← Chapters

အခန်း (၅၂-၅၄)

Vol. 4 Ch. 52-54

အခန်း (၅၂-၅၄)

Vol. 4 Ch. 52-54

အခန်း(၅၂)

(သူဇာလွင်ကို ကယ်လိုက်နိုင်ပြီ)

"ဘာ"

"ပစ် ... ပစ်ကြစမ်း"

"ဒိုင်း ..... ဒိုင်း"

"အား ... အင့် ... အား ... "

"တိုက် ..... တိုက်ကြ"

စခန်းအတွင်းကို ရုတ်တရက် ဝင်ရောက်လာတဲ့ ရန်သူတွေကို မြို့စားတပ်ပေါင်းစုက ဝိုင်းပြီးတားဆီး နေကြပါတယ်။

ဒါပေမဲ့ အင်အား ၁သောင်းပဲပါတဲ့ ရန်သူတွေကို အင်အား နှစ်သိန်းရှိတဲ့ မြို့စားတပ်တွေက မထိန်းထားနိုင်ပါဘူး။

မကြာခင်မှာပဲ မြှားဦးသဏ္ဌာန် ထိုးဖောက်လာတဲ့ ရန်သူမြင်း တပ်က စခန်းအလယ်မှာရှိတဲ့ ပင်မခန်းမရှေ့ ရောက်လာပါ တော့ တယ်။

မင်းရဲကျော်စွာမှ စခန်းတစ်ခုလုံးအား လွမ်းခြုံနိုင်တဲ့ ချီ စွမ်းအင်ပါတဲ့အသံဖြင့်

"ငါမြင်းတပ်ဗိုလ်ချုပ် မင်းရဲကျော်စွာရဲ့ အရှင်သခင်ဖြစ်တဲ့ မြင့် မြတ်သော သားရဲတစ်ထောင် မြို့အရှင်က အမိန့်ပေးလိုက်တယ်"

"လွင်မိသားစုဝင်တွေကို ပြန်လွှတ်ပေးပြီး တိမ်အရိပ်ဂိုဏ်းသားကို ရွှေပြား၃သိန်းနဲ့ လာရွေးရမယ်"

"ဧဝလွင်ပြင်မှာ စခန်းချနေတဲ့ မြို့စား‌တပ်ပေါင်းစုလဲ လက်နက် ချပြီးရင် ကိုယ်မြို့ဆီ ပြန်ဆုတ်ကြရမယ်၊ မဟုတ်ရင် သေရလိမ့် မယ်"

ချီဘုရင် စဦးအဆင့် အော်ရာများ ထုတ်လွှတ်ရင်း လက်ထဲမှ လှံနက်အား ချီစွမ်းအင်ဖြင့် အရှေ့သို့ ဝိုက်ချလိုက်ရာ မြို့စား‌တပ် ပေါင်းစုက စစ်သည်တစ်ရာကျော်၏ ခန္ဓာကိုယ်တွေ အပိုင်းပိုင်း ပြက်တောက်ကုန်ပါတယ်။

"ဟာ ... ချီဘုရင်အဆင့်ဟ နောက်ဆုတ်ကြ .... နောက်ဆုတ်ကြ"

တပ်စုမှူးတစ်ဦးက အော်ဟစ်လိုက်ရင်း အကွာအဝေး တစ်ခုခြားပြီး ဝန်းရံထားကြလိုက်ကြပါတယ်။

တစ်ဦးတစ်ယောက်မှ ဆက်မတိုက်ရဲတော့ချေ။

သံချပ်ကာမြင်းတပ် ဖြတ်သန်းလာရာ လမ်းတစ်လျှောက်မှာလဲ ၂သောင်းကျော်တဲ့ အလောင်းကောင်တွေက အပိုင်းပိုင်း အပြတ်ပြတ်များနဲ့ သွေးသံတရဲရဲ ကျန်ခဲ့ပါသေးတယ်၊၊

စစ်‌မြေပြင်ကလဲ နီရဲလို့နေပါတယ်။ နွယ်ပန်းမြို့စားကလဲ

"တိုက်ကြစမ်း ... ချီဘုရင်ဖြစ်တော့လဲ ဘာဖြစ်လဲ၊ ငါတို့မှာလူ နှစ် သိန်းကျော်ရှိတယ်၊ မကြောက်ကြနဲ့ တိုက်ကြ"

