← Chapters

အခန်း (၁၄၇)

Vol. 15 Ch. 147

အခန်း (၁၄၇)

Vol. 15 Ch. 147

ဝူချင်းချန်းနှင့် သူ့ သူငယ်ချင်းများသာမက စုကျိုနှင့်အတူ နှစ်လကြာ အတူရှိခဲ့သော လဲ့ကျယ်နှင့် သူ့အဖွဲ့ဖော်များပင် ထိတ်လန့်သွားကြသည်။

၎င်းတို့မှာမူ မည်သည့်နည်းလမ်းကိုမျှ စဉ်းစားမရနိုင်ကြပေ။

ဆရာမစုမှာမူ နည်းလမ်းနှစ်ခုတောင် ရှိနေသည်တဲ့လား၊

"ပထမအချက်ကတော့၊ ဒီမိစ္ဆာကျင့်ကြံသူ ငါးဆယ်မှာ အချင်းချင်းဆက်သွယ်နိုင်တဲ့ နည်းလမ်းရှိနိုင်တယ်၊ ပြီးတော့ မှောင်လာရင် အတူတူ နားခိုတဲ့နေရာလည်းရှိနိုင်တယ်၊ တစ်နည်းအားဖြင့် သူတို့ အချင်းချင်းသိနေကြဖို့ အခွင့်အလမ်းအရမ်းများတယ်”

"သူတို့ ဆုံမိတဲ့အခါမှာ အဲဒီနေ့က အဖွဲ့အသီးသီးရဲ့လိုက်ဖမ်းတာကိုခံရတဲ့ သတင်းအချက်အလက်တွေကို အချင်းချင်းမျှဝေကြနိုင်တယ်”

စုကျိုက ၎င်းတို့အား စိတ်မလှုပ်ရှားစေတော့ဘဲ သူ့ အဖြေကိုတိုက်ရိုက်ပြောပြလိုက်သည်။

ဝူချင်းချန်း ထပ်ခါတလဲလဲ ခေါင်းညိတ်လိုက်သည်။

"စီနီယာအစ်မ ပုတယ် က ကျွန်မတို့ရဲ့ဆေးကျွေးတာကိုခံလိုက်ရတာ မဟုတ်ဘူး၊ သူက သင်္ဘောမူးပြီး နေမကောင်းဖြစ်နေလို့ အမှန်အတိုင်း ပြောပြခဲ့တာပါ၊ အပိုပြိုင်ပွဲမှာအမှတ်ရနိုင်တဲ့ အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့် မိစ္ဆာကျင့်ကြံသူငါးဆယ်က သူတို့ ဝိညာဉ်ကုန်သည် အသင်းက ဖမ်းဆီးထားတဲ့ အကျဉ်းသားအုပ်စုတစ်စုပါတဲ့”

"တကယ်လို့ သူတို့က ငါတို့ရဲ့ ဖမ်းဆီးတာကို တစ်နာရီကြာအောင်ရှောင်နိုင်ရင် သူတို့ရဲ့ထောင်ဒဏ်ကို တစ်ရက်လျှော့ပေးမယ်တဲ့”

စုကျို အံ့သြစွာရေရွတ်လိုက်သည်၊ ဤသည်မှာ သူ မသိသေးသော သတင်းအချက်အလက်ဖြစ်သည်။

တကယ့်ကို ဤနှလုံးသားကိုလှုပ်ခါစေနိုင်သော အရည်အချင်းများမှာ အနည်းငယ်ကြောက်စရာကောင်းလှပေသည်။

"ဒါဆိုရင် ဆရာမစုပြောတာက တကယ်ဖြစ်နိုင်ခြေအရမ်းများတယ်၊ သူတို့ ထောင်ထဲမှာ အချင်းချင်းတွေ့ဖူးကြပြီး သိနေကြလိမ့်မယ်”

စုကျိုက ခေါင်းညိတ်လိုက်သည်။

"ဒါက ခွဲခြားနိုင်တဲ့ နည်းလမ်းတစ်ခုပဲ၊ မိစ္ဆာကျင့်ကြံသူတွေက အချင်းချင်းတွေ့ရင် နှုတ်ဆက်ကြလိမ့်မယ်”

