အခန်း (၁၅၀)
Vol. 15 Ch. 150
စုကျိုသည် ကျေနပ်စွာဖြင့်ခေါင်းညိတ်လိုက်ပြီး၊ နောက်ဆုံးတွင် လုပ်စရာများကုန်ဆုံးသွားသဖြင့် အနားယူရန်တည်းခိုခန်းသို့ ပြန်လာခဲ့သည်။
ပထမနေ့မှာတင် ရမှတ်အလုံအလောက် ရရှိထားသော ဝိညာဉ်ပိုးဖလံဂေဟာနှင့်အကခန်းမအဖွဲ့နှစ်ဖွဲ့သည်နောက်ဆုံးတွင် ယွီယန်မြို့ရှိ သုံးဆယ့်တစ်လုံးတည်းခိုခန်းသို့ဝင်ရောက်ခဲ့သည်။
ဤကျင့်ကြံသူများ တည်းခိုခန်းသည် အပြင်ဘက်မှကြည့်လျှင် နှစ်ထပ်သာရှိပြီး တစ်ထပ်လျှင် အခန်းသုံးခန်းစီသာရှိပုံရသည်။
သို့သော် တံခါးကို ဖွင့်လိုက်သောအခါတွင်မူ အခန်းတိုင်းသည် ပန်းခြံများ၊ ခန်းမဆောင်များနှင့် ဂူဆောင်များပါရှိသော သီးသန့် ကမ္ဘာငယ်လေး တစ်ခုသဖွယ် ဖြစ်နေသည်ကိုတွေ့ရှိရမည်ဖြစ်သည်။
အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဖွဲ့တိုင်းသည် မိမိတို့ကျင့်စဉ်နှင့် ကိုက်ညီသောနေရာကို ရွေးချယ်တည်းခိုနိုင်သည်။
သင်ယူမှု၏ကောင်းမွန်သောအတွေ့အကြုံများမှ မထွက်ခွာချင်သေးသော ဝူချင်းချန်းသည် စုကျိုနောက်မှ အနီးကပ်လိုက်ပါလာခဲ့သည်။
"ဆရာမစု၊ ကျွန်မတို့ ဆရာမတို့ရဲ့ ဘေးအခန်းမှာပဲ နေလို့ရမလား”
ထိုနေရာတွင် မြင့်မားသော နံရံတစ်ခုဖြင့်သာ ခြားထားသော ပန်းခြံနှစ်ခုရှိသည်၊ နံရံပေါ်သို့ တက်လိုက်ရုံဖြင့် တစ်ဦးနှင့်တစ်ဦး အလွယ်တကူ သွားရောက် တွေ့ဆုံနိုင်သည်။
"ရတာပေါ့" ဟု စုကျို ဂရုမစိုက်ဟန်ဖြင့်ပြန်လည်ဖြေကြားသည်။
ဝူချင်းချန်းသည် အလွန်ဝမ်းသာသွားပြီး သူ့ပြောင်းပြန်နည်းစနစ်ကို မသိမသာ ပြန်လည်အသုံးပြုမိမတတ်ဖြစ်သွားသည်။
ဝိညာဉ်ပိုးဖလံဂေဟာနှင့် အကခန်းမတို့သည် အပိုပြိုင်ပွဲတွင် ရမှတ်များစွာစုဆောင်းနိုင်ခဲ့ကြပြီ ဖြစ်သည်။
နောက်ထပ် နှစ်ရက်ကိုမူ စျေးဝယ်ခြင်းဖြင့်သာ ကုန်ဆုံးစေခဲ့သည်။
ကျူပိုင်ယွီ၊ စုရှင်းချန် နှင့် ယင်လီတို့သည် စီစဉ်ထားသည့်အတိုင်း ခေါင်းတလားပြုလုပ်သည့် ပညာကို သင်ယူရန်သွားရောက်ခဲ့ကြသည်။
စီနီယာအစ်မယို့လု၏သွားရာလာရာမှာမူ နက်နဲလှသည်၊ သူမသည် ရှေ့ဖြစ်ဟောသည့်ဂိုဏ်းမှ စိတ်အားထက်သန်စွာ ဖိတ်ကြားခံရပြီး ရှေ့ဖြစ်ဟောသူ ဖြစ်လာရန် အတင်းအကျပ်ခေါ်ဆောင်ခြင်းခံနေရသည်ဟု ဆိုကြသည်။
