← Chapters

အခန်း (၄၆-၄၈)

Vol. 4 Ch. 46-48

အခန်း (၄၆-၄၈)

Vol. 4 Ch. 46-48

အခန်း(၄၆)

( ချီတက်လာနေသော ရန်သူများ )

“ဝုန်း”

"ပြီးတော့ ဘာဖြစ်လဲ မြန်မြန်ပြောစမ်း"

"ကျန်မိသားစုဝင်တွေ တစ်ယောက်မှ အသက်မရှင်ခဲ့ပါဘူး"

"ဘာ"

"ခေါင်းဆောင်၊ ဒီလိုဆိုရင် သူ့ကိုအသက်ရှင်လျက် ဆက်ထားဖို့ မသင့်တော့တာ သေချာပါတယ်"

"အမိန့်ထုတ်လိုက် "

"အနောက်ပြည်နယ်ရဲ့ ငြိမ်းချမ်းရေးကို နှောက်ယှက်နေတဲ့ သားရဲတစ်ထောင်မြို့စားကို ရန်မိသားစုက အနောက်ပြည်နယ်ကိုယ်စား သုတ်သင်သွားမယ်လို့၊ ပြီးတော့ .... အနောက်ပြည်နယ် ဗိုလ်ချုပ်ကြီးကိုလဲ သားရဲတစ်ထောင်မြို့ဆီ စစ်ချီဖို့ပြင်ပါလို့ ပြောလိုက်"

"ဟုတ်"

တိမ်အရိပ်ဂိုဏ်း၊ အဓိကတောင်ထွတ်၊ တိမ်လွှာတောင် ခန်းမအတွင်းမှာ အရေးတကြီးဖြစ်နေဟန်နဲ့ ဂိုဏ်းအကြီးအကဲများ စုဝေးနေပါတယ်။

"ဂိုဏ်းချုပ် ..... သားရဲတစ်ထောင် မြိုစားသစ်က ရဲတင်းလွန်းပါတယ်"

"အမှန်ပဲ၊ ဂိုဏ်းရဲ့မျက်နှာမှ မထောက်ထား ဂိုဏ်းသားတော်ကို ဖမ်းရဲရတယ်လို့ဗျာ"

"အခု သားရဲတစ်ထောင် မြို့စားသစ်ဆိုတာ အရင်က မင်းသားဟောင်းတစ်ဦးတဲ့၊ အပြစ်တွေကြောင့် အရာကျပြီး နှယ်နှင်ခံထားရတာတဲ့"

"ဟား ဒီလိုမျိုး အပြစ်သားတစ်ဦးကများ"

ဂိုဏ်းချုပ်က လက်ကာပြရင်း

"ဘာပဲပြောပြော ... ဂိုဏ်းသားတော်က နိုင်ငံရေး လွန်ဆွဲပွဲထဲ ရောက်နေပြီ၊ ဆင်ပိန်လဲ ကျွဲလောက်တော့ ရှိနေမှာပေါ့၊ ကျန်မိသားစုနဲ့ သူ့ရဲ့ကြားက ပြဿနာတွေပြီးရင် ပြန်လွှတ်လောက်မှာပါ၊ အခေါ်ခိုင်းထားတဲ့ သူတွေဆီက ဘာသတင်းရသေးလဲ"

"သူတို့က ခုချိန်မှာ နွယ်ပန်းမြို့တော့ ရောက်နေပါပီ၊ ဒါပေမဲ့ သားရဲတစ်ထောင်မြို့ကို တိုက်နေကြတဲ့ အစွန်းအဖျား သားရဲလှိုင်းတွေကကို သောင်းချီနေတဲ့အပြင် အဆင့်၃ သားရဲတွေရဲ့ အရိပ်အယောင်ပါ တွေ့နေရလို့ ရှေ့ဆက်မတိုးနိုင် ဖြစ်နေပါသေးတယ်"

