အခန်း (၁၅၇)
Vol. 16 Ch. 157
🥝 Chapter 157
"ပါဆယ်လာပို့တာလား”
ဖျော်ဖြေရေးဂိုဏ်း၏အားကစားကွင်းအဝင်ဝတွင် ကချေသည်ခန်းမမှ ဒိုင်လူကြီးမှာ အံ့သြခြင်းများဖြင့် ပြည့်နှက်နေသည်။
ပရိသတ်ထိုင်ခုံများတွင် ကချေသည်ခန်းမမှ ကြည့်ရှုသူများသည် စိုးရိမ်တကြီး မတ်တပ်ရပ်လိုက်ကြပြီး အားကစားကွင်းကို ဝိုင်းထားလိုက်ကြသည်။
"ဆရာမစု” ဝူရှင်းယွီသည် အားကိုးတကြီးဖြင့် ငိုယိုကာ ပြေးထွက်လာပြီး စုကျိုလက်အင်္ကျီကို ဆွဲကိုင်လိုက်သည်။
"ဆရာမမှာ တကယ်ပဲ နည်းလမ်းရှိတာလား”
သူမက မျက်ရည်များကို အနိုင်နိုင်ထိန်းရင်း မိတ်ဆက်ပေးလိုက်သည်။
"ဒါက ကျွန်မတို့အဖွဲ့ရဲ့ခေါင်းဆောင်အကြီးအကဲ ဆရာမကျောက်ယွီပါ”
စုကျိုသည် ချန်ယွမ့်ကျောပေါ်တွင် ရှိနေဆဲဖြစ်ပြီး အောက်သို့ မဆင်းသေးပေ၊ သူမသည် ကိုယ်ကိုအနည်းငယ် မတ်လိုက်ပြီး ရင့်ကျက်ကာ ယဉ်ကျေးသိမ်မွေ့သော အကြီးအကဲကျောက်ယွီကို ခေါင်းညိတ်ပြလိုက်သည်။
"အချိန်က အင်မတန်အရေးကြီးနေလို့ပါ” သူမက အတိုချုံး ရှင်းပြလိုက်ရာ သူ့အသံမှာ တည်ငြိမ်နေသည်။
"အကြီးအကဲ ကျွန်မကို အောက်ဆင်းပြီး အရိုအသေမပေးရအောင် ခွင့်ပြုပေးပါ”
"တကယ်လို့ သူတို့က ကျွန်မကိုပါဆယ်ပို့ဖို့အတွက် အထဲဝင်ခွင့်ပြုမယ်ဆိုရင် ကျွန်မ ချက်ချင်းသွားဖို့လိုပါတယ်”
"..."
အကြီးအကဲကျောက်ယွီက အလျင်အစလိုခေါင်းညိတ်လိုက်သည်။
"မှန်တာပေါ့၊ မှန်တာပေါ့”
သူမသည် ချက်ချင်း လျှောက်သွားပြီး စုကျိုကိုတားဆီးထားသော ဒိုင်လူကြီးအား သူမ ကချေသည်ခန်းမ အကြီးအကဲစာသားပါသည့် ကျောက်ပြားကို ထုတ်ပြလိုက်သည်။
"ကျွန်မတို့ရဲ့ တပည့်က ပြင်းထန်စွာ ဒဏ်ရာရထားတယ်၊ ပြီးတော့ သူမရဲ့ အခြေခံအုတ်မြစ်ကိုလည်း လုယူခံလိုက်ရပြီ”
"ပါဆယ်လာပို့တာက ဘာဖြစ်လို့လဲ”
"..."
