← Chapters

အခန်း (၃၄၆)

Vol. 24 Ch. 346

အခန်း (၃၄၆)

Vol. 24 Ch. 346

ယွီကျစ်ကျစ်က သူမကို အထင်သေးတဲ့ အကြည့်ဖြင့် ကြည့်လိုက်သည်။ စောနလေးတင်ကမှ အတော်လေး ခက်ထန်သည့် မိန်းမကြီးက အခုလို ကြွက်စုတ် တစ်ကောင်ကို မြင်သည့်အခါ အရမ်းကို စိတ်ပျက်နေပုံ ရသည်။ ဘယ်လိုတောင် ရှက်ဖို့ကောင်းလိုက်လဲ။

ထိုအရာကို မြင်သည့်အခါ ရှောင်းကောနှင့် ကျန်းတန်းဟယ်က ရှောက်ယိနှင့် ကျွမ်းကျွမ်းကို ပြန်ပြီး စာပဲ သွားလုပ်ခိုင်းခဲ့ရုံသာ တတ်နိုင်ခဲ့သည်။ ကျန်းတန်းဟယ်က သူတို့ကို ပြန်ပို့ဖို့ တာဝန်ရှိနေကာ ရှောင်းကောကိုတော့ ဝန်ကြီးချုပ်ရဲ့ ဇနီးနှင့် စကားပြောဖို့ ချန်ထားခဲ့သည်။

ရှောက်ယိကို ထားခဲ့ပြီး နောက်ဆုံးမှာတော့ ဝန်ကြီးချုပ်ရဲ့ ဇနီးက သက်တောင့်သက်သာ နေနိုင်သွားခဲ့သည်။

“လာပါ၊ သခင်မ လက်ဖက်ရည်အတူတူ သောက်ရအောင်။”

ရှောင်းကောက ခွက်သန့်သန့်လေး တစ်ခွက်ကို ယူကာ လက်ဖက်ရည် ငှဲ့ပေးခဲ့သည်။

“ ကျေးဇူးပါ။”

ဝန်ကြီးချုပ်ရဲ့ ဇနီးက ခွက်ကို ယူပြီး တစ်လုပ် သောက်လိုက်သည်။ အရသာက အတော်လေးကို လန်းဆန်းသွားခဲ့သည်။ သူမက မထိန်းနိုင်ဘဲ တစ်ကြိုက်တည်း မော့သောက်လိုက်သည်။

ထိုအရာကို မြင်သည့်အခါ ရှောင်းကောက သူမရဲ့ ခွက်ကို ပြန်ဖြည့်ပေးခဲ့သည်။

“သခင်မကျန်းရယ်၊ ကျွန်မ ကိုယ့်ကိုကိုယ်လည်း ရှက်မိပါတယ်…” ဝန်ကြီးချုပ်ရဲ့ ဇနီးကို ကြည့်ရတာ ရှက်နေခဲ့သည်။ သူမသည် ဘယ်တုန်းကမှ အခုလိုမျိုး လက်ဖက်ရည်ကို တစ်ကြိုက်တည်း မသောက်ခဲ့ဖူးပါ။ ဒါက အတော်လေးကို ရှက်ဖို့ကောင်းသည်။

“ဒါက အဆင်ပြေတယ်။ လက်ဖက်ရည် အေးအေးလေးက နွေရာသီအတွက် အကောင်းဆုံးပဲ။”

“ဒါက အရသာရှိလိုက်တာ။ ဒါကို မင်းဘာသာ လုပ်တာလား။”

“ဟုတ်တယ်။ ကျွန်မ ဒါကို အသီးရယ်၊ လက်ဖက်ခြောက်ရယ် ထည့်ပြီးတော့ လုပ်ထားတာပါ။”

“အသီးနဲ့ လက်ဖက်ခြောက်တွေလား” ဝန်ကြီးချုပ်ရဲ့ မိန်းမက ထိုစကားကို ကြားသည့်အခါ မျက်လုံးပြူးသွားခဲ့သည်။ အသီးတွေကို လက်ဖက်ရည် လုပ်တဲ့နေရာမှာ သုံးနိုင်ကြောင်း သူမ မသိခဲ့ပါ။