လူတိုင်းသည် မိမိတို့ ကိစ္စများဖြင့် အလုပ်ရှုပ်နေကြသည်။
တတိယမြောက်နေ့တွင် စုကျိုသည် စျေးဝယ်ခြင်း၏ထောင်ချောက်များကို သိမြင်သွားသောကြောင့် အပြင်သို့မထွက်တော့ပေ။
၎င်းမှာ သူမနှင့် ချန်ယွမ်တို့ မွေးမြူထားသော ဝိညာဉ်ပိုးဖလံဖြူကြီးသည် အန်ချင်သည့် လက္ခဏာများပြသနေသောကြောင့်ဖြစ်သည်။
"မလန့်ပါနဲ့ ညီမလေး၊ မင်းရဲ့ပိုးဖလံက ပိုးချည်မျှင်စထုတ်တော့မှာမို့လို့ပါ”
လဲ့ကျယ်နှင့် အခြားသူများသည် စုကျို၏ပိုးဖလံများကို မမြင်ဖူးကြသေးပေ။
အခြားလူများမှာမူ ၎င်းတို့ ခါးတွင် ရွှေရောင် ပိုးဖလံလှောင်အိမ်များကိုချိတ်ထားကြသည်၊ ၎င်းမှာ ဝိညာဉ်ပိုးဖလံဂေဟာတပည့်များက ၎င်းတို့၏ ပိုးဖလံများကို လေ့ကျင့်ပေးပြီး နားလည်မှုတည်ဆောက်ရန် နည်းလမ်းတစ်ခုဖြစ်သည်။
သို့သော် စုကျိုကမူ သူ့ ပိုးဖလံများကို ချန်ယွမ်ထံအပ်နှံထားခဲ့ခြင်း ဖြစ်သည်။
"သူတို့က ပိုးချည်မျှင် စထုတ်တော့မှာလား”
စုကျို အံ့သြစွာ မေးမြန်းလိုက်သည်။
ကျူးပိုင်ယွီ၊ စုကျီကျီ နှင့် စုရှင်းချန် တို့၏ပိုးဖလံများမှာ အရောင်ခုနစ်မျိုးရှိကြပြီး လွန်ခဲ့သော တစ်လ သို့မဟုတ် နှစ်လခန့်က ပိုးချည်မျှင်များကို အောင်မြင်စွာ ထုတ်လုပ်နိုင်ခဲ့ကြသည်။
၎င်းတို့ ထုတ်လုပ်သော ပိုးချည်မျှင်များမှာ ၎င်းတို့မူလဝိညာဉ်စွမ်းအင်နှင့် သင်ယူထားသော ကျင့်စဉ်များနှင့် ကိုက်ညီကြသည်။
မကြာသေးမီက ပိုးဖလံအားလုံးသည် လေ့ကျင့်မှုတွင် ပါဝင်ခဲ့ကြသည်။
သူ့ ပိုးဖလံတစ်ကောင်တည်းသာ ပိုးချည်မျှင်မထုတ်ရသေးခြင်း ဖြစ်သည်။
ယခု ပြိုင်ပွဲအတွင်းမှာမှ ရှောင်ပိုင်က ပိုးချည်မျှင် ထုတ်တော့မှာလား ??
"ချန်ယွမ် ဒီမနက် သူတို့ကို တတိယအဆင့်ရှိတဲ့ ဝိညာဉ်လက်နက် အပိုင်းအစတွေကျွေးခဲ့တယ်၊ ဒါပေမဲ့ သူတို့က မစားကြဘူး”
"သူတို့တစ်ချိန်လုံး ပျို့အန်ချင်သလို ဖြစ်နေကြတာ”
လဲ့ကျယ်က ထိုစကားကို ကြားသောအခါ ရယ်မောလိုက်သည်။
"ဒါက ပုံမှန်ပါပဲ”
"လာပါ၊ မင်းရဲ့ ပိုးဖလံတွေကို သွားကြည့်ကြရအောင်၊ ပုံမှန်ဆိုရင် အန်ချင်သလို ခံစားရတာက တစ်ရက်ရဲ့တစ်ဝက်လောက် ဒါမှမဟုတ် တစ်ရက်လောက် ကြာတတ်တယ်၊ အဲဒါပြီးရင်တော့ ဝိညာဉ်ပိုးချည်မျှင်တွေကိုထုတ်နိုင်မှာပါ”