"တိုက်ကြလေကွာ ... ငါတို့ဘက်မှာ ဂိုဏ်းအကြီးအကဲတွေ လဲ ရှိသေးတယ်လေ"

ဘေးမှစစ်သည်များနှင့် ဂိုဏ်းအကြီးအကဲများ

[ အသက် ၁၀ သက်ပါရင်တောင် ချီဘုရင်တွေကို ရန်မစရဘူးတဲ့၊ မကြားဖူးဘူးလားဟ ]

[ အစ်ကိုကြီး ... သေချင်ရင် ကိုယ့်ဘာသာ သွားသေလေ ]

[ လာနောက်နေတာလားဟ၊ ဒီမြို့စားရူးနေလား ]

"ချွမ် .... ချွလွမ် ... ချလွမ်"

လက်နက်များကို ပစ်ချလိုက်ကြတဲ့ အသံ‌က ပတ်ဝန်းကျင်အနှံ့ ထွက်ပေါ်လာပါတယ်။

တပ်စုမှူးတချို့က ဖမ်းဆီးထားတဲ့ သူဇာလွင်နဲ့ လွင်မိသားစု တချို့ ကိုခေါ်လာပြီး ဒူးထောက်ချလိုက်ကြရင်း

"စီနီယာ ... လူကိုခေါ်လာပါပြီ၊ ဒီဂျူနီယာတို့ရဲ့ အသက်ကို ချမ်းသာပေးပါ"

[ ဒင်၊ လျက်တပြက်မစ်ရှင် အောင်မြင်ပါသည်။ ဧဝလွင်ပြင်မှာ စခန်းချနေတဲ့ မြို့စားတပ်တွေကို ချေမှုန်းပြီး လူအား ကယ်တင်ပါ။ ဆုလာဒ်

စနစ်ပြန်လည် အဆင့်မြှင့်တင်မှု

ကြာချိန်အား လျော့ချခြင်း၂၀ရက်

ခရူးဆိတ် စစ်သည်တော် ၂သောင်း

old guard သေနတ်တပ် ၁သောင်း

အနက်‌ရောင် သံချပ်ကာမြင်းသည် ၂သောင်း

ချီဘုရင် အထွတ်အထိပ်အဆင့် ဗိုလ်ချုပ် တစ်ဦး

ချီစစ်သူကြီး အထွတ်အထိပ်အဆင့် ဗိုလ်မှုး နှစ်ဦး

အခြေတည် အထွတ်အထိပ်ဗိုလ် ဆယ်ဦး

ဆုလာဒ်အား အချိန်မရွှေး ထုတ်ယူ အသုံးပြုနိုင်ပါပြီ ]

သုံးရာသီ စံအိမ်အတွင်း၌ စောရန်နိုင်တစ်ယောက် စနစ်ရဲ့အ သံကို ကြားလိုက်ရရင်ဖြင့် လူကယ်နိုင်ပြီမှန်း သိလိုက်ပါတယ်။

ထိုနောက် ချက်ခြင်းပဲ

"စနစ် အခုရတဲ့တပ်ဖွဲ့တွေကို နွယ်ပန်းမြို့အနီးမှာ နေရာချ ထားပေးပါ၊ ချီဘုရင် အထွပ်အထိပ်ကို‌တော့ သုံးရာသီစံ အိမ်် မှာပဲနေရာချပေးထားပါ"

ဆက်တိုက်ဆိုသလိုပဲ

[ ဗိုလ်ချုပ်မင်းရဲကျော်စွာ ... နွယ်ပန်းမြို့ကို ဆက်ချီတက်ပြီး အဲဒီမှာရှိနေမဲ့ ကျွန်တော့်တပ်တွေနဲ့ ပူးပေါင်းပီး ခေါင်းဆောင်ပါ ]

မင်းရဲကျော်စွာလဲ သူ့အာရုံထဲ ထူးဆန်းစွာ ဝင်ရောက်လာတဲ့ သခင်ဖြစ်သူရဲ့ အသံကိုကြားလိုက်ရ၍ အံ့အားသင့်‌ တွေဝေနေချိန် တိမ်အရိပ်ဂိုဏ်း အကြီးအကဲတစ်ဦးက သူ့ဂိုဏ်းသားများအား မျက်စပစ်ပြရင်း ရုတ်တရက် တိုက်ခိုက်လိုက်ပါတယ်။

