← Chapters

အခန်း (၃၄-၃၆)

Vol. 3 Ch. 34-36

အခန်း (၃၄-၃၆)

Vol. 3 Ch. 34-36

အခန်း(၃၄)

( စံပယ်ဦး )

"နင်တို့သေချာပေါက် အသက်ရှင်ပေးကြပါ .... အဟင့်"

ထိုစဥ် အနောက်မှ ချောင်းနေသော မီးဝံပုလွေတစ်ကောင်မှ အလစ်ဝင်ကိုက်လေရာ

"မမလေး ...... "

"ဝေါင်း ...... ဇွတ် .... အု"

လှံပျံတစ်စင်း ထွက်ပေါ်လာပြီး မီးဝံပုလွေအား ထိမှန်ကာ အနောက်ဘက် ခပ်လှမ်းလှမ်းရှိ သစ်ပင်၌ ချိတ်ဆွဲသွားလေသည်။

ထိုနောက် အနီရောင်အနားကွပ် အနက်ရောင်ချပ်ဝတ်များ ဝတ်ဆင်ထားသော မြင်းသည် ၅၀ခန့် ထွက်ပေါ်လာပြီး မီးဝံပုလွေအုပ်အား ဝင်ရောက်တိုက်ခိုက်လေရာ မီးဝံပုလွေအုပ်မှာ တကွဲတပြား ပြန်ပြေးသွားကြပြီး မီးဝံပုလွေ ၂၀ခန့် သေကျန်ခဲ့လေ၏။

အသက်ရှင်လျက် ကျန်ရစ်သူများ ခြေပစ်လက်ပစ် လှဲချလိုက်ကျကာ အနားယူနေကြပါတယ်။

"ဒီတောအုပ်က ဒီအချိန်တွေမှာ သားရဲတွေ ထကြွသောင်းကျန်းတာ မသိဘူးလား မိန်းခလေး"

မင်းရဲကျော်စွာ၏အမေးအား

"ကျွန်မတို့ စံမိသားစုဝင် အသက်တွေကို ကယ်ခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ် တပ်မှူးကြီး၊ ဒီတောအုပ်အကြောင်း ကျွန်မတို့သိပေမဲ့ မဖြစ်မနေ ထွက်ပြေးစရာဆိုလို့ ဒီတောအုပ်ပဲရှိတာမလို့ အခွင့်အရေး ရလိုရငြား လာခဲ့မိကြတာပါ"

[ ဒီလူတွေက ဒီဒေသက ဟုတ်ဟန်မတူဘူး၊ ထားပါတော့ အဲဒါငါ့အပိုင်းမှ မဟုတ်ပဲ ]

"ထားတော့၊ ငါက သားရဲတစ်ထောင် နယ်စပ်မြို့ရဲ့ သံချပ်ကာ မြင်းတပ်ဗိုလ်ချုပ် မင်းရဲကျော်စွာဖြစ်တယ်၊ ကျန်တာတော့ မြို့စားသခင်နဲ့ တွေ့ပြီးမှပြောပေါ့"

"သားရဲအမြုတေတွေ ထုတ်ယူပြီး မြို့စားခန်းမကို အပ်လိုက်ပါ၊ အဲဒီကြမှ ဆုခွဲတမ်း ပြန်ယူကျပေါ့"

"ယေး"

အသက်ရှင်ကျန်ရစ်သူ စံမိသားစုဝင် ၁၀ဦးခန့်အား မြင်းကိုယ်စီဖြင့်တင်ကာ သားရဲတစ်ထောင်မြို့သို့ ပြန်လာခဲ့ကြလေသည်၊၊

သံချပ်ကာမြင်းတပ်နှင့် လည့်ကင်းလည့်ရင်း တိုက်ပွဲဖြစ်နေသံအား ကြားရ၍ စုံစမ်းရန် လာကြရာမှ ယခုကဲ့သို့ ကယ်တင်ခံလိုက်ကြခြင်းဖြစ်လေသည်၊၊

သုံးရာသီပန်းခြံ၊ အလယ်ခြံဝိုင်း၌

"ညီလေးစော ... ကင်းထောက်ထွက်သွားတဲ့ ဗိုလ်ချုပ်မင်းရဲကျော်စွာ ပြန်ရောက်လာပြီး သူစိမ်းလူ ၃ဆယ်ခန့်ကိုလဲ တောအုပ်ထဲကနေ ကယ်ခဲ့ရတယ်လို့ ဆိုပါတယ် သူတို့ကလဲ ညီလေးနဲ့ တွေ့လိုပါတယ်တဲ့"