လဲ့ကျယ်အခန်းထဲတွင် ရှိနေသော အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်ရှိသည့် စီနီယာအဖွဲ့ဝင်အချို့သည် စုကျို ပိုးဖလံက မည်ကဲ့သို့သော ပိုးချည်မျှင်မျိုးထုတ်လုပ်မည်ကို အလွန်ပင်စူးစမ်းလိုကြသည်။
"ညီမရဲ့ ပိုးဖလံက ပြိုင်ပွဲမတိုင်ခင် ပိုးချည်မျှင်ထုတ်တော့မယ်ဆိုတာ မင်္ဂလာရှိတဲ့ နိမိတ်တစ်ခုပဲ” မူချင်းချူးက ကျေနပ်စွာဖြင့် ပြောလိုက်သည်။
"စီနီယာအစ်မယို့လုကိုလည်း အမှတ်တရအနေနဲ့ ကံစမ်းမဲလေး ဘာလေးနှိုက်ခိုင်းလို့ ရတာပေါ့”
ကံမကောင်းစွာဖြင့် ယို့လုမှာ ထိုနေရာတွင် မရှိပေ။
အလောတကြီး လုပ်ရန်မလိုပေ။ တောက်ဟယ်သည် လျန်ဟော့ကျီ၏ အခန်းထဲမှ 'ပိုးဖလံသုံး' ဟု တံဆိပ်ကပ်ထားသော မြေနီပုလင်းတစ်လုံးကို နှိုက်ထုတ်လိုက်ပြီး စုကျိုထံသို့ ကမ်းပေးလိုက်သည်။
" ဒါအန်စေတဲ့ဆေးလုံးပဲ”
"တချို့ပိုးဖလံတွေက ပထမဆုံးအကြိမ် ပိုးချည်မျှင်ထုတ်တဲ့အခါမှာ အခက်အခဲရှိတတ်ကြတယ်၊ တစ်လုံးလောက်ပဲ ကျွေးလိုက်ပါ”
စုကျိုသည် စိတ်သက်သာရာရသွားသည်။ လျန်ဟော့ကျီက အပြေးထွက်လာပြီး သူ့ကို စိုက်ကြည့်လိုက်သည်။
"တောက်ဟယ်၊ ဒီပုလင်းထဲမှာ ဆေးလုံး ခုနစ်လုံးကျန်သေးတာလေ၊ အချို့သော ပိုးဖလံတွေက အရမ်းသေးတော့ ဆေးလုံးတစ်ဝက်ပဲလိုတာ၊ မင်းက ဘာလို့ ပုလင်းလိုက်ကြီးယူလာရတာလဲ”
သူသည် သိသိသာသာ မကျေမနပ်ဖြစ်နေသည်။
"မင်း ဆေးတွေအများကြီးကျွေးလိုက်လို့ သူတို့က သည်းခြေရည်တွေပါ အန်ထုတ်လိုက်ရင် အပြင်မှာ ဖျားသွားလိမ့်မယ်၊ အဲဒါကို ဘယ်သူ တာဝန်ယူမှာလဲ”
သူသည် စုကျိုကို မပြစ်မှားရဲပေ။ ထို့ကြောင့် ဖြစ်လာနိုင်သော ဆေးကုသမှုဆိုင်ရာ မှားယွင်းမှုများအတွက် အပြစ်အားလုံးကို တောက်ဟယ်ထံသို့ လွှဲချလိုက်သည်။ တောက်ဟယ် သူ့နှာခေါင်းကို တို့လိုက်သည်။
"ငါတို့အားလုံး ဒီမှာ ရှိနေတာပဲ၊ အဲဒီလို မှားယွင်းမှုမျိုး ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
သို့သော် စုကျိုသည် သူ့ လက်ဖဝါးအရွယ်အစားရှိသော ဆေးပုလင်းကို ကြည့်ကာ ထူးဆန်းသော အမူအရာဖြစ်သွားသည်။
"ပိုးဖလံတွေကို ကျွေးရမယ့် အန်ဆေးအရေအတွက်က သူတို့ရဲ့ ကိုယ်အလေးချိန်နဲ့ဆိုင်တာလား”
"ဟုတ်တယ်”
"အင်း... ဒါဆိုရင် ဒီပုလင်းထဲမှာ အန်ဆေး ခုနစ်လုံးပဲရှိတာလား”
"?"
