အခန်း (၄၃-၄၅)
Vol. 3 Ch. 43-45
အခန်း(၄၃)
(လုပ်ကြံချင်သူ တစ်ယောက်)
"ရူး "
"ဝိုး"
ခန်းမအတွင်းရှိ မိသားစုခေါင်းဆောင်များ၊ ဂိုဏ်းအကြီးအကဲများ လေအေးတစ်ချက် ရှုမိလိုက်ကြလေသည်၊၊
အရင်နှစ် ဆောင်းရာသီလိုမျိုး၌ ဤမျှလောက်သော သားရဲများ ဝင်တိုက်ပါက သားရဲတစ်ထောင်မြို့ ကျဆုံးမည်မှာ အသေအချာပင်၊၊ ထို့ကြောင့် မြို့စားသစ်အား ကျေးဇူးတင်သော အကြည့်များဖြင့် ကြည့်လိုက်မိကြလေသည်။
ရင်းရတာများခဲ့သလို အမြတ်လဲ များခဲ့ချေပြီမလား၊ မိသားစုတစ်ခုလျှင် အနည်းဆုံး အမြူတေများ ရာဂဏန်းထိ ရနိုင်လေပြီ၊ ယခင်ကဆိုပါက ရသမျှအမြူတေ၏ ၈၅ရာခိုင်နှုန်းအား အနောက်ပြည်နယ်သို့ အပ်ရလေရာ တစ်မိသားစုလျှင် ဆယ်ဂဏန်းမျှသာ ရကြလေသည်၊၊
ထိုအပြင် သားရဲအရေအတွက်မှာ ဤမျှလောက် မများပြားပဲ ၁သိန်းအောက်သာ ရှိလေသည်၊၊
ထိုကြောင့် ယခုမြို့စားနောက် လိုက်ပါမည်ဆိုပါက ၎င်းတို့အတွက် မရှုံးနိုင်ချေသည် မဟုတ်ပါလား။
"မြို့စားတပ်ရဲ့ ဝေစုထဲက သားရဲအသားနဲ့ အရိုးတွေကို မြို့စားတပ်အတွက် တချို့ကို ရိက္ခာအဖြစ်ထားမယ်၊ တချို့ကိုတော့ ပြန်ရောင်းချင်တယ်"
"လိုချင်သူတွေကို အဆင့်နိမ့်သားရဲသား ၁၀တန်ကို ရွှေပြား၁၀၀၊ အလယ်အလတ်သားကို ၂၀၀၊ အထွတ်အထိပ်သားကို ၅၀၀၊ အဆင့်၁ကို ၁၀၀၀၊ အဆင့်၂ကိုု ၁၅၀၀နဲ့ ပြန်ပြီး လေလံဆွဲမယ်ဗျာ"
"ကောင်းပါတယ်မြို့စား၊ လေလံဝင်ဆွဲပါ့မယ်"
သားရဲအသားကား လိုချင်တိုင်း ရသည်ဆိုသော်လည်း ဤမျှလောက် ဖောဖောသီသီ မရနိုင်ချေ၊ ထိုအပြင် တခြားနယ်များသို့လဲ စျေးမြှင့်ပြီး ရောင်းနိုင်သေး၏၊၊
သားရဲတစ်ထောင် တောအုပ်အတွင်း ထွက်ပြေးသွားသော သားရဲများမှာ ပြန့်ကျဲလျက်ရှိရာ ကောင်းကင်အံတု မြေခွေးမျိုးနွယ်စုနှင့်အတူ ၂ထောင်မျှသော သားရဲများသာ ပြန်စုစည်းမိကြလေသည်။
"ဒီဧကရီက အဆင့်တက်တာ မတည်ငြိမ်သေးလို့ လူသားဘက်က ချီဧကရာဇ်ကို ယှဥ်မတိုက်ရဲခဲ့ဘူး၊ အခုတော့ ငါတို့ရဲ့ သားရဲတိုက်ခိုက်မှု ကျဆုံးသွားသလို ငါ့မျိုးနွယ်အတွက်လဲ ကလဲ့စားမချေနိုင်တော့ဘူးပေါ့ … အဟင့် … အဟင့် ... ရွှတ်"
"မမ၊ ညီမတို့ ဘယ်လိုလုပ်မလဲဟင်၊ ဟိုလူကြီးရောက်လာရင် ညီမတို့တော့ သားရဲအစေခံ လုပ်ရတော့မှာလား မမ"
