← Chapters

အခန်း (၃၅၀)

Vol. 24 Ch. 350

အခန်း (၃၅၀)

Vol. 24 Ch. 350

သူတို့နှစ်ယောက်က ဘေးပတ်လည်မှာ ဆော့ခဲ့သည့်အတွက် သူတို့မှာ စိုနေသည့် အခန်းကို သန့်ရှင်းရေး လုပ်ဖို့ နောက်ထပ် တာဝန်တစ်ခု ရှိသည်။

ကစားပြီးနောက် ရှောက်ယိက သိပ်ပြီး မအိပ်ချင်တော့ပါ။ သူက ခွန်အားအပြည့် ဖြစ်သွားကြီး သူက အလုပ်တွေကို ကျွမ်းကျွမ်းအား ကူညီပေးခဲ့သည်။ သူက အစောပိုင်းကလို အိပ်မငိုက်နေတော့ပါ။

သူတို့က အိပ်ရာခင်းတွေကို လျှော်ဖို့ အတော်လေး ခက်ခက်ခဲခဲ ကြိုးစားခဲ့ရသော်လည်း လုံးဝ လျှော်လို့မရသည့် အရာ အနည်းငယ်က ရှိနေသေးသည်။

နောက်ဆုံးတော့ နေဝင်ခါနီး အချိန်မှာ ကလေးနှစ်ယောက်က အလုပ်တွေ အကုန်လုံး ပြီးသွားခဲ့ပြီ ဖြစ်သည်။ ရှောက်ယိက ခါးထောက်ပြီး ကြိုးတန်းပေါ်ရှိ အိပ်ရာခင်းတွေကို ကျေနပ်စွာ ကြည့်နေခဲ့သည်။ “ကျွမ်းကျွမ်း၊ ငါတို့က တော်တော်လေးကို တော်တာပဲကွ။”

ကျွမ်းကျွမ်းက ပြုံးပြီး ပြောလိုက်သည်။ “ ရှောက်ယိက အံ့မခန်းပဲ။”

ဒါဟာ ရှောက်ယိ ပထမဆုံးအကြိမ် အိမ်အလုပ် လုပ်ဖူးတာ ဖြစ်ကြောင်းကို သူသိနေသည့်အတွက် သူက တကယ်ကို သေချာ လုပ်ခဲ့ပြီး ဖြစ်သည်။ သူသည် အလုပ်က ခက်တယ်ဟုလည်း မငြီးခဲ့ပါ။ သူက အလုပ်တွေ လုပ်နေချိန်အတွင်း ခနခန အနား ယူခဲ့ရုံသာ ဖြစ်သည်။ သို့သော် ဒါကလည်း ပြဿနာကြီး မဟုတ်ပါ။

“ဟီးဟီး….” ရှောက်ယိက ရှက်ရှက်နှင့် ရယ်ပြလိုက်သည်။ ရုတ်တရက် သူ့ရဲ့ ဗိုက်ကလေးက အသံ ထွက်လာခဲ့သည်။ သူက အရမ်း ကြောက်သွားပြီး ဖုံးကာ ချက်ချင်းပဲ သနားစဖွယ် ပြောခဲ့သည်။ “ကျွမ်းကျွမ်း၊ ငါဗိုက်ထပ်ဆာလာပြန်ပြီ….”

ကျွမ်းကျွမ်းက အသာလေး သက်ပြင်းချပြီး အရှေ့ကို လမ်းလျှောက်သွားခဲ့သည်။

“ကျွမ်းကျွမ်း၊ မင်းဘယ်သွားမလို့လဲ။” ရှောက်ယိသည် ကျွမ်းကျွမ်းက သူ့ကို အထင်သေးသွားတယ်ဟု တွေးမိခဲ့သည်။ သူက သူ့နောက်ကို နားမလည်နိုင်စွာ လိုက်သွားပြီး သူ့လက်ကို လှမ်းဆွဲလိုက်သည်။

“ဟူး….” ကျွမ်းကျွမ်းက သူ့ရဲ့လက်ကို ဆွဲပြီး ကူကယ်ရာမဲ့စွာ ပြောခဲ့သည်။ “မင်းရော ဗိုက်မဆာဘူးလား။ ငါတို့တွေ စားစရာ သွားရှာကြရအောင်ကွာ။”