"ကျား ... ဝှစ် ... ရွှတ် ... အား"

"တိမ်အရိပ်ဂိုဏ်းသား‌တွေ အကုန်လုံးကို သတ်ကြစမ်း"

"ဟီး ..... ဇုတ် ..... ဇွတ် ... အား"

"ရူးနေကြပြီ" "ရူးနေကြပြီ" "ကယ်ကြပါဦး"

သူတို့ကို ဘယ်သူမှ မကယ်ရဲပါ၊ ရပ်ကြည့်နေယုံသာ တက်နိုင် ကြလေသည်။ အညာတာမဲ့တဲ့ သတ်ဖြတ်မှုက သိပ်မကြာလိုက်ပါပေ။

"စီနီယာ ..… ညှာတာပေးပါဦး"

"ရပ်ကြတော့"

အခန်း(၅၂)ပြီး

အခန်း(၅၃)

(စံပယ်ဦးနှင့် မင်းရဲကျော်စွာ ပြန်ဆုံရပြီ)

"ရပ်"

မင်းရဲကျော်စွာမှ

"လွင်မိသားစုဝင်တွေကို ချန်ထားသေးလား၊ မဟုတ်ရင် အကုန် သေရမယ်"

"မရှိတော့ပါဘူး စီနီယာ"

မင်းရဲကျော်စွာအနေနဲ့ ရင်းနီးတဲ့ အော်ရာတစ်ခုကို ခံစားမိနေပါတယ်။

"တကယ်ပဲလား"

"တခြားဖမ်းထားသူတွေ မရှိတော့ဘူးလား"

"အဲ့ဒါက"

မင်းရဲကျော်စွာလဲ မြင်းပေါ်မှ‌နေ၍ လှံနက်နဲ့ ထိုတပ်စုမှူးအား ချိန်လိုက်ရင်း

"၁နာရီအတွင်း ဒီစခန်းမှာ ဖမ်းမိထားသူ အကုန်ခေါ်ခဲ့စမ်း"

"ဟုတ် ... ဟုတ်ကဲ့ပါ"

"စီနီယာပြောတာ ကြားတယ်မလား အကုန်ခေါ်ခဲ့ကြစမ်း"

"ဟုတ် .... ဟုတ်"

နာရီဝတ်အကြာတွင် သူလျိုဟုယူဆကာ ဖမ်းစီးထားသော ကျင့်ကြံသူများ၊ သာမာန်ပြည်သူများကို‌ ခေါ်လာကြလေသည်၊ ထိုအထဲ၌

"လွတ်ကြစမ်း ငါ့ကို"

"ငါက သားရဲသခင်တိုင်းပြည်ရဲ့ မင်းသမီးတစ်ပါးနော်၊ ငါ့ကို ဘာ လုပ်ကြမလို့လဲ"

"တိတ်စမ်း ... စီနီယာရှေ့မှာ အော်ကြီးဟစ်ကျယ်နဲ့"

မင်းရဲကျော်စွာလဲ သူမအား တွေ့ရလေရာ

"ဖမ်းထားတဲ့ လူတွေအားလုံးကို လွှတ်ပေးလိုက်တော့၊"

"တပ်ဖွဲ့တွေကိုလဲ လက်နက်စွန့်ခိုင်းပြီး သားရဲတစ်ထောင်မြို့ဆီ သွားရောက် သစ္စာခံခိုင်းလိုက်ပါ"

ထိုနောက် မျက်နှာထားတင်းတင်းဖြင့်

"လမ်းမှာ စစ်သည်တ‌စ်ယောက်လျော့ရင် အဲဒီလျော့တဲ့ စစ်သည်ရဲ့ မြို့ကို ပြာချပစ်မယ်"

"ကြားလား"

"ဟုတ် ... ဟုတ်၊ စိတ်ချပါ စီနီယာကြီး"

ထိုတပ်စုမှူးများလည်း ကြောက်အားလန့်အားနဲ့ ပြေးထွက်သွားရင်း အဆင့်ဆင့် အမိန့်ပြန် လိုက်ကြပါတယ်။

"လက်နက်တွေ မြင်းလှည်းတွေထဲစုစည်းပြီး ထားခဲ့ကြတော့ ဟေ့၊ မြို့စားတွေကို ကြိုးတုပ်ခေါ်ခဲ့ကြ၊ သားရဲတစ်ထောင်မြို့ဆီ စီနီယာရဲ့အမိန့်အရ သစ္စာခံဖို့ သွားကြရမယ်၊ စစ်သည်တစ်ယောက် လျော့ရင် လျော့တဲ့တပ်က အသေပဲ"