"မဟုတ်ဘူးမေ့မေ့၊ လူသားတွေမှာ ခေါင်းဆောင်ဆိုတာ ရှိကြမှာပဲ၊ အဲဒီလူကို မမသွားပြီး လုပ်ကြံမယ်"
"မလုပ်ပါနဲ့မမရယ်၊ သူတို့ဘက်မှာ ချီဧကရာဇ်အဆင့် တစ်ယောက်ရှိတယ်လေ၊ မမကိုမိသွားရင် မေ့မေ့တို့ရဲ့ မျှော်လင့်ချက်တွေ ပျက်စီးကုန်မှာပေါ့"
"အဆင့်၆ သားရဲသခင် မင်းရဲစက် နင့်ကိုသတ်ပြီး နင့်သွေးနဲ့ ငါ့မျိူးနွယ်စုရဲ့ ရန်ကြွေးကို ဆပ်မယ်"
"ဟူး … မမရယ်၊ မမစံပယ်ဦးသာရှိရင် သိပ်ကောင်းမှာပဲ၊ သူတို့လဲ ဘယ်ရောက်ကုန်ပြီလဲ မသိဘူး၊ နန်းတွင်းသတ်ပွဲမှာကထဲက ထွက်ပြေးသွားကြတာတဲ့"
"ဟင်း ..... သူလဲ လွတ်ရာကို ရောက်သွားလောက်ပါပြီ၊ ကဲ … မမသွားတော့မယ်"
ဝှစ်
"မမ"
"လက်ကျန်မျိုးနွယ်ကို ညီမဆီမှာ ခနအပ်ခဲ့ပြီ"
သုံးရာသီခြံအတွင်း ပင်မခန်းမအတွင်း၌
"စနစ်၊ ကိုယ်ရေးအချက်အလက် ပြပါဦး"
စနစ်
[ စနစ် -LV 2(495673/10000)
အမှတ် - 495673
ပိုင်ရှင်အမည် - စောရန်နိုင်
ကြင်ယာတော် - မရှိ
နိုင်ငံတော် - အောင်မင်္ဂလာနိုင်ငံတော်
ရာထူး - မြို့စား
ကျင့်ကြံခြင်းအဆင့် - ချီဘုရင်+၂(စဦး)
တပ်အင်အား - ]
( ဤကဲ့သို့သော အခန်းများတွင်း၌ ကိုယ်ရေးအချက်အလက်များအား အစုံမရေးတော့ပါ၊ စာရှည်လွန်းမည်စိုး၍ စာစဥ်တစ်ခု ပြီးဆုံးတိုင်း၌ ကိုယ်ရေးအချက်အလက် အပြည့်အစုံများအား သီးသန့်တစ်ပုဒ် ရေးပေးပါမည် )
"စနစ် ကျင့်ကြံခြင်းကို ဒီကမ္ဘာရဲ့ ထိပ်ဆုံးအထိမြှင့်ရင် အမှတ်ဘယ်လောက်ကုန်မလဲ"
စနစ်
"ပိုင်ရှင်ရဲ့ ကျင့်ကြံမှုပါရမီ၊ ဤကမ္ဘာ့တာအို၏ နယ်မြေအလိုက် ချီစွမ်းအင်မျှဝေမှု ကန့်သတ်ချက်အရ ဤကျွန်းမြေပေါ်၌ ချီဧကရာဇ် အထွတ်အထိတ်ထိသာ ရရှိနိုင်သည်။ မြှင့်တင်လိုပါသလား၊ အမှတ် ၁သိန်း၉သောင်း ကျသင့်ပါမည်"
"ဟ၊ အဲဒီလောက်အထိ ကုန်မှာလားဟ၊ ဘာကြောင့်လဲ"
စနစ်
"ပိုင်ရှင်သိထားဖို့က ချီစစ်သူကြီး အထွတ်အထိတ်မှစ၍ နောက်ပိုင်းမြှင့်တင်မှုများဟာ အမှတ်ထောင်သောင်းချီ ကျသင့်ပါတယ်၊ ပိုင်ရှင်မှ တိုက်ရိုက်ဖြတ်ကျော်ပြီး မြင့်တက်လာမှုကြောင့် မသိရခြင်း ဖြစ်ပါတယ်"
စောရန်နိုင် အံကြိတ်၍
"မြှင့်တင်မယ်"
"ချီဧကရာဇ်အဆင့်သို့ မြှင့်တင်ပြီးပါပြီ၊ လက်ကျန်အမှတ်- ၃၀၅၆၇၃"
