ဝိညာဉ်ပိုးကောင်ဂေဟာရဲ့ စောစောကလုပ်ရပ်တွေက ကံကောင်းခြင်း သင်္ဘောရဲ့ပျောက်ဆုံးနေတဲ့ အစိတ်အပိုင်းတွေကို ရှာဖွေဖို့ပေါ့။]

[ငါ သဘောပေါက်ပြီ၊ သူတို့က ပြိုင်ပွဲမေးခွန်း ဒုတိယအကျော့ကို လုပ်ဆောင်နေကြတာပဲ]

[!]

[???]

ဝိညာဉ်ပိုးကောင်ဂေဟာကို 'အနည်းငယ် စိတ်ဝင်စား' ပြီး ကြည့်ရှုရန် စီစဉ်ထားသော ကြည့်ရှုသူများ အားလုံးကြောင်အမ်းအမ်း ဖြစ်သွားကြလေသည်။

တခြားသူတွေက ပထမမေးခွန်းကို မနည်းပြီးမြောက်အောင် လုပ်ခဲ့ရပေမယ့်၊ သူတို့က ဒုတိယမေးခွန်းရောက်နေကြပြီ ဟုတ်လား!?

သို့သော် အရေးကြီးသော အချိန်တွင်၊ ဝိညာဉ်ပိုးကောင်ဂေဟာ ရှိသော အုပ်စု C ၏ ထုတ်လွှင့်မှု ဖန်သားပြင်သည် လူကြိုက်များသော အဖွဲ့၊ [နဂါးလှေအဖွဲ့] ဆီသို့ ချက်ချင်း ပြောင်းသွားလေသည်။

ရှင်းနေသည်မှာ၊ ဤအဖွဲ့သည် ဒီအကျော့တွင် ပထမဆုရရှိရန် အလားအလာ အရှိဆုံးဟု စီစဉ်သူများ ယုံကြည်ထားသောအဖွဲ့ဖြစ်သည်!

သို့သော် မကြာမီ— ပြိုင်ပွဲ အခြေအနေ မွမ်းမံလိုက်လေသည်။

[အုပ်စု C ခြောက်သင်းမှ ငါးသင်းကျန် ထုတ်ပယ်အဆင့်၊ ပွဲစဉ် ရပ်တည်မှုများ:]

[၁။ ဝိညာဉ်ပိုးကောင်ဂေဟာ: -၄၀%]

[၂။ နဂါးလှေအဖွဲ့: -၂၀%]

[၃။ ကချေသည်ခန်းမ: ၀%]

...

[???]

[...]

[???]

[သူတို့ အများကြီး ရှေ့ရောက်နေပြန်ပြီ? ဝိညာဉ်ပိုးကောင်ဂေဟာက သင်္ဘောတည်ဆောက်ရေးဘက် ပြောင်းသွားတာလား။]

အထူး ပါရမီရှိသော သင်္ဘောတည်ဆောက်ရေး ကျင့်ကြံသူများသည် ဆရာသခင်ကြီး ဆယ်ပါးအနက် ဝိညာဉ်လက်မှုပညာရှင် လမ်းစဉ်တွင် ပါဝင်ကြသည်။

သူတို့အထဲမှ ပါရမီရှင်အချို့သည် မည်သည့်သင်္ဘော သို့မဟုတ် မှော်လက်နက်၏ပြဿနာများကိုမဆို ထောက်လှမ်းသိရှိနိုင်သည်။ ထိုကဲ့သို့သော အခြေအနေမျိုးတွင်၊ ပြဿနာဖော်ပြချက်ကို မကြည့်ဘဲနှင့်ပင် သူတို့သည် 'သင်္ဘောကို ပြုပြင်' နိုင်ကြလေသည်။

[ကြည့်လိုက်၊ ဝိညာဉ်ပိုးကောင်ဂေဟာက လက်နက်သွန်းလုပ်ရေးအတွက် အုပ်စု A က ရွှေကျောက်စိမ်း ဂိတ်တံခါးထက် နည်းနည်းပဲ ပိုနှေးတာ။]

[သူတို့က အုပ်စု C မှာ၊ စုစုပေါင်း အဆင့် ၂ ချိတ်နေတယ်!]

[ဝါး၊ အခုကစပြီး၊ ငါ ဝိညာဉ်ပိုးကောင်ဂေဟာဆီကပဲ သင်္ဘောတွေ ဝယ်တော့မယ်????]

ယခုအချိန်တွင်၊ ကံကောင်းခြင်း သင်္ဘောပေါ်၌၊ မဟာကျင့်ကြံသူလုကျိကျောင်းအပါအဝင် ဝိညာဉ်ပိုးကောင်ဂေဟာအဖွဲ့သည်၊ ယင်လီ ထောက်ပြခဲ့သော မက္ဍိုင်၏ခေါင်းနှင့် အမြီးရှိ ဖီဖာပုံစံ သံချောင်းနှစ်ချောင်း ပတ်လည်တွင်စုဝေးနေကြလေသည်။

“ဒါဆို ခိုင်ခံ့မှုအတွက် သုံးတဲ့ ဒီ ဖီဖာပုံစံ သံနက်သံချောင်းတွေပေါ့ ဒီလောက်ကြီးတဲ့သင်္ဘောကြီးမှာ၊ ပြဿနာဖြစ်တဲ့ အစိတ်အပိုင်းက ဒီလောက် သေးငယ်လိမ့်မယ်လို့ ဘယ်သူထင်မှာလဲ”

“နောက်ဆုံး ဖီဖာသံချောင်း ကျိုးနေတယ်”

ယင်လီ ကျိုးပဲ့နေသော အပိုင်းအစကို လက်ထဲတွင် ကိုင်ထားလေသည်။

“ဒါ အစားထိုးဖို့ လိုအပ်နေတဲ့ တစ်ခုပဲ”

သူ စုကျိုကိုကြည့်လိုက်သည်။

လူတိုင်း စုကျိုကို ကြည့်လိုက်ကြသည်။

စုကျို စဉ်းစားလိုက်ပြီး၊ သူ့ ပုလဲဝတ်ရုံကို ငုံ့ကြည့်လိုက်သည်။

“ငါ အဆင်ပြေပါတယ်”

“ဒါပေမဲ့ ငါ လက်လှမ်းပြီး အဲဒါကို ထိလိုက်ရင်၊ ကံကောင်းခြင်း သင်္ဘောက ရှောင်တိမ်းလိမ့်မယ်၊ ပျဉ်ပြားတွေက လှေအောက်ခြေကနေ တိုက်ရိုက် ရွေ့သွားလိမ့်မယ်၊ လောင်စာ ထောက်ပံ့မှုကိုဖယ်ရှားလိုက်ပြီး၊ ပျံသန်းလှေက အလယ်ကနေကျိုးသွားလိမ့်မယ်၊ နင်တို့ မေ့နေကြပြီလား”

စုကျို အပြစ်ကင်းစင်စွာ မျက်တောင်ခတ်လိုက်သည်။

All Chapters