← Chapters

အခန်း (၃၄၉)

Vol. 24 Ch. 349

အခန်း (၃၄၉)

Vol. 24 Ch. 349

ကျန်းတန်းဟယ်က သူမကို လုံးဝ သဘောတူခဲ့သည်။ တကယ်ကို ကလေးတွေက လူကြီးတွေ ထင်တာထက် ပိုပြီး မာကြသည်။

စောနက စားပွဲဝိုင်းမှာတောင် သူက ခြေလှမ်းပြီး သူတို့ရဲ့ အလုပ်တွေကို ကူညီပေးလုနီးပါး ဖြစ်ခဲ့သည်။ ကံကောင်းစွာဖြင့် ရှောင်းကောက အချိန်မှီ သူ့ကို တားနိုင်ခဲ့သည်။ အဲ့လိုမှ မဟုတ်ဘူးဆိုရင် သူက ကျွမ်းကျွမ်းရဲ့ ပြတ်သားတဲ့ အတွေးတွေကို မြင်ရမည် မဟုတ်ပါ။

“ကလေးတွေနောက် လိုက်ကြည့်ရအောင်။”

ရှောင်းကောသည် ကလေးနှစ်ယောက် သူတို့ရဲ့ ပန်းကန်တွေနှင့် ယိမ်းထိုးပြီး သွားနေတာကို ကြည့်ခဲ့ရသည့်အတွက် သူက ကျန်းတန်းဟယ်ကို သူမနှင့်အတူ ခေါ်လာခဲ့သည်။ သူတို့နှစ်ယောက်က ကလေးတွေရဲ့ အနောက်ကနေ သူခိုးတွေလိုမျိုး တိတ်တဆိတ် လိုက်လာခဲ့ကြသည်။

!!!

ရှောင်းကောသည် ကျွမ်းကျွမ်းမှာ ဆဋ္ဌမမြောက်အာရုံ ရှိတာကို သိတဲ့အတွက် သူနဲ့ အရမ်းကြီး နီးနီးကပ်ကပ် မလိုက်ရဲခဲ့ပါ။ သူတို့ လုံခြုံကြောင်း သေချာအောင် လုပ်ဖို့ ဝေးဝေးကနေ လိုက်တာကလည်း အဆင်ပြေသည်။ အဲ့ဒါတောင် ကျွမ်းကျွမ်းက အတော်လေး သတိထားမိခဲ့သည်။ အချိန်တိုင်း သူက သူ့ရဲ့အနောက်ကို လှည့်လှည့်ကြည့်နေခဲ့သည်။

ကျွမ်းကျွမ်းသည် ငယ်ငယ်ကတည်းက ရှောင်းကောနှင့် အတူ အိမ်အလုပ်တွေ လုပ်ခဲ့ရသည့်အတွက် သူက အသက် ရွယ်တူဖြစ်တဲ့ ရှောက်ယိထက် ပိုသန်မာသည်။ သူ့ကို ထည့်စဥ်းစားပေးထားသည့်အတွက် ကျွမ်းကျွမ်းက မီတာ နည်းနည်းကိုရောက်တိုင်း ခန နားဖို့ ဆုံးဖြတ်ပေးခဲ့သည်။

ရှောက်ယိရဲ့ တာဝန်တွေကို လျှော့ပေးဖို့အတွက် သူက ပန်းကန် အသေးလေးတွေနှင့် အောက်ခံ ပန်းကန်ပြားလေးတွေ အကုန်လုံးကို သူ့လင်ဗန်းထဲ ထည့်ပြီးတောင် သယ်သွားခဲ့သည်။

ကျန်းတန်းဟယ်က ကြယ်လို မျက်ဝန်းမျိုးဖြင့် ပြောခဲ့သည်။ “ကျွမ်းကျွမ်းက တကယ်ကို တာဝန်ယူတတ်တာပဲ။ နောက်ပိုင်းကျရင် သူက အကိုကောင်းတစ်ယောက် သေချာပေါက် ဖြစ်လာလိမ့်မယ်။”