ဤပြိုင်ပွဲ၏ ဒိုင်လူကြီးမှာ ဝိညာဉ်ကုန်သည်ဂိုဏ်းမှ ရွှေအမြုတေအဆင့်ရှိသော အမျိုးသမီးတပည့်တစ်ဦးဖြစ်သည်။
ဤကဲ့သို့ ဖြစ်နိုင်ခြေရှိသော အကြောင်းပြချက်ကို ကြားလိုက်ရသောအခါ သူ့မျက်နှာမှာ ခဏတာ တွန့်သွားသည်။
"ဒါက ဂိုဏ်းနှစ်ခုကြားက ငါးယောက်ချင်းယှဉ်ပြိုင်တဲ့ ပြိုင်ပွဲပါ၊ ပြိုင်ပွဲမတိုင်ခင်မှာ တပည့်တစ်ယောက်စီကို ဝိညာဉ်ရတနာ သုံးခုနဲ့ဆေးလုံးတွေ ယူဆောင်ခွင့်ပြုထားပြီးသားပါ၊ အဲဒါတွေကလည်း တတိယအဆင့်ထက်မကျော်ရပါဘူး”
သူမက စည်းမျဉ်းများကို အေးစက်စွာရှင်းပြလိုက်သည်။
"အခု ပြိုင်ပွဲစနေပြီလေ၊ တကယ်လို့ကချေသည်ခန်းမက ဆေးလုံးတွေနဲ့ ဝိညာဉ်ရတနာတွေကိုဖြည့်တင်းဖို့အတွက် စိတ်ကြိုက် ဝင်ထွက်နေမယ်ဆိုရင် ဒါက တခြားတစ်ဖက်အတွက် ဘယ်လိုလုပ်ပြီးတရားမျှတပါ့မလဲ”
စုကျို မျက်မှောင်ကြုတ်လိုက်သည်။
အကြီးအကဲကျောက်ယွီသည်လှပပြီး မဟာကျင့်ကြံသူအဆင့်တွင်ရှိနေကာ ကခုန်ခြင်းဖြင့် လမ်းစဉ်သို့ဝင်ရောက်လာသူဖြစ်သည်။ သူမသည်၊
ထိုနေရာမှာတင် ကလိုက်မိမတတ်ဖြစ်သွားပြီး တစ်ဖက်လူကို ချက်ချင်းအိပ်ပျော်သွားအောင် လုပ်နိုင်စွမ်းရှိသည်။
သို့သော် သူမက ပိုမြန်မြန်ပြောလိုက်သည်။
"ကျွန်မတို့ အရှုံးပေးပါတယ်”
သူတို့တပည့်များ၏ဘေးကင်းရေးနှင့် အနာဂတ်မှာ အနိုင်ရခြင်း သို့မဟုတ် ရှုံးနိမ့်ခြင်းထက်ပိုအရေးကြီးသည်မှာ သေချာလှပါသည်။
သို့သော် စုကျိုက သူမကို တားဆီးလိုက်ပြီး ဝိညာဉ်ကုန်သည်ဂိုဏ်းမှ စီနီယာအစ်မ ဒိုင်လူကြီးကိုကြည့်လိုက်သည်။
"ဖျော်ဖြေရေးဂိုဏ်းအတွက် မတရားဘူးပေါ့”
"ဒါဆို သူတို့လည်း ပါဆယ်မှာလို့ရတာပဲလေ”
စုကျို လက်နှစ်ဖက်ကို ဖြန့်လိုက်သည်။ "ဒါဆိုရင် တရားမျှတသွားပြီ မဟုတ်ဘူးလား”
"ဒီလိုနည်းနဲ့ ကချေသည်ခန်းမရော ဖျော်ဖြေရေးဂိုဏ်းပါ ပစ္စည်းတွေ ပါဆယ်တစ်ခါစီ လက်ခံရရှိမှာပေါ့”
အဖွဲ့နှစ်ဖွဲ့ တိုက်ခိုက်ကြမည်ဖြစ်ပြီး ရှုံးနိမ့်သူမှာပြုတ်သွားမည်ဖြစ်သည်။
ဤပွဲတွင် ဘာပဲဖြစ်ဖြစ်ကျန်ရှိသော အဖွဲ့ပေါင်းခြောက်ဆယ့်တစ်ဖွဲ့ကို သက်ရောက်မှု ရှိမည်မဟုတ်ပေ။
