အခန်း (၃၄၈)
Vol. 24 Ch. 348
ရှောင်းကောသည် ကျွမ်းကျွမ်းရဲ့ မတူညီသည့် အပြုအမူကို တွေ့သည့်အခါ သူမက ခနလောက် တွေးလိုက်မိသည်။ ထို့နောက်မှာတော့ သူမက အိပ်ရာသို့ ခပ်မြန်မြန် လမ်းလျှောက်သွားခဲ့သည်။
သူမက အိပ်ရာစကို မလိုက်သည့်အခါ သူတို့တွေ လုပ်ခဲ့တဲ့ အရာကို သူမ မြင်လိုက်ရသည်။
အစောပိုင်းတုန်းက သူမက ပုလင်းတွေ တိုက်မိသံကို ကြားခဲ့ရသည်။ ပုလင်းတွေ အားလုံးက အိပ်ရာပေါ်ကို ရောက်နေတာ တွေ့ခဲ့ရသည်။ အိပ်ရာက သန့်ရှင်းပြီး သပ်ရပ်နေသော်လည်း အိပ်ရာပေါ်မှာ အစွန်းလေး တစ်ခုသာ ကျန်နေတာကို တွေ့ခဲ့ရသည်။
ရှောင်းကောက မျက်မှောင်ကို ကြုတ်လိုက်သည်။ သူမရဲ့ စိတ်ထဲမှာ အကြံတစ်ခု ရှိနေခဲ့သည်။
ကျန်းတန်းဟယ်နှင့် လီရှို့ကျီက အထဲကို ဝင်လာပြီး သန့်ရှင်းရေး လုပ်ရန် ပြင်လိုက်သည့်အခါ ရှောင်းကောက သူတို့ကို တားလိုက်သည်။
သူတို့ရဲ့ မေးခွန်းများနှင့် ရင်ဆိုင်ရသည့်အခါ ရှောင်းကောက ဘာကိုမှ မပြောခဲ့ပါ။ သူမက ချက်ပြုတ်ပြီး ဘာကိုမှ မထိဖို့ကိုသာ ပြောခဲ့သည်။
သူတို့ရဲ့ ထူးဆန်းတဲ့ အကြည့်တွေအောက်မှာ ရှောင်းကောက ထိုသို့ပြောကာ မီးဖိုချောင်ထဲ ဝင်သွားခဲ့သည်။
….
အပြင်ဘက်မှာတော့ ကောင်လေး နှစ်ယောက်က နေ့လည်ရောက်တဲ့အထိ ပုန်းနေခဲ့ကြသည်။ ကျန်းတန်းဟယ် ပေါ်လာချိန်မှာ သူတို့ရဲ့ မျက်နှာပေါ်ရှိ အလှပြင် ပစ္စည်းတွေက ခြောက်သွားခဲ့ပြီ ဖြစ်သည်။
ကလေးနှစ်ယောက် မထွက်ပြေးခင်မှာပဲ ကျန်းတန်းဟယ်က ကလေးတစ်ယောက်ကို လက်တစ်ဖက်စီမှာ ချီပြီး ပြန်လာခဲ့သည်။
ဒီကြွက်စုတ်လေး နှစ်ကောင်က ဘယ်လောက်ပဲ ရုန်းကန်နေပါစေ သူတို့က တစ်နေရာတည်းမှာပဲ ရှိနေခဲ့ကြသည်။
အစပိုင်းမှာတော့ သူတို့က မုန်တိုင်းတစ်ခုနှင့် ကြုံရပြီဟု မျှော်လင့်ထားခဲ့ကြသည်။ မထင်မှတ်ထားဘဲ သူတို့ကို လေညှင်းလေးနှင့် နေရောင် နွေးနွေးလေးတို့ကိုသာ ကြုံတွေ့ခဲ့ရသည်။ ဒါက ပျော်စရာ အခြေအနေတစ်ခု ဖြစ်သင့်သော်လည်း သူတို့နှစ်ယောက်လုံးက သူတို့ကိုယ် သူတို့ ပျော်တယ်လို့တောင် မခံစားခဲ့ရပါ။
