← Chapters

အခန်း (၃၅၅)

Vol. 24 Ch. 355

အခန်း (၃၅၅)

Vol. 24 Ch. 355

ထိုနေ့၌ ယွီကျစ်ကျစ်က ကျန်းတန်းဟယ်ကို ဆက်တိုက် နှောင့်ယှက်ပြီး သူ သူမကို ထိုးချလိုက်တဲ့ သတင်းက တောမီးလို ပြန့်သွားခဲ့သည်။ အပြင်ကို ထွက်ခဲသည့် ဝန်ကြီးချုပ်ရဲ့ ဇနီးကတောင် ထိုအကြောင်း ကြားခဲ့ရသည်။

အချို့သော အရာတွေကို ဆွေးနွေးပြီးနောက် သူမက ယွီကျစ်ကျစ်ကို ဘာပြဿနာမှ ထပ်ပြီး မဖြစ်ခင် ကျွန်းကနေ နှင်ထုတ်ဖို့ ဆုံးဖြတ်ခဲ့သည်။ သူမအား လမ်းတစ်လျှောက် မလိုလားအပ်သည့် ဘာပြဿနာမှ ထပ်မဖြစ်ရအောင် မေ့ဆေးပေးပြီး ခေါ်သွားခဲ့သည်။

မေ့ဆေး ပြယ်သွားတဲ့အခါ ညနေစောင်းနေပြီ ဖြစ်သည်။ ယွီကျစ်ကျစ်က သူမရဲ့ မျက်လုံးတွေကို ပြန်ပြီး ဖွင့်ကြည့်လိုက်သည့်အခါ ရင်နှီးသလို၊ မရင်းနှီးသလို ဖြစ်နေသည့် အိမ်ပျက်ကြီး တစ်လုံးကို မြင်ခဲ့ရသည်။ ဒါဟာ ကျွန်းပေါ်ရှိ သူမရဲ့ အိပ်ခန်း မဟုတ်ပါ။

မူးနောက်နောက် ဖြစ်နေချိန်မှာ သူမအား ရင်းနှီးသည့် အသံ တစ်သံက သူမကို ခေါ်နေတာ ကြားခဲ့ရသည်။

!!!

“ကျစ်ကျစ်လား၊ ကျစ်ကျစ်။”

ယွီကျစ်ကျစ်က အသံလာရာ တစ်လျှောက်ကို ကြည့်ခဲ့သည်။ သူမရဲ့ အရှေ့ကို အသက်ကြီးပြီး မျက်နှာမှာ မှဲ့ခြောက်တွေ ရှိနေသည့် လူကြီး တစ်ယောက် ရောက်လာခဲ့သည်။ သူမက နားမလည်စွာဖြင့် သူ့ကို မော့ကြည့်လိုက်သည်။

“အဖေလား။”

“ဟူး….” သူမရဲ့ အဖေက ပြုံးပြပြီး သူမကို အိပ်ရာပေါ်က ထဖို့ ဂရုတစိုက်နဲ့ ကူညီပေးခဲ့သည်။ သူက စိုးရိမ်တကြီး မေးခဲ့သည်။ “သမီး ဘယ်လိုနေသေးလဲ။ သမီး တစ်ခုခု မသက်သာတာမျိုးရော ရှိလား။”

ယွီကျစ်ကျစ်က သူမရဲ့ ခေါင်းကို အသာလေး ခါပြခဲ့သည်။ မူးဝေတဲ့ ခံစားချက်အပြင် သူမက အခြား ဘာကိုမှ မသက်သာတာမျိုး မခံစားခဲ့ရပါ။ သူမရဲ့ အဖေကို စိတ်မပူရအောင် သူမက ခေါင်းခါပြခဲ့သည်။ “သမီး နေလို့ ကောင်းပါတယ်။”

“အဲဲဒါဆို ကောင်းပါတယ်။” ဖေဖေယွီက သူမကို ရေတစ်ခွက် ပေးခဲ့သည်။ “အရင်ဆုံး ရေသောက်လိုက်ပါဦး။”

ယွီကျစ်ကျစ်ရဲ့ ကွဲနေတဲ့ နှုတ်ခမ်းတွေက တဖြည်းဖြည်း ဟလိုက်ပြီး သူမ မေးမည့် မေးခွန်းကို ပြန်ပြီး မျိုသိပ်ခဲ့သည်။ ဖန်ခွက်ကို ယူပြီး သူမက တစ်လုပ် သောက်လိုက်သည်။