သူမ စိတ်ဝင်စားနေတာကို မြင်သည့်အခါ ရှောင်းကောက သူမနှင့် စပြီး ဆွေးနွေးခဲ့သည်။

သူတို့နှစ်ယောက် စကား စပြောသည့်အခါ ယွီကျစ်ကျစ်က အတော်လေး စိုးရိမ်နေခဲ့သည်။ အစ်ကိုကျန်း ထွက်သွားတာ အတော်လေး ကြာနေခဲ့ပြီ ဖြစ်သည်။ အခုချိန်ဆို သူပြန်ရောက်သင့်ပြီ ဖြစ်သည်။

သူက အဲ့လောက်အကြာကြီး မသွားရသေးသော်လည်း ယွီကျစ်ကျစ်အတွက်ကတော့ နှစ်နာရီလောက် ရှိနေသလို ခံစားခဲ့ရသည်။ ရှောင်းကောနှင့် အမျိုးသမီးယန်တို့က သူတို့ရဲ့ စကားဝိုင်းထဲမှာ ပိုပိုပြီး မျောသွားခဲ့ကြသည်။ နောက်ဆုံးမှာတော့ ကျန်းတန်းဟယ်က ပြန်လာခဲ့ကာ ယွီကျစ်ကျစ်က အတော်ကို ပျော်နေခဲ့သည်။

ကျန်းတန်းဟယ်က သူမကို တစ်ချက်တောင် လှည့်မကြည့်ခဲ့ပါ။ သူက ရှောင်းကောရဲ့ ဘေးမှာ ထိုင်ပြီး စကားဝိုင်းထဲ ဝင်ပါခဲ့သည်။

ကျန်းတန်းဟယ်က ယောက်ျားတစ်ယောက် ဖြစ်သော်လည်း အခြားယောက်ျားတွေလို စာအုပ်ကြီးအတိုင်း သွားပြီး တစ်ယူသန်တဲ့ ယောက်ျားမျိုး မဟုတ်ပါ။ တစ်ခါတစ်လေမှသာ သူက ရှောင်းကောနှင့် ဝန်ကြီးချုပ် ဇနီးတို့ရဲ့ စကားဝိုင်းထဲမှာ ဝင်ပါခဲ့သည်။

သူတို့ စကားပြောနေရင်း လက်ဖက်ရည်အိုးက တဖြည်းဖြည်းနဲ့ ကုန်သွားခဲ့သည်။ သို့သော် သူတို့က စကားတွေ များများပြောလေလေ၊ ပိုပြီး ပျော်လာလေ ဖြစ်နေခဲ့ကြသည်။ သူတို့ကို စကားဖြတ်ဖို့ ရည်ရွယ်ချက် မရှိသည့်အတွက် ကျန်းတန်းဟယ်က လက်ဖက်ရည်တွေ ထပ်ကြိုပေးဖို့ မီးဖိုချောင်ထဲကို ဝင်သွားခဲ့သည်။

ဝန်ကြီးချုပ်ရဲ့ ဇနီးက အားကျစွာဖြင့် သူမရဲ့ခေါင်းကို ခါပြလိုက်သည်။ “ဂုဏ်သရေရှိတဲ့ ယောက်ျားတွေ အားလုံးက မီးဖိုချောင်နဲ့ ဝေးဝေးမှာ နေကြတယ်လို့ ပြောကြတယ်။ နောက်ဆုံးတော့ ငါကိုယ်တိုင် ဒီကောလဟာလတွေ အားလုံးက မမှန်ဘူးဆိုတာကို မြင်ဖူးသွားပြီပဲ။ ပြီးတော့ တစ်ခြားမိန်းမတွေက သူတို့ကိုယ်တိုင်အတွက် လုပ်ပေးဖို့ ဘာလို့ မတောင်းဆိုရဲလဲဆိုတာ ငါနားလည်သွားပြီ။ ငါက အသက်ရနေပြီဆိုပေမယ့် ကျန်းတန်းဟယ်က မင်းအပေါ် ဘယ်လောက်တောင် ကောင်းလဲဆိုတာ မြင်တဲ့အခါတိုင်း ငါတော့ အားကျနေတုန်းပဲ…”

