← Chapters

အခန်း (၄၉-၅၁)

Vol. 4 Ch. 49-51

အခန်း (၄၉-၅၁)

Vol. 4 Ch. 49-51

အခန်း(၄၉)

( သားရဲလှိုင်းအပြီး လက်ကျန်အင်အား )

"ဟား ... ဟား ... ဟား"

စောရန်နိုင်မှာ ကျေနှပ်အားရစွာဖြင့်ပင် ကျေးဇူးတင်လိုက်ပါတယ်၊ ပြီးတော့ ဒီအချိန်မှာ သူ့ဘက်တော်သားတွေကို စုပေါင်းရမဲ့ အချိန်ပါပဲ။

"ကောင်းပြီဗျာ၊ ဒီလိုပဲ လုပ်ကြတာပေါ့"

"ကျွန်တော့်ဖက်က ခေါင်းဆောင်တွေ၊ အကြီးအကဲတွေကို ကျေးဇူးပြန်ဆပ်တဲ့ အနေနဲ့ မိသားစုတစ်စု၊ ဂိုဏ်းတစ်ခုကနေ လူတစ်ထောင်ချင်းစီအတွက် သေနတ်တစ်ထောင် ထောက်ပံ့ပြီး လေ့ကျင့်ပေးမယ်ဗျာ"

"ဟဲဟဲဟဲ၊ ကျေးဇူးတင်ပါတယ် မြို့စား"

"ဒီနေ့ အစည်းအဝေးကတော့ ဒီလောက်ပါပဲ၊ ပွင့်လင်းသော လေလံစံအိမ်အနေနဲ့ တပစ်တ်အတွင်း သတင်းအချက်အလက် စုဆောင်းပေးပါ"

"နူတ်ဆက်ပါတယ် မြို့စား"

များမကြာမှီ ကာလအတွင်းမှာတော့ မြို့ကနေ စွန့်ခွာသူ အများအပြား ရှိခဲ့ကြသလို ခိုလှုံသူ အများအပြားလဲ ရှိခဲ့ပါတယ်။ပတ်ဝန်းကျင်က မြို့ရွှာတွေကို သိန်းချီသော သားရဲအုပ်ကို ခုခံနိုင်ခဲ့တဲ့ သားရဲတစ်ထောင်မြို့ရဲ့ ဂုဏ်သတင်းက ပျံ့နှံ့နေပါပြီ။

မြို့စားတပ်တွေလဲ ထိုသတင်းတွေကြောင့် ရှေ့ဆက်တိုးရန် တန့်နေကြသလို ဂိုဏ်းတွေကလဲ ရှိုန်နေကြပါတယ်။ ဒါကပဲ စောရန်နိုင်ကို စစ်ပြင်ဆင်ချိန် များစွာရရှိစေခဲ့ပါတယ်။

သုံးရာသီ စံအိမ်တော်မှာတော့ အရိပ်အစေခံ တစ်ယောက်ဟာ စောရန်နိုင်ကို တစုံတရာ တင်ပြလျက် ရှိပါတယ်။ စောရန်နိုင်မှခေါင်းငြိမ့်ကာ နားထောင်နေချိန် လွင်မိုးနဲ့ မဟာမိတ်တွေ ခန်းမထဲ ဝင်ရောက်လာကြပါတယ်။

"တူလေးစော .... ခေါ်တယ်ဆိုလို့ပါ"

"ဟုတ်တယ်ဦးလေးလွင်၊ မြို့စားတွေရဲ့ တပ်ပေါင်းစုတွေ လှုပ်ရှားလာကြပြီလို့ အခုပဲ သတင်းရထားတယ်"

"စိတ်ချပါငါ့တူ၊ ဦးလေးတို့ကို အမိန့်ပေးလိုက်ပါ၊ သူတို့ကို ဦးလေးတို့ ကိုင်တွယ်ပါရစေ"

