← Chapters

အခန်း (၅၈-၆၀)

Vol. 4 Ch. 58-60

အခန်း (၅၈-၆၀)

Vol. 4 Ch. 58-60

အခန်း(၅၈)

(လေယာဉ်ထုတ် စက်ရုံတွေရပြီ)

"အစော ... အဖေတို့အဆင်ပြေရဲ့လား"

"လောလောဆယ်တော့ တပ်ပြန်ဆုတ်လာ‌ပါပြီ"

"နောက်တစ်ရက်လောက်ဆိုရင် ဗိုလ်ချုပ်ကြီးရဲ့ စစ်ကူတပ်နဲ့ ဆုံလောက်မှာပါ"

"စိတ်မပူပါနဲ့မဇာ"

"ဟိုလေ .... အစ်ကိုမင်းရဲကျော်စွာတို့ကော အဆင်ပြေရဲ့လား"

စောရန်နိုင်လဲ စံပယ်ဦးအားပြုံးစိစိ ကြည့်ရင်း

"လောလောဆယ်တော့ ထိပ်တိုက်မရင်ဆိုင် ထားသေးပါဘူး၊ ဒါပေမဲ့ နွယ်ပန်းမြို့နဲ့ တစ်ရက်ခရီးအကွာကိုတော့ ရန်သူတွေရောက်နေပြီလို့ သတင်းရတယ်"

"ဘာလဲ ... စံမိန်းခလေးက ဗိုလ်ချုပ် မင်းရဲကျော်စွာကို စိတ်ပူနေပုံပဲနော်"

"မဟုတ် .... မဟုတ်ပါဘူး၊ အကိုက ကျွန်မတို့ကို နှစ်ခါတိတိကယ်ဖူးထားလို့ တခုခုဖြစ်မှာ စိုးရိမ်နေရုံပါ .... နော်မမချူ၊ ဟုတ်တယ်မလား"

"အင်း ... အာ၊ မသိဘူးလေ၊ တို့မှသူနဲ့မသိတာ၊ သူကဘယ်သူလဲ"

"မမချုမကောင်းဘူး ... အဟင့်၊ ညီမဘက်က မပါပေးဘူး"

"မမစံကလဲ၊ ခုထိကလေးကြီးကျနေတာပဲ"

"ခ်ခ်ခ်ခ်ခ်ခ်"

စောရန်နိုင်ရဲ့ သုံးရာသီစံအိမ်ခြံဝန်းက အရင်လိုမျိုး ခြောက်ကပ်ကပ် မဟုတ်တော့ပါဘူး၊ ကောင်းကင်အန်တု မြေခွေးတွေနဲ့ ယာယီစည်းကားနေပါပြီ။

သူ့နားပတ်လည်မှာလဲ သူဇာလွင်၊ ချူရင်၊ ချူရီ၊ စံပယ်ဦး စတဲ့မိန်းမချောလေးဦး ရှိနေပါတယ်။

ဒါ့အပြင် သားရဲတစ်ထောင်မြို့က လက်ကျန်မိသားစု ၃စုကသမီးတွေ၊ လက်ကျန်ဂိုဏ်း၃ဂိုဏ်းက သမီးတော်၃ဦးလဲ ရှိပါသေးတယ်၊

ကျင့်ကြံဆင့်တွေအနေနဲ့ သူဇာလွင်က ချီစစ်သူကြီးစဦး၊ ချူရင်က ချီဧကရာဇ်စဦး၊ စံပယ်ဦး၊ ချူရီနဲ့ သမီးတော်‌ ၆ ယောက်ကတော့ အခြေတည်အဆင့် အသီးသီးမှာပါ။

အသက်၁၉အရွယ် ချီစစ်သူကြီး အလယ်အလတ်အဆင့် စောရန်နိုင်ဆိုတာ အားကြီးသူကိုနှစ်သက်ကြတဲ့ ဂိုဏ်းသမီးတော် ၄ယောက်အတွက်တော့ သူရဲကောင်းကြီးပါပဲ။

ကော်ကပ်ထားသလိုပဲ သူဘယ်သွားသွား အ‌စေခံတွေလို နောက်ကလိုက်နေကြတာပါ။

ဒါကို မျက်စိနှောက်နေသူက သူဇာလွင်ပါ။

စောရန်နိုင်ရဲ့ ကျင့်ကြံဆင့် အစစ်အမှန်ကို ချူရင်နဲ့ မင်းထင်နော်ရထာနှစ်ဦးသာ သိထားပါသေးတယ်၊၊