နောက်အကြီးအကဲတစ်ဦးကလဲ

"ခေါင်းဆောင်၊ ဒီနှစ်ဆောင်း မတိုင်ခင်မှာ သားရဲတွေ နေရာပြောင်းရွေ့မှု အများအပြားရှိထားပါတယ်၊ အဆင့်၃ သားရဲအရိပ်အယောင်တွေလဲ တွေ့နေရတယ်၊ ဆိုလိုတာက … ဟာ၊ ဒါဆိုရင်"

"ဝုန်း”

"ပင်မသားရဲလှိုင်း"

ဂိုဏ်းချုပ်ဖြစ်သူက ရုတ်တရက်ထရပ်ရင်း ပြောလိုက်လေသည်။ အကြီးအကဲတစ်ဦးကလဲ

"ဒါဆိုရင် သားရဲတစ်ထောင်မြို့နဲ့ ဂိုဏ်းသားတော်ရဲ့ အသက်အန္တရယ် စိုးရိမ်ရပါတယ် ခေါင်းဆောင်"

"အခုချက်ခြင်း အမိန့်ထုတ်လိုက်တော့၊ ဂိုဏ်းဝင်တွေစုစည်းပြီး သားရဲတစ်ထောင်မြို့ကို ချီတက်ရမယ်လို့"

"ပြီးတော့ အနောက်ပြည်နယ်က တခြားဂိုဏ်ကြီးတွေကိုလဲ ဒီတစ်ခါ သားရဲတိုက်ခိုက်မှုက မရိုးရှင်းလို့ တိမ်အရိပ်ဂိုဏ်းက အကူအညီ လိုအပ်နေပါတယ်လို့ သတင်းပါးလိုက်ကြ"

"ဟုတ်"

ယခုအချိန်မှာတော့ နွယ်ပန်းမြို့ဟာ သားရဲရန်ကို ကာကွယ်နိုင်ခဲ့ပါပြီ။

သားရဲတစ်ထောင် တောအုပ်ကြီးကို အမှီပြုပြီး သားရဲတစ်ထောင်မြို့နဲ့ မနီးမဝေးတွေမှာ နွယ်ပန်းမြို့၊ စေတစ်ရာမြို့၊ ဆေးပင်တစ်ရာမြို့လို မြို့ကြီးတွေနဲ့ မြို့ငယ်ပေါင်း တစ်ဒါဇင်ကျော် ရှိပါသေးတယ်။

နွယ်ပန်းမြို့ရဲ့ သားရဲတိုက်ခိုက်မှုဟာ သိပ်မကြာလိုက်သလို သားရဲအရေအတွက်ကလဲ ထူးဆန်းစွာ လျော့နည်းနေပြီး ၂သောင်းအောက်သာ ရှိနေတာပါ၊ တခြားမြို့တွေလဲ ထို့အတူသာ၊၊

နွယ်ပန်းမြို့စား စံအိမ်အတွင်း မြို့စောင့်တပ်မှူးက

"ဂိုဏ်းအကြီးအကဲနဲ့ မြို့စားတို့၊ သားရဲလှိုင်းတွေ ကုန်သွားပုံပါပဲ၊ လာမတိုက်ကြတာ ၁လနီးပါးကြာပြီ"

နွယ်ပန်းမြို့စားက

"အင်း ... ဒီတစ်ခေါက် သားရဲလှိုင်းက ထူးထူးခြားခြား အားနည်းတယ်၊ ဟဲ ... ဒီဘက်က တိမ်အရိပ်ဂိုဏ်းက အကြီးအကဲနဲ့ ဂိုဏ်းသားတွေကိုလဲ ဒီတစ်ကြိမ် သားရဲတိုက်ခိုက်မှုမှာ ကူညီကြလို့ ကျေးဇူးတင်ပါတယ်ဗျာ၊ ညစာစားပွဲလေးနဲ့ ဂုဏ်ပြုပါရစေဗျာ၊ ဟဲ"

"ဒီတစ်ခေါက်တော့ ခွင့်ပြုပါဦး မြို့စားရေ ... ဂိုဏ်းကိစ္စနဲ့ သားရဲတစ်ထောင်မြို့ဆီ ခရီးဆက်ရဦးမယ်လေ၊ သားရဲလှိုင်းကြောင့် ၁လလောက်နှောင့်နှေးနေတာဗျ"

