← Chapters

အခန်း (၁၄၁)

Vol. 15 Ch. 141

အခန်း (၁၄၁)

Vol. 15 Ch. 141

“ဂျူနီယာညီမလေး စု၊ ဘာတွေ စဉ်းစားနေတာလဲ ? ငှက်ကင် မစားတော့ဘူးလား”

တောက်ဟယ်သည် ငှက်ကြီးတစ်ကောင်ကို မည်သို့မည်ပုံ ဖမ်းမိထားလေသည်။

လျန်ဟော့ကျီ ကင်ပြီးကာစ ရှိသေးသည်။ ပြီးတော့ အကြောင်းပြချက် တစ်စုံတစ်ရာကြောင့် သူသည် အနူးညံ့ဆုံးအတောင်ပံ အသားတစ်ဖဲ့ကို ဆွဲဖဲ့ပြီး စုကျိုထံပစ်ပေးလိုက်လေသည်။

ဖြစ်နိုင်သည်မှာ သူ့ဒန်ထျန် နာကျင်နေဆဲ ဖြစ်လိမ့်မည်။

စုကျိုကမူ “ကျေးဇူးပါ” ဟု ပြောလိုက်လေသည်။

သူမသည် ချန်ယွမ်ကို ပျားရည်သုတ်ခိုင်းလိုက်လေသည်။

သူမ စိတ်လွတ်ကိုယ်လွတ် တစ်ကိုက်ကိုက်လိုက်လေသည်။

နောက်ဆုံးတွင်၊ စုကျိုသည် ဝိညာဉ်ပိုးကောင်ဂေဟာ ဂိုဏ်းချုပ်၏ပုံတူကို အရင် ကူးမလား၊ မဟာအကြီးအကဲကို အရင်ကူးမလား ဆိုသည့် အတွေးမှ အာရုံလွှဲလိုက်နိုင်လေသည်။

“ငါ တစ်ခုခု မေ့နေသလိုခံစားရတယ်” ကြက်တောင်ပံကို ကိုက်လိုက်ရင်း စုကျို တွေးတောလိုက်လေသည်။

“တကယ်လား”

ယင်လီ မော့ကြည့်လိုက်သည်။

“ငါတို့ ပီပါသံချောင်း ဝယ်သွားတဲ့ ဖောက်သည် ၂၀ ဆီကို စစ်မှန်တဲ့ လှည့်လည်သွားလာနေတဲ့ ကုန်သည်ရဲ့ ပုံကို ပို့ပြီးပြီမဟုတ်လား”

အဲဒီနည်းနဲ့ သူတို့အားလုံး ရွှေပန်းပွင့်မြို့မှာ တကယ့်လှည့်လည်သွားလာနေတဲ့ ကုန်သည်နဲ့ ‘တွေ့’ ခဲ့ကြတာပေါ့။

အားလုံး ရှင်းသွားပြီ..

သူတို့ရဲ့ စီးပွားရေးက လုံးဝတရားဝင်တယ်။

စုကျို ခေါင်းညိတ်လိုက်သည်။ ထို့နောက် စီနီယာအစ်ကိုကြီး တောက်ဟယ် ငါးပြန်မျှားပြီး၊ အမြဲတမ်း ရိတ်သိမ်းသူ လယ်သမားအိုကြီး စီနီယာအစ်ကိုကြီး ချင်းချိုးကမူ စားသုံးနိုင်သော သစ်သီးခင်းတစ်ခင်း စိုက်ပျိုးပြီးနောက်တွင်မှ သတိရသွားလေသည်။

“ငါတို့ စီနီယာအစ်ကိုကြီးဝူချင်းကို စားဖို့ မဖိတ်ရင် အဆင်ပြေပါ့မလား”

သူတို့ အတူပါလာတဲ့ စာမေးပွဲ စစ်ဆေးသူကို မေ့နေကြတာပဲ!

[တတိယ ကုန်းပတ်ပေါ်ရှိ တည်းခိုစရိတ်: ၁၂၀၀ ဝိညာဉ်ကျောက်တုံး/တစ်ည]

[အစားအသောက် ကုန်ကျစရိတ်: ၆၆၆ ဝိညာဉ်ကျောက်တုံး/တစ်နပ်]

တတိယကုန်းပတ်ပေါ်ရှိ ရှန်ဝူချင်းသည် ဝင်ပေါက်ငွေပေးချေရာ ကောင်တာတွင် စောင့်ဆိုင်းနေခဲ့လေသည်။

ဒါပေမဲ့ ဝိညာဉ်ပိုးကောင်ဂေဟာက ဘယ်သူမှတက်မလာကြဘူး!

[အုပ်စု C အုပ်စုအဆင့်၊ ငါးသင်းမှ လေးသင်းကျန် ရလဒ်များမှာ အောက်ပါအတိုင်းဖြစ်သည်—]

မကြာမီ၊ ဖူကျိုးလှေ ကုန်းပတ်ပေါ်ရှိ တရားမဝင် အဆောက်အဦးတွင် စားသောက်၊ ကစားနှင့် ကျင့်ကြံနေကြသော ဝိညာဉ်ပိုးကောင်ဂေဟာ အဖွဲ့ဝင်များသည် ကောင်းကင်ကိုကြောင်အမ်းအမ်းကြည့်နေကြလေသည်။

ဒီတစ်ခါ စုကျိုတောင် အံ့အားသင့်သွားသည်။

“ဟမ်၊ ငါက ဒုတိယမေးခွန်းကိုပဲ ထိတွေ့ခဲ့တာလေ၊ ဒါဆို တတိယအကျော့ ရှိသေးတာပေါ့...”

ယင်လီ သူ့ မေးစေ့ကိုဖိလိုက်သည်။

“ငါလည်း မသိဘူး၊ စီစဉ်သူတွေက ငါ့ပါရမီကို ဟန့်တားဖို့ နည်းလမ်းတချို့သုံးခဲ့ပုံရတယ်”

သူတို့ တတိယအကျော့ပြိုင်ပွဲရဲ့ အကြောင်းအရာက ဘာလဲဆိုတာ လုံးဝမသိခဲ့ကြပေမယ့် ရလဒ်တွေ ထွက်နေပြီ!

လဲ့ကျယ် သတိရှိရှိမတ်တတ်ရပ်လိုက်သည်။

တောက်ဟယ်၊ လျန်ဟော့ကျီနှင့် အခြားသူများ အစားထိုးအဖွဲ့ဝင်များပင်လျှင်၊ စက်ဝိုင်းပုံစံဖွဲ့စည်းလိုက်ကြပြီး ချက်ချင်းတိုက်ခိုက်ရေး အနေအထားသို့ ဝင်ရောက်လိုက်ကြလေသည်။

[တတိယအကျော့ပြိုင်ပွဲ မေးခွန်း: ကျင့်ကြံသူများ၊ သင်တို့ ဘာအတွက် အိပ်စက်ကြသနည်း၊ ဘာအတွက် စားသောက်ကြသနည်း!]

