အခန်း (၁၄၉)
Vol. 15 Ch. 149
"ထူးဆန်းလိုက်တာ” ဟု ဝူချင်းချန်းက လက်ဖက်ရည်ဆိုင်ရှင်၏မှောင်မဲနေသော အခန်းငယ်လေးထဲမှ ထွက်လာရင်းရေရွတ်လိုက်သည်။
သူမသည် မိစ္ဆာကျင့်ကြံသူအားလုံးကိုအပ်နှံပြီး သူ့ ရမှတ်များကိုတွက်ချက်ကာ၊ စုကျိုကို စူးစမ်းစွာကြည့်လိုက်သည်။
"ဆရာမစု၊ ဒီမေးခွန်းမှာ အမှတ်အကန့်အသတ်ရှိတယ်နော်”
"ကျွန်မတို့ အကခန်းမက မိစ္ဆာကျင့်ကြံသူဆယ်ယောက်ပဲ အပ်လို့ရတယ်၊ ရမှတ် ၂၀၀ ရပြီးတာနဲ့ သူတို့က ထပ်အပ်ခွင့်မပေးတော့ဘူး”
သဘောတူညီချက်အရ ထိုရမှတ် ၂၀၀ ၏ ၃၀ ရာခိုင်နှုန်းသည် ဝိညာဉ်ပိုးဖလံဂေဟာ၏ရမှတ်များဖြစ်သည်။
ဝူချင်းချန်းသည် စုကျိုကိုလေးစားစွာဖြင့် လမ်းညွှန်မှုတောင်းခံလိုက်သည်။
"ဆရာမစု၊ ကျွန်မတို့က ဝိညာဉ်ပိုးဖလံဂေဟာနဲ့ အဆင့်တူဖို့ ဒါမှမဟုတ် ဆရာမတို့လို ရမှတ် ၂၅၀ အပြည့်ရဖို့ မမျှော်လင့်ပါဘူး”
"ကျွန်မတို့ သိချင်ရုံသက်သက်ပါ”
၎င်းတို့သည် ကခုန်ခြင်းကိုသာ လေ့ကျင့်ခဲ့ကြပြီး လူသားတို့၏ "ကောက်ကျစ်မှု" သဘာဝကို မတွေ့ကြုံဖူးကြသောကြောင့် နုံအခဲ့ကြဖူးသည်။
ယခုအကြိမ်တွင် စုကျိုနှင့် ဆုံတွေ့ပြီး သူမ၏လမ်းညွှန်မှုကို ရရှိခြင်းသည် ၎င်းတို့အတွက် မျက်စိပွင့်စေသော အတွေ့အကြုံတစ်ခုဖြစ်ခဲ့သည်။ ၎င်းတို့သည် နည်းဗျူဟာနှင့် စီစဉ်မှုများအကြောင်းများစွာ သင်ယူနိုင်ခဲ့သည်။
ဝူချင်းချန်းနှင့် သူ့ ညီမများသည် သင်ယူမှုအစောပိုင်းအဆင့်တွင် ရှိနေကြသောကြောင့် ဗဟုသုတအပေါ်ဆာလောင်မှုမှာ အလွန်ပြင်းပြလှသည်။
၎င်းတို့က ချက်ချင်းပင် စူးစမ်းစွာ မေးမြန်းလိုက်သည်။
“ဆရာမစု၊ အဖွဲ့တစ်ဖွဲ့က မိစ္ဆာကျင့်ကြံသူအများဆုံး ဆယ်ယောက်ပဲအပ်လို့ရတာလေ၊ အဲဒါက ရမှတ် ၂၀၀ ပေါ့၊ ဆရာမက အပို ၅၀ ကို ဘယ်လိုရတာလဲ”
စုကျိုသည် မူလက မိစ္ဆာကျင့်ကြံသူလျောင်ချွမ်းအကြောင်းကို ရှန်းဝူချင်းနှင့် ဆွေးနွေးရန်ရည်ရွယ်ထားသော်လည်း၊ ၎င်းတို့၏ ကြားဖြတ် မေးမြန်းမှုကို စိတ်မဆိုးဘဲလက်ခံလိုက်သည်။
သူမက ထိုနေရာမှာတင် ပြုံးလိုက်ကာ “သြော် ငါမိစ္ဆာကျင့်ကြံသူ ခုနစ်ယောက်ပဲ အပ်ခဲ့တာပါ”
“မိစ္ဆာကျင့်ကြံသူအပ်တဲ့နေရာမှာ အကန့်အသတ်ရှိတာလား”
သူမသည် ထိုအချက်ကို မသိခဲ့ပေ။