ရှောင်းကောက သူတို့နှစ်ယောက်အတွက် ထမင်းကို အသာလေး ခူးပေးကာ သူတို့ရဲ့ ပန်းကန်ထဲကို စားစရာ သေချာ ထည့်ပေးခဲ့သည်။ သူမက ဘာမှ မဖြစ်ခဲ့သလို ပြုမူနေခဲ့သည်။
ကျွမ်းကျွမ်းက အတော်လေးကို အံ့ဩနေခဲ့သည်။
သူက ရှောင်းကောရဲ့ ပုံစံကို သေချာ လေ့လာပြီး အိပ်ရာပေါ်ရှိ အစွန်းတွေကို သူမ သတိထားမိသွားတာလားဆိုတာ သိချင်နေခဲ့သည်။ တကယ်လို့ သူမ သတိထားမိရင်တောင် သူမက ဘာလို့ သူ့ကို မရိုက်ရတာလဲ။
သူမရဲ့ အတော်လေး ခံစားချက်မဲ့နေသည့် ပုံစံကို ကြည့်ရတာ သူမ ထိုအစွန်းတွေကို မမြင်သေးတာဟု ဆိုလိုခြင်း ဖြစ်သည်။
ကျွမ်းကျွမ်းက အတော်လေး ပျော်နေခဲ့သည်။ သူက အဲ့ဒါကို ရည်ရွယ်ပြီး လုပ်ခဲ့တာ မဟုတ်ဘူးဆိုတာကို တကယ် ရှင်းပြချင်နေခဲ့သည်။ သူက အဲ့ဒါကို လက်ထဲက လွတ်သွားတုန်းက အကုန်လုံး ကျသွားခဲ့ရသည်။ သူက အဲ့ဒါကို တကယ် ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာ မဟုတ်ပါ။
သို့သော် ရှောင်းကောက သူတို့နှစ်ယောက်ကို ဘာမှ မဖြစ်သလို ပြောလိုက်သည်။ “အရင်ဆုံး စားကြမယ်လေ။ များများစားကြ။”
ရှောက်ယိက တကယ် တုံးအတယ်ဆိုသည့် သူ့ရဲ့ နာမည်ပြောင်အတိုင်း နေနေခဲ့သည်။ ထိုင်ပြီး လေထဲရှိ စားစရာတွေရဲ့ မွှေးကြိုင်သည့် အနံ့ကို ရှူကြည့်ပြီးနောက် သူက အပြစ်လုပ်ထားတဲ့သူဆိုတာကိုတောင် အတော် မေ့သွားခဲ့ပြီ ဖြစ်သည်။ သူက စားစရာတွေကို နှစ်ခါပြန် အနံ့ခံလိုက်သည်။ ရှောင်းကောက သူ့ကို ဒုတိယအကြိမ် စစားဖို့ အတင်းပြောနေသည့် အခါမှသာ သူက သူ့ကိုယ်သူ မထိန်းနိုင်တော့ဘဲ တကယ်ကို စစားခဲ့သည်။ စားနေရင်းနဲ့ သူက ထမင်း ထပ်ထည့်ပေးဖို့ ပြောခဲ့သည်။
ထမင်းစားဝိုင်းမှာ စားနေသည့် အသံကလွဲလို့ အခြား ဘာအသံကိုမှ မကြားခဲ့ရပါ။ ရှောင်းကောရဲ့ ပုံစံက အတော်လေး ပုံမှန် ဖြစ်နေသော်လည်း ရှောက်ယိမှ လွဲလို့ ဘယ်သူကမှ ထိုအကြောင်းနှင့် ပတ်သက်ပြီး မကောင်းတဲ့ ခံစားချက်မျိုး မရခဲ့ပါ။
မုန်တိုင်းမလာခင် လေပြည်တိုက်တာ အမြဲပဲ ဖြစ်သည်။