"ဒါဟာ ပွဲစဉ်နှစ်ခုရဲ့ ရလဒ်နဲ့ဆက်စပ်နေသလို၊ နှစ်ဖက်စလုံးကလည်း သဘောတူမယ်၊ ပြီးတော့ ပရိသတ်တွေကလည်း ကန့်ကွက်စရာ မရှိဘူးဆိုရင်၊ စီစဉ်သူတွေဘက်က ငြင်းပယ်စရာအကြောင်းပြချက် မရှိဘူးလို့ ထင်ပါတယ်”
စုကျို ပြောလိုက်သည်။
သူ့နောက်ကွယ်ရှိ ကချေသည်ခန်းမမှ တပည့်များနှင့် အားပေးသူများဖြင့် ပြည့်နှက်နေသော ပရိသတ်များသည်ချက်ချင်း မတ်တပ်ရပ်ကာ သဘောတူကြောင်းဖော်ပြလိုက်ကြသည်။
"မှန်တယ်၊ ငါတို့ ဆေးအချို့ဝင်ပို့တာက ဘာဖြစ်လို့လဲ၊ ဖျော်ဖြေရေးဂိုဏ်းလည်း တတိယအဆင့်ရှိတဲ့ ဆေးလုံးတစ်လုံး မှာလို့ရတာပဲလေ”
ဒိုင်လူကြီးမှာ ဝေခွဲမရဖြစ်သွားသည်၊
"ဒီဆေးလုံးက တတိယအဆင့်ထက်မကျော်ဘူးလို့ မင်း အာမခံနိုင်လား”
စုကျို မျက်ခုံးပင့်လိုက်သည်။
ရင်လီနှင့် အခြားသူများ နောက်ဆုံးတွင် ရောက်ရှိလာကြသည်။
ရှန်းဝူချင်းမှာ ဆင်းသက်လိုက်သည်နှင့် စုကျို၏ပါဆယ်ပို့ခြင်းနှင့် ပတ်သက်သော မှတ်ချက်များကို ကြားလိုက်ရသည်။
၎င်းတို့အားလုံး ချက်ချင်းထူးဆန်းသော မျက်နှာပေးများ ဖြစ်သွားကြသည်။
အခြေခံအုတ်မြစ်အတွက် ဆေးလုံးတဲ့... အဲဒါက တတိယအဆင့်ထက်ကျော်လွန်တယ်လို့ သတ်မှတ်လို့ရမလား ?
ဒါပေါ့... မသတ်မှတ်နိုင်ပါဘူး၊
ဘာလို့လဲဆိုတော့ အဲဒါက ဆေးလုံးမှ မဟုတ်တာ
တတိယ သို့မဟုတ် စတုတ္ထအဆင့်ဆိုတဲ့ ခွဲခြားမှု ဘယ်လိုလုပ် ရှိနိုင်မှာလဲ
နတ်ဘုရားအဆင့်ဆေးလုံးဆိုတဲ့ အယူအဆပဲရှိတာလေ
"ဟင်” စုကျိုက ဒိုင်လူကြီးကို ရိုးသားစွာ ခေါင်းညိတ်ပြလိုက်သည်။
"ဒါပေါ့၊ တတိယအဆင့်ထက် ကျော်လွန်တဲ့ ဆေးလုံးတွေ ဒါမှမဟုတ် မှော်လက်နက်တွေ မပို့ဘူးလို့ ကျွန်မ အာမခံပါတယ်”
ဒိုင်လူကြီးမှာ ဝေခွဲမရ ဖြစ်နေဆဲပင်။
စုကျို အမြန်ထပ်ဖြည့်လိုက်သည်။
"ပြိုင်ပွဲကြားကာလမှာ ပြိုင်ပွဲဝင်အဖွဲ့တွေအတွက် ပစ္စည်းတွေ ထောက်ပံ့ပေးဖို့ ပါဆယ်ပို့ဆောင်ရေး ဝန်ဆောင်မှုတစ်ခုကို ကျွန်မတို့ ထပ်တိုးလိုက်မယ်၊ တကယ်လို့ ဒီဝန်ဆောင်မှုက အဆင်ပြေသွားရင် စီစဉ်သူတွေက ဒါကို တခြားပြိုင်ပွဲတွေမှာပါ တိုးချဲ့လို့ ရတာပေါ့”
"!"