"စနစ်၊ စနစ် Lvကို ဘယ်အထိ မြှင့်လို့ရနိုင်မလဲ"
"လက်ရှိပိုင်ရှင်ရဲ့ ကျင့်ကြံမှုအရ LV5အထိ မြှင့်တင်နိုင်ပါတယ်၊ အမှတ်် ၂သိန်းငါးသောင်း ကျသင့်ပါမယ်"
"ထွက်လာစမ်းစနစ်၊ သေအောင်မရိုက်ဘူးလို့ အာမခံတယ်၊ ရှိသမျှငါ့အမှတ်တွေကို ပြန်ဖြုန်းနေတယ်"
"လာလေ … လာ"
အခန်း(၄၃)ပြီး
အခန်း(၄၄)
(ရမ်းကားနေမှု တစ်ခု)
"လာလေ … လာ"
"ဟူး ထားလိုက်ပါတော့၊ အမျိုးကောင်းသားဆိုတာ မိန်းခလေးတွေနဲ့တုပြီး ရန်မဖြစ်ရဘူးတဲ့လေ"
"ဘာာာာာ"
"စနစ်LVမြှင့်မယ်"
"စနစ်LV5အထိ မြှင့်တင်ပြီးပါပြီ၊ လက်ကျန်အမှတ် ၅၅၆၇၃၊ စနစ်၏ အဆင့်မြှင့်တင်ထားမှုကြောင့် စနစ်အား ပြန်လည်ပြင်ဆင်ပါတော့မည်၊ စနစ်စတိုးမှ ပစ္စည်းများဝယ်ယူရန် အချိန်၅စက္ကန့်ရပါမယ်၊ ၃ ၂ ၁ စနစ်အား အဆင့်မြှင့်တင်မှု ပြုလုပ်နေပါပြီ"
"ပိုလျံသော အမှတ်များအား နလပိန်းတုံး ပိုင်ရှင်အတွက် စနစ်မှနိုင်ငံတော်တည်ထောင်ရန် အဓိကလိုအပ်ချက်ဖြစ်သော နိုင်ငံတော်ကံတရား တစ်ခုဖြစ်တဲ့ ဖီးနစ်တစ်ကောင်၏ ကံတရားအထောက်အပံ့ ( အဆင့်နိမ့် ) အား ဝယ်ယူပေးလိုက်ပါသည်။ ပိုင်ရှင်ကံကောင်းပါဇီ"
ကြာချိန် ၃၆၄ရက် ၂၃နာရီ ၅၉စက္ကန့်
စနစ်စျေးဆိုင်မှာ မဲနေသလို စနစ်သိုလှောင်ခန်းမှလွဲ၍ ကျန်တာသုံး၍ မရတော့ပေ၊ တာဝန်များနှင့် ဆုလာဒ်ကိုတော့ ဖွင့်ထားပေးခဲ့ပါတယ်။
စောရန်နိုင်
[ ငါ့လခွီးပဲ ... နေဦးလေ၊ မဟုတ်သေးဘူးလေ၊ ငါကွာ ... ဒီသောက်စနစ်"
မတက်နိုင်ပါ အမှတ်များလာ၍ ဝတ်သားစားမိခြင်းရဲ့ အကျိုးကျေးဇူးပေ၊၊
[ တော်သေးတယ်၊ ဆုလာဘ်တွေပါ ပြန်မသိမ်းသွားလို့ ]
ထိုစဥ် ခန်းမအတွင်းသို့ မင်းထင်နော်ရထာ ဝင်လာနေသည်၊၊
"သခင်စော စောင့်ကြည့်ခိုင်းထားတဲ့ ကောင်းကင်အံတု မြေခွေးမျိုးနွယ်တကောင် မြို့ထဲဝင်လာတာကို အာရုံခံမိတယ်"
စောရန်နိုင်လဲ ချီဧကရာဇ်တစ်ပါး၏ စိတ်အာရုံအား ဖြန့်ကျက်လိုက်ရာ
"သ ..... သခင်က"
"ချီဧကရာဇ် အထွပ်အထိပ်"
"သွားကြစို့ဗျာ၊ ဧည့်သည်ကို ကြိုဆိုရမှာပေါ့"
သားရဲတစ်ထောင်မြို့သည် သားရဲလှိုင်းများ တိုက်ခိုက်မှုအပြီး၌ ပြန်လည်တည်ထောင်နေသည်မှာ ၁လခန့် ရှိလေပြီမို့ နေရာအသစ် အိမ်အသစ်များ၌ နေထိုင်သူများနှင့် စျေးဆိုင်များနှင့် ပြန်လည်စည်ကားလာ၏၊၊
