← Chapters

အခန်း (၃၅၄)

Vol. 24 Ch. 354

အခန်း (၃၅၄)

Vol. 24 Ch. 354

ရှောင်းကောက မထိန်းနိုင်ဘဲ သူမရဲ့ အပြုံးကို ပြန်ရုတ်သိမ်းကာ သူမကို စိုက်ကြည့်နေခဲ့သည်။ သူမရဲ့ အကြည့်တွေကို အတော်လေး ရင်းနှီးနေပုံ ရသည်။ သူမက ထိုအကြည့်တွေကို လွန်ခဲ့သော ရက်ပိုင်းတုန်းက အတော်လေး ရင်းနှီးနေသလို ခံစားနေခဲ့ရသည်။

ရှောင်းကောက ထပ်ပြီး ကြည့်ဖို့ လုပ်သည့်အခါ တစ်ဖက်လူက သူမရဲ့ ခေါင်းကို ငုံ့ပြီး ထွက်သွားခဲ့သည်။

ရှောင်းကော တွေဝေသွားခဲ့သည်။ ကျန်းတန်းဟယ် ပြန်လာသည့်အခါ သူမကို ခေါ်ဖို့ ပြင်လိုက်သည်။

“ ရှောင်းကော…”

“ဝေ့၊ ရှင်ပြန်လာပြီပဲ။”

ရှောင်းကောက သူ့ရဲ့ ခြေသံတွေကို ကြားသည့်အခါ သူ့ကို ကြည့်ဖို့ လှည့်လိုက်သည်။ ထို့နောက်မှာတော့ သူမ လှည့်လိုက်တဲ့အခါ ထိုမိန်းမက လုံးဝ ပျောက်သွားတာကို သတိထားမိခဲ့သည်။

“….?”

ရှောင်းကောက မျက်မှောင်ကြုတ်ပြီး အရှေ့ကို ခြေလှမ်း အနည်းငယ် လှမ်းလာခဲ့သည်။ သူမက ဟိုဟိုဒီဒီ လိုက်ပတ်ကြည့်ခဲ့သော်လည်း ဘယ်သူ့ကိုမှ မမြင်ခဲ့ရပါ။

“မင်း ဘာတွေ လိုက်ရှာနေတာလဲ။”

ထိုအချိန်မှာတော့ ကျန်းတန်းဟယ်က အရမ်း အဆင်ပြေနေပုံ မရသော်လည်း သူက သူမကို ညှင်သာတဲ့ အသံဖြင့် ပြောဖို့ အကောင်းဆုံး ကြိုးစားနေခဲ့သည်။

“ဘာမှ မဟုတ်တော့ပါဘူး” ရှောင်းကောက သူမရဲ့ အကြည့်ကို လွှဲပြီး ခေါင်းကို ခါပြခဲ့သည်။ ထို့နောက်မှာတော့ သူ အရမ်းကြီး အဆင်မပြေတာကို သတိထားမိခဲ့သည်။ သူမက ချက်ချင်းဆိုသလိုပဲ ယွီကျစ်ကျစ်ကို တွေးမိခဲ့သည်။

“ယွီကျစ်ကျစ်က ရှင့်ကို ရှာနေတာလား။”

“မင်း ဘယ်လို သိတာလဲ။” ကျန်းတန်းဟယ်က သူမကို ထူးဆန်းစွာ ကြည့်လိုက်သည်။ သူက သူမကို ပြောပြဖို့ စီစဥ်နေရုံသာ ရှိသေးသော်လည်း သူမက အဲ့ဒါကို သိထားပြီး ဖြစ်သည်။

“ကျွန်မအထင်တော့ မီးဖိုချောင်ထဲက ထွက်လာတဲ့လူတိုင်း အဲ့အကြောင်းကို သိကြမယ်ထင်တယ်။”