ရှောင်းကောက လှည့်ပြီး သူ့ကို ကြည့်လိုက်သည်။ သူမက သူ့ရဲ့ မျက်ဝန်းထဲတွင် အဓိပ္ပါယ်ရှိသည့် အကြည့်မျိုးကို မြင်ရသည့်အတွက် သူ့ကို လျစ်လျူရှုဖို့ပဲ ရွေးချယ်ခဲ့သည်။ သူမက ကလေးနှစ်ယောက်ရဲ့ အနောက်ကို ဆက်လိုက်သွားခဲ့သည်။

ကလေးနှစ်ယောက်က သူတို့ရဲ့ အဝတ်တွေကို လဲဖို့ အချိန်မရှိသည့်အတွက် သူတို့ရဲ့ မျက်နှာနှင့် အဝတ်အစားတွေက အရမ်းကို တောက်ပြောင်ပြီး မျက်စိနောက်စရာ ကောင်းနေခဲ့သည်။ ထိုအရာကပဲ ဖြတ်သွားဖြတ်လာ လူတွေရဲ့ အာရုံကို ဆွဲဆောင်နေခဲ့ပြီး သူတို့ကလည်း မြင်ရတဲ့ အရာကို ပွင့်ပွင့်လင်းလင်းပဲ ရယ်ခဲ့ကြသည်။ သတင်းတွေက တောမီးလို ပြန့်သွားခဲ့သည်။ ရယ်သံတွေကြောင့် အစေခံများစွာကို ဆွဲဆောင်သလို ဖြစ်နေခဲ့ပြီး ထိုအရာတွေကို ကြည့်ဖို့ ရောက်လာခဲ့ကြသည်။

ကလေးနှစ်ယောက်ရဲ့ မျက်နှာပေါ်မှာ အလှပြင် ပစ္စည်းတွေ ရှိနေသည့်အတွက် သူတို့ကိုတော့ မမှတ်မိခဲ့ကြပါ။ သူတို့ရဲ့ လက်ထဲမှာ ပန်းကန်ပြား အချပ်လိုက်ကို ကိုင်ထားတဲ့ပုံစံက သူတို့ဟာ ဆိုးသွမ်းတဲ့ ကလေး အလုပ်ကြမ်းသမားလေးတွေနှင့် တူသည်။

အလုပ်ချိန် မရှိသည့် အချို့ အစေခံတွေက ဘေးနားမှာ စုဝေးလာပြီး သူတို့နှစ်ယောက်ကို စခဲ့ကြသည်။ ခနလေးအတွင်းမှာပဲ ဖြတ်သွားဖြတ်လာ လူတစ်စုကနေ လူအုပ်ကြီး ဖြစ်သွားခဲ့ကြပြီး သူတို့ရဲ့ လက်တွေက ပြည့်ပြည့်ဖောင်းဖောင်း ကလေး အလုပ်ကြမ်းသမားလေးတွေကို ထိဖို့ လာခဲ့ကြသည်။

“အားရိုး… ဒီမျက်နှာ ဖောင်းဖောင်းလေးကို ကြည့်ပါဦး….”

“သူက ပြည့်ရုံတင်မကဘူးနော်၊ တော်တော်လေးလည်း နူးညံ့နေတာပဲကွယ်….”

“ငါလည်း သူ့ပါးလေးတွေကို ကိုင်ပါရစေဦးဟယ်၊ ငါလည်း သူတို့ကို ကိုင်ကြည့်ပါရစေဦး။ ဟုတ်ပါ့ဟယ်။”

“ကြည့်ပါဦး၊ ကြည့်ပါဦး။ သူ့ဗိုက်ကလေးကတောင် လုံးနေတာပဲ။”

ကျွမ်းကျွမ်းက ထိုစကားကို ကြားသည့်အခါ ရှက်ရှက်နှင့် သူ့ဗိုက်လေးကို ချပ်ကာ ဖုံးဖို့ ကြိုးစားခဲ့သည်။ မထင်မှတ်စွာဖြင့် သူ့ရဲ့ မသိလိုက်တဲ့ အပြုအမူလေးက အခြားသူတွေကို အံ့ဩစရာ ဖြစ်စေခဲ့သည်။

“ကြည့်ပါဦး။ သူက သူ့ဗိုက်သူ ဘယ်လို ချပ်ရမလဲဆိုတာ သိတယ်။ သူ့ကြည့်ရတာ ရှက်နေတာဖြစ်မယ်။ ဟဟဟဟ….”

