အခန်း (၁၅၅)
Vol. 16 Ch. 155
🥝 Chapter 155
ယွီယန်မြို့ရှိ အဖွဲ့ဝင်များတည်းခိုနေသော တည်းခိုခန်း၌
"သောက်ကျိုးနည်း”
"သေစမ်း”
"ကယ်ကြပါဦး—"
"ဒီတပည့်မလေးမှာ ဘယ်လိုအရည်အချင်းတွေ ရှိနေတာလဲ”
လုကျိကျောင်းလက်အင်္ကျီထဲတွင် ပန်းချီကားလူကြီးမင်းများ အားလုံးမှာပုံပျက်ပန်းပျက်ဖြစ်နေကြပြီး အရိပ်ထဲတွားသွားနေကြသည်။
စုကျိုကမူ အဘိုးအို၊ ကလေးငယ်နှင့် နတ်သမီး ပုံတူကော်ပီများကို အေးအေးဆေးဆေးရွေးချယ်ကာ စီစဉ်နေသည်။
နောက်ဆုံးတွင် သူမသည် နံပါတ် ၁ မှ ၁၀ အထိ အသက်ဝင်လှသော ပန်းချီကားဆယ်ကားကို နံရံတွင်ကပ်လိုက်သည်။
၎င်းတို့မှာ အံ့အားသင့်နေသော ဝိညာဉ်ပိုးဖလံဂေဟာ ဂိုဏ်းခေါင်းဆောင်၊ ထိတ်လန့်နေသော ပထမလူကြီးမင်း၊ ပါးစပ်အဟောင်းသား ဖြစ်နေသော ဒုတိယလူကြီးမင်း...
လုကျိကျောင်း အမျိုခံလိုက်ရစဉ်က သူ့မျက်နှာပေါ်ရှိ အံ့အားသင့်ဖွယ် အမူအရာအားလုံးကိုဖမ်းယူထားခြင်း ဖြစ်သည်။ စုကျိုသည် ၎င်းတို့ကို အပြည့်အဝဖမ်းယူကာ ကော်ပီကူးယူနိုင်ခဲ့သည်။
စုကျိုသည် ချက်ချင်းနောက်သို့ သုံးလှမ်းဆုတ်ကာ နံရံရှေ့တွင် ရပ်၍လက်နှစ်ဖက်ကိုပူးလိုက်သည်။
သူမသည် သုံးကြိမ်တိုင်တိုင် ဦးညွှတ်လိုက်သည်။
"ဂိုဏ်းခေါင်းဆောင်”
"ပထမလူကြီးမင်း၊ ဒုတိယလူကြီးမင်း... နဝမလူကြီးမင်း”
"တပည့် စုကျို လာရောက်နှုတ်ဆက်ပါတယ်”
ပန်းချီကားများ: "!!!"
မဟုတ်ဘူး….
သူတို့ မသေသေးဘူးလေ..
စုကျိုက ပန်းချီကားများကိုကပ်ပြီးသွားသောအခါ လုကျိကျောင်းမျက်နှာတွင် ရှားပါးလှသော စိတ်သက်သာရာရမှုနှင့် ကျေနပ်မှုတို့ ပေါ်ပေါက်လာသည်။
"ဟင်း၊ မဆိုးဘူး၊ မင်း တကယ်စိတ်ရင်းနဲ့ လုပ်တာပဲ၊ နောက်ဆိုရင် နေ့တိုင်း သူ့ကိုဆုတောင်းပြီး အမွှေးတိုင်ထွန်းပေးလိုက်ဦး”
သူ့ လက်အင်္ကျီထဲမှ ပန်းချီကားများ: "..."