ရှောင်းကောက ဥယျာဥ်ထဲကို ပြန်သွားပြီး ဥယျာဥ်ကို ဖြတ်သွားနေသည့် အစေခံတွေကို ခြေဟန်၊ လက်ဟန် ပြခဲ့သည်။

ကျန်းတန်းဟယ်က တွေဝေသွားခဲ့သည်။ သူသည် ထိုလူတွေရဲ့ ရှောင်ဖို့ ကြိုးစားနေသည့် ပုံစံကို မြင်တဲ့အခါ နားလည်သွားခဲ့သည်။ သူက ကူကယ်ရာမဲ့စွာဖြင့် သက်ပြင်း ချလိုက်မိသည်။ “ဘယ်လိုလုပ် အသိဉာဏ် မရှိရတာလဲ။”

သူက ယွီကျစ်ကျစ်အကြောင်း ပြောနေတာ သေချာသည်။ သူမက အဓိပ္ပါယ်မရှိတဲ့ မိန်းမ တစ်ယောက် ဖြစ်သည်။ သူက သူမနှင့် စကား သိပ်မပြောခဲ့သော်လည်း တကယ်တမ်းမှာတော့ သူမက သူနှင့် လက်ထပ်ဖို့ စိတ်ကူးယဥ်နေခဲ့သည်။ ဒါက လုံးဝကို စိတ်ပျက်စရာပင်။

“သူမ ရှင့်ကို ဘာပြောလို့လဲ။”

သူ အရမ်း စိတ်ရှုပ်နေတဲ့ ပုံစံမျိုးက အရမ်း ရှားသည်။ ရှောင်းကော၏ စိတ်ဝင်စားမှုက အင့်ခနဲ ဖြစ်သွားခဲ့သည်။ သူမက ကိစ္စတစ်ခုလုံးကို သိချင်နေခဲ့သည်။

“စောနလေးတင်….”

ကျန်းတန်းဟယ်က စကားတန်းလန်းကြီး ရပ်လိုက်သည်။ ရှောင်းကောက သူပြောတာကို နားထောင်ဖို့ အတော်လေး စိတ်လှုပ်ရှားနေခဲ့သည်။ သို့သော် တစ်ဖက်လူက သူမကို အနောက်လှည့် ကြည့်ဖို့ ခြေဟန်၊ လက်ဟန် ပြခဲ့သည်။ ရှောင်းကောက သူ့ရဲ့ အကြည့်ကို လိုက်ကြည့်သည့်အခါ ခိုးနားထောင်နေသည့် မြည်းနှစ်ကောင်ရဲ့ နားရွက်ရှည်ကို မြင်ခဲ့ရသည်။

ကျွမ်းကျွမ်းနှင့် ရှောက်ယိကလည်း စကားတွေကို စိတ်ဝင်တစား နားထောင်နေခဲ့သည်။ သူတို့က ကိစ္စ တစ်ခုလုံးကို သိချင်နေခဲ့သည်။ သူတို့လက်ထဲရှိ စုတ်တံက သန့်ရှင်းတဲ့ ဆန်ပြားပေါ်ကို မှင်တွေ စွန်းသွားပြီး ဖြစ်နေခဲ့သည်။ အခုဆိုရင် သူတို့ရဲ့ အာရုံက လင်မယား နှစ်ယောက်ရဲ့ စကားဝိုင်းဆီ ရောက်သွားခဲ့ပြီ ဖြစ်သည်။

သူတို့ နောက်ထပ် စကားကို နားထောင်နေတာ ကြာလှပြီ ဖြစ်သည်။ ကလေး နှစ်ယောက်က သူတို့ရဲ့ သတ္တိကို စုကာ ဘာတွေ ဖြစ်နေလဲဆိုတာကို မော့ကြည့်ခဲ့သည်။

