အခန်း (၅၅-၅၇)
Vol. 4 Ch. 55-57
အခန်း(၅၅)
(နော်ဒင် လွင်ပြင်တိုက်ပွဲ)
"ဟုတ်"
"ဘူ .... ဘူ"
တစ်သိန်းမပြည့်တဲ့ မြို့စားတပ်ဖွဲ့တွေဟာ မင်းရဲကျော်ထင်တို့ အသင့်စောင့်ရာ နေရာသို့ အပြေးအလွား ချီတက်လာကြပါတယ်။
"အမြောက်တပ် .... ပစ်"
"အုံး ..….….. အုံး"
"ဝုန်း .... ဝုန်း ..... ဝုန်း"
"အား .... အား ..... အမေ့"
ဆူညံသော ပေါက်ကွဲသံများနဲ့အတူ နော်ဒင်လွင်ပြင်ဟာ သွေးသံတရဲရဲ တိုက်ပွဲတစ်ခုကို လက်ခံနေရပါတယ်။
"သေနတ်တပ် ...... ပစ်"
"ဒိုင်း ... ဒိုင်း .... ဒိုင် ...... ဒိုင်း"
"အင့် ..... အား ..... အမေ့ .... အွတ် ...အု"
အတင်းပြေးတက်လာတဲ့ မြို့စားတပ်ပေါင်းစုဟာ ဆီးကြိုပစ်ခတ်နေတဲ့ အမြောက်တပ်နဲ့ သေနတ်တပ်ကြောင့် အတုံးအရုန်း ကျဆုံးနေပါတယ်၊
ဟီလီပိုလစ်အမြောက်တွေဟာလဲ တာတိုမှာ ထိရောက်နေဆဲဖြစ်သလို kar 98k အလက်၁ထောင်ရဲ့ ပစ်အားကလဲ မသေးလှပါ။ သို့သော် သောင်းချီတဲ့ မြို့စားတပ်ပေါင်းစုကတော့ အပြေးလာနေဆဲပါ။
ရုတ်တရက်ဆိုသလို ဖုန်းကွယ်ထားတဲ့ Gatling စက်သေနတ်ကြီး ၅ လက်က မြို့စားတပ်ပေါင်းစုအား အနီးကပ်နီးပါး ဆီးကြိုပြီး ပစ်ခတ်ပြန်ပါတယ်။
"ဒက်ဒက်ဒက်ဒက်ဒက်ဒက်"
"အဲဒီလက်နက်တွေကို အရင်ဖျတ် ... အု"
"ဟီး"
"အစ်ကိုလတ်"
"ညီလေးဆုတ်တော့ ... ဝေါ့ ... စေတစ်ရာမြို့အထိ ဆုတ်ကြတော့"
အစ်ကိုလတ်ဆိုသူမှာ သေနတ်ဒဏ်ရာအား လက်ဖြင့်ဖိထားရင်းပင် လဲကျသေဆုံးသွားပါပြီ။
"အစ်ကိုလတ်"
မင်းရဲကျော်ထင်မှ
"အဲဒီနေရာကို ဝိုင်းပစ်စမ်း"
"အုံး .... ဝုန်း .... ဒက်ဒက်ဒက် …. ဒိုင်း ..... ဒိုင်း"
"အား"
သားရဲတွေအပေါ် သိပ်မထိရောက်ခဲ့တဲ့ စက်သေနတ်ကြီးတွေရဲ့အမြူတေ ကျည်ဆံတွေဟာ လူသားစစ်သည်တွေ အတွက်တော့ မရဏဖိတ်ခေါ်သံ အလားပါပဲ။
တစ်မိုင်ဆိုတဲ့ အကွာအဝေးအတွင်းမှာ မြို့စားတပ်ပေါင်းစုအနေနဲ့ တပ်သား ၄သောင်းကျော်ရဲ့ အလောင်းတွေကို ချန်ထားခဲ့ရင်း ပြန်ဆုတ်ပြေးသွားရပါတယ်။
ထိုတိုက်ပွဲမှာ ညီငယ်ဆိုသူမြို့စားနဲ့ အစ်ကိုလတ်မြို့စားတို့ ကျဆုံးခဲ့ရပါတယ်။