နဂိုရှိရင်းမြို့မှာ အစီအစဥ်တကျမရှိပဲ နေထိုင်သူများ ပြန့်ကြဲနေရာ စောရန်နိုင်မှ မြို့တည်ဆောက်ခြင်း မူကြမ်းအားသုံး၍ အလျားအနံ ညီမျှသော မိုင်၅၀ပတ်လည်ရှိ အတွင်းမြို့တံတိုင်း မိုင်၁၀၀ပတ်လည်ရှိ အပြင်တံတိုင်းနှင့်တကွ မြို့ကွက်အား ချဲ့ခဲ့လေရာ ထိုနေရာသစ်များမှာ များမကြာမှီ ကာလအတွင်း၌ ပြီးဆုံးပေတော့မည်၊၊
အနောက်ဘက် မြို့တံတိုင်းနှင့် သားရဲတစ်ထောင် တောအုပ်ကြားလွင်ပြင်၌ မြို့စားတပ်တော်စုများ အစဥ်လိုက်အားဖြင့် စခန်းချနိုင်ရန် စစ်စခန်းကြီး ၆ခု တည်ဆောက်နေကြပြီး စစ်ဌာနချုပ်အား စခန်း၆ခုအလယ်ဆုံရာ၌ တည်ဆောက်ထားလေသည်၊၊
ထိုစခန်းများအနက် ခရူးဆိတ်တပ်၊ အနက်ရောင် သံချပ်ကာမြင်းတပ်၊ သေနတ်တပ်၊ အမြောက်တပ်များသာ ရှိနေသေးပြီး ကျန်ရှိသော အကျယ်ဝန်းဆုံးစခန်းနှင့် အခြားစခန်းတချို့မှာ ကွပ်လပ်အဖြစ် သာရှိနေသေး၏။
ထိုနေရာများကား စောရန်နိုင်၏ ပင်မလက်နက်ထုတ် စက်ရုံများနှင့် လေတပ်တည်မည့် နေရာများသာ ဖြစ်လေ၏။
( မိတ်ဆွေမြင်သာအောင် ပြရမည်ဆိုက ခြောက်ထောင့်ကြယ်၏ အချွန်များအား မျဥ်းတား၍ အလယ်၌ ကျန်နေသောကွပ်လပ်သည် စစ်ဠာနချုပ်နှင့် လေတပ်၊ အချွန်းများသည် တပ်စခန်းများ၊ စက်ရုံများဖြစ်ပေမည်၊ ပုံစံကား အလယ်ခေတ် ဥရောပစတိုင် ခံတပ်ပုံ ထွက်လာပေမည် )
ပတ်လည်မိုင်အားဖြင့် မိုင်၂၀ခန့် ကျယ်ဝန်းပေ၏။
စောရန်နိုင်နှင့် မင်းထင်င်နော်ရထာတို့နှစ်ယောက် မြို့သစ်ဖက်ရှိ ဆင်းရဲသားရပ်ကွက် အတွင်းချောင် တစ်နေရာသို့ ဝင်ရောက်ချိန်
"ညီမလေး … ကိုကြီးတို့နဲ့ လိုက်ခဲ့ပါကွာ .. ညီမလေး စိတ်ချမ်းသာစေရမယ် … ဟားး၊ ဟား"
"နင်တို့တွေ ...... သေချင်လို့လား"
ဆင်းရဲသားရပ်ကွက်များ၏ မြင်နေကြ မြင်ကွင်းတချို့ စောရန်နိုင်မြင်လိုက်ရရာ မတက်သာစွာဖြင့် ခေါင်းရမ်းမိလေသည်၊၊ သိန်းချီသော ပြည်သူများအကြား၌ ဤကဲ့သို့ အနိုင်ကျင့်မှုများက ပုံမှန်မျှသာ၊၊
"ဟား ... ဟား ၊ ညီအစ်ကိုတို့၊ ဒီကောင်မကို အနုနည်းနဲ့မရရင် အကြမ်းနည်းသုံးပြီး ပျော်ပါးကြစို့"