သူတို့ မော့ကြည့်လိုက်သည့်အခါ သူတို့ မရင်းနှီးသည့် အကြည့်တစ်စုံဖြင့် ဆုံလိုက်ရသည်။ သူတို့က ချက်ချင်းပဲ သူတို့ရဲ့ခေါင်းကို အပြစ်ရှိစိတ်နှင့် ငုံ့ကာ ဆန်ပြားတွေကို အားရပါးရ စခြစ်ခဲ့ကြသည်။ လေးနက်တဲ့ အကြည့်တွေရဲ့ အောက်မှာ သူတို့က ခိုးနားမထောင်ခဲ့ကြသလို ပြုမူနေခဲ့ကြသည်။

ရှောင်းကောနှင့် ကျန်းတန်းဟယ်က သူတို့က ဆက်မကြည့်တော့ဘဲ တိတ်ဆိတ်တဲ့ နေရာကို လာခဲ့ကြသည်။

ကျန်းတန်းဟယ်ရဲ့ မနှစ်သက်တဲ့ လေသံကနေ ဒါဟာ ယွီကျစ်ကျစ်က သူ့ကို မနှစ်သက်တဲ့ အရာ များစွာကို ပြောခဲ့တာ အတော်လေး သိသာနေခဲ့သည်။

နောက်ဆက်တွဲ ကိစ္စတွေက အောက်ပါအတိုင်း ဖြစ်သည်။ ကျန်းတန်းဟယ်ရဲ့ ရိုးရှင်းတဲ့ ဖြေရှင်းချက် ပြီးသွားပြီး နောက်ဆုံးမှာတော့ ရှောင်းကောက ကိစ္စ တစ်ခုလုံးကို သိရှိခဲ့သည်။ နှိမ့်ချတတ်တဲ့ ယွီကျစ်ကျစ်က အောင်မြင်စွာဖြင့် သူမကို အတော်လေးကို စက်ဆုပ်သွားခဲ့သည်။

မနက်ပိုင်း၌ ရှောင်းကောက ဥယျာဥ်ထဲကို လက်ဖက်ရည် အေးအေးလေး တစ်အိုး ယူသွားဖို့ စီစဥ်ခဲ့သည်။ သူမက အဲ့ဒါကို သူမဘာသာ ပြင်ဆင်ချင်ခဲ့သော်လည်း ကျန်းတန်းဟယ်က သူမကို မပင်ပန်းစေချင်ခဲ့ပါ။ ထို့ကြောင့် သူက လက်ဖက်ရည် လုပ်ဖို့ မီးဖိုချောင်ထဲကို အရင် သွားခဲ့သည်။

တိုက်ဆိုင်စွာဖြင့် သူက ဆေးဖျော်ဖို့ သွားတဲ့ ယွီကျစ်ကျစ်နဲ့ တိုက်မိခဲ့သည်။ ပထမတော့ သူမက ပုံမှန်ပဲ ဖြစ်ပုံရသည်။ နောက်ပိုင်းမှာတော့ အချို့သော အကြောင်းပြချက်ကြောင့် သူမသည် ရုတ်တရက် ကျန်းတန်းဟယ် ထွက်သွားမှာကို တားပြီး သူမရဲ့ အချစ်ကို ရှည်လျားစွာ ဝန်ခံခဲ့သည်။

မြင်မြင်ချင်း အချစ်က ဘယ်လောက်တောင် မေ့လို့မရလဲဆိုတာနှင့် သူမ သူ့ကို မြင့်သည့်အခါ ဘယ်လောက်တောင် အပျော်လွန်နေလဲဆိုတာကို သူမက စပြောခဲ့သည်။ သူမက သူ့ရဲ့ ကိုယ်လုပ်တော် လုပ်ပြီး သူမရဲ့ ကျန်ဘဝတစ်လျှောက်လုံးမှာ သူ့ကို အလုပ်ကျွေး ပြုစုဖို့ ဆန္ဒရှိနေခဲ့သည်။ သူမက သူ့အတွက် သားတွေ အများကြီး မွေးပေးနိုင်ပြီး သူမကို ခေါ်သွားဖို့ တောင်းပန်နေခဲ့သည်။ အစရှိသည်ဖြင့်…

