← Chapters

အခန်း (၁၄၅)

Vol. 15 Ch. 145

အခန်း (၁၄၅)

Vol. 15 Ch. 145

"ကျွန်မတို့အဖွဲ့အပြင် တခြားမိစ္ဆာကျင့်ကြံသူ နှစ်ယောက်လည်း အဖမ်းခံထားရတယ်”

စုကျိုသည် လက်ဖက်ရည်ဆိုင်တွင် အနားယူရင်း လက်ဖက်ရည်သောက်နေကာ အချက်အလက်များကို အားလုံးအားမျှဝေရန် အခွင့်အရေးယူလိုက်သည်။

လဲ့ကျယ်နှင့် သူ့ လေးယောက်တွဲအဖွဲ့မှာမူ တိုက်ပွဲပြီးဆုံးသွားခဲ့ပြီဖြစ်သည်—အခြားအဖွဲ့များမှ စိတ်ကောင်းရှိသူများက တိုက်ပွဲကို ဖျန်ဖြေပေးလိုက်ခြင်းဖြစ်သည်။

လဲ့ကျယ်က ချက်ချင်းပင် ထိတ်လန့်သွားကာ "ငါတို့ထက်တောင် မြန်တဲ့လူတွေ ရှိသေးတာလား”

"အင်း၊ ငါတို့က လှုပ်ရှားဖို့ အချိန်နည်းနည်းယူလိုက်ရတာကိုး”

စုကျိုက သူမကိုယ်သူမ ပြန်လည်သုံးသပ်လိုက်သည်။

"ငါတို့တွေ အမူအရာတွေ အရမ်းများသွားလို့လား”

ရှန်းဝူချင်း: "..."

တိုက်ခိုက်ဖို့ပဲ စိတ်ဝင်စားသော လဲ့ကျယ်နှင့် အခြားသူများကို ဖယ်ထားပါက အဖွဲ့အတွင်းရှိ ပိုထက်မြက်သောအဖွဲ့ဝင်များသည် အခြေအနေမှာ မရိုးရှင်းကြောင်း ချက်ချင်းသုံးသပ်မိလိုက်ကြသည်။

"ရှောင်ကျိုက ထူးချွန်တဲ့ပါရမီရှိလို့သာ မိစ္ဆာကျင့်ကြံသူကို ဒီလောက်မြန်မြန်ဖမ်းနိုင်ပြီးအပိုမေးခွန်းရှိတာကို သိတာ”

ယင်လီက သူ့ မေးစေ့ကို ပွတ်လိုက်သည်။

"ဒီပြိုင်ပွဲမှာ အဖွဲ့တော်တော်များများက အာရုံခံနိုင်စွမ်းအရမ်းကောင်းကြတာပဲ”

"ရွှမ်တောက်ဂိုဏ်းက လူတွေအများကြီးလာကြတာဆိုတော့ ရှေ့ဖြစ်ဟောဖို့က သူတို့အတွက် မခက်ခဲတာအမှန်ပဲ”

ဟောင်ယို့လုက ရွှမ်ရွှယ် နက္ခတ်ဗေဒင်နည်းလမ်းဖြင့် မေးခွန်းများကို ကြိုတင်ဟောကိန်းထုတ်ထားသဖြင့် ၎င်းတို့ထက် ပိုမြန်နေခြင်းဖြစ်မည်ဟု သံသယရှိနေသည်။

"ဟင်း၊ စီစဉ်သူ ဝိညာဉ်ကုန်သည်အသင်းက ဘယ်လောက်ကောက်ကျစ်လဲဆိုတာကြည့်ရင် သူတို့ မေးခွန်းတွေ ပေါက်ကြားအောင်လုပ်တာ လားဆိုတာ ပြောဖို့ခက်တယ်” လော့ကျားက မျက်စိမှိတ်လျက် စဉ်းစားနေသည်။

ရှန်းဝူချင်း: "!"