"အရေးကြီးသတင်း .... အရေးကြီးသတင်း"

တိမ်အရိပ် ဂိုဏ်းသားတစ်ဦး အပြေးအလွှား ရောက်လာပါတယ်၊

"မင်းအမ လင်နောက်ပါသွားလို့ အရေးကြီးနေတာလား"

"အဲဒီထက် အရေးကြီးနေတာပါ၊ လွန်ခဲ့တဲ့ တစ်လကျော်ကျော်က သားရဲတစ်ထောင်မြို့က ကျန်မိသားစုကို မြို့စားသစ်က ဖြုတ်ချလိုက်ပြီး ဂိုဏ်းသစ္စာခံ မြို့စောင့်တပ်ကိုလဲ မြို့စားသစ်က အကုန်သတ်ပစ်လိုက်ပါတယ်တဲ့၊ ပြီးတော့”

"ဘာ ပြီးတော့ဘာဖြစ်လဲ ဆက်ပြောစမ်း"

"ဂိုဏ်းသားတော်နဲ့ ဂိုဏ်းဝင်တွေကို မြို့စားသစ်က ဖမ်းမိထားပြီး ရွှေပြားသိန်းချီနဲ့ လာရွှေးခိုင်းနေပါတယ်တဲ့"

"ဘာ"

အခန်း(၄၆)ပြီး

အခန်း(၄၇)

( ပြည်နယ်သိမ်း မစ်ရှင် )

"ဘာ"

မြို့စားကလဲ ချော်လဲရောထိုင်၍

"ဒါတော့ သူဖက်က တရားလွန်သွားပြီ၊ မြို့စားဆိုတာ မိသားစုတစ်စုကို အကြောင်းမဲ့ မသတ်ဖြတ်သင့်ဘူး"

တပ်မှူးကလဲ

"ဟုတ်တယ် .... ဒီလိုမျိုး မိသားစုလိုက်နဲ့ မြို့စောင့်တပ်ကို သတ်ဖြတ်တာဟာ ပြည်နယ်အစိုးရကို ပုန်ကန်တာပဲ"

ဂိုဏ်းအကြီးအကဲကလဲ

"အဲဒါအပြင် ကျွန်တော့်တို့ရဲ့ ဂိုဏ်းသားတော်ကိုလဲ ဖမ်းထားပြီး ပြန်ရွေးခိုင်း နေသေးတယ်"

ထိုနောက် မတ်တပ်ထရပ်ကာ လက်သီးဆုတ် ဦးညွန့်လိုက်ရင်း

"ကျေးဇူးပြုပြီး မြို့စားနဲ့ တပ်မှုးတို့၊ ဒီပုန်ကန်သူကို ပြည်နယ်အစိုးရဆီ တင်ပြပေးပါဦး၊ ဂိုဏ်းသားတော်ကို ကယ်တင်ဖို့အတွက် အရေးကြီးနေလို့ ဒီလူအိုကြီးကို ခွင့်ပြုပါဦး"

ထိုအခိုက် အိမ်တော်ထိန်းတစ်ဦး ဝင်ရောက်လာပြီး မြို့စားအား တိုးတိုးသာသာ ကပ်ပြောနေလေသည်၊ ထိုနောက် တံခါးဝနား ရောက်နေသော အကြီးအကဲအား မြို့စားက

"မလောပါနဲ့ အကြီးအကဲ၊ ဒီမြို့စားသစ်က အပြစ်တွေကျူးလွန်ထားတော့ ပြည်နယ်အစိုးရက ဖမ်းဆီးဝရမ်း ထုတ်ထားပါပြီ"

ထိုနောက် တပ်မှူးအား

"တပ်မှူးလှိုင်ဝင်း၊ တပ်မှူးကို တပ်ပြင်ဆင် ချီတက်ခွင့်ကို ထောက်ခံပေးမယ်၊ မြို့စောင့်တပ်က စစ်သည်၅သောင်းနဲ့အကြီးအကဲတို့ကို ကူညီရင်း မြို့စားသစ်ဆိုသူကို ဖမ်းခဲ့ပြီး အပေါင်းအပါအတွေကို စံနမူနာပြအနေနဲ့ နေရာတင် သတ်နိုင်တယ်"