[စည်းကမ်း ၁: အခန်းတွင်း အိပ်ခန်းကိုအသုံးပြုခြင်းသည် သတိပေးချက်တစ်ကြိမ်ရရှိမည်။]

[စည်းကမ်း ၂: အခန်းတွင်း အစားအသောက်မှာယူခြင်းသည် သတိပေးချက်တစ်ကြိမ်ရရှိမည်။]

[စည်းကမ်း ၃: ခုနစ်ရက်ကြာ အပျော်စီးခရီးစဉ်အထုပ် သို့မဟုတ် တည်းခိုခန်းဝယ်ယူခြင်းသည် သတိပေးချက်ခုနစ်ကြိမ် ရရှိမည်!]

စုကျို— “...”

လဲ့ကျယ်နှင့် အခြားသူများ— “...”

သူတို့အားလုံးသည် သူတို့ရှိနေကြသော [အောက်ခြေခြံဝင်း - စုကျိုပုံတူ] ကို ကြည့်လိုက်ကြပြီး၊ တောက်ဟယ် မျှားပေးထားသောအရာများနှင့် လျန်ဟော့ကျီ ကိုယ်တိုင် ချက်ပြုတ်ထားသော အစားအသောက်များကို ကြည့်လိုက်ကြလေသည်...

ကောင်းလိုက်တာ!

သူတို့ မသုံးခဲ့ကြဘူး!

[အုပ်စု C ၏တတိယအကျော့ ရလဒ်များမှာ အောက်ပါအတိုင်းဖြစ်သည်:

[၁ ဝိညာဉ်ပိုးကောင်ဂေဟာ: ၀ အိပ်စက်ခြင်း ၀ စားသောက်ခြင်း]

[၂ ကချေသည် ခန်းမ: ၀ အိပ်စက်ခြင်း၊ ၁၀ စားသောက်ခြင်း]

[၃ နဂါးလှေ ခရီးစဉ်: ၁၀ အိပ်စက်ခြင်း၊ ၁၀ စားသောက်ခြင်း]

[၄ ဆံထိုးပန်းပွင့်ဆောင်: ၂၀ အိပ်စက်ခြင်း၊ ၂၀ စားသောက်ခြင်း]

[ဤအဆင့်တွင်၊ အုပ်စု C ရှိ ထိပ်သီး လေးသင်းကို အတည်ပြုပြီးဖြစ်သည်။ ပင်မမြို့တော် ပြိုင်ပွဲသို့ တက်လှမ်းနိုင်ခဲ့သော ထိပ်သီးလေးသင်းကို ဂုဏ်ပြုပါသည်!]

ဤ ရုတ်တရက် အဆင့်တက်သွားသည့် သတင်းအချက်အလက်သည် ပါဝင်ယှဉ်ပြိုင်သည့် အဖွဲ့အားလုံးကိုအငိုက်မိသွားစေခဲ့လေသည်။

ကြည့်ရှုသူများသည် သတိပြန်ဝင်လာသောအခါ အံ့အားသင့်သွားကြလေသည်။

ပြိုင်ပွဲကို စီစဉ်သော ဝိညာဉ်ကုန်သည် အသင်းသည် လုံးဝအရှက်မရှိပေ။ သူတို့၏ကုန်ပစ္စည်းများကို ရောင်းချပြီးနောက်၊ ပါဝင်သူများကိုပင် ထုတ်ပယ်ပစ်လိုက်ကြသည်။

သို့သော် သေချာစဉ်းစားကြည့်လျှင်၊ ၎င်းသည် အလွန်အဓိပ္ပာယ်ရှိလေသည်။

ငါတို့ ကျင့်ကြံသူတွေက အစာမစားဘဲနေနိုင်တာ ရှင်းနေတာကို၊ ဘာလို့ ငါတို့က အစားအသောက်အပေါ် ဒီလောက်စွဲလမ်းနေကြတာလဲ။

ငါတို့ ရှင်းရှင်းလင်းလင်း ကျင့်ကြံနိုင်နေတာကို၊ ဘာလို့ ငါတို့အိပ်ရာဝင်ကြတာလဲ ?

အခြေတည်အဆင့်မှာ ရှိနေတဲ့သူတွေက သူတို့အချိန်ကိုတန်ဖိုးမထားကြဘူး။ သူတို့ အိုမင်းသွားပြီး ရွှေအမြုတေမဖွဲ့စည်းနိုင်တော့တဲ့အခါ၊ သူတို့ နောင်တရကြလိမ့်မယ်၊ ဒါပေမဲ့ နောက်ကျသွားပြီ!

[မမျှော်လင့်ဘဲ၊ ဒီနှစ်စီစဉ်သူတွေက ခေါင်းစဉ်ထဲမှာ ‘ကျင့်ကြံခြင်းကို အားပေးမှု’ ထည့်သွင်းထားတာပဲ!]

[မင်း ငယ်ရွယ်စဉ်မှာ မသေမျိုးဖြစ်အောင် မကျင့်ကြံရင်၊ အိုမင်းတဲ့အခါ နောင်တရလိမ့်မယ်။]

[ကောင်းပြီ၊ ငါ လက်ခံလိုက်ပြီ။]

[အရပ်ရပ်က ဂိုဏ်းသားတွေက အရမ်းနုံလွန်းသေးတယ်—သူတို့က သင်္ဘောပေါ်က ဝိညာဉ်ကုန်သည် အသင်း ‘စာမေးပွဲ စစ်ဆေးသူတွေ’ ရဲ့ စကားကိုယုံကြည်ခဲ့ကြတယ်၊ နောက်ထပ်ပြိုင်ပွဲတွေ မရှိတော့ဘူး၊ ပြီးတော့ ဈေးဝယ်စင်တာမှာ သွားပြီး အနားယူလို့ရတယ် ဆိုတဲ့ အဓိပ္ပာယ်မရှိတဲ့ စကားတွေကိုလေ။]

[ခြေစစ်ပွဲ နှစ်ကျော့ပြီးသွားပြီ၊ အားလုံး အနားယူရမယ့်အချိန်ပဲ!]

[ဟင်း၊ ငါတို့အခြေတည်အဆင့် ဂိုဏ်းသားတွေက အရမ်းနုံလွန်းသေးတာကိုး!]