မင်းတို့လောက် ဘယ်သူက ကောက်ကျစ်ဦးမှာလဲ၊

ဝိညာဉ်ကုန်သည်အသင်းတောင် မင်းတို့ရဲ့ လှည့်စားမှုတွေကိုမယှဉ်နိုင်ပါဘူး၊

"အခုတော့ မစိုးရိမ်ပါနဲ့ဦး၊ ကျဲ ခုနတင် မိစ္ဆာကျင့်စဉ် ခုနစ်ခုကို အပ်နှံခဲ့တာဆိုတော့ ငါတို့က အများကြီးရှေ့ရောက်နေပြီ” ဟု စုကျီကျီက ပျော်ရွှင်စွာ ပြောလိုက်သည်။

စုရှင်းချန်က ခေါင်းညိတ်လိုက်သည်။

၎င်းတို့နှစ်ဦးစလုံး မျက်နှာလေးများမှာဝင်းပနေကြသည်။

ကြည့်စမ်း~

၎င်းတို့၏ မူလဝိညာဉ်စွမ်းအင်က မည်မျှအင်အားကြီးမားသနည်း။

စုကျို ချက်ချင်းပင် မတ်တပ်ရပ်လိုက်သဖြင့် ရှန်းဝူချင်း မျက်လုံးများတုန်ခါသွားသည်။

"ညီမငယ်စု၊ မင်း ဘာလုပ်ပြန်ဦးမလို့လဲ”

သူမ လှုပ်ရှားလိုက်သည်ကို မြင်ရုံနှင့် သူ အခုမူ ထိတ်လန့်နေပြီဖြစ်သည်။

သူသာ ဝင်မတားပါက သူမတစ်ဦးတည်းနှင့်ပင် ဤပြိုင်ပွဲကို ဖရိုဖရဲဖြစ်အောင် လုပ်နိုင်လိမ့်မည်ဟု သူ ခံစားနေရသည်။

ထို့ပြင် နည်းလမ်းမှာလည်း အလွန် 'တရားမျှတ' နေပြန်သည်။

သူမသည် မူလဝိညာဉ်စွမ်းအင်နှင့် ကျင့်စဉ်များကိုသာ အသုံးပြုနေခြင်းဖြစ်သည်။

ဒါက ပြိုင်ပွဲ၏သင့်တော်သောနည်းလမ်း မဟုတ်ဟု မည်သူပြောနိုင်သနည်း။

"ငါ လက်ဖက်ရည်ဆိုင်ရှင်ကို ပြန်သွားရှာမလို့” ဟု စုကျို တည်ငြိမ်စွာ ပြောလိုက်သည်။

"နေဦး” ရှန်းဝူချင်း သူ့နောက်သို့ အမြန်လိုက်သွားသည်။

ယခုအကြိမ်တွင် စုကျိုက မိစ္ဆာကျင့်စဉ်များကို အပ်နှံခြင်းမပြုတော့ကြောင်း သူ မကြာမီ တွေ့ရှိလိုက်ရသည်။

ယင်းအစား ၎င်းတို့ကိုယ်ပိုင် ဝိညာဉ်ပိုးဖလံဂေဟာအဖွဲ့၏သတင်းအချက်အလက်များကို ရောင်းချနေခြင်းဖြစ်သည်။

"ကျွန်မက နောက်ပိုင်းမှာ ညာဘက်လက်ကိုအသုံးများနေတယ်” စုကျို လက်ဖက်ရည်ဆိုင်ရှင်ကို အမှန်အတိုင်း ပြောလိုက်သည်။

လက်ဖက်ရည်ဆိုင်ရှင်: "..."

ရှန်းဝူချင်း: "..."

အံ့သြစရာကောင်းသည်မှာ ထိုသတင်းအချက်အလက်ကို တန်ဖိုးထားပုံရသော ဂဏန်းပေါင်းစက်က မြင့်မားသောဈေးနှုန်းဖြစ်သည့် ရမှတ် ၁၀ မှတ် ပေးလိုက်ခြင်းဖြစ်သည်။

လက်ဖက်ရည်ဆိုင်ရှင်: "!"

ဤကဲ့သို့ စိတ်ကူးယဉ်ဆန်ပြီးထူးခြားသော 'သတင်းအချက်အလက်' မှာ အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့် အထွတ်အထိပ် ရောက်နေသော မိစ္ဆာကျင့်ကြံသူတစ်ဝက်နှင့် ညီမျှနေသည်လား ?

