အခန်း (၁၄၀)
Vol. 14 Ch. 140
ဝိညာဉ်ပိုးကောင်ဂေဟာသည် အုပ်စု C အုပ်စုအဆင့် ပြိုင်ပွဲတွင် ပထမနေရာ ထပ်မံရရှိသွားခဲ့လေသည်။
ပြီးတော့ စုကျိုသည် ဝိညာဉ်ကုန်သည် အသင်း၏ဖလှယ်ခွင့် အရည်အချင်းစစ် အမှတ် ၂၀ ကို ရရှိခဲ့လေသည်။
ဒါပေမဲ့ သူမ နားမလည်နိုင်ပေ။
“လူဆိုးနတ်သမီးလို့ ခေါ်တဲ့ လူတစ်ယောက်နဲ့ ငါ့ကို ဘယ်လိုလုပ်နှိုင်းယှဉ်လို့ ရမှာလဲ”
ရှန်ဝူချင်း စိတ်ဓာတ်ကျနေပြီဖြစ်သည်။ သူ သိပ်ပြီး ရှင်းပြချင်စိတ်မရှိတော့ပေ။ လူဆိုးနတ်သမီးဆိုတာ သူ့ဆရာသခင်အတွက် လူတိုင်းပေးထားတဲ့ နာမည်ပြောင် တစ်ခုသာ။ သူ့ဆရာသခင်၏ နာမည်ရင်းမှာ နတ်သမီးလိုင်လိုင်ဖြစ်သည်။ ထားလိုက်ပါတော့ အရေးမကြီးပါဘူး၊ ရှန်ဝူချင်းသည် စုကျိုကို ကြည့်လိုက်ပြီး ချစ်ခင်စွာပြောလိုက်သည်။
“ဂျူနီယာညီမလေးစု နင့်ရဲ့ ပြဿနာဖြေရှင်းပုံက ငါ့ဆရာသခင်နဲ့ တူတယ်၊ ဘာလို့ နင် ဝိညာဉ်ကုန်သည်အသင်းဆီပြောင်းပြီး... မသင်ယူသင့်တာလဲ...”
“ဂျူနီယာညီမလေးစု တာဝန်တွေ ပြီးမြောက်အောင်လုပ်ဆောင်တဲ့ နင့်ရဲ့ စိတ်ကူးစိတ်သန်းက ငါတို့ ဝိညာဉ်ကုန်သည်တွေနဲ့ပိုပြီး လိုက်ဖက်နေတာ ထင်ရှားတယ်...”
ရှန်ဝူချင်း ပါးစပ်ပိတ်လိုက်သည်။ သူ သူ့သံမျက်နှာဖုံးကို တပ်ဆင်လိုက်သည်၊
“မသေမျိုး အရှင်သခင်လု၊ ကျွန်တော့် ဆရာသခင်ကပြောတယ် သူ အလားအလာရှိတဲ့ ပါရမီရှင်တစ်ယောက်ကို တွေ့ထားတယ်တဲ့...”
“!”