သူမရဲ့ အဖေ ထွက်သွားပြီးနောက် ယွီကျစ်ကျစ်က ဘာတွေ ဖြစ်သွားလဲဆိုတာကို တွေးဖို့ အချိန် ရခဲ့သည်။

သူမရဲ့ ခေါင်းက ဘာလို့ ဒီလောက်တောင် မူးနေရတာလဲ။ သူမ ကျွန်းပေါ်မှာ မဟုတ်ဘူးလား။ သူမ မျက်စိ ဖွင့်လိုက်တဲ့ချိန် ဘာလို့ တံငါရွာကို ပြန်ရောက်နေတာလဲ။ ဒါက ပုံရိပ်ယောင်တစ်ခုလား။ ဒါတွေ အားလုံးက အိပ်မက်တစ်ခုလား။

မဟုတ်ဘူး။ မဟုတ်ဘူး။ ဒါတွေ အားလုံးက အစစ်အမှန်တွေပဲ။

သူမက အစ်ကိုကျန်းကို ဖွင့်ပြောနေတာကိုတော့ သေချာ မှတ်မိသည်။ မျက်စိတစ်မှိတ်အတွင်းမှာပဲ သူမက ဘာလို့ ဒီကို ပြန်ရောက်လာရတာလဲ။

ယွီကျစ်ကျစ်က အတော်လေးကို ပျာယာသွားခဲ့သည်။ အရာအားလုံးက တစ်ချိန်တည်းမှာပဲ ပဟေဠိလို ဖြစ်နေသလို အိပ်မက်တစ်ခုလိုလည်း ဖြစ်နေခဲ့သည်။ အချိန်ခနလေး အတွင်းမှာပဲ သူမက ဘာတွေ ဖြစ်သွားလဲ ဆိုတာကို မပြောနိုင်တော့ပါ။

ယွီကျစ်ကျစ်က သူမကိုယ်သူမ စိတ်လျှော့ဖို့ ဖိအားပေးခဲ့သည်။ အသက်ကို ဝအောင် ရှူပြီးနောက် သူမက သူမရဲ့ အတွေးတွေကို တဖြည်းဖြည်းချင်း ပြန်ပြီး စုစည်းခဲ့သည်။

ပထမဆုံး သူမက မှတ်ဉာဏ်တွေ မပျောက်သွားခင် အစ်ကိုကျန်းကို ဖွင့်ပြောနေတာ သေချာသည်။ အကြောင်းမှာ သူမက အခုချိန်ထိ ထိုဂါဝန်ကို ဝတ်ထားသောကြောင့် ဖြစ်သည်။ သူမက ထိုဂါဝန်ကို ဖယ်ဖို့ လုပ်လိုက်သည့်အခါ သူမက ထိုဂါဝန်ကို နောက်ထပ် အမျိုးသမီး တစ်ယောက်ဆီကနေ တောင်းခဲ့သည်။

ဒုတိယအနေဖြင့် သူမ ဝန်ခံနေချိန် အတွင်းမှာပဲ တစ်ခုခုကို ဝိုးတိုးဝါးတား သတိရလာခဲ့သည်။ သူမက မူးမလဲခင် သူမရဲ့ လည်ပင်းမှာ ရုတ်တရက် ဆူးခနဲ နာကျင်မှု တစ်ခုကို ခံစားခဲ့ရသည်။ သူမ ပြန်ပြီး နိုးလာသည့်အခါ အမျိုးသမီးယန်ကို မြင်လိုက်ပုံ ရသည်။ တစ်ဖက်လူက မျက်မှောင်ကြုတ်ပြီး တစ်ခုခုကို ပြောခဲ့သည်။ ထို့နောက် အဖြူရောင် မီးခိုးအနံ့က လေနဲ့ ပါလာပြီး ကျန်တာကိုတော့ သူမ မမှတ်မိတော့ပါ။

ယွီကျစ်ကျစ်က သူမရဲ့ ခေါင်းကို အားနဲ့ ပုတ်ပြီး အတော်လေး အဆင်မပြေ ဖြစ်နေတယ်ဟု ခံစားခဲ့ရသည်။ ထိုမှတ်ဉာဏ် အနည်းငယ်က ဝေဝါးပြီး ချိတ်ဆက်မရ ဖြစ်နေခဲ့သည်။ သူမက ထိုကိစ္စတွေကို အဖြေရှာရင်း ခက်ခဲနေခဲ့သည်။