စောရန်နိုင်က စာရင်းများနှင့် စစ်တပ်အစီရင်ခံစာများ ဖတ်နေရင်းဖြင့်ပင်

"အင်း .... ခေါ်လိုက်လေ"

"မင်းရဲကျော်စွာက နူတ်ဆက်ပါတယ် သခင်စော"

စောရန်နိုင် ခေါင်းထောင်၍ ကြည့်လိုက်လေရာ မင်းရဲကျော်စွာဘေး၌ အသက်အားဖြင့် ၁၆နှစ်အရွယ် မိန်းခလေးတစ်ဦးအား အဝတ်အစားများ အပြဲရာများနှင့် တွေ့လိုက်ရလေရာ၊ မေးခွန်းထုတ်သော အကြည့်မျိုးဖြင့် မင်းရဲကျော်စွာအား ကြည့်လိုက်မိသည်၊၊

မင်းရဲကျော်စွာ ကပြာကယာဖြင့် လက်ယမ်းပြရင်း

"အာ .... ဒါက ကျွန်တော်နဲ့မဆိုင်ဘူးနော် သခင်စော၊ သူတို့ကိုမီးဝံပုလွေလက်ထဲကနေ ကယ်လာတာပါ"

"အော် .... အန် မီးဝံပုလွေဆိုတော့ သားရဲပေါ့"

"ဟုတ်ပါတယ် သခင်စော ... သခင်စော မှာကြားထားတဲ့ အဆင့်၁ အမြူတေ ၃ခုလဲ ရလာပါတယ် ဒီမှာပါ"

စောရန်နိုင် ရုတ်တရက် ထရပ်ရင်း စနစ်သိုလှောင်ခန်းထဲက Colt Paterson 1836 အားထုတ်၍ အမြူတေ ထည့်သွင်းအပေါက်နေရာအား အဆင့် ၁ အမြူတေအား ထည့်သွင်းလိုက်ရာ အဖြူရောင် အလင်းတစ်ခုနဲ့အတူ အမြူတေ ထည့်သွင်းရာ နေရာအနီး၌ သွေးသွယ်သော အဖြူရောင် အတန်းလေး ခြောက်တန်းအား တွေ့ရှိရလေသည်၊၊

"ဝှစ်"

မင်းရဲကျော်စွာ မျက်မှောင်ကျုံ့ရင်း

"သခင်စော ... အဲဒါက ဘာလက်နက်လဲဗျ"

"ဒါက ခြေက်လုံးပြူးလို့ခေါ်တဲ့ သေနတ်တစ်လက်ပဲ"

စံပယ်ဦး မျက်လုံးပြူး၍

"ဒါက အဆင့်၁ လက်နက်တစ်ခုပဲ"

"ဒီလက်နက်ကို သိလို့လား"

"ဒီလိုပုံစံမျိုး မမြင်ဖူးပေမဲ့ ဒီလိုအဖြူရောင်ရှိတဲ့ လက်နက်တွေကိုနန်းတွင်းမှာ မြင်ဖူးခဲ့တယ်"

"ဟုတ်လား ... နေစမ်းပါဦး၊ မင်းကဘယ်သူလဲ၊ ဘယ်ကလဲ၊ ဘယ်လိုလုပ် သားရဲရာသီမှာ တောအုပ်ထဲကို ရောက်နေရတာလဲ"

"ဟုတ်ကဲ့ ကျွန်မက သားရဲတစ်ထောင် တောအုပ်အနောက်ဘက်က ဇေယျဝတီ နိုင်ငံက မင်းသမီးပါ"

"ကျွန်မတို့နိုင်ငံက သားရဲသခင်တွေ၊ လက်နက်သခင်တွေ ပေါများတဲ့ နိုင်ငံတစ်ခုပါ၊ အစက အေးချမ်းပေမဲ့ တောင်ဘက်က သလ္လာဝတီ သားရဲသခင် နိုင်ငံတော်က ဝင်တိုက်လို့ တစ်နိုင်ငံလုံး စစ်ရှုံးခဲ့ရပြီး နန်းရင်ပြင် တိုက်ပွဲမှာပဲ အဆင့်၅ သားရဲသခင်ကသတ်လို့ အဖေနဲ့အမေ အပါအဝင် ပြည်သူသန်းနဲ့ချီ သေဆုံးခဲ့ရပါတယ်"