“ဟုတ်ပြီ၊ သွားကြမယ်။”

ရှောက်ယိရဲ့ ဝမ်းနည်းမှုတွေကို သူ့မျက်နှာပေါ်ရှိ ပျော်ရွှင်တဲ့ ခံစားချက်တွေက ချက်ချင်းဆိုသလို အစားထိုးသွားခဲ့သည်။ သူက ကျွမ်းကျွမ်းကို အိမ်အပြင်သို့ စိတ်လှုပ်ရှားစွာ ဆွဲခေါ်သွားခဲ့သည်။

“မေမေ၊ မေမေ”

တကယ်လို့ သူတို့တွေသာ စားစရာ လိုက်ရှာမယ်ဆိုရင် သူတို့က ရှောင်းကောကို လိုက်ရှာရမည် ဖြစ်သည်။

ကျွမ်းကျွမ်းက ဘေးပတ်လည်ကို လိုက်ကြည့်ခဲ့သော်လည်း ဘယ်သူ့ကိုမှ မတွေ့ခဲ့ပါ။ သူ့ရဲ့ အမေကို ရှာမတွေ့ရုံသာမက သူ့ရဲ့ အဖေကိုလည်း ရှာမတွေ့ခဲ့ပါ။ သူက ရွေးချယ်စရာမရှိဘဲ လီရှို့ကျီကို ရှာဖို့သာ ရှောက်ယိကို ခေါ်သွားရတော့မည် ဖြစ်သည်။ သူ့ကို မေးပြီးနောက် သူတို့က မီးဖိုချောင်ထဲတွင် ချက်ပြုတ်နေတဲ့ ကျန်းတန်းဟယ်နှင့် ရှောင်းကောကို တွေ့ခဲ့ရသည်။ ကလေး နှစ်ယောက်က ထိုသတင်းကြောင့် အတော်လေးကို ပျော်သွားပြီး မီးဖိုချောင်ထဲသို့ တစ်ဟုန်ထိုး သွားခဲ့ကြသည်။

ဘာမှ လုပ်စရာ မရှိသည့်အတွက် လီရှို့ကျီကလည်း သူတို့ရဲ့ အနောက်ကို လိုက်သွားခဲ့သည်။ ဘယ်လိုကိစ္စမှာမဆို သူတို့က ညစာအတွက် စောင့်နေကြမည် ဖြစ်သည်။ သူကလည်း တစ်လျှောက်လုံး အတူတူ ကောင်းမွန်စွာ ရှိနေကြလိမ့်မည်။ သူက မကူညီပေးနိုင်ရင်တောင် အနည်းဆုံးတော့ သူက အရင်ဆုံး သူ့ရဲ့ စားချင်စိတ်ကို တင်းတိမ်အောင် လုပ်ရမည် ဖြစ်သည်။

သူတို့သုံးယောက်က ရှောင်းကောကို မြင်သည့်အခါ မီးဖိုချောင်ထဲ ရောက်လာခဲ့ကြသည်။ သို့သော် သူမက မချက်ပြုတ်နေခဲ့ပါ။ ထိုအစား သူမက မီးမွှေးနေခဲ့သည်။ မီးဖိုချောင်ရဲ့ ထောင့်နားမှာ အလုပ်ရှုပ်နေတဲ့လူက ကျန်းတန်းဟယ် ဖြစ်သည်။

သူတို့ သုံးယောက်က မယုံကြည်နိုင်စွာဖြင့် သူတို့ရဲ့ မျက်ဝန်းတွေကို ပွတ်ခဲ့ကြသည်။ သူတို့က ဒီအရာတွေကို မြင်နေခဲ့ကြသည်။

သို့သော် သူတို့က ဘယ်လောက်ပဲ မျက်လုံးကို ပွတ်နေကြပါစေ၊ သူတို့ မျက်စိအရှေ့ရှိ မြင်ကွင်းက အတူတူပဲ ဖြစ်သည်။ ရှောင်းကောက မီးမွှေးပြီး ကျန်းတန်းဟယ်က ဟင်းရွက်တွေ လှီးနေတာက တကယ်ပဲ ဖြစ်သည်။

“မေမေ….”