ရှန်ဝူချင်း ပြောစရာစကားမဲ့သွားလေသည်။ ဒါက ဝိညာဉ်ပိုးကောင်ဂေဟာဟုတ်ရဲ့လား သေချာမသိတဲ့သူဆိုရင် သူတို့က ပိုးကောင်မွေးတာ မဟုတ်ဘဲ ကြက်မွေးတာလို့ထင်ကြလိမ့်မယ်! သူသည် ပြောစရာစကားမဲ့စွာဖြင့် သူ့သုံးထပ် အခန်း၊ သူ့အနားယူရာ အခန်းဆီသို့ ပြန်လျှောက်သွားလေသည်။ ထို့နောက် သူသည် အပေါ်ဆုံးကုန်းပတ်ပေါ်တွင် ရပ်လိုက်လေသည်။
“ချစ်ခင်ရပါသော ဝိညာဉ်ပိုးကောင်ဂေဟာ ဂိုဏ်းသားတို့၊ ငါတို့ အခု ဖီးနစ်မြို့တော်ဆီ သုံးရက်ကြာ ခရီးစဉ်ကို စတင်တော့မယ်”
“ကူးတို့လှေက တိုက်ခိုက်ရေးမန္တန်တွေနဲ့ အစီအရင်အမျိုးမျိုးကြောင့် နာမည်ကြီးတဲ့ မြို့ငယ်လေး တစ်မြို့ကို ဖြတ်သန်းသွားလိမ့်မယ်—ဖီးနစ်မြို့တော် အထူးဒေသပေါ့”
“အဲဒီအချိန်ကျရင်၊ အမှတ်တရပစ္စည်းတချို့ ဝယ်ဖို့ လူတိုင်းကိုဆင်းခွင့်ပေးမယ်၊ အင်း ပြိုင်ပွဲမှာသုံးလို့ရမယ့် လက်နက်တွေနဲ့ ဆေးလုံးတချို့ပေါ့၊ ဒါမှ လူတိုင်း ခြေစစ်ပွဲ အဆင့်တွေရဲ့ တင်းမာတဲ့ လေထုပြီးနောက်အပန်းဖြေနိုင်ကြမှာလေ”
ရှန်ဝူချင်းသည် စီစဉ်သူများ စီစဉ်ထားသော ဈေးဝယ်ခရီးစဉ်အကြောင်း နှုတ်မှလွတ်ထွက်လုနီးပါး ဖြစ်သွားလေသည်။ သို့သော်၊ ဤအရာသည် ဝိညာဉ်ကုန်သည် အသင်းတစ်ခုတည်းသာ လုပ်ဆောင်သောဈေးဝယ် ခရီးစဉ်မျိုးမဟုတ်ပေ။ ယခင်နှစ်များတွင်၊ စီစဉ်သူများသည် သူတို့၏ ကိုယ်ပိုင်လှည့်ကွက်များကို သုံးခဲ့ကြဖူးသည်။
“ဟိုးအရင်တုန်းက၊ ငါတို့ ဝိညာဉ်ပိုးကောင်ဂေဟာက နတ်လမ်းစဉ်မဟာပြိုင်ပွဲကို အိမ်ရှင်အဖြစ်လက်ခံကျင်းပတုန်းက”
ယင်လီ ပြန်ပြောင်းပြောပြသည်။
“ငါတို့က ပါဝင်ယှဉ်ပြိုင်တဲ့ အဖွဲ့တွေနဲ့ ကြည့်ရှုသူတွေအတွက် ခုနစ်ရက်ကြာ ပြိုင်ပွဲကာလအတွင်း ဝိညာဉ်ပိုးကောင်ဂေဟာ ဆိုင်ပေါင်း ၇၂ ဆိုင်ကို လှည့်လည်ကြည့်ရှုဖို့ အထူးစီစဉ်ခဲ့ကြတယ်”
“ဆိုင်တစ်ဆိုင်စီမှာ နှစ်နာရီကြာလည်ပတ်ချိန်ရှိတယ်၊ နင် တစ်ခုခု ဝယ်ပြီးမှပဲ ထွက်ခွာခွင့် ရှိမယ်”
စုကျို— “?”
“သေချာတာပေါ့၊ ဒါက မသေမျိုး အရှင်သခင်လုကျိကျောင်းရဲ့ စီနီယာအစ်မလည်းဖြစ်တဲ့ ငါတို့ဂိုဏ်းချုပ်က သူရဲ့အချစ်ဆုံးသူငယ်ချင်း၊ ဝိညာဉ်ကုန်သည်အသင်းက နတ်သမီးလိုင်လိုင်ဆီကနေ ရခဲ့တဲ့ အကြံဉာဏ်လေ”
စုကျို— “...”