မကြာမီ သူမသည် အခုလေးတင် ကော်ပီကူးယူထားသော သားရေဂျာကင်ကိုးထည်ကို ထုတ်ပေးလိုက်သည် [မြေပုံရောင်းသော မိစ္ဆာကျင့်ကြံသူ၏ ရုပ်အသွင်] မျက်လုံးကိုဖုံးအုပ်ထားသော ယင်လီက ၎င်းကို မည်ကဲ့သို့ ဝတ်ဆင်ရမည်ကို တိုက်ရိုက်သရုပ်ပြလိုက်သည်။

ခဏအတွင်းမှာပင် သူမသည် ခြေဆုံးခေါင်းဆုံးဇစ်ဆွဲလိုက်ကာ လက်ဖက်ရည်ဆိုင်ဒုတိယထပ် သီးသန့်အခန်းအတွင်း၌ မြေပုံများပစ်ပေးကာ ရောင်းမကုန်သော ပစ္စည်းများကိုလျှောက်ရောင်းနေသည့် ပိန်ပိန်ပါးပါးလူငယ်လေးတစ်ဦးအဖြစ် 'ပြောင်းလဲ' သွားတော့သည်။

ဝူချင်းချန်းနှင့် သူမ သူငယ်ချင်းများ: "!"

ရှန်းဝူချင်း: "...!"

"ဒါက ငါတို့ဖမ်းထားတဲ့ မိစ္ဆာကျင့်ကြံသူရဲ့ပုံစံပဲ၊ တကယ်လို့ ငါတို့ရဲ့ ခန့်မှန်းချက်မှန်မယ်ဆိုရင် ဒီ [မြေပုံရောင်းတဲ့ မိစ္ဆာကျင့်ကြံသူရဲ့ ရုပ်အသွင်] ကိုဝတ်ထားတာက တခြားမိစ္ဆာကျင့်ကြံသူတွေကို ဆွဲဆောင်နိုင်လိမ့်မယ်၊ သူတို့က လာပြီးနှုတ်ဆက်ကြလိမ့်မယ်”

ကျူပိုင်ယွီ သရုပ်ဆောင်လိုက်သည်။ သူ မိစ္ဆာကျင့်ကြံသူအဖြစ် အသွင်ယူထားသော ယင်လီပုခုံးကို ဖက်လိုက်ကာ "ဟေး၊ တိုက်ဆိုင်လိုက်တာ၊ ငါတို့ မင်းနဲ့ဆုံပြန်ပြီပဲ၊ မင်းလည်း ပြိုင်ပွဲဝင်အဖွဲ့တွေရဲ့ရှာတာကို မခံရဘူးပေါ့” ဟု ပြောလိုက်သည်။

ခဏအတွင်းမှာပင် သူ့ဘေးရှိ ယိုလု နှင့် လိုကျားတို့က ကျူပိုင်ယွီကို ဖမ်းဆီးလိုက်ပြီး လက်ဖက်ရည်စားပွဲပေါ်သို့ဖိချလိုက်ကြသည်။

"ဟေး၊ မင်းအလှည့်ပဲ မင်းက မိစ္ဆာကျင့်ကြံသူ မဟုတ်လား၊ မဟုတ်ရင် ဒီမြေပုံရောင်းတဲ့ မိစ္ဆာကျင့်ကြံသူကို မင်း ဘယ်လိုသိမှာလဲ”

"အာ၊ ထိတ်လန့်စရာပဲ၊ ဒါက ထောင်ချောက်ကြီးလား”

ကျူပိုင်ယွီက သူ့ ရင်ဘတ်ကိုဖိကာ အံ့အားသင့်ဖွယ်အမူအရာဖြင့် သက်ဝင်လှုပ်ရှားစွာသရုပ်ဆောင်ပြလိုက်သည်။

ဝူချင်းချန်း: "!"

ရှန်းဝူချင်း: "!"