"ကျွန်မလဲ ရွေးချယ်စရာမရှိပဲ နောက်လိုက် ၁ထောင်ကျော်နဲ့ သားရဲတစ်ထောင် တောအုပ်ထဲကို ထွက်ပြေးခဲ့ရပြီး နှစ်ဝတ်အတွင်း ပါလာတဲ့ နောက်လိုက်တွေက သားရဲရန်ကြောင့် တဖြည်းဖြည်းနဲ့သေဆုံးခဲ့ကြရပါတယ်'

"ဒီက ဗိုလ်ချုပ်ကယ်တင်ခဲ့လို့သာ ကျွန်မအပါအဝင် သားရဲသခင်တချို့နဲ့ လက်နက်ပညာရှင်တချို့ပဲ အသက်ရှင်ခဲ့ပါတယ်"

စံပယ်ဦးလဲ မျက်စိသူငယ် နားသူငယ်ဖြင့် ရှင်းပြနေရှာပါတယ်။

စောရန်နိုင် စိတ်ဝင်တစား နားထောင်နေလေသည်၊ ဇာတ်လမ်းဆုံးသော် သက်ပြင်းတစ်ချက်ချ၍

"လောလောဆယ် မင်းတို့ဒီမှာ ခနခိုလှုံကြပေါ့၊ အမှန်တကယ်တော့ ငါတို့မြို့ကလဲ အခြေအနေက ကောင်းလှတယ်တော့ မဟုတ်ပါဘူး"

"မကြာခင် သားရဲတွေ ဝင်တိုက်တော့မှာမို့ ခုခံဖို့ ပြင်ဆင်နေရတာ မင်းလဲ မြင်ခဲ့လောက်ပါပြီ"

"ကျွန်မကို ဒီမြို့လေးမှာ ခနပဲ နားခွင့်ပြုပါ၊ ကျွန်မလူတွေ ဒဏ်ရာသက်သာရင် ခရီးဆက်ပါရစေ"

သူမမျက်ဝန်းထဲရှိ မြို့အနေအထားနှင့် ခံစစ်အပေါ် အထင်သေးမှုအား စောရန်နိုင် မြင်နေရချေသည်၊၊

"တင်ပြပါတယ် ... သခင်၊ သားရဲတွေ တောအုပ်ထဲကနေ မြို့ဘက်ကို စပြီး လှုပ်ရှားလာပါပြီ"

စောရန်နိုင်

" ကဲ ... မင်းသမီး ... မြို့ရိုးပေါ် လိုက်ခဲ့ချင်သေးလား၊ နားချင်ပြီလား"

စံပယ်ဦး အံကျိတ်၍

"လိုက်ခဲ့မယ်"

[ ဘယ်လိုလူလဲ၊ ကူညီမယ်ဆိုလဲ အဝတ်အစားလေး အစားအသောက်လေး အရင်စီစဥ်ပေးဦးလေ ... အခုက ]

"ဘူ ............. "

အခန်း(၃၄)ပြီး

အခန်း(၃၅)

(ပထမသားရဲလှိုင်း)

"ဘူ .............. "

တိုက်ပွဲဝင် ဦးချိုသံနဲ့အတူ တပ်ဖွဲ့များ အသင့်ပြင်လိုက်ကြလေသည်။ မြို့တံတိုင်းပေါ်၌ မင်းရဲကျော်စာမှ

"သေနတ်တပ် အမိန့်နာခံပါ၊ ငါ ... ဗိုလ်ချုပ်မင်းရဲကျော်စွာ၊ သခင်စေရဲ့ စီစဥ်မှုအရ သေနတ်တပ်ကို ခတ္တခဏ ဦးစီးမှာဖြစ်တယ်၊ အဲ့ဒါကြောင့် ငါ့ဆီကပစ်မိန့်ကို စောင့်ကြပါ .... ချိိန်"

"မိသားစုတပ် လေးတပ်ဖွဲ့ ...... အသင့်ပြင်"

"အမြောက်တပ် ... အသင့်ပြင်"

"ခရူးဆိတ်တပ်ဖွဲ့ ... ခုခံမှုအသင့်ပြင်"