ယင်လီက ရဲတင်းစွာရှေ့သို့တိုးကာ နံရံပေါ်ရှိ နာရေးပုံတူများနှင့် တူနေသော အရာဆယ်ခုကိုထိကြည့်လိုက်သည်။
"ရှောင်ကျို၊ ငါတို့ ဂိုဏ်းခေါင်းဆောင်နဲ့လူကြီးမင်းတွေက အကုန်... သေကုန်ပြီလား”
စုကျိုကမူ စကားမပြောဘဲ ကော်ပီသိုလှောင်ရုံစာရင်းထဲမှ ဖော်ပြချက်ကို တစ်ချက်ကြည့်လိုက်သည်။
[ဂိုဏ်းခေါင်းဆောင်၏ပုံတူကော်ပီများ ပါဝင်သည်၊]
[အရောင်ခုနစ်မျိုးရှိသော ပိုးချည်မျှင်ဖြင့် ပြုလုပ်ထားပြီး မူရင်း၏အရည်အချင်းများ မပါဝင်ပါ၊]
[သို့သော် မူရင်းနှင့် ဆက်နွှယ်မှုရှိနိုင်ပြီး၊ အင်အားကြီးမားကာ ခြိမ်းခြောက်နိုင်သောအရှိန်အဝါရှိသည်၊]
"ဘာမှ အသုံးမကျဘူးထင်တယ်၊ နံရံမှာ အမှတ်တရကပ်ထားဖို့ကလွဲရင်ပေါ့” ဟု စုကျိုက ဖတ်ပြီးနောက် အမှန်အတိုင်းပြောလိုက်သည်။
လုကျိကျောင်း လက်အင်္ကျီထဲမှ ပန်းချီကားများ: "???"
ပိုင်ယို့လုက သူ့ စိတ်ဆန္ဒအတိုင်း ချက်ချင်းလိုက်နာကာ ရှေ့သို့တိုး၍ဦးညွှတ်လိုက်သည်။
"ကျေးဇူးပြုပြီး ဂိုဏ်းခေါင်းဆောင်နဲ့ လူကြီးမင်းတို့၊ မနက်ဖြန်အတွက် ကျွန်မကို ကံကောင်းခြင်းတွေ ပေးသနားကြပါဦး”
ဖြောက်
ရွှေရောင်အလင်းတန်းတစ်ခု သူ့ ကိုယ်ပေါ်တွင် တောက်ပလာသည်။
၎င်းက နံရံပေါ်ရှိ ပန်းချီကားဆယ်ကားစီမှ အမြှောင်းလေးတစ်ခုစီကို ထုတ်ယူကာ ပိုင်ယို့လု ကိုယ်ထဲသို့ ဝင်ရောက်သွားတော့သည်။
ပိုင်ယို့လု: "!"
စုကျို မျက်ခုံးပင့်လိုက်သည်၊ လုကျိကျောင်း၏လက်အင်္ကျီထဲမှ ရွှေရောင်အလင်းတန်း ဆယ်ခုမှာလည်းမှေးမှိန်သွားပုံရသည်ကို သူမ ချက်ချင်း သတိပြုမိလိုက်သည်။
"ပန်းချီကားကို ဆုတောင်းတာက တကယ်အလုပ်ဖြစ်တာပဲ”
ယင်လီ စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။
"ဘိုးဘွားတွေ ကောင်းချီးပေးကြပါ၊ ကျွန်မ အပြင်ထွက်တဲ့အခါ ဝိညာဉ်ကျောက်တုံး ဆယ်တုံးလောက်ကောက်ရပါစေ” ဟု စုကျိုက ချက်ချင်းပင် လက်နှစ်ဖက်ကို ပူးလိုက်သည်။
ဖြောင်း ဖြောင်း ဖြောင်း
ပန်းချီကားဆယ်ကားစီ၏အောက်ခြေမှ ဝိညာဉ်ကျောက်တုံးတစ်တုံးစီ ပြုတ်ကျလာသည်။
ထို့နောက် လုကျိကျောင်းသည် သူ့လက်အင်္ကျီထဲမှ အော်ဟစ်ဆဲဆိုသံများကိုကြားလိုက်ရတော့သည်။
"ငါ့ဆီမှာ ဝိညာဉ်ကျောက်တုံးတစ်တုံးလိုနေပြီ”
"အိုး... ငါ့ဆီမှာ နှစ်တုံးတောင်လိုနေတာ”
"တတိယညီလေး၊ ဒါက မင်း ငါ့ကို ငှားလိုက်တာကို ဆိုလိုတာလား၊ ငါ့ဆီမှာ ဝိညာဉ်ကျောက်တုံးမပါဘူးလေ၊ မင်းက ငါ့ကို နှစ်တုံး ပေးလိုက်တာလား”
"!"