သူမ အံ့အားသင့်စွာဖြင့် လူတိုင်းနှင့်အတူ ကံကောင်းခြင်းသင်္ဘော၏ ကုန်းပတ်ပေါ်သို့ ပြန်လာခဲ့လေသည်။ ကုန်းပတ်ပေါ်တွင်၊ ချန်ယွမ်နှင့် တောက်ဟယ်တို့သည် အခြားသူအချို့နှင့်အတူ၊ သက်ဆိုင်ရာ သိုလှောင်အိတ်များထဲမှ အောက်တန်းစားခြံဝင်း၏ပုံတူများကို ထုတ်ယူရန် ပူးပေါင်း လုပ်ဆောင်နေကြလေသည်။
ယင်းတို့ကို ဆက်စပ်လိုက်ခြင်းဖြင့် သူတို့သည် ခြံဝင်း၏အသေးစား ပုံစံငယ်တစ်ခုကို ဖန်တီးနိုင်ကြလေသည်။ ဤနည်းအားဖြင့်၊ လူတိုင်း ခရီးစဉ်အတွင်း ရင်းနှီးကျွမ်းဝင်မှုမရှိသော ကုတင်များပေါ်တွင် အိပ်ရမည်ကို စိုးရိမ်စရာမလိုတော့ပေ။ ဤသည်မှာ အဓိကအားဖြင့် ဒီနေ့မှစ၍၊ ကူးတို့လှေ၏တတိယထပ်အခန်းများသည် အခကြေးငွေစတင် ကောက်ခံတော့မည် ဖြစ်သောကြောင့်ဖြစ်သည်။ စုကျိုသည် ထိုအပိုငွေကို ပေးမည်မဟုတ်ဘဲ၊ ၎င်းအတွက် ကြိုတင်ပြင်ဆင်ထားပြီးဖြစ်သည်။ ယခုအချိန်တွင်၊ သူတို့သည် သူတို့ ကိုယ်ပိုင်ခြံဝင်းထဲရှိ စပျစ်သီး စင်အောက်တွင် အေးအေးလူလူထိုင်နေကြလေသည်။
“ဂျူနီယာညီမလေး ယင်လီက ဒီလောက် ကြာမြင့်လှတဲ့ အတိတ်ကအကြောင်းအရာတွေကိုတောင် သိနေတာလား”
လယ်သမားအိုကြီး တစ်ယောက်ကဲ့သို့ ဝတ်ဆင်ထားသော စီနီယာအစ်ကိုကြီးမူသည်လည်း ဝိညာဉ်စွမ်းအင် ရေလွှာလျှောစီး ထိုင်ခုံတစ်ခုကို ထုတ်ယူကာ ခြံဝင်းထဲတွင်ချထားလိုက်လေသည်။ သူတို့သည် မီးပုံတစ်ခုဘေးတွင် အတူတကွ ထိုင်လိုက်ကြလေသည်။
“ငါတို့ ဂိုဏ်းက မဟာလမ်းစဉ်ပြိုင်ပွဲကိုလွန်ခဲ့တဲ့ နှစ် ၈၀ တုန်းက စီစဉ်ခဲ့တာ”
စုကျိုသည် စပျစ်သီးစင်အောက်ရှိ ထိုင်ခုံတွင် မှီထိုင်လိုက်ပြီး၊ သက်သောင့်သက်သာဖြင့် မျက်လုံးများကို မှေးစင်းထားလိုက်လေသည်။ သူမ ချန်ယွမ်ကို အမြန်လှမ်းခေါ်လိုက်ပြီး၊ အခြားသူများကို လျစ်လျူရှုကာ လာရောက်လှဲလျောင်းရန် ပြောလိုက်လေသည်။ စုကျီကျီနှင့် စုရှင်းချန်တို့ သည် ငါးအသားလွှာပြုလုပ်ရန် သူတို့၏ ဟင်းချက်စွမ်းရည်များကို အသုံးပြုနေကြပြီဖြစ်သည်။
“အဲဒါ လွန်ခဲ့တဲ့ နှစ် ၈၀ တုန်းကပါ၊ အဲဒီ ပွဲပြီးကတည်းက၊ ငါတို့ ဝိညာဉ်ပိုးကောင်ဂေဟာ ဂိုဏ်းချုပ်က ငါတို့ နောက်ထပ် နှစ်တစ်ရာအတွင်း ဘယ်တော့မှ ထပ်မကျင်းပတော့ဘူးလို့ ကျိန်ဆိုခဲ့တယ်!”