ရှောင်းကောနှင့် ကျန်းတန်းဟယ်က ဟိုဟိုဒီဒီ ပတ်ကြည့်ခဲ့သည်။

“မင်းတို့ အိပ်ရာခင်းတွေ လျှော်လို့ ပြီးသွားပြီလား။”

“ဟုတ်ကဲ့။ ရှောက်ယ်နဲ့ သား အိပ်ရာခင်းတွေ လျှော်ပြီးပါပြီ။”

“ဟုတ်တယ်၊ အဲ့ဒါတွေ အကုန်လုံး ပြီးသွားပြီ။”

ရှောင်းကောက ကျေနပ်စွာဖြင့် ခေါင်းငြိမ့်ပြကာ ကျန်းတန်းဟယ်ကို ပြုံးပြီး လက်ညှိုးထိုးပြခဲ့သည်။ “ဒါဆိုလည်း ညစာအတွက် စောင့်ကြဦး။ မေမေတို့ရဲ့ စားဖိုမှူးကြီးကျန်းက ဒီနေ့အတွက် တာဝန်ခံပဲ။”

“ဟမ်”

သူတို့သုံးယောက်က အတူတူ အံ့ဩသွားခဲ့ကြသည်။ 'စားဖိုးမှူးကျန်းလား။ ဘာလို့ ဒီစကားက အရမ်း မယုံနိုင်စရာ ကောင်းနေရတာလဲ။ '

“မေမေ၊ ဘာလို့လဲ။”

ရှောင်းကောက ဘာကိုမှ မပြောခဲ့ပါ။ သူမက သူမရဲ့ လက်တွေကို ကိုင်ပြီး သူတို့ကို ကြည့်နေခဲ့သည်။

“မေမေ၊ ဒဏ်ရာရထားတာလား။”

“ဘာဖြစ်တာလဲ။”

“မေမေ အဆင်ပြေရဲ့လား။”

သူတို့သုံးယောက်က တစ်ချိန်တည်းမှာပဲ မေးခဲ့သည်။ ရှောင်းကောက ပြုံးပြီး သူမ ဘာမှမဖြစ်ဘူးဆိုတာကို ပြောဖို့ သူမရဲ့ ခေါင်းကို ခါပြခဲ့သည်။ သူမကလည်း သူတို့ကို မြန်မြန် ပြန်ရှင်းပြခဲ့သည်။

ကျွမ်းကျွမ်းနှင့် ရှောက်ယိတို့က အိပ်ရာခင်းတွေ လျှော်နေတုန်းက သူမနှင့် ကျန်းတန်းဟယ်က စားဖို့အချိန် ရောက်တော့မှာကို တွေ့ခဲ့ရသည်။ ထို့ကြောင့် သူတို့က ချက်ပြုတ်ဖို့ မီးဖိုချောင်ထဲကို ဝင်သွားခဲ့သည်။ သို့သော် မီးဖိုချောင်ထဲရှိ ဓားကို သေချာ သွေးထားသည့်အတွက် အတော်လေးကို ထက်သည်။ ရှောင်းကောက ဟင်းချက်ဖို့ လုပ်နေရင်း မတော်တဆ သူမရဲ့ လက်ကို ဓားရှမိသွားခဲ့သည်။ ထို့နောက် ကျန်းတန်းဟယ်က သူမကို အိပ်အလုပ်တွေ ဆက်မလုပ်ခိုင်းတော့ပါ။ ဒဏ်ရာကို သန့်ရှင်းရေး လုပ်ပြီးနောက် သူက ဟင်းချက်နေစဥ်မှာ သူမကို ဘေးနား ထိုင်ခွင့်ပေးထားခဲ့သည်။

သူတို့သုံးယောက်က ထိုစကားကို ကြားသည့်အခါ သူတို့က ရှောင်းကောနှင့် သူတို့ကိုယ်တိုင်အတွက် စိတ်မကောင်း ဖြစ်သွားခဲ့ရသည်။ ဒါဟာ သူတို့က ဒီည ညစာကို မစားရတော့မှာလည်း ဖြစ်နိုင်သည်။ စားဖိုမှူးကျန်းက စားဖိုမှူးခေါင်းဆောင် ဖြစ်နေတဲ့ အသံက အတော်လေးကို ကြောက်စရာကောင်းပုံရသည်…