ရှောင်းကောက ထိုစကားကို ကြားပြီး မှင်သက်နေခဲ့သည်။ ထို့နောက် သူမက နားလည်သွားခဲ့သည်။ ဘာကိုမှ မပြောဘဲနဲ့ သူမက ရှက်ရှက်နှင့် ပြုံးလိုက်သည်။

“ဘယ်လိုတောင် ဆန်းကျယ်လိုက်လဲ။ တကယ်ကို ပျော်ရွှင်မှုတွေက လူတစ်ယောက်ရဲ့ မျက်နှာမှာ ပေါ်နေခဲ့တာပဲ…”

ဝန်ကြီးချုပ်ရဲ့ ဇနီးက သူမရဲ့ အပြုံးလေးကို ကြည့်ပြီး အတိတ်ကို သတိရရင်း ပြောခဲ့သည်။

အနည်းဆုံးတော့ အဲ့လို အပြုံးမျိုးက သူမရဲ့ မျက်နှာပေါ်မှာ နှစ်နှစ်ဆယ်ထက် ပိုပြီး မပေါ်ခဲ့ပါ။ နောက်ဆုံးတစ်ခေါက် အဲ့လို ပြုံးခဲ့ရတာဟာ သူမရဲ့ သမီးလေး မွေးတုန်းက ဖြစ်သည်။ ထို့နောက်တော့….

ထိုအရာကို တွေးနေရင်း ဝန်ကြီးချုပ် ဇနီးရဲ့ သိက္ခာရှိတဲ့ မျက်နှာလေးဟာ ရုတ်တရက် ညှိုးသွားခဲ့သည်။

ရှောင်းကောက သူမကို ဘယ်လို နှစ်သိမ့်ရမလဲဆိုတာ မသိခဲ့ပါ။ သူမ ဘာကို ဆိုလိုလဲဆိုတာ ပြောနိုင်သော်လည်း သူမ ခံစားရ သက်သာအောင် လုပ်ပေးရမလဲဆိုတာ မသိပါ။ စားသောက်ပွဲပြီးနောက် ကျန်းတန်းဟယ်က သူမကို အထက်ရှိ ဝန်ကြီးများအကြောင်း အနည်းငယ် အတိုချုပ် ပြောပြခဲ့သည်။ သူတို့ အားလုံးမှာ တူညီတဲ့ ပြဿနာတွေ ရှိနေခဲ့သည်။ သူတို့ရဲ့ မောင်းမဆောင်မှာ မိန်းမတွေများစွာ ရှိကြသည်။

ဝန်ကြီးချုပ်က အသက်ကြီးနေပြီ ဖြစ်သော်လည်း သူ့ရဲ့ မောင်းမဆောင်မှာ မိန်းမတွေများစွာ ရှိသည်။ အချို့က အသက်လေးဆယ်ကျော်ပြီဖြစ်ပြီး အချို့က နှစ်ဆယ်ကျော် အရွယ်လေးသာ ရှိသေးသည်။ ဝန်ကြီးချုပ်ရဲ့ ဇနီးက အကြီးဆုံး ဖြစ်သော်လည်း သူမကို အချိန်ပေးဖို့ တစ်ခုတည်းသာ ဆုတောင်းခဲ့သည်။ သို့သော် သူမယောက်ျားရဲ့ နှလုံးသားကို ငါးပိုင်း၊ ခြောက်ပိုင်းလောက် ခွဲထားပြီး ဖြစ်သည်။ အခြား မိန်းမတွေကို ဝေမျှပေးပြီးရင် သူမအတွက် ဘယ်လောက် ကျန်ဦးမှာမလို့လဲ။

အရင်ခေတ်က မိန်းမတွေဟာ တကယ်ကို သနားဖို့ ကောင်းကြသည်။ တစ်ချိန်တည်းမှာ မိန်းမတွေ အများကြီး ယူတာကို ဖျက်သိမ်းပစ်တာက ကောင်းတဲ့ အရာတစ်ခု ဖြစ်သည်။