"ကောင်းပြီ၊ မိသားစုဝင်တွေနဲ့ ဂိုဏ်းသားတွေရဲ့ တိုးတက်မှု တော်တော်ကောင်းတယ်ဆိုတာ ကျွန်တော်သိပြီးပါပြီ"

ခနမျှ စကားရပ်ပြီးမှသာ

"ဒါပေမဲ့ ပိုစိတ်ချရအောင် ကျွန်တော့်ရဲ့ အစီအစဉ်အတိုင်း ဆောင်ရွက်ပေးကြပါ"

မှန်ပါတယ်၊ ဒီတစ်ကြိမ် သားရဲတိုက်ခိုက်မှု အပြီးမှာတော့ မိသားစုတွေနဲ့ ဂိုဏ်းတွေရဲ့ တိုးတက်လာမှုဟာ အင်မတန်မှ မြှင့်မားလာကြပါတယ်။ တချို့မိသားစုနဲ့ ဂိုဏ်းအကြီးအကဲတွေဟာ ချီစစ်သူကြီး အဆင့်ထိ တက်လှမ်းနိုင်ခဲ့ကြသလို အခြေတည် အထွတ်အထိပ်တွေလဲ အများအပြား ရှိလာကြပါတယ်။

ဒါကြောင့်လဲ သူတို့တက်ကြွ နေကြတာပါ။ လူသားခြင်းစစ်ပွဲမှာ အခြေတည် အဆင့်တစ်ယောက်ဟာ သာမန်စစ်သည် တစ်ရာကို အလွယ်တကူပဲ သုတ်သင်နိုင်ပါတယ်။

မကြာမှိီ သူတို့မဟာမိတ်တွေဟာ စောရန်နိင်ရဲ့ စီမံပေးမှုများ၊ ညွှန်ကြားချက်များကို နာယူပြီး နေရပ်အသီးသီးကို ပြန်ကာ ပြင်ဆင်ကြပါတော့တယ်။

နွယ်ပန်းမြို့ အပါအဝင်၊ စေတစ်ရာ၊ ဆေးပင်တစ်ရာ မြို့လို မြို့ကြီးတွေ အပါအဝင် သားရဲတစ်ထောင် မြို့ပတ်ဝန်းကျင် ဒေသတွေမှာ ကောလဟာလတစ်ခု ပျံနံ့နေပါတယ်၊၊

သားရဲတစ်ထောင် မြို့စားသစ်က မိသားစုတချို့ရဲ့ အကူအညီနဲ့ ကျန်မိသားစုကို ဖြုတ်ချနိုင်ခဲ့တာဖြစ်ပြီး၊ သားရဲတိုက်ခိုက်မှုမှာ မိသားစုတပ်တွေ အများအပြား ဆုံးရှုံးခဲ့ရသလို၊ ပြည်နယ်တစ်ခုလုံးရဲ့ ရန်သူတော်ဖြစ်နေတဲ့ မြို့စားအသစ်ကို မထောက်ခံကြတော့ဘူးဆိုတဲ့ သတင်းပါပဲ။

"အကိုဇော်ပိုင်၊ စစ်တပ်ခြံဝိုင်းတွေ ပြင်ဆင်ပြီးပြီ တဲ့လား"

"ပြီးခဲ့တဲ့ တစ်လကတင် ပြီးစီးပါတယ် ညီလေးစော"

"သေနတ်နဲ့ အမြောက်ထုတ်လုပ် ပြီးဆီးမှုကကော"

"ဟုတ်ကဲ့၊ စာရင်းအရတော့ karabiner 98k သေနတ်အလက်တစ်သောင်းကျော်နဲ့ 88cm ဟော်ဝှစ်ဇာ အမြောက်ကြီး ၅ဆယ်ကျော် ထုတ်လုပ်နိုင်ခဲ့ပါတယ်"