"ကြားလား"

"ဟုတ်"

"အစ်ကို"

စံပယ်ဦးတစ်ယောက် မျက်ရည်ကလေး ကလယ်ကလယ်နဲ့ ဖြစ်နေပါတယ်။

သူမတို့က သားရဲလှိုင်းပြီးဆုံးချိန်မှာ သားရဲတစ်ထာင်မြို့ကနေ ပြည်နယ်မြို့တော်ဆီကို ရေလမ်းကနေ သွားကြမှာပါ၊၊

ဒါပေမဲ့လဲ ဧဝလွင်ပြင်ကိုအဖြတ်မှာ အဖမ်းခံထားရခြင်း ဖြစ်ပါတယ်၊ မင်းရဲကျော်စွာလဲ သူမအား လျစ်လျူရှုရင်း

"အမတော် သူဇာလွင်"

"အရှင်မြို့စားရဲ့အမိန့်အရ ကျွန်တော်တို့တပ်က နွယ်ပန်းမြို့ကို တိုက်နှင့်နေတဲ့ အရှင့်ရဲ့တပ်တော်ဆီ သွားပူးပေါင်းရပါလိမ့်မယ်"

"အဲဒီအတွက် သားရဲတစ်ထောင်မြို့ဆီကို မြင်းသည်တစ်ရာနဲ့ အတူ ပြန်သွားလိုက်ပါ"

"သူနဲ့မတွေ့ချင်ဘူး၊ နွယ်ပန်းမြို့ဆီ လိုက်ခဲ့ချင်တယ်မောင်လေး"

"ဒါက ... အရှင်စောက"

"ရတယ်မလိုဘူး၊ အမ‌တာဝန်ယူတယ်"

မင်းရဲကျော်စွာ အနေခက်နေစဉ် ရုတ်တရက် တစ်စုံတစ်ခုအား တွေးမိကာ

{ အရှင်စော ကြားရပါသလား }

{ အင်း }

{ အမတော်က ပြန်မလာချင်တဲ့အပြင် နွယ်ပန်းမြို့ဆီလိုက်ပါ ချင်နေပါတယ် }

စောရန်နိုင်လဲသက်ပြင်းချရင်း

{ ကောင်းပြီ၊ သူမလုံခြုံရေးကို ဂရုစိုက်ပါ၊ သူမတစ်ခုခုဖြစ်ရင် ဗိုလ်ချုပ်က တာဝန်ယူရလိမ့်မယ် }

{ ဟုတ်ကဲ့ }

ကြည့်ရတာ သူမစိတ်မပြေသေးပုံပါပဲ။

"အမ‌တော်"

"အရှင်စောက လိုက်ခွင့်ပြုလိုက်ပါတယ်၊ ဒါပေမဲ့"

မင်းရဲကျော်စွာလဲ စကားစခန ဖြတ်ထားပြီးမှ

"တခုခုဖြစ်ရင် ကျွန်တော်တာဝန်ယူ"

"မောင်လေးနဲ့သူ ဘယ်လိုဆက်သွယ်ကြတာလဲ၊ အမလဲ မောင်လေး အသံလွှင့်ကျောက်တုံး ကိုင်တာ မတွေ့မိပါဘူး"

မင်းရဲကျော်စွာပြုံးရင်း

"ကြည့်ရတာ အရှင်စောနဲ့ သူ့အစေခံအားလုံး ဒီလိုဆက်သွယ် နိုင်ကြပုံပါပဲ၊ ဘာလို့လဲတော့ မသိပါဘူး"

ထိုအခိုက်

"အစ်ကို ... ညီမတို့"

"အရှင်က မိန်းခလေးတို့နဲ့ ပတ်သတ်ပြီး အမိန့်‌မပေးထားပါဘူး"

အဓိပ္ပာယ်ကရှင်းပါတယ်၊ စိတ်ကြိုက်လုပ်ခိုင်းတဲ့ သဘောပါပဲ။ သူဇာလွင်က

"မောင်လေးနဲ့ သူမသိထားတာလား"