“ဟဟဟဟ…”

အစကတော့ လူတစ်ယောက်ပဲ အဲ့ဒါကို သတိထားမိခဲ့သည်။ သို့သော် သူမရဲ့ စကားတွေကို ကြားပြီးနောက် လူတိုင်းရဲ့ အာရုံက ကျွမ်းကျွမ်းရဲ့ ဗိုက်ခေါက်လေးဆီ ရောက်သွားခဲ့ရသည်။ အချို့က သူ့ဗိုက်လေးကို ကိုင်ကြည့်ဖို့တောင် ရောက်လာခဲ့သည်။

ကျွမ်းကျွမ်းက ဘယ်လောက်ပဲ တုံးအနေပါစေ၊ သူ့ကို မိန်းကလေးတွေ အများကြီး ဝန်းရံလာသည့်အခါ မနေနိုင်တော့ပါ။ လူတိုင်းက သူ့ကို လာထိခဲ့ကြသည်။ သူက လင်ဗန်းကို ထိန်းပြီး ထိုအခက်အခဲ များစွာကို ပုန်းရှောင်ဖို့ ကြိုးစားရုံသာ တတ်နိုင်ခဲ့သည်။

“ရှင် ဘယ်သွားမလို့လဲ။”

ရှောင်းကောသည် အရှေ့ကို ထွက်သွားဖို့ လုပ်နေသည့် ကျန်းတန်းဟယ်ကို တားပြီး သိချင်စိတ်ဖြင့် မေးခဲ့သည်။

“ကိုယ် တစ်ချက် သွားကြည့်ဦးမယ်။” .

ကျန်းတန်းဟယ်က စိတ်မသက်မသာ ခံစားနေခဲ့ရသည်။ အစေခံတွေမှာ ဘာရည်ရွယ်ချက်မျိုးမှ မရှိသော်လည်း သူသည် ကလေးတွေကို စိုးရိမ်နေဆဲ ဖြစ်သည်။

“ဒါက ဘာမှမဖြစ်ပါဘူး” ရှောင်းကောက သူ့ကို ပြန်ဆွဲပြီး သူတို့ရဲ့ ပုန်းနေတဲ့ နေရာဆီ ပြန်သွားခဲ့သည်။ “ဒီလူတွေက သူတို့ရဲ့ အကန့်ကို သူတို့ သိပါတယ်။ သူတို့က ကျွမ်းကျွမ်းနဲ့ ရှောက်ယိကို နာကျင်အောင် မလုပ်ဘူး။”

ကျန်းတန်းဟယ်သည် ပုန်းနေတဲ့ နေရာသို့ ပြန်မသွားခင် စိုးရိမ်တကြီး ကြည့်နေခဲ့သည်။

ရှောင်းကောက ကျေနပ်သွာဖြင့် သူ့ခေါင်းကို သပ်ပေးခဲ့သည်။ သူမသည် အရင်ကတည်းက သူ့ရဲ့ ဆံပင်ကို သပ်ပေးလေ့ ရှိသည်။ ကျန်းတန်းဟယ်သည် အစပိုင်းမှာတော့ သူမရဲ့ လုပ်ရပ်တွေကို အတော်လေး စိတ်မသက်မသာ ဖြစ်နေခဲ့သော်လည်း အခုဆိုရင် သူက အတော်လေးကို ကျေနပ်နေခဲ့သည်။

ပြောရရင် ဒီအစေခံတွေ အားလုံးက အပြစ်သားတွေရဲ့ သမီးတွေ ဖြစ်သည်။ သူတို့က လွန်ခဲ့သော နှစ်တွေမှာ အလုပ်ကြမ်းတွေ လုပ်နေခဲ့ရသော်လည်း သူတို့ ငယ်ငယ်က သင်ခဲ့ရသည့် ပညာရေးတွေကတော့ ပျောက်မသွားခဲ့ပါ။ သူတို့က ကျွမ်းကျွမ်းနှင့် ရှောက်ယိကို ဝန်းရံထားခဲ့ကြသော်လည်း သူတို့နှင့် ကလေးတွေကြားထဲမှာ အကွာအဝေးတစ်ခု ချန်ထားတာကို လူတိုင်းက ပြောနိုင်သည်။