ချီစစ်သူကြီး အဆင့်တွေဟာ တချို့နေရာတွေမှာ ဘုရင်တစ်ပါးလို့ဆိုရပေမဲ့ တာတိုအမြောက် ၂၀ လက်နဲ့ စက်သေနတ် ၅ လက်ကြားမှာတော့ အနားတောင် မကပ်နိုင်ခဲ့ရှာပါဘူး။
"ဆုတ် ... ဆုတ်ကြ .... ပြန်ဆုတ်ကြ၊ စေတစ်ရာမြို့အထိ ဆုတ်ကြတော့ဟေ့"
"မြို့စားတွေ ကျကုန်ပြီဟ"
[ ဒင်၊ လျက်တပြက်မစ်ရှင် အောင်မြင်ပါတယ်၊ နော်ဒင်လွင်ပြင်မှာ စခန်းချနေတဲ့ မြို့စားတပ်တွေကို ချေမှုန်းပါ။ ဆုလာဒ်
စနစ်ပြန်လည်အဆင့်မြှင့်တင်မှု
ကြာချိန်လျော့ချခြင်း ၂၀ ရက်
ခရူးဆိတ် စစ်သည်တော် ၂သောင်း
old guard သေနတ်တပ်သား ၁သောင်း
အနက်ရောင် သံချပ်ကာမြင်းတပ်သား ၁သောင်း
ချီဘုရင်အထွပ်အထိပ်အဆင့် ဗိုလ်ချုပ် ၁ဦး
ချီစစ်သူကြီးအထွပ်အထိပ်အဆင့် ဗိုလ်မှုး၂ဦး
အခြေတည်အထွပ်အထိပ်ဗိုလ် ၁၀ဦး
ဆုလာဒ်အား အချိန်မရွှေး ထုတ်ယူအသုံးပြုနိုင်ပါပြီ ]
စနစ်ရဲ့ သတိပေးချက် အရောက်၌ပင် စောရန်နိုင်က
[ စနစ် ဆုလာဘ်အားလုံးကို စေတစ်ရာမြို့နားမှာ နေရာချပေးပါ ]
ထိုနောက် စိတ်အာရုံဖြင့်
{ ဗိုလ်ချုပ်မင်းရဲကျော်စွာ၊ စေတစ်ရာမြို့ကို ချီတက်ပြီးရင် ကျွန်တော့်တပ်နဲ့ ပူးပေါင်းပီး ဗိုလ်ချုပ်ရဲ့အမိန့်ကို နာခံလိုက်ပါ }
{ ဟုတ်ကဲ့ပါအရှင် }
မင်းရဲကျော်ထင်လဲ တပ်အား ပြန်စုစည်းရင်း ရန်သူ့စခန်းမှ ရိက္ခာများသိမ်းယူပြီး စေတစ်ရာမြို့ဆီ ဦးတည် ချီတက်သွားပါတယ်။
သုံးရာသီစံအိမ် အတွင်း၌
"တူလေးစော၊ ဦးလေးတို့ကို ခေါ်တယ်ဆိုလို့ပါ"
"အမှန်ပဲ၊ ကျွန်တော့်ရဲ့ တပ်တွေကတော့ တောင်နဲ့မြောက်က မြို့စားတပ်ပေါင်းစုတွေကို ရှင်းပြီးပါပြီ"
"အခုတော့ အရှေ့ဘက်က ဂိုဏ်းပေါင်းစုံတပ်တွေပဲ ကျန်တော့တယ်"
"ဒါက"
စောရန်နိုင်လက်ကာ ပြလိုက်ရင်း
"အခုဦးလေးတို့ ပါဝင်ရမဲ့အလည့်ပဲ"
"ဟူး .... ကြားရတာ ယုံတောင် မယုံချင်ဘူးကွယ်၊ အခုဦးလေးတို့ကို ဘာအမိန့်ပေးချင်ပါလဲ၊ ပြောပါ"
"သားရဲတစ်ထောင်မြို့က လက်ကျန်မိသားစုနဲ့ ဂိုဏ်းတွေဆီက လက်ရွေးစင်တွေချည်း စုဆောင်းပါ၊ ပြီးရင်ကျွန်တော့်တပ်နဲ့ပေါင်းပြီး ဆေးပင်တစ်ရာမြို့ကို သိမ်းယူမယ်"