"အစ်ကိုကြီး၊ အစ်ကိုကြီးပြီးရင် ညီလေးတို့လဲ ဒီအလှလေးကို ပျော်ပါးပါရစေ"
"လှလိုက်တာကွာ ... တာဝန်နဲ့ထွက်လာတုန်း ဒီလိုနေရာမျိုးမှာ တွေ့ရတာ … အားပါးပါး"
စောရန်နိုင် ချောင်းတစ်ချက်ဟန့်ရင်း
"အဟမ်း ... တော်လောက်ပြီ ထင်ပါရဲ့"
"ဘယ်ကောင်လဲကွ ..... ငါတို့ဒီမှာ အလုပ်ရှုပ်နေတာ မမြင်ဘူးလား"
"ကြည့်ရတာ သူဠေးသားဆိုးလေးတွေ မိန်းမလှကို ကယ်တင်တဲ့သူရဲကောင်း လုပ်ချင်ကြတယ်ထင်တယ် အစ်ကိုကြီး"
"သွားစမ်းပါကွာ"
"ငါတို့ ဂီတလုလင်ဂိုဏ်းရဲ့ စီနီယာအစ်ကိုကြီးက ဒီကောင်မလေးကို နှစ်သက်နေတယ်"
"ဟုတ်တယ်၊ အဲဒီတော့ … မင်းတို့လမ်း မင်းတို့ဒိုးလိုက်တော့"
စောရန်နိုင်တို့ မသွားပဲ ပေကပ်ကပ် ဆက်ရပ်နေကြမှန်း သိသောအခါ
"ဒီကောင်းကင်ရဲ့ အမြင့်ကိုမသိတဲ့ သကောင့်သားတွေကို ရိုက်ကြစမ်းကွာ"
"ဟုတ်အစ်ကို ..... အာ့"
"အုန်း"
အခန်း(၄၄)ပြီး
အခန်း(၄၅)
( မြေခွေးမလေး ချူရင် )
"အုန်း"
မြေသားနံရံ၌ လူပုံစံ အပေါက်တစ်ပေါက် ဖောက်ထားလေသည်။ တမင်ဖောက်ခြင်း မဟုတ်ပါ၊ ဂီတလုလင်ဂိုဏ်းသားဖောက်သွားခြင်းသာတည်း၊
"မင်း .... မင်း"
"ကြည့်ရတာ ဂီတလုလင်ဂိုဏ်းနဲ့ ငါ့ရဲ့ သုံးရာသီပန်းခြံအိမ်တော် စာရင်းရှင်းသင့်ပြီ ထင်တယ်"
"သုံးရာသီပန်းခြံအိမ်တော်၊ မင်း .... မင်းကမြို့"
“ရွှတ်"
“အင့်”
"ဟာ .... စီနီယာသေသွားပြီ၊ သူသတ်လိုက်တာ၊ ပြေး ... ပြေး၊ ဂိုဏ်းကိုသတင်းပို့ကြ"
"သခင်စော"
စောရန်နိုင် လက်ကာပြ၍ ပြေးထွက်သွားသော ဂိုဏ်းသားများအားကြည့်ကာ
"ထားလိုက်ပါ၊ မဟုတ်လဲ တစ်ရက်ရက် ရှင်းရမှာပဲကို"
"ဆိုတော့မိန်းခ”
"ရှင်တို့ယောကျာ်းတွေ အကုန်အတူတူပဲ၊ ကယ်ချင်ယောင်ဆောင်ပြီး နောက်ဆုံးတော့ အိပ်ယာထဲ သွင်းပစ်မလို့မလား"
မင်းခေါင်နော်ရထာမှ
"မိန်းခလေး … မင်းမှားနေပါပြီ ... ငါတို့က”
"တော်စမ်းပါ၊ ရှင်တို့ယောကျာ်းတွေ အကုန်အတူတူပဲဆိုတာ ကျွန်မမသိဘူး ထင်နေသလား"
စောရန်နိုင်
"အာ ... ဟုတ်ပါပြီ ကောင်းကင်အံတု မြေခွေးမလေးရယ်၊ တကယ်တော့ ကျွန်တော်တို့က လာကြိုတာပါ၊ ဒီနေရာမှာ ဒီလိုအဖြစ်မျိုးနဲ့ ကြုံခဲ့ရလို့ စိတ်မကောင်းပါဘူးဗျ"
"ရှင် ... ရှင်ဘယ်သူလဲ၊ ကျွန်မက မြေခွေးဆိုတာ ဘယ်လိုသိနေတာလဲ"