ထို့ကြောင့် ကလေးနှစ်ယောက်က လုံးဝကြီး စိုးရိမ်မနေခဲ့ပါ။ ထိုအစား သူတို့က အရမ်းကို သက်တောင့်သက်သာ ရှိနေခဲ့သည်။ ထို့အပြင် အစေခံတွေ အားလုံးက ဆယ်ကျော်သက်အရွယ် မိန်းကလေးတွေ ဖြစ်သည်။

ကျွမ်းကျွမ်းက အဲ့ဒါကို လုံးဝ မပျော်နေခဲ့တာ သေချာသော်လည်း ရှောက်ယိအတွက်လည်း အတူတူပဲဟု ပြောလို့မရပါ။ သူ့အနားမှာ မိန်းကလေးတွေ အများကြီး ဝန်းရံနေသည့်အခါ သူက သူတို့ရဲ့ စကားဝိုင်းထဲမှာ အဓိကလူ မဟုတ်သော်လည်း သူ့ဘေးပတ်လည်မှာ မိန်းကလေးတွေ အများကြီး ရှိနေတာက ကောင်းနေဆဲ ဖြစ်သည်။

“သူ့ကို ကြည့်ပါဦး။ သူ့ကို ကြည့်လိုက်ပါဦး…”

ထိုအချိန်မှာပဲ အံ့ဩစရာ အသံတစ်သံက ပေါ်လာခဲ့သည်။ နောက်ဆုံးမှာတော့ သူတို့ထဲရှိ လူအနည်းစုက ကျွမ်းကျွမ်းကို လွှတ်ပေးလိုက်ပြီး ရှောက်ယိဆီ အာရုံပြောင်းသွားခဲ့သည်။

“သူက အရမ်း အိပ်ချင်လွန်းလို့ လင်ဗန်းကိုတောင် မနည်း ကိုင်ထားနေရတာ။ သူက သူ့လင်ဗန်းကို ကျစ်ကျစ်ပါအောင် ကိုင်ထားတုန်းပဲ။”

“အိပ်ငိုက်တယ်ဆိုတာ နင် ဘာကို ပြောချင်နေတာလဲ။ ငါ့အထင်တော့ သူက ချစ်ဖို့ကောင်းအောင်….”

“အိုင်းရိုး၊ နင် ဘာလို့ မကောင်းတာပဲ ပြောနေတာလဲ။ သူက ကလေးပဲ ရှိသေးတာလေဟယ်။”

“ဟယ်၊ ကလေးရဲ့ မျက်နှာတစ်ခုလုံး နီရဲနေပြီ…”

“ဟဟဟဟ….”

ကောင်မလေးတွေက ရှောက်ယိကို ထိကြည့်ဖို့ ထပ်ပြီး ရောက်လာခဲ့ကြသည်။ မျက်နှာမှာ လျှောက်ခြယ်ထားတဲ့ အလုပ်သမား ကလေးနှစ်ယောက်က အိမ်ရှေ့မင်းသားနဲ့ တပ်မှူးရဲ့ အကြီးဆုံးသားဆိုတာကို သူတို့ မသိကြပါ။

ရှောက်ယိက ဘယ်လို ပေါကြောင်ကြောင် ရယ်ရမလဲဆိုတာကိုသာ သိသော်လည်း ကျွမ်းကျွမ်းကတော့ တဖြည်းဖြည်းနဲ့ စိတ်မရှည်တော့ပါ။ ကောင်မလေးတွေ စတာကို ခံရပြီးနောက် သူ့စိတ်တွေက အတော်လေးကို စိတ်ပျက်နေပြီ ဖြစ်သည်။ ဒီတစ်လျှောက်လုံး သူက ဆက်တိုက် အလုပ်ရှုပ်နေခဲ့သည်။