"မြို့စားစက်ရုံတွေကနေလဲ brown bess သေနတ်တစ်သောင်းကျော်၊ gatling gun စက်သေနတ်ကြီး ငါးဆယ်၊ panzerfaust ပုခုံးထမ်းလောင်ချာ တစ်ရာတိတိကို ထုတ်လုပ်နိုင်ခဲ့ပါတယ် ညီလေးစော"

( မှတ်ချက်၊ တစ်လအတွင်း စက်ရုံတွေကနေ kar 98k အလက် 5ထောင်၊ 88cm အမြောက်၂၅လက်၊ brown bess အလက် ၁သောင်း၊ gatling gun စက်သေနတ်ကြီး ငါးဆယ်၊ panzerfaust ပုခုံးထမ်းလောင်ချာ တစ်ရာလက်ကို ပုံမှန်ထုတ်လုပ်နိုင်တယ်လို့ ယူဆနိုင်သည်၊ ထိုစက်ရုံတွေက သုံးရာသီ စံအိမ်ခြံဝိုင်းထဲမှာ သီးသန့် တည်ထားတာပါ၊ မြို့စားစက်ရုံဆိုတာ စနစ်ကနေရတဲ့ စက်ရုံတွေကို တိုက်ရိုက်ဆင့်ခေါ်ပြီး နေရာချထားတဲ့ စက်ရုံတွေကို ခေါ်ပါတယ်၊ kar 98နဲ့ 80cm အမြောက်စက်ရုံတွေကတော့ ရှေ့အခန်းတွေမှာ လွင်မိသားစု အကူအညီနဲ့ တည်ဆောက်ထားခြင်းဖြစ်မှန်း မှန်းဆနိုင်ကြမှာပါ၊ နောင်တွင် စနစ်ကနေ ရရှိလာမဲ့ စက်ရုံတွေကိုတော့ မြို့အနောက်ဘက်က အသစ်တည်ဆောက်ထားတဲ့ ခြောက်မြှောင့်ပုံ စစ်တပ်ခြံဝန်းထဲမှာ တည်မှာပါ၊ လက်ရှိမှာ စောရန်နိုင်အနေနဲ့ kar 98k ရိုင်ဖယ်စက်ရုံ ၁၊ brown bess ရိုင်ဖယ်စက်ရုံ ၂၊ စက်သေနတ်ကြီးစက်ရုံ ၁၊ ပုခုံးထမ်းလောင်ချာ စက်ရုံ၁၊ 80cm အမြောက်စက်ရုံ ၁ကို ပိုင်ဆိုင်ထားပါတယ်။ နောင်ကို ရောထွေးလာမှာဆိုးလို့ ကြိုရှင်းပြခြင်းပါ )

"ပြီးတော့ ညီလေးအမိန့်အရ၊ old guard တပ်သား၁၅၀ကို gatling gun စက်သေနတ်ကြီးသမားတွေ အနေနဲ့ အသွင်ပြောင်း ထားပါတယ်"

"ကျန်သူတွေကိုတော့ kar 98k သေနတ်တွေ ပြောင်းလဲတပ်ဆင် ပေးထားပါပြီ"

"ဟီလီပိုလစ် အမြောက်အလက် ၂ရာကို 80cm ဟော်ဝှစ်ဇာတွေနဲ့ အစားထိုးထားပြီး ဟီလီပိုလစ် အမြောက်တပ်သားတွေကိုလဲ 80cm ဟော်ဝှစ်ဇာ အမြောက်တပ်သားတွေအဖြစ် ပြောင်းလဲထားပြီးပါပြီ"

"ပိုလာတဲ့ ဟီလီပိုလစ် အလက်၂ရာကိုတော့ ယာယီသိမ်းဆည်း ထားပါတယ်"

"အဲဒါဆိုရင် လက်ရှိမှာ တိုက်ပွဲဝင် အင်အားကရော ဘယ်လောက်ရှိနိုင်မလဲ အကိုဇော်ပိုင်"