အသေအချာ နားထောင်ကြည့်လျှင် သူက ခဏတာသာနားထောင်လိုက်ခြင်းဖြစ်သည်။

စိတ်ဝင်စားစရာကောင်းသော်လည်း ၎င်းအဓိပ္ပာယ်ကို သူ နားမလည်ပေ။

ရှန်းဝူချင်းမှာမူ စကားပင်မပြောနိုင်တော့ပေ။

သို့သော် ဝါရင့်လက်ဖက်ရည်ဆိုင်ရှင်က စုကျိုကို အသေအချာ စိုက်ကြည့်လိုက်ကာ "မင်းရဲ့ ညာဘက်လက်က အသုံးအများဆုံးလက်ပေါ့”

သူ နားလည်လိုက်သည်။

ဤအချက်မှာ အမှန်တကယ် အရေးကြီးသော သတင်းအချက်အလက်ဖြစ်နိုင်သည်။

သူမပြောသမျှကို သူက တစ်လုံးမကျန် ချရေးထားလိုက်သည်။

စုကျို မျက်ခုံးပင့်လိုက်သည်။ ဤကဲ့သို့ ဝေဝေဝါးဝါး သတင်းအချက်အလက်က အမှတ်ရလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။

"ကျွန်မတို့အဖွဲ့ခေါင်းဆောင် လဲ့ကျယ်က သူ့အဖွဲ့ဝင်တွေနဲ့ ခဏခဏရန်ဖြစ်တတ်တယ်”

ဂဏန်းပေါင်းစက်က အပြင်းအထန်တုန်ခါသွားကာ—၀ မှတ်၊

စုကျို နောက်သို့ မှီလိုက်သည်။

သူမနောက်မှ လိုက်လာသော လဲ့ကျယ်က "...ဘာလဲ၊ ငါက ဘာမှတန်ဖိုးမရှိတာလား”

ရှန်းဝူချင်း စိတ်သက်သာရာရသွားသည်။

စတုတ္ထအဆင့်ရှိ ဝိညာဉ်ရတနာ ဂဏန်းပေါင်းစက်မှာ ကံကောင်းထောက်မစွာဖြင့် ပျက်စီးမသွားသေးပေ။

စုကျို ချက်ချင်းပင် မလိုလားဟန်ဖြင့် ညည်းညူလိုက်ပြီး စကားလုံးပြန်ပြောင်းလိုက်သည်၊ "ကျွန်မတို့ ဝိညာဉ်ပိုးဖလံဂေဟာအဖွဲ့က အစ်ကို လဲ့ကျယ်နဲ့ လဲ့အော်တို့ဟာ တရားဝင်ပြိုင်ပွဲကွင်းမှာ အတူတူထွက်လာမှာမဟုတ်ဘူး”

ရှန်းဝူချင်း: "!"

လက်ဖက်ရည်ဆိုင်ရှင်: "!"

ဤကဲ့သို့ လျှို့ဝှက်နည်းဗျူဟာမျိုးကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးလို့ရလို့လား၊

တပ်ဖြန့်မှု နည်းဗျူဟာသည် နောင်ပြိုင်ပွဲကွင်း တိုက်ပွဲရလဒ်များကို လွှမ်းမိုးမည့် အရေးကြီးသော အချက်တစ်ချက်ဖြစ်လာလိမ့်မည်။

စုကျိုသည် ဤသို့ အကြိမ်ပေါင်းများစွာပြုလုပ်ခဲ့ပြီး လက်ဖက်ရည်ဆိုင်ရှင်က သူမကို မတားဆီးမီ သူမအဖွဲ့၏သတင်းအချက်အလက်များကို ရမှတ် ၁၀၀ ဖိုးအထိ ရောင်းချနိုင်ခဲ့သည်။

"မင်းတို့အဖွဲ့က ရနိုင်တဲ့ အမြင့်ဆုံးရမှတ်ကိုရောက်သွားပြီ”

ရမှတ် ၂၅၀

လက်ဖက်ရည်ဆိုင်ရှင်က ချက်ချင်းပင် အံ့သြစွာရေရွတ်လိုက်သည်။

"ဒီနေ့ ငါ မင်းကို ၁၀၀ ကျော်ပဲ ပေးရသေးတယ် ထင်တာ၊ ဘယ်လိုလုပ်ပြီး အကန့်အသတ်ကို ဒီလောက်မြန်မြန်ရောက်သွားတာလဲ”

"ဒါကတော့ ဆရာက သူမ မိစ္ဆာကျင့်စဉ်ပစ္စည်းတွေကို ထပ်ခါတလဲလဲ ခြောက်ကြိမ်တိုင်တိုင်အပ်နှံခဲ့တာကို မေ့နေလို့ပေါ့”

စုကျို ချက်ချင်းပင် လစ်ထွက်သွားခဲ့သည်။

ရှန်းဝူချင်း နှုတ်ခမ်းများတွန့်သွားသည်။

၎င်းတို့သည် အပြင်ဘက်ရှိ လက်ဖက်ရည်ဝိုင်းသို့ပြန်လာထိုင်လိုက်ကြသော်လည်း လက်ဖက်ရည်ဆိုင်ရှင်က အတွင်းထဲ၌ စာရင်းများကို အသည်းအသန် စစ်ဆေးနေသော အသံကို ကြားနေရဆဲဖြစ်သည်။

'တစ်ခုခုတော့ မှားနေပြီ...'