"စီနီယာအစ်ကိုတို့၊ ကျွန်မရဲ့ ပိုးဖလံတွေက နည်းနည်း၊ အင်း၊ အသားလေးနည်းနည်းရှိတော့ ဆေးခုနစ်လုံးက မလောက်လောက်ဘူးထင်တယ်”
စနောက်နေခြင်း မဟုတ်ပေ၊ ထိုဆေးလုံးများက မည်သို့လျှင် မလုံလောက်ဘဲ ရှိနိုင်မည်နည်း။ ဆေးခုနစ်လုံးဆိုလျှင် ခုနစ်ရက်တိုင်တိုင် အန်နေစေရန်လုံလောက်လှပြီ ဖြစ်သည်။
"မစိုးရိမ်ပါနဲ့ ညီမလေး”
"အင်း၊ ကျွန်မ အရင်ဆုံး ပုလင်းကိုးလုံးလောက် အရင်လုပ်လိုက်ရမလား”
"မလိုပါဘူး၊ မင်းရဲ့ ဝိညာဉ်စွမ်းအင်တွေကို ချွေတာလိုက်ပါ၊ ဒီအန်ဆေးတွေက အရမ်းစျေးပေါပြီး လုပ်ရတာလည်း တန်ဖိုးမရှိပါဘူး”
"သြော်”
အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်ရှိသော စီနီယာအဖွဲ့ဝင်အချို့သည် စုကျို၏ ပိုးဖလံများ ပိုးချည်မျှင် ထုတ်လုပ်တော့မည့် ပြဿနာကို ဝိုင်းဝန်းကူညီ ဖြေရှင်းပေးရန် စုကျို အခန်းသို့ ဖိတ်ကြားခြင်း ခံခဲ့ရသည်။ သို့သော် ၎င်းတို့ အခန်းထဲသို့ ဝင်လိုက်သည်နှင့် တံခါးဝတွင် လဲလျောင်းနေသော ဆေးဆိုးထားသည့် အရောင်ခုနစ်မျိုးရှိသော ခြင်္သေ့ဝကြီးတစ်ကောင်ကို တွေ့လိုက်ရသည်။ ၎င်းတို့သည် ချက်ချင်းပင် ရပ်တန့်သွားပြီး မျက်လုံးများကိုပွတ်လိုက်ကြသည်။
"ဝါး၊ ညီမရဲ့အခန်းက ငါတို့အခန်းတွေနဲ့မတူဘူးပဲ၊ အလှဆင်ပစ္စည်းတွေတောင်ရှိတာလား”
"ဒါက ဘေးနားက တိရစ္ဆာန်ထိန်းချုပ်ရေးဂိုဏ်းကနေ ထွက်ပြေးလာတာလား”
"မတရားလိုက်တာ။ ဝိညာဉ်ကုန်သည်ဂိုဏ်းက အထူးအခွင့်အရေးတွေ ပေးနေတာလား ? ဘာလို့ ညီမရဲ့အခန်းထဲမှာပဲ ဆော့စရာ ခြင်္သေ့ကြီး ရှိနေရတာလဲ”
လဲ့ကျယ်၊ တောက်ဟယ်၊ မူချင်းချူး နှင့် လျန်ဟော့ကျီ တို့သည် စူးစမ်းလိုစိတ်၊ အံ့သြစိတ်များနှင့် မကျေနပ်စိတ်များဖြင့် ပြည့်နှက်နေကြသည်။ ထိုအခါ စုကျို၏အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်နေသော အသံကို ကြားလိုက်ရသည်။
"စီနီယာအစ်ကိုတို့၊ ဘာတွေ နောက်နေတာလဲ”
"ဒါက ကျွန်မရဲ့ ပိုးဖလံလေးပါ”
"???"
"...!"
