အခန်း (၃၁-၃၃)
Vol. 3 Ch. 31-33
အခန်း(၃၁)
(အမည်မသိစစ်တပ်)
"သမီးဘာဖြစ်တာလဲ ... လုပ်ကြံသူလား"
"မမလေးဇာ ... ဘာဖြစ်တာလဲ"
ထိုနောက် အခန်းတွင်းအား လှမ်းကြည့်မိကြရာ၊ ကွေးကွေးလေးဖြစ်နေသော စောရန်နိုင်အားမြင်လျှင် မေသူဇာမှပြုံးကာ ချိုပြုံးအသံဖြင့်
"သမီးရယ်၊ အမေတို့တုန်းကလဲ ဒီလိုပါပဲကွယ်၊ ကြည့်ပါဦး၊ တူလေးစောခဗျာ အိပ်ယာကကို မထနိုင်ရှာတော့ဘူး၊ နောက်ဆိုရင် အဲလောက်ထိ မကြမ်းပါနဲ့ကွယ်"
လွင်မိုးမှလဲ စောရန်နိုင်အား သနားစဖွယ် အကြည့်ဖြင့် ကြည့်ရင်း
"ဟူး ... ဦးလေးတုန်းကလဲ သူ့အမေက မလွယ်ခဲ့ဘူးရယ်၊ ဦးလေးဆိုတစ်နေကုန် မထနိုင်တော့ဘူးလေ"
ထိုနောက် သနားသော လေသံဖြင့်
"သမီးက တူလေးအပေါ် အပြောဆိုးပေမဲ့ ညင်သာမယ်ထင်ခဲ့တာ၊ ကြည့်ပါဦး တစ်နာရီပဲရှိသေးတယ် ၊ငါ့တူလေး မထနိုင်ရှာတော့ဘူး၊ သူ့အမေတောင် အဲလောက်ထိ မကြမ်းခဲ့ဘူးရယ် ... ဟူး"
[ခင်ဗျားအဘကြီးဆိုး၊ ခင်များတစ်မိသားစုလုံးဆိုး၊ ခင်ဗျားသမီးကို ဘာဆိုဘာ မှမဘာရသေးဘူးဗျ၊ ခင်ဗျားသမီးက ကျွန်တော့်ညီလေးကို ဖိသွားတာဗျ"
ကွေးကွေးနှင့် ညည်းနေသော စောရန်နိုင် ငိုချင်ပေမဲ့ မျက်ရည်မကျနိုင်ပေ၊ ချီစစ်သူကြီး အဆင့်ဖြစ်သော်လည်း ခန္ဓာကိုယ်ကျင့်ကြံသူ မဟုတ်၍ ထိုနေရာ၏ နာကြင်မှုများကို မခံနိုင်ခဲ့ပေ၊၊
မေသူဇာမှ
"ကဲပါအကိုကလဲ ... သမီးတို့ကို အချိန်ပေးမှပေါ့၊ နောက်ဆိုရင် အဆင်ပြေသွားမှာပါ၊ မေတို့နှစ်ယောက်လဲ စီစဥ်စရာရှိတာ သွားစီစဥ်ကြရအောင်လေ"
အထာပေးလိုက်လေရာ ချက်ဆိုရင် နှာခေါင်းမှ မီးတောက်သော လွင်မိုးကလဲ
"သွားကြတာပေါ့၊ စီစဥ်စရာတွေက များလွန်းတော့ အချိန်ပေးရမှာဆိုးတယ်"
"ညီနောင်ဇော်ပိုင် ခွင့်ပြုပါဦး"
လူပျိုသိုးကြီး ဇော်ပိုင်မှ ဘုမသိဘမသိနှင့် ခေါင်းညိမ့်ပြရင်း
"တဖြည်းဖြည်းချင်း အချိန်ယူ စီစဥ်ကြပါ"
ဇော်ပိုင်လဲ အခန်းတစ်ခန်းရှာ၍ စွမ်းအင်ကျင့်ကြံ နေလေတော့သည်၊ အခန်းတွင်း၌ ကွေးနေသော စောရန်နိုင်နှင့် သူဇာလွင်တို့သာ ကျန်ရှိလေတော့၏။