ထုံးစံအတိုင်း ကျန်းတန်းဟယ်က သူတို့ရဲ့ အတွေးတွေကို မြင်နေခဲ့သည်။ သူတို့က သူ့ကို မယုံနိုင်ဘူးဆိုတာ ပြောနိုင်သည်။ ထို့ကြောင့် သူက သူတို့ကို သက်သေပြဖို့ ပိုပြီးတောင် ဆုံးဖြတ်ချက် ချထားခဲ့သည်။ အဲ့လိုမှ မဟုတ်ဘူးဆိုရင် သူက သူ့ရဲ့ ဟင်းချက် စွမ်းရည်ကို အထင်လွဲဖို့ ခွင့်ပြုပေးလိမ့်မည် မဟုတ်ပါ။

စိတ်ထဲရှိ ဒီအတွေးတွေနှင့်အတူ ကျန်းတန်းဟယ်က သူ့ရဲ့ ဓားဖြင့် လှီးနေတာက တဖြည်းဖြည်းချင်း ဓားကို ဝှေ့ပြခဲ့သည်။ နေရောင်အောက်မှာ ဓားက တဖိတ်ဖိတ် တောက်နေခဲ့သည်။ ကျွမ်းကျွမ်းနှင့် ရှောက်ယိက ငယ်သေးပြီး အရူးလုပ်ဖို့ လွယ်သည်။ သူတို့က သူ့ရဲ့ ပုံစံကို မြင်သည့်အခါ သူတို့ရဲ့ မျက်ဝန်းတွေထဲမှာ ကြယ်လေးတွေ အပြည့် ဖြစ်နေခဲ့သည်။ သူတို့က မထိန်းနိုင်ဘဲ လေးစားပြီး အံ့သြနေခဲ့သည်။

“ ဝိုး၊ ဝိုး၊ ဝိုး…”

လီရှို့ကျီက စားဖိုမှူးကျန်းရဲ့ ပုံစံကို မြင်သည့်အခါ သူ့ရဲ့ မျက်ခုံးကို ပင့်ပြလိုက်သည်။ အစကနေ အဆုံးအထိ စားဖိုမှူးကျန်းက အားမကိုးရဘူးဟု အမြဲတမ်း ခံစားနေခဲ့ရသည်။ တကယ်လို့ သူမှတ်မိတာ မှန်တယ်ဆိုရင် စားဖိုမှူးကျန်းရဲ့ အကောင်းဆုံး ဟင်းပွဲက ဘဲဥပြုတ်၊ ခေါက်ဆွဲပြုတ်၊ အသီးအရွက် ရေလုံပြုတ်နှင့် အသားကို ရေနွေးဖြင့် ဖြောတာတို့ ဖြစ်သည်။

ရေနွေးဖြောတယ်ဆိုတာက ဘာအရည်အချင်းမှ မလိုသည့် ဟင်းချက်နည်းလမ်း တစ်ခုသာ ဖြစ်သည်။ အသားပဲဖြစ်ဖြစ်၊ အရွက်ပဲဖြစ်ဖြစ် ကျန်းတန်းဟယ်က မတည်ခင်းပေးခင် ရေထဲ ဆားအနည်းငယ် ထည့်ပြီး ရေလုံပြုတ်ပေးလိမ့်မည် ဖြစ်သည်။ ဒါက သူ့ရဲ့ သင်္ကေတ ဟင်းပွဲ ဖြစ်သည်။

ကျန်းတန်းဟယ်က ဘာကိုမှ ဂရုမစိုက်ခဲ့ပါ။ ကောင်းကင်ဘုံက ဒီလောက် တာဝန်ကြီးတဲ့အရာကို သူ့အပေါ်မှာ ပုံပေးခဲ့သည်။ သူတို့က သူ့ရဲ့ စိတ်ကို ပျက်ပြားစေပြီး သူ့ရဲ့ခန္ဓာကိုယ်က ပင်ပန်းနေလိမ့်မည် ဖြစ်သည်။ ထို့အပြင် သူ့ကို ဆာလောင်မှုနှင့် ဆင်းရဲမှုတွေကို ဖွင့်ပြလိမ့်မည် ဖြစ်သည်။ သူတို့ကလည်း ရှိနေခဲ့ကာ သူ့ရဲ့စိတ်ကို နှိုးဆော်ပေးပြီး သူ့ရဲ့ အကောင်းဆုံး အရည်အချင်းတွေကို ဆွဲထုတ်ခဲ့ကြသည်။