ဝူချင်းချန်းနှင့် အခြားမိန်းကလေးများသည် များသောအားဖြင့် ကခုန်ခြင်း နည်းစနစ်များနှင့် ဟန်ပန်များကိုသာ လေ့လာကြပြီး ဂီတနှင့်သာ အချိန်ကုန်ဆုံးကြသူများဖြစ်သည်။ ၎င်းတို့အတွက် ဤကဲ့သို့သော ပြင်ပလောက၏ 'ကြွယ်ဝမှု' ကို တွေ့မြင်ရခြင်းမှာ ပထမဆုံးအကြိမ် ဖြစ်သည်။

သူမက စုကျိုအား တကယ့်ကိုအံ့သြဖို့ကောင်းသည်ဟု ထင်မြင်မိသွားသည်။

ဝိညာဉ်ပိုးဖလံဂေဟာသည် ၎င်းတို့၏ကချေသည်ခန်းမက တစ်ခါမျှမတွေးဖူးသော လုပ်ရပ်မျိုးကိုလုပ်ဆောင်နိုင်ကြသည်။

"ဒီနည်းလမ်းက တကယ့်ကိုအပြစ်ပြောစရာမရှိဘူး” ဝူချင်းချန်း ယင်လီ၏ [မိစ္ဆာကျင့်ကြံသူ ရုပ်အသွင်] အသွင်ယူမှုကိုကြည့်ကာ အလွန်အားကျနေမိသည်၊ ၎င်းမှာ တကယ်အသက်ဝင်လှသည်။

"ဒါဆိုရင် ဆရာမစု မိစ္ဆာကျင့်ကြံသူတွေကိုရှာဖို့အတွက် ဆရာမပြောတဲ့ ဒုတိယနည်းလမ်းက ဘာလဲဟင်”

၎င်းတို့မှာ ရေတွင်းထဲက ဖားများကဲ့သို့ခံစားနေရသည်။ စုကျိုက ၎င်းတို့အတွက် ကျင့်ကြံခြင်းဆိုင်ရာ ကမ္ဘာသစ်ကြီးတစ်ခုကို ဖွင့်လှစ်ပေးခဲ့ခြင်း ဖြစ်သည်။

သို့သော် ထိုကမ္ဘာထဲသို့ အခုလေးတင်ဝင်ရောက်လာသူများဖြစ်သောကြောင့် မိမိတို့၏ကိုယ်ပိုင်ဉာဏ်ကို သုံးပြီး သင်ယူထားသမျှကို အခြားနေရာများတွင် အသုံးမချနိုင်ကြသေးပေ။

ရှက်စရာကောင်းလှပေသည်။

ဝူချင်းချန်း ရှက်သွေးဖြာလျက် စုကျိုကို နှိမ့်ချစွာလမ်းညွှန်မှု တောင်းခံလိုက်ပြီး မေးခွန်းများကို ချက်ချင်းမေးမြန်းသူ ဖြစ်လာခဲ့သည်။

"ဟင်း” စုကျိုသည် ၎င်းတို့အား သင်ကြားပေးရန် သဘာဝအတိုင်း ဆန္ဒရှိသည်။ အကြောင်းမှာ ၎င်းတို့က သီးသန့်အခန်းခကိုပင် ပေးဆောင်ထား သောကြောင့် ဖြစ်သည်။

"တကယ်လို့ မိစ္ဆာကျင့်ကြံသူ ငါးဆယ်က အချင်းချင်းမသိကြဘူးဆိုရင်တောင် ငါက ဒုတိယနည်းလမ်းပြင်ဆင်ထားပြီးသားပါ”

စုကျို နောက်ထပ် [လက်ဖက်ရည်ဆိုင်ရှင်၏ရုပ်အသွင်] အသွင်ယူပစ္စည်းကိုးခုကို အေးအေးဆေးဆေးထုတ်လိုက်သည်။

ဝူချင်းချန်း: "!"

ရှန်းဝူချင်း: "???"

၎င်းတို့သည် ချက်ချင်းမတ်တပ်ရပ်လိုက်ကြပြီး လုံးဝတည်ငြိမ်မနေနိုင်ကြတော့ပေ။

ဤနေရာမှ လက်ဖက်ရည်ဆိုင်ရှင်ကို ဝူချင်းချန်းနှင့် မိန်းကလေးများသည် ဝိညာဉ်ပိုးဖလံဂေဟာထက် နောက်ကျမှရောက်လာခဲ့ကြသော်လည်း တွေ့ဖူးကြသည်။