"ငါတောင်းပန်ပါတယ်ဟာ၊ နင်အဆင်ပြေရဲ့လား"
သူဇာလွင် မျက်နှာငယ်လေးနှင့် တောင်းပန်ရှာလေသည်။
"နင့်ဟာကြီးကို ရုတ်တရက် လက်ထောက်မိပြီး ငါလန့်သွားမိတာပါ ... အဟင့်"
"ငါ .... ငါတမင် မရည်ရွယ်ပါဘူး ဝါး"
[ နာတာကငါလေ၊ နင်ကဘာလို့ ငိုနေတာလဲဟ ]
"ငါ ...ငါ ... နင်သက်သာအောင် ဘယ်လိုမျိုး လုပ်ပေးရမလဲဟင်"
စောရန်နိုင်မှ နိုင်လူမျက်နှာဖြင့်
"တကယ်လား"
သူဇာလွင်မှ မျက်ရည်များအား သုတ်ရင်း
"အင်း ... နင်သက်သာအောင် ငါဘာလုပ်ပေးရမလဲဟင် .... အု"
ထိုနောက်ကား ..... ထိုနောက်တည်း၊
ထိုနေ့က စောရန်နိုင်နဲ့ သူဇာလွင်တို့ အခန်းပြင်သို့ ပြန်မထွက်ဖြစ်ကြ၊ နောက်တစ်နေ့မှသာ အပြင်ပြန်ထွက်လာ ဖြစ်ကြလေသည်၊၊
မေသူဇာနှင့် လွင်မိုးကား တပြုံးပြုံးနှင့်ပင် လာသမျှသော ဧည့်သည်များကို ပြန်လွတ်နေ၏။
ကွတကွတနှင့် လမ်းလျှောက်ထွက်လာရရှာသော သူဇာလွင်မှာ သူမမိဘများအား မြင်သည်နှင့်
"အဟင့် ... အဟင့် ... အဖေ့၊ အမေ့ ... အစောမကောင်းဘူးသိလား၊ အဟင့်"
"ဒီလူက သူ့အနာ သက်သာပါစေဆိုပြီး ခွင့်ပြုလိုက်တာ အတင်းပဲသိလား .... ဝါး၊ အဟင့် ... ပြောတော့ ဘာဖြစ်တယ် ညာဖြစ်တယ်နဲ့ ပြီးတော့ သူမဟုတ်တဲ့အတိုင်း အရမ်းကြမ်းတာပဲ၊ အဟင့်"
ကလေးတစ်ယောက်ပမာ ရင်ဖွင့်နေလေရာ လူပျိုသိုး ဇော်ပိုင်ခမျာ မျက်နှာနီမြန်းလျက် ရှိနေလေတော့သည်၊၊ သူမမိဘများကား ရယ်မောကြလျက် ရှိနေတော့သည်။
"အစ်ကိုဇော်ပိုင် ... ဘာထူးခြားမှုရှိလဲ"
ဘာမှမသိသလိုအထာနဲ့ အခန်းထဲမှ ထွက်ချလာသော စောရန်နိုင်မှ ဇော်ပိုင်အား မေးခွန်းထုတ်ရာ
"အမည်မသိ လက်နက်ဆန်းတွေနဲ့ မြင်းစစ်သည်တွေ စုစုပေါင်း ၇သောင်းခွဲကျော်ကျော် မနေ့က ရောက်လာပါတယ်၊ ညီလေးရဲ့ ကိုယ်ပိုင်စစ်တပ်လို့လဲ ပြောကြပါတယ်၊ အဲဒါနဲ့ ညီလေးတို့လဲ အခန်းအောင်းနေတာနဲ့ပဲ အစ်ကိုအနေနဲ့ အပြင်ဘက်ခြံဝိုင်းမှာ နေရာချပေးထားပါတယ်"