"ဟုတ်ကဲ့၊ သားရဲတိုက်ပွဲ ပြီးတဲ့နောက်မှာ old guardသေနတ်တပ်မှာ ၁၁၄၉၄ ယောက်၊ ခရူးဆိတ် ခြေလျင်တပ်မှာ ၉၅၀၀ယောက်၊ အနက်ရောင် သံချပ်ကာမြင်းတပ်မှာက ၁၂၀၂၀ယောက်နဲ့ လက်ရှိ တိုက်ပွဲဝင်အင်အား ၃၃၀၁၄ယောက် ရှိပါတယ် ညီလေးစော"

"တူးမီးလ်သေနတ် တပ်ဆင်ပေးထားတဲ့ မဟာမိတ်တပ်ဖွဲ့မှာတော့ သေနတ်ကိုင် ၇ထောင် ရှိပါတယ်"

"နောက်ပြီး ပြီးခဲ့တဲ့ တစ်လအတွင်းမှာ မိုးကြိုးသေနတ်တပ်အတွက် လေလွင့် ကျင့်ကြံသူတွေကို စုဆောင်းရာမှာ ၁သောင်းခွဲ လောက် ရရှိထားပြီး သူတို့ကို brown bess သေနတ်တွေ တပ်ဆင်ပေးထားပြီး လေ့ကျင့်သား ပြည့်ဝနေကြပါပြီ၊လစာအနေနဲ့ ညီလေးအမိန့်အရ တစ်လကို ငွေပြား ၂၅ ပြား ပေးထားပါတယ်"

( old guardအဖွဲ့က တူးမီးလ်တွေကို kar 98kနဲ့ အစားထိုးလိုက်လို့ ပိုလာတဲ့ တူးမီးလ်တွေနဲ့ ပြန်ပြီးတော့ မဟာမိတ်တပ်ဖွဲ့ကို လက်နက်တပ်ဆင် ပေးထားတာပါ၊ အခမဲ့တော့ မဟုတ်ပါဘူး၊ သင်တန်းကြေးက တစ်ယောက်ကို ရွှေ၁ပြား၊ တူးမီးလ်တစ်လက် ရွှေ၅ပြားနဲ့ ရောင်းစားလိုက်တာပါ၊ စုစုပေါင်းရွှေပြား ၄သောင်း ၂ထောင်ဖိုးပါ၊ old guard ဆိုတာကတော့ စစ်ဘုရင် နပိုလီယံရဲ့ ပြင်သစ်အထူးစစ်တပ်ပါ )

"ကျေးဇူးပါပဲ၊ အကိုဇော်ဝမ်း ပင်ပန်းသွားပြီ"

"ရပါတယ် ညီလေးစော၊ ဒါကျွန်တော့်ရဲ့ တာဝန်ပါပဲ"

အခန်း(၄၉)ပြီး

အခန်း(၅၀)

(သူဇာလွင် အဖမ်းခံထားရပြီ)

ဒီနှစ်လကျော် ကာလအတွင်းမှာ ဇော်ပိုင်က စောရန်နိုင်ရဲ့ အတွင်းရေးမှူးလို ဖြစ်နေပါပြီ၊ သားရဲတိုက်ပွဲ ပြီးသည့်နောက် စောရန်နိုင် အေးဆေးမနေခဲ့ပါ၊၊

စနစ်ကရတဲ့ စက်ရုံတွေကို နေရာချပြီး ထုတ်လုပ်နေခဲ့သလို မြို့စောင့်တပ် အတွက်လဲ လူသစ်စုဆောင်းတာတွေ လုပ်ခဲ့ပါသေးတယ်။

မိုးကြိုးသေနတ် တပ်ဖွဲ့လို့ အမည်ပေးထားတဲ့ မြို့စောင့်တပ်မှာ အနိမ့်ဆုံး ကျင့်ကြံဆင့်က အခြေခံ တည်ဆောက်ခြင်းတွေ ဖြစ်ကြပြီး ဗိုလ်ချုပ် တိမ်ကြားမင်းခေါင် လက်အောက်မှာ ယာယီထား ပေးထားတာပါ။