“ကျန်တဲ့ရမှတ်တွေကိုတော့ ဖမ်းမိတဲ့ မိစ္ဆာကျင့်ကြံသူတွေရဲ့သတင်းအချက်အလက်တွေနဲ့ ငါတို့ ဝိညာဉ်ပိုးဖလံဂေဟာ အခြေခံအုတ်မြစ်တည် ဆောက်ခြင်းအဖွဲ့ရဲ့ကိုယ်ပိုင်သတင်းပို့ချက်တွေကို ရောင်းပြီးရတာပါ”
“!”
ဝူချင်းချန်းသာမက အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်ရှိသော အတော်ဆုံး ကချေသည်များပင်လျှင် တစ်စုံတစ်ခုကို သင်ယူလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။
ဒါက ဖြစ်နိုင်တာလား ??
မိမိတို့၏ သတင်းအချက်အလက်များကို ရောင်းချပြီး ပြိုင်ပွဲရမှတ်များ ရှာဖွေနိုင်လိမ့်မည်ဟု ၎င်းတို့ တစ်ခါမျှ မတွေးခဲ့ဖူးပေ။
“ဆရာမစုကတော့ တကယ့်ကို အံ့သြဖို့ကောင်းတာပဲ< ဒါက အင်အားကြီးသူတစ်ယောက်ရဲ့ ယုံကြည်မှုလား “
“ကိုယ့်အဖွဲ့ သတင်းအချက်အလက်တွေကို ရောင်းပြီးတာတောင် နောက်လာမယ့် တိုက်ပွဲတွေမှာ အနိုင်ရမယ်လို့ ယုံကြည်နေတာလား”
“တခြားလူတွေက အဖွဲ့အကြောင်း သိသွားမှာကိုလည်း ဂရုမစိုက်ဘူး”
“ဟုတ်တာပေါ့၊ အင်အားကြီးနေသရွေ့တော့ ကိုယ့်ကိုယ်ကိုယ် ပြန်ရောင်းရလောက်အောင်အထိ ရက်စက်နိုင်တာပဲ”
စုကျို: “…”
ထိုကဲ့သို့ ဝေဝေဝါးဝါးချီးကျူးစကားများ ပြောရန်မလိုအပ်ပေ။
ယင်လီသည် လှပသောအရာမှန်သမျှကိုမခုခံနိုင်ပေ။
သူမသည် ပိုးသားဖြင့် မျက်စိမှိတ်ထားလျက် ဝူချင်းချန်းကို အမှန်အတိုင်းပြောပြလိုက်သည်။
“ရှူး၊ တိုးတိုးပြော”
“စုကျိုရဲ့ ကောက်ကျစ်မှုနဲ့ ထူးဆန်းတဲ့ လုပ်ရပ်တွေကို နင်တို့ လိုက်မသင်နိုင်ပါဘူး”
"..." စုကျိုသည် စကားပင် မပြောနိုင်တော့ပေ။
သူမသည် ကခုန်ခြင်းခန်းမမှ အပြစ်ကင်းစင်သော မိန်းကလေးများကိုလမ်းညွှန်ပေးရန်သာ အချိန်ပိုပေးနိုင်တော့သည်။
သတင်းအချက်အလက် ရောင်းချခြင်းမှာလည်း ကျွမ်းကျင်မှုလိုအပ်သည်။
မကြာမီမှာပင် ဝူချင်းချန်းသည် လက်ဖက်ရည်ဆိုင်ရှင်၏ မှောင်မဲသော အခန်းငယ်လေးထဲသို့ယုံကြည်မှုအပြည့်ဖြင့် ဝင်သွားကာ ကခုန်ခြင်းခန်းမ၏ကိုယ်ပိုင်သတင်းအချက်အလက်များကို ရောင်းချခဲ့သည်။
"ပထမအချက်ကတော့၊ ကျွန်မတို့က စုကျိုနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိပါတယ်”
လက်ဖက်ရည်ဆိုင်ရှင်: "?"