“နောက်တစ်ခါကျရင်၊ အသက်မွေးဝမ်းကျောင်း ပညာရပ် ၃၆၅ ခုထဲက အဓိက နတ်လမ်းစဉ်ဆယ်ခုကို တစ်လှည့်စီ အိမ်ရှင်အဖြစ် လက်ခံကျင်းပခိုင်းဖို့ မဲနှိုက်ကြလိမ့်မယ်”
ယင်လီ လက်ဖြန့်ပြလိုက်လေသည်။
“ဘာပဲဖြစ်ဖြစ်၊ ပွဲတစ်ခု စီစဉ်တာက ကုန်ကျစရိတ်အရမ်းများလွန်းတယ်”
“သူမရဲ့ အချစ်ဆုံး သူငယ်ချင်းနတ်သမီးလိုင်လိုင်ရဲ့ အကြံဉာဏ်သာမပါခဲ့ရင်၊ ဈေးဝယ်စင်တာ ၇၂ ခုကို အရေးပေါ် ဖွင့်လှစ်ပြီး၊ ပါဝင်ယှဉ်ပြိုင် သူတွေနဲ့ ကြည့်ရှုသူဂိုဏ်းသားတွေ၊ အကြီးအကဲတွေရဲ့ မုန့်ဖိုးတွေ အကုန်လုံးကိုလုယူခဲ့တာသာ မဟုတ်ရင်၊ ငါတို့ အကြီးအကျယ် ရှုံးနိမ့်သွားမှာ”
“...”
စုကျို စပျစ်သီး သီးနင်လုနီးပါးဖြစ်သွားလေသည်။ ဒီလို လုပ်လို့ ဖြစ်ရဲ့လား။ ဝိညာဉ်ပိုးကောင်ဂေဟာက အမြဲတမ်း နောက်ဆုံး ရောက်တယ်လို့ ငါ ကြားတယ်။ အဲဒါ လူတိုင်းက ဝိညာဉ်ပိုးကောင်ဂေဟာကို လက်စားချေချင်နေကြလို့များလား။
“ငါတို့က သိက္ခာရှိပါသေးတယ်၊ ပိုပြီး လွန်လွန်းတာက လွန်ခဲ့တဲ့ နှစ် ၇၀ တုန်းက၊ အဲဒီ ဝိညာဉ်လက်မှုပညာရှင်ဂိုဏ်းကငတုံး ကျင်းအလှည့် ရောက်တုန်းကလေ သူက ဝိညာဉ်လက်နက် သုံးခုဝယ်ရင် ပြိုင်ပွဲ လက်မှတ်တစ်စောင် ကံစမ်းမဲပေါက်နိုင်တဲ့ ပွဲတစ်ခုကျင်းပခဲ့ပြီး၊ ဝိညာဉ်ကျောက်တုံး သန်းတစ်ဆယ်ကျော်ရခဲ့တယ်၊ သောက်ကျိုးနည်း!”
“ပြီးတော့ လွန်ခဲ့တဲ့ နှစ် ၆၀ တုန်းက၊ ဆေးလုံးဂိုဏ်းက ငတုံးတွေကပြိုင်ပွဲကာလအတွင်း နယ်ပယ်တစ်ခုလုံးမှာ ဆေးလုံးဈေးနှုန်းတွေကို သုံးဆ တင်လိုက်ကြတယ်၊ မှောင်ခိုဈေးထက်တောင် ပိုဆိုးဝါးသေးတယ်၊ ပြီးတော့ သူတို့ ဝိညာဉ်ကျောက်တုံး သန်းနှစ်ဆယ်ကျော်ရခဲ့ကြတယ်!”