လီရှို့ကျီက ကြွတ်စုတ်လေး နှစ်ကောင်ကို ရှုံ့မဲ့ကာ ကြည့်ပြီး သူ့စိတ်ထဲကနေ တွေးနေခဲ့သည်။ “များများ စားထားကြ။ မင်းတို့ နောက်မှ တွေ့မယ်။”
အချိန်တိုင်း စားပွဲဝိုင်းနားမှာ အနီရောင် အစလေးက ဝဲနေခဲ့သည်။ ကျွမ်းကျွမ်းရဲ့ ရင်ထဲမှာတော့ စိုးရိမ်စိတ် ပြည့်နေခဲ့သည်။
ထိုအချိန်မှာ ရှောင်းကောက ရုတ်တရက် သူ့ရဲ့ ပန်းကန်ထဲကို အသားတစ်တုံး ထည့်ပေးပြီး ညှင်သာစွာ ပြောလိုက်သည်။ “များများစားနော်။”
“ဟင့်အင်း၊ ကျွန်တော် ဝိတ်ချဖို့ လိုသေးတယ်။”
ကျွမ်းကျွမ်း ဒီလိုစကားမျိုး ပြောတာ ပထမဆုံးအကြိမ် ဖြစ်သည်။ ထို့နောက် သူက အသားတုံးကို ပြန်ထားခဲ့သည်။ သူ့ရင်ထဲက အသိစိတ်အရ ဒါဟာ အများကြီး စားလို့ မကောင်းလောက်ဘူးဟု သူ့ကို ဆက်တိုက် သတိပေးနေခဲ့သည်။
ရှောင်းကောက သူမရဲ့ မျက်ခုံးကို ပင့်ပြီး ဘာစကားမှ မပြောခဲ့ပါ။ ကျွမ်းကျွမ်းက ဝိတ်ချမည့်အကြောင်း အများကြီး ပြောနေတာ သူ့အတွက် ပထမဆုံးအကြိမ် ကြားဖူးခြင်း ဖြစ်သည်။ သူတို့ အဲ့ဒါကို စားတာ၊ မစားတာ ကိစ္စမရှိပါ။ ဘယ်လိုကိစ္စမှာမဆို သူတို့က တဖြည်းဖြည်းနဲ့ ရင်ဆိုင်ရမည် ဖြစ်သည်။
“မင်း မစားရင် ငါစားလိုက်မယ်။”
ရှောက်ယိက ပန်းကန်ထဲရှိ အသားကို ကြည့်ကာ တူဖြင့် ကောက်ယူပြီး သူ့ပါးစပ်ထဲကို ထိုးထည့်ကာ စပြီး ဝါးတော့သည်။ ဘယ်သူက ဂရုစိုက်မှာလဲ။ အရေးအကြီးဆုံး အရာက သူ့ဗိုက်ဖြည့်ရန် ဖြစ်သည်။
ကျွမ်းကျွမ်းက သူ့ကို ရွံရှာစွာဖြင့် အဝေးကို ဖယ်လိုက်ပြီး သူနှင့် ဘာမှမဆိုင်သလို ကြည့်နေခဲ့သည်။
ရှောက်ယီိက ရှောင်းကောကို ပြုံးစိပြုံးစိ လုပ်ပြနေဆဲ ဖြစ်သည်။ သူက ကြည့်ရတာ ဘယ်လောက်တောင် ကြောက်ဖို့ကောင်းလဲဆိုတာ မသိသလို သူတို့ကို စောင့်ဖို့ ဘယ်လောက်တောင် ကြိုးစားထားရလဲဆိုတာ သူမသိခဲ့ပါ။
ကျန်းတန်းဟယ်က သူတို့နှစ်ယောက်ကို ထူးဆန်းစွာ ကြည့်ပြီး သူ့ဘာသာ ခေါင်းခါနေခဲ့သည်။ သူ ကူညီပေးချင်ရင်တောင် သူလုပ်နိုင်တဲ့အရာ ဘာမှ မရှိနေခဲ့ပါ။ ကလေးတွေ ကံကောင်းကြပါစေ။