"ကောင်းပါပြီ အခုပဲ သွားစုလိုက်ပါ့မယ်"
"ခွင့်ပြုပါအရှင်"
တစ်ရက်ခန့်အကြာ၌ လွင်မိုးနဲ့မေသူဇာတို့ ရောက်လာကြပါတယ်။
"ငါ့တူ ... မိသားစုနဲ့ဂိုဏ်း မဟာမိတ်တပ်တွေကနေ လူ ၅သောင်း၇ထောင်ကို ရွေးထားပြီးပါပြီ"
"ကောင်းတယ်"
ထိုနောက်
"ဝင်လာခဲ့"
အခန်း(၅၅)ပြီး
အခန်း(၅၆)
(စစ်ကြောင်းများ ဖြန့်ကျက်ထားပြီ)
"ဝင်လာခဲ့"
"အရှင့်ကျွန် ဗိုလ်ချုပ် ဗလမင်းထင်မှ အရိုအသေပြုပါတယ်"
"အရှင့်ကျွန် တပ်မမှူး သီဟမင်းထင်မှ အရိုအသေပြုပါတယ်"
"အရှင့်ကျွန် တပ်မမှူး သူရမင်းထင်မှ အရိုအသေပြုပါတယ်"
"အရှင့်ကျွန် ဗိုလ်မှူး သီဟကျော်စွာမှ အရိုအသေပြုပါတယ်"
"အရှင့်ကျွန် ဗိုလ်မှူး သီဟနန္ဒမှ အရိုအသေပြုပါတယ်"
"အရှင့်ကျွန် ဗိုလ်မှူး သူရရဲခေါင်မှ အရိုအသေပြုပါတယ်"
"အရှင့်ကျွန် ဗိုလ်မှူး သူရရဲမာန်မှ အရိုအသေပြုပါတယ်"
"သူတို့တွေက စစ်သည် ၆သောင်း၄ထောင်နဲ့ ပူးပေါင်းပေးပါလိမ့်မယ်၊ ဦးလေးတို့အနေနဲ့ ဗိုလ်ချုပ်ဗလမင်းထင်ရဲ့ ဦးဆောင်မှုနောက်ကို လိုက်ပေးကြပါ၊ ဒီကနေမြင်းလှည်းနဲ့ တစ်ရက်ခရီးအကွာမှာ စစ်သည်တွေနဲ့ ဆုံပါလိမ့်မယ်"
"တစ်ရက်အတွင်း ထွက်ခွာပါ"
"ဟုတ်ကဲ့ပါ"
လက်ရှိ၌ စောရန်နိုင်တွင် စစ်တပ်တစ်ခုအား သေချာမစုဖွဲ့နိုင်သေးပါ။ စစ်တပ်ရဲ့ ယူနီဖောင်းတွေကလဲ စနစ်ကပေးတဲ့ အတိုင်းသာ ဖြစ်နေသေး၏။
တစ်ပတ်ခန့် အကြာမှာတော့ နွယ်ပန်းမြို့ဟာ မင်းရဲကျော်စွာရဲ့ သိမ်းပိုက်မှုကို ခံလိုက်ရပါပြီ။
ထိုအတူ စေတစ်ရာမြို့ကြီးသည်လဲ ချီဘုရင် အထွတ်အထိပ် တစ်ဦးဖြစ်တဲ့ ဗိုလ်ချုပ်လက်ာကျော်စွာရဲ့ လက်အောက်သို့ အညံ့ခံခဲ့လိုက် ကြရပါတယ်။
ထိုအကြောင်းများကို စောရန်နိုင်သိရှိပြီးနောက် မိုင်းတွင်းများကိုလည်း သိမ်းပိုက်စေကာ သတ္တုရိုင်းများကို သယ်ယူပို့ဆောင်ရေး စီမံစေပါတယ်။
အဲဒီမှာ ပြဿနာတစ်ခု ကြုံရပါတော့တယ်။
သယ်ယူပို့ဆောင်ရေး ပြဿနာပါ။ စောရန်နိုင်အတွက် နှစ်ပတ်ဆိုတဲ့အချိန်ဟာ ကြာလွန်းနေပါတယ်၊ သူ့အတွက် သယ်ယူပို့ဆောင်ရေး ယာဉ်တစ်မျိုးမျိုး လိုအပ်နေပါပြီ။