[ခြိုးခြံချွေတာရေးမျှော်စင်က ဘုန်းကြီးတွေပဲ အခန်းတွေနဲ့ အစားအသောက်တွေကို လုံးဝမသုံးခဲ့ကြတာ မဟုတ်လား။]

သို့သော် မကြာမီ လူတိုင်းအများပြည်သူ ဆွေးနွေးခန်းဧရိယာတွင် ဝိညာဉ်ပိုးကောင်ဂေဟာသည် အများကြီး ရှေ့ရောက်နေကြောင်း တွေ့ရှိလိုက်ကြလေသည်!

ထို့အပြင်၊ ထုတ်လွှင့်မှုသည် အုပ်စု C ရှိ ဝိညာဉ်ပိုးကောင်ဂေဟာ ‘အခန်း လုံးဝ အသုံးမပြုသော’ ဂိုဏ်းသားများ၏ထူးချွန်သော မြင်ကွင်းဆီသို့ ချက်ချင်းပြောင်းသွားလေသည်။

ရလဒ်အနေဖြင့်၊ စုကျိုနှင့် အခြားသူများသည် ကုန်းပတ်ပေါ်တွင်ရှိနေကြပြီး၊ တရားမဝင်ဆောက်လုပ်ထားသော ရွေ့လျား ခြံဝင်းထဲတွင် စားသောက်၊ ပျော်ပါးနေကြကာ၊ ရံဖန်ရံခါ လဲ့ကျယ်၏လျှပ်စီးဖြင့် ခြုံခိုတိုက်ခိုက်ခံနေရလေသည်။ သူတို့သည် အေးအေးလူလူကျင့်ကြံရင်း စကားစမြည်ပြောနေကြပြီး၊ ထိုမြင်ကွင်းသည် လူတိုင်းရှေ့မှောက်တွင် ပြောင်ပြောင်တင်းတင်းပေါ်လာလေသည်။

[???]

[‘ခြိုးခြံချွေတာခြင်း’ ပုံစံသစ် တစ်မျိုးပေါ်လာပြီ။]

[ချီး... တကယ်ပဲ၊ သူတို့ အခန်းတွေနဲ့ သင်္ဘောအစားအသောက်တွေကို မသုံးခဲ့ကြဘူး။]

[...တကယ့်ကို ကောင်းမွန်တဲ့ ဖြေရှင်းနည်းပဲ!]

လူတိုင်း အလွန်အမင်းအံ့အားသင့်သွားကြလေသည်။

တတိယအကျော့ ရလဒ်များကို မြင်ပြီးနောက် တတိယထပ် အခန်းမှထွက်လာခါစ ရှန်ဝူချင်းသည်၊ ဝိညာဉ်ပိုးကောင်ဂေဟာ ဂိုဏ်းသားများကို ဂုဏ်ပြုရန်ရည်ရွယ်ထားသော်လည်း၊ ခံစားချက်ကင်းမဲ့ပုံရသော အရှင်သခင်လုကျိကျောင်းနှင့် ဆုံတွေ့လိုက်လေသည်။

အရှင်သခင်လုကျိကျောင်းသည်လည်း သူ့အခန်းထဲမှ ထွက်လာခါစဖြစ်သည်။

“အရှင်သခင်လု ဂုဏ်ယူပါတယ်! ဝိညာဉ်ပိုးကောင်ဂေဟာ ဂိုဏ်းသားတွေက သူတို့ရဲ့ ကျင့်ကြံခြင်းမှာ ဒီလောက် ဝီရိယရှိလိမ့်မယ်လို့ ကျွန်တော် မမျှော်လင့်ထားဘူး၊ ဒီနှစ် အခြေတည်အဆင့် ဂိုဏ်းသားတွေက ငါတို့ ဝိညာဉ်ကုန်သည်အသင်း ပြင်ဆင်ပေးထားတဲ့ အခန်းတွေ၊ အိပ်ခန်းတွေ၊ ဒါမှမဟုတ် ဝိုင်ကောင်းတွေကိုတောင် မလိုအပ်ကြဘူး”

ရှန်ဝူချင်း တိတ်တဆိတ် အံကြိတ်လိုက်လေသည်။

“အနာဂတ်အတွက် တကယ့်ကို အလားအလာရှိတယ်၊ ပြင်ပ အရာတွေရဲ့ လွှမ်းမိုးခြင်းမခံရဘူး၊ အားလုံးအတွက် စံပြပဲ—”

သို့သော် သူ စကားမဆုံးမီမှာပင်၊ ကုန်းပတ်ပေါ်ရှိ တရားမဝင် အဆောက်အဦးများကို သူ မြင်လိုက်ရသည်… ကုန်းပတ် ကုလားထိုင် အများအပြားနှင့် ကျောက်သလင်း စပျစ်သီးစင်များ ပါရှိသော ခြံဝင်းငယ်လေး တစ်ခုရှိနေရုံသာမက၊ ဝိညာဉ်ပိုးကောင်ဂေဟာ ဂိုဏ်းသားများသည် စားသောက်ပွဲ ကျင်းပကာ၊ အသားကင်နေကြလေသည်။

“ဒီအတောင်ပံတွေက မီးနဲ့ကင်တာ အကောင်းဆုံးပဲ”

“မိုးကြိုးနဲ့ ကင်ထားတာတွေက ပိုတောင် မွှေးသေးတယ်”

“ငါစိုက်တဲ့ စပျစ်သီးတွေက အရသာအရှိဆုံးနဲ့ အလန်းဆန်းဆုံး ဖြစ်နေတုန်းပဲ…”

သူတို့၏ပျော်ရွှင်သော ဆွေးနွေးသံများသည် ရှန်ဝူချင်းနားထဲသို့ ရောက်ရှိလာလေသည်!

သူ အေးခဲသွားလေသည်။

ဝိညာဉ်ပိုးကောင်ဂေဟာသည် ပြင်ပ သွေးဆောင်မှုများ၏လွှမ်းမိုးခြင်းကို အမှန်တကယ်မခံခဲ့ရပေ။ ဘာလို့လဲဆိုတော့ သူတို့ ကိုယ်ပိုင်အရာတွေ ယူလာခဲ့ကြလို့ပဲ!

“နေပါဦး၊ သင်္ဘောပေါ်က ဒီတရားမဝင်ခြံဝင်းအိမ်က ဘယ်က ရောက်လာတာလဲ?!”