"ဒီတပည့်မလေးစုကျိုမှာ ဘယ်လိုအရည်အချင်းတွေ ရှိနေတာလဲ”
စုကျို စိတ်လှုပ်ရှားစွာ မေးမြန်းလိုက်သည်။
"ဘိုးဘွားတွေ ကောင်းချီးပေးကြပါ၊ ကျွန်မကို ဝိညာဉ်ကျောက်တုံးတစ်ရာလောက် ပေးသနားကြပါဦး”
"!"
"!!!"
"ဘိုးဘွားတွေ ကောင်းချီးပေးကြပါ၊ ကျွန်တော်ကို အစွမ်းထက်တဲ့ လျှပ်စီးစွမ်းအားတွေ ပေးသနားကြပါဦး”
"မနက်ဖြန်ကျရင် ကျွန်တော့်ကို စိတ်မတိုအောင် ကူညီပေးကြပါဦး”
"ကျွန်တော့်ကို အပြင်းထန်ဆုံးပြိုင်ဘက်နဲ့ တွေ့ခွင့်ပေးပါဦး”
လုကျိကျောင်း မျက်စိမှိတ်လိုက်ကာ စုကျိုကိုအချက်ပြလိုက်သည်။
"တစ်နေ့ကို တစ်ခါပဲ ဆုတောင်းပါ”
"သူတို့ကိုပဲ အားမကိုးပါနဲ့”
"ပြီးတော့ မင်းရဲ့အရည်အချင်းထက် ကျော်လွန်တဲ့ အရာတွေကိုမတောင်းဆိုပါနဲ့”
သူ့လက်အင်္ကျီကို ဝှေ့ယမ်းလိုက်ရာ နံရံပေါ်ရှိ ပန်းချီကားဆယ်ကားပေါ်တွင် ကန့်သတ်ချက်တစ်ခုထားလိုက်သည်။
စုကျို နောင်တရဟန်ဖြစ်သွားသည်။
လဲ့ကျယ်နှင့် အခြားသူများမှာ ဆုတောင်းရန်ပင်အချိန်မရလိုက်ဘဲ၊ ၎င်းတို့ကိုယ်ပေါ်တွင် တစ်စုံတစ်ခု မသက်မသာဖြစ်နေသည့် အမူအရာများ ဖြစ်နေကြသည်။
လုကျိကျောင်းက သက်ပြင်းချကာ စုကျိုကိုကြည့်လိုက်သည်။
"မင်းရဲ့ ပိုးဖလံငယ်လေးက..." ၎င်းကို ငယ်သည်ဟု ခေါ်ရန် မသင့်တော်တော့ပေ။
"ဒါက မင်းရဲ့ဝိညာဉ်အသိဉာဏ်ရဲ့ ဆက်နွှယ်မှုဖြစ်ရမယ်”
"သူ မျိုချလိုက်တဲ့အရာတွေ... ပြီးတော့ သူ ထွေးထုတ်လိုက်တဲ့ ပိုးချည်မျှင်တွေနဲ့ ပတ်သက်ပြီး မင်း မှော်ပညာတွေ ထည့်သွင်းလို့ရနိုင်တယ်”
"မင်း ပိုပြီးလေ့ကျင့်ပါ၊ နားလည်မှုတွေ တည်ဆောက်ပါ၊ ပြီးတော့ အတူတူတိုက်ခိုက်ကြပေါ့”
စုကျို အကြိမ်ကြိမ် ခေါင်းညိတ်လိုက်သည်။
သို့သော် သူမသည် မူလကပိုးဖလံမွေးပြီး ပိုးချည်မျှင်များရောင်းကာ ငွေအများကြီးရှာရန် ရည်ရွယ်ခဲ့သည်ကို ချက်ချင်းသတိရသွားသည်။
"ဆရာကြီး၊ နောက်ကျရင် ပိုးချည်မျှင်တွေကိုအထည်အဖြစ် ရက်လုပ်ပြီးရောင်းလို့ရမလားဟင်”
လုကျိကျောင်း၏မဟာဝိညာဉ်ပိုးဖလံသည် ကလေးငယ်အဖြစ်ပြောင်းလဲကာ၊ နေ့တိုင်း ပဥမအဆင့်ရှိ ပိုးထည်ပေါ်တွင် လဲလျောင်းအိပ်စက်ရင်း တစ်နေ့လျှင် ဝိညာဉ်ကျောက်တုံးသန်းပေါင်းများစွာရှာဖွေပေးနေသည်။