ရှောင်းကောက သူမရဲ့ လက်ဖမိုးလေးကို ပုတ်ကာ တယုတယ နှစ်သိမ့်ပေးခဲ့သည်။ တစ်ဖက်လူက ညှိုးငယ်နေတဲ့ အပြုံးဖြင့်သာ တုံ့ပြန်ခဲ့သည်။

ဝန်ကြီးချုပ်ရဲ့ ဇနီးက သူမကိုယ်သူမ တည်ငြိမ်အောင် ကြိုးစားနေခဲ့သည်။ အချို့သော ရှင်းပြမရသည့် အကြောင်းအရင်း အချို့ကြောင့် သူမက ရှောင်းကောကို မြင်သည့်အခါ မထိန်းနိုင်ဘဲ ရင်ထဲကအရာတွေကို ဖွင့်ပြောခဲ့သည်။ သူမက သူမရဲ့ ခံစားချက် အမှန်တွေကို အလွယ်လေး ထုတ်ပြောတတ်တဲ့သူ မဟုတ်သော်လည်း ရှောင်းကောမှာ သူမနှင့် ပတ်သက်ပြီး လူတွေကို စိတ်သက်သာရာရပြီး သူမရဲ့ အတွင်း စကားတွေကို ယုံယုံကြည်ကြည် ပြောပြလို့ရသည့် ဆွဲဆောင်နိုင်တဲ့ စိတ်မျိုး ရှိသည်။

“အိုင်းရိုး…. အမျိုးသမီးယန်ရေ၊ ကျွန်မ ဗိုက်နာလိုက်တာ။ ကျွန်မ.....”

ယွီကျစ်ကျစ်က အချိန်အတော်ကြာ စောင့်နေခဲ့ပြီး သူတို့နှစ်ယောက် ပြောနေတဲ့အကြောင်းတွေကို တကယ် နားထောင်ချင်စိတ် မရှိတော့ပါ။ သူမရဲ့ စိတ်တွေသာ ကျန်းတန်းဟယ်ဘက်ကို ရောက်နေခဲ့ပြီ ဖြစ်သည်။ သူမက တကယ်ကို ထပ်ပြီး မစောင့်နိုင်တော့ပါ။ သူမနှင့် ကျန်းတန်းဟယ်တို့ အတူတူ အချိန်ကုန်ဆုံးဖို့ ဒါဟာ ရှားပါးသည့် အခွင့်အရေးတစ်ခု ဖြစ်သည်။ တကယ်လို့ သူမသာ ဒီအခွင့်အရေးကို ဆုံးရှုံးသွားခဲ့ရင် ဒါကို ဘယ်တော့မှ ပြန်ရတော့မည် မဟုတ်ပါ။ သူမက သူ့ကို ဆွဲထားဖို့ နည်းလမ်းတစ်ခုခု တွေးရတော့မည် ဖြစ်သည်။

“သွား၊ သွား” ဝန်ကြီးချုပ်ရဲ့ ဇနီးက သူမရဲ့ ခေါင်းကိုတောင် လှည့်မကြည့်ဘဲ လက်ခါပြလိုက်သည်။ သူမက ယွီကျစ်ကျစ်ကို မလှည့်ကြည့်နိုင်ခဲ့ပါ။

ယွီကျစ်ကျစ်သည် အမျိုးသမီးယန်က သူမကို ထွက်သွားဖို့ ခွင့်ပြုချက် ပေးတဲ့အသံကို ကြားသည့်အခါ သူမက ဗိုက်ကို မထိန်းဘဲ ပြေးထွက်သွားခဲ့သည်။ ကံကောင်းစွာဖြင့် သူမက ကျန်းတန်းဟယ်ရဲ့ အနောက်ကို လိုက်ဖို့ ဘယ်လို သွားရမလဲနှင့် ဒီကိစ္စကို ဘယ်လို အနည်းငယ် ဖုံးရမလဲဆိုတာကို သိနေခဲ့သည်။ အဲ့လိုမှ မဟုတ်ဘူးဆိုရင် သူမက အပြစ်တင်တဲ့ စကားတွေကြားထဲ တကယ်ကို ရေစုန်မျောရလိမ့်မည် ဖြစ်သည်။