ရိုးရိုးသားသား ပြောရရင် သူ့မှာ ဘာဟင်းချက်စွမ်းရည်မှ မရှိသော်လည်း အနည်းဆုံးတော့ သူသည် အရင်တုန်းက အခြားသူတွေ ချက်ပြုတ်တာကို မြင်ဖူးသည်။ သူက ရှောင်းကော ဟင်းချက်တဲ့အခါ သူမကို မရေတွက်နိုင်အောင် ကူညီပေးခဲ့သည်။ တကယ်လို့ သူက သူမရဲ့ ဟင်းပွဲတွေလို တစ်ထပ်တည်းတူအောင် မချက်ပြုတ်နိုင်ရင်တောင် အနည်းဆုံးတော့ သူက စားလို့ရသည့် စားစရာတွေကိုတော့ ချက်ပြုတ်လို့ရသည်။

သူက ညှင်သာစွာ လေကို ရှူထုတ်ပြီး သူ့ရဲ့ ဓားကြီးကို ထုတ်ခဲ့သည်။ သူသည် စားပွဲခုံပေါ်ရှိ မုန်လာဥတွေကို ပစ်မှတ်ထားကာ သူက မျက်မှောင်ကို ကြုတ်လိုက်သည်။ သူ့ရဲ့လက်က ဓားကိုကိုင်ပြီး စလှုပ်ကာ သူမြန်လာတဲ့အထိ တဖြည်းဖြည်း အရှိန်တင်လာခဲ့သည်။

ဓားလှီးတဲ့ အသံက ဆက်တိုက် ထွက်လာခဲ့သည်။ သူတို့ လေးယောက်က အလင်းရောင်အောက်မှာ ရပ်နေသည့် အရပ်ရှည်ရှည်နှင့် လူတစ်ယောက်ကို ကြည့်နေခဲ့သည်။ သူ့ရဲ့ အံ့ဩစရာကောင်းသည့် သူ့ရဲ့ လုပ်ရပ်တွေနှင့်အတူ သူတို့က မထိန်းနိုင်ဘဲ အံ့ဩခဲ့ရသည်။ လီရှို့ကျီသည် ကျန်းတန်းဟယ်ရဲ့ သူ့နားလည်မှုတွေ အကြောင်းကို စပြီး သိချင်လာခဲ့သည်။ သူက တကယ်ကို ဟင်းချက်တဲ့နေရာမှာ ဉာဏ်ကြီးရှင်တစ်ယောက် ဖြစ်ကောင်းဖြစ်နိုင်သည်။

အရာအာလုံးက ပုံမှန်အခြေနေကို ပြန်ရောက်သွားခဲ့သည်။ ကျန်းတန်းဟယ်က အသာလေး အသက်ရှူထုပ်ပြီး ဓားကို တည်ငြိမ်စွာပဲ ချလိုက်သည်။ လှီးဖြတ်တာ ပြီးသွားပုံရသည်။ အခြားလူတွေက ရလဒ်ကို ကြည့်ဖို့ မစောင့်နိုင်တော့သည့်အတွက် သူတို့က မျှော်လင့်တကြီး အရှေ့ကို ပြေးဝင်လာခဲ့သည်။

…..

ခနကြာပြီးနောက် ရှောင်းကောက လှီးဖြတ်ထားသော အသီးရွက်တွေကို ပန်းကန်ထဲ ထည့်ပေးပြီး အဲ့ဒါတွေကို သေချာ စုထားခဲ့သည်။ ဟင်းပွဲတစ်ပွဲစီအတွက် ပါဝင်ပစ္စည်းတွေကို အတူတူ ထားလိုက်သည့်အတွက် ကျန်းတန်းဟယ်က စပြီး ချက်ပြုတ်ကြသည့်အခါ ဟိုစမ်း၊ ဒီစမ်း ထားခဲ့ကြသည်။