ရှန်းဝူချင်း: "..."
အဆိုးဆုံးအချက်မှာ မိန်းကလေးများ အချင်းချင်းရင်းနှီးကြသည်ဟူသော အသုံးမဝင်လှသည့် အတင်းအဖျင်းစကားများမှာ တိုက်ပွဲအတွက် အသုံးမဝင်ဟု ထင်ရသော်လည်း၊ စေ့စပ်လှသော စတုတ္ထအဆင့်ရှိ ဂဏန်းပေါင်းစက်မှာမူ ၎င်းကိုရမှတ်အဖြစ် ချက်ချင်းတန်ဖိုးဖြတ်လိုက်သည်။
- [ရမှတ် ၂၀]!!!
ဝူချင်းချန်းနှင့် သူ့ ညီမများက အံ့သြတုန်လှုပ်စွာဖြင့် အော်ဟစ်လိုက်ကြသည်။
"ဆရာမစုကတော့ မိစ္ဆာကျင့်ကြံသူတစ်ယောက်နဲ့တောင် နှိုင်းယှဉ်လို့ ရနေပြီ”
"..."
"ဒုတိယ သတင်းအချက်အလက်ကတော့၊ ကျွန်မတို့ ကခုန်ခြင်းခန်းမရဲ့ရွှေအမြုတေအဖွဲ့ထဲက စီနီယာအစ်မတစ်ယောက်က ကြက်သွန်ဖြူ စားရတာ မကြိုက်ဘူး”
"တတိယ သတင်းအချက်အလက်ကတော့..."
စုကျို၏တပည့်ဖြစ်သူ ဝူချင်းချန်းသည် သင်ယူထားသမျှကိုအသုံးချကာ သူမ၏ရွှေအမြုတေအဆင့်ရှိသော စီနီယာအစ်မများ၏ သတင်းအချက် အလက်များကို လျင်မြန်စွာရောင်းချလိုက်သည်။
သူမသည် သတင်းအချက်အလက် ပေါင်း ၂၀ ကို ရောင်းချခဲ့ပြီး ရမှတ် ၂၅၀ စုဆောင်းနိုင်ခဲ့သည်။
သူ့လုပ်ရပ်များကို ကြားသိရသောအခါ စုကျိုသည် သူ့ တပည့်က ဆရာ့ထက်လက်စွမ်းထက်သွားပြီဟု ခံစားလိုက်ရသည်။
"မဆိုးဘူး ရှောင်ချင်း၊ မင်းရဲ့ ကိုယ်ပိုင်အရည်အချင်းတွေကို အသုံးချတတ်သွားပြီ”
စုကျိုသည် သူမကို စောစောကပြောပြရန်မေ့သွားခဲ့သည်။
သူမသည် မူလက ဝိညာဉ်ပိုးဖလံဂေဟာ၏ရွှေအမြုတေအဖွဲ့အကြောင်း သတင်းအချက်အလက်များကိုရောင်းချရန် ရည်ရွယ်ခဲ့ခြင်းဖြစ်သည်၊ ဥပမာအားဖြင့် ၎င်းတို့၏ခေါင်းဆောင်ဖြစ်သူ ရှုယီဝမ့်သည် သူမ စုကျိုကိုဝိညာဉ်ကျောက်တုံး ၁၁၀,၀၀၀ အကြွေးတင်နေသည်ဟူသော အရေးကြီးသည့် သတင်းအချက်အလက်မျိုးဖြစ်သည်။
သို့သော် ကံမကောင်းစွာဖြင့် ဝိညာဉ်ပိုးဖလံဂေဟာမှာ ရမှတ်အကန့်အသတ်သို့ရောက်ရှိနေပြီဖြစ်သည်။
သို့သော် ယခုမူ လိမ္မာပါးနပ်သော ဝူချင်းချန်းသတိပေးမှုကြောင့် သူမ မှတ်မိသွားသည်။