ကျန်းတန်းဟယ်က သူမနှင့် စကားပြောနေရင်း အန်မိလုနီးပါး ဖြစ်နေခဲ့ပြီး ရှောင်းကောက သူ့ထက်တောင် ပိုဆိုးသည်။ သူမက သူ့ကို ကြားဖြတ်ပြောဖို့ သူမရဲ့ လက်ကို မြန်မြန် မြှောက်ပြီး သူမက ဆက်နားထောင်နေရင် သူမ အန်မိမှာကို စိုးရိမ်နေခဲ့သည်။

မိန်းမ တစ်ယောက်က ဒီလို နိမ့်ကျတဲ့ အပြုအမူကို လုပ်နိုင်တာကို တွေးမိဖို့ဆိုတာ တကယ်ကို ခက်ခဲသည်။

သူမ တောင်းပန်တယ်လို့ တွေးကြည့်ရင်တောင် အိမ်ထောင် မပြုရသေးတဲ့ မိန်းကလေး တစ်ယောက်က တကယ်ကို သူမအား ခေါ်သွားဖို့ တောင်းပန်နေခဲ့သည်။ သူမက ဘာကို တွေးနေတာလဲ။ ဘယ်လို ရူးမိုက်တဲ့ မိန်းမလဲ။

ကျန်းတန်းဟယ်က ရုတ်တရက် လှည့်သွားသည့် သူ့ဇနီးကို ကြည့်ပြီး တစ်ခုခု မှားနေတာကို ခံစားမိခဲ့သည်။ သူက ဂရုတစိုက်နှင့် သူမကို တံတောင်ဖြင့် အသာလေး တို့ပြီး မေးခဲ့သည်။ “ ရှောင်းကော၊ မင်း အဆင်ပြေရဲ့လား။”

“ကျွန်မ အဆင်ပြေပါတယ်။ ရှင်ရော အဆင်ပြေရဲ့လား။”

သူတို့က တစ်ယောက်ကို တစ်ယောက် ကြည့်ပြီး သံပြိုင် ပြောလိုက်သည်။ “ဒါက နည်းနည်းတော့ ရွံစရာ ကောင်းတယ်။”

ကျန်းတန်းဟယ်က တကယ်ကို အတော်လေး ယွီကျစ်ကျစ်ကို လန့်နေခဲ့သည်။ သူ မီးဖိုချောင်ထဲကို အစောကြီး ရောက်နေခဲ့သည့်အခါ သူက သူမလို မိန်းမ တစ်ယောက်အား တွန်းထုတ်ဖို့က အတော်လေးကို အဆင်မပြေခဲ့ပါ။ သို့သော် သူမက သူ့ကို ပျားတစ်ကောင်က ပျားရည်ပေါ် ခုန်အုပ်သလို လုပ်ခဲ့ကာ သူ အချိန်မှီ မခုခံနိုင်ခဲ့ပေ။ သူက အတော်လေးကို အဆင်မပြေ ဖြစ်လာခဲ့သည်။ ထိုအချိန်မှာ သူ သူမကို သေအောင် ရိုက်ချင်နေခဲ့သည်။

သို့သော် သူက ရှောင်းကောကို ထိုစကားတွေ မပြောခဲ့ပါ။ သူ အရမ်း ရက်စက်ပြီး ခက်ထန်တာကို သူမ သိသွားမှာ

စိုးရိမ်နေခဲ့သည်။ ဒါက သူ့ရဲ့ လူကြီးလူကောင်းဆန်တဲ့ ပုံစံကို ဖျက်စီးသွားလိမ့်မည် ဖြစ်သည်။