“မင်းတို့ ဗိုက်ပြည့်နေပြီလား”
“ဗိုက်ပြည့်နေပြီ။”
ရှောက်ယိက အရင် ဦးဆောင်ပြီး ပြန်ဖြေခဲ့သည်။ ကျွမ်းကျွမ်းက သူ့ကို သာသာလေး တို့ပြီး သူ့ကို စကား မပြောဖို့ အရိပ်အကဲ ပြလိုက်သည်။ သို့သော် ရှောက်ယိက နားမလည်ဘဲ သူ့ပုံစံက တစ်ခုခုကို မေးချင်တာ ရှိနေတယ်ဟု တွေးမိခဲ့သည်။ “အို့၊ ကျွမ်းကျွမ်းလည်း ဗိုက်ပြည့်နေပြီ။”
ကျွမ်းကျွမ်းက လူကြီးလေး တစ်ယောက်လို သူ့နဖူးသူ ရိုက်ကာ သူက ဒေါသထွက်လွန်းလို့ မူးလဲတော့မလို ဖြစ်နေဟန် တူနေခဲ့သည်။
“အရမ်း ကောင်းတာပဲ။ စလိုက်ကြရအောင်။”
ရှောင်းကောက ရှောက်ယိရဲ့ အဖြေကို အတော်လေး ကျေနပ်နေခဲ့သည်။ သူမ အစပိုင်းမှာ ရှောက်ယိကို အပြစ် မပေးချင်သော်လည်း သူ့အဖေ အရှင်မင်းကြီးက သူမ ကလေးနှစ်ယောက်နှင့် အတူ အချိန်တွေကို ပိုပြီး ဖြတ်သန်းသင့်တယ်ဟု ပြောထားခဲ့သည်။ ရှောက်ယိကို သူမ စောင့်ရှောက်တာနှင့် ပတ်သက်ပြီး အရှင်မင်းကြီးသည် ဘာကိုမှ စိုးရိမ်နေစရာ မရှိပါ။ သူ့ရဲ့ အဖေဖြစ်သူ ပြောလိုက်တာနှင့် သူမက သူ့ရဲ့ အမိန့်တွေကို လိုက်နာရမည် ဖြစ်သည်။
“စတော့မယ်။ ဘာကို စမှာလဲ။”
ဘာတွေ ဆက်ဖြစ်မှာလဲဆိုတာ ရှောက်ယိ နားမလည်ခဲ့ပါ။ ထို့နောက် သူက စားပြီးနောက် ဘာလုပ်ရမလဲ ဆိုတာကို သေချာ တွေးနေခဲ့သည်။ ရုတ်တရက်ဆိုသလို သူက တစ်ခုခုကို တွေးမိခဲ့သည်။ “အို့၊ ဒါက တစ်ရေး အိပ်ဖို့အချိန်ပဲ။”
သူက စကားပြောပြီးတာနှင့် သမ်းကာ မျက်ရည်တွေ ဝဲပြီး ပြောလိုက်သည်။ “တကယ်ကို နည်းနည်း အိပ်ငိုက်နေပြီ။”
အဲ့ဒါနဲ့ သူက နေ့ခင်း တစ်ရေးအိပ်ဖို့ ကျွမ်းကျွမ်းကို ဆွဲခေါ်ဖို့ ကြိုးစားခဲ့သော်လည်း သူ့က လုံးဝကို မလှုပ်ပါ။ သူက လန့်ပြီး ပေကလပ်၊ ပေကလပ်နှင့် ကြည့်နေခဲ့သည်။
“ဘာဖြစ်လို့လဲ။ မင်းမျက်လုံးတွေ အဆင်မပြေဘူးလား။”
ရှောင်းကောက ကျွမ်းကျွမ်းကို စိတ်ဝင်တစား ငုံ့ကြည့်ပြီး အံ့ဩစွာ မေးလိုက်သည်။ “မင်းမျက်လုံးတွေ အဆင်မပြေလို့လား။”
“ဟီးဟီး၊ ဟင့်အင်း၊ မဟုတ်ဘူးကွ….”