"ကောင်းပါပြီ မြို့စား"

အနောက်ပြည်နယ်ရှိ မြို့ကြီးမြို့ငယ် ၅၀ကျော်ခန့်မှ မြိုစောင့်စစ်တပ်များသည် ပြည်နယ်အစိုးရ၏ တရားဝင်အမိန့်ဖြင့် သားရဲတစ်ထောင်မြို့ဆီ ချီတက်လာနေကြသလို၊ တိမ်အရိပ်ဂိုဏ်း၊ အနောက်ပြည်နယ်ရဲ့ ဗိုလ်ချုပ်ကြီး ထွန်းထွန်းအောင် ဦးဆောင်တဲ့ ပြည်နယ်အစိုးရ စစ်တပ်အင်အား ၃သိန်း၂သောင်း ကျော်သည်လဲ သားရဲတစ်ထောင်မြို့ဆီသို့ ချီတက်လာနေပြီ ဖြစ်၏။

သုံးရာသီပန်းခြံ အတွင်းစံအိမ်၌ စောရန်နိုင်နဲ့ ချူရင်တို့ အကျိတ်အနှယ် ဆွေးနွေးနေကြပါတယ်၊၊

"ရှင်ဖြစ်ဘာလို့ မကူညီနိုင်တာလဲ"

"ကူညီတာက အဆင်ပြေတယ်၊ ဒါပေမဲ့ မိန်းခလေးတို့ မျိုးနွယ်စုတွေကိုယ်စား မိန်းခေလးက ကျွန်တော့်ဆီမှာ သွေးစာချုပ်တော့ ချုပ်ပေးရမယ်"

"ဒါတော့ မဖြစ်နိုင်ဘူး၊ ယုံရ မယုံရမှန်း မသိသေးတဲ့ လူသားတစ်ယောက်ဆီ ကျန်တဲ့မျိုးနွယ်ဝင်တွေက လက်အောက်မခံနိုင်လောက်ဘူးလေ"

"အနည်းဆုံး သားရဲသခင် အဆင့်၃လောက်မှ အဆင်ပြေမှာနော်၊ ရှင်က သားရဲသခင်မို့လား"

"ဒီကိစ္စအတွက် စိတ်မပူပါနဲ့ လောလောဆယ်သာ ကျွန်တော့်ဆီလက်အောက်ခံဖို့ ဝန်ခံနူတ်ကတိ အရင်ပေးပေါ့၊ နောက်မှ သွေးစာချုပ် ချုပ်မချုပ် စဉ်းစားပေါ့"

"နောက်ပြီး မျိုးနွယ်စုအတွက် ပိုင်နက်သီးခြား ထားပေးထားမှာ ဖြစ်သလို သားရဲအစေခံလဲ ကြိုက်သလောက် ထားခွင့်ပေးဦးမယ်၊ ကလဲ့စားအတွက် ၁နှစ်အချိန်ပေးပါ၊ သေချာပေါက် သူ့ခေါင်းကို ပေးမယ်"

"နူတ်ကတိပဲ အရင်ပေးရမှာလား၊ လိမ်နေတာတော့ မဟုတ်ပါဘူးနော်"

"အင်း .... တကယ်ဆို ဒါက ပူးပေါင်းမှု တစ်ခုလို့လဲ ပြောနိုင်ပါတယ်၊ သွေးစာချုပ်ကတော့ အတင်းဖိအားပေးမှာ မဟုတ်ပါဘူးမိန်းခ‌ ... ”

ထိုစဉ်

[ ဒင်၊ ပင်မမစ်ရှင် အနောက်ပြည်နယ်၏ ဂိုဏ်းများနှင့် မြို့စားများတပ်၊ ပြည်နယ်ပင်မတပ်များ၏ တိုက်ခိုက်မှုများအား တွန်းလှန်ပါ၊ ဆုလာဒ်