နောက်တစ်ခုက စစ်သည်များ သွားလာရေးပါ၊ စောရန်နိုင်အနေနဲ့ စစ်တပ်နေရာရွှေ့ပြောင်းမှုတွေကို စိတ်အာရုံနဲ့ စိတ်ကြိုက်ရွေ့လျားစေနိုင်ပေမဲ့ တပ်တိုင်းအတွက်တော့ အချိန်မရနိုင်ပါဘူး။
အနောက်ပြည်နယ်ကို သိမ်းပိုက်ဖို့အတွက် အချိန်ကသာ သူ့အတွက် လိုအပ်နေတဲ့အရာပါ။
လောလောဆယ် သူဘာမှမလုပ်နိုင်သေးပါဘူး၊ တစ်လှမ်းခြင်းသိမ်းပိုက်သွားယုံပါပဲ၊
တောင်ဘက်ပိုင်းနဲ့ မြောက်ဘက်ပိုင်းဒေသတွေကို သိမ်းဖို့ စောရန်နိုင် ဆက်စီမံပေးထားပါတယ်။
ချီဘုရင်တွေဖြစ်တဲ့ ဗိုလ်ချုပ်ဗလစည်သူ၊ ဗလနန္နတို့ကို ချီစစ်သူကြီး ၁၀ဦးစီ ဦးဆောင်စေလျက် ခြေလျင် ၅သောင်း၊ သေနတ်၂သောင်း၊ မြင်း ၃သောင်း၊ အမြောက်ကြီး၁၀၊ အမြောက်ငယ်၃၀၊ စက်သေနတ်ကြီး၅လက်၊ လောင်ချာ၁၀နဲ့အတူ ထပ်မံစေလွှတ်ခဲ့ပြီး စေတစ်ရာမြို့ကို ထိန်းချုပ်စေခဲ့ပါတယ်။
ချီဘုရင်တွေဖြစ်တဲ့ ဗိုလ်ချုပ်သီဟနော်ရထာ၊ ရာဇသက်ြန်တို့အား ချီစစ်သူကြီး၁၅ဦးစီ ဦးဆောင်စေလျက် ခြေလျင် ၁သိန်း၊ သေနတ် ၃သောင်း၊ မြင်း ၅သောင်း၊ အမြောက်ကြီး၁၅၊ အမြောက်ငယ်၂၀၊ စက်သေနတ်ကြီး၁၅ လောင်ချာ၂၀နဲ့အတူ ထပ်မံစေလွှတ်ခဲ့ပြီး တောင်ဘက်ရှိနွယ်ပန်းမြို့ကို ထိန်းချုပ်စေခဲ့ပါတယ်။
ဗိုလ်ချုပ်ကြီး မင်းထင်နော်ရထာအား ချီဘုရင်အဆင့် ဗိုလ်ချုပ်၅ဦး ချီစစ်သူကြီး၄၀ဦးနဲ့အတူ ခြေလျင် ၉သောင်း၊ မြင်း ၂သောင်း၊ အမြောက်ကြီး၁၀၊ အမြောက်ငယ်၂၀၊ စက်သေနတ်ကြီး၁၅လက်၊ လောင်ချာ၂၀တို့နဲ့အတူ ရှေ့ကမဟာမိတ်တပ်ဖွဲ့နဲ့အတူသွားနှင့်ရင်း သောကမြို့မှာ ခုခံနေကြရတဲ့ ဗိုလ်ချုပ်ဗလမင်းထင်တို့နဲ့ သွားရောက်ပူးပေါင်းပြီး အနောက်ပြည်နယ်မြို့တော်ကို သွားရာလမ်းကြောင်းထဲမှာကျနေတဲ့ ဟူးကောင်းလွင်ပြင်ကို တိုက်ရိုက်ချီတက်စေပါတယ်။
ဆေးပင်တစ်ရာမြို့ဟာ ဟူးကောင်းလွင်ပြင်ထဲက ဟူးကောင်းတောင်ကြားမှာ တည်ရှိနေတာပါ၊ လမ်းမကြီးများ စုံစည်းရာဖြစ်လို့ စစ်ရေးအရ အချက်အချာကျနေမှာပါ၊၊