"ဟုတ်တယ်တူလေး၊ ဦးလေးတို့လဲ အဲဒီစစ်တပ် အကြောင်းကြားတော့လန့်သွားတာပဲ"
စောရန်နိုင် တွေဝေစွာ ခေါင်းငြိမ့်ပြလျက်
"အဲဒီကိစ္စကို နောက်မှရှင်းပြတော့မယ်၊ ကျွန်တော်နားချင်ပြီ"
"နူတ်ဆက်ပါတယ်"
အခန်း(၃၁)ပြီး
အခန်း(၃၂)
(သားရဲခံစစ်အတွက် ငြင်းခုန်ကြခြင်း)
"နူတ်ဆက်ပါတယ်"
ဇော်ပိုင်နဲ့လွင်မိုး အချင်းချင်းကြည့်၍ ထွက်သွားကြလေသည်။
စောရန်နိုင်တစ်ယောက် တွေဝေနေ၏၊ သူသည် ချီစစ်သူကြီး အဆင့်ဖြစ်၍ သူ၏ယန်ချီ မသန့်စင်မှုအား သတိထားမိလေသည်၊
ဤသို့သော ကိစ္စများ၌ သူ၏ဤခန္ဓာသည် ပထမဆုံးအကြိမ် ဟုတ်ဟန်မတူချေ၊၊
သို့သော် သူအနေနှင့် မည်သူနှင့် ပထမအကြိမ် ဖြစ်ခဲ့သည်အား လုံးဝမမှတ်မိချေ၊၊
အရင်က စောရန်နိုင်၏ မှတ်ညဏ်များအား လက်ခံရရှိခဲ့သော်လည်း ထိုကိစ္စကိုတော့ လုံးဝမမှတ်မိချေ။ တခြားသူများ ထွက်သွားကြသော်လည်း မေသူဇာတစ်ယောက် ကျန်ခဲ့လေသည်၊၊
စောရန်နိုင်ပြုံး၍
"ပြောစရာရှိလို့လား၊ ဒေါ်လေး"
မေသူဇာ သက်ပြင်းရှည်ရှည် ချ၍
"ဒါတူလေးရဲ့ ပထမဆုံးအကြိမ် မဟုတ်ဘူးမလား"
"ကျွန်တော်မလိမ်ချင်သလို၊ သေလဲ မသေချာနေဘူး ဒေါ်လေး၊ ဘယ်သူနဲ့ ဘယ်နေရာမှာဆိုတာ လုံးဝကို မမှတ်မိဘူး ဖြစ်နေတယ်၊ စဥ်းစားလို့လဲမရဘူး၊ ပြန်စဥ်းစားတိုင်း ခေါင်းထိုးကိုက်လာတယ်"
ချီစစ်သူကြီးအဆင့်တွင် ဖျားနာကိုက်ခဲခြင်းများ လုံးဝမရှိတော့လေရာ ထိုအရာသည် ထူးဆန်းလွန်း၏။
"မှတ်ညဏ်ဖျတ်ဆီးခြင်း"
"ဗျာ ....... "
"အဲဒီလိုမျိုးကို ချီဘုရင်ရဲ့ အထက်အဆင့်တွေပဲ အဆင့်နိမ့်သူတွေကို သုံးနိုင်တယ်"
"ဘယ်လိုမျိုးလဲ"
"ဥပမာ ... ချီဘုရင်က ချီစုဆောင်းခြင်းအဆင့်ကို မှတ်ညဏ်ဖျက်ပစ်နိုင်တယ်"
"အဲဒါဆိုရင် ကျင့်ကြံဆင့် လုံးဝမရှိသူကိုကော ဒေါ်လေး"