အမိန့်ပေးသံ အသီးသီးနှင့်အတူ တပ်အသီးသီး အသင့်ဖြစ်ချိန်တွင်

၄သောင်းခန့်သော သားရဲအုပ်သည် အဆင့်၁သားရဲများ ဦးဆောင်လျက် မြို့ရိုးနှင့် ၂မိုင်အကွာသို့ ရောက်လာလေသည်၊၊

"ဝေါ ...... ဝေါင်း ... ဝေါင်း"

"အမြောက်တပ် ... ပစ်"

"အုံး .... အုံး .... အုံး"

နားအူစရာ ဆူညံသံများ ထွက်ပေါ်လာပြီး သားရဲအုပ်ထဲသို့ စွမ်းအင်လုံးများ ကျရောက်ပေါက်ကွဲကြရာ တစ်ခါထိမှန်တိုင်း ကိုက်၁၀၀ခန့် ကျယ်ဝန်းသော ကျင်းကြီးများနှင့်အတူ အသားစများ လွင့်ပျံကုန်လေသည်။

"အမြောက်တပ် ပထမအသုတ် စွမ်းအင်ဖြည့်၊ ဒုတိယအသုတ် ... ပစ်"

"အုံး ... အုံး ... အုံး"

"အမြောက်တပ် ဒုတိယအသုတ် စွမ်းအင်ဖြည့်၊ ပထမအသုတ် ... ပစ်"

"အုံး ... အုံး .... အုံး"

"အမြောက်တပ် ... စိတ်ကြိုက်ပစ်"

အမြောက်၁၂၀အား ၆၀လက်လျှင် တစ်တန်းနှုန်းဖြင့် ပစ်ခြင်းဖြစ်ရာ အမြောက်တစ်တန်းပစ်တိုင်း မြို့တံတိုင်းများ တုန်ခါနေသလို လူတို့သည်လည်း နားပိတ်ထားရလေသည်၊၊

[ ဆူညံလွန်းတယ်ဟ ]

[ လခွမ်း ဒီလောက်စွမ်းအား ပြင်းရသလားဟ ]

[ သွားပါပြီ၊ ကုန်ပါပြီ ]

[ အဲဒါကြောင့် ဒင်းက အသားနဲ့အရိုးကို ရသူယူနီးပါး သဘောကောင်းနေတာကိုး၊ ဒီပုံစံနဲ့ တစ်ခုရရင် ကံကောင်း၊ ငါ့လူးပဲ ]

မိသားစုတပ်ဖွဲ့ဝင်များ မျက်ရည်ကျချင်သော်လည်း မျက်ရည်မထွက်ချေ၊၊

သားရဲတပ်များ မြို့ရိုးနှင့် မိုင်ဝတ်ခန့် နီးလာသောအချိန်တွင် သားရဲများမှာ ၃ပုံ၁ပုံပင် မကျန်ချင်တော့ပေ။

"သေနတ်တပ်ရှေ့တန်း ..... ပစ်"

"ဖောင်း ...... ဖောင်း ..... ဖောင်း ... ဖောက်"

"ဂါး.... ဝေါင်း ... ဂါး ... ဝူး"

"သေနတ်တပ်ရှေ့တန်း စွမ်အင်ဖြည့်၊ ဒုတိယတန်း ... ပစ်"

"ဖောင်း .... ဖောင်း ... ဖောင်း ... ဖောက်"

"သေနတ်တပ်ဒုတိယတန်း စွမ်းအင်ဖြည့်၊ တတိယတန်း .. ပစ်"

"ဖောင်း .... ဖောင်း ... ဖောင်း ... ဖောက်"

"သေနတ်တပ် .... စိတ်ကြိုက်ပစ်"

"ဖောင်း .... ဖောင်း ... ဖောင်း ... ဖောက်"

ဒီလိုနှင့် မြို့တံတိုင်းနှင့် ကိုက်၅၀အကွာတွင် ထောင်နဲ့ချီသော သားရဲလောင်းများ ပျံ့ကြဲနေလေတော့သည်၊၊

"အမြောက်တပ် ... အပစ်ရပ်"

"သေနတ်တပ် ... အပစ်ရပ်"