"သားရဲတစ်ထောင် တောအုပ်ထဲမှာ တစ်ခါ ကယ်ပေးခဲ့ဖူးတာပါ အမတော်"

တစ်ဆက်ထဲပင်

"အခုတလော သားရဲတစ်ထောင် တောအုပ်နဲ့အရှင်တို့ ရေစက်ပါ နေပုံပဲ၊ တလောကလဲ ချူရင်ဆိုတဲ့ မိန်းခလေးတစ်ယောက်နဲ့ အရှင်တို့ သဘောတူညီမှု တစ်ခုခုလုပ်ကြတာ အဆင်မပြေကြပုံပဲ"

"ဘာ"

အခန်း(၅၃)ပြီး

အခန်း(၅၄)

(လူ၈ထောင် ထဲလားဟ)

"ဘာ"

သူဇာလွင် ဒေါသတကြီးထအော်ပါတော့တယ်။

"ချုရင်၊ ချုရင်ဟုတ်လားအကို၊ အခုသူမဘယ်မှာလဲ၊ သားရဲတ ထောင် မြို့မှာပဲလား၊ သူမအဆင်ပြေရဲ့လား"

စံပယ်ဦးက မေးခွန်းတွေဆက်တိုက်ဆိုသလို မေးလိုက် ပါ တော့တယ်။

"မိန်းခလေးက သူမနဲ့သိနေပြန်တာလား"

"ဟုတ်ကဲ့၊ ညီမတို့ကအတူတူ ကြီးပြင်းလာကြတာပါရှင့်၊ အခု သူမကကော"

"ခန"

မင်းရဲကျော်စွာလဲ တိုက်ရိုက်ပင်

{ အရှင်စော၊ စံမိန်းခလေးက ချူမိန်းခလေးနဲ့သိပုံပါပဲ }

မင်းရဲကျော်စွာလဲ ဖြစ်စဉ်များအား တင်ပြလိုက်လေရာ

စောရန်နိုင်က

{ ဗိုလ်ချုပ်၊ သူ့ကို သားရဲတစ်ထောင်မြို့ဆီ ပြန်လွှတ်လိုက်ပါ }

{ ဟုတ်ကဲ့ }

"စံမိန်းကလေး၊ အရှင်စောက စံမိန်းလေးကို ပြန်လာစေချင် နေပါတယ်၊ အဲဒီအတွက် မြင်းသည်တစ်ရာ နဲ့ ပြန်လိုက်သွားလိုက်ပါ"

"ကျေးဇူးပါအကို"

သုံးရာသီစံအိမ်၌လဲ

{ ဗိုလ်ချုပ်ကြီး သားရဲတစ်ထောင် တောအုပ်ထဲသွားပြီး ချူမိန်းခလေးကို ဖိတ်ခေါ်လိုက်ပါ၊ စံမိန်းခလေး ပြန်လာနေပြီလို့ပါ ပြောခဲ့ပေး }

{ ဟုတ်ကဲ့ပါ }

များမကြာမှီတွင် ပြင်ဆင်စရာများ ပြင်ဆင်၍ မင်းရဲကျော်စွာဟာ မြင်းတပ်သား ၁၉၉၀၀၊ သေနတ်တပ်သား ၁သောင်းအား ဦးဆောင်လျက် သူဇာလွင်အား ကာကွယ်ရင်း နွယ်ပန်းမြို့ရှိ စောရန်နိုင်၏ တပ်တော်ဆီကို ဦးတည် ချီတက်သွားပါတော့တယ် ။

ထိုဖြစ်ရပ်နှင့် တပြိုင်နက်ထဲတွင် သားရဲတစ်ထောင်မြို့ရဲ့ မြောက်ဘက်အရပ် မြင်းလှည်း ၆ ရက် ခရီးအကွာ နော်ဒင်လွင်ပြင်မှာ စေတစ်ရာမြို့စားဦးဆောင်တဲ့ မြို့စားတပ်ပေါင်းစု အင်အား တစ်သိန်းကျော်ဟာ စခန်းချပြီး အခြေအနေကို စောင့်ကြည့်နေကြပါတယ်။

သားရဲသိန်းချီကို အောင်နိုင်ထားတဲ့ ဒီမြို့စားသစ်ဟာ မရိုးရှင်းမှန်း ကြောင်အိုကြီးဖြစ်တဲ့ စေတရာမြို့စားက ရိပ်မိထားပါတယ်။ ထိုစဉ် အသံလွှင့်ကျောက်တုံးမှ