သားရဲတိုက်ပွဲ မတိုင်ခင်က အင်အား ၈သောင်းခွဲ ရှိခဲ့တဲ့ စောရန်နိုင်ရဲ့ တပ်မတော်ဟာ အခုဆိုရင် အင်အား၄သောင်း၈ထောင်သာ ကျန်ပါတော့တယ်။ မဟာမိတ်တပ်ဖွဲ့က သေနတ်ကိုင် ၇ထောင်ကိုတော့ ထည့်တွက်လို့ မရချေ။

စနစ်က အသစ်ရထားတဲ့ အင်အားတွေကိုတော့ သူထုတ်မသုံးသေးပါဘူး။

"တူလေးစော၊ တူလေးစော၊ ကယ်ပါဦး၊ ဦးလေးသမီးကို ကယ်ပါဦး"

လွင်မိုးတစ်ယောက် ခန်းမအတွင်းကို အပြေးအလွှား ရောက်ချလာပါတယ်။

"ဦးသမီး သူဇာလွင်ကို တိမ်အရိပ်ဂိုဏ်းက ဖမ်းသွားပြီ"

"ဘာ ..... ဘယ်လိုဖြစ်သွားတာလဲ"

"ပြီးခဲ့တဲ့ နှစ်ရက်လောက်က ရန်သူ့သတင်း စုံစမ်းမယ်ဆိုပြီး မြို့တောင်ဘက်အရပ်က ဧဝလွင်ပြင်ဆီ ထွက်သွားတာပါ၊ ပြီးတော့ ဒီစာပဲ ပြန်ရောက်လာပါတယ်၊ ဖတ်ကြည့်ပါ ငါ့တူ"

"စာထဲမှာ ဘာတွေရေးထားလို့လဲဗျ"

စာအား ဖတ်ကြည့်ပြီးနောက်

"တောက်”

စာအားဖတ်ပြီးနောက် စောရန်နိုင်တစ်ယောက် ချီဧကရာဇ်အော်ရာများ ထွက်ပေါ်လာပါပြီ။ ဟုတ်ပါတယ်၊ အဓိကလက်သည်က ဂီတလုလင်ဂိုဏ်းပါ၊၊

အကြောင်းကတော့ တောင်ဘက်ကို ထွက်ပြေးသွားတဲ့ ဂီတလုလင်ဂိုဏ်းက လမ်းမှာ သတင်းစုံစမ်းဖို့ သွားကြတဲ့ သူဇာလွင်တို့ အဖွဲ့နဲ့တွေ့ပြီး ဖမ်းထားတာပါ၊ ပြီးမှ ဧဝလွင်ပြင်မှာ စခန်းချနေတဲ့ နွယ်ပန်းမြို့စားတပ်နဲ့ အတူရှိနေတဲ့ တိမ်အရိပ်ဂိုဏ်း အကြီးအကဲတွေနဲ့ ဆုံမိကြပြီး တိမ်အရိပ်ဂိုဏ်းက ဓားစာခံလဲလှယ်ဖို့ အကြောင်းကြားစာ ပို့လိုက်တာပါ။

လွင်မိသားစုက မြို့စားသစ်ရဲ့ အဓိကထောက်တိုင်လို့ ယူဆကြလို့လဲ ပါပါတယ်။ အကြောင်းကြားစာမှာက သူဇာလွင်ကို ဂိုဏ်းသားတော်နဲ့ စောရန်နိုင်ကိုယ်တိုက် လာလဲလှယ်ဖို့ပါ။

"လက်ခံမယ်"