ဒိုင်လူကြီး မျက်လုံးများမှာ ချက်ချင်းဝင်းလက်သွားသည်။
သူမ ဂဏန်းပေါင်းစက်နှင့် ရွှေရောင်ချိန်ခွင်များမှာတုန်ခါသွားသည်။
ဝိညာဉ်ကုန်သည်ဂိုဏ်း၏ကျင့်ကြံခြင်းလမ်းစဉ်မှာ ငွေရှာရင်းဖြင့် အဆင့်တက်လှမ်းခြင်းဖြစ်သည်။
စီးပွားရေးအခွင့်အလမ်းများရှိနေသရွေ့ ၎င်းတို့၏ကျင့်စဉ်အဆင့် မြင့်မားလာရန် နေရာရှိနေသည်။
၎င်းတို့ ရှာဖွေတွေ့ရှိသော စီးပွားရေး အခွင့်အလမ်း ပိုကြီးလေလေ၊ ၎င်းတို့ ပိုမိုရရှိလေလေ ဖြစ်ကာ၊ ၎င်းတို့၏ ကျင့်စဉ်အဆင့်မှာလည်း ပိုမြန်မြန်တိုးတက်လာပေလိမ့်မည်။
"ခဏစောင့်ဦး၊ ငါ ပြိုင်ပွဲကို ခေတ္တရပ်ခိုင်းလိုက်မယ်၊ ပြီးရင် ဖျော်ဖြေရေးဂိုဏ်းအဖွဲ့ရဲ့ သဘောထားကိုသွားမေးလိုက်ဦးမယ်”
"ကောင်းပါပြီ၊ ကျေးဇူးပြုပြီး မြန်မြန်လုပ်ပေးပါ” စုကျိုမှာလည်း အနည်းငယ် စိုးရိမ်နေသည်။
သူမ အမြန်ထပ်ဖြည့်ပြောလိုက်သည်။
"ဖျော်ဖြေရေးဂိုဏ်းကလည်း သူတို့ရဲ့အခြေအနေတွေကို ထည့်သွင်းတောင်းဆိုနိုင်ပါတယ်”
"ဘာပဲဖြစ်ဖြစ်၊ ကျွန်မတို့က ဒီပွဲမှာ မလိုအပ်ဘူးလေ” စုကျို ခေတ္တစဉ်းစားလိုက်ပြီး ဒိုင်လူကြီးကို မသိမသာကြည့်လိုက်သည်။
"ဖျော်ဖြေရေးဂိုဏ်းက နောက်ပိုင်းပွဲစဉ်တွေမှာ ပွဲကြားထောက်ပံ့မှုတွေ လိုအပ်လာနိုင်တာပဲ”
ဒီနေ့မှာတော့ ဖျော်ဖြေရေးဂိုဏ်းကအနိုင်ရဖို့ လက်တစ်ကမ်းအလိုမှာရှိနေပြီး ဒါကို မလိုအပ်ပေမဲ့၊ တကယ်လို့ သူတို့က မနက်ဖြန်ကျရင် နတ်ဘုရားလက်နက်ဂိုဏ်း သို့မဟုတ် ဆေးဂိုဏ်းနဲ့ ရင်ဆိုင်ရမယ်ဆိုရင်၊ သူတို့မှာ အပြတ်အသတ် အနိုင်ရနိုင်မယ်လို့ ယုံကြည်ချက်ရှိရဲ့လား ?
သူတို့မှာ ယာယီထောက်ပံ့မှုတွေ လိုအပ်မှာလား ?