တစ်ချိန်မှာတော့ သူက သူ့ရဲ့ ပါးနှစ်ဖက်ကို စုပ်ထားပြီး ထို့နောက်မှာတော့ သူ့ရဲ့ ဗိုက်ကို ချုပ်ထားခဲ့ရသည်။ သူသည် သူ့ကိုထိဖို့ ကြိုးစားနေသည့် ရိုင်းပြတဲ့ လက်တွေကနေ ရှောင်ဖို့လည်း ကြိုးစားနေခဲ့ရသည်။ သူက အရမ်းကို စိတ်ရှုပ်လာသည့်အတွက် သူ့လက်ထဲရှိ လင်ဗန်းကပါ ပြုတ်ကျလုနီးပါး ဖြစ်သွားခဲ့ရသည်။ အခုဆိုရင် သူ့ရဲ့ မျက်ခုံးလေးက ကြိုးထုံးတစ်ခုလို ထုံးနေခဲ့ပြီ ဖြစ်သည်။

လူတစ်ယောက်က သူတို့အတွက် လင်ဗန်းကို ယူပြီး မီးဖိုချောင်ထဲကို အရင် ပို့ပေးခဲ့သည်။ ရှောင်းကောက သူမရဲ့ ပါးစပ်ကို မပိတ်နိုင်လောက်အောင် အရမ်း အံ့ဩသွားခဲ့သည်။ လူတစ်ယောက်ကို ဘယ်လိုလုပ်ပြီး ဒီလိုမျိုး အသုံးချလို့ ရမှာလဲ။

ကျန်းတန်းဟယ်က သူမရဲ့ မေးစေ့လေးကို ကိုင်ပြီး ညှင်သာစွာဖြင့် သူမရဲ့ ပါးစပ်ကို ပိတ်ဖို့ ကူပေးခဲ့သည်။ သူငယ်ငယ်တုန်းက မရေမတွက်နိုင်သည့် ဒီလို အခြေနေတွေကို ဖြတ်သန်းခဲ့ရပြီး ဖြစ်သည်။

ကျန်းတန်းဟယ် ငယ်ငယ်တုန်းက သူ့ရဲ့ နေ့စဥ် ပျော်ရွှင်မှုတွေဟာ စျေးဝယ်ထွက်တာကနေ ဖြစ်လာတာကို သူက မှတ်မိနေဆဲ ဖြစ်သည်။ သူ လက်ဗလာနှင့် အပြင်ထွက်သည့်အခါတိုင်း သူ့ရဲ့ အစေခံတွေက စျေးဝယ်လာသည့် အိတ်တွေများစွာကို သယ်ပြီးမှသာ သူက ပြန်လာခဲ့သည်။

အမှန်တရားက သူဟာ ကြေးပြားတစ်ချပ်တောင် မသုံးခဲ့ပါ။ အိတ်ထဲရှိ ပစ္စည်း အားလုံးက သူဟာ ချစ်ဖို့ကောင်းသည့်အတွက် တွေ့သမျှ စျေးဆိုင်ပိုင်ရှင်တွေက ပေးလိုက်သည့် လက်ဆောင်တွေသာ ဖြစ်သည်။

ထို့ကြောင့် ကျန်းတန်းဟယ်ရဲ့ အဖေက သူတို့ရဲ့ ပစ္စည်းတွေအတွက် အခကြေးငွေပေးဖို့ ဆိုင်ရှင်ဆီ ပိုက်ဆံ ပြန်ပေးခဲ့သည်။ သူသည် သာမန်လူတွေထံက အခွင့်အရေးယူတာမျိုးကို ကန့်ကွက်သည်။

ကျွမ်းကျွမ်းက အနည်းငယ် ရှက်နေခဲ့သည်။ ဒါက လုံးဝကို မှန်တယ်ဟု မခံစားခဲ့ရပါ။ သူက ဒီအခြေနေကို အခွင့်အရေး ယူတယ်ဟုသာ ခံစားနေခဲ့ရသည်။

“ဒါက ကောင်းသားပဲ၊ ကျွမ်းကျွမ်း။ ငါတို့ အလုပ်တွေ နည်းသွားပြီ။”