"ချူမိန်းခလေး"

"ကျွန်မတို့ ကောင်းကင်အန်တု မြေခွေးမျိုးနွယ်က သခင်စောကိုလက်အောက်ခံပါမယ်"

"ပြီးတော့ ကျွန်မနဲ့သခင်စော၊ သွေးစာချုပ်ချုပ်မယ်၊ ဒါပေမဲ့ ကျန်တဲ့သူတွေကိုတော့"

"ရပါတယ်၊ သူတို့ရဲ့ဆန္ဒမပါရင် ဘယ်သူမှ ကောင်းကင်မြေခွေးမျိုးနွယ်စုနဲ့ သွေးစာချုပ် မချုပ်စေရပါဘူး"

"ဒါပေမဲ့ လောလောဆယ် မြေခွေးမျိုးနွယ်အတွက် ဒီနေရာပဲ ယာယီနေပေးကြပါဦး"

" စစ်ပွဲပြီးရင် အနောက်ပြည်နယ်က ကြိုက်တဲ့နေရာတစ်ခုကိုရွေးပါ ၊ အပိုင်စားပေးပါ့မယ်"

"သခင်စောက အနောက်ပြည်နယ်ကို သိမ်းနိုင်မယ်လို့ ယုံကြည်ရဲ့လား"

"ပြီးတော့ အောင်မဂ်လာနိုင်ငံတော်ရဲ့ အင်အားကိုကော ခုခံနိုင်မယ်လို့ယုံကြည့်ထားရဲ့လား"

[ ဒင်၊ လျင်တပြက် တာဝန်ကြီး အောင်မြင်ပါတယ်၊ ကောင်းကင်အန်တု မြေခွေးမျိုးနွယ်အားထိန်းချုပ်ပါ၊ အသက်သေဆုံးခြင်း မရှိစေရ၊ ဆုလာဒ်

အဆင့် ၃ သားရဲသခင်အဆင့်

Walther PP ပစ္စတို ၁

SVD Dragunov sniper ၁

တွန်းကန်အစီအရင်ရေးဆွဲနည်း ၁

ပေါင်းစပ်အစီအရင် ၅

BA-17 Flying Fortress ( ပျံနေသောသစ်တော )

ဗုံးကြဲလေယာဥ်စက်ရုံ ၂ နည်း ၁

P.51H Mustang တိုက်လေယာဥ်ထုတ် စက်ရုံ ၁

ဆုလာဒ်အား အချိန်မရွေး နေရာချထားနိုင်ပါပြီ ]

"ဟား ... တစ်နှစ်အတွင်းပါပဲ၊ ဘာလို့လဲသိချင်ရင် လိုက်ခဲ့ကြည့်လေ"

မိန်းခလေးတစ်သိုက်လဲ စောရန်နိုင်နောက်ကနေ လိုက်လာကြပါတယ်။

မကြာမှီ စစ်တပ်ခြံဝိုင်း တံခါးဝတစ်နေရာကို ရောက်လာကြပါတယ်၊၊ ဒီနေရာက စောရန်နိုင်ရဲ့ စက်ရုံတွေအတွက် ချန်ထားတဲ့သီးသန့်နေရာတွေပါ၊၊

အဆင့် ၂ အကာအကွယ် အစီအရင်တွေ ချထားပါသေးတယ်။ ဒါ့အပြင် သူခွင့်မပြုပဲ ဘယ်သူမှဝင်လို့ မရနိုင်ပါဘူး။

"စနစ် စက်ရုံတွေကို နေရာချမယ်"

"ဝှစ် ... ဖလပ်ဖလပ် .... ဝုန်း"

ခြံဝိုင်းထဲမှာ ကြီးမားတဲ့စက်ရုံကြီး ၃ရုံ ရုတ်တရက် ပေါ်ပေါက်လာတယ်။

[ ဒင် ..... စက်ရုံများအတွင်း မည်သူမျှဝင်၍ မရနိုင်ပါ၊ စက်ရုံနေရာချထားမှုကြောင့် စနစ်မှ BA-17 Flying Fortress ( နောင်တွင် Ba-17ဟုသာ ရေးပါမည် ) ဗုံးကြဲလေယာဉ်၁စီး၊ P.51H Mustang ( P.51ဟုသာ ရေးပါမည် ) တိုက်လေယာဥ် 2စီး အား လက်ဆောင်ပေးထားပါသည်၊ ပြေးလမ်းတွင် အသင့်ရှိနေမည်၊ ပိုင်ရှင်သည် စနစ် LV-5 ရောက်ပြီဖြစ်သောကြောင့် စနစ်မှ အသုံးမပြုရသေးသော စက်ရုံများအား အော်တိုအချိန် စနစ်ဖြင့် ပစ္စည်းထုတ်ယူနိုင်ပါပြီ။