ချီဧကရာဇ် စဦးအဆင့် ဗိုလ်ချုပ်ကြီး ၃ ဦး

M-1 carbineသုံး သေနတ်တပ်သာ ၅သောင်း

Musket ရိုင်ဖယ်သုံး သေနတ်တပ်သား ၁သိန်းခွဲ

တော်ဝင် ခြေလျင်တပ်သား ၅သိန်း

နော််မန်ကနိုက် မြင်းတပ်သား ၁သိန်းခွဲ

လေဟုန်ခွင်း မြင်းတပ်သား ၃သိန်း

တော်ဝင် နိုဗယ်ကနိုက် မြင်းတပ်သား ၁သိန်း

အနက်ရောင် သံချပ်ကာမြင်းတပ်သား ၁သိန်းခွဲ ]

[ ဒင်၊ အနောက်ပြည်နယ်အား သိမ်းပိုက်ပြီး နိုင်ငံတော်သစ် ထူထောင်ပါ၊ ဆုလာဒ်

ချီဧကရာဇ် အလယ်အလတ် ဗိုလ်ချုပ်ကြီး နှစ်ဦး

စွမ်းအင်နှစ်မျိုးသုံး Beutepanzer M IV သံချပ်ကာကား၊

ထုတ်လုပ်ရေး စက်ရုံ နှစ်ရုံ

အဆင့်၃ အစီအရင်အားလုံးပါဝင်သော၊

ကျမ်းစာအုပ် တစ်အုပ်

ချီစစ်သူကြီးအဆင့်နှင့် အဆင့်၃အောက် ထောက်လှမ်းနိုင်

သော ဆိုနာထုတ် စက်ရုံ တစ်ရုံ

ချီစွမ်းအင်သုံး ရေပြင်သွား ဘစ်စမတ် စစ်သဘ်ောကြီးများ

တည်ဆောက်နိုင်ရန် သင်္ဘောကျင်းကြီး တစ်ခု

ချီစွမ်းအင်သုံး ဝေဟင်သွား စပေ့ရှစ် စစ်သင်္ဘောကြီးများ

တည်ဆောက်နိုင်ရန် စက်ရုံကြီး တစ်ရုံ

အဆင့်မြင့် သံမဏ်အရည်ကျို စက်ရုံကြီး သုံးရုံ

အဆင့်နိမ့် ချီကျောက်တုံးတွင်း တစ်တွင်း

အဆင့်မြင့်ရွှေသတ္တု မိုင်းတွင်း နှစ်တွင်း

ငွေသတ္တု မိုင်းတွင်း လေးတွင်း

သံရိုင်းသတ္တု မိုင်းတွင်း ခြောက်တွင်း

တာဝန်အား လက်ခံမည်လား ]

"ရူး"

အခန်း(၄၇)ပြီး

အခန်း(၄၈)

(အရပ်သုံးမျက်နှာက ရန်သူများ)

"ရူး"

"လက်ခံမယ်"

စောရန်နိုင် စကားလက်စပျက်ပြီး ရုတ်တရက် မျက်နှာတည်သွားသဖြင့် မင်းထင်နော်ရထာက

"သခင်စော၊ ဘာမှားနေပြီလဲ"

စောရန်နိုင် ပြန်ပြုံးလာကာ ချုရင်အား ကြည့်ရင်း

"ကြည့်ရတာ မိန်းခလေးတို့ရဲ့ သားရဲတိုက်ခိုက်မှုက တခြားနေရာတွေအပေါ် အားနည်းနေသလိုပဲနော်"

"ဘာလို့လဲရှင့်"

"အနောက်ပြည်နယ်က မြို့စားတပ်တွေ၊ ဂိုဏ်းတွေနဲ့ ပြည်နယ်ရဲ့ပင်မတပ်တွေက သားရဲတစ်ထောင်မြို့ကို တိုက်ခိုက်ဖို့ လာနေကြလို့ပါ"