“ယှဉ်ကြည့်လိုက်ရင်၊ ငါတို့ ဝိညာဉ်ပိုးကောင်ဂေဟာထပ်ဖြည့်လိုက်တဲ့ ဈေးဝယ်စင်တာ ၇၂ ခုက ပုံမှန် ဈေးနှုန်းတွေပါပဲ၊ များများဝယ်လေ လက်ဆောင် များများရလေဆိုတော့၊ ငါတို့က အရင်းကျေရုံလောက်ပဲ ရှိတာ”
ယင်လီ ဆက်ရှင်းပြနေလေသည်။ စုကျိုမျက်နှာထား တဖြည်းဖြည်းထူးဆန်းလာပြီး၊ သူမ ဖြည်းညှင်းစွာ ယင်လီကို ကြည့်လိုက်လေသည်။
“နင် ဒီသတင်းအချက်အလက်ကို ဘယ်တုန်းက ဖတ်လိုက်တာလဲ”
ကုန်းပတ်ပေါ်ရှိ ယာယီ၊ တရားမဝင် အဆောက်အဦး—လက်အောက်ငယ်သားများ၏ခြံဝင်း—ထဲတွင်၊ လဲ့ကျယ်နှင့် အခြားသူများ အားလုံး အံ့အားသင့်နေကြလေသည်။ ရှင်းနေသည်မှာ၊ သူတို့ ဤအရာများကိုမသိရှိခဲ့ကြပေ။ ဒီလို မဖြစ်သင့်ဘူး။ အကယ်၍ယင်လီသာ သိခဲ့ရင်၊ သူမ အားလုံးကိုပြောပြခဲ့တာကြာပြီ။ သူမရဲ့အာရုံစိုက်ခံရတာကြိုက်တဲ့ သဘာဝအရ၊ ဒီနေ့အထိ သေချာပေါက်စောင့်နေမှာ မဟုတ်ဘူး။
“ဟမ်”
ယင်လီ စုကျိုမေးခွန်းကို နောက်ဆုံးတွင်တုံ့ပြန်လိုက်ပြီး၊ သူ့မျက်နှာပေါ်တွင် ကြောင်အမ်းအမ်း အမူအရာပေါ်လာလေသည်။
“ငါ အခုလေးတင် ဖတ်လိုက်တာ”
ထိတ်လန့်သွားကြလေသည်။ ပုံမှန်အားဖြင့် အလွန် လေးနက်သော လဲ့ကျယ်နှင့် အခြားသူများသည် နောက်သို့ ယိမ်းလိုက်ကြလေသည်။ စုကျိုနှင့် အခြားသူများ ယခု ရှင်းရှင်းလင်းလင်း မြင်လိုက်ရပြီ ယင်လီသည် စောစောကတည်းက အရှင်သခင်လုကျိကျောင်းဝတ်ရုံ၏ ထောင့်စွန်းပေါ်တွင် ထိုင်နေခဲ့ခြင်းဖြစ်သည်! မသေမျိုး အရှင်သခင်လုကျိကျောင်းသည် စကားပြောရန်တွန့်ဆုတ်လျက် သူမ ဘေးတွင် ထိုင်နေခဲ့လေသည်။ ယင်လီ လန့်ဖျပ်သွားပြီး ချီးခနဲ မြည်ကာ၊ အလျင်အမြန်မတ်တတ်ရပ်လိုက်သည်။
“စောစောကတည်းက ငါ့ပတ်ဝန်းကျင်မှာ ဝိညာဉ်စွမ်းအင်စီးဆင်းမှုတစ်ခု အဆက်မပြတ်ခံစားနေရတာ အံ့ဩစရာ မဟုတ်တော့ဘူး”
“အိုမင်းတဲ့ အသံတစ်ဒါဇင်လောက် ငါ့ခေါင်းထဲကို ဝင်ရောက်လာတယ်”
လုကျိကျောင်း၏တင်းတင်းကျပ်ကျပ် ဆွဲထားသော လက်မောင်းအင်္ကျီများလှုပ်ခါသွားလေသည်။ —'ဂျူနီယာညီလေးလု၊ ဒီတပည့်က ငါတို့ကို တွေ့သွားပြီ!' —'မကောင်းတော့ဘူး! ငါ ပုန်းမှ ဖြစ်မယ်!'