စောရန်နိုင်မှ မိသားစုတပ်ဖွဲ့များအား တစ်ချက်မျှ လည့်ကြည့်၍

"ခရူးဆိတ်တပ်ကို စေလွတ်လိုက်ပြီး ရနိုင်သမျှ သားရဲအလောင်းနဲ့ အမြူတေတွေကို သုံးရာသီပန်းခြံထဲ သယ်ခိုင်းလိုက်ပါ၊ မင်းသမီးကိုလဲ နားနေဖို့စီစဥ်ပေးပြီး၊ ဆောင်းကုန်ရင် ခရီးဆက်နိုင်အောင် စီမံပေးလိုက်ပါ"

သားရဲပထမ အစမ်းတစ်သုတ်ကား ကုန်သွားလေပြီ၊ မသေမရှင် ကျန်ခဲ့သော သားရဲများကို ခြေလျင်တပ်အား ရှင်းလင်းခိုင်းလိုက်၏၊၊

မိသားစုတပ်ဖွဲ့များကား ဓားပင် မထုတ်လိုက်ရ၊ မြှားများမှာလည်းအမိန့်ပေးသူ ကြောင်အ နေသောကြောင့် မပစ်လိုက်ရချေ၊၊

[ ငါ့လခွီးပဲ .... မြှားသမားတွေ မင်းအဘလိုပဲ ]

ဒီပုံစံနဲ့သာဆိုရင် သူတို့ရဲ့ မိသားစုတပ်ဖွဲ့တွေ ဘာဆိုဘာမှ မရနိုင်ပေ

သုံးရာသီပန်းခြံ၌

"အကိုဇော်ပိုင် .... အပြင်က ခြံဝိုင်းအလွတ်တွေမှာ ဒီလိုပုံစံ အဆောက်အဦးတွေကို တစ်ဧကကို တစ်ခုနှုန်းဆောက်ဖို့ စီစဥ်ပေးပါ"

"အတွင်းခြံဝိုင်းထဲက မလိုအပ်တဲ့ အဆောက်အဦးတွေကို ဖြိုချပြီး၊ ဒီလိုအဆောက်အဦးတွေနဲ့ အစားထိုးပေးပြီး သုံးရာသီ တစ်ခြံလုံးကို လုံခြုံရေးတင်ကျပ်ပါ၊ ခွင့်ပြုချက်မပါရင် မည်သူမှ မဝင်ပါစေနဲ့၊ တစ်ပတ်အတွင်း အပြီးလိုချင်တယ်"

"ဟုတ်"

ထိုအဆောက်အဦးများမှာ၊ အမြောက်များနှင့် သေနတ်များ ထားရန်အတွက် ဖြစ်လေသည်၊ စောရန်နိုင်သည် ဤသားရဲခုခံမှုမှ အမှတ်ပေါင်း ၄သောင်းကျော် ရရှိထားရာ ဘောစိဖြစ်နေလေပြီ၊၊ သူအ‌နေနဲ့ မစောင့်နိုင်တော့ချေ။

လေ့လာမှုများအရ သားရဲအုပ်များသည် တစ်ခါလာတိုင်း အရေအတွက် တိုးလာလေရာ၊ ကြာလာလျှင် သူ့လက်ရှိအင်အားဖြင့် ထိန်းနိုင်မည်မထင်၊ ချီဘုရင်အဆင့်များနှင့် ချီဧကရာဇ်တစ်ဦး ရှိထားသော်လည်း သူထုတ်ပြီး မသုံးချင်သေးပါ၊ ထိုအပြင် ထိုသူများအား သူ့ဝှတ်ဖဲအဖြစ် ထားချင်သေးသည်၊၊

ထိုအပြင် လက်ရှိအမြောက်တပ် သုံးနေသော helepolis ၁၂ပေါင်ဒါ အမြောက်များမှာ စွမ်းအင်ပြည့်ချိန် ကြာလှပြီး အမြောက်တစ်လက် စွမ်းအင်ပြည့်ရန် အခြေခံတည်တောက်ခြင်း စစ်သည် ၄ယောက်လို၏၊ ထိုအပြင် အိုးလ်ဂတ်သုံး တူးမီးလ်သေနတ်များမှာ စွမ်းအင်ပြည့်ရန် ၅စက္ကန့်ကြာပြီး တစ်ခါစွမ်းအင်ပြည့်မှ တစ်ကြိမ်သာ ပစ်နိုင်လေသည်၊၊

မြင်းတပ်နှင့် ခြေလျင်တပ်မှာ ပိုမိုစွမ်းအားကြီးသော သူများနှင့်တွေ့လျှင် အရာရောက်မည် မဟုတ်ချေ၊ ထိုအချိန် သူအားကိုးစရာမှာ ချီစစ်သူကြီး အထက်အဆင့်ရှိ အနည်းငယ်သော လူများသာ ကျန်ရှိပေလိမ့်မည်၊၊