စောရန်နိုင်လဲ စိတ်အာရုံဖြင့်

[ ဗိုလ်ချုပ် မင်းရဲကျော်စွာ ဦးဆောင်ပြီး သံချပ်ကာမြင်းတပ်သား ၁သောင်း၊ သေနတ် ၁သောင်းနဲ့ တောင်ဘက်က ဧဝလွင်ပြင်မှာ စခန်းချထားတဲ့ နွယ်ပန်းမြို့စား ခေါင်းဆောင်တဲ့ မြို့စားတပ်တွေကို ချေမှုန်းပါ ]

[ ဗိုလ်မှူး မင်းရဲကျော်ထင်ဦးဆောင်ပြီး ခြေလျင် ငါးထောင်၊ မြင်း ၂ထောင်၊ သေနတ် ၁ထောင်၊ တာတိုအမြောက်၂၀ ( ဟီလီပိုလစ် အမြောက်အား တာတိုအမြောက် ဟုခေါ်သည် ) စက်သေနတ်ကြီး ၅လက်နဲ့အတူ မြောက်ဘက်က နော်ဒင်လွင်ပြင်မှာ စခန်းချထားတဲ့ စေတစ်ရာမြို့စား ခေါင်းဆောင်တဲ့ မြို့စားတပ်တွေကို တိုက်ပါ ]

[ ဟုတ်ကဲ့ ဟုတ်ကဲ့ ]

အခန်း(၅၀)ပြီး

အခန်း(၅၁)

(ဧဝလွင်ပြင်ရှိ မြို့စားတပ်များအား ဝင်တိုက်ခြင်း)

အနောက်ဘက် ပြည်နယ်ဆိုတာက အင်းအိုင်မြစ်ချောင်း တောအုပ်တွေနဲ့ တောင်အမြင့်တွေ ပေါလှတဲ့ ပြည်နယ်တစ်ခုပါ။

အောင်မင်္ဂလာ နိုင်ငံတော်ရဲ့ အကျယ်ဆုံးနဲ့ အရှည်ဆုံးမြစ် ဖြစ်တဲ့ ဧရာဝတီမြစ် တည်ရှိရာ ပြည်နယ်တစ်ခုလဲ ဖြစ်ပါတယ်။

မြစ်လက်တက်တွေဟာလည်း တခြားပြည်နယ်နဲ့ နိုင်ငံတွေကိုဖြတ်သန်းပြီး စီးဆင်းသွားပါသေးတယ်။

ဆိပ်ကမ်းမြို့ကြီး အများအပြား ပိုင်ဆိုင်ထားတဲ့ ဒီမြစ်ကြီး ဟာ နွယ်ပန်းမြို့ အတွက်တော့ ပြည်နယ်ရဲ့ မြို့တော်နဲ့ အဓိကဆက်သွယ်ရေး လမ်းကြောင်းတစ်ခုပါပဲ။

သားရဲတစ်ထောင် မြို့ရဲ့တောင်ဘက် တစ်ပတ်စာ မြင်းလှည်း ခရီးအကွာမှာ ဧဝလွင်ပြင်ရှိပြီး ဧဝလွင်ပြင် ကနေ တောင်ဘက် မြင်းလှည်းခရီး တစ်ပတ်စာအကွာမှာ ဝါးပင်တစ်ရာ မြို့ငယ်လေး တစ်ခု ရှိပါတယ်၊၊

ဝါးပင်တစ်ရာ မြို့ငယ်မှ မြင်းလှည်းနှစ်ပတ်စာခရီးအကွာမှာ နွယ်ပန်းမြို့ကြီး တည်ရှိနေပါတယ်၊၊

နွယ်ပန်းမြို့ရဲ့တောင်ဘက် ခြေလျင်ခရီး တရက်စာ အကွာမှာတော့ ဆိပ်ကမ်းမြို့ကလေးဖြစ်တဲ့ ပျော်စံရာ မြို့လေး တည်ရှိနေလေရဲ့။