[ ဘယ်လိုသိတာလဲဟုတ်လား၊ ဟိုကောင်တွေကသာ နှာမွန်နေလို့ ချွန်ထွက်နေတဲ့ နားရွက်တွေကို သတိမထားမိကြတာ ]
"ငါက ဒီသားရဲတစ်ထောင် မြို့ရဲ့မြို့စား စောရန်နိုင်ပါ၊ မိန်းခလေးကကော ဒီမြို့ထဲကို ဘာလာလုပ်တာလဲ၊ ကိုယ့်ရန်သူရဲ့မြို့ကို လာလည်တာတော့ မဟုတ်လောက်ပါဘူးနော်"
ချူရင်တစ်ယောက် အံ့ဩောခြင်းတော့ မဖြစ်မိပါ၊ လူသားစစ်တပ်ဘက်မှာ ချီဧကရာဇ်တစ်ယောက် ရှိနေတယ်မဟုတ်ပါလား။
"ကျွန်မနာမည်က ချူရင်ပါ၊ ကောင်းကင်အံတု မြေခွေးမျိုးနွယ်ရဲ့ လက်ရှိအုပ်ထိန်းသူ တစ်ယောက်ပါ"
"ချူရင်၊ နာမည်ကလှသလို လူလဲ ... အဟမ်း၊ ပုံစံလဲ လှပါတယ်လေ၊ ဒီမြို့ရဲ့ အိမ်ရှင်တစ်ယောက်အနေနဲ့ ဧည့်ဝတ်ပြုပါရစေလားဗျ"
သူမမကြောက်ပါ၊ ထိုသူကိုသူမ မသတ်နိုင်ရင်တောင် သူမအစွမ်းဖြင့် ထွက်ပြေးလွတ်မြောက် နိုင်ပါသေးတယ်။
"ကောင်းပါပြီ"
ပြီးခဲ့တစ်လ၊ နောက်ဆုံးတိုက်ပွဲ မစတင်ခင် ရက်အချို့ကို ပြန်ကြည့်မယ်ဆိုရင်
အနောက်ပိုင်းပြည်နယ် ရန်မိသားစု အိမ်တော်အတွင်း၌ မိသားစုအကြီးအကဲများ စုဝေးလျက်ရှိ၏။
"ဒီနှစ်ဆောင်းရဲ့ သားရဲလှိုင်းရဲ့ဒဏ်ကို သားရဲတစ်ထောင်တောအုပ်နဲ့ အနီးဆုံးဖြစ်တဲ့ သားရဲတစ်ထောင်မြို့က အခံနေရဆုံးပါ ခေါင်းဆောင်"
အကြီးအကဲတစ်ဦးက တင်ပြနေပါတယ်
"အဲ့ဒီမြို့က မိမစစ်ကောင် အစားရတဲ့ မြို့မလား"
သူကတော့ ရန်မိသားစုရဲ့ လက်ရှိခေါင်းဆောင်ပါ၊ ရန်နိုင်စိုးရဲ့ညီ၊ စောရန်နိုင်ရဲ့ ဦးလေးတစ်ယောက် ဖြစ်လေသည်။
အကြီးအကဲက
"ဟုတ်ပါတယ်ခေါင်းဆောင်၊ သူပါပဲ ဘုရင်မင်းမြတ်က အမတ်ကြီးရန်နိုင်စိုးကို အရှေ့အရပ် နှယ်နှင်လိုက်တဲ့အပြင် သူ့ကိုလဲ သားရဲတစ်ထောင်မြို့ဆီ ပို့လိုက်တာက အောင်မိသားစုရဲ့ အကြံအစည်ထင်ပါတယ်၊ ကြည့်ရတာ သူ့ကို ဒီဆောင်းကို မကျော်စေချင်ပုံပါပဲ ခေါင်းဆောင်"
"ဒီသတင်းသာ အမှန်ဆိုရင် မိမစစ်ကောင်တော့ သေချာပေါက်ကို အသက်ပေးရမှာပဲ၊ ဟား ... ဟား"
"တင်ပြပါတယ် ခေါင်းဆောင်"
"အန်း"
"သားရဲတစ်ထောင်မြို့က ကျန်မိသားစုကို မြို့စားအသစ် ဖြစ်လာသူက တိုက်ရိုက်ဖြုတ်ချလိုက်ပြီး ဆေးပင်စိုက်ခင်းတွေနဲ့ မိုင်းတွင်းတွေကို သိမ်းလိုက်ပါပြီ၊ ပြီးတော့”
“ဝုန်း”
အခန်း(၄၅)ပြီး