ကျွမ်းကျွမ်းက ရှောက်ယိကို မသိမသာ ခေါင်းခါပြကာ ထရပ်လိုက်သည်။ ရှောင်းကောကို ချက်ချင်း ကြည့်ကာ ပြောလိုက်သည်။ “ငါ အခန်းကို သန့်ရှင်းရေးလုပ်ပြီး အိပ်ရာခင်းတွေကို လျှော်မလို့။ ငါတို့ရဲ့ ကိုယ်ကို သန့်ရှင်းရေး လုပ်ဖို့လည်း ပြောရဦးမယ်လေ။”
“ကောင်းလိုက်တာ။ အဲ့ဒါကို လုပ်ကြတာပေါ့။”
သူက ဘာလုပ်ရမလဲဆိုတာ သေချာသိနေတာကို မြင်သည့်အခါ ရှောင်းကောက ကျေနပ်သွားခဲ့ရသည်။ သူမက သမ်းပြီး သတိမထားဘဲ ခေါင်းကို ငုံ့ခဲ့သည်။ သူမသည် စားပွဲပေါ်ရှိ ပန်းကန်တွေကို တွေ့သည့်အခါ ပြဿနာရှာချင်ယောင် ဟန်ဆောင်ပြီး ပြောခဲ့သည်။ “ဒါဆို ဒီပန်းကန်တွေက….”
“သားတို့ ပန်းကန်တွေကို သွားပို့လိုက်မယ်”
ကျွမ်းကျွမ်းက အရမ်းကို တာဝန်ယူတတ်နေခဲ့သည်။ ရှောင်းကောက သူ့ကို ရိုက်ပြီး မဆုံးမတော့ဘူးဆိုတာကို သေချာအောင် လုပ်ပြီးနောက် သူက ပိုပြီးတောင် သဘောထားကြီးလာခဲ့သည်။ ဒါဟာ သူ့ရဲ့အမှား ဖြစ်သည့်အတွက် သူက အကျိုးဆက်တွေကို ခံနိုင်ရမည် ဖြစ်သည်။
“တော်လိုက်ကြတာ။ ဒါဆိုလည်း နေ့လည်ခင်း တစ်ရေး အိပ်လိုက်ဦးမယ်။ အရမ်းကို အိပ်ငိုက်နေပြီ။ စားပြီး၊ သောက်ပြီးဆိုတော့ အရမ်း အိပ်ချင်တာပဲကွယ်။ ဟူး…”
လီရှို့ကျီက ချက်ချင်း တုံ့ပြန်ပြီး ကျန်းတန်းဟယ်ကို ဆွဲခေါ်သွားခဲ့သည်။ “အဲဲဒါတော့ ဟုတ်တယ်။ ဟုတ့်ပါ့ကွာ။ မင်းတို့ နှစ်ယောက်ကလွဲလို့ လူတိုင်း ပြန်သွားပြီး နေ့ခင်းမှာ တစ်ရေး အိပ်သင့်တယ်။”
သူက စကားပြောသည့်အခါ သူတို့နှင့် ကစားဖို့ သူ့ကို ခြိမ်းခြောက်ရန် ကြိုးစားသည့် ကံမကောင်းတဲ့ ကြွက်စုတ်လေး နှစ်ကောင်ကို စဖို့တော့ မမေ့ခဲ့ပါ။ အခုချိန်မှာ သူတို့ ဘယ်လောက်တောင် အားနည်းနေလဲ ဆိုတာကို မြင်ရသည့်အခါ လီရှို့ကျီက အတော်လေးကို ပျော်နေခဲ့သည်။