အကြောင်းမှာ ၎င်းတို့က ရက်ရောသူများဖြစ်သောကြောင့် လွန်ခဲ့သောဆယ်နှစ်ခန့်ကတည်းက အသုံးမပြုတော့သည့် ဤလက်ဖက်ရည်ဆိုင်၏ ဖုန်ထူနေသော ဒုတိယထပ်သီးသန့်အခန်းကို ငှားရမ်းခဲ့ကြသောကြောင့်ဖြစ်သည်။

လက်ဖက်ရည်ဆိုင်ရှင်ကိုယ်တိုင် ထွက်လာပြီး ၎င်းတို့အား လွန်ခဲ့သောနှစ်က ဝိညာဉ်အားဆေး လက်ဖက်ရည်များကိုဝယ်ရန် လှည့်စားရန် ကြိုးစားခဲ့သည်။

သို့သော် ဝူချင်းချန်းက သူ့လှည့်စားမှုကို သိမြင်ခဲ့သည်။

ဤဖြစ်ရပ်ကြောင့် ကချေသည်ခန်းမမှ ညီမငယ်များမှာ လက်ဖက်ရည်ဆိုင်ရှင်၏လိမ်ညာတတ်သော မျက်နှာကို ကောင်းကောင်းမှတ်မိနေကြ ခြင်း ဖြစ်သည်—

သူ့ ညိုဝါရောင်အသားအရေက သူသည် ရွှေအမြုတေအဆင့် ကျင့်ကြံသူဖြစ်ကြောင်း ညွှန်ပြနေသည်။

သူ့ ပါးလွှာသော မျက်ခုံးနှစ်ခုကြားတွင် လက်ဖက်ရည်ဆိုင်နာမည်ဖြစ်သော "ရွှေတစ်ကျပ်သား" ဟူသော တက်တူးရှိသည်။

ယခုမူ ဤ [လက်ဖက်ရည်ဆိုင်ရှင်၏ ရုပ်အသွင်] အသွင်ယူပစ္စည်းကိုးခုကို စူးစမ်းလိုသော တောက်ဟယ်က စုကျိုထုတ်ပေးလိုက်သည်နှင့် ချက်ချင်းဝတ်ဆင်လိုက်သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် သူ့ အဝတ်အစားများမှာ ဆိုင်ရှင်၏ပိုးဖဲဝတ်ရုံများအဖြစ် ပြောင်းလဲသွားရုံသာမက သူ့ရုပ်သွင်မှာလည်း ထိုဆိုင်ရှင်နှင့် လုံးဝတထပ်တည်းဖြစ်သွားတော့သည်။

သူ့ ခန့်ညားသော မျက်နှာမှာ ယခုအခါ မျက်ခုံးနှစ်ခုကြားတွင် "ရွှေတစ်ချောင်း" တက်တူးပါရှိနေပြီး ညိုဝါရောင် အသားအရေမှာ ရွှေအမြုတေအဆင့် ကျင့်ကြံသူ၏အမှတ်အသား ဖြစ်နေသည်။

လုံးဝ တထပ်တည်းပင်။

ဝူချင်းချန်းနှင့် အခြားညီမငယ်များသာမက ရှန်းဝူချင်းမှာလည်း နောက်သို့မှီလိုက်ကြသည်။

စုကျို သူ့လက်ညှိုးဖြင့် စားပွဲကို အသာအယာတောက်လိုက်ပြီး ၎င်းတို့အား တည်ငြိမ်ရန်အချက်ပြလိုက်သည်။

"အခု ငါတို့ မိစ္ဆာကျင့်ကြံသူတွေကို ဖမ်းပြီးပြီဆိုရင် လက်ဖက်ရည်ဆိုင်ကိုလာပြီး ဆိုင်ရှင်ကို အပ်ရမှာလေ”

"ပြီးတော့ ဒီမိစ္ဆာကျင့်ကြံသူ ငါးဆယ်ကို ဝိညာဉ်ကုန်သည်အသင်းက မြို့ထဲမှာ ထားထားတယ်ဆိုတာ ငါတို့ သိပြီးသား”

