အခန်း (၃၇-၃၉)
Vol. 3 Ch. 37-39
အခန်း(၃၇)
( 88 cm အမြောက် )
"ယေး"
"ပြီးတော့၊ ပန်းပဲဆရာတွေကို သေနတ်ထုတ်လုပ်မှုမှာ ၂၈၀၀၊ ကျည်အိမ်ထုတ်လုပ်မှုမှာ ၂၀၀၊ သံမဏိစက်ရုံမှာ ၅၀၀နဲ့ ကျန်၅၀၀က ကျွန်တော်နဲ့လိုက်ခဲ့ပါ"
ထိုနောက် စောရန်နိုင်သည် helepolisအမြောက်အစား သာမာန်လူများပင် ထည့်သွင်းပစ်ခတ်နိုင်သော အဝေးပစ်အမြောက်များအား ထုတ်လိုနေလေသည်၊ ထိုနောက် ပန်းပဲဆရာများနှင့် တိုင်ပင်ငြင်းခုံကြရင်း ဆောင်းလလယ်ကာလသို့ ရောက်ရှိလာလေပြီ။
နောက်ဆုံးတွင် ချီစွမ်အင်သုံး အမြောက်တစ်လက်နှင့် သားရဲအမြုတေသုံး အမြောက်တစ်လက် နမူနာရလာပြီး မြို့ရိုးတင်၍ တောအုပ်ဘက်သို့ စမ်းသပ်ပစ်ခတ်ကြလေရာ၊ ထိရောက်မှုအကွာအဝေး၊ အကျယ်အဝန်းအား ချီဘုရင်များမှ တိုင်းတာပေးရလေသည်။
စနစ်ကပေးသော အမြောက်ပုံစံကြမ်း 88 cm တာဝေးပစ် ဟော်ဝှစ်ဇာမှာ ယမ်းအားသုံး အမြောက်ဖြစ်နေရာ လက်ရှိကမ္ဘာနှင့် မသက်ဆိုင်နေချေ၊ ပစ်ခတ်ပြီး၍ ထွက်လာသော အမြောက်ဆံအား အခြေတည်အဆင့် တစ်ယောက်ကပင် ဖျတ်ချနိုင်လေသည်၊၊
ထိုကြောင့် သားရဲအမြုတေနှင့် ချီစွမ်းအင် တစ်ခုခုအား အသုံးပြုရန် ဆွေးနွေးကြရာတွင် သားရဲအမြူတေသုံး အမြောက်မှာ ၁ချက်ပစ်နိုင်ရန် အဆင့် ၁သားရဲအမြုတေ တစ်ခုလိုအပ်ကာ မည်သူမဆို ပစ်ခတ်နိုင်ပြီး မိုင်၃၀အကွာရှိ ကိုက်၅၀၀ပတ်လည်အား အစအနဖြစ်သွားစေကာ စွမ်းအင်ပေါက်ကွဲမှုသည် ကိုက်၈၀၀အထိ ကျယ်ပြန့်လေသည်၊၊
ချီစွမ်းအင်သုံး အမြောက်ကား အမြောက်တစ်ချက်ပစ်ရန် အခြေတည်အဆင့် အနည်းဆုံးလိုအပ်ပြီး ချီစွမ်းအင်ပြည့်ရန် စက္ကန့်၂၀ မျှကြာကာ ၂၅မိုင်အကွာရှိ ကိုက်၄၀၀ပတ်လည်အား အစအနပျောက်သွားစေနိုင်၍ စွမ်းအင်ပေါက်ကွဲမှုသည် ကိုက်၇၀၀အထိ ကျယ်ပြန့်မည် ဖြစ်လေသည်၊၊
ဝမ်းနည်းဖွယ်ရာကား သတ်မှတ်ကိုက်များအတွင်း ထိမှန်က အဆင့် ၁အောက် သားရဲအမြူတေများအား ရရှိနိုင်တော့မည် မဟုတ်ချေ၊၊
စောရန်နိုင် သွေးပွတ်ပွတ် အန်ချင်သွား၏၊ လက်ရှိ၌ အဆင့်၁ အမြူတေမှာ သားရဲ၄သောင်းအား သတ်သည်မှာမှ ၁၀၀ခန့်သာ ရရှိလေသည်၊ ထိုအမြုတေများအား အဆင့်၁ ပေါင်းစပ်အစီအရင် ၃ခု၌ ပြန်သုံးထားရကာ လက်ရှိတွင် ၅၀ပင်ပြည့်အောင် မကျန်တော့ချေ၊၊
အများစုမှာ အဆင့်နိမ့် အမြူတေများသာဖြစ်ပြီး ၁သောင်းခွဲ နီးပါးရှိလေသည်၊ အလယ်အလတ်ထောင်ဂဏန်း၊ အထွတ်အထိပ် ရာဂဏန်းသာ ကျန်ရှိထား၏၊ အများစုမှာ အမြောက်တပ်ကြောင့် အမြူတေပင် မကျန်ခဲ့သောကြောင့် ဖြစ်လေ၏။