ဘာ ?? သူမ ဆိုလိုသည်မှာ တံခါးဝတွင် လဲလျောင်းနေသော၊ ခြင်္သေ့တစ်ကောင်နှင့်တူပြီး မျက်နှာတစ်ခုလုံးကို ဖုံးအုပ်ထားသော အရောင်စုံ ဆံပင်ရှည်ကြီးများရှိသည့် ဤဧရာမသတ္တဝါကြီးမှာ သူမ၏ရွှေရောင် ပိုးဖလံလှောင်အိမ်ထဲတွင်ပင် မရှိတော့ခြင်းဖြစ်သည်။
သြော်
လဲ့ကျယ်နှင့် အခြားသူများက ခဏတာ စဉ်းစားပြီးနောက် နားလည်သွားကြသည်။ ရွှေရောင် ပိုးဖလံလှောင်အိမ်သည် ပိုးဖလံ၏ အရွယ်အစား အလိုက်ပြောင်းလဲနိုင်သည်။ အကယ်၍ ပိုးဖလံသည် ခြင်္သေ့တစ်ကောင် အရွယ်အစားအထိ ကြီးထွားလာပါက၊ လှောင်အိမ်သည်လည်း ဧရာမ ခြင်္သေ့လှောင်အိမ်ကြီးဖြစ်လာပေလိမ့်မည်။ ၎င်းကို ဤဧည့်ခန်းထဲတွင် ထားရှိပါက နေရာအလွန်ယူပေလိမ့်မည်။ ၎င်းမှာ စားပွဲတစ်လုံးထက်ပင် ကြီးမားနေသောကြောင့် ထားစရာနေရာမရှိတော့ခြင်းဖြစ်သည်။
ကယ်ကြပါဦး…
လူတိုင်း ဆွံ့အသွားကြသည်။
"ဒါဆိုရင် စီနီယာအစ်ကိုတို့၊ ကျွန်မ အခု သူ့ကို အန်ဆေး ဘယ်နှစ်လုံးကျွေးရမလဲ”
အင်း၊ အရောင်စုံပိုးဖလံလေးတစ်ကောင်က တစ်လုံးလိုအပ်တယ်ဆိုရင်၊ အရောင်စုံ အမွှေးအမျှင်တွေနဲ့ ခြင်္သေ့ကြီးတစ်ကောင်လို ဧရာမသတ္တဝါကြီးကတော့... ဆေးခုနစ်လုံး၊ သောက်ကျိုးနည်း၊ အဲဒါက သိသိသာသာကြီး မလောက်ဘူးလေ။
"ညီမ… မင်း တိရစ္ဆာန်ထိန်းကျောင်းရေးဂိုဏ်းကိုသွားပြီး သူတို့ဆီက ဆေးပုလင်းအကြီးကြီးတစ်လုံးလောက် သွားငှားလိုက်ရင် မကောင်းဘူးလား”
"…"
"ဒါမှမဟုတ် ငါတို့ အရှင်သခင်လုကျိကျောင်းကို အကူအညီ တောင်းကြည့်ကြမလား”
စုကျို: "…………"
ဂိုဏ်းအသီးသီးမှ လူကြီးမင်းများ အနားယူရာခန်းမဆောင်အတွင်း၌
【လဲ့ကျယ်: ဆရာကြီး၊ ကျွန်တော်တို့ ပြဿနာအကြီးကြီးတက်နေပြီ ဆရာကြီး ဘယ်မှာလဲ】
"သေစမ်း ကျိကျောင်း၊ မင်းရဲ့ တပည့်က မြို့ထဲက မိစ္ဆာကျင့်ကြံသူတွေရဲ့ တိုက်ခိုက်တာကို ခံလိုက်ရတာလား”
"ဒါ အကုန်လုံး မင်းအပြစ်ပဲ၊ ညီလေး ငါက သူတို့ကို မေးခွန်းတွေပေးမယ်လို့ ပြောတာကို မင်းက လက်မခံဘူး၊ အခု ငါတို့ရဲ့ ပါရမီရှင် တပည့်လေးသာ တစ်ခုခုဖြစ်သွားရင် ငါတို့ ဘယ်လိုလုပ်ကြမလဲ”
သတင်းရရချင်းမှာပင် လုကျိကျောင်းသည် ဟင်းလင်းပြင်ကို ဖြတ်ကျော်ကာ ပြိုင်ပွဲဝင်အဖွဲ့များ အနားယူရာနေရာသို့ ချက်ချင်းရောက်ရှိလာ ခဲ့သည်။ သူ့လက်အင်္ကျီအိတ်ထဲမှ စာလိပ်များသည်လည်း စိတ်လှုပ်ရှားစွာဖြင့်တုန်ခါနေကြသည်။
"ဒဏ်ရာရတာတော့ မဖြစ်နိုင်ဘူး၊ မဟုတ်ရင် လဲ့ကျယ်က ရှင်းပြလိမ့်မယ်”
လုကျိကျောင်း သူတို့ကို စိတ်အေးအောင်ပြောလိုက်သည်။
"ဒီနယ်မြေမှာ ဝိညာဉ်ကုန်သည်ဂိုဏ်းက လူကြီးမင်းတွေလည်း ကင်းလှည့်နေကြတာပဲ၊ မိစ္ဆာကျင့်ကြံသူ ငါးဆယ်လုံးကိုလည်း ထိန်းချုပ်ထားပြီး သားပါ” ထိုအခါမှ သူ့လက်အင်္ကျီထဲမှ စာလိပ်များသည် ပိုစိတ်လှုပ်ရှားစွာခုန်ပေါက်နေကြသည်။
"ဒဏ်ရာရတာ မဟုတ်ဘူးလား ဒါဆိုရင်တော့ သွားပြီ၊ ငါတို့ ဝိညာဉ်ပိုးဖလံဂေဟာ ပြုတ်သွားပြီ ထင်တယ်”
"ဘာလဲ ? ဒီလောက် မြန်မြန်ကြီးလား ? ပြိုင်ပွဲရဲ့ မြို့မကိုတောင် မရောက်သေးဘူး၊ ငါတို့ ဝိညာဉ်ပိုးဖလံဂေဟာက ပြုတ်သွားပြီလား”
"ဘုရားရေ၊ ဆယ်နှစ်တစ်ခါ အခြေအနေတွေက ပိုပိုဆိုးလာတာပဲ..."