"ရှောင်ချင်း၊ ရွှေအမြုတေအဖွဲ့တွေလည်း အခု အပိုပြိုင်ပွဲတွေမှာ ပါဝင်နေကြလိမ့်မယ်လို့ ငါ ၈၀ ရာခိုင်နှုန်းလောက် ခန့်မှန်းမိတယ်”
"အဲဒီမှာလည်း အခုလိုသတင်းအချက်အလက်ရောင်းချတဲ့ လုပ်ငန်းတွေရှိနေနိုင်တယ်”
"မင်းရဲ့ ရွှေအမြုတေအဖွဲ့ကို သူတို့ရဲ့ ပြိုင်ပွဲကွင်းမှာ စီစဉ်သူတွေဆီ ဒီသတင်းအချက်အလက်တွေကိုပြန်ရောင်းဖို့ အကြံပေးလိုက်လို့ရတယ်”
ရှန်းဝူချင်း: "??"
ယင်လီနှင့် အခြားသူများ: "..."
တကယ့်ကို ထက်မြက်လှသည်။
တကယ့်ကို ထက်မြက်လှပါပေတယ်
ဝူချင်းချန်းနှင့် သူ့ သူငယ်ချင်းများ၏မျက်လုံးများမှာ ဝင်းလက်သွားသည်။ ၎င်းတို့သည် မိမိတို့ရွှေအမြုတေ စီနီယာအစ်မများ၏ သတင်းအချက် အလက်များကို ရောင်းချရသဖြင့် အပြစ်ရှိသလို အနည်းငယ်ခံစားခဲ့ရသော်လည်း ယခုမူ ထိုခံစားချက်မှာ လုံးဝပျောက်ကွယ်သွားပြီ ဖြစ်သည်။
မိမိတို့ကဲ့သို့ အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်ရှိသော ညီမများက ရွှေအမြုတေ စီနီယာအစ်မများကိုအမှန်တကယ် ကူညီပေးနိုင် လိမ့်မည်ဟု ၎င်းတို့ တစ်ခါမျှမထင်မှတ်ခဲ့ဖူးပေ။
"ဒါနဲ့" စုကျိုက မျက်တောင်ခတ်လိုက်သည်။
"ငါလည်း မင်းကို သတင်းအချက်အလက်အချို့ ရောင်းပေးလို့ ရတယ်”
ဝူချင်းချန်းသည် စိတ်လှုပ်ရှားစွာဖြင့် အနားသို့ တိုးလာသည်။
စုကျိုသည် 'ဝိညာဉ်ပိုးဖလံဂေဟာ ရွှေအမြုတေအဖွဲ့မှ ရှုယီဝမ့် အကြွေးတင်ပြီး ပြန်မဆပ်ခြင်း' အကြောင်းကို သတင်းအချက်အလက် သုံးခုအဖြစ် ခွဲခြားလိုက်ပြီး ဝူချင်းချန်းထံသို့ရောင်းချလိုက်သည်။
ဝူချင်းချန်းသည် ကချေသည်ခန်းမ၏အထူးဆက်သွယ်ရေးနည်းလမ်းကို အသုံးပြုကာ ဤလျှို့ဝှက်သတင်းကို သူမ၏ ရွှေအမြုတေ စီနီယာအစ်မထံသို့ ချက်ချင်းရောင်းချလိုက်သည်။
သူမသည် ရွှေအမြုတေအဖွဲ့မှ စီနီယာအစ်မထံမှ အံ့အားသင့်ဖွယ်အကြောင်းပြန်ချက်ကို ရရှိခဲ့သည်။