"သူ့ကိုဆို ပိုလွယ်တာပေါ့ ... အန်၊ ဆိုလိုတာက၊ အဲဒါက မဖြစ်နိုင်ဘူးလေ၊ ငါ့တူက အခုအသက်၁၉နဲ့ ချီစစ်သူကြီး ရောက်နေတဲ့ ပါရမီရှင်ဆိုပေမဲ့လဲဒါက၊ မွေးကထဲက မှတ်ညဏ်ဖျက်ထားမှသာ ရမှာလေ၊ အဲ့လိုဆိုရင် အတူနေဖို့က မဖြစ်နိုင်ဘူးမလား"
" ပြီးတော့ ယောကျာ်းလေးတွေ ယန်ချီက အသက်၁၀နှစ် အထက်မှာသာ ဖြစ်ပေါ်တာမလား၊ ဘယ်လိုကြီးလဲ၊ ဒေါ်လေးလဲ ငါ့တူအကြောင်း မတွေးခေါ် တက်တော့ဘူး"
"အဲဒါမမှန်ဘူး ဒေါ်လေး၊ ကျွန်တော်ကျင့်ကြံတာ အခုမှ တစ်လတစ်ပတ်နဲ့ ၃ရက်ပဲ ရှိသေးတယ်"
"ဘာ ..... ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
ခန်းမအပြင်ဘက်တွင် ထိုစကားအား ကြားလိုက်ကြရသည်တွင် လူအားလုံး ပြိုလဲလုလု ဖြစ်ကုန်တော့သည်၊၊
[ ငါဆိုရင် အသက်သုံးဆယ်ကျော်မှ အခြေတည်အဆင့် ရောက်တာလေ ]
[ ငါဆို အသက်၆၀ကျော်မှ ချီစစ်သူကြီး ဖြစ်ခဲ့တာလေ ]
"နင် ........ နင် ........ နင်ရက်စက်တယ်ဟာ ..... အဟင့်"
သူမမိခင်နှင့် အစောတို့ ကျန်ခဲ့၍ စပ်စုလိုစိတ်ဖြင့် ခန်းမထဲသို့ ပြန်ဝင်လာသော သူဇာလွင်မှာ စကားဝိုင်းအား အစအဆုံး ကြားလိုက်ရလေသည်၊ ထို့နောက် တစ်ချက်မျှ အငိုပြကာ မေ့လဲသွားလေတော့သည်၊၊
"ဇာ ..... "
"သမီး"
အပြင်ဘက် ခြံဝိုင်းတွင်း လေ့ကျင့်ရေးကွင်းပြင်၌
"အလေးပြု"
"ခရူးဆိတ် တပ်မဟာဗိုလ်ချုပ်ကြီး၊ မင်းထင်နော်ရထာ"
"အနက်ရောင်ချပ်ဝတ် မြင်းတပ်ဗိုလ်ချုပ် မင်းရဲကျော်စွာ"
"လက်ရွေးစင် သေနတ်တပ်ဗိုလ်ချုပ် တိမ်ကြားမင်းခေါင်"
"အမြောက်တပ်ဗိုလ်မှုး မင်းရဲကျော်ထင်"
"သခင်စောအား နုတ်ဆက်ပါတယ်"
စောရန်နိုင်လဲ ဘဝင်ကိုင်သွားကာ ခေတ်မှီစစ်တပ် အထာဖြင့်
"သက်သာ"
ထိုနောက် သားရဲရန် ကာကွယ်ရန်နဲ့ မြို့အား စီမံရန်မြေပုံထောက်၍ နေရာချထား ပေးလိုက်လေသည်။
သားရဲတစ်ထောင် မြို့အတွင်း၊ အပြင်၌ ၈သောင်းခွဲသော တပ်မတော်၏ နေရာရွေ့ပြောင်းမှုများ၊ ဆိုင်ရာတပ်အလိုက် ခံစစ်ပြင်ဆင်သူများအား ရင်တမမနှင့် တွေ့မြင်ရနိုင်လေသည်၊၊