လူဦးရေ ရှစ်သောင်းကျော် တည်ရှိပြီး အမဲလိုက်ခြင်း၊ ရေကြောင်းအငှား သင်္ဘောလိုက်ခြင်းနဲ့ ငါးဖမ်းခြင်းလုပ်ငန်းကို အဓိက ထားကြတဲ့ ဒီမြို့ငယ်လေးဟာ အခုတော့ ရုတ်ရုတ်သဲသဲ ဖြစ်နေရပါပြီ။

အကြောင်းရင်းကတော့ အနောက်ပြည်နယ်ရဲ့ အဓိက စစ်တပ်တွေထဲက တစ်ခုဖြစ်တဲ့ စစ်‌သင်္ဘောကြီး တစ်ထောင်နဲ့အတူ စစ်သည် ၃သိန်း ၂သောင်းပါတဲ့ စစ်တပ်ကြီး ရောက်ရှိလာ ခြင်းပါပဲ။

သားရဲတစ်ထောင်မြို့ရဲ့ အရှေ့ဘက် မြင်းလှည်းခရီး ၅ရက်စာ အကွာမှာ သောကဆိုတဲ့ မြို့ငယ်လေးတစ်ခု တည်ရှိပြီး အရှေ့ဘက်ကို ဆက်သွားမယ်ဆိုရင် မြင်းလှည်း ၈ရက်စာ ခရီးမှာ ကျယ်ပြန့်တဲ့ ဟူးကောင်းလွင်ပြင် ဒေသထဲက ဓညဝတီမြို့ကြီးတည်ရှိပါတယ်၊၊

လူဦးရေ ၁‌သန်းကျော် နေထိုင်ကြတဲ့ မြို့ကြီးတစ်ခုပါပဲ၊ ထိုမြို့ရဲ့အရှေ့ဘက် မြင်းလှည်းနှစ်ရက်စာ ခရီးအကွာမှာတော့ အင်အား ၇သိန်း ကျော်ပါတဲ့ အနောက်ပြည်နယ်ရဲ့ မိသားစု တပ်ဖွဲ့တွေနဲ့၊ ပြည်နယ်စောင့် တပ်မကြီးတွေ ပါတဲ့ စစ်ကြောင်းတစ်ခု ချီတက်လို့ လာနေကြပါတယ်။

စောရန်နိုင်ဟာ သူရဲ့ပင်မတပ်မကြီးနဲ့ အဆိုပါ ဟူးကောင်း လွင်ပြင် ဒေသမှာ ချုံခိုတိုက်ခိုက်ဖို့ ရည်ရွယ်နေတာလဲ ဖြစ်ပါတယ်။

[ စနစ်၊ မသုံးရသေးတဲ့ တပ်ဖွဲ့တွေကို သီးသန့်ပြပေးလို့ရမလား ]

[ ဒင်၊ M-1 carbineသုံး သေနတ်တပ်သား ၁သောင်း

M1752 Musket ရိုင်ဖယ်သုံး

သေနတ်တပ်သား ၅သောင်း

တော်ဝင် ခြလျင်တပ် ၃သိန်း

နော််မန်ကနိုက် မြင်းတပ် ၅ထောင်

လေဟုန်ခွင်း မြင်းတပ် ၁သိန်း

တော်ဝင်နိုဗယ် ကနိုက်မြင်းတပ် ၃သောင်း

အနက်‌ရောင် သံချပ်ကာမြင်းတပ် ၅သောင်း ]

"အကိုဇော်ပိုင်"

"ရှိ"

"ရန်သူသတင်း ရပြီလား"

"တောင်ဘက်နဲ့‌ မြောက်ဘက်က သတင်းတွေကတော့ အရင် အတိုင်း ပါပဲ၊ ဒါပေမဲ့ ပြည်နယ်ပင်မတပ်ရဲ့ စစ်ကြောင်းလမ်းကိုတော့ မခန့်မှန်းနိုင်သေးပါဘူး‌"