ဤလိုအပ်ချက်များအား ပြည့်မှီစေရန် အခြေခံတည်ဆောက်ခြင်း အဆင့်မှစ၍ အသုံးပြုနိုင်သော အော်တိုမစ်တစ် စွမ်းအင်ကျည်သုံး ရိုင်ဖယ်များ၊‌ စက်သေနတ်များ၊ စွမ်းအင်တောင့် ထည့်သွင်းပစ်ခတ်၍ရသော အမြောက်များဖြင့် အစားထိုးလိုလေသည်။

စနစ်စျေးဆိုင်မှ အမြောက်ထုတ်လုပ်ခြင်း နည်းပညာများ၊ ချီစွမ်းအင်ပါဝင်သော အ‌မြောက်ကျည်ဆံ ထုတ်လုပ်ခြင်း နည်းပညာများအား အမှတ် ၁သောင်းခွဲသုံး၍ ဝယ်ယူခဲ့ပြီး စနစ်မှ ဆုချီးမြှင့်ထားသော karabiner 98k ထုတ်လုပ်နည်း ရှိပြီးဖြစ်၍ လိုအပ်နေသော ဆေးဝါးများအား အမှတ်၆ထောင်ဖြင့် ဝယ်ယူခဲ့လေသည်၊၊

ထိုနောက် ၎င်းတို့ပေါ်၌ ရေးဆွဲရန်လိုအပ်သော အစီအရင်အား အမှတ် ၃၄၀၀၀ကျော်ဖြင့် ဝယ်ယူခဲ့လေရာ သားရဲများ သတ်၍ရသော အမှတ် ၄သောင်းကျော်နှင့် ရှိသမျှအမှတ် ကုန်လေသတည်း။

"အကိုဇော်ပိုင် "

"ဟုတ်"

အခန်း(၃၅)ပြီး

အခန်း(၃၆)

karabiner-98k(kar-98k) ထုတ်လုပ်နိုင်ခြင်း

"ဟုတ်"

"ဦးလေးလွင်ကို ဆင့်ခေါ်လိုက်ပါ"

အချိန်နဲနဲ ကြာပြီးနောက်

"နောက်ကျသွားလ်ု့ တောင်းပန်ပါတယ် တူလေးစော"

"တောင်ဖက်ခြမ်း ခံစစ်ကို လိုက်စစ်နေချိန်မို့ အလာနေက်ကျ နေတာပါ"

"ရပါတယ်၊ ကျွန်တော် လွင်မိသားစု ဆီကနေ ပန်းပဲသမား ဘယ်နှစ်ယောက်လောက် ရနိုင်မလဲ"

"၁၀၀၀ လောက်တော့ ရနိုင်ပါတယ်၊ ငါ့တူဘယ်လောက် လိုလို့လဲ"

"ငါ့တူ အရေးတကြီး လိုအပ်ရင် ပန်းပဲရုံက သူတွေပါ ခေါ်သုံးလို့ ရပါတယ်၊ အဲ့ဒါဆို ၃၀၀၀ လောက်တော့ ရမှာပဲ"

"ကောင်းပြီ၊ ရသလောက် ခေါ်ပြီး အပြင်ခြံဝိုင်းမှာ စုထားပေးပါ"

"ပြီးတော့ ဆောင်းမတိုင်ခင် စုစည်းထားတဲ့ သံသတ္တုရိုင်း မှန်သမျှ ရသလောက် ဝယ်ပြီး ခြံထဲက အဆောက်အဦးတွေထဲ ပုံထားပေးပါ"

"ခဲနဲ့ ငွေသတ္တု နည်းနည်းလဲ ပိုစုထားပေးပါ ၃တန်စာ လောက်ပေါ့"

"သံမဏိကို ဒုတိယအနေနဲ့ ဦးစားပေးပါ နောက်ပြီး ဦးလေးလွင် ရှေ့တန်း မသွားနဲ့တော့ဗျာ"

"ကျွန်တော် အခုလုပ်မဲ့ ကိစ္စက လျို့ဝှတ်ချက် ကြီးမားလို့ ဦးစီးမဲ့ လူယုံလိုတယ်"