ဒါဆိုရင် သူတို့ ဒီနေ့ သဘောတူသင့်တာပေါ့
အကြီးအကဲကျောက်ယွီ၏ မျက်လုံးများမှာ ဝင်းလက်သွားပြီး စုကျိုအားအထင်ကြီးသောအကြည့်ဖြင့် ကြည့်လိုက်သည်။
ရှန်းဝူချင်း ခေါင်းညိတ်လိုက်သည်။
ကောက်ကျစ်လှသော စုကျိုပါပေ။
[ဘာတွေဖြစ်နေတာလဲ၊]
[သူတို့ ဘာတွေ ဆက်သွယ်နေကြတာလဲ၊]
ဒိုင်လူကြီးမှာ ခဏအတွင်းမှာပင် ထိုနေရာမှပျောက်ကွယ်သွားတော့သည်။
သူမသည် တိုက်ပွဲထုတ်လွှင့်မှုအတွင်းရှိ ဖျော်ဖြေရေးဂိုဏ်းခေါင်းဆောင်၏ဘေးနားတွင် ပေါ်လာသည်။
သူမက သူနှင့် စကားအနည်းငယ် ဖလှယ်လိုက်သည်။
ဖျော်ဖြေရေးဂိုဏ်းခေါင်းဆောင်မှာ ချက်ချင်း မျက်မှောင်ကြုတ်သွားသော်လည်း ဒိုင်လူကြီးကိုမြန်မြန်ပြန်လည်ဖြေကြားခဲ့သည်။
ဒိုင်လူကြီးက ခေါင်းညိတ်လိုက်ပြီး စုကျိုနှင့် အခြားသူများကို အကြောင်းကြားရန်ပရိသတ်ထိုင်ခုံ အဝင်ဝသို့လျင်မြန်စွာ ပြန်လာခဲ့သည်။
"ဖျော်ဖြေရေးဂိုဏ်းက မင်းတို့ကို ဆေးလုံးတွေနဲ့ မှော်ရတနာတွေပို့ခွင့်ပြုဖို့ ဘာလို့သဘောတူခဲ့တာလဲဆိုတာကို ပြောပြခိုင်းလိုက် တယ်”
"သူတို့က ဒီနေ့အနိုင်ရတော့မှာလေ၊ အားနည်းတဲ့သူတွေရဲ့ တောင်းဆိုချက်ကို သဘောတူဖို့ သူတို့မှာအကြောင်းမရှိဘူး”
သို့သော် ဒိုင်လူကြီးမှာ ကချေသည်ခန်းမ အဖွဲ့ဝင်များ၏စိတ်ပျက်နေသော မျက်နှာများကို မြင်လိုက်ရသောအခါ အမြန်ထပ်ပြော လိုက်သည်။
"ဒါပေမဲ့—"
"မင်းတို့ သဘောတူမယ်ဆိုရင်၊ သူတို့က ကချေသည်ခန်းမအဖွဲ့က အဖွဲ့ဝင်လေးဦးကိုပြိုင်ပွဲကနေထုတ်ပယ်ပြီး၊ ဝူချင်းချန်း တစ်ယောက်တည်းပဲ ကွင်းထဲမှာကျန်ရစ်ရမယ်ဆိုတဲ့ အခြေအနေနဲ့မှ ပစ္စည်းတွေ ပို့တာကို သဘောတူမယ်တဲ့”
အကြီးအကဲကျောက်ယွီနှင့် အခြားသူများမှာ ဆွံ့အသွားကြပြီးနောက် အလွန်ဒေါသထွက်သွားကြသည်။
ထင်ရှားသည်မှာ ဖျော်ဖြေရေးဂိုဏ်းက ဝူချင်းချန်းမှာ လုံးဝဒုက္ခိတဖြစ်သွားပြီဟု ယူဆနေခြင်းဖြစ်သည်။
သူမမှာ အခြေခံအုတ်မြစ်ဆုံးရှုံးသွားပြီဖြစ်ကာ၊ ဆေးလုံးတွေနဲ့ မှော်လက်နက်တွေ ပို့ပေးလျှင်ပင် သူမ တိုက်ခိုက်ရေးစွမ်းရည် ပြန်လည်ကောင်းမွန်လာမည်မဟုတ်ပေ။
တကယ်လို့ သူမက တိုက်ခိုက်ရေး မှော်ရတနာအစုံအလင် ရရှိလျှင်ပင် ၎င်းမှာ သူမ ကျင့်စဉ်နှင့် ကိုက်ညီမည် မဟုတ်ဘဲ၊ သူမတစ်ယောက်တည်းနှင့် ဖျော်ဖြေရေးဂိုဏ်းမှ လူငါးဦးကိုအနိုင်ယူနိုင်ရန်မှာ လုံးဝမဖြစ်နိုင်ပေ။
စုကျို ခေါင်းညိတ်လိုက်သည်။