“ကယ်ကြပါ! သူက ဂိုဏ်းချုပ်ရဲ့စာလိပ်ကို ဖတ်နေတာလား၊ ဒါမှမဟုတ် ငါ့ဟာလား”
“အိုး... ဂျူနီယာညီလေးလု၊ မင်း ငါတို့ ပုံတူကားချပ်တွေပေါ်မှာ ဖတ်ရှုခြင်း ကာကွယ်ရေးအစီအရင် ထားမပေးခဲ့ဘူးလား”
စာလိပ်တစ်ဒါဇင်ခန့် ထိတ်လန့်တကြားဖြစ်ကုန်ကြလေသည်။ လုကျိကျောင်း ခံစားချက်ကင်းမဲ့စွာဖြင့် လက်လှမ်းလိုက်ပြီး သူတို့ကို ဖိချလိုက်လေသည်။
ထို့နောက်၊ သူသည် သူ့ရှေ့ရှိ ဂိုဏ်းသားများကို တိုးညင်းစွာပြောလိုက်လေသည်။
“မင်းတို့ အားလုံး အရမ်းကောင်းကောင်းလုပ်ဆောင်ခဲ့ကြတယ်၊ အထူးသဖြင့် စုကျို၊ မင်းရဲ့ တိုက်ခိုက်ရေး မဟာဗျူဟာက... ထူးချွန်တယ်”
“မင်းရဲ့ပါရမီက အဖွဲ့တစ်ခုလုံးအတွက် အားသာချက်တစ်ခု တဖြည်းဖြည်းဖြစ်လာနေပြီ”
“တခြားဂိုဏ်းသားတွေလည်း ကောင်းကောင်းလုပ်ဆောင်ခဲ့ကြတယ်; မင်းတို့ကို မလိုအပ်ခဲ့ရင်တောင်၊ မင်းတို့ရဲ့ စွမ်းရည်တွေကို ပြသခဲ့ကြတယ်”
ထို့နောက် လုကျိကျောင်းသည် စုကျို စောစီးစွာရောက်ရှိလာမှုကိုဂုဏ်ပြုရန် မီးရှူးမီးပန်းများပစ်ဖောက်ခဲ့သော လျန်ဟော့ကျီကို ညွှန်ပြလိုက်လေသည်။
လျန်ဟော့ကျီ— “...”
ဒါဆို အရှင်သခင်လုက တကယ်ပဲ စာကြောင်းရှည်ကြီးပြောနိုင်တာပဲ။
သူ အသံထွက်မပြောခဲ့ပေမယ့်၊ စိတ်ချင်းဆက်သွယ်ပြီး ပို့လွှတ်နိုင်ခဲ့သည်။
စုကျိုနှင့် အခြားသူများ ရုတ်တရက်နားလည်သွားကြလေသည်။
ထို့နောက် လုကျိကျောင်း မတ်တတ်ရပ်လိုက်သည်။
“ငါ အခန်းကို အရင်ပြန်လိုက်ဦးမယ်၊ မင်းတို့ အနားယူကြတော့၊ ငါ ဒီမှာ ရှိနေရင် မင်းတို့ စိတ်လွတ်လက်လွတ် ပျော်ပါးနိုင်မှာ မဟုတ်ဘူး”
“မဟုတ်ပါဘူး”
“ကျွန်တော်တို့ ဘာမှမခံစားရပါဘူး”
“ကောင်းပါတယ်၊ ကျွန်တော်တို့ အရင်က မသိခဲ့တဲ့ သတင်းအချက်အလက်တချို့ရခဲ့တာပေါ့” “
အရှင်သခင်လု မသွားပါနဲ့ဦး ဆက်ပြီးစကားပြောကြရအောင်”
လုကျိကျောင်း— “...”