"အဲ့ဒါ ဦးလေးလွင် တာဝန်ယူပေးပါ၊ အဟဲ အခမဲ့ပေါ့ဗျာ"

"ဟား ... ရပါတယ်၊ မကြာခင် မိသားစုတွေ ဖြစ်တော့မှာပဲကို ငါ့တူရယ်"

"ဒါနဲ့ ဇာကော၊ အဆင်ပြေရဲ့လား"

"အင်း ... သမီးက အခု ရှေ့တန်းခံစစ်မှာ ဦးလေးနဲ့ အတူတူ ကူပေးနေတယ်၊ သူမရဲ့ ပထမဆုံး"

"ကျွန်တော် နားလည်ပါတယ် ဦးလေး၊ ပန်းပဲသမားတွေ ရောက်ရင်အကြောင်း ကြားပေးပါ"

"ဟင်း ... ကောင်းပါပြီ"

ထိုနောက် စောရန်နိုင်သည်၊ အလယ်ခြံတွင်း အဆောက်အဦး ကျယ်တစ်ခုထဲတွင် အမြောက်ကျည် နှင့် ၇,၆၂ ကျည်ဆံများအစား ချီစွမ်းအင် ဖြည့်ရန်အတွက်နှင့်‌ သေနတ်နဲ့ အမြောက် ထုတ်လုပ်ရန် မရှိမဖြစ် လိုအပ်သော အဆင့် ၂ ပေါင်းစပ် အစီအရင်အား နေရာချ ထားလိုက်လေသည်။

နေ့တစ်ပိုင်းခန့် အကြာတွင်

"တူလေးစော ပန်းပဲသမားတွေ ရောက်ပါပြီ"

"ကောင်းပြီ၊ သူတို့ကို ဒီအရည် သောက်ခိုင်းလိုက်ပါ"

ပန်းပဲသမားများ ဆေးရည် သောက်ပြီးနောက်

"ဒီဆေးရည်က အနံ့အရသာ မရှိပဲ တစ်လတစ်ကြိမ် ဖြေဆေးမရရင် သေစေနိုင်တဲ့ အဆင့် ၂ ဆေးရည်တစ်မျိုး ဖြစ်တယ်"

"ဟာာာာာာ"

"ဒါပေမဲ့ မပူပါနဲ့၊ အခု ကျွန်တော်လုပ်မဲ့ ကိစ္စဟာ ကြီးမားတဲ့အတွက်အပြင်ဘက်ကို နည်းပညာနဲ့ သတင်းအချက်အလက် မပေါက်ကြား စေလိုတဲ့အတွက် ယာယီထိန်းချုပ် ထားခြင်းသာဖြစ်တယ်"

"ကိစ္စကြီး အောင်မြင်သွားရင် အကုန်လုံးကို ဖြေဆေး ပြန်ပေးပါ့မယ်"

"သားရဲရန် ကာကွယ်ဖို့ အတွက်ဖြစ်ပြီး အချိန်က အရေးကြီးတာကြောင့် လုပ်ငန်းစ လိုက်ကြရအောင်"

"ကောင်းပါပြီ"

အဆိပ်လဲ သောက်ပြီးသည့် အပြင် သားရဲရန်လဲရှိသေးရာ အခုမှ ထဆူနေလဲ အလကား အချိန်ကုန် မည်မှန်းသိသောကြောင့် စောရန်နိုင်ပေးသော စာလိပ်များ အတိုင်း တည်ဆောက် တပ်ဆင်ကြတော့သည်။

သူတို့သည် ဝါရင့်ပန်းပဲ သမားများ ဖြစ်သည်နှင့် အညီ ကျင့်ကြံသူများလဲ ဖြစ်သည်မို့ စာလိပ်ပါ ပုံစံများအား မမြင်ဖူးသော်လည်း လေ့လာရင်း ပြုလုပ်ကြသည် ဖြစ်ရာ တပတ်အကြာ၌ အကုန်ပြီးစီး လေတော့သည်။

၎င်းတို့သည် karabiner 98k သေနတ် အတွက် ဆက်စပ်ပစ္စည်း များထုပ်လုပ်နိုင်သော စက်ကိရိယာ များသာတည်း၊၊