သူမက သူမရဲ့ ခေါင်းကို ပုတ်ပြီး ရုတ်တရက် တစ်ခုခုကို သတိရသွားခဲ့သည်။ ထိုအရာက ခဏပဲ ဖြစ်သော်လည်း သူမက သူမ မြင်ခဲ့သည့် အရာကိုတော့ သေချာနေခဲ့သည်။

အဖြူရောင် မီးခိုးငွေ့တွေထဲက စုံတွဲတစ်တွဲက ထိုအငွေ့တွေကို လုပ်လိုက်ကြောင်း ယွီကျစ်ကျစ်က ဘယ်လိုလုပ် မသိဘဲ နေမှာလဲ။ စောနလေးတင်ကမှ ချိုမြိန်ပြီး ချစ်ဖို့ကောင်းနေတဲ့ သူမရဲ့ မျက်နှာလေးက ချက်ချင်းဆိုသလိုပဲ ကြောက်စရာ ပုံစံတစ်ခုအနေသို့ ပြောင်းသွားခဲ့သည်။ အထဲကို ဝင်လာဖို့ ပြင်နေသည့် အဖေယွီက သူ့ရဲ့ ခြေလှမ်းတွေကို ရပ်လိုက်သည်။ သူမက သက်ပြင်းအရှည်ကြီးကို ချပြီး တံခါးကို ပိတ်ကာ ထွက်သွားခဲ့သည်။

အခန်းထဲတွင် ရှိနေသေးသည့် ယွီကျစ်ကျစ်က သူမရဲ့ လက်တွေ နီရဲလာတဲ့အထိ အိပ်ရာကို ထုရိုက်နေခဲ့သည်။ သူမက ရပ်ပြီး ဒေါသတကြီး အရှေ့ကို ကြည့်ခဲ့သည်။

“သူမက ငါ့ကို တကယ်ပဲ မေ့ဆေးပေးပြီး ညတွင်းချင်း ကျွန်းကနေ ပြန်ပို့လိုက်တာပဲ။ သူမ တကယ် အဲ့လိုမျိုး လုပ်လိုက်တာပဲ။ သခင်မယန်။”

“အား….”

ယွီကျစ်ကျစ်က လှောင်ပြုံး ပြုံးလိုက်သည်။ သူမက သတိမေ့ခါးနီး အချိန်မှာ သူမရဲ့ မျက်လုံးတွေကို ဖွင့်ဖို့ လုပ်ပြီး အမျိုးသမီးယန်ရဲ့ ကိုယ်ပိုင် အစေခံတွေနဲ့ လှုပ်နေတဲ့ သင်္ဘောကို တွေ့ခဲ့ရသည်။ သူမက အနီးကပ် မကြည့်နိုင်ခင်မှာပဲ သူမရဲ့ ခွန်အားတွေ ကုန်သွားကာ လုံးဝ အမှောင်အတိ ဖုံးသွားခဲ့သည်။

သူမ ဆန္ဒမရှိနေသော်လည်း သူမမှာ ဘာရွေးချယ်စရာမှ မရှိဘူးဆိုတာကို ဝန်ခံရတော့မည် ဖြစ်သည်။

“ဟူး…”

ရှောင်းကောက အရှေ့ကို အသက်မဲ့တဲ့ မျက်ဝန်းများဖြင့် ကြည့်နေခဲ့သည်။ သူမရဲ့ လက်ဖြင့် မေးကိုထောက်ပြီး သူမရဲ့ ပါးတွေကို အားဖြင့် ညှစ်လိုက်သည့်အတွက် သူမရဲ့ ပုံစံက ပျောက်လုနီးပါး ဖြစ်သွားခဲ့သည်။ သို့မှသာ သူမက သူမရဲ့ နှာခေါင်းကနေ ပုံမှန်အတိုင်း အသက် ရှူနိုင်ဦးမည် ဖြစ်သည်။

ကျန်းတန်းဟယ်က တိတ်တဆိတ်နှင့် လိမ္မောသီး ခွာကာ ရှောင်းကောရဲ့ ပါးစပ်ထဲသို့ မြတ်နိုးစွာ ခွံ့ကျွေးခဲ့သည်။

ရှောင်းကောက သူမရဲ့ ပါးစပ်ကို ဟလိုက်သည်။ အနည်းငယ် ဝါးပြီး အသီးကို မြိုချပြီးနောက် သူမက သက်ပြင်းချလိုက်သည်။