'ဘာတွေ ဖြစ်ကုန်တာလဲ...'

'ရမှတ်တွေက ရထားတဲ့ မိစ္ဆာကျင့်ကြံသူ အရေအတွက်နဲ့မကိုက်ညီဘူး...'

စုကျိုက သူ့ လက်ဖက်ရည်ခွက်ကို အေးအေးဆေးဆေး မြှောက်လိုက်ကာ ရှန်းဝူချင်းကိုနောင်တရဟန်ဖြင့် ပြောလိုက်သည်။

"တကယ်လို့ ရမှတ်အကန့်အသတ်သာ မရှိရင်၊ ဘာလို့ စာရင်းတွေ မကိုက်တာလဲဆိုတာ ဆိုင်ရှင်ကို ငါ ဝမ်းသာအားရ ပြောပြပေးမှာ”

ရှန်းဝူချင်းက သူ့ နဖူးကို အုပ်လိုက်သည်။

မင်းတို့တွေကပဲ မိစ္ဆာကျင့်ကြံသူတွေ ဖြစ်နေကြတာ..

ဖြောင့်မတ်တဲ့တပည့်တွေက ဒီလိုလုပ်ကြလို့လား

သို့သော် စုကျိုက ဤသည်မှာ ကြိုတင်ကာကွယ်ခြင်းဟုထင်မြင်နေသည်။

"ဒါက အခု ပြိုင်ပွဲပဲ ရှိသေးတာ၊ ငါတို့က အမှတ်ပဲ ရတာလေ၊ နောက် တကယ့်တိုက်ပွဲတွေမှာ မင်းတို့အသင်း အရှုံးမပေါ်အောင် အမှားကို ငါ ရှာပေးလိုက်တာ”

"..."

"ဒါနဲ့ ညီမငယ်စု၊ နောက်ပြိုင်ပွဲတွေမှာ အော်တိနဲ့ ငါ နှစ်ယောက်လုံး ထွက်လို့မရဘူးလား”

လဲ့ကျယ်က လက်ဖက်ရည်ဆိုင်ကို ဝေ့ကြည့်လိုက်ပြီး 'ခိုးနားထောင်ခြင်း' တားဆီးကာကွယ်ရေး အလွှာသုံးလွှာကို အသေအချာ ပြုလုပ်လိုက်ကာ ဝိညာဉ်ပိုးဖလံဂေဟာ၏နည်းဗျူဟာ ဆွေးနွေးမှုများကို မည်သူမျှ မကြားနိုင်စေရန် လျှပ်စီးကြောင်း ဆယ်ခုကိုပါ ထပ်မံထည့်သွင်းလိုက်သည်။

သူသည် သူ့ညီငယ်နှင့်အတူ အမှန်တကယ် တိုက်ခိုက်လိုနေဆဲဖြစ်သည်။

"ဒါဆို တောက်ဟယ်နဲ့ ယင်လီကလည်း တစ်ချိန်တည်းမှာ အတူတူ ထွက်လာမှာ မဟုတ်ဘူးလား”

"မင်း အဲဒါကို ပြောခဲ့တာ မဟုတ်ဘူးလား၊ ဒါက မင်း အခုလေးတင် စဉ်းစားလိုက်တဲ့ နည်းဗျူဟာ အစီအစဉ်လား”

စုကျိုသည် နည်းဗျူဟာပိုင်းဆိုင်ရာ ခေါင်းဆောင်ဖြစ်သောကြောင့် ၎င်းတို့အားလုံးက သူမစကားကိုနားထောင်ကြမည်ဖြစ်သည်။

သူမက သူမ၏ ခြေထောက်များကို အေးအေးဆေးဆေးချိတ်လိုက်ကာ လက်ဖက်ရည်ပူကို ယူ၍မှုတ်လိုက်သည်။

"အဲဒါ ငါ အမှတ်ရဖို့အတွက် သာမန်ကာလျှံကာပြောလိုက်တာပါ”

ရှန်းဝူချင်း: "...?"