ဒီနှစ်သားရဲလှိုင်းရဲ့ တိုက်ခိုက်မှုက သူ့မြို့ဆီကို ဦးတည်ထားတာပါ၊ ဒါကြောင့် တခြားမြို့ရွှာတွေမှာ ဆုံးရှုံးမှုက မရှိသလောက်ပါပဲ။

လက်ရှိတော့ အနောက်ပြည်နယ် တစ်ခုလုံးနဲ့ သားရဲတစ်ထောင် တစ်မြို့ထဲ တိုက်ရမဲ့ အနေအထားပါ။

"ဟာ"

မင်းထင်နော်ရထာနဲ့ ချုရင်တို့ အံ့ဩောတုန်လှုပ်သွားပါပြီ၊ အထူးသဖြင့် ချုရင်ပါပဲ၊ သူမက ဒီဒေသက မဟုတ်ပေမဲ့ ဒီဒေသအကြောင်း သေချာစုံစမ်းပြီးမှ သားရဲတပ်နဲ့ ဝင်တိုက်တာပါ၊ ဒါတောင် လုံအောက်တဲ့ အင်အားမရှိခဲ့ပါဘူး။

"ဒီသတင်းက သေချာရဲ့လားရှင်"

"သခင်စောက မမှားဖူးဘူး၊ သခင်စောပြောရင် အမှန်ပဲ"

"အကိုဇော်ပိုင်"

"ရှိ"

"ဒီသတင်းကို ဖြန့်လိုက်ပါ၊ ပြီးရင် ကျန်မိသားစုနဲ့ ဂိုဏ်းတွေကို ဆုံးဖြတ်ခိုင်းလိုက်ပါ၊ နေမလား၊ ထွက်သွားမလား၊ ကြားနေ မရှိစေရဘူးလို့"

"ဟုတ်"

ချူရင်နဲ့ မင်းထင်နော်ရထာကတော့ သိပ်ပြီး စိတ်မပူမိကြပါဘူး၊ သူတို့က ချီဧကရာဇ် အဆင့်တွေလေ။ စောရန်နိုင် အနေနဲ့ကလဲ ဒါဟာ သူ့ရဲ့သစ္စာခံနဲ့ ရန်သူကို ခွဲခြားနေတာပါ။

ဒီတိုက်ပွဲက ကြီးမားဦးမှာပါ၊ လူလူခြင်း ကစားမဲ့တိုက်ပွဲမို့ အချိန်လဲ ကြာနိုင်ပါတယ်။

ရက်အနည်းငယ် အကြာမှာတော့ လွင်မိသားစု အပါအဝင် မိသားစုသုံးစုနဲ့ ပန်းတစ်ရာဂိုဏ်းအပါအဝင် အလယ်အလတ် ဂိုဏ်းတစ်ဂိုဏ်း အသေးစားဂိုဏ်း သုံးဂိုဏ်းက စောရန်နိုင်ဆီ အပြေးရောက်လာပါပြီ။

ဒါဟာ သူတို့ရဲ့ ရွေးချယ်မှုပါ။ သူတို့တွေက ဒီမြို့ခံတွေပါ၊ ထွက်သွားလို့ မရကြပါဘူး။

ဂိုဏ်းတချို့နဲ့ မိသားစုတချို့က မလာကြပါဘူး။ ဒါကလဲ အကြောင်းအရင်း ရှိနေပါတယ်၊ သူတို့က ဂိုဏ်းခွဲ မိသားစုခွဲသာသာတွေမို့ နိုင်ငံ့စစ်ရေးတွေမှာ ကိုယ်တိုင်ကိုယ်ကျ မဆုံးဖြတ်နိုင်ကြပါဘူး၊ ထွက်သွားဖို့ပဲ ရွေးချယ်နိုင်ခဲ့ကြပါတယ်။

"ခင်ဗျားတို့လဲ အခြေအနေတွေကို သိပြီးကြပြီလို့ ထင်ပါတယ်၊ ကိုဇော်ပိုင် လူကိုခေါ်ခဲ့လိုက်ပါ"

"ဟုတ်"

"မြို့စားကို ဂါဝရပြုပါတယ်"