စက်ရုံမှ လေယာဉ်ထုတ်နှုန်းများ

Ba_17( ၇၂၀ နာရီ [ ၇ ရက် ] ၁ စီး

P.51( ၁၆၈ နာရီ [ ၅ ရက် ] ၁ စီး

လုပ်ဆောင်မည်လား ]

[ လုပ်ဆောင်မယ် ]

အခန်း(၅၈)ပြီး

အခန်း(၅၉)

( စားချင်ရင် ပြင်ဆင်ရတယ် )

[ လုပ်ဆောင်မယ် ]

စောရန်နိုင်လဲ မိန်းခလေးတစ်သိုက်အားခေါ်ကာ လေယာဉ်ပြေးလမ်းများပေါ်ရှိ လေယာဉ်သုံးစီးထံ ခေါ်သွားပါတော့တယ်။

"အစော ... ဒီသံငှက်တွေက ဘာသံငှက်တွေလဲ၊ အချိုးမကျလိုက်တာ"

"ဟုတ်တယ်နော်၊ ဟိုတစ်ခုဆို အကြီးကြီးပဲ"

"ဟယ် ... မမ၊ ဟိုသံငှက်နှစ်ခုက ချစ်စရာလေးနော်"

"ဟား .. အဲ့ဒါတွေကို လေယာဉ်လို့ခေါ်တယ်၊ အာရုံစိုက်ထား၊ မောင်းနည်းသင်ပေးမယ်"

စောရန်နိုင်ကလဲ ချူရီရဲ့နဖူးကိုထိပြီး လေယာဉ်မောင်းနည်း၊ ပစ်နည်းကို လွဲပြောင်းပေးလိုက်ပါတယ်။

"မိုက်တယ်မမ .. ဟီး"

"စမ်းကြည့်လေ"

"တကယ်လားအစ်ကိုကြီး"

"အင်းပေါ့၊ ဒါတစ်ခုကို ချူလေးအတွက် လက်ဆောင်ပေးလိုက်မယ်လေ"

"ရေး"

ကျေနှပ်သွားတဲ့ချူရီတယောက် အပြေးအလွှားနဲ့ပဲ P.51 လေယာဉ်ပေါ်တက်ပြီး ပျံတက်သွားပါတော့တယ်။

ခနအကြာ ပျံသန်းပျော်ပါးပြီးနောက် ချူရီလဲ ပြေးလမ်းဆီ ပြန်ဆင်းသက်လာပါတယ်၊၊ ချူရင်လဲ မနေသာတော့ပဲ

"သခင်စော၊ မေ့မေ့ကို အဲလောက်အလို မလိုက်ပါနဲ့လား"

"ဟုတ်တယ်အစော ... မေ့မေ့က ကလေးပဲရှိသေးတယ်လေ၊ ငယ်သေးတော့ ကြီးလာရင် ဆိုးသွမ်းသွားမှာ စိုးရိမ်ရတယ်"

"ဟွန်း ... အစ်ကိုကြီး သူတို့ညီမလေးကို အနိုင်ကျင့်တယ်"

သူဇာလွင်နဲ့ ချူရင်တို့ရဲ့ တားမြစ်မှုကြောင့် ချူရီတစ်ယောက် စူပုပ်ပုပ်နဲ့ တိုင်တန်းနေပါတော့တယ်။

စောရန်နိုင်

[ မမတို့၊ အဲဒီကလေးဆိုတဲ့ မြေခွေးမက အသက် ၅၀၀ ကျော်နေပြီဗျ ]

"အစ်ကိုဇော်ပိုင်၊ အရိပ်အစေခံ ၈ ယောက်ကို ခေါ်လိုက်ပါဦး"

ခနအကြာ

"ဝှစ်ဝှစ်ဝှစ်"

"ရောက်ပါပီ ညီလေးစော"