ကျန်းတန်းဟယ်က ခေါင်းကို ငုံ့လိုက်သည်။ သူဘာတွေ တွေးနေလဲဆိုတာ ဘယ်သူကမှ မသိခဲ့သော်လည်း သူက သူတို့ကို မော့ကြည့်ဖို့ အတော်လေးကို ရှက်နေခဲ့သည်။

လီရှို့ကျီက တိတ်တဆိတ် ပြောလိုက်သည်။ “အံ့ဩစရာတွေ တကယ် ဖြစ်လာတော့မယ်လို့ ငါတွေးထားတာ။ တကယ်တော့ ဒါတွေ အားလုံးက ဟန်ဆောင်ရုံသပ်သပ်ပါပဲ။”

“ငါက ဘာမှမဟုတ်တဲ့ အရာတွေကို ထိုင်စောင့်နေမိတာပဲ….” ရှောက်ယိက ဆူပုပ်ပြီး ပြောခဲ့သည်။

ကျွမ်းကျွမ်းက ခေါင်းငြိမ့်ပြီး ညှင်သာစွာ ပြောခဲ့သည်။ “ငါက ငါ့အသံတွေ နာလာတဲ့အထိကို အော်နေတာလေ။”

သူတို့က မှတ်ချက်တွေ ပိုပေးလေလေ၊ ကျန်းတန်းဟယ်ရဲ့ မျက်နှာက အတော်လေး ပျက်လာခဲ့လေပင်။ ရှောင်းကောရဲ့ နှလုံးသားက သူ့အတွက် နာကျင်လာခဲ့ပြီး တစ်ချိန်တည်းမှာပဲ သူမက ဟာသတစ်ခုကို တွေ့ခဲ့ရသည်။ တကယ်လို့ သူက ဘယ်လို လှီးရမလဲဆိုတာ မသိဘူးဆိုရင်တောင် ဒီတိုင်းပဲ ထားလိုက်ပါ။ သူက ဘာလို့ ဒီလောက် တော်တဲ့ပုံစံမျိုး ဟန်ဆောင်နေရတာလဲ။ အခုဆိုရင် သူက လူတိုင်းဆီက လှောင်ရယ်သံကို ခံစားနေရပြီ ဖြစ်သည်။

“ရှင် ဟင်းချက်မယ်ဆိုတာ သေချာရဲ့လား။”

ရှောင်းကောက မသေချာ၊ မရေရာစွာဖြင့် ထပ်မေးခဲ့သည်။ ထို့အပြင် ထိုလူသည် စောနကတည်းက စိတ်ပျက်လာခဲ့ပြီ ဖြစ်သည်။ သူက ဘာလို့ ဒီလောက် မြန်မြန် ပြန်ပြီး သွက်လာရတာလဲ။

ရှောင်းကောရဲ့ မယုံကြည်တဲ့ အသံကို ကြားသည့်အခါ ကျန်းတန်းဟယ်က သူ့ရဲ့ နှုတ်ခမ်းကို သပ်ပြီး သူ့ရဲ့ မျက်လုံးကို မှိတ်ထားခဲ့သည်။ သူက ချက်ချင်းဆိုသလိုပဲ သူ့ကိုယ်သူအတွက် စိတ်မကောင်း ဖြစ်နေခဲ့သည်။

ထိုအရာကို မြင်သည့်အခါ ရှောင်းကောက သူ့ကို စိတ်သက်သာရာ ရသွားအောင် သူ့ကို မြန်မြန်ပဲ နှစ်သိမ့်ပေးခဲ့သည်။

“ကိုယ်ချက်မယ်။”

ကျန်းတန်းဟယ်က သူ့ရဲ့ ယုံကြည်မှုကို အားခဲပြီး သူ့ရဲ့ အေပရွန်ကို ပြန်ပြီး ဝတ်လိုက်သည်။ သူက စားပွဲခုံပေါ်ရှိ လှီးပြီးသား ဟင်းရွက်တွေကို ကြည့်ပြီး အတော်လေး အပြစ်ရှိနေသလို ခံစားခဲ့ရသည်။ ရှောင်းကောက သူ့ကို ဟင်းရွက်တွေ လှီးတာ သင်ပေးတာကို မှတ်မိနေဆဲ ဖြစ်သော်လည်း သူက အဲ့ဒါကို လုပ်သည့်အခါ သူ့ရဲ့ လက်တွေက အတော်လေးကို သံချေးတက်နေခဲ့ပြီ ဖြစ်သည်။ သူသည် အစောပိုင်းတုန်းက အလွဲလွဲ အချော်ချော် ဖြစ်နေခဲ့သော်လည်း အခုဆိုရင် သူက သူ့ကိုယ်သူ ပြန်ပြီး အဖက်ဆယ်ရမည် ဖြစ်သည်။