"အင်း၊ ခင်ဗျားသိရှိထားတဲ့ အခြေအနေကို ထပ်ပြောပြပါဦး"

"ကျွန်တော့်အနေနဲ့ အရှင့်ရဲ့ တာဝန်ပေးမှုအရ ပတ်ဝန်းကျင်က မြို့ရွှာတွေကို သတင်းစုံစမ်းခဲ့ပါတယ်"

ထိုသူမှ မြေပုံချပ်အား ထောက်ပြရင်း

"သားရဲတစ်ထောင်မြို့ရဲ့ တောင်ဘက် အရပ်မှာရှိတဲ့ ဧဝလွင်ပြင်မှာ နွယ်ပန်းမြို့စား ဦးဆောင်ပြီး အင်အားနှစ်သိန်းခန့်ရှိတဲ့ တခြားမြို့စား တပ်ဖွဲ့တွေနဲ့အတူ စုဖွဲ့နေပါတယ်"

"သားရဲတစ်ထောင် မြို့ရဲ့မြောက်ဘက် အရပ်မှာရှိတဲ့ နော်ဒင်လွင်ပြင်မှာ စေတစ်ရာမြို့စား ဦးဆောင်ပြီး အင်အားတစ်သိန်းကျော်ခန့်ရှိတဲ့ အင်အားကို စုဖွဲ့နေပါတယ်"

"သားရဲတစ်ထောင်မြို့ရဲ့ အရှေ့ဘက် အရပ်ကနေလဲ အနောက်ပြည်နယ် အလယ်ပိုင်းက အဓိကဂိုဏ်းကြီး တစ်ခုဖြစ်တဲ့ တိမ်အရိပ်ဂိုဏ်း ဦးဆောင်ပြီး ဂိုဏ်းပေါင်းသုံးဆယ်ကျော်၊ ဂိုဏ်းသားသုံးသိန်းခန့်နဲ့ ချီတက်လာနေပါတယ်"

လွင်မိုးမှ

"ပြည်နယ်စောင့် တပ်မကြီးကကော အခု ဘယ်ရောက်နေပြီလဲ"

"ဟုတ်ကဲ့၊ ပြည်နယ်စောင့်တပ်ကို ရန်မိသားစုက ဦးဆောင်ထားပါတယ်၊ အဲဒါအပြင် တခြားသစ္စာခံ မိသားစုတပ်တွေလဲ ပါပုံပါပဲ၊ ပါဝင်အင်အား အတိအကျကိုတော့ စုံစမ်းဆဲပါ လွင်ခေါင်းဆောင်"

စောရန်နိုင်ကလဲ

"မြို့စားတပ်တွေနဲ့ ဂိုဏ်းတွေကိုတော့ ကျွန်တော် ကိုင်တွယ်နိုင်ပါတယ်၊ ဒါပေမဲ့ ပြည်နယ်စောင့်တပ်ရဲ့ အခြေအနေနဲ့ ချီတက်လာရာ လမ်းကြောင်း၊ အင်အားကို မသိရဘူး ဖြစ်နေတယ်"

မိသားစု ခေါင်းဆောင်တစ်ဦးမှ

"ဟဲ … ဒီကိစ္စကိုဒီလူအိုကြီးကတာဝန်ယူပါရစေမြို့စား၊"

ပွင့်လင်းသော လေလံစံအိမ်မှလဲ

"အဘိုးကြီး ကောင်းရေ .... သတင်း စုံစမ်းဖို့ဆိုရင် ဒီလူအိုကြီးရဲ့ ပွင့်လင်းသော လေလံစံအိမ်ကို လွဲထားပေးစမ်းပါဗျာ၊ တစ်ပတ်အတွင်း သိစေရမယ်ဗျာ"

ထိုခေါင်းဆောင်ကလဲ

"ဟားဟား၊ ကောင်းပါပြီဗျာ"

"ငါတို့လို အဘိုးကြီးတွေ တက်ညီလက်ညီ လက်တွဲမလုပ်ရတာ ကြာပြီမလား"

"ဟား ... ဟား ... ဟား"

အခန်း(၄၈)ပြီး

All Chapters