ကျန်းတန်းဟယ်က သူမကို စိတ်ရှုပ်စွာဖြင့် ကြည့်ခဲ့သည်။ သူမက ထပ်ပြီး သက်ပြင်းချဖို့ ပြင်လိုက်သည့်အခါ သူက သူမရဲ့ ပါးစပ်ထဲသို့ နောက်ထပ် လိမ္မော်သီး တစ်စိတ်ကို ခပ်မြန်မြန် ထိုးထည့်ပြီး အောင်မြင်စွာဖြင့် သူမ သက်ပြင်းချတာကို ရပ်လိုက်သည်။

“ဇနီးလေး၊ ဘာဖြစ်လို့လဲ။”

ကျန်းတန်းဟယ်က ထိုမေးခွန်းအား ကြိမ်ဖန်များစွာ မေးခဲ့သည်။

ရှောင်းကောကို မရေမတွက်နိုင်အောင် ကြည့်နေရင်း ကျန်းတန်းဟယ်က ဘာကိုမှ ထပ်မပြောတော့ပါ။ နောက်တစ်နေ့မှာတော့ သူမက အိမ်ကို ဟန်မပျက် ကြည့်နေခဲ့သော်လည်း သိပ်မကြာခင်မှာပဲ သူမက ညှိုးနွမ်းနေတဲ့ အပင်တစ်ပင်လို ပြန်လာခဲ့သည်။

ထိုအချိန်ကတည်းက သူမမှာ ဘာခွန်အားမှ ရှိနေပုံ မရတော့ပါ။ သူမက ဆက်တိုက် သက်ပြင်းချနေပြီး သူမ ဘာကိုမှ ထပ်မချက်နိုင်တော့ဘူးဟု ပြောနေခဲ့သည်။ သူတို့က ရက်ပေါင်းများစွာ မီးဖိုချောင်က လုပ်ပေးသည့် စားစရာတွေကို စားနေတာ အဆုံးသတ်သွားခဲ့သည်။

“ယွီကျစ်ကျစ်ကို ပို့ပစ်လိုက်တာ ဘာဖြစ်လို့လို့ ရှင်ထင်လဲ။”

“မင်းအသံက တော်တော် စိတ်ပျက်နေတဲ့ပုံပဲ။”

ကျန်းတန်းဟယ်က မျက်မှောင်ကြုတ်ပြီး သူမရဲ့ ပါးစပ်ထဲသို့ နောက်ထပ် လိမ္မော်သီး တစ်စိတ်ကို ထည့်ပေးလိုက်သည်။

“မဟုတ်ဘူး” ရှောင်းကော ထိုစကားကို ကြားတဲ့အခါ သူမက မျက်စောင်းထိုးပြီး ဆက်ပြောခဲ့သည်။ “အဲ့ကိစ္စက အရင်က ကျွန်မ စင်ပေါ်ကို သွားတုန်းက လိုက်ကာ ချတာလည်း ပြီးသွားပြီ။ ကျွန်မ ခန္ဓာကိုယ်ထဲက အားတွေလည်း ချက်ချင်း ကုန်သွားပြီး အားနည်းသလို ခံစားလိုက်ရတယ်။”

ကျန်းတန်းဟယ် ရယ်နေခဲ့သည်။ ဒါက သုံးရက်လောက် ရှိနေခဲ့ပြီ ဖြစ်သည်။ “ဒါဆို အမျိုးသမီးကျန်း၊ မင်းရဲ့ အားတွေကို ဘယ်တုန်းက ပြန်ရသွားတာလဲ။”

“ဟုတ်တယ်၊ အနည်းဆုံး ဘဝရဲ့ တစ်ဝက်လောက်ပဲ။ အများဆုံးကတော့ တစ်ဘဝလုံးပဲ။”

“ဒါဆို မင်းက မီးဖိုချောင်နဲ့ အမြဲတမ်း ဝေးဝေးနေမှာလို့ ဆိုလိုတာလား။”

“ကျွန်မ အဲ့လိုတော့ မပြောပါဘူး…”

ရှောင်းကောက ပြုံးပြီး ခေါင်းကို ခါပြခဲ့သည်။ ထို့ကြောင့် သူမက သူ့ကို တစ်ချက် ကြည့်ပြီး သူက သူမကို သားပုတ်လေလွင့် ပြောနေတယ်ဟု သွယ်ဝိုက်ပြီး ပြောနေခဲ့သည်။