အမြောက်တပ်အား သုံးနေသ၍ ဤဆုံးရှုံးမှုအား ကြုံရမည် ဖြစ်လေသည်၊ အမြောက်တပ်မှာ မရှိလို့ကလဲ မဖြစ်ချေ၊ ပထမသားရဲလှိုင်းအား ၎င်းတို့မှ အဓိကအားဖြင့် ကာကွယ်ပေးခဲ့ခြင်း ဖြစ်လေသည်။
တစ်ခုရှိသည်ကား အသားစများနဲ့ အရိုးစများသည် ချီစွမ်းအင် အနည်းငယ်သာ ပါဝင်သောကြောင့် ဤဆောင်းကာလ၌ သိန်းနဲ့ချီသော ပြည်သူအများ အသားမငတ်နိုင်ကြတော့ပေ။
ယခင်ကဆိုလျှင် တိုက်ပွဲဝင်သူတို့သာ အသားစားနိုင်၍ သာမာန်ပြည်သူများမှ ဆန်ပြုတ်သာ စားသောက်နိုင်ခဲ့၏၊ အစာငတ်သေသူများပင် ရှိကြလေသည်။
( သားရဲအမြူတေ အဆင့်များအကြောင်း ရှင်းပြရမည်ဆိုလျှင်၊ သားရဲများအား အဆင့်နိမ့် ( တောကောင်သားရဲအဖြစ် ပြောင်းကာစ သက်တမ်း ၈လအတွင်း၊ အနီရောင် )၊ အလယ်အလတ် ( ၈လအထက် ကျော်လာက သားရဲအမြူတေမှာ အနီရောင်မှ နီညိုဘက်သို့ပြောင်းလဲသွား၏၊ သတ်မှတ်ကာလ မရှိတော့ချေ၊ သူတို့၏ သွေးမျိုးဆက်ပေါ် မူတည်လေသည် ) အထွတ်အထိပ်၊ ( သားရဲအမြူတေမှာ လုံးဝအနက်ရောင် ဖြစ်သွားလေသည် )၊ အဆင့်၁( အမြူတေ အဖြူရောင် )၊ အဆင့်၂ ( အမြူတေ အပြာနု )၊ အဆင့်၃ ( အမြူတေ အပြာရင့် )၊ အဆင့်၄ (အမြူတေ အစိမ်းပြာရောစပ် )၊ အဆင့်၅( လုံးဝအစိမ်းရင့် )- စာရေးသူ )
"ဘူ ........ ဘူ"
ဆောင်းလလယ် တိုက်ပွဲခေါ်သံအား ကြားလိုက်ကြရလေသည်၊ မြို့နှင့် မိုင်၅၀အကွာ တောအုပ်အတွင်း၌
"အာ ... ဝူး"
လွင်မိုးနဲ့ မိသားစုတပ်များ ကြောက်လန့်ကုန်ကြလေသည်၊၊
"ဒါအဆင့်၃ သားရဲပဲ၊ အဲဒါဆိုရင် ဒီတစ်ခေါက် သားရဲအုပ်က အရေအတွက် များမှာပဲ"
"ဟုတ်တယ် ... ပုံမှန်ဆို သူတို့က ဆောင်းရာသီနှောင်းပိုင်းမှ ပေါ်လာရမှာ မလား"
"အာ ..... ဝူး"
ဆွဲငင်စွာ အော်သံနဲ့အတူ တောအုပ်နှင့် မြို့ရိုးများ တုန်ခါနေလောက်အောင် ပြင်းထန်သော အသံများစွာ ထွက်ပါ်လာလေသည်၊၊
"ဝုန်း .... ဝုန်း"
"ဝေါင်း ... ခွီး ... ဂါး ... အူ"
"ဘုရားရေ ........ သားရဲတွေက သိန်းနဲ့ချီလောက်တယ်ဟ"
တချို့သော စွမ်းအင်မြင့် ကျင့်ကြံသူများမှာ တစ်ခြားသူများထက် ပိုမြင်နိုင်သည်မို့၊ မိုင် ၂၀အကွာမှ ပြေးဝင်လာနေသော သားရဲရိုင်းများအား မြင်နေရလေသည်၊၊
ချီဘုရင်နဲ့ အထက်အဆင့်မှာ သိပ်ပြီး မတုန်လှုပ်သော်လဲ ချီစစ်သူကြီး အဆင့်အောက်များမှာ တုန်လှုပ်နေကြရလေသည်၊ သူတို့အတွေးထဲ၌ကား