“ဒါနဲ့၊ ရှင်က သူ့ဆီကနေ ရုန်းထွက်လို့ရအောင် ဘယ်လို လုပ်ခဲ့တာလဲ။”

တကယ်လို့ ယွီကျစ်ကျစ်က အရမ်း ဇွဲကောင်းနေတယ်ဆို သူ ဘယ်လို ပြန်လာခဲ့တာလဲ။

ကျန်းတန်းဟယ်က အကြည့်ချင်းဆုံမှာကို ရှောင်ခဲ့သည်။ သူ့ရဲ့ ဦးနှောက်ဆဲလ်တွေက မြန်မြန် ရွှေ့လျားနေပေမယ့် သူ့ရဲ့ ပါးစပ်က သူ့ဦးနှောက်ထက် ပိုမြန်နေသည်။ “ လီရှို့ကျီ ရောက်လာတော့ ကိုယ်လည်း ပြေးလာခဲ့တာပဲ။”

“ရှင် ပြေးလာတာလား။”

ရှောင်းကောက သူမရဲ့ အရှေ့မှာ ရပ်နေတဲ့ ကျန်းတန်းဟယ်ကို ကြည့်လိုက်သည်။ ဒီလူက တကယ်ပဲ ထွက်ပြေးလာတာလား။

“ကိုယ် လမ်းလျှောက်လာတာ။ လမ်းလျှောက်လာတာပါ။”

ကျန်းတန်းဟယ်က ခပ်မြန်မြန် တုံ့ပြန်ခဲ့သည်။ သူက ထိုစကားကို ပြောပြီးတာနှင့် သူ့ရဲ့ စိတ်တွေက စပြီး လည်ပတ်လာခဲ့သည်။ သူက မိုးကြိုးပစ်ခံရသလို ခံစားရပြီး ခနလောက် မှင်သက်သွားခဲ့သည်။ သူ စောနက ဘာကို ပြောလိုက်တာလဲ။ ပြေးတာလား။ ထွက်ပြေးတာလား။

သူက အခြေအနေကို ပြန်ပြီး အဖက်ဆည်ဖို့ ကြိုးစားခဲ့သော်လည်း ရှောင်းကောက သူ့ကို ရွံရှာတဲ့ အကြည့်ဖြင့် ကြည့်ပြီး နောက်ဆုတ်သွားခဲ့သည်။ သူမက သူ့နဲ့ တစ်မီတာလောက် အကွာရောက်မှ ရပ်လိုက်သည်။

ကျန်းတန်းဟယ်က ရှင်းပြချင်သော်လည်း ရှောင်းကောက ရည်ရွယ်ချက်ရှိရှိ သူ့ကို ရှောင်နေခဲ့သည်။ သူ ရောက်လာတာနဲ့ သူမက သူ့ကို ရှောင်ခဲ့သည်။ သူ ဒေါသထွက်လာသည့်အခါ သူမက သူ့ကို အထင်သေးသွားခဲ့သည်။

သူမရဲ့ အကြည့်တွေရဲ့ အတူ ရှောင်းကောက သူမရဲ့ နှုတ်ခမ်းကို တင်းတင်းစေ့ပြီး အနောက်ကိုသာ ဆက်ပြီး ဆုတ်နေခဲ့သည်။ သူမရဲ့ရွံရှာတဲ့ ပုံစံက ကျန်းတန်းဟယ်ကို တကယ်ပဲ စိတ်ရှုပ်စေခဲ့သည်။ သူက မတုံ့ဆိုင်းဘဲ အမှန်တရားကို ထုတ်ပြောခဲ့သည်။

“ကိုယ် သူ့ကို တွန်းထုတ်လိုက်တာ”

သူစကားပြောလို့ ပြီးသွားတဲ့နောက် ကသိကအောက်နှင့် တိတ်ဆိတ်မှုတွေက လေထဲမှာ ပြည့်သွားခဲ့သည်။

“….”