စောရန်နိုင်ကိုယ်တိုင်ကတော့ နော်မန်ကနိုက် မြင်းသည် ၅သောင်း၊ တော်ဝင် နိုဗယ်ကနိုက် မြင်းသည် ၃သောင်း၊ သံချပ်ကာမြင်းသည် ၅သောင်း၊ လောင်ချာ၂၀တို့နဲ့အတူ ပြည်နယ်စောင့်ပင်မတပ် ထွက်ပေါ်လာမဲ့လမ်းကြောင်းကို အမြန်ချီတက်စစ်ကူပေးဖို့ အသင့်ပြင်ထားလိုက်ပါတယ်၊၊
သားရဲတစ်ထောင်မြို့ကိုတော့ မိုးကြိုးမြို့စောင့်တပ် ၁သောင်းခွဲ၊ m1 karbineသုံး သေနတ်တပ်သား ၁သောင်း၊ အရိပ်အစေခံ၇၀တို့ကို ဇော်ဝမ်းအား ဦးဆောင်စေလျက် အမြောက်ကြီး အနည်းငယ် စက်သေနတ်ကြီး အနည်းငယ်တို့နဲ့အတူ မြို့စောင့်အဖြစ် ထားခဲ့မှာဖြစ်ပါတယ်။
သယ်ယူပို့ဆောင်ရေးနှင့် ထောက်ပံ့ရေးအတွက် မဟာမိတ်တပ်ဖွဲ့မှ လူ၅၀၀၀ဆီအား လောင်ချာ၃လက်စီနှင့်အတူ မြင်းလှည်း ၁သောင်းခွဲအား ၃ဖွဲ့ခွဲပြီး ချီစစ်သူကြီး အဆင့်များကို ခေါင်းဆောင်စေပါတယ်။
စစ်ဆင်ရေးဗျုဟာအရ ခရင်းခွသဏ္ဌာန် စစ်ကြောင်း သုံးကြောင်းနဲ့ မြို့တော်အရောက် လမ်းတစ်လျှောက်ကို သိမ်းပိုက်ရင်း ချီတက်ကြမှာပါ။
ဒါကလဲ ပြောသလောက်ကြီး မလွယ်နေပါဘူး။
စောရန်နိုင်အနေနဲ့ မနိုင်မှာမပူရပါဘူး၊ ရန်သူနဲ့မတွေ့မှာပဲ စိုးရိမ်ရတာပါ၊ စောရန်နိုင်အနေနဲ့ တပ်ဖွဲ့အကုန် သုံးထားတာဖြစ်ပြီး ရန်သူကတစ်ခြားမှ ပေါ်ထွက်လာရင် ခုခံဖို့အတွက် အရန်အင်အား မရှိနေတော့ပါဘူး။
နွယ်ပန်းမြို့မှာရှိနေတဲ့ မင်းရဲကျော်စွာလဲ ပြည်နယ်ရေတပ်အကြောင်း သတင်းရခဲ့ပါတယ်။
[ အရှင် ... ရန်သူတွေက ရေကြောင်းကနေ ချီတက်လာပုံပါပဲ ]
[ ပျော်စံရာ သင်္ဘောဆိပ်မှာ စစ်သင်္ဘောကြီး ၁ထောင် ကပ်ထားပြီး ခြေလျင် ၂သိန်း၊ မြင်း ၈သောင်း၊ မြှားသည် ၄သောင်း နဲ့ လောက်လွဲစင် တစ်ရာ လဲ ပါလာပါတယ် ]
[ ကောင်းပြီ၊ ရန်သူကို ခြုံခိုတိုက်ပါ၊ စစ်ကူတပ်တွေ လမ်းမှာရောက်နေပြီ ]
[ အတက်နိုင်ဆုံး လှုပ်ရှားစစ်ကစားပါ ]
[ ကောင်းပါပြီ အရှင် ]
အခန်း(၅၆)ပြီး
{ ... } [ ... ] ဒီနှစ်ခုက စိတ်အာရုံနဲ့ ပြောကြတာပါ၊ စာရေးသူ လက်သင့်သလို သုံးနေတာမို့ပါ
အခန်း(၅၇)
( သောကမြို့မှာ ဒုက္ခဝေနေရှာတဲ့ ရှေ့ပြေးတပ် )
[ ကောင်းပါပြီအရှင် ]