[ များလွန်းတယ် ]
ယခုတစ်ခေါက်မူ မြို့အား ပတ်လည်မှ ဝင်တိုက်ခြင်းပင်၊ သောင်းချီသော သားရဲများမှာ မြို့၏ကျန်သုံးဖက်အား လည့်တိုက်၍ သိန်းချီအင်အားမှာ မြို့အနောက်ဘက်အား အဓိကအားဖြင့် ဝင်တိုက်ကြခြင်း ဖြစ်လေသည်၊၊
စောရန်နိုင်နှင့် တပ်မဟာမှူး ဗိုလ်ချူပ်ကြီး မင်းထင်နော်ရထာတို့မှ မျက်မှောင်ကျူံ့လျက်
"သခင်စော ...... ဒီနှစ်ဆောင်းရဲ့ သားရဲတိုက်ခိုက်မှုက အရင်ကကြားသိထားတဲ့ တိုက်ခိုက်မှုတွေနဲ့ မတူသလိုပဲ"
"ဟုတ်တယ်၊ အရင်ကလဲ သိန်းချီဆိုပေမဲ့ တိုက်ခိုက်မှုက ပြန့်ကျဲနေတာတဲ့၊ ဒီနှစ်ဆောင်းမှာကျ အစီအစဥ်တကျ တိုက်ခိုက်ခံနေရသလိုပဲ"
"ကျန်သုံးဘက်မှာ တိုက်ခိုက်မှုက တောင်နဲ့မြောက်ကို ငါးသောင်း၊ အရှေ့ကို တစ်သိန်းနဲ့ အညီအမျှရှိတယ်"
ချီဧကရာဇ်အဆင့် ကျင့်ကြံသူမို့ သူ၏မြင်နိုင်စွမ်းနှင့် အာရုံခံနိုင်စွမ်းမှာ တစ်ခြားသူများထက် မိုင်ပိုနေလေပြီ၊
"ဒါက"
အခန်း(၃၇)ပြီး
အခန်း(၃၈)
( ဝန်းရံထားသော သားရဲအုပ်ကြီး )
"ဒါက"
"ဘာဖြစ်လို့လဲ"
"ကောင်းကင်အံတု မြေခွေးမျိုးနွယ်ဝင်တွေပဲ၊ အမြှီးငါးချောင်း အဆင့်၄ ကောင်းကင်မြေခွေး တစ်ကောင်ပါတယ်၊ ကျန်တာကတော့ အဆင့်၂ အောက်တွေပဲ၊ ခန့်မှန်းချေ ၁၅၀လောက် ရှိမယ်ထင်တယ်"
"ဘာ ... အဲဒါဆို အခုတိုက်ခိုက်မှုက အစမ်းသာသာပဲ ရှိဦးမှာပေါ့ .... ဘုရားရေ"
"ဟုတ်တယ် ပုံမှန်ဆို၊ အဆင့်၄ သားရဲလက်အောက်မှာ ရှိနေတဲ့ သားရဲအရေအတွက်ကို ခန့်မှန်းမရနိုင်ဘူး၊ အနည်းဆုံး ၁သန်းအထက်ပဲ"
"မဟုတ်သေးဘူး၊ အခုအဆင့်၄ သားရဲလက်အောက်မှာ သားရဲအဲဒီလောက် မရှိလောက်ဘူူး၊ မဟုတ်ရင် သူတို့တွေ ဆောင်းဦးကနေ အခုထိ အမြဲတိုက်နေကြမှာပဲ"
"အင်း၊ အရေအတွက်က ကန့်သတ်ချက် ရှိနေပုံပဲ၊ ပြီးတော့ တစ်ချို့မျိူးစိတ်တွေကို ဒီပတ်ဝန်းကျင် ဒေသတွေမှာ မတွေ့ရနိုင်ဘူး"
"ဆိုလိုတာက အစာပြဿနာ တစ်ခုတင် မဟုတ်ဘူး၊ သူတို့မှာလဲ တစ်ခြားဖိအား ရှိနေပုံပဲ"
"ခန့်မှန်းချေ သားရဲ ၇သိန်းကျော်ပဲ ရှိတယ်"
စနစ်
[ တွမ်၊ လျက်တပြက် တာဝန်ကြီး၊ ကောင်းကင်အန်တု မြေခွေးမျိုးနွယ်အား ထိန်းချုပ်ပါ၊ အသက်သေဆုံးခြင်း မရှိစေရ၊၊ဆုလာဒ်
အဆင့်၃ သားရဲသခင်အဆင့်
Walther PP ပစ္စတို ၁
SVD Dragunov sniper ၁
တွန်းကန်အစီအရင် ရေးဆွဲနည်း ၁
ပေါင်းစပ်အစီအရင် ၅
BA-17 Flying Fortress ( ပျံနေသောသစ်တော ) ဗုံးကြဲလေယာဥ် စက်ရုံ ၂ နည်း ၁