သူ လက်မောင်းအင်္ကျီကိုခါလိုက်ပြီး လှည့်ထွက်သွားကာ လူတိုင်းဆီသို့ လေတစ်ချက် ပို့လွှတ်လိုက်လေသည်။
“ဒါက နွေဦးလေညင်းတိုက်ခတ်ပြီး ပြန်လည်မွေးဖွားခြင်းနည်းစနစ်ပဲ”
“အဲဒါက မင်းတို့ရဲ့ ဝိညာဉ်စွမ်းအင်ကိုပြန်လည်ရရှိဖို့ ကူညီပေးနိုင်တယ်”
“ကောင်းကောင်းအနားယူပြီး နောက်တစ်လှည့်အတွက် ပြင်ဆင်ကြ”
ဈေးဝယ်စင်တာအတွက် ပြင်ဆင်ရမှာလား။
စုကျို စဉ်းစားနေစဉ်မှာပင်၊ မသေမျိုး အရှင်သခင်၏ “နွေဦးလေညင်း တိုက်ခတ်ပြီးပြန်လည်မွေးဖွားခြင်း” နည်းစနစ် ထိမှန်ခံလိုက်ရပြီး၊ သတင်းအချက်အလက် စာကြောင်းရှည်ကြီး တစ်ခု သူ့ သိုလှောင်ရုံထဲတွင် ပေါ်လာလေသည်။
【မသေမျိုး အရှင်သခင် လုကျိကျောင်း၏ ပဉ္စမအဆင့်ဝတ်ရုံလက်မောင်းအင်္ကျီ - မသေမျိုးကလေးငယ်၏ ပိုးချည်မျှင် ‘နွေဦးလေညင်း လက်မောင်းအင်္ကျီ’ ကို ခွဲခြားသတ်မှတ်မိသည်။】
【မဟာကျင့်ကြံမှုအင်အားရှိသော နွေဦးလေညင်း နည်းစနစ်ကိုခွဲခြားသတ်မှတ်မိသည်။】
【ဝိညာဉ်ပိုးကောင်ဂေဟာ၏ဂိုဏ်းချုပ် ပါဝင်သော တစ်ဝက်ကျွတ်ကျနေသည့် စာလိပ်ကိုခွဲခြားသတ်မှတ်မိသည်!】
【ပထမအကြီးအကဲပါဝင်သော စာလိပ်ကို... လက်မောင်းအင်္ကျီထဲတွင် ခွဲခြားသတ်မှတ်မိသည်!】
【ဒုတိယအကြီးအကဲပါဝင်သော စာလိပ်ကို... လက်မောင်းအင်္ကျီထဲတွင် ခွဲခြားသတ်မှတ်မိသည်!】
…
【ဒသမအကြီးအကဲပါဝင်သော စာလိပ်ကို ခွဲခြားသတ်မှတ်မိသည်!】
“???”
တစ်ခဏတာ၊ စုကျို သူမ၏ ဖတ်ရှုနိုင်စွမ်း ပျောက်ဆုံးသွားသည်ဟု ထင်လိုက်မိလေသည်။
အာ …ဒါက
သူတို့ အကုန်လုံးက ပုံတူကားချပ်တွေလား ??
ဝိညာဉ်ပိုးကောင်ဂေဟာမှာ ဆရာသမားတွေ မရှိဘူးလို့ သူမ အမြဲ ထင်ခဲ့ပေမယ့်၊ တကယ်တော့ သူတို့မရှိတာ မဟုတ်ဘဲ၊ လူတွေ အကုန်လုံး ပျောက်ကွယ်သွားတာလား ??
စုကျို သူမခေါင်းကို ဖိလိုက်သည်။ သတင်းအချက်အလက် ပမာဏကား များလွန်းလှသည်။
သူမ စဉ်းစားဖို့လိုသည်။
ပိုလွန်ကဲသည်မှာ သူမ၏ရဲရင့်သော အကြံဥာဏ်ပင် ဖြစ်သည်— ဒီပုံတူကားချပ်တွေကို ပုံတူကူးလို့ ရမလား ??
တကယ့်ကို သက်ကြီးရွယ်အိုများကိုလေးစားပြီး ကလေးသူငယ်များကိုစောင့်ရှောက်သော ရဲရင့်သည့် အကြံဉာဏ်ပါပေ!