အဲ့လိုနှင့် သူတို့သုံးယောက်က သူတို့အခန်းက အသီးသီးကို ပြန်သွားခဲ့ကြသည်။ နေ့လည်ခင်း အိပ်ဖို့ လီရှို့ကျီက ဘေးနားက သူ့အခန်းကို ပြန်သွားခဲ့သည်။ ထိုအချိန်မှာ ရှောင်းကောနှင့် ကျန်းတန်းဟယ်တို့က သူတို့ အိပ်ခန်းကို ပြန်သွားကြသည်။ သိပ်မကြာခင်မှာပဲ ကျန်းတန်းဟယ်က အိပ်ရာခင်းတွေကို ယူပြီး ကလေး နှစ်ယောက်ဆီ ပစ်ပေးလိုက်သည်။ အဲ့ဒါတွေက သူတို့အတွက် သန့်ရှင်းသည့် အိပ်ရာခင်း နှစ်စုံ ဖြစ်သည်။
ရှောက်ယိက လူတိုင်း သမ်းနေတာကို မြင်သည့်အခါ သူလည်း အိပ်ချင်လာခဲ့သည်။ သူကလည်း အိပ်ငိုက်ပြီး သမ်းလာခဲ့သည်။
ကျန်းတန်းဟယ် ထွက်သွားပြီးနောက် ရှောက်ယိက အိပ်ရာခင်းနှင့် အဝတ်တွေကို ချကာ သူ့ရဲ့ မျက်လုံးကို စပြီး ပွတ်နေခဲ့သည်။ သူက သနားစဖွယ်ဖြင့် ကျွမ်းကျွမ်းရဲ့ အင်္ကျီစကို ဆွဲပြီး ပြောခဲ့သည်။ “ကျွမ်းကျွမ်း၊ ငါ အိပ်ချင်နေပြီ….”
“…..” ကျွမ်းကျွမ်းက သက်ပြင်းချလိုက်သည်။ “အများကြီး မစားဖို့ ငါ မင်းကို ပြောသားပဲ။ မင်း ဗိုက်ပြည့်ရင် အိပ်ငိုက်လာမှာပဲလေ။”
“ဒီနေရာမှာ ငါတို့လုပ်ရမယ့် အလုပ်တွေ အများကြီးက ငါတို့ကို စောင့်နေလိမ့်မယ်လို့ ငါမထင်ထားဘူးလေ” ရှောက်ယိက ဆူပုပ်ပြီး မရပ်မနား ငြီးငြူနေခဲ့သည်။ ကျွမ်းကျွမ်းက သူ့ကို ရိုက်မလို့ လုပ်လိုက်သည့်အခါ သူက ချက်ချင်း ပုံမှန် ပြန်ဖြစ်သွားသလို ဟန်ဆောင်ခဲ့သည်။ “ကျွမ်းကျွမ်း၊ မင်းက တော်တော်လေး သိတာပဲ။ တော်တော်ကို အသိဉာဏ် ကြွယ်တာပဲ။ မင်းက စာအုပ်ကြီးအတိုင်းပဲ….”