အထူးသဖြင့် ထူးဆန်းသော အပေါက်ပါ သံချောင်းများအား ကိုင်ဆောင်ထားသော တပ်သားများ ထူးဆန်းလှ၍ အခေါင်းပေါက်ပါ သစ်သားဘီးနှစ်လုံး တပ်ဆင်ထားသော သံချောင်ရှည်ကြီးများ အဖြစ်မှတ်ယူရသော အမြောက်တပ်တို့၏ နေရာချထားမှု အစီအရီကျမှုတို့သည် မြို့သားများနှင့် ဂိုဏ်းများ၊ မိသားစုများအတွက် အသစ်အစမ်း ဖြစ်နေလေသည်၊၊
"အဲဒါတွေနဲ့ သားရဲတွေကို ဘယ်လိုလုပ်ပြီး ခုခံနိုင်မှာတဲ့လဲ"
"တစ်ခါမှ ဒီလိုလက်နက်မျိူး မမြင်ဖူးပါဘူး"
"ဒီတစ်ခါ သားရဲခုခံမှုကို မြို့စားတပ်အပါအဝင်၊ ဂိုဏ်းနဲနဲ၊ မိသားစုနဲနဲနဲ့ အင်အား၁သိန်းလောက်နဲ့ပဲ ခုခံကြမှာတဲ့"
"မဖြစ်နိုင်ပါဘူးကွာ၊ နောက်ဆုံး ဆောင်းရာသီတုန်းက သားရဲ၃သိန်းကျော်ကို အင်အား၂သိန်းနဲ့ ခုခံတာတောင် မြို့တစ်ဝတ်နီးပါး အဖျက်ဆီးခံရပြီးမှ ပြန်တိုက်နိုင်ကြတာမလား"
"ဟုတ်ပါ့ကွာ .... ဒီမြို့စားအသစ်က ရဲလွန်းပါတယ်၊ ငါတို့ပြည်သူတွေ ဘယ်လောက်ထိ သေကြရဦးမလဲဆိုတာ ဘယ်သူသိမလဲ"
မြို့ထဲမြို့ပြင် တရုန်းရုန်းဖြစ်နေသလို သုံးရာသီခြံထဲ၌လဲ ဆွေးနွေးသံများ ဆူညံနေလေသည်၊ အထူးသဖြင့် စောရန်နိုင်၏ တပ်ဖွဲ့ဖြန့်ခွဲမှုအား အခြေအတင် ဖြစ်နေကြခြင်း ဖြစ်လေသည်။
မြင်းတပ်ဗိုလ်ချုပ် မင်းရဲကျော်စွာမှ
"သခင်စော ... ဒီအစီအစဥ်က အင်မတန်ခက်ခဲပါတယ်၊ ကျွန်တော့်အထင် မြင်းတပ်ရဲ့ အဓိကအင်အားစုကို အနောက်မျက်နှာမှာ ထားသင့်ပြီး ကျန်သုံးမျက်နှာက သားရဲတိုက်ခိုက်မှု အားနည်းတာကြောင့် အရံအင်အားသာ ထုတ်ထားသင့်ပါတယ်၊ အဲ့အတွက် ခြေလျင်တပ်ကို ကျန်သုံးမျက်နှာဆီ ဖြန့်ခွဲပေးပြီး သေနတ်တပ်နဲ့ အမြောက်တပ်နဲ့ တွဲဖတ်ပေးထားသင့်ပါတယ်"
ခြေလျင်တပ် ( ခရူးဆိတ် ) ဗိုလ်ချုပ်တစ်ဦးက
"သခင်စော ဘာပဲပြောပြော ခြေလျင်တပ်က လူအများဆုံး ဆိုပေမဲ့ သိန်းချီတဲ့ သားရဲတွေကို လူခွဲပြီးခုခံဖို့က ခက်ခဲလွန်းပါတယ်၊ မတော်လို့ အရပ်တစ်မျက်နှာသာ စည်းပေါက်ခဲ့ရင် ကျန်အရပ် မျက်နှာတွေအတွက် ခက်ခဲသွားမှာပါ"
စောရန်နိုင်က