P.51H Mustang တိုက်လေယာဥ်ထုတ် စက်ရုံ ၁ ]
စောရန်နိုင်
[ အမလေးစနစ်ရယ် ..... ဘုရားဖူးများ ထွက်သွားပြီလားလို့၊ တာဝန်တွေ မပေးတော့လို့၊ မျှော်နေသူကြီးပါ ]
စနစ်
[ စနစ်က ပိုင်ရှင်ရဲ့ဘဝအချိုးအကွေ့ ဖြစ်စေလောက်မဲ့ အရာမျိုးအတွက်သာ တာဝန်ထုတ်ပေးပါတယ်၊ ကျေးဇူးပြု၍ မနှောက်ယှက်ပါနဲ့၊ လိုချင်တာရှိရင် စနစ်စျေးဆိုင်ဝင်ဝယ်၊ မေးချင်တာရှိ ဘေးလူများအားမေးပါ၊ သိလိုသည်များအား အော်တိုလုပ်ဆောင်ချက်များ ဖန်တီးပေးထားသည်၊ အိပ်လိုက်ဦးမယ် ... တီ ... တီ"
[ ငါလခွီး .... အဲဒါဆို၊ တာဝန်ပေးချိန်လွဲပြီး ကျန်တာတွေက အော်တိုလုပ်ဆောင်ချက်တွေက လုပ်ပေးနေတာပေါ့ .... ငါ့လခွီးစနစ် ငပျင်း ]
( Walther PP သည် Cral Waltherမှ ၁၉၂၃တွင်
တီထွင်ကာ ထုတ်လုပ်ထားသော .30APCကျည်ဖူးသုံးပစ္စတိုဖြစ်သည်- John Browningမှလည်း .32 ကျည်ဖူးသုံး Walther PPအား ထုတ်လုပ်ဖူးသေးသည်၊
SVD Dragunov sniperအား Yevgeny Dragunovမှ ၁၉၆၅တွင်တီထွင် ထုတ်လုပ်ထားသော ၇.၆၂ကျည်ဖူးသုံး sniperတစ်လက်ဖြစ်သည်၊ စာရေးသူအမှာ )
စောရန်နိုင်မှ တပ်မဟာမှူး မင်းခေါင်နော်ရထာအား
"ဗိုလ်ချူပ်ကြီးအနေနဲ့ သူတို့အားလုံးကို အရှင်ဖမ်းနိုင်လားဗျ"
"သူတို့ချည်းဆို မခက်ခဲပေမဲ့ သားရဲအုပ်ထဲဝင်ပြီး ဖမ်းဖို့ဆိုတာက"
"အကယ်၍ ချီဘုရင်အဆင့် ငါးယောက်၊ ချီစစ်သူကြီးအဆင့် နှစ်ဆယ်ယောက်နဲ့ အားဖြည့်မယ်ဆိုရင်ကော၊ အမြောက်တပ်နဲ့ ပစ်ကူပေးမယ်ဆိုရင်ကော"
"ဟား .... အဲဒါဆို တအားတော့ မခက်ခဲနိုင်လောက်ပါဘူးလေ"
အဆင့်၁ သားရဲသည် အခြေတည် အထွတ်အထိပ်၊ အဆင့်၂သည် ချီစစ်သူကြီး အထွတ်အထိပ်နှင့် ညီမျှပြီး အဆင့်၃သည် ချီဘုရင်အထွတ်အထိပ်နင့် ညီမျှသည်၊ အဆင့်၄ကား ချီဧကရာဇ် စဦးသာရှိသော မင်းခေါင်နော်ရထာအတွက် တော်တော်ခက်ခဲမည်ဖြစ်သည်၊
သားရဲအုပ်ရှိရာတွင် အဆင့်၄ တစ်ကောင်၊ အဆင့်၃ ဆယ်ကောင်၊ အဆင့်၂ အကောင်ခြောက်ဆယ်ကျော်၊ အဆင့်၁ အကောင်ထောင်ချီကာ အထွတ်အထိပ်ပိုင်းမှာ သောင်းဂဏန်းထိ ရှိကြပြီး အလယ်နှင့် အဆင့်နိမ့်များမှာ သိန်းချီရှိနေလေသည်။
ထိုအုပ်ထဲဝင်ပြီး ကောင်းကင်အန်တု မြေခွေးမျိူးနွယ်စုအား အရှင်ဖမ်းဖို့ ဆိုသည်မှာ လုံးဝသော စိတ်ကူးယဥ်အိမ်မက်သာ ဖြစ်ပေလိမ့်မည်။