လုကျိကျောင်းသည် ထိုအသံများကြောင့် ခေါင်းကိုက်နေရသော်လည်း သူကိုယ်တိုင်လည်း ပိုစိုးရိမ်မကင်း ဖြစ်နေမိသည်။ သူတို့၏ အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဖွဲ့က တကယ်ပြုတ်သွားပြီလား ?
သို့သော် သူသည် တပည့်များ တည်းခိုရာ တည်းခိုခန်းသို့ ရောက်ရှိလာသောအခါ စုကျိုနှင့် အခြားသူများ၏အရှိန်အဝါကို တွေ့ရှိခဲ့ရသည်။ သူသည် ဝိညာဉ်ပိုးဖလံဂေဟာပန်းခြံထဲသို့ ဝင်ရောက်တော့မည့် ဆဲဆဲတွင်၊ အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဖွဲ့ အားလုံးမှာ တည်းခိုခန်းရှိ ၎င်းတို့အခန်းအပြင်ဘက်သို့ ထွက်လာကြပြီး ကောင်းကင်ယံကိုမော့ကြည့်နေကြသည်ကိုတွေ့လိုက်ရသည်။
[အပိုပြိုင်ပွဲ ပြီးဆုံးသွားပါပြီ။]
အချို့သောအဖွဲ့များ၏အံ့အားသင့်ဖွယ် အသံများကြားတွင် လုကျိကျောင်းသည် ရမှတ်အဆင့်သတ်မှတ်ချက်များကိုတစ်ချက်ကြည့်လိုက်ရုံဖြင့် တွေ့မြင်လိုက်ရသည်။
[မိစ္ဆာကျင့်ကြံသူ ငါးဆယ်လုံးကို အပ်နှံပြီးပါပြီ၊ အဖွဲ့လိုက်ရမှတ်များနှင့် ဆုလာဘ်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်—]
[၁။ ဝိညာဉ်ပိုးဖလံဂေဟာ: ရမှတ် ၄၃၅]
[၂။ ကချေသည်ခန်းမ: ရမှတ် ၂၅၀]
[၃။ နတ်ဘုရားတွက်ချက်ခြင်းခန်းမ: ရမှတ် ၄၀]
[...]
[၆၃။ နတ်ဘုရားလက်နက်လမ်းစဉ်: ရမှတ် -၁၂၀]
[၆၄။ ကျင်းယွီထန်ဂိုဏ်း: ရမှတ် -၂၀၀]
လုကျိကျောင်း: "???"
သူသည် ထိတ်လန့်သွားသည်။ ထို့နောက် သူ့လက်အင်္ကျီအိတ်ထဲမှ စာလိပ်များသည်လည်း ထူးဆန်းစွာပင် တိတ်ဆိတ်သွားတော့သည်။
ပန်းချီကားထဲမှ လူတိုင်း ပညာရှိလူကြီးမင်းများဖြစ်စေ၊ သန့်ရှင်းသပ်ရပ်သောအမျိုးသားများဖြစ်စေ၊ လှပသောအမျိုးသမီးများဖြစ်စေ အားလုံးမှာ အံ့သြတုန်လှုပ်စွာဖြင့် မျက်လုံးများပြူးသွားကြသည်။
၎င်းတို့၏ဝိညာဉ်ပိုးဖလံဂေဟာသည် ဝိညာဉ်လမ်းစဉ်တစ်ခုလုံးတွင် နံပါတ်တစ်ဖြစ်သွားသည်လား ??
ဒါ… လဲ့ကျယ်ဆိုလိုတဲ့ ပြဿနာအကြီးကြီးလား ??
ဟုတ်ပါတယ်… ဒါ တကယ့်ကို ပြဿနာအကြီးကြီးပါပဲ။