ကျန်းတန်းဟယ်က သူ့မျက်လုံးတွေကို စပြီး ပေကလပ်၊ ပေကလပ် လုပ်နေခဲ့သည်။ သူက ကျွမ်းကျွမ်းနှင့် ရှောက်ယိတို့ရဲ့ အကြိုက်ဆုံး ချစ်စရာကောင်းသလို လုပ်နေတဲ့ ပုံစံမျိုး လုပ်ကြည့်ဖို့ ကြိုးစားနေခဲ့သည်။

ရလဒ်ကတော့ သိသာနေခဲ့သည်။ ရှောင်းကောက အဲ့ဒါကို လုံးဝ သဘောမကျခဲ့ပါ။ သူမက သူ့ကို ရိုက်လုနီးပါး ဖြစ်နေခဲ့သည်။

ကျန်းတန်းဟယ်က ရှောင်းကောကို အသာလေး ဖက်လိုက်သည်။ “စိတ်လျှော့၊ စိတ်လျှော့။ ကိုယ် ထပ်ပြီး ပေကလပ်၊ ပေကလပ် မလုပ်တော့ပါဘူး။”

သူမက ယွီကျစ်ကျစ်ကို စိတ်ပျက်နေခဲ့ပြီး အခုဆိုရင် ကျန်းတန်းဟယ်က ထိုလှည့်ကွက်ကို သုံးဖို့ ကြိုးစားနေခဲ့သည်။ သူမက သူ့ကို မရိုက်တာက ကံကောင်းသည်ဟု ပြောရမည်။

“ရှင် သူ့ကို အဲ့နေရာမှာပဲ ထားခဲ့တာလား။”

ရှောင်းကောက ပြောလိုက်သည်။ တကယ်လို့ ယွီကျစ်ကျစ်သာ တစ်ခုခု ဖြစ်ခဲ့ရင် သူက အားလုံးကို အပြစ်တင်တော့မည် ဖြစ်သည်။

“မဟုတ်ဘူး။ မဟုတ်ဘူး။ သူ့ကို ဂရုစိုက်ပေးဖို့ ကိုယ် လူတစ်ယောက် ရှာထားပေးခဲ့တယ်။ ကိုယ် သူ့ကို အရမ်း မရိုက်ခဲ့ပါဘူး။ ခနနေရင် သူ နိုးလာလိမ့်မယ်။ အဲ့ဒါပြီးရင် သူက သူ့ဘာသာ ပြန်သွားနိုင်လိမ့်မယ်။”

ဒီတစ်ခေါက်မှာ ကျန်းတန်းဟယ်က သူမကို အရူးမလုပ်ရဲတော့ပါ။ အချိန်အတော်ကြာ သူမကို အသေးစိတ် ရှင်းပြပြီး ယွီကျစ်ကျစ် သူ့ကို ပြဿနာ မရှာနိုင်တော့ဘူး သေချာပြီးသွားတဲ့နောက်မှသာ ရှောင်းကောက ပိုပြီး စိတ်သက်သာရာ ရသွားခဲ့သည်။

“မဟုတ်သေးပါဘူး။ ရှင် သူ့ကို လက်ဗလာနဲ့ တကယ်ပဲ ရိုက်ချလိုက်တာလား။”

ရှောင်းကောသည် သူမ၏ စိုးရိမ်မှုတွေ လျှော့သွားပြီးနောက် သူမ လုပ်နိုင်တာ အားလုံးကတော့ မျက်လုံးပြူးပြီး ကြည့်နိုင်တာပင်။ သူ့ရဲ့ ဖော်ပြချက်ကို နားထောင်ပြီး သူမ တကယ်ကို ရယ်ချင်နေခဲ့သည်။ သူမက ယွီကျစ်ကျစ် မမေ့လဲခင် မယုံသင်္ကာ ဖြစ်နေတဲ့ ပုံစံကို တွေးမိနိုင်ခဲ့သည်။