ထိုသားရဲအုပ်သာ တစ်ပြိုင်ထဲ ဝင်တိုက်ပါက သားရဲတစ်ထောင်မြို့ စိစိညက်ကြေမှာအသေအချာပင်၊ karabiner 98k သေနတ်များမှာ ထောင်ဂဏန်းသာ ထုတ်လုပ်ရသေးပြီး မြို့ပတ်လည်ကာကွယ်ရန် လုံလောက်ရုံမျှသာ၊ ထို့အပြင် karabiner 98k၏ ပစ်အားနှင့် သေနတ်တပ်၏ ပစ်အားတိုးလာသော်လည်း တိုက်စစ်ဆင်ရန်အတွက် သုံးရအဆင်မပြေနေချေ။
[ ဒီထက်ပစ်အားမြန်တဲ့ ပစ်အားများတဲ့ သေနတ်တော့ လိုနေပြီပဲ ]
တစ်လခန့် ကြာလာသော်လည်း သားရဲအုပ်မှာ ဝင်မတိုက်သေးချေ၊ မြို့ပတ်လည်၌ ဝန်းရံထားသော သားရဲအကောင်ရေသာ များပြားလာ၏။
"တူလေးစော ...... သေနတ်အလက် ၅၀၀၀ကျော် ထုတ်လုပ်ထားပြီးပြီ၊ အမြောက်ဆိုတဲ့ လက်နက်ကိုတော့ ၂၅လက်လောက်ပဲ ထုတ်လုပ်နိုင်သေးတယ်"
"ဦးလေးလွင်၊ ကျွန်တော်ဒီထက် ပိုပြီးလိုအပ်နေသေးတယ်"
"မဖြစ်နိုင်တော့ဘူးတူလေး၊ မိုင်းတွင်းတွေကို သားရဲတွေ ဝင်စီးထားကြလို့ သတ္တုရိုင်းတွေ မတင်သွင်းနိုင်ကြတော့ဘူး၊ မြို့ထဲက သတ္တုရိုင်း လက်ကျန်လဲ ကုန်လုပြီ"
"နောက်ထပ်လဲ ပြဿနာတစ်ခု ရှိသေးတယ်ငါ့တူ "
"ဘာပြဿနာလဲဗျ"
"မြို့ခံတွေအတွက် ရိက္ခာပြဿနာပဲ၊ မြို့ခံတွေအတွက် ရိက္ခာတွေဖြစ်တဲ့ စပါးခင်းနဲ့ ဂျုံခင်းရှိရာ အရှေ့ဖက်ခြမ်းက စိုက်ခင်းတွေကိုလဲ သားရဲဝင်ဖျတ်ဆီးထားလို့ ဘာမှမကျန်တော့ဘူး"
"ပြီးတော့ ပထမသားရဲလှိုင်းက ရတဲ့အသားတွေကလဲ နည်းပါးလာပြီ၊ လက်ရှိမြို့ရဲ့ လူဦးရေနဲ့ ရိက္ခာလက်ကျန် အနေအထားအရ နောက်နှစ်ပတ်ဆို အကုန်အစာ ငတ်နိုင်တယ်"
"လက်ရှိက ဂိုဏ်းတွေနဲ့ မိသားစုအိမ်တော်တွေက သူတို့ရဲ့ သိုလှောင်ရိက္ခာတွေကို ဝေမျှနေပေမဲ့ အလွန်ဆုံးခံ ၃ပတ်ပဲ ငါ့တူ"
ထိုပြဿနာအား စောရန်နိုင် ကြိုတွေးမထားမိပေ၊ ဆောင်းရာသီ မဝင်မှီက လူဦးရေ ၅သိန်း ကျော်သာရှိသော နယ်စပ်မြို့သည် ပထမသားရဲလှိုင်းအပြီး နီးစပ်ရာဒေသများမှ လာရောက်ခိုလှုံမှုကြောင့် လူဦးရေ ၈သိန်းခန့် ရှိလာလေရာ ၆လစာ မျှော်မှန်းထားသော ရိက္ခာများမှာ ၄လပင် ခံမည့်ပုံမရချေ၊၊
ဆောင်းဝင်လာသည်မှာ ၂လပြည့်တော့မည် ဖြစ်လေသည်။ လွင်မိုးသက်ပြင်းချ၍
"အရင်သားရဲတွေက အဆက်မပြက် တိုက်ကြတော့ ရိက္ခာပြဿနာ သိပ်မရှိဘူး ဆိုရမယ်၊ သာမန်လူတွေ ခက်ခဲကုန်တာက လွဲလို့ပေါ့၊ အခုလို ဝန်းရံရုံပဲ ဝန်းရံထားတော့ ကျင့်ကြံသူတွေပါ စိတ်ဓတ်ကျလာကြတယ်"
မှန်၏၊ ကျင့်ကြံသူများအတွက် အခြေတည် အဆင့်ရောက်က မစားသောက်ပဲ နေနိုင်သော်လည်း ကျင့်ကြံရင်းမြစ်များ မရှိပါက တစ်လဟူသည် အလွန်တန်ဖိုးရှိလေ၏၊