“ဟူး….” ကျန်းတန်းဟန်သည် သူ့မျက်လုံးထဲရှိ အပြုံးကို မဖုံးကွယ်ထားနိုင်ခဲ့ပါ။ သူက သူမကို ဆက်ပြီး စနေခဲ့သည်။ “ကိုယ်တို့ရဲ့ ကြိုးစားတဲ့ သခင်မကြီးက ပျင်းတတ်လာပြီပဲ…”

“ဟေး၊ ရှင်က ကျွန်မကို လာလှောင်နေတာပဲ။”

“ဟူး၊ ကိုယ် ကျွမ်းကျွမ်းနဲ့ ရှောက်ယိကို ကြိုပြီး သတင်းပေးထားသင့်တယ်။ အဲ့လိုမှ မဟုတ်ဘူးဆိုရင် သူတို့က နေ့တိုင်း မင်း ဘယ်အချိန် သူတို့အတွက် ထပ်ပြီး ချက်ပြုတ်ပေးတော့မှာလဲဆိုပြီး ဆက်တိုက် လာမေးမှာ။ အခုဆိုရင် မင်းက အမျိုးသမီးငပျင်း ဖြစ်လာပြီဆိုတော့ ကိုယ်တို့မှာ ဘာရွေးချယ်စရာမှ မရှိတော့ဘူး….”

ရှောင်းကောက ထိုစကားကို ကြားရတာ မပျော်မရွှင် ဖြစ်နေခဲ့သည်။ သူမက လိမ္မော်သီးစေ့တွေကို ထွေးထုတ်ပြီး သူ့ကို စကားစစ်ထိုးဖို့ အဆင်သင့် ဖြစ်နေခဲ့သည်။ အဲ့ဒါက သူ့ကို သူမအကြောင်း ကောလဟာလ လိုက်မဖြန့်ဖို့ သင်ခန်းစာ ပေးလိမ့်မည် ဖြစ်သည်။

သို့သော် သူမ သူ့ကို ခုန်အုပ်လိုက်သည့်အခါ သူ့ရဲ့ မျက်ဝန်းထဲရှိ အပြုံးကို သတိထားမိခဲ့သည်။ သူမ ဘာကြောင့်လဲဆိုတာ ချက်ချင်း နားလည်သွားခဲ့သည်။ သူမက ရှက်သွေးဖြာသွားပြီး ပြန်ထိုင်ချလိုက်သည်။

“ရှင်က ကျွန်မကို ရည်ရွယ်ချက်ရှိရှိ ရန်လာစနေတာပဲ။”

“ သေချာတာပေါ့” ကျန်းတန်းဟယ်က သူမကို ပြန်ပြီး ပွတ်ပေးခဲ့သည်။ “ ရိုးရိုးသားသား ပြောရရင် မင်းက အရမ်း တက်ကြွနေရင် ကြည့်ကောင်းတယ်။”

ရှောင်းကောက နှုတ်ခမ်းကို စေ့ပြီး သူ့ကို ကြည့်လိုက်သည်။ “ကျွန်မက အချိန်တိုင်း ကြည့်ကောင်းနေတာ။”

“ဟုတ်တယ်၊ ဟုတ်တယ်။ ဟုတ်တယ်။ မင်းက ဘယ်အချိန်မဆို ကြည့်ကောင်းပါတယ်။”

ကျန်းတန်းဟယ်က ခပ်မြန်မြန် တောင်းပန်ခဲ့ပြီး သူ မှားနေတယ်ဆိုတာကို ဝန်ခံခဲ့သည်။ သူ့ရဲ့ လုပ်ရပ်တွေက ရှောင်းကောကို ထရယ်အောင် လုပ်ခဲ့သည်။

အခြေအနေက တဖြည်းဖြည်းနဲ့ အဆင်ပြေလာခဲ့ပြီး လီရှို့ကျီက ပေါ်လာခဲ့သည်။ သူက သူ့ဆံပင်နဲ့ ကျန်းတန်းဟယ်ကို ဖျက်ခနဲ လုပ်လိုက်ပြီး သူ့ဆီကို လာဖို့ ခြေဟန်၊ လက်ဟန် ပြခဲ့သည်။