ရှောက်ယိက အချိန်အတော်ကြာ ဟိုပြော၊ ဒီပြော ပြောနေခဲ့သော်လည်း ကျွမ်းကျွမ်းက သူ့ကိုသာ ကြည့်နေခဲ့သည်။ “အများကြီး ပြောနေလို့လည်း ဘာမှ အသုံးမဝင်တော့ဘူး။ မင်း လုပ်ဖို့လိုတာကို လုပ်ရမှာပဲ။”
ရှောက်ယိက ရှုံ့မဲ့နေခဲ့သည်။ သူက ဘာမှမဟုတ်ဘဲနဲ့ သူ့ကို ဖားနေခဲ့ရသည်။
ကျွမ်းကျွမ်းက ဦးဆောင်ပြီး ရိုးရှင်းတဲ့ အစီအစဥ် တစ်ခုကို လုပ်ခဲ့သည်။ ပထမဆုံး သူတို့က မီးဖိုချောင်ထဲ ပန်းကန်တွေကို ပြန်ယူသွားကာ ရေနွေးအိုးတည်ဖို့ လူတစ်ယောက်ကို ခေါ်လိုက်သည်။ သူက ရှောင်းကောရဲ့ လမ်းညွှန်းချက်နောက်ကို လိုက်ပြီး လူကြီးတစ်ယောက် မရှိဘဲနဲ့ ဘာမီးမှ မမွှေးခဲ့ပါ။
ရေနွေးဦး တည်ထားချိန်မှာ သူတို့က အခန်းထဲရှိ လိုက်ကာစတွေ အားလုံးကို လိုက်ဖြုတ်ပြီး သူတို့ရဲ့ နဂို အစတွေကိုပဲ ပြန်ထားခဲ့သည်။
ထို့နောက်မှာတော့ သူတို့က အိပ်ရာခင်းနှင့် သူတို့ရဲ့ အဝတ်တွေကို မလျှော်ခင် သူတို့ကိုယ်သူတို့ သန့်ရှင်းရေး လုပ်ရမည် ဖြစ်သည်။ တကယ်လို့ သူတို့က သူ့ရဲ့ အစီအစဥ်အတိုင်း မြန်မြန် လုပ်နိုင်မယ်ဆိုရင် သူတို့က ညစာ စားချိန်မှသာ ပြီးလိမ့်မည် ဖြစ်သည်။
အစီအစဥ်အတိုင်း ကျွမ်းကျွမ်းက သူ့ရဲ့ အင်္ကျီစကို ခေါက်ကာ အားနည်နေသည့် ရှောက်ယိနှင့်အတူ အလုပ် လုပ်နေခဲ့သည်။
သူတို့နှစ်ယောက် ပန်းကန်တွေကို ထားခဲ့ပြီးနောက် ရှောင်းကောနှင့် ကျန်းတန်းဟယ်တို့က အနောက်ခန်းမှ ထွက်လာခဲ့သည်။ ရှောင်းကောက ကျန်းတန်းဟယ်ကို ဂုဏ်ယူစွာ တို့ပြလိုက်သည်။ “ရှင် ဘယ်လိုထင်လဲ။ သူတို့ ကလေးနှစ်ယောက်က အဆင်ပြေပါတယ်လို့ ကျွန်မ ရှင့်ကို ပြောသားပဲ။”
ကျန်းတန်းဟယ်က မထိန်းနိုင်ဘဲ သူတို့ကို အထင်ကြီးသွားခဲ့သည်။ ကလေးနှစ်ယောက်အတွက် ဒီလို အလုပ်တွေက အရမ်း ခက်ခဲနေမှာကို သူ စိုးရိမ်နေခဲ့သည်။ သူ့မျက်နှာက ဒီလောက် မြန်မြန် အရိုက်ခံလိုက်ရမယ်လို့ သူမထင်ထားခဲ့ပါ။ သူတို့က လုပ်စရာတွေကို ပြီးသွားရုံသာမက သူတို့က အစီစဥ်တကျ အဖြစ်ဆုံး ပုံစံမျိုးဖြင့် အရာအာလုံးကို လုပ်ခဲ့သည်။
“ဘယ်လို အခြေအနေမျိုးမှာမဆို ကလေးတွေကို ဘယ်တော့မှ လျှော့မတွက်နဲ့။ သူတို့တွေက ရှင်တွေးထားတာထက် ပိုပြီး လုပ်နိုင်ကြတယ်။”