ရှန်ဝူချင်း ပြောစရာ စကားမဲ့သွားရလေသည်။

ဖီးနစ်မြို့တော်၏အရှေ့တောင်ဘက် မိုင် ၂၀ အကွာ၊ ယွဲ့ယန်မြို့တွင် ဝိညာဉ်ကုန်သည် အသင်းမှ အထူး တည်ထောင်ထား သော ယာယီ ဈေးဝယ်စင်တာ တစ်ခုရှိလေသည်။

ယခုအချိန်တွင်၊ အခြေတည်အဆင့် အဖွဲ့အသီးသီးမှ သင်္ဘောများသည် ဤအနားယူရာ နေရာသို့ ဦးတည်နေကြလေသည်။

ယွဲ့ယန်မြို့ရှိ အမြင့်ဆုံးသော စာကလေးနှစ်ကောင်မျှော်စင်ထိပ်တွင်၊ အသက် ၂၀ ခန့်သာ ရှိပုံရသော ချစ်စရာမိန်းကလေးတစ်ဦးသည် ပေသီး ၃၀၀ ကျော်ကို အံ့မခန်းအမြန်နှုန်းဖြင့် တပြိုင်နက်တည်း ကိုင်တွယ်နေလေသည်။

“အရှင်သခင်လိုင်လိုင်၊ တတိယအကျော့ ပြိုင်ပွဲရလဒ်တွေ ထွက်ပါပြီ!”

ချစ်စရာမိန်းကလေးမျက်လုံးများ တောက်ပလာလေသည်။

ဒီနှစ် နတ်လမ်းစဉ် ပြိုင်ပွဲကို ဝိညာဉ်ကုန်သည် အသင်းက စီစဉ်ခြင်းဖြစ်သည်။

သူမ နတ်သမီးလိုင်လိုင်သည် စီနီယာအစ်ကိုကြီးများနှင့် ဆရာများစွာကိုအနိုင်ယူပြီး၊ အုပ်စုအဆင့်အတွက် မေးခွန်းထုတ်ခွင့် ရရှိခဲ့ခြင်းဖြစ်သည်!

ဒီနှစ် မေးခွန်းတွေက ရာစုနှစ်တစ်ခုနီးပါးအတွင်း အပြီးပြည့်စုံဆုံး နတ်လမ်းစဉ်ပြိုင်ပွဲ မေးခွန်းတွေဖြစ်လာမည်ဟု သူမ ယုံကြည်ထားခဲ့သည်။

ပထမ မေးခွန်း: လမ်းပိတ်ဆို့မှုတွေကို ရှောင်ရှားဖို့ ကံကောင်းခြင်း သင်္ဘောကိုမောင်းနှင်ခြင်း၊ ဂိုဏ်းသားငယ်လေးတွေရဲ့ သယ်ယူပို့ဆောင်ရေး ကျွမ်းကျင်မှုကို စမ်းသပ်ခြင်း!

ဒုတိယ မေးခွန်း: မှော်လက်နက်များ ဝယ်ယူခြင်း၊ စစ်မှန်တဲ့ပစ္စည်းနဲ့ အတု ပစ္စည်းကို ခွဲခြားနိုင်တဲ့ လူတိုင်းရဲ့ဈေးဝယ် စွမ်းရည်ကိုစမ်းသပ်ခြင်း!

တတိယမေးခွန်း၊ နေထိုင်ရေးနှင့် စားသောက်ရေး၊ ဂိုဏ်းသားတွေရဲ့ ခြိုးခြံချွေတာပြီး ခရီးသွားနိုင်စွမ်းနဲ့ သူတို့ရဲ့ စည်းကမ်းရှိတဲ့ စရိုက်လက္ခဏာကို စမ်းသပ်ခြင်း!

ပြီးပြည့်စုံတယ်၊ လုံးဝ ပြီးပြည့်စုံတယ်။

လုံးဝ အပြစ်အနာအဆာ ကင်းတယ်။

အဲဒီလုပ်ငန်းစဉ်မှာ၊ သူမက စာမေးပွဲ စစ်ဆေးသူကို မေးမြန်းတဲ့ ဂိုဏ်းသားဆီကနေ ‘အနီရောင် စာအိတ် ကြေး’၊ ဖီဖာသံချောင်း လက်ကျန်တွေကို ရောင်းချတဲ့ ဝညာဉ်ကုန်သည် အသင်းဆီကနေ ‘နှစ်ဆဈေးနဲ့ ရှင်းလင်း ရောင်းချခ’၊ ပြီးတော့ သင်္ဘောအခန်းခ ဝင်ငွေတွေကိုလည်းရရှိခဲ့သေးတယ်!

ဟားဟားဟား…

ရှန်လိုင်လိုင် သူ့ ဉာဏ်ကောင်းမှုအတွက် အလွန် ကျေနပ်နေလေသည်။

ထို့နောက် သူမသည် တတိယပြိုင်ပွဲ၏ ရလဒ်များကို ကြည့်ရှုလိုက်ပြီး၊ အကြမ်းဖျင်း ဖတ်ရှုလိုက်လေသည်။

တခဏအကြာတွင်၊ သူ့ အပြုံးများပျောက်ကွယ်သွားလေသည်။

“ဟမ်???”

သတင်းပို့သော ဂိုဏ်းသား၏မျက်နှာထား ရှုပ်ထွေးနေလေသည်။

“ဆရာသခင်၊ စီနီယာအစ်ကိုကြီးရှန်ဝူချင်း က ဆရာသခင်နဲ့ စကားပြောဖို့ တောင်းဆိုနေပါတယ်”

“အခု၊ အဲဒါက ဝိညာဉ်ပိုးကောင်ဂေဟာကို အောင်မြင်တယ်လို့ သတ်မှတ်လို့ ရလား”

“...!”

ရှန်လိုင်လိုင် ဒါကို လုံးဝ မမျှော်လင့်ထားခဲ့ပေ။

သူ့ထက်တောင်ပိုပြီး အကြံဉာဏ်ကောင်းပြီး ခြိုးခြံချွေတာတဲ့ လူငယ်တစ်ယောက် ရှိနေတာလား။

“လုကျိကျောင်း အဖွဲ့ကို ဦးဆောင်တာလား ? သူ့ရဲ့ လေးနက်တဲ့ အမူအရာနဲ့ ငါလိုမျိုး လိုက်လျောညီထွေ ရှိပြီး ဉာဏ်ကောင်းတဲ့ တပည့်တစ်ယောက်ကို သူ တကယ်လေ့ကျင့်ပေးနိုင်လို့လား”

သူမဘေးတွင်၊ နှုတ်ခမ်းနီနီနှင့် သွားဖြူဖြူပိုင်ရှင် အသားဖြူသောလူငယ်လေး တစ်ဦးက ခေါင်းခါလိုက်လေသည်။

“စီနီယာအစ်မ၊ ကျွန်တော့်ကို မေးခွန်းတစ်ခုထုတ်ခွင့်ပေးပါ”