စုကျို မြေပြင်ပေါ်ရှိ ပိုးချည်မျှင် အပိုင်းအစအချို့ကိုရှာတွေ့ခဲ့သည်။ ၎င်းမှာ သူမ၏ရှောင်ပိုင်ထွေးထုတ်လိုက်သည့်အရာများ ဖြစ်သည်မှာ ထင်ရှားလှသည်။
"ရှောင်ပိုင်ရဲ့ပိုးချည်မျှင်က တန်ဖိုးရှိလား၊ နောက်ကျရင် ဘယ်လိုအဆင့်ရှိတဲ့ အထည်မျိုးရက်လို့ ရမလဲဟင်”
လုကျိကျောင်း စကားမပြောပေ။
သူ့လက်အင်္ကျီထဲမှ ပန်းချီကားစာလိပ်များမှာလည်း အလိုအလျောက်လိပ်သွားကြကာ ပိတ်သွားကြတော့သည်။
လုကျိကျောင်း ခေတ္တစဉ်းစားပြီးနောက် စုကျို နောက်ဘက်ကိုညွှန်ပြလိုက်သည်။
"ကြည့်လိုက်ဦး”
စုကျို ဇဝေဇဝါဖြင့် လှည့်ကြည့်လိုက်သောအခါ ယင်လီ၊ လဲ့ကျယ်နှင့် အခြားသူများ အိမ်ထဲမှအမြန်ထွက်ပြေးသွားကြသည်ကို တွေ့လိုက်ရသည်။
"ကျို၊ ဒီအထည်ကို နင်ပဲ ဝတ်လိုက်ပါ၊ ငါ့ဆီ လာမပေးနဲ့တော့နော်”
"ဟုတ်တယ် ညီမ၊ နင့်ဘာသာ နင် ပိုးထုတ်ပြီး အထည်ရက်တာ အဆင်ပြေပါတယ်၊ သူငယ်ချင်းတွေကို ပေးချင်လည်း ပေးပါ၊ ဒါပေမဲ့ ငါ့ကိုတော့ မပေးပါနဲ့နော်”
"ငါ့ဆီမှာ ကိုယ်ပိုင်ပိုးချည်မျှင်ရှိတယ်၊ စုကျို နင် ငါ့ကို ပေးဖို့မလိုဘူးနော်”
လူတိုင်းက အမြန်ပြောပြီး ခဏအတွင်းမှာတင်ထွက်ပြေးသွားကြတော့သည်။
နောက်နေတာလား ??
"မင်းက ဒီပိုးချည်မျှင်ကိုသုံးပြီး အရှင်သခင်လုကိုတောင် ကော်ပီကူးထားတာလေ၊ ဒီအထည်ကို ဘယ်သူ့ကိုသွားရောင်းလို့ရမယ် ထင်လို့လဲ”
ဝိညာဉ်ပိုးဖလံ နတ်သူငယ်လေးက လက်ကာပြလိုက်သည်။
သူကား ရင်ပြင်ထဲတွင် ရပ်နေပြီဖြစ်သည်။
"ငါ အရင်ပြန်နှင့်မယ် အရှင်သခင်လု”
စုကျို: "!"
ထိတ်လန့်စရာပဲ…
ရှောင်ပိုင်ရဲ့ ပိုးချည်မျှင်ကို ရောင်းလို့မရဘူးလား ?
သူ့အထည်ကို ဘယ်သူမှ မလိုချင်ကြဘူးလား ?
မဖြစ်နိုင်ဘူး။
လိုကို လိုချင်စေရမယ်။
သူမက ထိုချည်မျှင်အနည်းငယ်ကို ယူလိုက်ကာ၊ ချန်ယွမ်အား ခြင်္သေ့ဖြူကြီးကိုပွေ့ချီခိုင်းပြီး ဘေးနားရှိ ကချေသည်ခန်းမတည်းခိုရာသို့ ပြေးသွားတော့သည်။
"ရှောင်ချင်း၊ ငါ နင့်အတွက် ပဝါအကြီးကြီးတစ်ထည် ရက်ပေးရမလား”
ဝူချင်းချန်း: "?"