"ဒါပေမဲ့ ချန်ယွမ်က ငါ့အတွက် အဲဒါကိုချရေးထားတယ်၊ အဲဒါတွေက အမှတ်ရဖို့အတွက် ငါ လျှောက်ပြောလိုက်တဲ့ အရာတွေပါ”

"ဒါဆို မင်းတို့ကို ဒုက္ခပေးရတော့မှာပဲ”

"ငါပြောသလိုလုပ်ပါ၊ တစ်ချိန်တည်းမှာ အတူတူမပေါ်လာအောင် တခြားလူရဲ့ ရုပ်သွင်ကိုယူလိုက်ကြ”

စုကျိုက ရာသီဥတု ဘယ်လောက်သာယာကြောင်း ပြောနေသကဲ့သို့ပြောလိုက်သည်။

"နားလည်ပြီ” လဲ့ကျယ်က ခေတ္တစဉ်းစားပြီး ခေါင်းညိတ်လိုက်သည်။

"အဲဒီလိုဆိုရင်တော့ ငါ အဆင်ပြေပါတယ်”

ဒီလိုကြီးလား

ဒါက တကယ်ပဲ အဆင်ပြေတာလား

တခြားလူရဲ့ ရုပ်သွင်ကို ယူပြီး ပြိုင်ပွဲကွင်းထဲ ဝင်မယ်ဆိုတာ ဘာအဓိပ္ပာယ်လဲ၊

ရှန်းဝူချင်း ထိတ်လန့်သွားသည်။

ဒါက… ဖူးကျိုးထင်ထားတဲ့ ဘေးဆိုးဆိုတာဒါမျိုးလား

ထင်သည့်အတိုင်းပင်၊ အကျိုးအမြတ်ရှာပြီး ဘေးဥပဒ်ကို ရှောင်ကွင်းတတ်သည့် ဝိညာဉ်ကုန်သည်အသင်း၏ကံကောင်းခြင်းလှေသည် လွန်ခဲ့သော နှစ်ပေါင်းတစ်ရာအတွင်း တစ်ခါမျှမမှားခဲ့ဖူးပေ။

ရှန်းဝူချင်းသည် ဝိညာဉ်ပိုးဖလံဂေဟာသည် လမ်းတစ်လျှောက်တွင် လှည့်ကွက်များစွာကိုဖုံးကွယ်ထားခဲ့ကြောင်း ယခုမှ သတိပြုမိလိုက်သည်။

နားထောင်ကြည့်စမ်းပါဦး၊ တခြားလူရဲ့ ရုပ်သွင်ကိုသုံးပြီး ပြိုင်ပွဲကွင်းထဲ ဝင်မယ်တဲ့

ဒီညီမငယ်စုရဲ့ အရည်အချင်းက တကယ်ပဲ ဘာလဲ ??

သူ့ ဘက်လိုက်မှုကင်းသော သံမဏိမျက်နှာဖုံး၊ ဒုတိယမြောက် စာမေးပွဲစာရွက်၊ ဝိညာဉ်ကုန်သည်အသင်း တပည့်ဝတ်စုံပင်လျှင်… သူမ၏ လက်ထဲတွင် ဒုတိယ၊ တတိယနှင့် စတုတ္ထမြောက် အပိုင်းအစများအဖြစ်ပေါ်လာခဲ့သည်။

တစ်ခုချင်းစီကို ဟင်းလင်းပြင်ကနေ ဖန်တီးယူတာလား ?

ရှန်းဝူချင်းသည် သူ့လည်ပင်းတွင် ရုတ်တရက် အေးစိမ့်သွားသလို ခံစားလိုက်ရသည်။

သူသည် ရွှေအမြုတေအဆင့်သို့ ရောက်ရှိပြီးဖြစ်သဖြင့် ယခုနှစ်အခြေခံအုတ်မြစ်တည်ဆောက်ခြင်း ပြိုင်ပွဲတွင် ပါဝင်ရန်မလိုအပ်တော့သည်မှာ ကံကောင်းလှသည်ဟု သူ တစ်ဖန်ခံစားလိုက်ရပြန်သည်။