သူမက မီးဖိုချောင်ထဲကို သွားခဲ့သည်။ သူမ မီးဖိုချောင်ထဲ ဝင်သွားသည့်အခါ ကျန်းတန်းဟယ်က ထိုနေရာမှာ ရှိမနေတော့ပါ။ ဟိုနားဒီနားကို လိုက်မေးကြည့်တော့မှ သူထွက်သွားပြီဆိုတာကို သူမက သိသွားခဲ့သည်။

ထို့ကြောင့် သူမက ချွေးတွေထွက်နေသည့် သူမရဲ့ ပုံစံကို ဂရုမစိုက်တော့ဘဲ သူမရဲ့ ဂါဝန်ကို မကာ သူ့နောက်ကို ပြေးလိုက်သွားခဲ့သည်။ သူမရဲ့ စိတ်ထဲမှာတော့ သူမ ဖွင့်ပြောရမည့် အရာတွေကို တွေးနေဆဲ ဖြစ်သည်။ သူမက အစ်ကိုကျန်းကို သူမနှင့် ချစ်မိသွားအောင် လုပ်ရမည် ဖြစ်သည်။

တစ်ဖက်မှာတော့ ယွီကျစ်ကျစ် ထွက်သွားပြီးနောက် ဝန်ကြီးချုပ်ရဲ့ ဇနီးက ရှောင်းကောကို တည်ငြိမ်စွာဖြင့် ကြည့်ပြီး ညှာတာထောက်ထားတဲ့စိတ်ဖြင့် သူမကို သတိပေးခဲ့သည်။ “ဒီကောင်မလေးမှာ တန်းဟယ်နဲ့ ပတ်သက်ပြီး မူမမှန်တဲ့ လှုပ်ရှားမှုတွေ ရှိနေတယ်။ သတိထားဦးနော်။”

“ယွီကျစ်ကျစ်လား” ရှောင်းကောက မှင်သက်သွားခဲ့သည်။ ဘယ်လိုလုပ်ပြီး ဒီလို အရူးက သူမရဲ့ အတွေးတွေကို လူတိုင်းဆီ ထုတ်ပြမှာလဲ။

ရှောင်းကောက မထိန်းနိုင်ဘဲ အနည်းငယ် ရှက်သွားခဲ့သည်။ ယွီကျစ်ကျစ်က တစ်လောကလုံးကို ဝန်ခံထားပြီး ဖြစ်သည်။ သူမက ဆက်ဟန်ဆောင်ပြီး လျစ်လျူရှူနေခဲ့ရင် ဒါက အရမ်းကြီး လိမ်နေသလို ဖြစ်နေလိမ့်မည်။

“အဲဲဒါ သူပဲလေ” ဝန်ကြီးချုပ်ဇနီးက သေချာတဲ့ အကြည့်မျိုး ဖြစ်နေခဲ့သည်။ သူမရဲ့ ခန့်မှန်းချက်ဟာ အတော်လေးကို သေချာနေခဲ့သည်။ ယွီကျစ်ကျစ်ရဲ့ ရည်ရွယ်ချက်တွေ အားလုံးဟာ သူမရဲ့ မျက်နှာပေါ်တွင် ပေါ်လွင်နေခဲ့သည်။ ရှောင်းကောက သူမကို မယုံမှာကို စိုးရိမ်နေသည့်အတွကိ သူမက သူမ ရှာတွေ့ခဲ့သည့် အရာတွေ အကြောင်း အားလုံးကို ပြောပြခဲ့သည်။

“သူ့ကို ကျွန်မ ပိုပြီး သတိထားပါ့မယ်။”

ရှောင်းကောက လေးလေးနက်နက် ပြောခဲ့သည်။ ဝန်ကြီးချုပ်ရဲ့ ဇနီးက စိတ်သက်သာရာရပြီး သက်ပြင်း ချလိုက်သည်။

ထိုအချိန်မှာ ကျန်းတန်းဟယ်က လက်ဖက်ရည် အေးအေးလေးနှင့် ပြန်ရောက်လာခဲ့သည်။ ဗန်းပေါ်မှာ လက်ဖက်ရည်အိုး နှစ်အိုး ပါရှိနေခဲ့သည်။