【"ဒီလိုလည်း လုပ်လို့ရတာလား၊ ခုနစ်ယောက်မြောက် ညီမလေး အဲဒီမှာ ခဏစောင့်နေဦး အခုပဲ လက်ဖက်ရည်ဆိုင်ရှင်ဆီ သွားပြီး သတင်းအချက်အလက်တွေ သွားရောင်းလိုက်ဦးမယ်”】
【"နောက်မှရမယ့် ရွှေအမြုတေအဖွဲ့ရဲ့ရမှတ်တွေကို မင်းတို့ အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဖွဲ့ကိုခွဲပေးလို့ရမလား ငါမေးကြည့်မယ် ပြီးရင် မင်းတို့က ဝိညာဉ်ပိုးဖလံဂေဟာ အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဖွဲ့ကိုပေးလိုက်ပေါ့”】
ထိုသို့ဖြင့် စုကျို၏လူများသည် လက်ဖက်ရည်ဆိုင်မှပင် မထွက်ရသေးဘဲ နောက်ထပ်ရမှတ်အချို့မှာ ၎င်းတို့အကောင့်ထဲသို့ ရောက်ရှိလာတော့ မည် ဖြစ်သည်။
"ဒီမေးခွန်းက ဘာလို့ ဒီလောက်လွယ်နေတာလဲ”
စုကျိုသည် စိန်ခေါ်မှုမရှိဘဲ လွန်စွာလွယ်ကူနေသည်ဟု ထင်မြင်နေမိသည်။
ရှန်းဝူချင်းသည် စာစစ်သူအဖြစ်မှ နုတ်ထွက်ချင်လောက်အောင် နာကျင်နေသောအမူအရာကိုမြင်လိုက်ရသောအခါ၊ သူမသည် မိစ္ဆာကျင့်ကြံသူ လျောင်ချွမ်းနှင့်ပတ်သက်သည့် အရေးကြီးသောကိစ္စကို နောက်ဆုံးတွင် သတိရသွားပြီး ယင်လီနှင့်ဆက်သွယ်လိုက်သည်။
သူမသည် လျောင်ချွမ်းဟု အမည်ရသော ချွမ်းလျောင်အကြောင်းကိုအကျဉ်းချုပ်ရှင်းပြခဲ့သည်။
"နင်က သစ်သားဝိညာဉ်ဆီက သတင်းစကားတွေ မကြာခဏရတတ်တယ်လေ၊ ရှောင်ယင် နောက်ဆုံးတစ်ခါက ငါ့ရဲ့ စတုတ္ထမြောက်ငါး၊ ဒါမှမဟုတ် ဝိညာဉ်ပိုးဖလံဂေဟာရဲ့ ၆၄ လွှာမှာ နေခဲ့ပြီး လွန်ခဲ့တဲ့ နှစ်နှစ်က မမျှော်လင့်ဘဲ ကွယ်လွန်သွားခဲ့တဲ့ လျောင်ချွမ်းရဲ့ အလောင်းမြှုပ်နှံထားတဲ့ နေရာကိုရှာပေးမယ်လို့ မင်း ပြောခဲ့တယ်လေ”
စုကျို တိုက်ရိုက် မေးမြန်းလိုက်သည်။
"ဒါပေမဲ့ နောက်ပိုင်းမှာ မင်း အဲဒီအကြောင်းကို ဘာမှမပြောတော့ဘူး”
"သစ်သားဝိညာဉ်တွေဆီက ဘာသတင်းမှ ပြန်မရလို့လား”