"ဒါဆိုရင် လက်ဖက်ရည်ဆိုင်ရှင်နဲ့ သူ၏ ဝန်ထမ်းတွေဟာ အပိုပြိုင်ပွဲအတွင်းမှာ ဒီမိစ္ဆာကျင့်ကြံသူတွေကို လွှတ်ပေးထားဖို့တာဝန်ယူရတဲ့ ဝိညာဉ်ကုန်သည်အသင်းက လူတွေဖြစ်နိုင်တယ်လို့ သံသယရှိဖို့အကြောင်းပြချက်ရှိတာပေါ့”

"တစ်နည်းအားဖြင့် သူတို့က ပြိုင်ပွဲအတွင်းမှာ ဒီမိစ္ဆာကျင့်ကြံသူတွေကို စီမံခန့်ခွဲရတဲ့ ထောင်မှူးတွေပဲ”

စုကျိုသည် စီစဉ်သူဖြစ်သော ဝိညာဉ်ကုန်သည်အသင်းက မိစ္ဆာကျင့်ကြံသူများကိုထိန်းချုပ်ရန် မည်သည့်နည်းလမ်းမှမရှိဘဲ ထားလိမ့်မည်ဟု မယုံကြည်ပေ။

အကယ်၍ မိစ္ဆာကျင့်ကြံသူများက အမိန့်ကိုမနာခံဘဲပြိုင်ပွဲအတွင်း ဤစျေးဝယ်မြို့၌ လူများကိုတိုက်ခိုက်ပါက ဝိညာဉ်ကုန်သည်အသင်း၏ ဂုဏ်သိက္ခာနှင့် ဤပြိုင်ပွဲမှရရှိမည့် အကျိုးအမြတ်များကိုများစွာ ထိခိုက်စေလိမ့်မည်ဖြစ်သည်။

ဝိညာဉ်ကုန်သည်အသင်းတွင် ဤမိစ္ဆာကျင့်ကြံသူ အကျဉ်းသားများကို အထူးကြီးကြပ် စီမံခန့်ခွဲရမည့်သူ ရှိကို ရှိရမည်။

"အဲဒီ စီမံခန့်ခွဲသူဟာ လက်ဖက်ရည်ဆိုင်ရှင် ဖြစ်ဖို့ အခွင့်အလမ်း အရမ်းများတယ်၊ ဘာပဲဖြစ်ဖြစ် သူက ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ် ယောက်မဟုတ်လား”

စုကျို ဤအချက်ကို သတိပြုမိခဲ့ခြင်းဖြစ်သည်။

"လက်ဖက်ရည်ဆိုင် ဝန်ထမ်းလေးယောက်ကလည်း ရွှေအမြုတေအဆင့်အစောပိုင်းတွေပဲ”

ဤမျှ သေးငယ်သောလက်ဖက်ရည်ဆိုင်လေးမှာ ဤမျှအရည်အချင်းရှိသော လူများစွာရှိနေခြင်း ဖြစ်သည်။

"မိစ္ဆာကျင့်ကြံသူတွေရောင်းတဲ့ မြေပုံတွေကိုလည်း ငါ စစ်ဆေးပြီးပြီ၊ ဒီနေရာကလွဲရင် တခြားဆိုင်တွေက ဆိုင်ဝန်ထမ်းတွေနဲ့ ဆိုင်ရှင်တွေဟာ အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်မှာပဲ ရှိကြတာ”

ဝူချင်းချန်း: "!"

ရှန်းဝူချင်း: "..."

တကယ့်ကို စေ့စပ်သေချာလှသည်။

ဒါက ကောက်ကျစ်လှတဲ့ ဆင်ခြင်တုံတရားပဲ

ဘေးကင်းစေရန်အတွက် စုကျို [လက်ဖက်ရည်ဆိုင် ဝန်ထမ်း က၊ ခ၊ ဂ၊ ဃ] အသွင်ယူပစ္စည်း အချို့ကိုထုတ်ပေးလိုက်ပြီး ကချေသည်ခန်းမမှ မိန်းကလေးများရှေ့သို့ တွန်းပို့လိုက်သည်။

"!!!"