ပထမဆုံး သူက ဝန်ကြီးချုပ်ရဲ့ ဇနီးကို ခေါင်းငြိမ့်ပြခဲ့သည်။ ထို့နောက် သူက ရှောင်းကောကို ပြောလိုက်သည်။ “ကိုယ် စောနကလေးတင် လီရှို့ကျီနဲ့ တိုက်မိခဲ့သေးတယ်။ ကလေးတွေကို ထိန်းလို့မရလို့၊ သူတို့ကို လက်လွှတ်တော့မယ်ဆိုပြီး သူက ပြောနေတာ။”

ရှောင်းကောက သူ့ကို အံ့ဩတကြီး ကြည့်လိုက်သည်။ ကျွမ်းကျွမ်းနှင့် ရှောက်ယိကိုလား။

“ကိစ္စက ဒီလိုတွေ ဖြစ်နေတယ်ဆိုရင် ကိုယ်တို့ မြန်မြန် ပြန်သွားပြီး တစ်ချက်လောက် ကြည့်လိုက်တာက ပိုကောင်းလိမ့်မယ်။ ဒီအရွယ်တွေက အမြဲတမ်းလိုလို အရမ်းပဲ မရိုမသေ လုပ်တတ်တယ်။ ယောက်ျားလေးတွေဆို ပိုတောင် ဆိုးသေးတယ်။”

ဘေးနားကနေ နားထောင်နေသည့် ဝန်ကြီးချုပ်ရဲ့ ဇနီးက အရင် ပြောလိုက်သည်။

“ဒါဆို…. ကျွန်မတို့တွေ အရင်ပြန်လိုက်ဦးမယ်” ရှောင်းကောက သူမ ရပ်လိုက်သည့်အခါ ရှက်ရှက်နှင့် ပြောခဲ့သည်။

ဝန်ကြီးချုပ်ရဲ့ ဇနီးက နားလည်စွာဖြင့် ခေါင်းငြိမ့်ပြခဲ့သည်။ ထိုအချိန်မှာပဲ ထိုအချိန်မှာပဲ ကျန်းတန်းဟယ်သည် ဗန်းထဲရှိ လက်ဖက်ရည်အိုး တစ်အိုးကို ယူပြီး စားပွဲခုံပေါ် နေရာချပေးထားခဲ့သည်။ “အမျိုးသမီးယန်က ဒီလက်ဖက်ရည်ကို ကြိုက်တယ်ဆိုလို့ ကျွန်တော် အမျိုးသမီးယန်အတွက် တစ်အိုး အပိုလုပ်လာပေးတာပါ။”

“မင်းကိုလည်း ကျေးဇူးတင်ပါတယ်ကွယ်။ ငါ တကယ်ကို တော်တော်လေး ကြိုက်တာ….”

ဝန်ကြီးချုပ် ဇနီးရဲ့ မျက်နှာက ပျော်နေခဲ့သည်။ အိုးကို အစေခံတွေဆီ ပေးပြီးနောက် သူမက ဥယျာဥ်ထဲကနေ ထွက်သွားခဲ့သည်။

ရှောင်းကောနှင့် ကျန်းတန်းဟယ်တို့ကလည်း သူတို့ရဲ့ နေရာအဆောင်ဆီ အပြေးလေး ထွက်သွားခဲ့ကြသည်။ ရိုးရိုးသားသားပြောရရင် ကျွမ်းကျွမ်းနှင့် ရှောက်ယိတို့ ပြဿနာတစ်ခုခု ရှာခဲ့တယ်ဆိုရင်တောင် အခြေအနေက ထိန်းလို့ရသေးတယ်ဟု သူမ တွေးမိခဲ့သည်။ ထို့ကြောင့် အဲ့နေရာမှာ ဘာပြဿနာ ကြီးကြီးမားမား ဘာမှ ရှိမနေသင့်ပါ။