လွန်ခဲ့သော နှစ်လအတွင်းစုကျိုသည် လဲ့ကျယ်၏ဆွဲခေါ်မှုဖြင့် လေ့ကျင့်မှုများနှင့် နည်းဗျူဟာများရေးဆွဲရာတွင် ပါဝင်နေခဲ့ရပြီး၊ အပြင်သို့ ပြန်ထွက်လာသောအခါတွင်လည်း လမ်းညွှန်ပျံသန်းရေးယာဉ်၏ရှောင်တိမ်းခြင်းကို ခံခဲ့ရကာ၊ သင်္ဘောပေါ်သို့အမြန်တက်ရန် ကြိုးစားရင်း စတုတ္ထမြောက်ငါး ြစ်သူ လျောင်ချွမ်းအကြောင်းကို တဖြည်းဖြည်းမေ့လျော့နေခဲ့ခြင်း ဖြစ်သည်။
"ဘာ၊ မင်းရဲ့စတုတ္ထမြောက်ရန်သူက စီနီယာအစ်ကိုလျောင်ချွမ်းလား” လဲ့ကျယ်နှင့် အခြားသူများမှာ ဤအကြောင်းကို ပထမဆုံးအကြိမ် ကြားဖူးခြင်း ဖြစ်သည်။
"အာ၊ သူက အဲဒီ မိစ္ဆာကျင့်ကြံသူလား” ရှန်းဝူချင်းက အရေးတကြီး အသံလှိုင်းပေးပို့လိုက်သည်။
လက်ဖက်ရည်ဆိုင်၏ ဒုတိယထပ်ရှိ သီးသန့်အခန်းတစ်ခုအတွင်း၌
လူတိုင်းသည် စုကျိုကို အံ့အားသင့်စွာဖြင့်ကြည့်နေကြသည်။
စုကျိုသည် လူတိုင်းကို တစ်ပြိုင်နက်တည်း ပြန်လည်မဖြေကြားနိုင်သေးပေ။
ယင်လီက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
"လမ်းညွှန်ပျံသန်းရေးယာဉ်ပေါ် တက်ပြီးကတည်းက ငါ့ရဲ့ သစ်သားစွမ်းအင်နဲ့ အာရုံခံနိုင်စွမ်းကို တစ်လျှောက်လုံးအဆက်မပြတ် အသုံးပြုခဲ့တာပါ”
"ဒါပေမဲ့ ငါတို့ ဝိညာဉ်ပိုးဖလံဂေဟာကနေ ရွှေဆောင်းဦးမြို့ကို၊ ပြီးတော့ အခု ဒီစျေးဝယ်တဲ့နေရာဖြစ်တဲ့ ယွီယန်မြို့ကို ရောက်တဲ့အထိ၊ ဝိညာဉ်ကုန်သည်ဂိုဏ်းရဲ့သင်္ဘောက တမင်တကာ ငါတို့ကို အဈေးကြီးတဲ့ အခန်းတွေမှာ နောက်ထပ်ခုနစ်ရက်လောက် ကြာအောင်နေစေခဲ့ပြီး၊ အရှေ့ကနေတောင်ဘက်၊ ပြီးတော့ အနောက်ဘက်ကို မြို့ကြီးခြောက်မြို့လောက်ကို ပတ်ပြီးမောင်းခဲ့တာ..."
"ခရီးစဉ်တစ်လျှောက်လုံးမှာ၊ ကွယ်လွန်သွားပြီဖြစ်တဲ့ မင်းရဲ့ ငါးနံပါတ် ၄ လျောင်ချွမ်းရဲ့ အလောင်းမြှုပ်နှံထားတဲ့နေရာနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက် တစ်ခုမှရှာမတွေ့ခဲ့ဘူး”
ဘာ ??
စီစဉ်သူဖြစ်သော ဝိညာဉ်ကုန်သည်ဂိုဏ်းကတကယ်ကို ဤမျှအထိ လမ်းလွှဲမောင်းနှင်ခဲ့သည်လား...