“ဟုတ်တယ်။ ကိုယ် အားအများကြီး မသုံးခဲ့ပါဘူး။ တစ်ချက်ပဲ ရိုက်ခံရတာကို သူမက မူးလဲသွားတယ်။”

ကျန်းတန်းဟယ်ရဲ့ အသံက ပိုပြီး ငြိမ်လာလေလေ၊ ရှောင်းကောက ပိုပြီး ပျော်လာလေလေ ဖြစ်သည်။ ထိုအချိန်မှာ ယွီကျစ်ကျစ်က အနည်းငယ် စိတ်မကောင်း ဖြစ်နေခဲ့သည်။ ထို့အပြင် အိမ်ထောင်ကျပြီးသား ယောက်ျား တစ်ယောက်နှင့် ချစ်ကျွမ်းဝင်ဖို့ဆိုတာ မလွယ်ကူပါ။

သို့သော် အခုဆိုရင် ယွီကျစ်ကျစ်က ဖုံးကွယ်ထားတာကို ဖယ်ဖို့ လက်ဦးမှု ယူလိုက်ကာ ရှောင်းကောက ကိစ္စတွေကို ရှင်းလင်းသွားအောင် လုပ်ဖို့နှင့် သူမ လုံးဝ လက်လျှော့ဖို့ လုပ်ခဲ့သည်။

သို့သော် ရှောင်းကောရဲ့ အံ့ဩမှုက သူမရဲ့ ပုံစံကို လုပ်ဖို့ အခွင့်အရေး တစ်ခု မရှိခဲ့ပါ။ အကြောင်းမှာ ယွီကျစ်ကျစ်ကို ပို့လိုက်ပြီ ဖြစ်သည်။

ထို့နေ့ကို ပြန်လာပြီးနောက် ရှောင်းကောက ယွီကျစ်ကျစ်ကို ပြန်ဆုတ်အောင် လုပ်ဖို့ ပြင်ဆင်ရင်း အချိန်ကုန်သွားခဲ့သည်။

နောက်တစ်နေ့မှာတော့ သူမက သူမရဲ့ အဝတ်အစား လှလှလေးကို ဝတ်ခဲ့သည်။ အချိန်အတော်ကြာ ရှာပြီးနောက် သူမ ယွီကျစ်ကျစ်ကို ဘယ်နေရာမှာမှ မတွေ့ခဲ့ရပါ။ သူမက ဦးတည်ရာမဲ့စွာဖြင့် လိုက်ရှာနေရင်း သူမက ရုတ်တရက် ကျောက်တုံးတွေနောက်မှာ ပုန်းပြီး အချင်းချင်း တီးတိုးပြောနေတဲ့ အစေခံတစ်စုကို တွေ့ခဲ့ရသည်။

မိန်းမတစ်စုက အတူတူ စုနေခဲ့သည့်အခါ အတင်းများပြောကြသည်မှာသေချာပေါက်ပင်။ ရှောင်းကောက အဲ့နေရာကို ခြေဖျားထောက်သွားပြီး အချိန်အတော်ကြာ စိတ်ဝင်တစား နားထောင်နေခဲ့သည်။

အစေခံတွေ ထွက်သွားပြီးနောက် လှလှပပ ဝတ်ထားတဲ့ ရှောင်းကောက ကျောက်တုံးနောက်ကနေ ထွက်လာခဲ့သည်။ သူမရဲ့ လက်ထဲရှိ လက်ရာမြောက်တဲ့ ယပ်တောင်လေးက မြေပေါ်ကို ကျခါနီး ဖြစ်သွားတဲ့အခါ သူမ မယုံကြည်နိုင်စွာဖြင့် အဝေးကို ကြည့်ခဲ့မိသည်။

သူမတောင် မပေါ်လာရသေးဘူး ပြဇာတ်က အဆုံးသတ်သွားပြီလား။

All Chapters