"တပ်မဟာမှူး အရင်မြို့စား အိမ်တော်ဟောင်းဆီ ဗိုလ်မှူးအဆင့် အောက်ဆုံးထားပြီး အထက်အဆင့်အကုန် အစည်းအဝေးခေါ်မယ်"
"ဦးလေးလွင် ... မိသားစုတပ်ဖွဲ့နဲ့ ဂိုဏ်းတွေဆီက ချီစစ်သူကြီးအထက် အဆင့်တွေကို မြို့စားအိမ်တော် အစည်းအဝေးဆီ လာခိုင်းပါ"
"ဟုတ်"
အခန်း( ၃၈ )ပြီး
အခန်း( ၃၉ )
( တန်ပြန်မြူဆွယ်ရေး တပ်ပေါင်းစု)
"ဟုတ်"
စောရန်နိုင် မြို့ရိုးအထက်မှ သားရဲတစ်ထောင် တောအုပ်ဘက် လှမ်းမျှော်ကြည့်ရင်း
[ ဒါမင်းရဲ့ အစီအစဥ်ပေါ့ဟုတ်လား ... ငါ့အစီအစဥ်ကိုလဲ ခံစားကြည့်ပါဦး ]
မြို့စားအိမ်တော်ဟောင်းထဲ၌ စောရန်နိုင်မှ စကားစတင်၍
"လက်ရှိမှာ မြို့ရဲ့အခြေအနေ မကောင်းတော့တာ သိကြပြီးပြီလို့ ယူဆလိုက်တော့မယ်"
မိသားစုခေါင်ဆောင်များနှင့် ဂိုဏ်းအကြီးအကဲများမှ ခေါင်းညိမ့်လိုက်ကြရင်း
"သိပြီးပါပြီမြို့စား ... ကျွန်တော်တို့လဲ တက်နိုင်သလောက် ကူညီနေပေမဲ့ မြို့ခံဦးရေ များနေတာမို့ ရိက္ခာထပ်ဝေပေးဖို့ မတက်နိုင်သလောက် ဖြစ်နေပါပြီ"
"ခွဲတမ်းရထားတဲ့ အချို့သားရဲ အသားတွေကလဲ ကျင့်ကြံသူတွေအတွက် အဆင်ပြေပေမဲ့ သာမန်လူတွေ စားလို့ရတာက နည်းနေတော့ ဘယ်လိုမှ ထုတ်ပေးလို့ အဆင်မပြေပါဘူး မြို့စား"
"မြို့စား၊ အခုလူဦးရေ ရောထွေးလာမှုကြောင့် လုယက် သတ်ဖြတ်မှုတွေ တဖြည်းဖြည်း ပေါ်ပေါက်လာပါတယ်၊ အစပိုင်းတော့ မိသားစုတပ်ဖွဲ့တွေ၊ ဂိုဏ်းသားတွေနဲ့ ဖြေရှင်းလို့ရနေပေမဲ့ များပြားလာတဲ့ရာဇဝတ်မှု၊ မြို့ရဲ့အကျယ်အဝန်း၊ မြို့ရိုးတွေအပေါ် အားဖြည့်ထားရမှုတွေကြောင့် မထိန်းနိုင်တော့ပါဘူး"
"အဲဒီအတွက် မြို့စားတပ်ထဲကနေ အနည်းအကျဥ်း စီစဥ် ပေးလိုပါတယ်"
တစ်ချိန်က ပြိုင်ဆိုင်မှုပြင်းထန်ကာ အာဏာနှင့် အရင်းအမြစ်အတွက် အမြဲတစေ တိုက်ခိုက်နေကြသော မိသားစုအိမ်တော်များသည် သားရဲလှိုင်း၏ဖိအား၊ မြို့စားတပ်၏ ဖိအားများကြောင့် စည်းလုံးစွာ ပူးပေါင်းဆောင်ရွက် လာကြသလို၊ ဂိုဏ်းများသည်လဲ အာဏာမက်၍ ကျင့်ကြံဆင့်မြင့်ကာ ဗိုလ်ကျပြီး အနိုင်ကျင့် ဖိနှိမ့်တက်သော ဂိုဏ်းချုပ်များ သေဆုံးသွားကြ၏။
ကျင့်ကြံဆင့်နှိမ့်သော ဂိုဏ်းချုပ်အသစ်များ ထွက်ပေါ်လာ၍ မိသားစု အိမ်တော်များအပေါ် လွမ်းမိုးနိုင်စွမ်း လျော့ကျလာပြီး ကျင့်ကြံမှုဆိုင်ရာ အရင်းအမြစ် ပြဿနာများကြောင့် ဂိုဏ်းအချင်းချင်း ပူးပေါင်းမိကြရင်း စည်းလုံးလာကြလေသည်၊၊