"သူတို့ကို စောနက ကျွန်တော်လွဲပြောင်းပေးထားတာတွေ ပြန်ပြလိုက်ပါ"

နာရီဝတ်အကြာမှာတော့ အရိပ်အစေခံ၈ယောက်ဟာ ကျွမ်းကျင်လေယာဉ်ပိုင်းလော့ ၈ယောက် ဖြစ်သွားပါပြီ။

၆ ယောက်ကို Ba-17 ပေါ်တက်စေ၍ အဆင့်နိမ့်သားရဲအမြူ‌တေ ၁၅၀၊ အလယ်လတ် ၁၀၀၊ အထွတ်အထိပ် ၅၀ ပေးလိုက်ပါတယ်။

၂ ယောက်ကို P-51 တိုက်လေယာဉ် ၂ စီးပေါ်တက်စေကာ အဆင့်နိမ့် သားရဲအမြူတေ ၂၀၀၊ အလယ်လတ် ၁၅၀၊ အထွတ်အထိပ် ၁၀၀ တို့အားပေး၍ အရှေ့ဘက်စစ်မျက်နှာစီ စေလွှတ်လိုက်ပါတယ်။

စောရန်နိုင်အနေနဲ့ လေယာဉ်တွေအပေါ်မှာ အဆင့် ၂ အကာအကွယ်အစီအရင် ဆွဲပေးထားပြီးသားဖြစ်တာကြောင့် ချီဧကရာဇ်အဆင့် တစ်ယောက်နဲ့ မတွေ့မခြင်း ဖျတ်ဆီးမခံရနိုင်ပါဘူး၊၊

ဒါ့အပြင် Ba-17 ပေါ်မှာ သားရဲအမြူတေသုံး ၂၀ မမ အ‌မြောက်နှစ်လက် တပ်ဆင်ထားပြီး အမြူတေဆင့်မြှင့်လေလေ သေနိုင်တဲ့ကျင့်ကြံဆင့် မြင့်လေလေပါ။

P-51 တိုက်လေယာဉ်တွေကလဲ ( ပွိုင့် ဖိုက် )နှစ်လက်ဆီ ပါနေတာမို့ ချီဘုရင်အဆင့်အောက်က လိုက်တိုက်ခိုက်သူတွေက‌တော့ အမေနဲ့ရွှာကို လွမ်းကုန်မှာပါ၊၊

Ba-17 ပေါ်မှာလဲ သားရဲအမြူတေသုံး ဗုံးကြဲစက်ကိရိယာတစ်ခုပါပြီး အဆင့်နိမ့် သားရဲအမြူတေတစ်ခု ထည့်သွင်းထားပါက တစ်ခါကြဲချရင် စွမ်းအင်ဗုံး ၁၀ နဲ့ ၁၀ ကြိမ်တိတိ ကြဲချနိုင်ပါသေးတယ်၊၊

( ပစ်နှုန်းနဲ့ ဗုံးကြဲနှုန်း တူသော်လည်း သားရဲအမြူတေရဲ့ အဆင့်အလိုက် ထိခိုက်မှုနှုန်း မြင့်နိုင်ပါသေးတယ် )

စောရန်နိုင်လဲ

"မဇာနဲ့ ချူမိန်းခ‌လေးကိုလဲ လက်ဆောင်ပေးစရာရှိတယ်"

"ဟုတ်လား ... ဘယ်မလဲ ..... ဘယ်မလဲ"

"ဇာဇာက မိန်းခလေးနော်"

"ဟီး"

"ခ်ခ်ခ်ခ်ခ်"

"ညီမလဲ လိုချင်တာပေါ့ မမချုရယ်၊ နော် .... ညီမချူ"

"သိဘူးဟာ"

"ကဲကဲ ဟုတ်ပါပြီ ... ရော့မဇာ ဒါက မဇာမြင်ဖူးတဲ့ သေနတ်တွေလိုပါပဲ"

"ဒါပေမဲ့ ဒီသေနတ်က အထူးထုတ်ပဲ ဒီလောကလုံးမှာ တစ်လက်ပဲရှိတာ"

"ဒါက အဆင့် ၃ အမြူတေ၊ ချီဧကရာဇ်တစ်ယောက်ကို ဒဏ်ရာရစေပြီး သူ့အောက်က အဆင့်တွေကိုတော့ သေစေနိုင်လိမ့်မယ်"

"Walther PP ပစ္စတိုလို့ခေါ်တယ်"