“အစ်မရဲ့ မေးခွန်းမှာ အားနည်းချက်တွေ အများကြီးရှိတယ်၊ ပြိုင်ပွဲကျင်းပမယ့် ပင်မမြို့တော်ကို မရောက်ခင်ကတည်းက၊ ကျွန်တော်တို့ စီစဉ်သူတွေ အနေနဲ့ အရပ်ရပ်က တိုင်ကြားမှုတွေကိုရင်ဆိုင်ရလိမ့်မယ်”

ရှန်လိုင်လိုင် စာရင်းအင်း စာအုပ်များ ဖုံးလွှမ်းနေသော ကလေးဘက်သို့ လှည့်ကာ ငြင်းဆန်လိုက်သည်။

“ဒါတွေက အားနည်းချက်တွေ မဟုတ်ဘူး၊ ပါရမီရှင်တွေမှာ သူတို့ရဲ့ကိုယ်ပိုင်ထူးခြားတဲ့ ပြဿနာဖြေရှင်းနည်းတွေ ရှိကြတယ်”

“မေးခွန်းတစ်ခုမှာ အဖြေတစ်ခုတည်း ဘယ်လိုလုပ်ရှိနိုင်မှာလဲ”

“...”

“ဂျူနီယာညီလေး၊ မင်း စိတ်ချလို့ရပါတယ်၊ ငါ့ရဲ့ နောက်ထပ် အပိုဆုမေးခွန်း ဈေးဝယ်စင်တာမှာ ပုန်းအောင်းနေတဲ့ နတ်ဆိုးကျင့်ကြံသူတွေကို ဖမ်းဆီးခြင်းကို ဖြတ်လမ်းနည်းနဲ့လုပ်လို့မရပါဘူး”

နှင်းဆီရောင်ပါးပြင်နှင့် လူငယ်လေး သဘောတူစွာခေါင်းညိတ်လိုက်လေသည်။

မှန်ပါတယ်…

ဒီအပိုဆုမေးခွန်းအတွက်၊ ဝိညာဉ်ကုန်သည် အသင်း မသေမျိုး အရှင်သခင် ၁၂ ပါးသည် နတ်ဆိုးကျင့်ကြံသူ ၅၀ ကို ဖမ်းဆီးပြီး ဈေးဝယ်စင်တာထဲတွင် ကြိုတင်ဝှက်ထားခဲ့ခြင်းဖြစ်သည်။

နတ်ဆိုးကျင့်ကြံသူများကို ဖမ်းဆီးခြင်းသည် ဖြောင့်မတ်သော ဂိုဏ်းသားများ၏ရှောင်လွှဲ၍မရသော တာဝန်ဖြစ်သည်။

ဒီအပိုဆုမေးခွန်းက ဖီးနစ်ပင်မမြို့တော်ကို ရောက်ရှိပြီးနောက် ဂိုဏ်းသားတွေရဲ့ဆက်ဆံခံရမှုအပြင် ပြိုင်ပွဲအစီအစဉ်ကိုပါ ဆုံးဖြတ်ပေးလိမ့်မယ်!

“ကောင်းပြီ”

နှင်းဆီရောင်ပါးပြင်နှင့် လူငယ်လေး တခဏအတွင်းပျောက်ကွယ်သွားလေသည်။

ရှန်လိုင်လိုင် လှည့်ကြည့်လိုက်ပြီးပြုံးလိုက်သည်။ ယွဲ့ယန်မြို့၏ အရှေ့တောင်ဘက် ဝင်ပေါက်ဆီသို့ မျှော်ကြည့်လိုက်လေသည်။ ကံကောင်းခြင်း သင်္ဘောအများအပြားသည် ထူထဲသော တိမ်တိုက်များကိုဖြတ်သန်းပြီး မြို့တံခါးဝသို့ တဖြည်းဖြည်းနီးကပ်လာကြပြီဖြစ်သည်။

“ဝိညာဉ်ပိုးကောင်ဂေဟာ...”

“ကျင်းယွီခန်းမ...”

“ပျံသန်းလှေ...”

“ကူရှိုးကျောင်းတော်...”

အံ့ဩစရာ ကောင်းလောက်အောင်ပင် ဒုတိယနှင့် တတိယအကျော့များတွင် သူမ ငွေအများကြီးမရရှိခဲ့ပေ။ သို့ဖြစ်ရာ နတ်သမီးလိုင်လိုင်သည်၊ သူတို့ကို အနီးကပ်စောင့်ကြည့်နေတော့သည်!

တခဏအတွင်း နတ်သမီးလိုင်လိုင်သည် သူ့ပေသီးကိုလျှင်မြန်စွာ ကိုင်တွယ်လိုက်လေသည်။

“ဟမ်၊ နင်တို့က ဒီကုန်ပစ္စည်းတွေကို တကယ်လိုချင်တာလား”

“ငါ၊ ရှန်လိုင်လိုင်၊ နင်တို့ကို သေချာပေါက်ကျေနပ်စေရမယ်!”

တစ်ခုပြီး တစ်ခု၊ ဆိုက်ကပ်ခ၊ ထောက်လှမ်းရေး ပစ္စည်းများ၊ ဒေသထွက် အထူးကုန်ပစ္စည်းများ၊ ပိုးမွေးမြူရေး၊ လက်နက် သွန်းလုပ်ခြင်း၊ နှင့် ဆေးဖော်စပ်ခြင်းအတွက် လိုအပ်သော ကုန်ပစ္စည်းများအတွက် ဘေလ်များ၊ နှင့် နတ်ဆိုး ကျင့်ကြံသူများအတွက် ဝရမ်းကြော်ငြာစာများသည်၊ ကြယ်တံခွန်များကဲ့သို့ ဤအဖွဲ့များ၏ဆင်းသက်ရာ နေရာများသို့ ပျံသန်းရောက်ရှိသွားကြလေသည်။

ကံကောင်းခြင်း သင်္ဘောအများအပြားသည် ယွဲ့ယန်မြို့ ပတ်လည်တွင် ဆိုက်ကပ်ထားပြီးဖြစ်သည်။

ဝိညာဉ်ပိုးကောင်ဂေဟာ၏အခြေတည်အဆင့် အဖွဲ့ကို တင်ဆောင်လာသော ကြောက်ရွံ့တတ်သည့် ကံကောင်းခြင်းသင်္ဘောသည်လည်း၊ ရှန်ဝူချင်းလမ်းညွှန်မှုဖြင့် ယွဲ့ယန်မြို့ဝင်ပေါက်ရှိ ဆိုက်ကပ်ရာနေရာတွင် ဖြည်းညှင်းစွာ ရပ်တန့်လိုက်လေသည်။