"ရတာပေါ့” သူမက ဝမ်းသာအားရခေါင်းညိတ်လိုက်သည်။
ဆရာမစု ပေးတဲ့အရာဆိုရင် ကောင်းမှာပဲဟု ဝူချင်းချန်းက ထင်မြင်နေသည်။
စုကျိုသည် တစ်ညလုံးမအိပ်ဘဲ ချန်ယွမ်နှင့်အတူ ကျင့်စဉ်များနှင့် ရက်ကန်းပညာကိုကြိုးစားလေ့လာခဲ့သည်။
၎င်းတို့သည် ဝူချင်းချန်းအတွက် အရောင်ခုနစ်မျိုးရှိသော ပိုးပဝါတစ်ထည်ကို မညီမညာဖြင့်ရက်လုပ်နိုင်ခဲ့သည်။
အတိအကျပြောရလျှင် ၎င်းမှာ အလွန်အမင်းလှပခြင်းမရှိသော်လည်း ဝူချင်းချန်းက ကျေနပ်စွာလက်ခံလိုက်ကာ ထိုနေ့မှာတင် ပဝါအဖြစ် ဝတ်ဆင်လိုက်သည်။
၎င်းကို လည်ပင်းမှစတင်ကာပုခုံးနှင့် ကျောပြင်အထိ ပတ်လိုက်ပြီး သူ့ယဉ်ကျေးလှသော လက်မောင်းများကြားတွင် တွဲလောင်းကျနေစေသည်။
၎င်းမှာ အပြည့်အဝဖုံးအုပ်ထားခြင်းဖြစ်သည်။
စုကျိုက ကျေနပ်စွာခေါင်းညိတ်လိုက်သည်။
"အရမ်းလှတာပဲ”
"ရှောင်ချင်းချန်း တကယ့်ကိုရဲတင်းတာပဲ” ဟု ယို့လုက လေးစားစွာပြောလိုက်သည်။
"ပထမဆုံးပြိုင်ပွဲမှာ ဘယ်အချိန်မဆို အနစ်နာခံရတာမျိုးရှိနိုင်တာဆိုတော့၊ ဒါက ညီမစုဆီကနေ နောက်ထပ်အာမခံချက် အလွှာတစ်ခုရထား သလိုပဲပေါ့” ဟု လဲ့ကျယ်က ဝူချင်းချန်းကိုကြေကွဲဖွယ် မျက်နှာပေးဖြင့် ကြည့်ကာပြောလိုက်သည်။
ဝူချင်းချန်းမှာမူ အန္တရာယ်ကို သတိမမူမိဘဲ သူမ၏ ညီမများကို ဦးဆောင်ကာ ပထမဆုံးအားကစားကွင်းသို့ ဦးတည်မည့် ပျံသန်းရေးယာဉ်ပေါ်သို့ ရဲရဲဝံ့ဝံ့တက်သွားတော့သည်။
"ဆရာမစုရဲ့ကောင်းချီးတွေနဲ့ ကျွန်မတို့အစွမ်းကုန်ကြိုးစားပါ့မယ်”
စုကျိုကမူ ပြန်လည်နှုတ်ဆက်လိုက်ပြီးနောက် ဝိညာဉ်ပိုးဖလံဂေဟာ၏သင်္ဘောပေါ်သို့တက်ကာ ပင်မပြိုင်ပွဲကျင်းပရာဖီးနစ်မြို့သို့ ဦးတည်လိုက် သည်။
ပထမပွဲတွင် တိုက်စရာမလိုဘဲ အဆင့်တက်ခဲ့သဖြင့် ဝိညာဉ်ပိုးဖလံဂေဟာရှိလူတိုင်းမှာ အလွန်စိတ်လက်ပေါ့ပါးနေကြသည်။
၎င်းတို့သည် လမ်းခရီးတစ်လျှောက်ရှိလှပသော မြင်ကွင်းများကိုပျံသန်းရင်းခံစားခဲ့ကြသည်။
ဖီးနစ်မြို့မကြီးမှာ ဤပြိုင်ပွဲစီစဉ်သူဖြစ်သော ဝိညာဉ်ကုန်သည်အသင်း၏နယ်မြေဖြစ်သည်။