"ကောင်းပြီ၊ အနောက်ဘက် စစ်တပ်ခြံဝိုင်းထဲမှာ ပေါ်တယ်တစ်ခု ကို ယောင်ပြတည်ဆောက်ပေးပါ၊ တစ်ရက်အတွင်း လိုချင်တယ်"

"ဟုတ်"

"ပြီးတော့ စက်ရုံထုတ်လုပ်မှုတွေကို အရှိန်မြှင့် ခိုင်းလိုက်ပါ၊ အထူးသဖြင့် brown bess သေနတ်တွေကိုပဲ"

"ဟုတ်"

တစ်ပတ်ခန့်အကြာမှာ မင်းရဲကျော်စွာဟာ ဧဝလွင်ပြင် ကို ရောက်လာပါပြီ။ မြင်းတပ်ချည်းဆိုရင် ၃ရက်ခရီးသာ ရှိသော် လည်း သေနတ်တပ်မှာ မြင်းလှည်းများနှင့်မို့ အချိန်ယူချီတက် ခဲ့ရပါတယ်။

ဧဝလွင်ပြင်မှာရှိတဲ့ မြို့စားတပ်ပေါင်းစု စခန်းမှာတော့ သူဇာလွင်နဲ့ လွင်မိသားစုဝင်တချို့ဟာ ခန်းမအတွင်းမှာ စွမ်းအင်ချုပ်နှေင်ကြိုးများနဲ့ ချုပ်နှောင်ခံထားရပါတယ်။

သူဇာလွင်အားကြည့်၍ အထင်မြင်သေးသောအသံနဲ့ တိမ်အရိပ်ဂိုဏ်းအကြီးအကဲက

"ကြည့်ရတာ မြို့စားအသစ်က လွင်မိသားစုဝင်တွေရဲ့ အသက်က်ိို တန်ဖိုး မထားပုံပဲ ... ဟွန့်"

လွင်မိသားစုဝင်တစ်ဦးမှ

"ဟား ... သားရဲသိန်းချီကိုတောင် အောင်နိုင်ထားတဲ့ ငါတို့ရဲ့ မြို့စားကို မင်းရဲ့အဆင့်လောက်နဲ့ ဝေဖန်ရဲတာ မရှက်ဘူးလား ထွီ"

"ရွှတ် ... အင့်"

ထိုသူအား ဂိုဏ်းအကြီးအကဲက စွမ်းအင်ဓားသွားနဲ့ သတ်လိုက်တာပါ။

"နင်တို့တွေ"

သူဇာလွင်တစ်ယောက် ဒေါသအလွန် ထွက်နေခဲ့သလို စိတ် ထဲမှာလဲ သံသယဝင်နေမိပါပြီ။

[ သူကဘာလို့ အခုချိန်ထိ လူကယ်ဖို့ မလာသေးတာလဲ၊ တကယ်ပဲငါတို့က သူ့အတွက် အရေးမပါဘူးလား ]

ဒါပေမဲ့လဲ ထုတ်မပြောပါဘူး။

"ငါတို့ကို သူသေချာပေါက် လာကယ်မှာပဲ၊ အဲဒီအချိန် နင်တို့တတွေ ဒူးထောက်တောင်းပန်ရင်တောင် သူက ခွင့်လွှတ်မှာမဟုတ်ဘူး"

"ဖြန်း ... အင့်"

ဂိုဏ်းအကြီးအကဲက သူဇာလွင်ကို ချီစွမ်းအင်နဲ့ ပါးလှမ်း ရိုက်လိုက်တာပါ။ ထိုအခိုက် တစ်စုံတစ်ဦးဝင်လာပြီး

"မကောင်းတော့ဘူး ... မကောင်းတော့ဘူး .... ရန်သူတွေ ဝင်တိုက်နေကြပြီ"

"ဘာ"

အခန်း(၅၁)ပြီး

All Chapters