“လူတိုင်း ပင်ပန်းသွားကြပြီ၊ ဒါက ယွဲ့ယန်မြို့မှာ ပါဝင်ယှဉ်ပြိုင်တဲ့ ဂိုဏ်းသားအားလုံးအတွက် ငါတို့ စီစဉ်ပေးထားတဲ့နေရာထိုင်ခင်းပါ”

ရှန်ဝူချင်းသည် ဝိညာဉ်ပိုးကောင်ဂေဟာ၏အခြေတည်အဆင့် အဖွဲ့ဝင်တစ်ဦးစီအား သုံးရက်ကြာ တည်းခိုခွင့်နှင့် နံနက်စာ တစ်နပ် ပါဝင်သော ကျောက်စိမ်းပြား တစ်ခုစီပေးလိုက်လေသည်။

“ဒီတစ်ခါတော့၊ ကျွန်တော် ကျိန်ဆိုပါတယ်၊ ခင်ဗျားတို့ စိတ်ကြိုက်စားသောက် အနားယူလို့ ရပါတယ်”

“အစားအသောက်နဲ့ တည်းခိုရေးက ပြိုင်ပွဲအဆင့်သတ်မှတ်ချက်ကို ထိခိုက်မှာ မဟုတ်ဘူး”

ဒါဆို အဆင့်သတ်မှတ်ချက်ကို ထိခိုက်စေမယ့် တခြားအစီအစဉ်တွေ ရှိသေးတာပေါ့?

စုကျို မျက်ခုံးပင့်လိုက်လေသည်။

“သုံးရက် တည်းခိုခွင့်၊ နံနက်စာ တစ်နပ်ပဲ ပါတယ်?”

ကျူးပိုင်ယွီ မေးလိုက်သည်။

“ခင်ဗျားတို့ စီစဉ်သူ၊ ဝိညာဉ်ကုန်သည်အသင်းက၊ ဝိညာဉ်ကျောက်တုံး ရှာဖွေခြင်းကို မသေမျိုးဖြစ်ရေး လမ်းစဉ်အဖြစ် ခံယူထားတဲ့ ဂိုဏ်းလေ”

“ဒီလောက် ရက်ရောပေမယ့်၊ ဒီလောက် ကပ်စေးနည်းတာလား”

ရှန်ဝူချင်း လှောင်ပြောင်လိုက်သည်။

“လူတိုင်း အဝေးကလာကြတာ၊ ပြီးတော့ သူတို့ရဲ့ အကြိုက်တွေက အရမ်းကွာခြားကြတယ်၊ အကယ်၍ အစားအသောက် အားလုံး ထည့်ပေးလိုက်ရင်၊ လူတိုင်းရဲ့အကြိုက်ကို ဖြည့်ဆည်းပေးနိုင်မှာ မဟုတ်ဘူးဆိုတာ ရှောင်လွှဲလို့မရဘူးလေ”

ဒါက၊ သေချာတာပေါ့၊ ဆင်ခြေတစ်ခုပဲ။

ရှန်ဝူချင်းသည် သူ့ကိုယ်ကျိုးစွန့် သံမျက်နှာဖုံးကိုပြန်တပ်လိုက်သည်၊ မဟုတ်လျှင် သူ နှုတ်မှလွတ်ထွက်သွားလိမ့်မည်။

“သေချာတာပေါ့၊ ခင်ဗျားတို့ရဲ့သုံးစွဲမှုကို အားပေးဖို့က ယုံကြည်ချက်ကိစ္စပဲလေ“

“လူတိုင်း ကိုယ်ကြိုက်သလို လုပ်ပိုင်ခွင့်ရှိပါတယ်”

“တစ်ခုခု လိုအပ်ရင်၊ တည်းခိုခန်းက အဆင့်အမြင့်ဆုံးအခန်းမှာ ကျွန်ရတယ်”

ပြောပြီးသည်နှင့်၊ ရှန်ဝူချင်းသည် သူတို့ကို သင်္ဘောပေါ်မှ ဆင်းရန် လက်ဟန်ပြလိုက်လေသည်။

“ကိုယ်ကြိုက်သလို လုပ်ပိုင်ခွင့်ရှိတယ်? စီနီယာအစ်ကိုကြီးဝူချင်းက ကျွန်တော်တို့ကို တည်းခိုခန်းဆီတောင် လိုက်မပို့ဘူးလား”

ယင်လီ ခံစားလိုက်ရသည်မှာ ဝိညာဉ်ကုန်သည် အသင်း၏ဝန်ဆောင်မှု အသိတရားသည် ရှီးရှန်ဆောင်လောက် မကောင်းပေ။

ထို့နောက် သူတို့သည် စုကျိုအား သင်္ဘောပေါ်မှ လိုက်ပါပို့ဆောင်ပေးလိုက်ကြလေသည်။

“လူမကွဲသွားအောင် ကြိုးစားကြ၊ ငါ မိတ်ဆွေဟောင်းတချို့နဲ့ စစ်တုရင်ထိုးပြီး လက်ဖက်ရည်သောက်ဖို့ ချိန်းထားတယ်၊ တစ်ခုခုဖြစ်ရင်၊ မင်းတို့ရဲ့ ဂိုဏ်းသား ခါးချိတ်တံဆိပ်ပြားကနေတဆင့် ငါ့နာမည်ကို ခေါ်လိုက်ရုံပဲ”

လုကျိကျောင်း လက်မောင်းအင်္ကျီကို သိမ်းလိုက်ပြီး လေထဲသို့ခြေလှမ်းလှမ်းလိုက်လေသည်။

သူ့မဟာကျင့်ကြံခြင်းအဆင့်ဖြင့်၊ သူသည် ဝိညာဉ်ကုန်သည်အသင်းက ပြင်ဆင်ထားသော ‘ဈေးဝယ် ထောင်ချောက်များ’ နှင့် ‘နတ်ဆိုး ကျင့်ကြံသူ ငါးစာများ’ အချို့ကို ထိုးထွင်းသိမြင်ပြီးဖြစ်လေသည်။

ဒါတွေ အများစုက ပြိုင်ပွဲနဲ့သက်ဆိုင်တယ်လို့ သူ ခန့်မှန်းမိတယ်။

ဒါပေမဲ့ သူ ဒါကို သူ့တပည့်တွေကို ထုတ်ဖော်ပြလို့မရဘူး။

သည်းမခံနိုင်စရာပဲ

လုကျိကျောင်း တိုက်ရိုက်ပျောက်ကွယ်သွားဖို့ ဆုံးဖြတ်လိုက်ပြီး၊ သူ့တပည့်တွေကို သူတို့ သဘောအတိုင်းလုပ်ခွင့်ပေးလိုက်လေသည်။

“တကယ်ပါပဲ၊ ဂျူနီယာညီလေး၊ မင်းရဲ့ သောက်ကျိုးနည်းမာန! ငါသာဆိုရင်၊ မင်းရဲ့ တပည့်တွေကို အရိပ်အမြွက်တချို့ပေးလိုက်မှာ”

“ဟုတ်တယ်၊ တခြားဂိုဏ်းတွေက သူတို့တပည့်တွေကို သတိမလွတ်စေဖို့ သေချာပေါက်သတိပေးကြမှာ”

“အနည်းဆုံးတော့ မင်းတပည့်တွေကို သတိထားဖို့ပြောလိုက်လေ!”