"ဗိုလ်ချုပ်ကြီးနဲ့ ဗိုလ်ချုပ် တိမ်ကြားမင်းခေါင်ကော ဘယ်လိုထင်လဲဗျ"
အခန်း(၃၂)ပြီး
အခန်း(၃၃)
( စံပယ်ဦး )
"ဗိုလ်ချုပ်ကြီးနဲ့ ဗိုလ်ချုပ် တိမ်ကြားမင်းခေါင်ကော ဘယ်လိုထင်လဲဗျ"
မင်းထင်နော်ရထာ ( လက်ျာဘီလူးငစံ )ကား မြန်မာသမိုင်းတွင် ညာဏ်နီ ညာဏ်နက်များသူအဖြစ် ကျော်ကြားလေသည်၊၊
တိမ်ကြားမင်းခေါင်ကား ဆင်ဖြူရှင် ဘုရင်လက်ထက်၊ တရုတ်မြန်မာ စစ်ပွဲ၌ ကျော်ကြားသော ပြောက်ကြားတိုက်ခိုက်မှု ထူးချွန်သော ဗိုလ်ချုပ်တစ်ဦး ဖြစ်လေသည်၊၊
ဗိုလ်ချုပ်ကြီး မင်းထင်နော်ရထာမှ
"သာမန်ရိုးကျနည်းပဲ အရင်သုံးသင့်ပါတယ်"
ထိုနောက် မြေပုံအားထောက်၍
"အနောက်နယ်မြေက ကျယ်လွန်းတယ်၊ အဲဒီအတွက် တပ်တစ်ခုထဲကိုပဲ သုံးမယ်ဆိုရင် ရေရှည်မှာ အထိနာနိုင်ပါတယ်၊ အဲ့ဒီအတွက် မြို့ရိုးပေါ်ကနေ အမြောက်၈၀ကို အထိုင်ချပြီး တောင်မြောက်ကို ၅၀ဆီနဲ့ အထိုင်ချပေးသင့်ပါတယ်"
"ကျန်၂၀ကို အရှေ့ဘက်မှာ အထိုင်ချသင့်ပါတယ်၊ တောင်နဲ့မြောက် မြို့ရိုးပေါ်က ဒီနေရာ ဒီနေရာတွေမှာ အမြောက်တပ် ပိုချသင့်ပါတယ်"
"ခံစစ်အနေနဲ့ အတန်း၃တန်း အဆင့်၂ဆင့် ခွဲထုတ်ရပါမယ်၊ ပထမတန်းမှာ ခရူးဆိတ်စစ်သည် ၁သောင်း၊ သေနတ်တပ် ၅ထောင်၊ မြင်းသည် ၂ထောင်နှုန်းနဲ့ ဒုတိယတန်းကိုလဲ ခရူးဆိတ် ၁သောင်း၊ သေနတ် ၅ထောင်၊ မြင်းသည် ၂ထောင်နှုန်း ချထားပါမယ််၊ အနောက်ခြမ်းမှာပါ ဒါက"
"တောင်ခြမ်းနဲ့ မြောက်ခြမ်းမှာ ခြေလျင်တပ် ၉ထောင် နဲ့မြင်းသည် ၂ထောင်၊ သေနတ် ၄ထောင် ၅ရာ၊ အရှေ့ခြမ်းမှာ ခြေလျင်တပ် ၁ထောင်နဲ့ သေနတ်တပ် ၁ထောင်၊ မြင်းသည် ၁ထောင်ချထားပြီး ခုခံသင့်ပါတယ်"
"ဗိုလ်ချုပ် တိမ်ကြားမင်းခေါင်ကကော"
တိမ်ကြားမင်းခေါင်က မြေပုံကြည့်၍ မျက်မှောင်ကြုံရင်း
"ကျွန်တော်တို့ ရင်ဆိုင်ရမှာက သားရဲတပ်ပါ၊ အဲဒီအတွက် အမာခံ ခံစစ်နဲ့ ရွေ့လျားတိုက်စစ်ကို အကြံပြုချင်ပါတယ်"