သူ့စိတ်ထဲမှာ သူက ရှောင်းကော ဟင်းချက်တုန်းက သူ့ကို အမြဲတမ်း ပြောပြပေးခဲ့တဲ့ အဆင့်တွေကို သူ့ကိုယ်သူ ပြန်ပြီး ထပ်ခါထပ်ခါ ပြန်တွေးနေခဲ့သည်။ “ဆီကို အပူပေး၊ ပြီးရင် အသားထည့်။ အရောင် ပြောင်းသွားတဲ့အထိ ကြောလိုက်မယ်။ ပြီးရင် ဟင်းရွက်တွေထည့်။”

ကျန်းတန်းဟယ်က ပစ္စည်းတွေ ယူတာ မြန်တယ်ဟု ပြောလို့လည်း ရသည်။ သူက ဟင်းရွက်တွေ လှီးဖြတ်တာ အဆင်မပြေသော်လည်း သူက ဟင်းချက်ဖို့ ဖြစ်လာသည့်အခါ သူက အတော်လေးကို အဆင်ပြေသည်။

ရှောင်းကောရဲ့ အကူညီနှင့် ချက်ပြီးသား စားစရာတွေရဲ့ အနံ့က မီးဖိုချောင်ထဲက စပြီး ထွက်လာခဲ့သည်။ ရှောက်ယိက ပထမဆုံး တုံ့ပြန်ခဲ့သည်။ သူက မီးဖိုချောင်ကို တက်ကြွစွာဖြင့် အနံ့ခံလိုက်ပြီး အရွက်တွေ လှိမ့်လိုက်၊ လှန်လိုက် ဖြစ်နေမယ်ဟု မျှော်လင့်နေခဲ့သည်။

“အခုတော့ ငါအဲ့ဒါကို အနံ့ရပြီ။ မဆိုးပါဘူး။ သိပ်မဆိုးပါဘူး။”

လီရှို့ကျီကလည်း သဘောတူခဲ့သည်။ သူ့မရီးရဲ့ ချက်ပြုတ်တာကိုပဲ အချိန်အတော်ကြာ စားခဲ့ရပြီး သူက ကျန်းတန်းဟယ်ရဲ့ ဟင်းပွဲတွေက အတော်လေး အဆင်ပြေမယ်ဟု သူပြောနိုင်သည်။ ဒါက ဂုဏ်ပြုသင့်သည့် အရာတစ်ခုလည်း ဖြစ်သည်။

ကျွမ်းကျွမ်းကလည်း ကျန်းတန်းဟယ်ကို တလေးတစား ကြည့်ခဲ့သည်။

ကျန်းတန်းဟယ်ရဲ့ ယုံကြည်မှုတွေ ပြန်ရလာခဲ့သည်။ သူသည် အသုံးမကျတဲ့သူ မဟုတ်ဘူးဆိုတာ သိနေခဲ့သည်။ သူက ဒါကို လုပ်နိုင်တယ်ဆိုတာ သက်သေပြခဲ့ရုံသာ ဖြစ်သည်။ တကယ်လို့ သူက နောက်ထပ် ဟင်းပွဲတွေကို ထပ်ပြီး လေ့ကျင့်ခဲ့မယ်ဆိုရင် သူက အနားယူပြီးနောက် နေ့တိုင်း ရှောင်းကောအတွက် ချက်ပြုတ်ပေးနိုင်မည် ဖြစ်သည်။

သူက ထိုအကြောင်းကို တွေးမိခဲ့သည့်အတွက် သူက ဘေးနားကနေ သူဟင်းချက်တာကို ကြည့်နေသည့် ရှောင်းကောကို မျက်စပစ်ပြလိုက်သည်။ သူမက သူ့ကို ပျော်ရွှင်စွာဖြင့် တစ်ချက် ပြန်ကြည့်လိုက်သည်။

All Chapters