ရှောက်ယိက ခုန်ပြီး သူ့ကို ပြန်ဆွဲဖို့ ကြိုးစားခဲ့သည်။ မထင်မှတ်ဘဲ တစ်ဖက်လူက လုံးဝကို မပျော်နေခဲ့ပါ။

“မင်း ဘာဖြစ်နေတာလဲ”

“ဘာမှ မဖြစ်ပါဘူး။” ကျွမ်းကျွမ်းက ရှောက်ယိကို သေချာကြည့်ပြီး သူ့ခေါင်းကို ခါပြခဲ့သည်။ သူက စကားတစ်လုံးချင်းစီကို ဂရုတစိုက်နှင့် ပီပီသသ ပြောလိုက်သည်။ “ငါတို့က ငါတို့ရဲ့ ကိစ္စတွေကို ကိုယ့်ဘာသာ လုပ်သင့်တယ်။ ငါတို့အတွက် တစ်ခြားသူတွေကို မလုပ်ခိုင်းသင့်ဘူးလေ။ ငါမှန်တယ်မလား။”

“….” ရှောက်ယိက ချက်ချင်း နားလည်သွားခဲ့သည်။ သူ့ရဲ့ မျက်လုံးတွေက အရောင် တောက်သွားပြီး သူက ခေါင်းငြိမ့်ပြခဲ့သည်။ “ဟုတ်တယ်။”

သူတို့နားရှိ ကောင်မလေးတွေက အံ့သြသွားခဲ့ကြသည်။ သူတို့ရဲ့ လက်ထဲက လင်ဗန်းတွေကို ကလေး နှစ်ယောက်က ပြန်ယူသွားခဲ့ကြသည်။

သူတို့ကို ကျေးဇူးတင်ပြီးနောက် ကလေးနှစ်ယောက်က မီးဖိုချောင်ထဲကို မြန်မြန် ဝင်သွားခဲ့သည်။ သူတို့ရဲ့ အနောက်ရှိ အစေခံတွေရဲ့ အံ့ဩတဲ့ အကြည့်တွေကို သတိမထားမိခဲ့ပါ။

ရှောက်ယိရဲ့ စိတ်ထဲမှာ ခံစားချက်တွေ ဖြစ်လာခဲ့သည်။ သူက ကျွမ်းကျွမ်းရဲ့ အနောက်ကို လိုက်သွားပြီး ဒေါသတကြီး အရှေ့ကို လွှားခနဲ ကျော်သွားခဲ့သည်။ သူသည် လူအုပ်ကြီးရဲ့ အကြည့်ကနေ ပျောက်သွားအောင် သူ့ကိုယ်သူ မြန်မြန် လမ်းလျှောက်ဖို့ ဖိအားပေးနေခဲ့သည်။ အဲ့ဒါပြီးတဲ့နောက် သူက ချက်ချင်း လဲကျသွားခဲ့သည်။ “ကျွမ်းကျွမ်း၊ ငါတို့…”

“သိပြီ” ကျွမ်းကျွမ်းက ရှောက်ယိကို ကူကယ်ရာမဲ့စွာ ကြည့်လိုက်သော်လည်း သူက သူ့သူငယ်ချင်းရဲ့ တောင်းဆိုမှုကို အလျှော့ပေးခဲ့သည်။ သူက ဗန်းကိုချပြီး ချက်ချင်း ထိုင်ချလိုက်သည်။

ထပ်ပြီး ပြင်ဆင်နေသည့် ကောင်လေးနှစ်ယောက်ကို ကြည့်လိုက်သည့်အခါ ရှောင်းကောက ကျန်းတန်းဟယ်ကို သူမရဲ့ တံတောင်ဖြင့် တို့ခဲ့သည်။ သူမရဲ့ မျက်ဝန်းတွေက ဘဝင်မြင့်နေတဲ့ပုံ ဖြစ်နေကာ သူမက ကြည့်ရင်း ပြောနေခဲ့သည်။ “ကျွန်မရဲ့သားက အတော်ဆုံးပဲ။”