၎င်းတို့က ခရီးဝေးသောကြောင့်သာ ထင်နေခဲ့ကြခြင်းဖြစ်သည်။
လူတိုင်းက ရှန်းဝူချင်းကို စိုက်ကြည့်လိုက်ကြသည်။
ရှန်းဝူချင်း: "..."
ကံကောင်းထောက်မစွာဖြင့် ယင်လီက ချက်ချင်းပြန်လည်ပြင်ဆင်ပြောကြားလိုက်သည်။
"ဒီအချိန်အတွင်းမှာ ငါလည်း အရမ်း ဇဝေဇဝါ ဖြစ်ခဲ့ရတယ်၊ ပုံမှန်ဆိုရင် ငါတို့ ဝိညာဉ်ပိုးဖလံဂေဟာတပည့်တွေရဲ့ လေ့ကျင့်ရေးခရီးစဉ် နယ်ပယ်ဟာအများဆုံး ဒီမြို့ ခြောက်မြို့အတွင်းမှာပဲ ရှိတာပါ”
"ဒီထက်ဝေးတဲ့ တာဝန်တွေကိုတော့ အနောက်မြောက်ဘက်က တခြားဂိုဏ်းတွေကိုပဲတာဝန်ပေးလေ့ရှိပြီး၊ ငါတို့ ဝိညာဉ်ပိုးဖလံဂေဟာကို တာဝန်ပေးမှာမဟုတ်ဘူး”
"ဒါကြောင့် ယုတ္တိနည်းအရဆိုရင် လျောင်ချွမ်းဟာ တာဝန်ထမ်းဆောင်ရင်းသေဆုံးခဲ့တယ်ဆိုရင်၊ သူသေဆုံးတဲ့နေရာဟာ ဒီရက်ပိုင်းအတွင်း ပျံသန်းရေးယာဉ်က ငါတို့ကိုလမ်းလွှဲခေါ်သွားတဲ့ နေရာတွေထဲက တစ်နေရာရာမှာဖြစ်သင့်တယ်၊ ဒါပေမဲ့ ငါ ဘာသတင်းမှမရခဲ့ဘူး”
ရှန်းဝူချင်းသည် ခဏတာ တင်းမာစွာဖြင့်မတ်တပ်ရပ်လိုက်သည်။
"ဒါဆိုရင် သူက သေဟန်ဆောင်ပြီး အထောက်အထား ပြောင်းလိုက်တာ ဖြစ်နိုင်တယ်!"
စုကျိုက စိတ်ဝင်တစား မေးမြန်းလိုက်သည်။
"ဝိညာဉ်ကုန်သည်ဂိုဏ်းမှာ သေဟန်ဆောင်ထားတဲ့လူရဲ့ အမှန်တရားကို ခွဲခြားနိုင်တဲ့ နည်းလမ်းရှိလား”
သူမသည် စတုတ္ထမြောက်ငါး လျောင်ချွမ်းကို နှစ်ကြိမ်တိုင်တိုင်အိပ်မက်မက်ခဲ့ဖူးသည်။
သို့သော် သူသည် ယခု 'ချွမ်းလျောင်' နှင့် ပုံစံမတူပေ။
"ရှိတယ်" ဟု ရှန်းဝူချင်းက ပြန်ထိုင်ရင်း ပြောလိုက်သည်။
"မင်းတို့အားလုံး သိကြတဲ့အတိုင်း ငါတို့ ဝိညာဉ်ကုန်သည်ဂိုဏ်းဟာ အကြွေးမဆပ်ဘဲ ရှောင်ပြေးတဲ့လူတွေကိုအမုန်းဆုံးပဲ၊ သူတို့ ဘယ်မှာ ပုန်းနေပုန်းနေ၊ အကြွေးကိုတော့ရှောင်လို့မရဘူး”
ယင်လီနှင့် အခြားသူများက စုကျိုကို ကြည့်လိုက်ကြသည်။