"ဘာလို့လဲဆိုတော့ သားရဲတွေက အဆင့် ၁အောက် သားရဲက အများဆုံးနဲ့ အရင်ဝင်တိုက်တာဆိုတော့ သေနတ်တပ် ၁၅၀၀၀လုံးနဲ့၊ အမြောက်၁၂၀ကို အနောက်ဖက် စစ်မျက်နှာပြင်မှာ အလည့်ကျ ပစ်ခတ်ခြင်းသုံးပြီး ခံစစ်အမာထားပါမယ်"
"သူတို့ကို ခရူးဆိတ်၂သောင်း၊ မိသားစုတပ်တွေနဲ့ ကာစေပါမယ်"
"တောင်နဲ့မြောက်မှာလဲ မိသားစုတပ်တွေကို အမြောက် ၂၀လက်၊ ခရူးဆိတ် ၁သောင်းဆီနဲ့ တွဲဖတ်ပြီး ကာကွယ်စေပါမယ်၊ အဓိက တိုက်စစ်ကိုတော့၊ မြင်းတပ်သား ၁သောင်းခွဲနဲ့ ကျန်တဲ့ရှိသမျှ ဂိုဏ်းအင်အားစုတွေ စုပေါင်းပြီး အရှေ့ဘက် မြို့တံခါးကနေထွက်ပြီး မြို့တောင်နဲ့အနောက်ကို ဖြန့်ကျက်ထိုးစစ် ဆင်ရပါမယ်"
"မြင်းတပ်က လျင်မြန်မှုနဲ့ အတင်းထိုးတက်ပြီး ဂိုဏ်းတွေက အနောက်ကနေ ပါအောင်တော့ လိုက်ပေးရပါမယ်၊ ဒီစပ်ကြားမှာ လစ်ဟာမှုတော့ မရှိစေချင်ဘူး"
"အဲဒီအတွက် ဂိုဏ်းတွေအနေနဲ့ အခြေခံ တည်ဆောက်ခြင်းအဆင့် အောက်ဆုံးထားပြီး ကူညီပေးရပါမယ် အင်အားအရ ခန့်မှန်းတွက်ချက်ရမယ်ဆိုရင်၊ အနောက်စစ်မျက်နှာမှာ ၅သောင်းခွဲခန့်၊ တောင်နဲ့မြောက်မှာ ၅သောင်းခွဲခန့်၊ အရှေ့ဘက်က ထိုးစစ်ကိုတော့ စုစုပေါင်း ၈သောင်းဝန်းကျင် ရှိနိုင်ပြီး သားရဲခံစစ်အတွက် ၁သိန်း၉သောင်း၊ ၂သိန်းခန့်လောက်တော့ ရှိပါလိမ့်မယ်"
စောရန်နိုင်လဲ
"ကောင်းပြီ"
"သိပ်တော့ မဖြည့်စွတ်တော့ဘူး၊ ဒါပေမဲ့ အဓိကထိုးစစ်ကို ဗိုလ်ချုပ် တိမ်ကြားမင်းခေါင်က ဦးစီးပြီး သေနတ်တပ်ရဲ့ ယာယီဦးစီးမှူးကို ဗိုလ်ချုပ် မင်းရဲကျော်စွာက ယူထားပေးပါ"
"တပ်မဟာမှူး ဗိုလ်ချုပ်ကြီး မင်းထင်နော်ရထာက လိုအပ်တဲ့ နေရာတွေမှာ စီမံကွပ်ကဲပါ"
"မိသားစုတပ်ဖွဲ့တွေကို လွင်မိသားစုက ဦးစီးပြီး ဂိုဏ်းသားတပ်ဖွဲ့တွေကိုတော့ ဒေါ်လေး မေသူဇာကပဲ ဦးဆောင်ပါ"
"ဒဏ်ရာရ စစ်သည်တွေကို နီးစပ်ရာ ဆေးကုဌာနတွေဆီ အမှီပို့နိုင်အောင် ကြိုစီစဥ်ထားကြပါ၊ ပြီးတော့ သားရဲလှိုင်းကို ကြိုသိနိုင်အောင်လဲ မြင်းတပ်သားတချို့ကို သားရဲတစ်ထောင် တောအုပ်ဘက် စေလွတ်ပြီး စောင့်ကြည့်ခိုင်းထားပါ"