ကျန်းတန်းဟယ်က သူ့ကို မပျော်ရွှင်စွာဖြင့် ကြည့်ခဲ့သည်။ တစ်ဖက်လူကို ကြည့်ရတာ ဘယ်လောက်ပဲ စိုးရိမ်နေပါစေ သူက မလှုပ်မယှက် ဖြစ်နေခဲ့သည်။ သူက ဒီလူကို သေချာ သိနေခဲ့သည်။ သူ့ရဲ့ ပုံစံကို ကြည့်လိုက်ရုံဖြင့် လီရှို့ကျီက သူ့ကို အရေးမကြီးတဲ့ အရာတစ်ခုအတွက် လှမ်းခေါ်နေတာကို ပြောနိုင်သည်။

ရှောင်းကောက လီရှို့ကျီ သူ့ခေါင်း ဆုံးရှုံးမယ့်အကြောင်း စိတ်ပူနေခဲ့သည်။ သူမရဲ့ ကြင်နာမှုနှင့် သူမက လီရှို့ကျီ သူ့ကို ဘာလို့ လိုအပ်နေလဲဆိုတာနှင့် သူ့ကို ဘာလို့ အချက်ပြနေလဲဆိုတာကို အဖြေရှာဖို့ လက်တို့ခဲ့သည်။

ကျန်းတန်းဟယ်က လီရှို့ကျီနှင့်အတူ အင်တင်တင်နှင့် ထထွက်မသွားခင် ရှောင်းကောကို လက်လျှော့တဲ့ အကြည့်ဖြင့် ကြည့်ခဲ့သည်။

ရှောင်းကောက သူထွက်သွားတာကို ကြည့်နေခဲ့သည်။ သူမ တစ်ယောက်တည်း ရှိနေသည့်အတွက် အဲ့မှာ ဆက်နေစရာ ဘာအကြောင်းပြချက်မှ မရှိတော့ပါ။ သူမ ပြန်သွားပြီး ကလေးတွေနှင့် အတူတူ ရှိနေလိမ့်မည် ဖြစ်သည်။

ထို့ကြောင့် သူမက ထပြီး စားပွဲပေါ်ရှိ အသီးတွေကို အခွံ ခွာနေခဲ့သည်။ သူမက အသီးတွေ အကုန်လုံးကို ဗန်းပေါ် တင်ပြီး ထွက်သွားဖို့ လုပ်သည့်အခါ အသက်ကြီးကြီး အစေခံကြီး တစ်ယောက်က ရုတ်တရက် သူမကို တံခါးနားကနေ ပိတ်ထားခဲ့သည်။

ရှောင်းကောက အနောက်ကို ခြေတစ်လှမ်း ဆုတ်ပြီး သူမရဲ့ အရှေ့ရှိ မိန်းမကြီးကို ကြည့်လိုက်သည်။ သူမရဲ့ မျက်နှာကို မြင်သည့်အခါ သူမက ချက်ချင်းဆိုသလို မျက်မှောင်ကို ကြုတ်လိုက်မိသည်။

“ရှင်လား။”

အစေခံက ရှောင်းကော၏ စကားကို ကြားသည့်အခါ နောက်ထပ် ဘာစကားမှ ထပ်မပြောဘဲ သူမရဲ့ ဒူးတွေ ညွန့်သွားခဲ့ရသည်။ “ကျွန်မကို ကူညီပေးပါ၊ သခင်မ”

သူမ ဒူးထောက်လိုက်ချိန်မှာ ရှောင်းကောက ဘေးကို ဖယ်ပြီး တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။ “ထပြီး ပြောပါ။”

အစေခံ မိန်းမကြီးက ဒူးထောက်ရာကနေ မထခင်မှာ သူမက ခဏလောက် တုံ့ဆိုင်းသွားခဲ့သည်။ သို့သော် သူမရဲ့ ကျန်းမာရေးကြောင့် သူမက သေချာ မရပ်နိုင်ခဲ့ပါ။ သူမက အနည်းငယ် ယိမ်းထိုးပြီး သူမရဲ့ ဟန်ချက်ကို ပြန်မထိန်းနိုင်ခင် အလန့်တကြားဖြင့် စားပွဲခုံဘက်ကို ဆွဲခဲ့သည်။

ရှောင်းကောက သူမရဲ့ ဆန့်ထားတဲ့ လက်ကို အသာလေး ပြန်ဆုတ်ပြီး မိန်းမကြီးကို အကဲဖြတ်လိုက်သည်။ သူမက သေချာစွာ ပြောခဲ့သည်။ “လွန်ခဲ့တဲ့ ရက်ပိုင်းတုန်းက ကျွန်မနောက်ကို လိုက်နေတာ ရှင်ပဲ၊ ဟုတ်တယ်မလား။”

All Chapters