စေတစ်ရာစစ်ကြောင်းကတော့ ငြိမ်နေပါသေးတယ်။
ဒီအတွက် စစ်ကူတပ်တွေနဲ့ ပေါင်းပြီး ဆက်ချီတက်ယုံပါပဲ။ ဒါပေမဲ့လဲ မင်းရဲကျော်ထင်ကတော့ ရတဲ့မြို့ကို ရသလောက် ဆက်တိုက်ချင်နေပါတယ်။
[ အရှင်၊ ဒီကျွန်အနေနဲ့ ဆက်ပြီးတိုက်ခိုက် သိမ်းပိုက်ချင်ပါတယ် ]
[ မရဘူး စစ်ကူကိုစောင့်ပါ၊ ရန်သူ့သတင်း ဆက်ထောက်လှမ်းထား၊ ရန်သူ့ပင်မစစ်ကြောင်း မပေါ်လာသေးဘူး ]
[ ကောင်းပါပြီအရှင် ]
အရှေ့ဘက်စစ်ကြောင်းက မဟာမိတ်ရှေ့ပြေးတပ် ကတော့အခြေအနေ မကောင်းလှပါ။
တစ်ချိန်က ဟူးကောင်းလွင်ပြင်ရဲ့ ဂိတ်တံခါးလို့ ခေါ်ကြတဲ့သောကမြို့ငယ်လေးဟာ ယခုအချိန်မှာ စစ်မြေပြင်အဖြစ်သို့ ပြောင်းလဲကာ သွေးသံတရဲရဲနဲ့ ရှိနေပါတယ်။
ဂိုဏ်းပေါင်းစုံ စုဖွဲ့ထားတဲ့ သုံးသိန်းခန့်ရှိတဲ့ ကျင့်ကြံသူတွေကို ခုခံနေရတာမို့ အခြေအနေမကောင်း ဖြစ်နေတာပါ။
တစ်ပတ်ကျော် တိုက်နေရတဲ့ ခံစစ်မှာ လူ ၇ထောင်သာ ပါတဲ့ မဟာမိတ် သေနတ်တပ်ကလဲ ခြေကုန်လက်ပန်း ကျနေပါပြီ၊ ဗလမင်းထင်တို့ကလဲ ခြေလျင် ၆သောင်း၄ထောင်၊ မဟာမိတ်တပ်ဖွဲ့ကလဲလူ ၅သောင်း၇ထောင်သာ ပါသည်မို့ အရေအတွက်အရ ဖိနှိမ့်ခံနေရပါသေးတယ်။
ဒါအပြင် တစ်ဖက်က ဂိုဏ်း၃၀ခန့် ပူးပေါင်းထားတာမို့ စစ်တပ်နဲ့ ဂိုဏ်းများအကြား တိုက်ပွဲကြီးတစ်ခု မဖြစ်လိုတာလဲ ပါနေပါတယ်။
စောရန်နိုင် အနေနဲ့ကလဲ သန်းချီတဲ့ တစ်နိုင်ငံလုံးက ကျင့်ကြံသူတွေနဲ့ ရန်စတစ်ခု မထားလိုသေးပါဘူး၊၊
[ အရှင် ... ကျွန်တော်တို့ မထိန်းနိုင်တော့ဘူး ]
[ ဗလမင်းထင် ရသလောက် ထိန်းထားပါ။ ဗိုလ်ချုပ်ကြီးနဲ့စစ်ကူတွေ လွတ်လိုက်တယ် ]
[ လုံးဝမထိန်းနိုင်ရင် နောက်ပြန်ဆုတ်ပြီး ဗိုလ်ချုပ်ကြီးတို့နဲ့ ပူးပေါင်းပါ၊ ကျင့်ကြံခြင်းလောက စည်းမျဉ်းကို မထိခိုက်ပါစေနဲ့ ]
[ ကောင်းပါပြီအရှင် ]
ထိုစဉ် တိုက်ပွဲအတွင်းသို့ ချီစစ်သူကြီးအဆင့် ဂိုဏ်းအကြီးအကဲများ ပါဝင်လာကြပါပြီ၊၊
မဟာမိတ်တပ်ရဲ့ သေနတ်ဖြစ်တဲ့ တူးမီလ်းတွေဟာ ချီစစ်သူကြီးတွေရဲ့ စွမ်းအင်အကာအကွယ်ကို မထိုးဖောက်နိုင်ပါဘူး၊ ချီစစ်သူကြီးအဆင့် တစ်ယောက်ဟာ သောင်းချီတဲ့ စစ်တပ် တစ်တပ်ကို အသာလေး ထိန်းထားနိုင်ပါတယ်။