( နောင်တွင် W P အတို ဟုသာရေးပါမည် )

"ဟာ ... အဲဒီလောက်ကို ဖျတ်အားပြင်းတဲ့ သေနတ်လား၊ ကြည့်ရတာ သေးသေးလေးနော်"

"ချူမိန်းခလေး၊ ဒါကလဲသေနတ်ပဲ၊ ဒါပေမဲ့ ဒီသေနတ်ကလဲအထူးပြုလုပ်ထားတာပဲ"

"ဒီအပေါက် သေးသေးလေးကနေ ရှေ့ ၂ မိုင်ကျော်ကို လှမ်းကြည့်ပြီး ပစ်နိုင်သလို အမြူတေတစ်ခုကို ၁၀ ကြိမ်ပစ်နိုင်တယ်"

"အမြူတအဆင့်အလိုက် ကျင့်ကြံသူတွေကို အဝေးကနေ သေစေနိုင်တယ်"

"ဒီသေနတ်ကို SVD Dragunov sniper လို့ခေါ်တယ်"

( SVDDSလို့သာ ရေးပါမည် )

"ဒါက သိုလှောင်လက်စွပ်၊ သေနတ်သိမ်းရအောင်ပါ၊ ဒါကအဆင့် ၃ သားရဲအမြူတေ"

"ကျေးဇူးပါပဲ"

( ဒါတွေ ဘယ်ကပေါ်လာတာလဲ မမေးပါနဲ့နော်။ အခန်း၄မှာ ပါပြီးသားပါဗျ )

( Walther PP ( Polizeipistole ) က ဂျာမနီနိုင်ငံသား Carl Walther GmbH က ၁၉၂၉ ခုနှစ်မှာ ထုတ်လုပ်ပါတယ် ( . ၃၂ apc သုံးနဲ့ . ၃၈၀ apc သုံးကြပါတယ်။ ကျည်ဖူးအလိုက် ၆တောင့်၊ ၈တောင့် ကျည်အိမ်ပါတဲ့ semi-automatic pistol တစ်လက် ဖြစ်ပါတယ်။

SVD Dragunov က ဆိုဗီယက်ပြည်ထောင်စုက Evgeny Dragunov က ဒီဇိုင်းလုပ်ခဲ့တဲ့ ၇.၆၂ × ၅၄ mmr ကျည်သုံး semi-automatic designated marksman rifle (DMR) တစ်လက်ဖြစ်ပြီး ကျည်အိမ်မှာ ၁၀တောင့်ဆံ့ပါတယ်၊ scopeအနေနဲ့က pso-1 optical scope ကို သုံးကြပါတယ်၊ စာရေးသူ chat gpt AIရှု့ )

အခန်း(၅၉)ပြီး

အခန်း(၆၀)

(မိန်းမမာယာ သဲကိုးဖြာ)

"ကျေးဇူးပါပဲ"

"ဒါနဲ့ ချုမိန်းခလေးတို့သားရဲတွေက ဘယ်လိုအဆင့်တက်ကြတာလဲ"

"သူ့သက်တမ်းအလိုက် အဆင့်တက်ကြရတာပါ၊ ဒါပေမဲ့၊ တခြားသားရဲတွေရဲ့ အမြူတေတွေကိုသုံးပြီးလဲ ဖြတ်လမ်းနည်းနဲ့ အဆင့်တက်နိုင်တယ်"

"အိုက်ယား .. ဟုတ်သားပဲ၊ ရော့အဆင့်၃ သားရဲအမြူတေ ၁၀ခုယူပြီး အဆင့်တက်တော့"

ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားပါတယ်။ ခနအကြာ ငိုသံတစ်ခုထွက်ပေါ်လာပါပြီ။

"အဟင့် .... ရွှတ် ... ရွှတ်"

"အဖေ့ ..... အမေ့ နောက်ဆုံးတော့ သမီးအပေါ်ကောင်းတဲ့ လူသားကို ရှာတွေ့ခဲ့ပြီ၊ အဟင့် ... ရွှတ်"

[ ဟ ဟ ကျော်ကြီးက ချစ်တက်ပါတယ်၊ နှပ်ချေးတော့ လာမသုတ်နဲ့လေ ]

"ကျေးဇူးတင်ပါတယ် သခင်စော၊ ဒီမိန်းခလေးရဲ့ အသက်နဲ့ခန္ဓာ"