စောရန်နိုင် ကျေနှပ်စွာပြုံး၍
"လောလောဆယ်တော့ အခြေအနေအရ ခြေလျင်တပ်နဲ့ မြင်းတပ်ကို အများအပြား မကူပေးနိုင်သေးဘူး၊ ဒါပေမဲ့ ခြေလျင်၅၀၀၀နဲ့ ကျွန်တော့်ရဲ့ အနီးကပ်ကိုယ်ရံတော် အရိပ်အစေခံ လူ၅၀နဲ့ ပါဝင်အားဖြည့်ပေးပါမယ်"
"ဒါက ... ကျန်မိသားစုကို တစ်ညထဲနဲ့ ချောင်ပိတ်စေတဲ့ အဖွဲ့အစည်းပဲလား"
စောရန်နိုင် " အမှန်ပါပဲ "
"လက်ရှိအနေအထားကို ဖြေရှင်းဖို့ ကျွန်တော့်မှာ အစီအစဥ်ရှိပါတယ်၊ အနည်းအကျဥ်း ရင်းရနိုင်ပေမဲ့ ထိုက်တန်မှုတော့ ပြန်ရမှာပါ"
"ပြီးတော့ ဒီအစီအစဥ်ကို မပါဝင်ပဲ ဘေးထွက်နေမယ်ဆိုလဲ ကျွန်တော်ခွင့်ပြုပါတယ်၊ ရရှိမဲ့ ဝေစုနဲ့အခွင့်အလမ်းတော့ နည်းသွားပါလိမ့်မယ်"
"ပါဝင်မယ့် သူတွေကတော့ အရင်းအနီးက များမလား နည်းမလားကတော့ ကျွန်တော့်ရဲ့ ဦးဆောင်မှုအပေါ် အပြည့်အဝ လိုက်နာခြင်း မလိုက်နာခြင်းနဲ့ သက်ဆိုင်နေပါတယ်၊ ကျွန်တော့်အမိန့်တွေကို ယုံကြည်ဖို့ပေါ့ဗျာ"
"ရရှိမဲ့ အခွင့်အလမ်းတွေအတွက် ထိုက်တန်အောင် ပေးသွားမှာပါ၊
စိတ်မပျက်စေရပါဘူး"
"ကျွန်တော့်အစီအစဥ်မှာ ကူညီကြမဲ့ သူများက နေခဲ့ပြီး မပါမဲ့သူများ အခုထွက်သွားလို့ ရပါပြီ"
မိသားစုတချို့နှင့် ဂိုဏ်းတချို့ ထွက်သွားလေသည်၊ သို့သော် ကျန်ခဲ့သူများမှာ ထွက်သွားသူများထက် များပြားပေသည်၊ အကြောင်းမှာ တချို့က စောရန်နိုင်အပေါ် ယုံကြည်အားကိုးလာပြီး တချို့က ကံစမ်းချင်၍ဖြစ်သည်။
မကြာမှီ စောရန်နိုင်က လုပ်ကိုင်မည့်အစီအစဥ်၊ညလိုအပ်သည့် လူပမာဏ၊ စုစည်းရမည့်နေရာ၊ ဦးစီးရမည့်သူများအား ရွေးချယ်ညွှန်ကြား ပေးခဲ့လေသည်။
ထိုတပ်ဖွဲ့အား တန်ပြန်မြူဆွယ်ရေး တပ်ဖွဲ့ဟု အမည်ပေးထားပြီး လူအင်အား သုံးသောင်းခွဲတိတိ ပါဝင်လေသည်။
ထိုတပ်၏ အဓိကလက်နက်များမှာ karabiner 98k သေနတ်များနှင့် အသစ်ထုတ်ထားသော ချီစွမ်းအင်သုံး 88 cm အမြောက်၁၀လက်၊ helepolis အမြောက်၅၀၊ ချီဧကရာဧ်၏ စိတ်အာရုံတို့ဖြစ်၏၊၊
သားရဲတစ်ထောင်မြို့၏ အရှေ့ဘက် ဆေးပင်စိုက်ခင်းများမှာ သားရဲများ၏ စားသောက်မှုများ ဖျတ်ဆီးမှုများကြောင့် အကြီးအကျယ် အများအပြား ထိခိုက်ပျက်ဆီး နေကြလေပြီ။
ထိုစိုက်ခင်းများ ဧရိယာ၌ အဆင့်၂ သားရဲတစ်ကောင်ဦးစီး၍ အဆင့်၁ သားရဲတစ်ရာနှင့် သားရဲ ငါးငသာင်းကျော် စုဝေး၍ သော်လည်းကောင်း၊ ပြန့်ကျဲ၍ သော်လည်းကောင်း ရှိနေကြ၏၊၊