စုကျိုက ၎င်းတို့အကြည့်များကို အပြစ်မကင်းသလိုခံစားရခြင်းမရှိဘဲ တုန့်ပြန်လိုက်သည်။
ရှန်းဝူချင်းက ထိုအကြည့်များကို သတိမထားမိဘဲပြောလိုက်သည်။
"မင်းတို့အားလုံး သိကြတဲ့အတိုင်း ငါတို့ ရှီးရှန်းထန် ရဲ့ စီးပွားရေးလုပ်ငန်းတွေမှာ မြို့ကြီးတိုင်းမှာရှိတဲ့ ဆိုင်တွေမှာ စတုတ္ထအဆင့်ရှိတဲ့ စိတ်ရောင်ပြန်ဟပ်ခြင်းဆိုင်ရာ ပစ္စည်းကိရိယာတွေရှိတယ်”
"အတိတ်က နှိပ်စက်ညှဉ်းပန်းခံခဲ့ရတဲ့ စိတ်အစွဲအလမ်းတွေတောင် ပြန်ပေါ်လာအောင်လုပ်နိုင်ပါတယ်”
"ညီမစု၊ ငါတို့ ဒီချွမ်းလျောင်ဆိုတဲ့ တပည့်ရဲ့ အထောက်အထားကို သေချာစုံစမ်းစစ်ဆေးပါ့မယ်၊ သူက မိစ္ဆာကျင့်ကြံသူဖြစ်ပြီး သူ့ရဲ့ အထောက်အထားက သံသယဖြစ်ဖွယ်ရှိတယ်ဆိုတာ အတည်ပြုပြီးတာနဲ့ ငါ ဆရာ့ကို သူ့ရဲ့ ဝိညာဉ်ကိုစစ်ဆေးပေးဖို့ တောင်းဆိုလိုက်မယ်၊ တကယ်လို့ သူက မင်းကို အကြွေးတင်နေတာမှန်တယ်ဆိုရင်၊ မင်းအတွက် ရှင်းပြချက်တစ်ခုပေးမယ်”
ရှန်းဝူချင်းသည် ထင်သည့်အတိုင်းပင် ဘက်လိုက်မှုကင်းပြီး ကိုယ်ကျိုးမငဲ့သူပီပီ အသံလှိုင်းဖြင့်ပေးပို့လိုက်သည်။
စုကျိုသည် ဤချဉ်းကပ်ပုံကို အလွန်ကျေနပ်အားရသွားသည်။
"ဒါဆိုရင် အစ်ကို ဝူချင်းကိုပဲ အားကိုးပါရစေ" ဟု စုကျို ယဉ်ကျေးစွာပြောလိုက်သည်။
"တကယ်လို့ သူက ဝိညာဉ်ပိုးဖလံဂေဟာမှာ နေခဲ့ဖူးတဲ့ လျောင်ချွမ်းသာ မှန်မယ်ဆိုရင်—"
"ကျေးဇူးပြုပြီး၊ ကျွန်မ သူ့ကို တွေ့ပါရစေ”
ရှန်းဝူချင်းသည် သူမ ဘာလုပ်မည်ကိုမသိသော်လည်း၊ ၎င်းမှာ လွယ်ကူလှသည်ဟု ထင်ရသည်။
မည်သို့ပင်ဆိုစေကာမူ ဝိညာဉ်ကုန်သည်ဂိုဏ်းသည် ၎င်းတို့စစ်ဆေးမှုတာဝန်၏အစိတ်အပိုင်းအဖြစ် မိစ္ဆာကျင့်ကြံသူများကို ဖမ်းဆီးရန်ပင် ရဲတင်းကြသူများ မဟုတ်ပါလား ?
"ကောင်းပြီ” နောက်မှ သူက ဆရာ့ကို တင်ပြပေးမည်ဖြစ်သည်။ ဆရာသည် အမြဲတမ်း ဆုပေးဒဏ်ပေးတရားမျှတသူ ဖြစ်သောကြောင့် သဘောတူလိမ့်မည်။