"အုပ်စု နှစ်စုခွဲလိုက်မယ်၊ အဖွဲ့တစ်ဖွဲ့က မိစ္ဆာကျင့်ကြံသူအဖွဲ့ဝင်တွေအဖြစ် အသွင်ယူမယ်၊ နောက်တစ်ဖွဲ့ကတော့ လက်ဖက်ရည်ဆိုင် ဝန်ထမ်းတွေနဲ့ ဆိုင်ရှင်တွေအဖြစ် အသွင်ယူမယ်”

"တကယ်လို့ သူစိမ်းတစ်ယောက်ကလာပြီး နှုတ်ဆက်ရင် သူ့ကို ဖမ်းဖို့စဉ်းစားလိုက်ကြ”

စုကျိုပြုံးလိုက်ပြီး သူ့ပုလဲများဖြင့် တန်ဆာဆင်ထားသော ဝတ်ရုံကိုချွတ်လိုက်ကာ သူ့ ညာဘက်လက်မှ ပတ်တီးကိုဖြေလိုက်သည်။

"ငါ သူတို့ရဲ့ အထောက်အထားကိုစစ်ဆေးပေးမယ်”

"တကယ်လို့ သူတို့က မိစ္ဆာကျင့်ကြံသူတွေဆိုရင် အမှတ်နဲ့သွားလဲလိုက်ကြပေါ့”

"!!!"

ဝူချင်းချန်း မျက်လုံးများမှာ ဝင်းလက်တောက်ပသွားသည်။

အပြစ်ပြောစရာ မရှိပေ။

ဤအစီအစဉ်တွင် မည်သည့်လိုအပ်ချက်မှ သူမ စဉ်းစားမရနိုင်ပေ။

"ဟုတ်ပါတယ်၊ ငါ့ရဲ့ ပထမအကြံနှစ်ခုက ကျရှုံးသွားနိုင်ခြေလည်းရှိတာပဲ” ဟု စုကျို နောက်ဆုံးတွင်ပြောလိုက်သည်။

"ဒါပေမဲ့ ပြဿနာမရှိပါဘူး၊ ငါ့မှာ တတိယမြောက် အရံအစီအစဉ်ရှိသေးတယ်”

ဘာ ??

ဒီလို ကောက်ကျစ်တဲ့ အလုပ်မျိုးအတွက် တတိယမြောက် နည်းလမ်းတောင် ရှိသေးတာလား ??

ရှန်းဝူချင်း ဆွံ့အသွားရသည်။

"ငါတို့ လက်ဖက်ရည်ဆိုင်မှာ စောင့်နေကြမယ်”

"တကယ်လို့ တခြားအဖွဲ့တွေက မိစ္ဆာကျင့်ကြံသူတွေကို ဖမ်းပြီးလာအပ်ကြရင် ငါတို့က လက်ဖက်ရည်ဆိုင်ဝန်ထမ်းတွေနဲ့ ဆိုင်ရှင်တွေ အဖြစ် ဟန်ဆောင်ပြီး—"

"ငါတို့ သူတို့ကို လက်ခံလိုက်မယ်”

"?"

"!!!"

ဝူချင်းချန်းမှာ ဤအချက်ကိုနားလည်ရန် အချိန်အနည်းငယ်ယူလိုက်ရသည်။

တကယ့်ကို ထက်မြက်လှပေသည်။

ဆရာမစုကတော့ တကယ့်ကို ထက်မြက်လှပါပေတယ္။ သူမက ဤစကားကို ကြားသောအခါ မျက်လုံးများမှာဝင်းလက်သွားသည်။

ရှန်းဝူချင်းမှာမူ သူ့ လက်ဖက်ရည်ကို ပြန်ထွေးထုတ်လိုက်မိသည်။

"ဘေးကင်းစေဖို့အတွက်” ဝူချင်းချန်းက သင်ယူလိုက်သည်။

"ရှောင်မီ၊ ရှောင်ရှင်း၊ နင်တို့က အဖွဲ့တစ်ဖွဲ့စီကို ဦးဆောင်ပြီး ဝိညာဉ်ပိုးဖလံဂေဟာက စီနီယာအစ်ကို၊အစ်မတွေနဲ့ ပူးပေါင်းလိုက်ကြ”

"ဆရာမစုနဲ့ကျွန်မကတော့ ဒီမှာပဲနေပြီး လက်ဖက်ရည်ဆိုင်ရှင်နဲ့ ဝန်ထမ်းအဖြစ် ဟန်ဆောင်နေမယ်”

"တခြားအဖွဲ့တွေ ဖမ်းလာတဲ့ မိစ္ဆာကျင့်ကြံသူတွေကို လက်ခံဖို့ ကျွန်မတို့ကတာဝန်ယူရမှာပေါ့~"