ဒါတောင် ချီဘုရင်အဆင့် ဂိုဏ်းချုပ်တွေ မလှုပ်ရှားကြသေးပါဘူး။
"ဖောက် ..... ဖောက် ....... ဖောက်"
"အား ... အင့် .... အု"
"ကျွီ .... ဝှစ်"
"ဝုန်း .... ဂျိန်း"
"မြို့ရိုးပြိုသွားပြီ .... တိုက်ကြ"
"သတ်"
"ထိန်းထား ... ရအောင်ထိန်းထားကြ၊ ဗိုလ်ချုပ်ကြီးနဲ့ စစ်ကူတွေ လာနေကြပြီ"
"လွင်ခေါင်းဆောင် .... မဟာမိတ်တပ်တွေ မခုခံနိုင်တော့ဘူး"
"ရန်သူဘက်က ချီစစ်သူကြီး ခြောက်ဆယ်လောက် ပါလာကြပြီ"
လွင်မိုးနဲ့မေသူဇာလဲ ဘာမှမတက်နိုင်တော့ပါဘူး။ သူတို့ဘက်မှာတော့ ချီဘုရင်တစ်ယောက်၊ ချီစစ်သူကြီး နှစ်ဆယ် ယောက်ပဲရှိတာပါ၊၊
မဟာမိတ်တပ်ဖွဲ့က ၁၄ ယောက်နဲ့ စောရန်နိုင်ရဲ့ မြို့စားတပ်က ၆ ယောက်ပါ။
ဆိုလိုတာက 1vs3 နဲ့ ထိန်းနေရတာပါ၊ ဒါ့အပြင် မဟာမိတ်ကချီစစ်သူကြီးတွေက အဆင့်တက်ထားတာ မကြာသေးပါဘူး။
ဒါအပြင် ချီဘုရင်အဆင့် ဂိုဏ်းချုပ် ၃၀လုံး ပါလာရင် ချီဘုရင်ဖြစ်တဲ့ ဗလမင်းထင်လဲ လုံးဝ ထိန်းထားနိုင်ဖို့ မဖြစ်နိုင်ပါဘူး။ အဲဒါနဲ့ပဲ လွင်မိုးက
"ဗိုလ်ချုပ် .. ဘယ်လိုလုပ်ကြမလဲ၊ တူလေးကရော ဘာပြောထားတာရှိသေးလဲ"
"ရသလောက် ထိန်းထားပါတဲ့ မရရင် ပြန်ဆုတ်ပြီး ဗိုလ်ချုပ်ကြီးတို့နဲ့ပူးပေါင်းပါတဲ့"
"ဒါဆိုလဲ ဆုတ်ကြ .... ကိုယ့်လူအချင်းချင်း အပါခေါ်ပြီးဆုတ်ကြ"
"ချီစစ်သူကြီးအဆင့်တွေ ခနထိန်းထားပေးကြ"
"ဆုတ်ကြ ... တပ်ဆုတ်ကြတော့"
"သတ် .... သူတို့ထွက်ပြေးနေကြပြီ လိုက်သတ်ကြ"
"ရွှတ် ... အား .... ဝှစ် .... ဝုန်း"
"ဒုတ် ... ဖောက် ... ဖောက် ... ဖောက်"
"ဝှစ် .... အင့်"
တစ်ချိန်က အဖြူရောင်များနဲ့ လှပခဲ့တဲ့ သောကမြို့ရိုးနံရံတွေဟာ အခုတော့ သွေးများနဲ့ ရဲရဲနီခဲ့ရပါတယ်။
မြို့နံရံအခြေက ရာထောင်ချီတဲ့ ကျင့်ကြံသူဂိုဏ်းသား အလောင်းတွေ မြို့ရိုးပေါ်နဲ့ မြို့တွင်းက အလောင်းကောင်တွေဟာ စစ်ပွဲတစ်ခုရဲ့ ရက်စက်မှုကို လှစ်ဟပြသနေပါတယ်၊၊