ကျန်းတန်းဟယ်က သူမရဲ့ ထင်ကြေးပေးချက်ကို ကြားသည့်အခါ သူက ဘာတစ်ခွန်းမှ ထပ်မပြောခဲ့ပါ။ သူက နားလည်ရခက်စွာ ပြုံးပြပြီး ရှောင်းကောကို နေမထိ၊ ထိုင်မသာဖြစ်အောင် လုပ်နေခဲ့သည်။

သူတို့နှစ်ယောက် တံခါးနားကို ရောက်လာသည့်အခါ သူတို့က နားနှစ်ဖက်ကို လက်ဖြင့်အုပ်ကာ ထိုင်နေသည့် လီရှို့ကျီကို တွေ့ခဲ့ရသည်။

သူဘာမှ ပြန်မပြောခင်မှာ ရှောင်းကောက သူ့ကို အချိန် အတော်ကြာ ခေါ်နေခဲ့သည်။ သူက နားမလည်စွာဖြင့် ပြန်မေးခဲ့သည်။ “ဟမ်၊ ဘာပြောလိုက်တာလဲ။”

ကူကယ်ရာမဲ့သည့် ပုံစံမျိုးဖြင့် ရှောင်းကောက သက်ပြင်းချကာ သူ့ကို ထပ်မေးလိုက်သည်။ “ကျွမ်းကျွမ်းနဲ့ ရှောက်ယိတို့ ဘယ်မှာလဲ။”

“အို့….” လီရှို့ကျီက နားတွေ အုပ်ထားတာကို ချပြီး အခန်းထဲကို လက်ညှိုး ထိုးပြလိုက်သည်။ “ သူတို့က အထဲမှာ။”

ကျန်းတန်းဟယ်က သူ့ရဲ့ ပုခုံးကို သနားစွာဖြင့် ပုတ်လိုက်သည်။ “မင်း အလုပ်တွေ ကြိုးစားထားတာပဲ…”

“အဲ့လို လာမနှစ်သိမ့်နဲ့။”

လီရှို့ကျီက ကျန်းတန်းဟယ်ရဲ့ လက်ကို ဒေါသတကြီး ခါချလိုက်သည်။ သူက သူ့ကိုယ်သူအတွက် စိတ်မကောင်း ဖြစ်နေခဲ့သော်လည်း ဘာကိုမှတော့ မပြောခဲ့ပါ။ ကျန်းတန်းဟယ်က အမြဲတမ်း သူ့ကို နှစ်သိမ့်နေခဲ့သည်။ ဒါမတိုင်ခင်ကလည်း သူက အရိပ်အောက်မှာ အနားယူပြီး အဆင်ပြေနေသော်လည်း မရီးဖြစ်သူက အရသာရှိသည့် စားစရာတွေကို လုပ်ပေးကာ စားဖို့အတွက် သူ့ကို ဖိတ်ထားတယ်ဟု အတင်း ပြောနေခဲ့သည်။ သို့သော် သူရောက်လာတဲ့အခါ သူက ကလေးနှစ်ယောက်ကို ထိန်းဖို့ လှည့်စားခံခဲ့ရတာ သိသွားခဲ့သည်။

လီရှို့ကျီကို အခန်းထဲကနေ ဆွဲထုတ်တာ မြင်သည့်အခါ ရှောင်းကောက ခံစားချက်တွေ မကောင်းတော့ပါ။ အဝေးရှိ တံခါးကို ကြပ်နေအောင် ပိတ်ထားခဲ့သည်။ သူမက ရုတ်တရက်ဆိုသလို အနည်းငယ် လန့်သွားခဲ့ရသည်။ တကယ်လို့ ကလေး နှစ်ယောက်သာ အထဲမှာ တကယ်ပဲ ဗြောင်းဆန်နေမယ်ဆိုရင် သူမက ဒေါသကို ထိန်းနိုင်ပါဦးမလား။

သူမကိုယ်သူမ စိတ်ပိုင်းဖြတ်ပိုင်းပြီးနောက် သူမက တံခါးကို တွန်းဖွင့်လိုက်သည်။ အခန်းထဲရှိ မြင်ကွင်းက သူမကို အချိန်အတော်ကြာ စိတ်မထိန်းနိုင်အောင် ဖြစ်သွားစေခဲ့သည်။

All Chapters