"မြို့စား၊ နွယ်ပန်းမြို့စားနဲ့ တခြားမြို့စားတပ်တွေ စခန်းချထားတဲ့ ဧဝလွင်ပြင်ကို ရန်သူမြို့စားသစ်က မြင်းတပ် ၁သောင်း ချီဘုရင်အဆင့် တစ်ဦးနဲ့ ဝင်တိုက်လို့ ရှုံးနိမ့်သွားပါပြီ"

"ဟင်း ... ကြည့်ရတာတော့"

စေတစ်ရာမြို့စား မျိုးမင်းလဲ သက်ပြင်းတစ်ချက်ချရင်း

"ကဲ ... ကြားတဲ့အတိုင်းပဲ၊ တစ်ဖက်က ချီဘုရင်အဆင့် ပါလာပြီ၊ ဘယ်လိုလုပ်ကြမလဲ"

"အစ်ကိုကြီး ကျွန်တော်တို့ တပ်ဆုတ်ကြမလား"

"ဟုတ်တယ် အစ်ကိုကြီး နှစ်သိန်းရှိတဲ့ သူတို့တောင်မနိုင်တာ ကျွန်တော်တို့ဆို ပိုဆိုးရောပဲ"

မျိုးမင်းလဲ ခေါင်းခါလိုက်ရင်း

"ပြန်ဆုတ်တော့ရော ငါတို့မြို့တွေကို သူက အလွတ်ပေးမှာတဲ့လား"

"အဲဒါဆို ဘယ်လိုလုပ်ကြမလဲ အစ်ကိုကြီး"

"ဟင်း ... ကြည့်ရတာ ဒီနိုင်ငံတော့ စစ်ဘေးဆိုက်တော့မယ်ထင်တယ်"

ထိုနောက် ခနကြာစဉ်းစားရင်း

"သစ္စာခံကြတာပေါ့"

"ဟာ"

"ဟာအစ်ကိုကြီး ဒါက"

"အစ်ကိုကြီး သူတို့မှာ ချီဘုရင်တစ်ဦးပဲ ရှိလောက်မှာပါ၊ ပြည်နယ်စောင့်တပ် ရောက်လာရင် သူတို့ကို ရှင်းပစ်နိုင်မှာပါ"

"သူတို့ကိုရှင်းလင်းတာနောက်မှ ငါတို့က အရင်အသတ်ခံရတော့မှာ၊ ဘယ်ရောက်ပြီမှန်းမသိတဲ့ ပြည်နယ်တပ်ကို စောင့်နေမဲ့အစား မြို့အကာအကွယ် အစီအရင်တွေထဲကနေပဲ ခုခံကြရင် မကောင်းဘူးလားအစ်ကိုကြီး"

"ညီလေး အနောက်ပြည်နယ်မှာ ချီဘုရင်အဆင့်ကို ခုခံနိုင်တဲ့အကာအကွယ်အစီအရင်က ပြည်နယ်မြို့တော်မှာပဲရှိတာ မေ့သွားတာလား"

ထိုစဉ်

"တင်ပြပါတယ်မြို့စား"

"ရန်သူအင်အား ၈ထောင်ခန့် စခန်းနားချည်းကပ်ပြီး တပ်ဆွဲလာပါတယ်"

"ခေါင်းဆောင်ဆိုသူက ချီစစ်သူကြီးအဆင့်လို့ ယူဆရပါတယ်၊ အမျိုးအမည်မသိ သံချောင်းရှည်ကြီး ၂၀ လောက်ကိုလဲ ပြင်ဆင်နေကြပါတယ်"

"အာ လူ ၈ထောင် ထဲလားဟ"

"ဟား ... အစ်ကိုကြီးရေ၊ အစ်ကိုလတ် ပြောတာမှန်နေပုံပဲ၊ ချီဘုရင်အဆင့် တစ်ယောက်ထဲပဲ တကယ်ရှိနေတာကိုး ... ဟား"

ညီငယ်မြို့စားဆိုသူကလဲ

"အသင့်ပြင်လိုက်တော့ .... ရန်သူကိုသတ်ပြီး သားရဲတစ်ထောင်မြို့အရောက် ချီတက်ကြစို့"

"ဟုတ်"

အခန်း(၅၄)ပြီး

All Chapters