သူမသည် သူ သင်ယူထားသမျှကို ဤမျှမြန်မြန်အသုံးချနိုင်နေပြီဖြစ်သည်။

စုကျို ဝူချင်းချန်းအား အထင်ကြီးသောအကြည့်ဖြင့် ကြည့်လိုက်သည်။

အိပ်နေစဉ်မှာပင် ကခုန်နေသည်ဟုဆိုကြသော ကချေသည်ခန်းမမှ ဖြစ်နေခြင်းမှာ အံ့သြစရာမဟုတ်ပေ။ ကချေသည်ခန်းမနှင့် ဝိညာဉ်ပိုးဖလံ ဂေဟာနှစ်ခုလုံးသည် ပွင့်လင်းရိုးသားသောလူများဖြစ်ကြသည်။

ထို့နောက် လူတိုင်းစတင်ခွဲထွက်ကြတော့သည်။

စုကျိုနှင့် အကြာဆုံးအတူရှိခဲ့သော ဝါရင့်ယင်လီနှင့် ကျူပိုင်ယွီတို့ကမူ အဖွဲ့တစ်ဖွဲ့ကို ဦးဆောင်လိုက်သည်။

အခြားအဖွဲ့ကိုမူ စုကျို၏စစ်မှန်သော သင်ကြားမှုများကိုမကြာသေးမီက စတင်တတ်မြောက်လာသော စုကျီကျီ နှင့် စုရှင်းချန်တို့က ဦးဆောင်လိုက်ကြသည်။

၎င်းတို့သည် လက်ဖက်ရည်ဆိုင်မှထွက်ခွာသွားပြီး မြေပုံရောင်းသော မိစ္ဆာကျင့်ကြံသူနှင့် လက်ဖက်ရည်ဆိုင်ရှင်၏အသွင်ကို မယူမီ ဆိတ်ငြိမ်သော နေရာတစ်ခုသို့သွားရောက်ခဲ့ကြသည်။

ထင်သည့်အတိုင်းပင်၊ မကြာမီမှာပင် ၎င်းတို့ပတ်ဝန်းကျင်တွင် အံ့အားသင့်ဖွယ် အော်ဟစ်သံများစွာထွက်ပေါ်လာတော့သည်။

"ဟေး၊ နံပါတ် ၂၃၊ မင်းက ဆိပ်ကမ်းမှာရှိနေရမှာ မဟုတ်ဘူးလား၊ ငါ့လမ်းဖြစ်တဲ့ နံပါတ် ၂၇ လမ်းပေါ်ကို ဘယ်လိုရောက်လာတာလဲ”

"ဟေး၊ ဆိုင်ရှင်ကျွဲ၊ ဆိုင်ထဲကနေ ထွက်လာတာလား၊ ငါ သုံးနာရီတောင် ပုန်းနေတာ ဘယ်အဖွဲ့မှ ငါ့ကိုရှာမတွေ့သေးဘူး၊ မင်း ထောင်ဒဏ် သုံးရက်စာပေးရမယ်နော်၊ နောက်လ ၇ ရက်နေ့ကနေ ၁၀ ရက်နေ့အထိ ငါ အိမ်ပြန်ဖို့ခွင့်ယူမယ်”

"ဟဲဟဲ၊ ငါ့အိမ်က ငါ့အတွက် အိမ်ထောင်ဖက်ရှာထားပေးလို့လေ~"

"ဟေး၊ ဆိုင်ရှင်ကျွဲ၊ ကြားရဲ့လား”

မကြာမီ မြေပုံရောင်းသော မိစ္ဆာကျင့်ကြံသူ၊ လက်ဖက်ရည်ဆိုင်ရှင်နှင့် လက်ဖက်ရည်ဆိုင် ဝန်ထမ်းအဖြစ် အသွင်ယူထားသူများ၏ မျက်လုံးများမှာ ဝင်းလက်သွားသည်။

မိစ္ဆာကျင့်ကြံသူများမှာ ၎င်းတို့အား လာရောက်နှုတ်ဆက်ရင်း တစ်ယောက်ပြီး တစ်ယောက် အဖမ်းခံနေရတော့သည်။