"ရပြီ ရပြီ သွားသွား အဆင့်တက်ဖို့ ကြိုးစားတော့"

[ လာနောက်နေတာလား ... အရင်ပြဿနာတောင် မရှင်းနိုင်သေးဘူးဟ ]

စောရန်နိုင်လဲ သူဇာလွင်အား စောင်းငှဲ့ကြည့်ပြီး တွေးလိုက်မိပါတယ်၊၊

"ဘာကြည့်တာလဲ၊ သူမကရှင့်အစေခံပဲလေ၊ ရှင့်ကြိုက်တာလုပ်"

( ဂေါင်းကြီးတို့ရေ... မိန်းခလေးတစ်ယောက်က အဲဒီလိုပြောရင် လုံးဝမလုပ်မိပါစေနဲ့ဟ စာရေးသူအမှာ )

"ဘာမှမဟုတ်ပါဘူး၊ ဒါနဲ့ ရော့ပါ အဆင့်၁အမြူတေ တစ်ခုစီယူကြပြီး ချီစစ်သူကြီး အဆင့်အထိရောက်အောင် အဆင့်တက်ကြတော့"

စောရန်နိုင်လဲ သူ့နောက်က တကောက်ကောက်ပါနေတဲ့ ဂိုဏ်းသမီးတော် ၆ယောက်ကို လည့်ကြည့်ပြီး အမြူတေထုတ်ပေးလိုက်ပါတယ်။

"ကျေးဇူးတင်ပါတယ်မြို့စား ... ဒါပေမဲ့"

"ဒါပေမဲ့ ဘာဖြစ်"

"ကျွန်မတို့ အခြေတည်အဆင့်တွေက အဆင့် ၁ သားရဲအမြူတေ ကို မစုပ်ယူနိုင်သေးဘူးလေ၊ ချီစစ်သူကြီး အထွတ်အထိပ်ထိကို အထွပ်အထိတ် အမြူတေ ၅ ခုနဲ့ဆို ၊ ၂ လအတွင်း ရောက်နိုင်ပါပြီ"

သူဇာလွင်လဲ ခနဲ့တဲ့တဲ့နဲ့ပဲ

"ဟွန့် .... ဒီအဆင့်ထိ ဘယ်လိုရောက်လာတာလဲ၊ ဒီအခြေခံလေးတောင် မသိဘူး"

" ကျွန်မလဲ ချီစစ်သူကြီးအထွတ်အထိပ်ကို အထွတ်အထိပ်အမြူတေ၃ခုနဲ့ဆို ၁လအတွင်း ရောက်နိုင်တယ်ရှင့်"

"အာ၊ ဟုတ်သား၊ ဟဲဟဲ၊ ရော့ရော့ အထွတ်အထိပ် အမြူတေ၁၀ခု ယူပါဗျာ"

"ဟွန့် ..... ဒီလူ့ကျ အမြဲမေ့တယ်၊ ဘယ်လိုလူမှန်းမသိဘူး"

"ကဲပါ၊ အကုန်လုံး အဆင့်တက်ဖို့ပြင်ကြတော့၊ သွား ... သွား"

"အစော"

"ဗျာ"

"ပြွတ်"

( So sorryပါ faဂေါင်းကြီးတို့၊ mc က ငယ်ပါနာရင်း စော်တစ်ဗွေရလာတာပါ၊ ဂေါင်းကြီးတို့ကတော့ ငယ်ပါနာရင် ပရုတ်ဆီလူးကြပါလေ )

"ကျေးဇူးပါပဲ၊ အဖေတို့ကို ဂရုစိုက်ပေးပါဦး"

ပြောရင်းပြေးထွက်သွားပါတယ်။

အနမ်းတစ်ခုက လူတစ်ယောက်ကို ကြွေဆင်းသွားစေနိုင်ပါတယ်တဲ့၊ စောရန်နိုင်ကြွေနေရပါပြီ၊

[ ကြွေဆင်းမနေနဲ့မသာရဲ့၊ စစ်တိုက်ဖို့သတိရအုန်း၊ ဟိုမှာ နင့်ယောက္ခမလောင်းတွေ ခွေးပြေးဝက်ပြေး ပြေးနေရတာ မမေ့နဲ့ဟ ]

[ ငါ့လခွီး ... ဟုတ်သားပဲ၊ တိုက်ပွဲတွေကို မေ့နေတာဟ ]

အခန်း(၆၀)ပြီး

All Chapters