ရှောက်ယိနှင့် ကျွမ်းကျွမ်းက လမ်းပတ်လျှောက်ပြီး နောက်ဆုံးမှာတော့ မီးဖိုချောင်ထဲ ရောက်သွားခဲ့သည်။ လင်ဗန်းတွေကို တာဝန်ကျရာ အစေခံတွေကို ပေးပြီးနောက် သူတို့က မနှောင့်မနှေးဘဲ ပြေးသွားခဲ့ကြသည်။ သူတို့ အိမ်ရာရဲ့ တာဝန်ရှိသည့် အစေခံတွေကို ရှာပြီးနောက် သူတို့က ရေနွေးပူပူ အိုးကြီး တစ်အိုးကို တောင်းဆိုခဲ့သည်။ ထို့နောက်မှာ သူတို့က အိမ်ကို ပြန်ပြီး သူတို့ရဲ့ အဝတ်အသစ်တွေနဲ့ ကျန်းတန်းဟယ် သူတို့ကို ပေးလိုက်သည့် အိပ်ရာခင်းတွေကို ယူလာခဲ့သည်။

ရေချိုးဇလုံက သူတို့ နေရာရဲ့ အနောက်ခန်းထဲမှာ ရှိသည်။ သူတို့အတွက် ရေဖြည့်ပေးဖို့ လူတစ်ယောက်ကို ပို့ပေးခဲ့သည်။ ထို့နောက်မှာတော့ အကာကို ဆွဲခဲ့သည်။ အစေခံတွေက သူတို့ အဝတ်နှင့် အိပ်ရာခင်းတွေကို ပစ်လိုက်တာ အစေခံက မြင်သည့်အခါ သူမက အဲ့ဒါကို လျှော်ဖို့ ယူရန် ကြိုးစားခဲ့သည်။

ကံကောင်းစွာဖြင့် ကျွမ်းကျွမ်းက သူမကို မြင်သည့်အခါ အချိန်မှီ တားခဲ့သည်။ အဲ့လိုမှ မဟုတ်ဘူးဆိုရင် သူတို့က ကတိ ဖျက်မိသလို ဖြစ်သွားလိမ့်မည် ဖြစ်သည်။

ရှောင်းကောနှင့် ကျန်းတန်းဟယ်တို့က ရန်သူတွေလို ပြတင်းပေါက်ကို မှီပြီး ကြည့်နေခဲ့သည်။ အစေခံတွေက အတော်လေးကို အာရုံစိုက်ပြီး ကလေးနှစ်ယောက်အဖို့ ရေချိုးကန်လေးကို ဖြည့်ပေးဖို့ဆိုတာ သိနေခဲ့သည်။ သူတို့ လုံခြုံတာကို တွေ့သည့်အခါ ရှောင်းကောက အထဲကို ဝင်မသွားခဲ့ပါ။ ထိုအစား သူမက သူတို့ကို အပြင်ကနေသာ စောင့်ကြည့်နေခဲ့သည်။

အစပိုင်းမှာတော့ ကလေးနှစ်ယောက်က သူတို့ရဲ့ ခန္ဓာကိုယ်ကို သေချာ ပွတ်တိုက်ခဲ့ကြသော်လည်း သူတို့ထဲရှိ တစ်ယောက်က ရေတွေကို စကစားခဲ့သည်။ အစပိုင်းမှာတော့ သူတို့က ကစားရင်း ရေကန်ထဲမှာ ထိုင်နေခဲ့ကြသည်။ သို့သော် ခနကြာပြီးနောက် သူတို့က ထရပ်ပြီး တစ်ယောက်ကို တစ်ယောက် ရေဖြင့် ပက်ခဲ့ကြသည်။ သူတို့က အတော်လေး ပျော်နေခဲ့ပြီး ပြတင်းပေါက်ရဲ့ အပြင်ဘက်မှာ ရပ်နေသည့် လင်မယား နှစ်ယောက်ကလည်း အတော်လေးကို ဝမ်းသာနေသည်။

ကလေးနှစ်ယောက်က အဝတ်ဗလာနှင့် ဖြစ်နေပြီး တစ်ယောက်ကို တစ်ယောက် စနေခဲ့ကြသည်။ သူတို့သည် အပြင်ဘက်ကနေ သူတို့ကို ရယ်နေသည့် လူနှစ်ယောက်ကိုတောင် သတိမထားမိခဲ့ပါ။

All Chapters