"ဒါ ကျွန်မ တွေးထားတဲ့အတိုင်းပါပဲ၊ အကြီးအကဲကျောက်ယွီ ရှင် အစကတည်းက အရှုံးပေးဖို့ပြင်နေတာ မဟုတ်လား”
"သဘောတူလိုက်တာက အရှုံးပေးလိုက်တာထက် ပိုမဆိုးနိုင်ပါဘူး”
အကြီးအကဲကျောက်ယွီက တင်းမာသောမျက်နှာထားဖြင့် ခေါင်းညိတ်လိုက်သည်။
ဒိုင်လူကြီးက အကြီးအကဲကျောက်ယွီကို အသေအချာစိုက်ကြည့်လိုက်သည်။
"ဖျော်ဖြေရေးဂိုဏ်းက ပို့ခိုင်းတဲ့ ပစ္စည်းတွေကတော့ သူတို့ရဲ့ ဝိညာဉ်စွမ်းအင်ကို ချက်ချင်းပြန်လည်ကောင်းမွန်စေနိုင်တဲ့ တတိယအဆင့်ရှိ ဝိညာဉ်စုစည်းဆေးငါးလုံးပါ”
"ကောင်းပါပြီ၊ ဒီဆေးလုံးတွေကိစ္စကိုတော့ ရှင်ပဲ ကိုင်တွယ်လိုက်ပါ”
စုကျို ဝူချင်းချန်းအတွက် ပါဆယ်ပို့ဆောင်ပေးရန်သာတာဝန်ရှိသည်။
"ဒါဆို ကျွန်မလည်း ချင်းချန်းအတွက် အဆင့်သုံးထက်မကျော်တဲ့ ပစ္စည်းငါးခုကိုပို့ပေးမယ်”
"ကောင်းပါပြီ”
ချက်ချင်းဆိုသလို ဒိုင်လူကြီးသည် လူတစ်ကိုယ်စာ ဖြတ်သန်းသွားနိုင်သည့် ဝိညာဉ်စွမ်းအင် ဝဲဂယက်တစ်ခုကို ဖွင့်ပေးလိုက်ရာ သူမအား ဝူချင်းချန်းဘေးနားသို့ တိုက်ရိုက်ရောက်ရှိသွားစေသည်။
တစ်ချိန်တည်းမှာပင် သူမသည် ပြိုင်ပွဲကိုခေတ္တရပ်နားကြောင်း ကြေညာလိုက်ပြီး နှစ်ဖက်စလုံးကို လှုပ်ရှားခြင်းမပြုရန် တားမြစ်လိုက်သည်။
ထို့နောက် သူမသည် ဝူချင်းချန်း၏အဖွဲ့ဖော်လေးဦးကို ထိုနေရာမှဖယ်ရှားလိုက်သည်။
ခဏအတွင်းမှာပင် ပြင်းထန်စွာ ဒဏ်ရာရထားသော ဝူချင်းချန်းနှင့် အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့် အထွတ်အထိပ် ရောက်နေသော မျောက်တပည့်ငါးဦးတို့သာ အားကစားကွင်းအတွင်း ကျန်ရစ်တော့သည်။
"နှစ်ဖက်စလုံး၊ မင်းတို့မှာ ပါဆယ်ပစ္စည်းတွေ လက်ခံဖို့အတွက် အမွှေးတိုင်တစ်တိုင်စာအချိန်ရပါမယ်”
"ပစ္စည်းတွေရဲ့တန်ဖိုးက ငါးသောင်းထက် မကျော်ရပါဘူး”
"ပစ္စည်း ငါးခုထက်မပိုရပါဘူး”
မကြာမီ ပရိသတ်များသည် နှစ်ဖက်စလုံးပါဆယ်လက်ခံနေသည်ကို မြင်တွေ့ရသည်။
ထိုနေရာသို့ ရောက်မလာနိုင်သော တပည့်များနှင့်အကြီးအကဲများသည်လည်း ထုတ်လွှင့်မှုမှတစ်ဆင့် တိုက်ရိုက် မြင်တွေ့နိုင်ကြသည်။
"ဆရာမစု”
အားကစားကွင်းအတွင်း၌ သဲဝါရောင်များဖြင့် ပြည့်နှက်နေသည်။ ဝူချင်းချန်းမှာ သူ့ ညီမငယ်၏အကူအညီဖြင့် ယာယီအားဖြင့် ဝိညာဉ်စွမ်းအင်အချို့ကို ပြန်လည်ရရှိစေနိုင်သော ရှားစောင်းပင်တစ်ပင်ကိုမှီထားရသည်။
သို့သော် အခုလေးတင် သူ့ ညီမငယ်မှာ ထိုနေရာမှဖယ်ရှားခြင်း ခံလိုက်ရသည်။
သူမ တစ်ယောက်တည်းသာ ကျန်ရစ်ခဲ့သည်။