“ပြီးတော့ ဝိညာဉ်ကုန်သည်အသင်းက ဖန်တီးထားတဲ့ စားသုံးမှုထောင်ချောက်တွေ! မင်း မင်းတပည့်တွေကို သတိတောင်မပေးခဲ့ဘူးလား ? သူတို့အားလုံး ဒေဝါလီခံသွားရင်၊ သူတို့ ဘယ်လို ကျင့်ကြံကြမလဲ”

လုကျိကျောင်း လက်မောင်းအင်္ကျီထဲရှိ စာလိပ်များသည် ဆူညံပွက်လောရိုက်နေကြလေသည်။

“ဆူညံနေတာ ရပ်လိုက်ကြတော့”

“တစ်ယောက်ယောက် ကြည့်နေတယ်”

လုကျိကျောင်း သူ့ဝိညာဉ်အာရုံဖြင့် ပြောလိုက်ရာ၊ စာလိပ်တစ်ဒါဇင်ခန့် ချက်ချင်း တိတ်ဆိတ်သွားကြလေသည်။

တကယ်တော့၊ သင်္ဘောပေါ်မှမဆင်းမီ၊ အကြည့်တစ်ခု သူ့အပေါ် မသိမသာကျရောက်နေသည်ကို သူ ခံစားလိုက်ရလေသည်။

လုကျိကျောင်း ငုံ့ကြည့်လိုက်ရာ သူ့တပည့် စုကျို ကောင်းကင်သို့ မော့ကြည့်နေသည်အား တွေ့လိုက်ရလေသည်။

သူမက ရှုခင်းကို ကြည့်နေသလိုပဲ၊ ဒါပေမဲ့ သူ့ရဲ့... လက်မောင်းအင်္ကျီကိုကြည့်နေသလိုလည်း ဖြစ်နေတယ်?

လုကျိကျောင်း အလျင်စလိုဖြစ်ရခြင်းမှာ ဤပါရမီရှင် တပည့်၏ထိတွေ့မှုခံရမည်ကို ကြောက်သောကြောင့်လည်း ပါဝင်လေသည်။

ထင်ယောင်ထင်မှား ဖြစ်ရမယ်?

သတိထားမိဖို့ မဖြစ်နိုင်ပါဘူး…

သူ့လက်မောင်းအင်္ကျီထဲက စာလိပ်ကိုပုံတူကူးဖို့ ကြိုးစားဖို့ဆိုတာ ပိုလို့တောင်မဖြစ်နိုင်ဘူး မဟုတ်လား?

လုကျိကျောင်း ခေါင်းခါလိုက်ပြီး ဆယ်မိုင်အကွာရှိ တည်းခိုခန်းတစ်ခု၏အဆင့်အမြင့်ဆုံး အခန်းထဲတွင် တိုက်ရိုက် ပေါ်လာလေသည်။

ဆိုက်ကပ်ထားသော လှေဘေးတွင် ရပ်နေသော စုကျိုသည် မျက်လုံးများကိုမှေးစင်းလိုက်ပြီး၊ လုကျိကျောင်း ပျောက်ကွယ်သွားသော နေရာကို ကြည့်လိုက်လေသည်။

“အရမ်းမက်လောက်စရာပဲ”

“ကျိုလေး၊ ဘာကို မက်လောက်နေတာလဲ? ဒီ ‘လမ်းစမ်းသပ်သူ’ ကျင့်ကြံသူ လုပ်ထားတဲ့ မြေပုံမိတ္တူတစ်စောင်လောက် ယူကြမလား”

ယင်လီက သူ့ ညာလက်မောင်းကို ချိတ်ရင်း မေးလိုက်လေသည်။

စုကျို သူမ လက်ညှိုးညွှန်ရာသို့ လိုက်ကြည့်လိုက်ရာ၊ ရိုးရှင်းသော ဝါးခြင်းတောင်းတစ်လုံး လွယ်ထားသည့် သွယ်လျပြီး ချောမောသော လူငယ်လေး တစ်ဦးကိုတွေ့လိုက်ရလေသည်။ သူသည် ခြေလှမ်းတိုင်းတွင် လေတိုက်၍ လွင့်ပါသွားတော့မည့်ပုံ ပေါက်နေလေသည်။ ၎င်းသည် သူမအပေါ်သို့ ပြုတ်ကျလုနီးပါး ဖြစ်သွားလေသည်။

ချန်ယွမ် ရှေ့တိုးလာပြီး လဲကျလာသော လူငယ်လေးကို ရက်စက်စွာဖြင့် မြေပြင်ပေါ်သို့တွန်းချလိုက်လေသည်။

“?”

အားနွဲ့သော လူငယ်လေးသည် သူ့ကို မယုံကြည်နိုင်စွာ ကြည့်လိုက်လေသည်။

သူ ရက်ပေါင်းများစွာ အစာမစားရသေးသော အားနည်းသူတစ်ယောက်အဖြစ် ရှင်းရှင်းလင်းလင်း ဟန်ဆောင်ထားခဲ့တာလေ။

ဒီလူ ဘယ်လိုလုပ်ပြီး ဒီလောက်ရက်စက်နိုင်ရတာလဲ။

“ဒီက တာအိုရောင်းရင်း ခင်ဗျား ဘယ်လိုလုပ်ပြီး ဒီလောက် နှလုံးသားမဲ့နိုင်ရတာလဲ...”