ကံမကောင်းစွာဖြင့်၊ လက်မောင်းအင်္ကျီများတလွင့်လွင့်နှင့် အရှင်သခင်လုကျိကျောင်းသည် သူမ သူ့ကို သုံးစက္ကန့်တောင် မထိရသေးခင်မှာပင် ထိုနေရာမှ ပျောက်ကွယ်သွားလေသည်။
စုကျိုသည် လေထဲပျောက်ကွယ်သွားသော သူ့ပုံရိပ်ကို ကြည့်လိုက်ပြီး၊ အရှင်သခင်လု သင်္ဘောပေါ်တက်ကတည်းက ပိတ်ထားသော လက်မောင်းအင်္ကျီသည်၊ ဒုက္ခပေးတတ်သော ညာလက်ကိုဖုံးကွယ်ထားသည့် သူ့လက်မောင်းအင်္ကျီနှင့် မတူကြောင်း သဘောပေါက် လိုက်လေသည်။
အစားထိုးအနေဖြင့်၊ ၎င်းတွင်—အဆက်မပြတ် လျှောကျနေသော စာလိပ် တစ်ဒါဇင်ခန့်ပါရှိလေသည်။
သို့သော် တစ်ခုချင်းစီသည်၊ လုကျိကျောင်းကဲ့သို့ပင်၊ မဟာကျင့်ကြံခြင်းအဆင့်တွင် ရှိကြလေသည်။
ထို့ကြောင့် သူတို့ ကျဆင်းနေချိန်တွင်ပင်၊ သူတို့၏အမြန်နှုန်းသည် မဟာကျင့်ကြံသူတစ်ဦး၏အမြန်နှုန်းဖြစ်သည်… ပျံသန်းလှေ တစ်စင်းလုံးရှိ အခြေတည်အဆင့်နှင့် ရွှေအမြုတေအဆင့်ဂိုဏ်းသားများသည် စာလိပ်များကျဆင်းသည့် အမြန်နှုန်းကိုပင် မထောက်လှမ်းနိုင်ကြဘဲ၊ လုကျိကျောင်း မဟာကျင့်ကြံသူတစ်ဦး၏အမြန်နှုန်းဖြင့် အလျင်အမြန်ပြန်လည်သိမ်းဆည်းလိုက်လေသည်!
စုကျိုသည် သိုလှောင်ရုံစာရင်းကို တစ်ချက်ကြည့်လိုက်ရာ၊ ထိုနေရာတွင် ပုံတူကားချပ် တစ်ဒါဇင်ကျော်ရှိနေပြီး၊ ပုံတူကူးယူထားခြင်း မရှိသေးသော်လည်း၊ ပုံဖော်ပြသထားပြီးဖြစ်သည်…
“ဂျူနီယာညီလေး၊ တစ်ယောက်ယောက် ငါ့ကို ကြည့်နေသလိုပဲ”
“ဟုတ်တယ်၊ ငါလည်း ခံစားမိတယ်…”
“ချီး၊ ငါ့လည်ပင်းမှာ အေးစိမ့်စိမ့်ခံစားရတယ်၊ ဒါပေမဲ့ ငါက ပုံတူကားချပ်လေ”
“ဂျူနီယာညီလေး၊ မင်း ပြတင်းပေါက်ဖွင့်ထားခဲ့တာလား”
လုကျိကျောင်းသည် အားကိုးရာမဲ့သောအကြည့်ဖြင့် ကြည့်လိုက်ပြီး ပြတင်းပေါက်ကို အမြန်ပိတ်လိုက်လေသည်။
အကယ်၍ သူ ဒီနေ့ မမြန်ဆန်ခဲ့ရင်၊ ဒီပုံတူကားချပ်တွေကို ၁၂,၉၃၄ ကြိမ် ပြန်သိမ်းဆည်းခဲ့တာမဟုတ်ရင်၊ သူတို့ မြေကြီးပေါ် ပြုတ်ကျပြီး ဒီအခြေတည်အဆင့်ဂိုဏ်းသားတွေ မြင်သွားကြမည်သာ။