အဖွဲ့ပေါင်းခြောက်ဆယ့်လေးဖွဲ့လုံး ဤနေရာသို့ရောက်ရှိလာကြသည်။
ထိပ်ဆုံး ၃၂ သင်းပြိုင်ပွဲအတွက် အားကစားကွင်းမှာ ဖီးနစ်မြို့အလယ်ဗဟို ကောင်းကင်ယံတွင်တည်ရှိသည်။
တိမ်တိုက်များက ထောက်ပံ့ပေးထားသကဲ့သို့ အားကစားကွင်းတစ်ခုစီမှာတောင်တန်းများ၊ ချိုင့်ဝှမ်းများ၊ ရှေးဟောင်းသစ်ပင်များနှင့် နှင်းတောများကဲ့သို့သော မတူညီသည့်မြင်ကွင်းများရှိသည့် လျှို့ဝှက်နယ်မြေငယ်လေးတစ်ခုစီဖြစ်သည်။
မဲနှိုက်မှုအရဆုံတွေ့သော အဖွဲ့နှစ်ဖွဲ့မှာ လူငါးဦးစီထုတ်နိုင်ကြသည်။ ၎င်းတို့သည် အားကစားကွင်း လျှို့ဝှက်နယ်မြေအတွင်းသို့ ကျပန်း ဝင်ရောက်ကြရမည်ဖြစ်ပြီး၊ တစ်ဖက်အဖွဲ့မှ လူငါးဦးကို အရင်ဆုံးအနိုင်ယူနိုင်သည့်အဖွဲ့က အနိုင်ရရှိမည်ဖြစ်သည်။
အားကစားကွင်းတစ်ခုစီတွင် မှတ်တမ်းတင်ကျောက်တုံးတစ်ခုစီရှိပြီး ပြိုင်ပွဲများကို ပရိသတ်များထံသို့ တိုက်ရိုက်ထုတ်လွှင့်ပေးနေသည်။
[နောက်ဆုံးတော့ ပင်မပြိုင်ပွဲစပါပြီ...]
[ငါ့ရဲ့ ကြည့်ရှုခွင့်လက်မှတ်ကို ငါ့ကလေးကမီးရှို့တော့မယ် ထင်နေတာ၊]
[ဝိညာဉ်ကုန်သည်အသင်း၊ အဆင်ပြေရဲ့လား ? ပြိုင်ပွဲအတွက် အရည်အချင်းစစ်ပွဲတွေကို တစ်ခုပြီးတစ်ခုကျင်းပနေတာ၊ ငါ ဖီးနစ်မြို့က တည်းခိုခန်းမှာနေနေတာ ဆယ်ရက်ရှိပြီ၊ အခုမှ ပထမဆုံး ပင်မပြိုင်ပွဲကိုစတာလား...! သေစမ်း၊]
[ဒါ ဝိညာဉ်ကုန်သည်အသင်းငွေရှာတဲ့ နည်းလမ်းလား၊ ကြောက်စရာပဲ၊]
[သက်ပြင်းချသံ၊ ပြီးခဲ့တဲ့ ညအချို့က တည်းခိုခန်းမှာ ငိုသံတွေကြားရတယ်၊ ပင်မပြိုင်ပွဲသာ မြန်မြန်မစရင် အခန်းခမတတ်နိုင်တော့ဘူးတဲ့၊]
[ကျင်းယွီထန်ဂိုဏ်းက တပည့်တွေဆိုပိုဆိုးတယ်၊ ပြိုင်ပွဲကြည့်ဖို့ အဝေးကနေလာကြတာ၊ တည်းခိုခန်းမှာ ဆယ်ရက်လုံးလုံးအပြင်မထွက်ရဲဘဲ နေခဲ့ရပြီး၊ ဒီမနက်ကျမှ ကျင်းယွီထန်ဂိုဏ်းအဖွဲ့ ပြိုင်ပွဲဝင်ခွင့် ပိတ်ပင်ခံရတဲ့ သတင်းကိုကြားရတာ၊]
[ဟင်း၊ အဲဒါနဲ့ နှိုင်းယှဉ်ရင် ငါတို့ကတော့ အဆင်ပြေပါသေးတယ်၊]