၎င်းတို့ကို လက်ဖက်ရည်ဆိုင်သို့ခေါ်ဆောင်လာသောအခါတွင်လည်း မိစ္ဆာကျင့်ကြံသူများမှာ ၎င်းတို့ မည်သို့ ဖမ်းဆီးခံလိုက်ရသည်ကို နားမလည်နိုင်အောင် ဖြစ်နေကြသည်။

တစ်ချိန်တည်းမှာပင်

ရွှေကျောက်မျက်ခန်းမမှ အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဖွဲ့မှာ ၎င်းတို့၏အသင်းခေါင်းဆောင် ဦးဆောင်မှုဖြင့် "ရွှေတစ်ကျပ်သား" လက်ဖက်ရည်ဆိုင်ကို အမြန်ရှာတွေ့ခဲ့ကြသည်။

"ဟုတ်တယ်၊ ဒါပဲ၊ လက်ဖက်ရည်ဆိုင်က တံတားကိုဖြတ်ပြီးနောက် ခုနစ်ခုမြောက် ဆိုင်ပဲ”

"ဒီမှာပဲ”

"ဟင်၊ ဘာလို့ အပြင်ဘက်မှာ လက်ဖက်ရည်ဝိုင်းရှိနေရတာလဲ”

ရွှေကျောက်မျက်ခန်းမ အဖွဲ့သည် ခြောက်ခုမြောက် ထီးဆိုင်မှ ခုနစ်ခုမြောက် "ရွှေတစ်ကျပ်သား" လက်ဖက်ရည်ဆိုင်သို့ လျှောက်လာရင်း၊ လက်ဖက်ရည်စားပွဲတစ်ခု ခြားထားသော အပြင်ဘက်ရှိ လက်ဖက်ရည်ဝိုင်းတစ်ခုကို ရုတ်တရက်တွေ့ရှိလိုက်ရသည်။

ဘာတွေ ဖြစ်နေတာလဲ

အလယ်တွင် ညှပ်ထားသော ဤရိုးရှင်းသော လက်ဖက်ရည်ဝိုင်းလေးမှာ မိစ္ဆာကျင့်ကြံသူများကိုလေ့ကျင့်ပေးရန် 'ခုနစ်ခုမြောက်' ဆိုင် ဖြစ်နေတာလား ?

ရွှေကျောက်မျက်ခန်းမမှ အခြေခံအုတ်မြစ်တည်ဆောက်ခြင်း အဖွဲ့ဝင်များသည် ရိုးရှင်းလှသော အပြင်ဘက်ရှိ လက်ဖက်ရည်ဝိုင်းကို တစ်လှည့်၊ ဘေးနားရှိ ပိုမိုခန့်ညားထည်ဝါသော နှစ်ထပ်လက်ဖက်ရည်ဆိုင်ကြီးကို တစ်လှည့် စူးစမ်းစွာကြည့်နေကြသည်။

ဘယ်ဆိုင်က မိစ္ဆာကျင့်ကြံသူများကို လေ့ကျင့်ပေးရန် ခုနစ်ခုမြောက်ဆိုင် ဖြစ်မည်နည်း။

"လူကြီးမင်းတို့၊ လက်ဖက်ရည်သောက်ဖို့ အတွင်းထဲကို ကြွမလား”

စုကျိုသည် ဆိုင်ရှင်၏ခန့်ညားထည်ဝါသော ပိုးဖဲဝတ်စုံကို ဝတ်ဆင်ထားလျက် စားပွဲတွင် ထိုင်နေသည်။

သူမသည် သူ့မျက်ခုံးနှစ်ခုကြားရှိ "ရွှေတစ်ကျပ်သား" တက်တူးကို အသာအယာတို့လိုက်ကာ အသံကို နှိမ့်၍ နက်နဲလှသော အသံဖြင့် ပြောလိုက်သည်။

"ဒါမှမဟုတ် တခြားစိတ်ကူးရှိလို့လား”

ကျင်းယွီထန်၏အသင်းခေါင်းဆောင် မျက်လုံးများမှာဝင်းလက်သွားသည်။

ဒါပဲ၊ ဒီလက်ဖက်ရည်ဝိုင်းပဲ ဖြစ်ရမယ်။

All Chapters