တစ်ပတ်ကျော်ကြာတဲ့ ဒီတိုက်ပွဲမှာတော့ ခုခံသူတွေဖြစ်တဲ့ စောရန်နိုင်နဲ့ မဟာမိတ်တပ်ဖွဲ့တွေဟာ အင်အား ၅သောင်းကျော် ဆုံးရှုံးခဲ့ရပါတယ်။
တိုက်ခိုက်သူ ဂိုဏ်း ၃၀ကျော်ဘက်ကလဲ ဂိုဏ်းသား ၇သောင်းခန့် သေဆုံးခဲ့ပါတယ်၊ အများစုကတော့ အဆင့် ၁ အစီအရင်ကိုဖောက်ထွင်းနိုင်တဲ့ မဟာမိတ်တပ်က တူးမီးလ်တွေကြောင့်ပါပဲ။
ထိုအချိန်မှာပဲ မင်းထင်နော်ရထာနဲ့ စစ်ကူတွေကလဲ တစ်ရက်ခရီးအကွာကို ရောက်နေကြပါပြီ၊၊
သူတို့လဲ စောရန်နိုင်ဆီက သတင်းစကားကို ကြားပြီးကြပြီးမို့
အမြန်ချီတက်လာနေကြတယ်။
( ဒီမှာတစ်ခုပြောလိုတာက စောရန်နိုင် ရောက်နေတဲ့ကမ္ဘာမှာက တိုက်ကြပြီဆိုရင် ကျင့်ကြံဆင့်တူတွေပဲ တိုက်ကြရတာပါ၊ ဒါကြောင့် ချီဧကရာဇ်အဆင့် မင်းထင်နော်ရထာရှိနေလဲ သူနဲ့တိုက်ဖက်မရှိလို့ ဝင်မတိုက်နိုင်ပါဘူး၊ မဟုတ်ရင်တစ်လောကလုံးနဲ့ တစ်ယောက်ဖြစ်သွားမှာကို စောရန်နိုင်စိုးရိမ်နေတာပါ၊ စစ်တပ်ခြင်းတိုက်ရာမှာတော့ အကျုံးမဝင်ပါဘူး )
သုံးရာသီစံအိမ် အတွင်းခန်းမထဲမှာတော့ စောရန်နိုင်တစ်ယောက်မြေပုံကြည့်ရင်း ပါးစပ်က တတွတ်တွတ် ရေရွတ်နေရပါတယ်။
စစ်မျက်နှာက နှစ်ဖက်ဖွင့်ထားရသလို အခြေအနေတိုင်းကအရေးကြီးနေပါတယ်။
အထူးသဖြင့် ရုတ်တရက်ပေါ်လာတဲ့ ပြည်နယ်ရဲ့ရေတပ်ပါ။
ပြည်နယ်စောင့်တပ်ဆိုတာ သာမန်မြို့စားတပ်တွေနဲ့ မတူညီပါဘူး။ ခိုင်မာတဲ့ဖွဲ့စည်းပုံ အစီအရင်များ ၊ လူအင်အား၊ စည်းလုံးမှုက အပြတ်အသတ်ပါပဲ။ ဒါကြောင့် စိတ်အာရုံနဲ့တင် အားမရတော့ပဲ တွတ်ထိုးနေရပါတယ်။
လက်ရှိနွယ်ပန်းမြို့မှာ သယ်ယူပို့ဆောင်ရေးအတွက် စေလွှတ်ထားတဲ့ မဟာမိတ်တပ်ဖွဲ့ဝင် ၅ထောင်၊ သေနတ် ၂သောင်း၊ သံချပ်ကာမြင်း ၁သောင်း၉ထောင်၉ရာ ခရူးဆိတ်ခြေလျင် ၂သောင်း ရှိပြီး အားလုံးပေါင်းမှ ၆သောင်း၄ထောင်၉ရာ ပဲရှိတာပါ။
ကျင့်ကြံဆင့်တွေအနေနဲ့က ချီဘုရင် အလယ်လတ်ဦးတစ်ဦး၊ ချီစစ်သူကြီး အထွတ်အထိပ်နှစ်ဦးသာ ရှိပါတယ်။
တပ်အင်အားအရလဲ မယှဉ်နိုင်သလို ကျင့်ကြံဆင့်အရလဲ အားနည်းနေပါသေးတယ်။
"အစော ... အဖေတို့အဆင်ပြေရဲ့လား"
အခန်း(၅၇)ပြီး