၎င်းတို့အား အသစ်တည်ဆောက်ထားသော အဆောက်အဦးထဲ ရွေ့ပြောင်းကာ စမ်းသပ် ထုတ်လုပ်ရာတွင် အစပိုင်း၌ လိုအပ်ချက်ရှိနေသော်လည်း၊ နောက်နေ့များတွင် အောင်မြင်စွာ ထုတ်လုပ်နိုင် ခဲ့လေသည်၊၊

ထုတ်လုပ်၍ ရသော ဆက်စပ်ပစ္စည်းများအား အလယ်ခြံရှိ အစီအရင်ထဲတွင် အလိုအလျောက် ဆက်စပ်တပ်ဆင်ကြပြီး မကြာမှီတွင် သံမဏိသီးသန့်ဖြင့် ပြုလုပ်ထားသော karabiner 98k တစ်လက် အားအောင်မြင်စွာ ထုတ်လုပ် နိုင်ခဲ့လေသည်၊၊

ထွက်လာသော karabiner 98k မှာ ပန်းပဲဆရာများ၏ လက်ကမြင်းမှုကြောင့် မူရင်းပုံစံဖြစ်သော အသားဒင် ၊သံသားပြောင်း အစားသံမဏိကိုယ်ထည် ၊သံမဏိဒင်နှင့် သံမဏိပြောင်း သီးသန့်ဖြစ်သွားပြီး ချီစွမ်းအင်သုံး ကျည်ဆံအစား နှစ်သက်ရာ အမြူတေ ထည့်သွင်း အသုံးပြုနိုင်သော ကျည်အိမ်ပုံစံနှင့် အမြူတေစွမ်းအင်သုံး သေနတ်တစ်လက် ဖြစ်သွားလေသည်၊၊

အမြူတေ ထည့်သွင်းပြီးနောက် ကျည်အိမ်၌ ဆယ်တန်းငယ် အဖြစ် ယှဥ်၍ မြင်တွေ့ရမည် ဖြစ်လေသည်။

ပထမဆုံး စမ်းသပ် ပစ်ခတ်မှုအား အပြင်ခြံဝိုင်း လေ့ကျင့်ရေးကွင်း၌ စမ်းသပ်ရာ အမြူတေစွမ်းအင်ကြောင့် ဖျက်အား ပြင်းထန်လှပြီး ၁ မိုင်အတွင်း ထိရောက်မှု အားကောင်းကာ ၃ မိုင် အကွာအဝေးအား အမြူတေစွမ်းအင် ရောက်ရှိနိုင်ကြောင်း ခန့်မှန်းရလေသည်။

ကျင့်ကြံသူများ အနေဖြင့် ကျင့်ကြံမှု့မြင့်လေ အမြင်အားကောင်းလေ ဖြစ်ရာ၊ ၃ မိုင် ဟူသည်မှာ မဝေးကွာလှပေ ၊ helepolis အမြောက်သည်ပင် ၂မိုင် ခန့်အထိသာ အကျိုးသက်ရောက်လေရာ ၃မိုင်ထိ ပစ်ခတ်နိုင်သော karabiner 98k သေနတ်များမှာ ထိန့်လန့်ဖွယ်ပစ်အား ၊ ပြင်းအား ရှိနေလေသည်၊၊

တစ်ကြိမ် တစ်ချက်နှုန်း တူသော်လည်း ၅ စက္ကန့်တွင် တစ်ကြိမ်သာ ပစ်နိုင်သော ယခင်တူးမီးလ် များအစား ၅ စက္ကန့်အတွင်း ၁၀ကြိမ် ပစ်ခတ်နိုင်သော karabiner 98k က အပုံကြီး သာလေသည်။

စောရန်နိုင် ကျေနှပ်စွာ ခေါင်းငြိမ့် အသိအမှတ် ပြုလိုက်ရင်း

"လောလောဆယ် မြို့မှာ ရှိသမျှ သံရိုင်းသတ္တုတွင်းက ထွက်တဲ့သံရိုင်းတွေကို သံမဏိစက်ရုံ ဆီပဲပို့ပါ"

"အဲဒီအတွက် တန်ကြေး မှန်သမျှကို သားရဲကာလ ပြီးရင် သားရဲအမြုတေနဲ့ ပြန်ပြီး ဖြေရှင်းပေးမယ်"

" ပြီးတော့ နောက်ထပ် သားရဲလှိုင်း မလာခင် ဒီလိုသေနတ်မျိုး ရသလောက် လိုချင်တယ်"

"ယေး"

အခန်း(၃၆)ပြီး

All Chapters