ပြိုင်ပွဲကြည့်ရန် လာရောက်ကြသောကျင့်ကြံသူများ၊ ဂိုဏ်းဝင်များနှင့် လူကြီးမင်းများ အားလုံးမှာလမ်းညွှန်ပျံသန်းရေးယာဉ်များသည် ၎င်းတို့၏ ဂိုဏ်းများမှ တပည့်များကိုခေါ်ယူပြီးနောက် နောက်တစ်နေ့မှာတင် ဖီးနစ်မြို့သို့ရောက်ရှိကာ ပြိုင်ပွဲစမည်ဟုထင်မှတ်ခဲ့ကြသည်။
ပြိုင်ပွဲကို အနီးကပ်ကြည့်ရှုနိုင်ရန် ၎င်းတို့သည် လွန်ခဲ့သောဆယ်ရက်ကတည်းက ဖီးနစ်မြို့သို့ရောက်ရှိခဲ့ကြခြင်းဖြစ်သည်။
သို့သော် အခြေခံအုတ်မြစ်တည်ဆောက်ခြင်းပြိုင်ပွဲတွင် ပျံသန်းရေးယာဉ် စစ်ဆေးမှုများ၊ ရွှေဆောင်းဦးမြို့တွင် သံမှိုဝယ်ယူမှုများနှင့် စျေးဝယ်မြို့တွင် သုံးရက်ကြာ အပိုပြိုင်ပွဲများအထိပါဝင်နေသည်ကို တွေ့ရှိခဲ့ရသည်။
ထိုသို့ဖြင့် ဖီးနစ်မြို့တွင် ဆယ်ရက်ကုန်ဆုံးသွားခဲ့ပြီး၊ ပြိုင်ပွဲဝင်အဖွဲ့များမှာ ယနေ့မနက်မှသာရောက်ရှိလာကြခြင်း ဖြစ်သည်။
ကံကောင်းထောက်မစွာဖြင့် ကျူယွမ်အဖွဲ့၏ပျံသန်းရေးယာဉ်မှာ ယနေ့မနက်တွင် ရောက်ရှိလာခဲ့ပြီး တိုက်ပွဲနယ်မြေ ၃၂ ခုအနက် တစ်ခုသို့ ချက်ချင်းပို့ဆောင်ခြင်းခံလိုက်ရသဖြင့် ပရိသတ်များ၏ဒေါသမှာ အနည်းငယ်ပြေလျော့သွားခဲ့သည်။
"ဝိညာဉ်စွမ်းအင်ပါတဲ့ ဖရုံစေ့၊ လက်တစ်ဆုပ်စာကို ဝိညာဉ်ကျောက်တုံးသုံးတုံးပါ”
"လေညင်းနားထောင် ဆေးလုံးလိုချင်လား”
"ဝိညာဉ်အသိဉာဏ် လက်ဖက်ရည်၊ ရေခဲနဲ့ပါ”
ဖီးနစ်မြို့မှာ နောက်ဆုံးတွင် စိတ်လှုပ်ရှားမှုများဖြင့် သက်ဝင်လှုပ်ရှားလာတော့သည်။
ပွဲကြည့်လိုသော ကျင့်ကြံသူများသည် မည်သည့် တိုက်ပွဲအားကစားကွင်း၏ပရိသတ်ထိုင်ခုံသို့မဆို သွားရောက်နိုင်ပြီး ၎င်းတို့၏ သုံးရက်စာ လက်မှတ်ဖြင့် အချိန်မရွေး ဝင်ရောက်နိုင်သည်။
"ငါတို့ လွတ်တော့မလို့ပဲ”
ကျင်းကန်းပေါင်၊ ရင်းမြောင် နှင့် ဝိညာဉ်ပိုးဖလံဂေဟာမှ တပည့်အုပ်စုတစ်စုတို့သည် ပြိုင်ပွဲကွင်းသို့ ရောက်ရှိလာကြကာ မုန့်အချို့ကို အမြန်ဝယ်ယူလိုက်ကြပြီး၊ မြေပုံတစ်ခုကိုထုတ်၍ စမ်းသပ်ကြည့်ကာ မြေပြင်ပေါ်သို့ပစ်ချလိုက်ပြီး စုကျိုတို့အဖွဲ့ပြိုင်ပွဲကွင်းကို မေးမြန်း လိုက်သည်။