"ဟုတ်"
"မြို့စား ..... ပြောသင့်ရဲ့လား မသိပေမဲ့ ပြောစရာလေး ရှိိနေပါတယ်"
ဂိုဏ်းအကြီးအကဲ တစ်ဦးမှ ကြားဖြတ်မေးရာ စောရန်နိုင်ပြုံး၍
"မေးပါ"
"သားရဲအမြူတေ ခွဲဝေမှုနဲ့ အရိုးအသား ထုတ်ယူမှုကို"
စောရန်နိုင်မှ ခေါင်းညိမ့်၍
"အရင်က တစ်ဝတ်ယူပေမဲ့ အခုတော့ ၇၀၊ ၃၀ လျော့ပေးပါ့မယ်၊ ဂိုဏ်းတွေအနေနဲ့ တစ်ဦးတစ်ယာက်ခြင်း ရရှိတဲ့ အမြူတေရဲ့ ၃၀ ရာခိုင်နှုန်းကို မြို့စားအိမ်တော်ဆီ အပ်ရပါမယ်"
"တခြားတပ်တွေကော အတူတူပါပဲ၊ ကျန်တာကိုတော့ ကိုယ်ပိုင်အဖြစ်ယူနိုင်ပြီး ပြန်လည်ပြီး တိုက်ခိုက်လုယူခြင်း တွေ့ရှိခဲ့ရင် သေဒဏ်ချမယ်"
"ကျေးဇူးတင်ပါတယ် မြို့စား"
ဆောင်းရာသီ၏ အစဖြစ်၍ ငွေနှင်းစက်များ မြေပြင်သို့ စတင်ကျဆင်းချိန် ဖြစ်လေသည်၊၊
"ဝေါင်း ......... ဝေါင်း ...... "
သားရဲတစ်ထောင် တောအုပ်၌ သားရဲများ၏ မာန်ဖီသံများ ဆူညံစွာ ထွက်ပေါ်လျက်ရှိ၏၊၊
သားရဲကွင်းဆက်ရဲ့ အစာဖြစ်သော သားကောင်ငယ်များ ဆောင်းခိုမှုသည် သားရဲအဆင့် တောကောင်များ၏ အစာပြဿနာအား ဖြစ်ပေါ်စေလျက်ရှိ၏၊၊
တောအုပ်တစ်နေရာ၌
"သခင်မလေး .... ထွက်သွားတော့ ... အား"
စံပယ်ဦးသည် သူမ၏ အစေခံအစောင့်များ တစ်ဦးပြီးတစ်ဦး သေဆုံးနေရသည်အား ရင်နာနာနှင့်သာ ကြည့်နေမိရင်း
"ငါနင်တို့ကို ထားပြီးမသွားနိုင်ဘူး"
"မြန်မြန်သွားပါတော့ သခင်မလေး ... ကျွန်တော်တို့ ရေရှည်မကာကွယ်နိုင်တော့ဘူး"
"ဒုတ်် .... ဒုတ်"
"မမလေး သွားကြရအောင်ပါ၊ မမလေးမရှိရင် စံမိသားစုမျိုးဆက် ပျက်ရပါလိမ့်မယ်"
"သွားပါသခင်မလေး .... ကျွန်တော်တို့ရဲ့ သေဆုံးမှုက အလာဟသ မဖြစ်စေချင်ပါဘူး၊ စံမိသားစုအတွက် မျိုးဆက်ချန်ပြီး လက်စားချေပေးပါ"
ထိုနောက် မီးဝံပုလွေအုပ်ထံ ပြေးဝင်သွားလေသည်၊၊
"ကျား ..... "
"နင်တို့သေချာပေါက် အသက်ရှင်ပေးကြပါ ... အဟင့်"
အခန်း(၃၃)ပြီး