သူသည် ဝိညာဉ်ပိုးဖလံဂေဟာအဖွဲ့ဝင်များ၏ 'ထူးဆန်းသော' နည်းဗျူဟာများဆွေးနွေးနေသည်ကို နားထောင်ရင်း လက်ဖက်ရည် သောက်နေလိုက်သည်။

မကြာမီတွင် ရင်းနှီးပြီးယဉ်ကျေးလှသော အသံတစ်ခုကို သူ ကြားလိုက်ရသည်။

"စီနီယာအစ်မ၊ ဒါက သတင်းအချက်အလက်တွေရောင်းတဲ့ လက်ဖက်ရည်ဆိုင်လား”

စုကျိုသည် သူ့ အဖွဲ့ဝင်များနှင့် စကားပြောနေစဉ် လူသစ်များ၏အသံကို ကြားလိုက်ရသဖြင့် ဖြူစင်သောကြွေလက်ဖက်ရည်ခွက်ကို ကိုင်ထားလျက် လက်ဖက်ရည်ဆိုင်အပေါက်ဘက်သို့လှည့်ကြည့်လိုက်သည်။

"ဟုတ်ပါတယ်၊ တံတားကိုဖြတ်ပြီးနောက် ခုနစ်ခုမြောက်ဆိုင်ပါ”

"သူတို့က သတင်းအချက်အလက်အကုန်လုံးကိုရောင်းတာလား သိချင်တယ်၊ ဝိညာဉ်ပိုးဖလံဂေဟာနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်များ ရှိမလား”

စုကျိုနှင့် အခြားသူများသည် စားပွဲကြီးလေးလုံးကို ပူးကပ်ထားသောနေရာမှ အချင်းချင်းချက်ချင်းအကြည့်ဖလှယ်လိုက်ကြသည်။

"ဟင်း၊ တကယ်လို့ ရှိတယ်ဆိုရင်၊ ကျွန်မတို့က ဝိညာဉ်ကျောက်တုံးငါးထောင်အထိပေးပြီး ဝယ်ဖို့ စဉ်းစားထားပါတယ်”

ဘာ ??

သူတို့က အဲ့လောက်ထိ တန်ဖိုးရှိနေတာလား

စုကျို မျက်လုံးများ ချက်ချင်းဝင်းလက်သွားသည်။

ထို့နောက် တိမ်တိုက်ကဲ့သို့ လွင့်မျောနေသော လက်အင်္ကျီများနှင့် အပြာရောင်ငှက်မွှေးပဝါများကို ဝတ်ဆင်ထားကာ သူမနှင့် အလွန်ရင်းနှီးပုံ ရသောလှပသော မိန်းကလေးအချို့မှာ ခေါင်းလောင်းသံများနှင့်အတူ ယဉ်ကျေးစွာဝင်ရောက်လာသည်ကို သူမ တွေ့လိုက်ရသည်။

ဤအဖွဲ့ကိုမှတ်မိရန် လွယ်ကူလှသည်။

အကြောင်းမှာ ၎င်းတို့ဝတ်ဆင်ထားသော ပါးလွှာသောပိုးဖဲစကတ်များမှာ ၎င်းတို့ လှုပ်ရှားလိုက်တိုင်းလှပသော စည်းချက်တစ်ခုနှင့်အတူ ကခုန်နေသကဲ့သို့ ဖြစ်နေသောကြောင့်ဖြစ်သည်။

တေးဂီတလမ်းစဉ်—ကချေသည်ခန်းမဝိညာဉ်ကျင့်စဉ်

လက်ဖက်ရည်ဆိုင်အပေါက်ရှိ လက်ဖက်ရည်စားပွဲနှစ်လုံးမှာ ချက်ချင်းမှောက်ခုံဖြစ်သွားကြသည်။

အပြင်ဘက်ရှိလမ်းသွားလမ်းလာများမှာလည်း ခဏအတွင်း မှောက်ခုံဖြစ်ကုန်ကြသည်။

အပြင်ဘက်ရှိစျေးသည်များမှာလည်း အလောတကြီးထွက်ပြေးကြတော့သည်။

"ပြေးကြ၊ ဝူချင်းချန်း လာနေပြီ”

"အားလုံးကိုပြောလိုက်ကြ လက်ဖက်ရည်ဆိုင်နားမကပ်နဲ့၊ ဝူချင်းချန်း ရောက်နေပြီ”

All Chapters