"ခေါင်းဆောင်လဲ့ကျယ်က ပြောတယ်၊ ငါတို့ အပိုပြိုင်ပွဲမှာ အဆင့်တစ်ရတယ်တဲ့၊ အားကစားကွင်း (A) မှာလား”
ကျင်းကန်းပေါင်သည် ကျင်းယွီထန်ဂိုဏ်းလိမ်လည်မှုကြောင့် ပြစ်ဒဏ်ပေးခံရသည်ကိုကြားသိခဲ့ရသည်။
ယနေ့မနက် အစောပိုင်းမှာပင် သူသည် သူ့ဝိညာဉ်ပိုးဖလံဂေဟာ တပည့်တံဆိပ်ကို ခါးမှ ရင်ဘတ်ပေါ်သို့ ပြောင်းလဲချိတ်ဆွဲလိုက်သည်။
ဖီးနစ်မြို့တွင် သူသည် ဝိညာဉ်ပိုးဖလံဂေဟာ၏ဂုဏ်သိက္ခာရှိသော တပည့်တစ်ဦးဖြစ်လာမည်ဖြစ်ပြီး၊ ကျင်းမိသားစုအရှက်ရဖွယ်အဖွဲ့ဝင်တစ်ဦး မဟုတ်တော့ပေ။
"အာတိတ် (A) က ရှေ့နားတင်ပဲ၊ ငါတို့ လက်မှတ်နဲ့ဝင်လို့ ရမလား”
ရင်းမြောင်ကမူ လက်မှတ်ကျောက်ပြားလေးကို စိုးရိမ်တကြီးကြည့်လိုက်သည်။
သေစမ်း၊ တည်းခိုခန်းမှာ ဆယ်ရက်နေလိုက်တာ သူ ဒေဝါလီခံရတော့မည်။
သူ့သူငယ်ချင်းကျင်းကန်ပေါင်ကို အကူအညီတောင်းရန် သူ ရှက်နေသဖြင့် နောက်တစ်နေ့တွင် တည်းခိုခန်းမှထွက်ကာ ကျင်းကန်းပေါင်၏ ကုတင်ပေါ်တွင်သာ သွားအိပ်ရန်ဆုံးဖြတ်လိုက်သည်။
"အားကစားကွင်း (A) လား၊ ရှေ့တည့်တည့်... နေဦး၊ ဒီမြေပုံက ဘာလို့ ငါ့ကို နောက်ပြန်လှည့်ခိုင်းနေတာလဲ”
"နောက်ပြန်လှည့်ခိုင်းတာလား၊ အားကစားကွင်းတွေက ငါတို့ တည်းခိုခန်းကနေ ရှေ့တည့်တည့်မှာလေ”
"ဟင်း”
ကျင်းကန်ပေါင် မြေပုံကို နောက်ထပ်နှစ်ကြိမ်ခန့်ပစ်ချလိုက်ပြီး သူ့မေးစေ့ကိုပွတ်လိုက်သည်။
"မြေပုံကပြောနေတာက ငါတို့ရဲ့အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဖွဲ့က တည်းခိုခန်းမှာပဲရှိနေတယ်တဲ့”
"???"
"ယနေ့ ငါတို့မှာ ပွဲမရှိဘူး၊ ငါတို့က လိမ်လည်တဲ့ ကျင်းယွီထန်ဂိုဏ်းနဲ့ ကျခဲ့တာဆိုတော့ တိုက်စရာမလိုဘဲ အနိုင်ရတယ်လေ၊ ဒါကြောင့် အဖွဲ့က လာမှာ မဟုတ်ဘူး”
"!!!"
ဘာ ? သူတို့ ဒီနေ့လည်း တည်းခိုခန်းမှာ အလကားထပ်နေရဦးမှာလား ?
ဘာ ? စုကျိုတို့အဖွဲ့က ထိပ်ဆုံး ၃၂ သင်းစာရင်းထဲ ရောက်နေပြီလား ?
ဒါ ဘယ်လို ကံမျိုးလဲ ?
ရင်းမြောင်မှာ လတ်တလောတွင် ပိုက်ဆံပြတ်နေသဖြင့် ရယ်ရမလို ငိုရမလိုဖြစ်နေသည်။