ထူးဆန်းသည်ကား ထိုသားများသည် အချင်းချင်း တိုက်ခိုက်သတ်ဖြတ် စားသောက်မှုများ လုံးဝရှိမနေချေ၊၊
ထိုခန၌
"တိုက်ကြ ..... သတ်ကြ"
သံချပ်ကာ မြင်းတပ်၅၀၀၀၏ ရုတ်တရက် အလစ်ဝင်ရောက်တိုက်ခိုက်မှုသည် သားရဲရာချီအား ရုတ်တရက် သေဆုံးစေခဲ့၏၊၊
"ဝေါင်း"
အဆင့်၂ သားရဲဝက်ဝံကြီး၏ အမိန့်ပေးမှုကြောင့် သားရဲများ ပြန်စုစည်းလာပြီး ပြန်ခုခံလေရာ
"ဇုတ် ..... ဝုန်း ..... အား"
နာရီဝတ်ခန့် အကြာ၌ တခြားသော နေရာများမှ သားရဲများပါ စုစည်းမိလာပြီး မြင်းတပ်သား ၅၀၀၀မှာ ဖိအားများလာ လေတော့သည်၊၊
မင်းရဲကျော်စွာမှ
"ဆုံမှတ်ဆီ ဆုတ်ကြတော့"
မြို့ရိုးပေါ်မှ တပ်မဟာမှူး ဗိုလ်ချူပ်ကြီးသည် မြို့နှင့်၂မိုင်၊ ၅မိုင်၊ ၈မိုင်အကွာအဝေး တစ်ခုဆီ၌ ပုန်းခိုနေသော တန်ပြန်မြူဆွယ်ရေး တပ်သားများအား စိတ်အာရုံ၌ ရှင်းလင်းစွာ မြင်နေရချေသည်၊၊
မြို့ရိုးနှင့် မိုင်၁၀မိုင်ခန့် အကွာတွင်ကား မြင်းတပ်သည် ကျဆုံးသွားသော ရာချီသည့် စစ်သည်အလောင်းများ ချန်ထားလျက်၊ သိန်းချီသော သားရဲများအား မြူဆွယ်၍ ခေါ်လာလေသည်၊၊
ဆုံမှတ်နှင့် ၂မိုင်သာ ဝေးသော်လည်း သားရဲများထဲ၌ လျင်မြန်သော သားရဲများ ပါလာမှုကြောင့် အဝိုင်းခံရလုလု ဖြစ်ချိန်တွင်
မြို့ရိုးပေါ်၌ မင်းထင်နော်ရထာမှ
"သခင်စော"
"အင်း .... မြင်းတပ်ကို လုံးဝမထိပါစေနဲ့"
"အော် ..... အမြောက်ပစ်ခါနီးရင် နားတွေကို စွမ်းအင်နဲ့ ကာပေးထားကြပါ"
မင်းထင်နော်ရထာ ကြောင်အသွားလေသည်၊၊
[ ဒါကတော့ ပိုပါတယ်လေ၊ ငါလိုချီဧကရာဧ် အဆင့်ကိုတော့ နားမအူစေလောက်ပါဘူး ]
ထိုသို့တွေးကာ သာမန်ကာလျှံကာဖြင့်
"88 cm အမြောက်တပ် ..... ၉မိုင်အကွာ အပြည့်ချိန်"
"ပစ်"
"ဝုန်း ...... ဝုန်း ....... ဝုန်း"
မြင်းတပ်သည် အမြောက်တပ်၏ ပစ်ကူပေးမူကြောင့် လျောရှုစွာ ဆုံမှတ်သို့ ဆုတ်ခွာနိုင်ခဲ့လေသည်၊၊
သားရဲအုပ်မှုကား သတ်မှတ်ကိုက်အတွင်း ထိမှန်ကြသော သားရဲများမှာ အသားစများ ဖြစ်သွားကြပြီး အစွန်အဖျားထိသော သားရဲများမှာ ခြေပြက်လက်ပြက်နဲ့ သွေးရူးတန်းရူးဖြစ်ကာ ဝရုန်းသုန်းကား ဖြစ်ကုန်လေသည်၊၊
"တပ်မဟာမှုး"
" ..... "
"တပ်မဟာမှုး"
မင်းထင်နော်ရထာတစ်ယောက် နားနှစ်ဖက်မှ သွေးများ ယိုစီးကျကာ မည်သည့်အသံမျှ မကြားရတော့သောကြောင့် စောရန်နိုင်အခေါ်အား တန်းပြီးမတုန့်ပြန်နိုင်ပေ၊ ခနအကြာမှသာ
"အန် .... ခေါ်ပါသလားသခင်စော"
အခန်း(၃၉)