ချောမောသော လူငယ်လေးသည် မြေပြင်ပေါ်တွင် ပြန့်ကျဲနေသော စာလိပ်များနှင့် မြေပုံများကို ဆုပ်ကိုင်ရင်း ငိုကြွေးလိုက်လေသည်။

“ခင်ဗျားတို့က ပြိုင်ပွဲဝင်မယ့် ဂိုဏ်းသားတွေလား”

ချောမောသော လူငယ်လေး ရှိုက်ကြီးတငင် ငိုကြွေးရင်း၊ အဖွဲ့ထဲတွင် အကြင်နာတရားအရှိဆုံးနှင့် အလှပဆုံးဟုထင်ရသော စုကျိုကို ကြည့်လိုက်လေသည်။

တခဏအတွင်း၊ သူသည် သူမ ဖိနပ်ပေါ်သို့လှိမ့်ဝင်သွားပြီး ငိုကြွေးလိုက်သည်။

“ကျေးဇူးပြုပြီး၊ ကြင်နာတတ်တဲ့ နတ်သမီး၊ ကျောက်ခဲပစ်ပြီး လမ်းစမ်းသပ်လို့ရတဲ့ မြေပုံတစ်ချပ်လောက်ဝယ်ပေးပါ~ ဒါမှမဟုတ်ရင်၊ ကျွန်တော် အိမ်ပြန်ရောက်ရင်၊ အဖေက ကျွန်တော့်ကိုရိုက်လိမ့်မယ်~”

သူသည် သူ့အားနည်းပြီး တုန်ရီနေသောလက်များကို အသုံးပြု၍ သူ့ဝါးခြင်းတောင်းထဲမှ မြေပုံတစ်ချပ်ကို အမြန်ကိုင်မြှောက်လိုက်ပြီး စုကျိုကို ပြသလိုက်လေသည်။

ကျောက်ခဲပစ်ပြီး လမ်းစမ်းသပ်ရန်

သူသည် သိုးရေချပ် မြေပုံကိုမြေပြင်ပေါ်သို့ ပစ်ချလိုက်ရာ၊ ၎င်းသည် ကျောက်ခဲတစ်လုံးအဖြစ် ပြောင်းလဲသွားပြီး၊ စုကျို ရှေ့တွင် လှိမ့်သွားလေသည်။

ရှေ့ကို လျှောက်ပါ

“...”

စုကျို ပြောစရာ စကားမဲ့သွားလေသည်။

ဒီလုပ်ဆောင်ချက်က မြေပုံကို သူ့ဘာသာ သူ ဖတ်တာလောက်တောင် မကောင်းဘူး။

ဘယ်သူက မြေပုံကို ထပ်ခါတလဲလဲပစ်ထုတ်ပြီးရင် ပြန်ကောက်ဖို့ ကုန်းချင်မှာလဲ!

“ဒီမြေပုံက ဝိညာဉ်ကျောက်တုံး ငါးရာပဲ ကျပါတယ်~ ပြီးတော့ ကျွန်တော့်ရဲ့ နှိပ်နယ်ပေးတဲ့ ဝန်ဆောင်မှုတောင် ပါသေးတယ်~~~”

ချောမောသော လူငယ်လေး ရှိုက်ကြီးတငင် ငိုကြွေးရင်း၊ စုကျို ဖိနပ်ပေါ်သို့ လှိမ့်တက်လာပြီး၊ ဆင်းပေးဖို့ ငြင်းဆန်နေလေသည်။

ချန်ယွမ် မဲမှောင်သောမျက်နှာထားဖြင့် လျှောက်လာရာ၊ သူ ချက်ချင်း ပိုကျယ်လောင်စွာငိုကြွေးလိုက်လေသည်။

“အင်း၊ တစ်ခုခုတော့ မှားနေတယ်”

စုကျိုစကားများသည် ငိုကြွေးနေသော၊ အားနွဲ့သည့် ကောင်လေးကို တုန်လှုပ်သွားစေခဲ့လေသည်။

သူမ မေးစေ့ကို ထိလိုက်သည်။

“ဒီမြေပုံက သေချာပေါက် ခရီးသွားထောင်ချောက်ပဲ၊ ရောင်းမထွက်တဲ့ ကုန်ပစ္စည်း!”

အားနွဲ့သော ကောင်လေး “!”

“အဲဒါ ရောင်းထွက်မှာတောင် မဟုတ်လောက်ဘူး၊ မဟုတ်ရင်၊ သူတို့ ဘာလို့ မြှူဆွယ်မှုကို သုံးဖို့ လိုအပ်မှာလဲ”

ကျူးပိုင်ယွီ အံ့အားသင့်စွာ လျှာသပ်လိုက်လေသည်။

ပြိုင်ပွဲကာလအတွင်း၊ အကယ်၍ကောင်လေးတွေက မြှူဆွယ်မှုကို အသုံးပြုပြီး သူတို့အဖွဲ့တွေရဲ့ ဆင်းသက်ရာ နေရာကို ပိတ်ဆို့ကာ၊ အနီးအနားမှာ အရည်အသွေးညံ့ ရောင်းမထွက်တဲ့ ကုန်ပစ္စည်းတွေ ရောင်းချနေကြတယ်ဆိုရင်၊ အဲဒါရဲ့နောက်ကွယ်မှာ စီစဉ်သူတွေရဲ့ ခွင့်ပြုချက် သေချာပေါက်ရှိရမယ်။

ဒါက ဒဏ်ငွေကောက်ခံဖို့ ထောင်ချောက်ဆင်တာလား၊ ဒါမှမဟုတ် ပြိုင်ပွဲရဲ့ အစိတ်အပိုင်းလား ?

စုကျို ခြေတစ်လှမ်း အမြန် နောက်ဆုတ်လိုက်လေသည်။

မမျှော်လင့်ဘဲ၊ သိုလှောင်ရုံ မြေပုံ လက်သွားလေသည်။

[၃၄ နှစ်ကြာ၊ တန်ဖိုးကျဆင်းနေသော မှားယွင်းသည့် မြေပုံလက်ကျန်ကို ခွဲခြားသတ်မှတ်မိသည်။]

[အပိုဆောင်း ပွဲစဉ်အတွက်ရမှတ်ရရှိမည့် အချက်—နတ်ဆိုးကျင့်ကြံသူ အကျဉ်းသားအဖြစ် ဟန်ဆောင်ထားသော မြေပုံဈေးသည်ကို ခွဲခြားသတ်မှတ်မိသည်။]

စုကျို— “...”

သူမ ခေါင်းလှည့်လိုက်ရာ၊ ချောမောသောအမျိုးသားကို မြင်လိုက်ရသောအခါ အလိုအလျောက်ပြိုလဲကျသွားပြီး ကျုံ့ဝင်သွားသော်လည်း၊ အားနွဲ့ပြီး ချောမောသောလူငယ် ‘နတ်ဆိုး ကျင့်ကြံသူ’ ၏မျက်နှာကို ဟူကျဲကျင့်မျက်နှာဖြင့် အားပါပါရိုက်နှက်လိုက်သော ယင်လီကို တွေ့လိုက်ရလေသည်။

ထို့နောက် သူမသည် ယင်လီကိုကျော်လွန်ပြီး ရှန်ဝူချင်းကိုကြည့်လိုက်လေသည်။

“စီနီယာအစ်ကိုကြီးဝူချင်း၊ အပိုဆောင်းပွဲစဉ် ?”

All Chapters